tgindex
Последний пост
10 авг.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
98
0 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
104
20 постов
Вовлечённость
106,1%
к подписчикам
Постов в день
0,0
всего 20
Упоминаний
10
каналов
Охват размещения
оценка
1/24сутки в ленте
33
1/48двое суток
37
1/72трое суток
40

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 10 авг.13из AdsBurma

    မင်္ဂလာပါရှင့် 🖤 လူကြီးမင်းတို့ရဲ့ channel မှာ subနည်းလို့စိတ်တွေညစ်နေ​ပါက sub အမြန်တိုးစေဖို့ ကျွန်မတို့ရဲ့ @MixDayTeamBot ကို Ads ဆိုပြီး အမြန်ဆုံးပို့လိုက်ပါရှင်။ Music Myanmar songs and International songs အစုံ Spring tree စာတို/စာစု/ကဗျာ Melody By Kim 𝐁𝐫𝐢𝐞𝐟𝐥𝐲 𝐄𝐧𝐭𝐞𝐫𝐭𝐚𝐢𝐧𝐞𝐝 Knowledge Youth's Area (Music and Knowlegde) Ascend Society Bright MotiMate The Dawn Series/Movie Kim The Series Job Seeker ရန်ကုန်အလုပ်အကိုင် Language ⭕️ December English Learning Center Spv - Kim Total Ch - 12 Total Type - 8 New channel - ⭕️ Version - 2.0 @TheAdsBurma #DayM1

  • မဖြစ်နိုင်တာတွေ အများကြီးနဲ့... မဖြစ်သေးတာတွေ အများကြီးနဲ့... နေ့ရက်တွေ အများကြီးနဲ့... လုပ်ချင်တာတွေ အများကြီးနဲ့... တကယ်မှာ မတတ်နိုင်တာတွေ အများကြီးနဲ့ ... ဒါကြောင့်ပင် ကျွန်တော်တို့ ဆက်လက်ရှင်သန်နေတာ... ။ #ဆရာအောင်ချိမ့် #Admin #MotiMate

  • " ၁၉ ဇူလိုင် မမေ့နိုင် " အာဇာနည်နေ့ဆိုတာ ဝမ်းနည်းပူဆွေးဖို့သက်သက်တင်မဟုတ်ပါဘူး။ ကိုယ့်ထက် အများအတွက် ပေးဆပ်ရဲတဲ့ 'အာဇာနည်စိတ်ဓာတ်' ကို ကိုယ့်ရင်ထဲမှာပြန်နှိုးရမယ့်နေ့ပါ။ တိုင်းပြည်ကို ပြောင်းလဲဖို့ အာဏာနဲ့ လုပ်ပိုင်ခွင့် မရှိရင်တောင်၊ ကိုယ့်ဘဝကို တိုးတက်အောင် ပြောင်းလဲပိုင်ခွင့်တော့ ကျွန်မတို့မှာ အပြည့်အဝ ရှိပါတယ်...။ ပျင်းရိနေတာတွေ ရပ်လိုက်ပါ။ အချိန်ဖြုန်းနေတာတွေ ဖြတ်လိုက်ပါ။ ကိုယ့်နေရာမှာ ကိုယ် အကောင်းဆုံး၊ အတော်ဆုံးဖြစ်အောင် ကြိုးစားနေတာဟာလည်း အာဇာနည်တွေကို ဂုဏ်ပြုရာရောက်သလို၊ တိုင်းပြည်ကို ချစ်ရာလည်း ရောက်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်ဓာတ်ကို အာဇာနည်လို ခိုင်မာအောင် ဒီနေ့ကစပြီး တည်ဆောက်ပါ ..။

  • အရွယ်ဆယ်ပါးနေဝင်တော့မည် 20တစ်ဝိုက် အပျော်ကြိုက် မိတ်လိုက်ရင်းနဲ့ အချိန်ကုန် အလှပဆုံး 30 နှုန်း လူလုံးပြလျှက် အချိန်ကုန် 40တစ်လွှား ဓနအား ကြွားလုံးထုတ်လျက် အချိန်ကုန် 50တစ်ကွက် ဥာဏ်ထက်မြတ် ဥာဏ်နက်ထုတ်ရင်း အချိန်ကုန် 60တစ်လွှား အားဆုတ်သွား ကြုံးဝါးရင်းနဲ့ အချိန်ကုန် 70တွင်း ခါးမတင်း ဟင်းချရင်းနဲ့ အချိန်ကုန် 80မှာတော့ ခါးပင်ကော့ မော့မော့ကြီးနဲ့ အချိန်ကုန် 90တစ်ကွေ့ သတိဝေ့ မေ့မေ့ကြီးနဲ့ အချိန်ကုန် ထိုင်၍မကောင်း100ညောင်း လဲလျောင်းရင်းနဲ့ အချိန်ကုန် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏. သတိပေးဆုံးမစာ #credit #MotiMate

  • 🌹 ဇွန်လ (၁၉) ရက်နေ့ - ပြည်သူချစ်သော အမေစု၏ မွေးနေ့အထိမ်းအမှတ် 🌹 ဒီနေ့ ဇွန်လ (၁၉) ရက်နေ့ဟာ မြန်မာပြည်သူပြည်သားတွေရဲ့ ရင်ဘတ်ထဲမှာ အနက်ရှိုင်းဆုံး ကိန်းအောင်းနေတဲ့ ပြည်သူ့ခေါင်းဆောင် အမေစု (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ မွေးနေ့ရက်မြတ်ပဲ ဖြစ်ပါတယ်ရှင်...။ ခေတ်အဆက်ဆက် မုန်တိုင်းတွေကြားမှာ ကိုယ်ကျိုးစွန့်ပြီး တိုင်းပြည်အတွက် မားမားမတ်မတ် ရပ်တည်ပေးခဲ့တဲ့ ဒီနေ့လေးမှာ အမေစုရဲ့ မေတ္တာတရားနဲ့ ရဲစွမ်းသတ္တိတွေကို ပြန်လည်အောက်မေ့ လွမ်းဆွတ်မိပါတယ်။ "တကယ့်အကျဉ်းထောင်ဆိုတာ ကြောက်ရွံ့ခြင်းပါပဲ၊ တကယ့်လွတ်လပ်မှုဆိုတာလည်း ကြောက်ရွံ့ခြင်းကနေ ကင်းဝေးတာပါပဲ" ဆိုတဲ့ သူမရဲ့ စကားအတိုင်း လက်နက်မပါဘဲ အမှန်တရားနဲ့ မေတ္တာကိုသာ ကိုင်စွဲပြီး ကြမ်းတမ်းလှတဲ့ နိုင်ငံရေးလောကမှာ သူမဟာ ရဲရဲရင့်ရင့် လျှောက်လှမ်းပြခဲ့ပါတယ်။ အမေစုရဲ့ ဘဝဖြတ်သန်းမှုတစ်လျှောက်ကို ပြန်ကြည့်ရင် ကိုယ်ပိုင်ဘဝ၊ သားသမီးတွေနဲ့ မိသားစု အချစ်မေတ္တာတွေကို စွန့်လွှတ်ပြီး အကျဉ်းခန်း၊ နေအိမ်အကျယ်ချုပ်တွေထဲမှာပဲ သူမရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တော်တော်များများကို ပေးဆပ်ကုန်ဆုံးခဲ့ရပါတယ်။ ထောင်တံခါးတွေ၊ တံတိုင်းတွေက သူမရဲ့ ခန္ဓာကိုယ်ကိုသာ ချုပ်နှောင်ထားနိုင်ပေမယ့် ပြည်သူကိုချစ်တဲ့ သူမရဲ့ စိတ်ဝိညာဉ်ကိုတော့ ဘယ်သူမှ မချုပ်နှောင်နိုင်ခဲ့ပါဘူး။ ယနေ့ခေတ် လူငယ်တွေအတွက်တော့ အမေစုဟာ အမှောင်ခေတ်ကို ထိုးခွဲမယ့် အနာဂတ်လမ်းပြကြယ်တစ်ပွင့်ပါ။ "မျှော်လင့်နေရုံ သက်သက်နဲ့တော့ မလုံလောက်ဘူး၊ လက်တွေ့ ကြိုးစားအားထုတ်ရမယ်" လို့ အမေစု အမြဲတိုက်တွန်းလေ့ ရှိပါတယ်။ ဒီစကားလေးက အခက်အခဲတွေကြားထဲမှာ ပိတ်မိနေတယ်လို့ ခံစားရတိုင်း ကျွန်မတို့ လူငယ်တွေအတွက် ရှေ့ဆက်လျှောက်ဖို့ အကောင်းဆုံး ခွန်အားတွေ ဖြစ်စေခဲ့ပါတယ်။ ကြောက်ရွံ့ခြင်းကို ဖယ်ခွာပြီး အမှန်တရားကို ရဲရဲဝံ့ဝံ့ ဆုပ်ကိုင်တတ်ဖို့ အမေစုရဲ့ အပြောနဲ့ အလုပ် ညီညွတ်မှုတွေကနေ ကျွန်မတို့ သင်ယူခဲ့ရတာပါ။ "သင်တို့ရရှိထားတဲ့ လွတ်လပ်ခွင့်ကို အသုံးချပြီး ကျွန်မတို့ရဲ့ လွတ်လပ်ခွင့်အတွက် ကူညီပေးကြပါ" ဆိုတဲ့ သူမရဲ့ တောင်းဆိုသံလေးဟာလည်း ကမ္ဘာကြီးကိုသာမက၊ တရားမျှတမှုကို မြတ်နိုးတဲ့ ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲကိုပါ မျက်ရည်လည်ရလောက်တဲ့အထိ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ဒီလို မွန်မြတ်လှတဲ့ စိတ်ထား၊ ကြီးမားတဲ့ ပေးဆပ်မှုတွေနဲ့ ပြည်သူကို ချစ်တဲ့ မေတ္တာတွေကြောင့်ပဲ အမေစုဆိုတဲ့ နာမည်ဟာ သမိုင်းမှာရော၊ ပြည်သူတွေရဲ့ နှလုံးသားထဲမှာပါ ထာဝရ ကိန်းအောင်းနေမှာ အသေအချာပါပဲ။ ဒီနေ့ကျရောက်တဲ့ မွေးနေ့ရက်မြတ်မှစပြီး အမေစုတစ်ယောက် ကျန်းမာရေး ကောင်းမွန်ပါစေ၊ ဘေးအန္တရာယ်ကင်းရှင်းပြီး မတရား ချုပ်နှောင်ခံထားရခြင်းမှ အမြန်ဆုံး လွတ်မြောက်ပါစေလို့ ရင်ထဲကနေ အနက်ရှိုင်းဆုံး ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် မေမေ။ ကျွန်မတို့ လူငယ်တွေအနေနဲ့လည်း အမေစု လမ်းညွှန်ခဲ့တဲ့အတိုင်း မျှော်လင့်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်ပြီး တိုင်းပြည်အတွက် ကောင်းမွန်တဲ့ အနာဂတ်ကို ဆက်လက်တည်ဆောက်သွားပါမယ်လို့ ကတိပြုရင်း... ပျော်ရွှင်သော မွေးနေ့ရက်မြတ်လေးပါ အမေစု... 🎂🕊️

  • без подписи

  • ကန္တာရနှင်းဆီတွေက မိုးရေနည်းနည်း မရရုံနဲ့ သေဆုံးမသွားဘူဲး... မြေအောက်နက်နက်အထိ မြစ်ဖျားခံပြီး အသက်ဆက်ကြတယ်.... ထို့အတူပဲ.... အခွင့်အရေးတွေ ရှားပါးလွန်းတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေပါစေ၊ စိတ်ဓာတ်မကျပါနဲ့...။ အခြေအနေကို အပြစ်တင်မဲ့အစား ကန္တာရပန်းပမာ Readersလေးတို့အတွင်းစိတ်အင်အားကို မြှင့်တင်ပြီး ပွင့်လန်းအောင် ကြိုးစားလိုက်ပါနော်...။ #owner

  • "မြက်ပင်" ကျွန်တော့်နာမည် ဘာရယ်မဟုတ်... မြက်ပင်.....ပါ သစ်ပင်ကြီးတွေ လေထဲကျိုးလည်း အားမကိုးဘဲ ကိုယ့်ရုန်းအားနဲ့ လေပြင်းဒဏ်ကို ကြံ့ကြံ့ခံလို့ နိမ့်ချဝပ်စုံ ကွေးညွတ်ရုံမျှ...။ အန္တရာယ်တွေ ဘယ်လိုလာပါစေ ကြံ့ခိုင်ခြင်းနဲ့ ကျော်လွှားမယ့် ကျွန်တော်ဟာ... မြက်ပင်ပါပဲ...။ #Owner #မြက်ပင် #Mindset

  • ဝေ့...... စာဖတ်ချစ်သူ စံပယ်ပန်းလေးတို့သိပါလား။ နေမင်းကြီးဟာ လမင်းကြီးကို မနာလိုမဖြစ်သလို၊ လမင်းကြီးကလည်း နေမင်းကြီးကို အားမကျဘူးလေ...။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်လုံးက... သူ့အချိန်နဲ့သူ ကမ္ဘာကြီးကို လင်းထိန်စေဖို့ အလှည့်ကျ စောင့်ဆိုင်းတတ်ကြလို့ပဲ...။ ကဲ .... ဒါဆို စံပယ်ပန်းလေးတို့ရဲ့ အချိန်အခါ ရောက်လာတဲ့အခါ စံပယ်ပန်းလေးတို့လည်း အားလုံးထက် တောက်ပလာပါလိမ့်မယ်နော်.....။ #owner #Fighting #Hang in there!

  • Happy Mother's Day❤️ လောကကြီးမှာ 'အ' အက္ခရာနဲ့ စတဲ့ စကားလုံးတွေ အများကြီးရှိပေမယ့် ကျွန်မတို့အတွက် အလှပဆုံးနဲ့ အနှစ်သာရ အရှိဆုံး စကားလုံးကတော့ "အမေ" ပါပဲ....။ အမေဆိုတာ... နေပူတဲ့အခါ အရိပ်အာဝါသပေးတဲ့ သစ်ပင်ကြီးတစ်ပင်လို၊ မုန်တိုင်းထန်တဲ့အခါ ခိုလှုံရာ ဂေဟာလေးတစ်ခုလိုပါပဲ။ အမေ့ရဲ့ မေတ္တာက ပင်လယ်ထက် နက်ရှိုင်းပြီး ကောင်းကင်ထက် ကျယ်ပြောပါတယ်။ ကျွန်မတို့ ဘဝရဲ့ ပထမဆုံး စာမျက်နှာမှာ အမေဟာ အဓိက ဇာတ်ဆောင်ဖြစ်ခဲ့သလို၊ ဘဝရဲ့ အောင်မြင်မှုတိုင်းမှာလည်း အမေဟာ နောက်ကွယ်က အင်အားအရှိဆုံး ဆုတောင်းရှင် ဖြစ်ခဲ့ပါတယ်....။ တကယ်တော့ အမေဆိုတာ "အနားယူခြင်း" ဆိုတဲ့ စကားလုံးကို နားမလည်တဲ့သူပါ။ သားသမီးတွေ ဗိုက်ဆာမှာ၊ နေမကောင်းဖြစ်မှာ၊ စိတ်ညစ်ရမှာကို ကိုယ့်ထက်မက ပိုစိုးရိမ်တတ်တာ အမေပါပဲ။ ကိုယ်တွေကသာ အပြင်လောကမှာ သူငယ်ချင်းတွေ၊ အလုပ်တွေနဲ့ ယောင်ချာချာ ဖြစ်နေတတ်ပေမယ့် အမေကတော့ အိမ်တံခါးဝမှာ သားသမီးအပြန်ကို မျှော်ရင်း အမြဲစောင့်ကြိုနေတတ်သူပါ။ အမေ့ရဲ့ ကျေးဇူးတရားကို ဆပ်ဖို့ဆိုတာ တကယ်တော့ ဒီတစ်သက်တင်မကဘဲ ဘဝဆက်တိုင်း ဆပ်ရင်တောင် ကုန်နိုင်မှာ မဟုတ်ပါဘူး...။ ဒါပေမဲ့လည်း... ဒီလောက်မေတ္တာကြီးတဲ့ အမေတွေဟာ တစ်ခါတလေကျရင်တော့ "FBI စုံထောက်" တွေထက်တောင် ကြောက်ဖို့ကောင်းတတ်ကြသေးတယ်နော်😁။ "အမေ... သားအင်္ကျီ ဘယ်မှာလဲ" လို့ မေးရင် "ရှာလို့တွေ့ရင်တော့ နာပြီသာမှတ်" ဆိုတဲ့ အမေ့ရဲ့ ရာဇသံ..။ "မျက်လုံးက ဖုန်းထဲဝင်တော့မယ်" ဆိုတဲ့ အမြဲတမ်းကြားနေရတဲ့ ဆူပူသံ..။ ပြီးတော့... တစ်အိမ်လုံးမှာ ဘယ်သူမှ ရှာမတွေ့တဲ့အရာကို အမေ လာရှာလိုက်ရင် စက္ကန့်ပိုင်းအတွင်း ထွက်လာတတ်တာကတော့ အမေ့ရဲ့ "Magic" တစ်ခုပါပဲ...။ အမေ ဆူတာကို နားညည်းတယ်လို့ ထင်ခဲ့ဖူးပေမယ့် တကယ်တမ်း အိမ်နဲ့ဝေးတဲ့အခါ အမေ့ရဲ့ အဲ့ဒီဆူသံလေးကိုတောင် ပြန်ကြားချင်နေမိတာ အားလုံးအသိပဲ မဟုတ်လား။ ဒါကြောင့် ဒီကနေ့ ကျရောက်တဲ့ အမေများနေ့မှာ အမေတွေအားလုံးကို ပြောချင်တာကတော့... "အမေ ဆူတာကိုလည်း ချစ်တယ်၊ အမေ့ရဲ့ လက်ရာဟင်းကိုလည်း လွမ်းတယ်၊ အမေ ရှိနေပေးတာကိုပဲ ကျေးဇူးတင်ပါတယ်" ဆိုတာပါပဲ။ အမေများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ သားသမီးတွေရဲ့ အောင်မြင်မှုကို နှစ်ပေါင်းများစွာ ကြည့်ရှုသွားနိုင်ပါစေနော်...။ အမေ့ကို အရမ်းချစ်ပါတယ်ရှင် ❤️ #MothersDay #HappyMothersDay #MomLove #အမေများနေ့ #owner

  • ရာသီဥတုကတော့ 'ငရဲ' က လမ်းကြုံလို့ ဝင်နှုတ်ဆက်နေသလိုပဲ...။ အသားလေး နည်းနည်းညိုသွားတာ ကိစ္စမရှိပေမဲ့၊ အပူလျှပ်ပြီး လဲမသွားဖို့က အရေးကြီးတယ်နော်....။ ကိုယ့်ကိုယ်ကိုယ် တအားကြီး Force မလုပ်ပါနဲ့။ နားနားနေနေ နေပါ.... ရေခဲရေတွေ အရမ်းမသောက်ပါနဲ့..... ကျန်းမာရေးက နံပါတ် ၁ မို့ အားလုံးပဲ ဂရုစိုက်ကြပါဦးရှင်...။ Fighting ပါ ......

  • Current mode for me....

  • ဟေး... ဒီနေ့ တစ်နေ့လုံး ဘာမှမလုပ်ဖြစ်ဘဲ အချိန်ကုန်သွားတယ်လို့ ခံစားနေရလား? စိတ်မပူပါနဲ့....။ အမြဲတမ်း ထုတ်ကုန်ကောင်းတွေ ထွက်နေဖို့ မလိုပါဘူး...။ ဒီနေ့မှာ မင်း အသက်ဝဝရှူနိုင်ခဲ့တယ်၊ တစ်ချက်လောက် ပြုံးနိုင်ခဲ့တယ်ဆိုရင်ပဲ လုံလောက်ပါပြီ....။ ခဏလောက် လွှတ်ချလိုက်ရအောင်...။ #owner

  • ဖိတ်ကြားအပ်ပါတယ်ရှင်

  • https://youtu.be/B0kVW3kHP7Y?si=j1bL4ERP3XWAwEay

  • ချန်နယ်က စာဖတ်ချစ်သူပန်းကလေးတွေအားလုံးပဲ မင်္ဂလာပါနော်..။ ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေအတွင်းမှာ ချန်နယ်ကနေ ဘာပိုစ့်မှ မတင်ဖြစ်ခဲ့တာ သတိထားမိကြမယ်ထင်ပါတယ်။ အကြောင်းကတော့ ကျွန်မကိုယ်တိုင်လည်း ကိုယ်ပိုင်ပျော်ရွှင်မှုတွေကို ခေတ္တဘေးဖယ်ပြီး 'တော်လှန်သင်္ကြန်' မှာ တစ်တပ်တစ်အား ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေခဲ့လို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ နှစ်သစ်ကို ကူးပြောင်းလာခဲ့ပြီဖြစ်သလို၊ ကျွန်မတို့ရဲ့ တော်လှန်ရေးခရီးကြမ်းကလည်း ဆက်လက် လျှောက်လှမ်းနေရဆဲပါ...ဒါကြောင့် နှစ်ဆန်းတစ်ရက်နေ့ဆိုတာ ပြက္ခဒိန်အသစ်တစ်ခုတင် မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ပိုမိုခိုင်မာလာတဲ့ သန္နိဋ္ဌာန်တွေနဲ့ တော်လှန်ရေးအားမာန်သစ်တွေကို ထပ်လောင်းအတည်ပြုရမယ့်နေ့ ဖြစ်ပါတယ်။ ဒီနှစ်သစ်ရဲ့ ဆုတောင်းဟာ "အေးချမ်းပါစေ" ဆိုတာထက် "တရားမျှတမှု ရပါစေ" ဆိုတာက ပိုပြီး အဓိပ္ပာယ်ရှိနေပါလိမ့်မယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သင်္ကြန်ရက်တွေအတွင်းမှာ ကိုယ်ပိုင်ပျော်ရွှင်မှုတွေကို ခေတ္တဘေးဖယ်ပြီး တော်လှန်သင်္ကြန်၊ သပိတ်သင်္ကြန်တွေမှာ တက်ကြွစွာ ပါဝင်ခဲ့ကြတဲ့သူတွေ၊ တော်လှန်ရေးသံချပ်တွေနဲ့အတူ သွေးမအေးကြောင်း သက်သေပြခဲ့ကြတဲ့သူတွေ၊ မြေပြင်နဲ့ အွန်လိုင်းမှာ အသီးသီး တော်လှန်ခဲ့ကြတဲ့ ရဲဘော်တွေ၊ ပြည်သူတွေအားလုံးကိုလည်း ဒီနေရာကနေ အထူးပဲ လေးစားဂုဏ်ပြုပါတယ်။ မိမိတို့ရဲ့ ယုံကြည်ချက်အတွက် ပေးဆပ်နေရသူအားလုံး ဘေးကင်းပါစေ၊ ခွန်အားပြည့်ဝပါစေ။ အမှောင်ဆုံးညတွေဟာ အလင်းရောင်လာဖို့ အနီးစပ်ဆုံးအချိန်ပါပဲ.....။ 🌅 ဒီနှစ်သစ်မှာ အဆုံးသတ်အောင်ပွဲနဲ့အတူ လွတ်လပ်ခြင်းရဲ့ လေပြည်တွေကို အားလုံးအတူတူ ရှူရှိုက်နိုင်ကြပါစေ။ တော်လှန်ရေးဟာ ... ကျွန်မတို့ရဲ့ နှလုံးသားထဲမှာ အမြဲရှင်သန်နေပါတယ်။ #owner #SpringRevolution #MyanmarNewYear

  • နောက်ထပ် အတာသင်္ကြန်တစ်ခု ပြန်ရောက်လာပြန်ပြီ...။ ဟိုးအရင်တုန်းက သင်္ကြန်ဆိုတာ ရင်ထဲမှာ ဘာအပူအပင်မှမရှိဘဲ လွတ်လွတ်လပ်လပ်နဲ့၊ တစ်ဦးပေါ်တစ်ဦး မေတ္တာအပြည့်နဲ့ စိတ်ကြိုက်ပျော်ခဲ့ရတဲ့ နှစ်သစ်ကူးပွဲတော်ပါ...။ ဒါပေမဲ့ အခုအချိန်မှာတော့... အာဏာရူးတဲ့ စစ်အာဏာရှင်တစ်စု ရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ဖိနှိပ်ချုပ်ခြယ်မှုတွေကြောင့် တိုင်းပြည်ကြီးက အမှောင်ကျနေသလို၊ ပြည်သူတွေရဲ့ ရင်ထဲမှာလည်း သင်္ကြန်အေးအေးလေးထက် ပူလောင်တဲ့ သောကမီးတွေက ပိုများနေရတယ်နော်။ သူတို့တွေ ဖန်တီးထားတဲ့ ခေတ်ပျက်ကြီးထဲမှာ အရင်လို စစ်မှန်တဲ့ ပျော်ရွှင်မှုမျိုးတွေက အဝေးကြီးမှာ ကျန်ခဲ့ပါပြီ။..... ဒီနှစ် သင်္ကြန်မှာ အားလုံးကို ပျော်စေချင်ပေမယ့် ခေတ်ကမကောင်းတော့ အပျော်လွန်လို့ မရပါဘူး။ ကိုယ့်အသက်အန္တရာယ်၊ ကိုယ့်လုံခြုံရေးအတွက် 'အပျော်သတိ' ထက် 'ရန်သူ့သတိ' ကိုပါ ရင်ထဲမှာ အမြဲကပ်ထားစေချင်တယ်ရှင်။ ပျော်ပါစေလို့ ဆုတောင်းပေးနေသလိုပဲ တစ်ဖက်ကလည်း အားလုံးအတွက် စိုးရိမ်စိတ်က အပြည့်ပါ။ ဘယ်သူတွေ ဘယ်လိုပဲ အတင်းအဓမ္မ ပျော်ခိုင်းနေပါစေ... ကျွန်မတို့ရဲ့ ပျော်ရွှင်မှုက တကယ့်အစစ်အမှန်မဟုတ်ဘူးဆိုတာ အားလုံးသိကြပါတယ်။ ဒါကြောင့် လူစုလူဝေးကြားထဲမှာ ကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်ပါ။ ဘေးကင်းဖို့က ပထမပါ။ ဒီအတာရေလေးနဲ့အတူ ကျွန်မတို့ရင်ထဲက စိတ်ညစ်ညူးစရာတွေတင်မကဘဲ... တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ အာဏာရူး အမှောင်ထုဆိုးကြီး (မအလနဲ့ အပေါင်းအပါများ) ပါ တစ်ခါတည်း ဆေးကြောသန့်စင်ပြီး ဝေးဝေးကို လွင့်စင်သွားပါစေ လို့ ဆုတောင်းပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ တော်လှန်သင်္ကြန်လေး ဖြစ်ပါစေနော်...။ #owner

  • без подписи

  • без подписи

  • လွမ်းစရာ ကလေးဘဝ" နေဝင်ရီတရော... မိုးချုပ်စောမှာ ကစားဖော်တွေနဲ့... ပျော်လို့မဝနိုင်သေး ဖုန်တွေပေကျံ... ညစ်ပတ်ပေတေ ချွေးတစိုစိုနဲ့... ပြုံးပျော်ခဲ့ရတဲ့ အရွယ်လေ။ "ဟေ့... ကလေးတွေ... မိုးချုပ်ပြီ ပြန်ကြတော့လေ" မေမေ့ရဲ့အသံ... ရပ်ကွက်ထဲ ဟိန်းလို့နေ အော်ခေါ်မှသာ... လက်တွန့်ကာဖြင့် မပြန်ချင်ဘဲ... အိမ်ပြန်ခဲ့ရတဲ့ အချိန်။ အိမ်ရောက်ရင်လေ... ဆူမလား၊ ရိုက်မလား တွေးမပူအားဘဲ... မနက်ဖြန်ခါ ဘာဆက်ဆော့မလဲ... အိပ်မက်ထဲထိ ပျော်ခဲ့ရတဲ့... ထိုကလေးဘဝ။ အခုတော့လည်း... အဲ့ဒီ "အော်ခေါ်သံ" လေးကိုပဲ တမ်းတကာရယ်...မျက်ရည်လည်ရွှဲ အရမ်းလွမ်းနေမိတယ်... မေမေရယ်။ #owner