- Последний пост
- 8 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- 1 028
- 1/48двое суток
- 1 178
- 1/72трое суток
- 1 270
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဩဂုတ် ၈ ရက် နံနက် ၈ နာရီ ၃၀ မိနစ် ခန့်က ဆုံရွာ နှင့် ဖက်ပင်အိုင်ရွာ ကြား ယာတောထဲ ဆုံရွာမှ ပျုများ ကင်းစောင့်ထွက်လာစဉ် PDF တပ်ဖွဲ့များမှ ကင်းပုန်းဝပ်၍ ပစ်ခတ်ခဲ့ ပျု ၃ ကောင် ဒဏ်ရာရသွား။ နေ့လယ် ၁ နာရီ ခန့်မှာ ဆုံရွာ မှ ပျု တစ်ကောင် G-3 တစ်လက် ဘောက် ၄ ခု ကျည် ၂၀ဝ နှင့် PDF တပ်ဖွဲ့များထံအလင်းဝင်လာ။ ဆီမီးခုံသတင်း
ဇူလိုင် ၂၉ ရက် မနေ့ည ၁၀ နာရီ ခန့် မြစ်အောက်ပိုင်း မှ ဆန်တက်လာသော စစ်သင်္ဘော ၁ စီး၊ဖလတ်ခွံ ၁ စီး စုစုပေါင်းစခ သင်္ဘော ၂ စီး ဆီမီးခုံရေနက်ဆိပ်ကမ်း သို့ ဆိုက်ကပ်ထားကြောင်း သိရပါတယ်။ ဆီမီးခုံသတင်း
ဇူလိုင် ၂၈ ရက် နံနက် ၆ နာရီ ၅၀ မိနစ် ခန့်မှာ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် သရက်ချိုပင်ရွာ မြောက်ဘက်တကြော ဗုံးသီး ၄ လုံး ကျဲချတိုက်ခိုက်ခဲ့ ယာတောထဲကျရောက်ခဲ့ပြီး တောလုပ်ငန်း လုပ်နေသူ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့။ လေကြောင်းတိုက်ခိုက်ပြီး ခဏအကြာ တောင်ဘက်တကြောမှ ပျံသန်းလာသော UAV Drone ၁ စီး ကြာကန်ရွာ၊ သရက်ချိုပင်ရွာ၊ တဲကြီးရွာ တကြော ပျံဝဲကင်းထောက်ကာ တောင်ဘက်သို့ ပြန်သွားဟုသိရ။ ပြည်သူများ လေကြောင်း နှင့် လက်နက်ကြီး အန္တရာယ် အထူးသတိပြုနေထိုင်ကြပါရန် တိုက်တွန်းအပ်ပါသည်။ ဆီမီးခုံသတင်း
ဇူလိူင် ၂၇ ရက် ညနေ ၃ နာရီ ခန့်က သရက်ချိုပင်ရွာ မြောက်ဖျားရှိ ကျေးလက်ဆေးပေးခန်း ခြံဝန်းအတွင်းသို့ အသေခံဒရုန်း တစ်စီး ကျရောက်ပေါက်ကွဲခဲ့ PDF များ ခိုလှုံနေထိုင်သည်ဟုယူဆ၍ တိုက်ခိုက်ခြင်းဟုယူဆရ။ ဆီမီးခုံသတင်း
ဇူလိုင် ၂၇ ရက် ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီခန့်က မြစ်အထက်ပိုင်းမှ စုန်ဆင်းလာသော စစ်သင်္ဘော ၁ စီးနှင့် ဖလတ်ခွံ ၁ စီး (စုစုပေါင်း ၂ စီး) သည် ဆီမီးခုံ ရေနက်ဆိပ်ကမ်းမှ မြစ်အောက်ပိုင်းသို့ စုန်ဆင်းသွားခဲ့ပါသည်။ အဆိုပါ စစ်သင်္ဘော ၁ စီးနှင့် ဖလတ်ခွံ ၁ စီးမှာ မြင်းမူမြို့၊ အောင်သာရွာနှင့် ရွှေပေါက်ပင်ရွာကြားတွင် ယခင်နေ့က ဆိုက်ကပ်ထားခဲ့သော စစ်သင်္ဘောများဖြစ်ကြောင်း သိရှိရပါသည်။ ဆီမီးခုံသတင်း
ဇူလိုင် ၂၆ ရက် ၂၅ ရက် ည ၁၁ နာရီ ခန့်က မြစ်အထက်ပိုင်း စုန်ဆင်းလာသော စစ်သင်္ဘော ၁ စီး ဖလက်ခွံ ၁ စီး စုစုပေါင်း ၂ စီး ဆီမီးခုံရေနက်ဆိပ်ကမ်း ရေတပ်သို့ ဆိုက်ကပ်သွား။ မနေ့ည ၇ နာရီခန့်က မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းမှ စခ သင်္ဘော စုစုပေါင်း ၆ စီး ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာခြင်းဖြစ်ပြီး စခ သင်္ဘော ၂ စီး မှာ ငါန်းဇွန်မြို့ အထက် ကျောက်တစ်လုံးရွာ အနီး ဆိုက်ကပ်ထား၊ ၂ စီး မှာ မြင်းမူမြို့အနီး ဆိုက်ကပ်ထား၊ ၂ စီး ဆီမီးခုံရေနက်ဆိပ်ကမ်းသို့ ဆိုက်ကပ်ခြင်းဖြစ်။ ယနေ့နံနက် ၇ နာရီ ၃၀ မိနစ် ခန့်က ၄င်း သင်္ဘော ၂ စီး ဆီမီးခုံရေနက်ဆိပ်ကမ်း ရေတပ်မှ မြစ်အထက်ပိုင်းသို့ ပြန်လည် ဆန်တက်သွား။ ဆီမီးခုံသတင်း
ဇူလိုင် ၁၈ ရက် နေ့လယ် ၁ နာရီ ခန့်က ပျုစောထီးရွာ ဆုံရွာ ထဲသို့ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ရွာထဲကျရောက်ပေါက်ကွဲပြီး လက်နက်ကိုင် ပျုများ အထိခိုက်သေဆုံးများဟုသိရ။ ဆီမီးခုံသတင်း
ဇူလိုင် ၁၅ ရက် ဆီမီးခုံရေနက်ဆိပ်ကမ်း ရေတပ်မှာ ရပ်နားထားသော စစ်သင်္ဘော ၁ စီး၊ ဖလက်ခွံ ၁ စီး စုစုပေါင်း နှစ်စီးမှာ ည ၈ နာရီခန့်က မြစ်အထက်ပိုင်းသို့ ဆက်လက်ဆန်တက်သွားဟုသိရ။ ဆီမီးခုံသတင်း
ဇူလိုင် ၁၅ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က မြစ်အောက်ပိုင်းမှ ဆန်တက်လာသော စစ်သင်္ဘော ၁ စီး၊ ဖလက်ခွံ ၁ စီး စုစုပေါင်း နှစ်စီး ဆီမီးခုံရေနက်ဆိပ်ကမ်း ရေတပ်သို့ ဆိုက်ကပ်သွား။ ဆီမီးခုံသတင်း
ဇူလိုင် ၁၄ ရက် နေ့လယ် ၁၂ နာရီ ခန့်က ဆုံရွာ မှ ပျုများ နှင့် ရခ များ ကျောက်တိုင်ရွာ မြောက်ဘက် ယာတောထဲမှာ နွားကျောင်းနေသော နွားကျောင်းသားများကို လိုက်လံပစ်ခတ်ပြီး နွားများကို ဆုံရွာ ထဲ မောင်းယူရန်ကြိုးစားခဲ့ နွားကျောင်းသားများမှ နွားအုပ်ကို မောင်းနှင်ထွက်ပြေးခဲ့ရ။ ညနေ ၂ နာရီခန့်မှာ ဖက်ပင်အိုင်ရွာ မြောက်ဘက် လျှော်ဖြူတောထဲမှ ပျုများ ဖက်ပင်အိုင်ရွာ ဘက်သို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဒေသခံ PDF တပ်ဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှု့ဖြစ်ခဲ့ဟုသိရ။ ဆီမီးခုံသတင်း
ဇူလိုင် ၂ ရက် မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှ စုန်ဆင်းလာသော စစ်ခွေး အင်အားများ နှင့် ဒရုန်းပစ္စည်းများ ၊ လက်နက်ခဲယမ်း ၊ ရိက္ခာများပါ ဖက်လက်သံခွန် သင်္ဘော ၂၆ စီး နှင့် တိုက်ခိုက်ရေး စစ်သင်္ဘော ၂ စီး ယခု နေ့လယ် ၁၂ နာရီ ၃၀ မိနစ် ခန့်မှာ ဆီမီးခုံမြို့အနောက်ဖက် ဧရာဝတီမြစ်ရေပြင်ထဲမှာ မြစ်အောက်ပိုင်းသို့ စုန်ဆင်းနေ။ ဆီမီးခုံသတင်း
ဇူလိုင် ၂ ရက် နံနက် ၇ နာရီ ၄၀ မိနစ် ခန့်က ချောင်းလည်ရွာ မှ စခ စစ်ကြောင်း ချဉ်မြစ်ကျဉ်းရွာ သို့ ရောက်ရှိသွား ဟုသိရ။ ဆီမီးခုံသတင်း
မိဘပြည်သူများအနေဖြင့် ဆီမီးခုံ-နဘူးအိုင်လမ်းကို သွားလာကြမည့် ပြည်သူများအနေဖြင့် သတိဖြင့်သွားလာကြပါရန် အသိပေးအပ်ပါသည်။ ဆီမီးခုံသတင်း
မိဘပြည်သူများအနေဖြင့် ယနေ့ (၂၉.၆.၂၀၂၆) နေ့တွင် နဘူးအိုင်-မြင်းခြံလမ်း နဘူးအိုင်-မန္တလေးလမ်း ဆီမီးခုံ-မြို့သာလမ်း နဘူးအိုင်-ဆီမီးခုံလမ်း တို့ကို အသုံးပြုမည့် ပြည်သူများအနေဖြင့် လမ်းခရီးသွားလာရာတွင် အထူးသတိပြု သွားလာကြပါရန် သတိပေးအပ်ပါတယ်။ ဆီမီးခုံသတင်း
ဇွန် 29 ရက် နံနက် ၆:၀၀ နာရီခန့်က နဘူးအိုင်မှ ထွက်လာသော စစ်ကြောင်းသည် ကန်နီ ရွာသို့ ရောက်ရှိနေသည် ဟုသိရ။ ဆီမီးခုံသတင်း
ဇွန် ၂၆ ရက် နံနက် ၇ နာရီခန့်က ထန်းစဉ်မြိုင်ကျောင်းမှ ထွက်ခွာလာလာ စခ စစ်ကြောင်း လေးတန်းရွာ ဖရင်းရွာ ရသာရွာ များကို ဝင်ရောက်မွှေနှောက်၍ ပြည်သူများ၏ပစ္စည်းများကို သယ်ယူ၍ ကြက်၊ဝက်နှင့်နွား၅ကောင် ဆိုင်ကယ်များ အဓမ္မ သယ်ယူသွားပြီး ယခု ၄င်းတို့ တပ်စွဲထားသော ထန်းစဥ်မြိုင် တောကျောင်း သို့ ပြန်လည်ရောက်ရှိသွား ဟုသိရ။ ဆီမီးခုံသတင်း
ဇွန် ၂၅ ရက် ပေါက်စိမ်းရွာ ဘက်ရောက်နေသော စခ စစ်ကြောင်း ယခုနံနက် ၇ နာရီ ခန့်မှာ နဘူးအိုင်ရွာ ဘက်သို့ ပြန်ဆင်းလာဟုသိရ။ ဆီမီးခုံသတင်း
ဇွန် ၂၂ ရက် ချောင်းလည်ရွာ မှာ ရောက်ရှိနေသော စခ စစ်ကြောင်း ယနေ့ နံနက် ၆ နာရီ ခန့်က သက္ကယ်ချင်းရွာ သို့ ရောက်ရှိသွားဟုသိရ။ သက္ကယ်ချင်းရွာ အနီးတစ်ဝိုက် မှာ ကင်းထောက် ဒရုန်းများ ဝဲနေ။ ဆီမီးခုံသတင်း
ဇွန် ၂၀ ရက် နံနက် ၅:၀၀ နာရီခန့်တွင် ဇွန် ၁၈ ရက်နေ့က ကန်နီရွာသို့ ရောက်ရှိနေသော စစ်ကြောင်းသည် ပြန်လည်ထွက်ခွာသွား ပြီး၊ ပင်လယ်ရွာသ်ို့ ရောက်ရှိနေသည်ဟု သိရ။ ဆီမီးခုံသတင်း
တော်လှန်မိဘပြည်သူများအနေဖြင့် ယနေ့ (၁၉.၆.၂၀၂၆) နေ့တွင် မြင်းခြံ-နဘူးအိုင်လမ်း နဘူးအိုင်-မန္တလေးလမ်း နဘူးအိုင်-ဆီမီးခုံလမ်း ဆီမီးခုံ-မြို့သာလမ်း တို့ကို အသုံးပြုမည့် ပြည်သူများအနေဖြင့် လမ်းခရီးသွားလာရာတွင် အထူးသတိပြု သွားလာကြပါရန် သတိပေးအပ်ပါသည်။ တော်လှန်မွေးနေ့ပါ အမေ(၁၉.၆.၂၀၂၆) ဆီမီးခုံသတင်း