tgindex
Ministry of Hotels, Tourism and Culture

Ministry of Hotels, Tourism and Culture

Статистика

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ) ၏ တရားဝင် Telegram Channel မှ ကြိုဆိုပါသည်။ ဝန်ကြီးဌာန၏ နောက်ဆုံးရသတင်းများ၊ ထုတ်ပြန်ချက်များနှင့် ခရီးသွားလာရေးဆိုင်ရာ သတင်းအချက်အလက်များကို ဤနေရာတွင် စောင့်ကြည့်ဖတ်ရှုနိုင်ပါသည်

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
21
Всего постов
21
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
1 019
−5 за 3 дн.
Сутки
−5
−0,49%
Неделя
 
Месяц
 
Просмотров на пост
69
21 постов
Вовлечённость
6,8%
к подписчикам
Постов в день
3,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
57
1/48двое суток
65
1/72трое суток
70

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 14 авг.41из mrtvnews

    ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဘယ်လာရုစ်သမ္မတနိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌအား လက်ခံတွေ့ဆုံ၊ မေတ္တာရွှေစောင်း ဓမ္မရသ ဇာတ်တော်ကြီး ဝတ်စုံပြည့်ဖျော်ဖြေပွဲသို့ တက်ရောက်

  • 14 авг.651из mrtvnews

    မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကျင်းပမည်

  • ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝမ်ပုံဆိပ်ကမ်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိပ်ကမ်း၌ တာဝန်ထမ်းဆောင်နေကြသည့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်နေမှုများ၊ ခရီးသည်တင် ရေယာဉ်များ ဝင်ထွက် သွားလာမှု အခြေအနေများနှင့် ခရီးသွားဧည့်သည်များအတွက် ဆိပ်ကမ်းဆိုင်ရာ ဝန်ဆောင်မှု ပံ့ပိုးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက မြန်မာ-လာအို-ထိုင်း (၃) နိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်း (Cross-border Tourism) ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် မဲခေါင်မြစ်ကြောင်းတစ်လျှောက် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ အပန်းဖြေလည်ပတ်နိုင်မည့် အပျော်စီးမြစ်ကြောင်း လေ့လာရေးခရီးစဉ်များ ဖော်ထုတ်ဆောင်ရွက်နိုင်မည့် အလားအလာများကို အလေးထား ဖော်ထုတ်မြှင့်တင်ဆောင်ရွက်ကြရန်၊ အဆိုပါ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းနှင့် မြစ်ကြောင်းခရီးသွားလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးမှ စနစ်တကျ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်နှင့် ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံစွာဖြင့် အဆင်ပြေချောမွေ့စွာ သွားလာလည်ပတ်နိုင်ရေးအတွက် လိုအပ်သည့် ဆိပ်ကမ်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် အခြေခံအဆောက်အအုံများကို ပိုမိုကောင်းမွန်အောင် ပြင်ဆင်ဖြည့်ဆည်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေတြိဂံဟိုတယ် (Golden Triangle Paradise Hotel) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဟိုတယ်အား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန်၊ ဟိုတယ်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် ဟိုတယ်ပရဝုဏ် အတွင်း/အပြင် သန့်ရှင်းသာယာလှပရေးအတွက် ဂရုပြု ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

  • ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန အနေဖြင့် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွား လုပ်ငန်းသည် ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးနေသည့် မီးခိုးမထွက်သော စက်ရုံ (Smokeless Industry) တစ်ခု ဖြစ်ပါကြောင်း၊ ထို့ပြင် ခရီးသွား လုပ်ငန်းသည် စီးပွားရေးအရ အပြန်အလှန်ပွားများရိုက်ခတ်မှု အကျိုးကျေးဇူး (Multiplier Effect) နှင့် ဂယက်ရိုက်ခတ်မှု အကျိုးကျေးဇူး (Ripple Effect) များရှိသည့်အတွက် ဆက်စပ် စီးပွားရေး ကဏ္ဍအသီးသီးကို ဟန်ချက်ညီညီ အကျိုးပြုပြီး နိုင်ငံ့စီးပွားရေးတွင် အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက် လာစေရန်နှင့် ခရီးသွားများအတွက် အဆင်ပြေချောမွေ့သော ပတ်ဝန်းကျင်ကောင်း (Tourist Friendly Environment) တစ်ခု ဖြစ်ပေါ်လာစေရန်အတွက်  ခရီးစဉ်ဒေသများ ဆွဲဆောင်မှုရှိရေး (Attractions)၊ သွားလာရ လွယ်ကူချောမွေ့ရေး (Accessibility)၊ ဝန်ဆောင်မှုနှင့် အကူအညီများ ပြည့်စုံရေး (Amenities) နှင့် တည်းခိုနေထိုင်မှု အဆင်ပြေရေး (Accommodation) စသည့် အခြေခံအချက်များကို စနစ်တကျ ပြည့်စုံကောင်းမွန်အောင် ဖြည့်ဆည်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။ အလားတူ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ခရီးသွားလုပ်ငန်း အလားအလာကောင်းများကို လေ့လာသုံးသပ်ကြည့်ရာတွင် ထင်ရှားသည့် ဆရာတော်ကြီးများ၏ သာသနာရေးဆိုင်ရာ အခမ်း အနားများနှင့် သာသနိက အဆောက်အအုံများ တည်ရှိသဖြင့် အိမ်နီးချင်း ထိုင်းခရီးသွား ဧည့်သည်များ အထူးနှစ်သက် ကြသည့် ဘုရားဖူးခရီးသွားလုပ်ငန်း (Pilgrimage Tourism) ကို ပိုမိုဖော်ထုတ်၍ ထိုင်းခရီးသွားများအပြင် အခြားနိုင်ငံတကာ ခရီးသွားဧည့်သည်များပါ ပိုမို ဝင်ရောက်လာစေရေးအတွက် ဇာတ်ကြောင်းပြောပြခြင်း (Storytelling) နည်းလမ်းများ အပါ အဝင် မီဒီယာမျိုးစုံမှတစ်ဆင့် အရှိန်အဟုန်မြှင့် မြှင့်တင်ကြော်ငြာ ဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသား ပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ မှီတင်းနေထိုင်ကြသည့် ဒေသ ဖြစ်သည်နှင့်အညီ တိုင်းရင်းသား လူမျိုးများ၏ ထူးခြားလှပသော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကမ္ဘာက ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန် ပွဲတော်အခြေပြု ခရီးသွားလုပ်ငန်း (Festival Tourism) ကို ပိုမို မြှင့်တင်ရန်နှင့် ရိုးရာပွဲတော်များ စနစ်တကျ ကျင်းပခြင်းမှတစ်ဆင့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက် လာစေရေး ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ဒေသထွက် ရိုးရာအစား အသောက်များကို ပြည်တွင်း၌သာမက နိုင်ငံတကာကပါ သိရှိကြိုက်နှစ်သက်စေရန် အစား အသောက်ဆိုင်ရာ ခရီးသွားလုပ်ငန်း (Gastronomy Tourism ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပြီး အဆိုပါ အစားအသောက် ပြပွဲများနှင့်အတူ အိမ်နီးချင်း ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်သကဲ့သို့ ဆွမ်းဆန်စိမ်း လောင်းလှူပွဲများ (Alms Offering Ceremonies) ကဲ့သို့သော ဘာသာရေးနှင့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များကိုပါ ပေါင်းစပ်ဖော်ထုတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် ရေမြေ တောတောင် သဘာဝအလှအပ ရှုမျှော်ခင်းများနှင့် ပြည့်စုံသည့် ခရီးသွားဆွဲဆောင်ရာ ဒေသ ဖြစ်သဖြင့် ခြေလျင်တောင်တက်ခြင်း၊ တောတွင်းလမ်းလျှောက်ခြင်း (Hiking, Trekking Activities) စသည့် စွန့်စားခရီးသွားလုပ်ငန်း (Adventure Tourism) နှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း (Ecotourism) တို့ကို မြှင့်တင်ဆောင်ရွက်ရန် လိုအပ်သည့်အပြင် ဒေသခံ တိုင်းရင်းသား လူမျိုးစုများစွာ မှီတင်းနေထိုင်ကြသည့် ဒေသဖြစ်သည့်အတွက် ဒေသခံတို့၏ လူမှုစီးပွားဘဝကို တိုက်ရိုက်အကျိုးပြုသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (Community-Based Tourism - CBT) များကိုလည်း တိုးချဲ့မြှင့်တင်ဖော်ဆောင်သွားကြရန် လိုအပ်ပါကြောင်း။ သို့ဖြစ်ရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ရာတွင် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍ မရဘဲ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ (Destination Management Organizations - DMO)၊ ဟိုတယ်နှင့်ခရီးသွား အသင်းအဖွဲ့များ၊ ဒေသခံလူမှုအဖွဲ့အစည်းနဲ့ ပြည်သူများ အားလုံးက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ တစ်ဆက်တည်း တက်ညီလက်ညီ ကျရာကဏ္ဍမှ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များက ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

  • ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တာချီလိတ်မြို့၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များနှင့်တွေ့ဆုံ၊ ခရီးသွားဆွဲဆောင်ရာနေရာများအား ကြည့်ရှုစစ်ဆေး တာချီလိတ်၊ ဩဂုတ်လ (၁၀) ရက်           မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ အရှိန်အဟုန်မြှင့် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်း အမျိုးအစားများကို ပိုမိုဖော်ထုတ် မြှင့်တင်ရန်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဝန်ဆောင်မှု အရည်အသွေးများ အဆင့်မြင့်မားလာစေရေးတို့အတွက် ဟိုတယ်၊ ခရီးသွားလာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် တာချီလိတ်မြို့ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဟိုတယ်တာချီလိတ်၌ တွေ့ဆုံခဲ့ပါသည်။           အဆိုပါ တွေ့ဆုံပွဲသို့ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တာချီလိတ်မြို့ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ကြပါသည်။ ရှေ့ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မိမိအနေဖြင့် ယခုကဲ့သို့ လာရောက်ခြင်းသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၏ ယဉ်ကျေးမှုနှင့် ဟိုတယ်/ခရီးသွား ကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးကိုပါ တစ်ဆက်တည်း ပေါင်းစပ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့်လည်း ယဉ်ကျေးမှုခရီးသွားလုပ်ငန်းကို အနှစ်သာရပြည့်ဝသည့် ယဉ်ကျေးမှုအခြေခံ ခရီးသွားလုပ်ငန်း (Cultural Tourism) အဖြစ် တန်ဖိုးမြှင့်တင်ပေးပြီး ခရီးသွားလုပ်ငန်းကလည်း မိမိတို့၏ အဖိုးတန် ယဉ်ကျေးမှု အမွေအနှစ်များကို ကမ္ဘာကသိအောင် ထင်ဟပ်ဖော်ထုတ် ပြသပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့သို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေးတို့ကို တစ်ပြိုင်နက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ သည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်သွားနိုင်မည်ဖြစ်ပါကြောင်း။ မိမိတို့နိုင်ငံသည် ခိုင်မာသည့် သမိုင်းအထောက်အထားများနှင့် ကြီးကျယ်မြင့်မြတ်သော ယဉ်ကျေးမှုအမွေအနှစ်များကို ပိုင်ဆိုင်ထားသည့်အတွက် မြန်မာနိုင်ငံသားဖြစ်ရသည်ကို ဂုဏ်ယူ ကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနှင့် နိုင်ငံတကာ ပညာရှင်များ၏ လေ့လာဆန်းစစ်မှုများအရ ပရိုင်းမိတ် (Primate) ခေါ် သက်ရှိများတည်ရှိမှု၏သက်သေဖြစ်သော ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများအရ မြန်မာနိုင်ငံသည် အခြားသောကမ္ဘာ့နိုင်ငံများထက် နောက်ကျခြင်း မရှိဘဲ လူသားအစဖြစ်ပေါ်ခဲ့သည့် နိုင်ငံများနှင့်တန်းတူ လွန်ခဲ့သည့် နှစ်ပေါင်း သန်း (၄၀) ခန့်ကတည်းက တည်ရှိခဲ့သည့်နိုင်ငံဖြစ်ပါကြောင်း၊ ထို့အပြင် အညာသီယံယဉ်ကျေးမှု (Anyathian Culture) မှသည် မြို့ပြ ယဉ်ကျေးမှုများ (Civilizations) အထိ နှစ်ပေါင်း ၁ သိန်းခွဲခန့်ကတည်းက ဧရာဝတီမြစ်ဝမ်းတစ်လျှောက် လူသားများစတင်နေထိုင်ခဲ့ပြီး စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများမှာလည်း ကမ္ဘာနှင့်တန်းတူ ခိုင်ခိုင်မာမာ တည်ရှိခဲ့ပါကြောင်း၊  ရှေးဟောင်းသုတေသနဆိုင်ရာတူးဖော်မှုများအရ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့် ပျူမြို့ဟောင်းများ၌ မြို့ရိုး၊ မြို့ကျုံးများ၊ စေတီပုထိုးများ၊ စာပေအက္ခရာ၊ အနုပညာလက်ရာများနှင့် စနစ်ကျသော မြို့ပြထူထောင်မှုဆိုင်ရာ ယဉ်ကျေးမှု အထောက်အထားများကို ထင်ရှားခိုင်မာစွာ တွေ့ရှိနိုင်သည့်အတွက် မြန်မာဖြစ်ရသည်ကို အပြည့်အဝ ဂုဏ်ယူကြရန် လိုအပ်ပါကြောင်းနှင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့အမွေအနှစ်များကို အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် မပျောက်ပျက် အောင် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း။

  • ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တာချီလိတ်မြို၌ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အဖွဲများနှင့် တွေ့ဆုံ၊ ခရီးသွားဆွဲဆောင်ရာ နေရာများအား ကြည့်ရှုစစ်ဆေး

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи