သတင်းအထူးတပ်ဖွဲ့ - PATHEIN
Статистикаပြည်သူ့အတွက် ပြည်သူနဲ့အတူ ရပ်တည်ပြီး သတင်းမှန်များကိုသာ ဖြန့် ဝေပေးသည့် channel ဖြစ်သည်။
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 66
- Всего постов
- 71
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 414
- 1/48двое суток
- 474
- 1/72трое суток
- 511
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
တောင်ငူကြက်ခြံတွင် အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခံရပြီး ကန်ကြီးထောင့်မြို့နယ်မှ လူငယ်နှစ်ဦး သတင်းအစအနမရဘဲ ပျောက်ဆုံးနေ ဩဂုတ်၁၅ရက်၊၂၀၂၆ ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ကျီးတောကျေးရွာအုပ်စု၊ လက်တိုးကျေးရွာမှ လူငယ်နှစ်ဦးသည် တောင်ငူရှိ ကြက်ခြံတစ်ခုတွင် အလုပ် ရမည်ဟုဆိုကာ လူမှုကွန်ရက် (Online) မှတစ်ဆင့် ဆက်သွယ်လာသည့် အမျိုးသမီးတစ်ဦး(စာရေးမဟု လိမ်လည်ထားသူ) ၏ လိမ်လည်ခေါ်ဆောင်မှုကို ခံရပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေသည်မှာ ယနေ့တွင် ၂ ပတ်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။ ပျောက်ဆုံးနေသည့် လူငယ်နှစ်ဦးမှာ ဦးတင်နိုင်ဦး ဒေါ်ခင်မာဦးတို့၏ သားဖြစ်သူ မောင်ဝေနိုင်ထွန်းနှင့် ဦးနဘုနှင့် ဒေါ်မြင့်မြင့်ဆန်းတို့၏ သားဖြစ်သူ မောင်ငြိမ်းချမ်းဦးတို့ ဖြစ်ကြကြောင်း သိရသည် ဖြစ်စဉ်မှာ အဆိုပါ လူငယ်နှစ်ဦးအား လိုင်းပေါ်မှ သိရှိသူ အမျိုးသမီးတစ်ဦးက "တောင်ငူကြက်ခြံတွင် အလုပ်ရမည်" ဟုဆိုကာ မက်လုံးပေး၍ ရန်ကုန်သို့ ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ရန်ကုန်သို့ ရောက်ရှိသွားချိန်မှစ၍ လူငယ်နှစ်ဦး၏ လက်ကိုင်ဖုန်းများ သိမ်းဆည်းခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ် လုံးဝ ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ " ရန်ကုန်ရောက်တော့ ဖုန်းတွေ အသိမ်းခံလိုက်ရတယ်။ အခုဆို ၂ ပတ်တောင် ရှိပြီ၊ ဘာမှ ဆက်သွယ်လို့ မရတော့ဘူး။ စစ်ထဲ ပါသွားသလား၊ ကျားဖောင် သို့မဟုတ် အခြားနေရာတွေကို ရောင်းစားခံလိုက်ရသလားဆိုတာ မသိရတော့လို့ မိဘတွေမှာ ရူးမတတ် ခံစားနေရပါတယ်" ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ယခုကဲ့သို့ ခေတ်ကာလ မကောင်းသည့်အချိန်တွင် လူမှုကွန်ရက်ပေါ်မှ မက်လုံးပေး အလုပ်ခေါ်ယူမှုများကို အလွယ်တကူ မယုံကြည်ကြရန်၊ စိစစ်မှုမရှိဘဲ လိုက်ပါသွားခြင်း မပြုကြရန်နှင့် လူငယ်များအနေဖြင့် အထူးဂရုပြု ဆင်ခြင်ကြပါရန်လည်း ဒေသခံများက သတိပေး တိုက်တွန်းထားကြသည်။လက်ရှိတွင် လူငယ်နှစ်ဦး၏ မိဘများမှာ သားဖြစ်သူများ၏ အသက်အန္တရာယ်နှင့် ပတ်သက်၍ အထူးစိုးရိမ်ပူပန်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ # @specialnewspt007(သတင်းပေးရန် Link) # https://t.me/newsspecialforces (telegram channel) # https://www.facebook.com/share/1EquCQBcXf/ (Page (2) Link ) # https://www.facebook.com/share/18ivceo2AR/ (Page Link) # https://www.youtube.com/@newsspecialforces123 (YouTube Link) #https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h (TikTok link)
без подписи
🌸ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ဩဂုတ် ၁၅ရက်၊၂၀၂၆ စနေနေ့ နေ့ထူးနေ့မြတ်ဖြစ်ပါစေ 🌸 📅 တစ်နေ့တာ အချိန်များကို ပြည်သူများ ကိုယ်စိတ်နှလုံး သုံးပါးချမ်းမြေ့ကာ စိတ္တသုခ ကာယသုခ နှစ်ဖြာသုခနှင့်ပြည့်စုံကြပါစေကြောင်း မေတ္တာဖြင့် ဆုတောင်းပတ္ထနာပြုအပ်ပါသည်။ 💐 ပြည်သူအားလုံး ဘေးရန်ခပ်သိမ်း ကင်းကွာ၍ အာဏာရှင်စနစ်ဆိုး၏လက်အောက်မှ အမြန်ဆုံးလွတ်မြောက်ကာ ခေတ်မီ၍စည်းကမ်းပြည့်ဝသော ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် အမြန်ဆုံးတည်ဆောက်နိုင်ပါစေလို့ PSTF သတင်းအထူးတပ်ဖွဲ့ -ပုသိမ်မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🙏🙏🙏 # သတင်းအထူးတပ်ဖွဲ့-ပုသိမ်
မြို့မစခန်းမှူး နေထွန်း၏ လာဘ်ပေးလာဘ်ယူမှုနှင့် အာဏာအလွဲသုံးစားပြုမှုများကြောင့် ဌာနဆိုင်ရာများနှင့် အများပြည်သူအကြား ဝေဖန်ပြစ်တင်မှုများ မြင့်တက်နေ ဩဂုတ်၁၄ရက်၊၂၀၂၆ ဧရာဝတီတိုင်း၊ရေကြည်မြို့မရဲစခန်းမှ စခန်းမှူး နေထွန်း သည် အာဏာအလွဲသုံးစားလုပ်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဝန်ထမ်းအချင်းချင်း ဖိအားပေး ခြိမ်းခြောက်မှုများ ဆက်တိုက်ကျူးလွန်နေကြောင်း ဒေသခံများနှင့် နီးစပ်သည့် ဌာနဆိုင်ရာ အသိုင်းအဝိုင်းထံမှ သိရသည်။ စခန်းမှူးနေထွန်းသည် ရေကြည်မြို့အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုများ ကျယ်ပြန့်စွာ ပျံ့နှံ့နေသော်လည်း လာဘ်ငွေ ရယူကာ မသိကျိုးကျွံ ပြုလုပ်နေကြောင်း ဒေသခံများက ဆိုသည်။ ထို့ပြင် ဥပဒေရေးရာ နားမလည်သည့် သာမန်ပြည်သူများ အမှုလာရောက်တိုင်ကြားရာတွင်လည်း ပိုက်ဆံ သို့မဟုတ် တံစိုးလက်ဆောင် မရရှိပါက အမှုဖွင့် ဆောင်ရွက်ပေးခြင်း မရှိဘဲ ပစ်ပယ်ထားလေ့ရှိကြောင်း ဒေသခံများ၏ တိုင်ကြားချက်များ အရ သိရသည်။ ၎င်း၏ အာဏာလွဲမှားစွာ သုံးစွဲမှုများအနက် မြို့နယ် သမဝါယမအသင်းထံမှ ရာခိုင်နှုန်း (ကော်မရှင်) ခွဲဝေယူကာ ပရောဂျက် လုပ်ကိုင်သူ လယ်သမား လုပ်သားများကို သတ်မှတ်ရက်အတွင်း ကြွေးမြီ မဆပ်နိုင်ပါက ထောင်ချမည်ဟု ခြိမ်းခြောက် အနိုင်ထက်စီးနင်း တောင်းဆိုမှုများတွင် ပါဝင်ကြောင်း သိရသည်။ ၎င်း၏ လက်အောက်ငယ်သား ရဲတပ်ဖွဲ့ဝင်များအပေါ်တွင်လည်း အခကြေးငွေနှင့် ဧည့်ခံကျွေးမွေးနိုင်သူများကိုသာ မျက်နှာသာပေးပြီး၊ မကျေနပ်ပါက "တောထဲ ပို့ပစ်မည်" ဟု ခြိမ်းခြောက် ပြောဆိုလေ့ရှိကြောင်း တပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။ ထိုသို့ စည်းကမ်းမဲ့မှုနှင့် ကိုယ်ကျင့်တရား ပျက်ယွင်းမှုများကြောင့် ရေကြည်မြို့နယ်အတွင်းရှိ တရားရုံး၊ မြို့နယ်ဥပဒေရုံး အပါအဝင် အခြားသော မြို့နယ်အဆင့် ဌာနဆိုင်ရာများကပါ ၎င်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်လျက်ရှိပြီး ဆက်ဆံရေး တင်းမာလျက်ရှိသည်။ စခန်းမှူး နေထွန်းသည် ယခင်က လေးမျက်နှာမြို့မရဲစခန်းတွင် စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကလည်း ယခုကဲ့သို့ လာဘ်စားမှုနှင့် ပြည်သူအပေါ် အနိုင်ကျင့်မှုများကြောင့် တိုင်ကြားခံရပြီး ရေကြည်မြို့သို့ ပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ရေကြည်မြို့သို့ ရောက်ရှိလာသော်လည်း မူလအကျင့်စရိုက်များကို ပြင်ဆင်ခြင်းမရှိဘဲ ဆက်လက်ကျူးလွန်နေသည့်အတွက် အထက်အရာရှိများအနေဖြင့် ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူပေးရန် ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်အချို့က လိုလားနေကြကြောင်း သိရသည်။ # @specialnewspt007(သတင်းပေးရန် Link) # https://t.me/newsspecialforces (telegram channel) # https://www.facebook.com/share/1EquCQBcXf/ (Page (2) Link ) # https://www.facebook.com/share/18ivceo2AR/ (Page Link) # https://www.youtube.com/@newsspecialforces123 (YouTube Link) #https://www.tiktok.com/@specialintelligen1?_r=1&_t=ZS-9666MqAgw7h (TikTok link)
без подписи
အာရက္ခပြည်၊ ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာနှင့် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ညအချိန် ဗုံးကြဲ၊ အပြစ်မဲ့ပြည်သူ (၈) ဦး သီဆုံး ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၄) ရက် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ အာရက္ခဒေသတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့များ၌ အပြစ်မဲ့ပြည်သူများ နေထိုင်ရာ နေရာများကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ယမန်နေ့ ညသန်းခေါင်၌လည်း ထပ်မံအကြမ်းဖက်တိုက်ခိုက်ခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းပေါ်ရှိ အပြစ်မဲ့အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်းသို့ ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်၏ လေတပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးသည် ဗုံးသီး (၂) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သည်။ အဆိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူများဖြစ်ကြသည့် (၁) ဒေါ်ခင်မိုးရွှေ (၆၀ နှစ်)၊ (၂) ဒေါ်ခင်စန္ဒာထွန်း (၄၅ နှစ်) (၃) ဦးထွန်းလင်း (၄၆ နှစ်) (၄) မဖြိုးဖြိုးကျော် (၃၆ နှစ်)၊ (၅) မောင်မင်းဝေခန့် (၃၅ နှစ်)၊ (၆) မဝင်းအိကျော် (၂၆ နှစ်)၊ (၇) မောင်ဉာဏ်လင်းသန့် (၁၂ နှစ်) နှင့် (၈) မောင်နေလင်းသန့် (၇ နှစ်)၊ တို့မှာ နေအိမ်ပေါ်၌ပင် အစုလိုက် အပြုံလိုက် သေဆုံးသွားခဲ့ကြသည်။ ထို့အပြင် ပြည်သူတို့၏ နေအိမ် (၅) လုံးနှင့် သုံးဘီးဆိုင်ကယ် (၁) စီး မှာလည်းပျက်စီးသွားခဲ့သည်။ အခြားသော အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိ ထပ်မံ စုံစမ်းလျက်ရှိသည်။ ထို့အပြင် ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကိုလည်း ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၀) နာရီ (၅၅) မိနစ်အချိန်ခန့်တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ ဂျက်တိုက်လေယာဉ် တစ်စီးဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့သေးသည်။ အဆိုပါ တိုက်ခိုက်မှုတွင် အရပ်သားပြည်သူ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ အာရက္ခတပ်တော်နှင့် မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသော ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် ရှုံးမဲမဲသောအနေဖြင့် အပြစ်မဲ့အရပ်သားပြည်သူလူထုများအပေါ် နေ့ညအချိန်မရွေး လေကြောင်းမှ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်လာနေသောကြောင့် အာရက္ခဒေသတစ်ခုလုံး လေကြောင်းရန်ကို "အချိန်ပြည့်" အထူး ဂရုစိုက်ကြရန် ထပ်မံတိုက်တွန်းလိုက်ပါသည်။ (ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက်နေ့၊ ည (၁၁) နာရီခွဲအချိန်ခန့်တွင် ကျိန္တလီမြို့အား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသွားသည့် အပြစ်မဲ့အရပ်သားပြည်သူများ) သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
တိုက်ပွဲသတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၃) ရက် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်သည် အာရက္ခပြည်အတွင်းသို့ ထိုးဖောက်ဝင်ရောက် နိုင်ရန်အတွက် အာရက္ခဒေသနှင့်ထိစပ်လျက်ရှိသော တိုင်း (၃) တိုင်း၊ ပြည်နယ် (၁) ခုတို့နှင့် နယ်မြေထိစပ်နေသည့် နေရာများမှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် အကြိမ်ကြိမ် ပြုလုပ်နေခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့် ရှိလာခဲ့ပြီဖြစ်သည်။ ထိုသို့ ထိုးဖောက်ဝင်ရောက်ရန် အားထုတ်လျက်ရှိသော နေရာများထဲမှ တစ်ခုဖြစ်သည့် ရက္ခိုင်-ဧရာဝတီ အစပ်နေရာများ၌ တိုက်ပွဲများမှာ ယခုရက်များအတွင်း ဆက်လက်ပြင်းထန်လာနေခဲ့သည်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ပွိုင့် (၁၀၁) အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအနီးဝန်းကျင်ရှိ အာရက္ခတပ်တော်စစ်ကြောင်းများရှိရာ နေရာများသို့ ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်သည် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် ယင်းနေ့တစ်ရက်တည်းတွင် နေရာ (၅) နေရာ၌ တိုက်ပွဲများ မှာ တစ်နေ့လုံးနီးပါး တောက်လျှောက်ဖြစ်ပွားနေခဲ့သည်။ ဩဂုတ်လ (၁၂) ရက်နေ့တွင် သာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော ရန်သူ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁၀၁) တပ်ရင်း နှင့် အာရက္ခတပ်တော်တို့သည် သာပေါင်းကလေးကျေးရွာ၏ အရှေ့ဘက် မီတာ (၁၀၀၀) ခန့်အကွာတွင် နံနက် (၆း၅၃) မှ (၉း၅၃) အချိန်အထိ (၃) နာရီကြာ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ရန်သူသည် ၎င်းတို့ ၏အားသာချက်ဖြစ်သောလေကြောင်း၊ ဒရုန်း နှင့် မြေပြင်မှ လက်နက်ကြီးပစ်ကူတို့ကို အများအပြားသုံးပြီး အပြင်းအထန် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အာရက္ခတပ်တော် စစ်သည်တော်များမှ ခုခံစစ်၊ တန်ပြန်ထိုးစစ်တို့ဖြင့် အကောင်းဆုံး ခုခံတိုက်ခိုက်နိုင်ခဲ့သောကြောင့် ရန်သူ့ဘက်မှ အထိအခိုက်အကျအဆုံးများဖြင့် တပ်လန်ကာ ထွက်ပြေး ဆုတ်ခွာသွားခဲ့သည်။ မိမိတို့ဘက်မှ လိုက်လံရှင်းလင်းခဲ့ရာ ရန့်သူ့အလောင်းအချို့နှင့် လက်နက် ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။ အလားတူ ရေကြည်မြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသော ရန်သူ၏ တပ်မ (၆၆) လက်အောက်ခံ၊ ခလရ (၁) ၊ (၁၁) တပ်ရင်းများနှင့် အာရက္ခတပ်တော်၊ စစ်ကြောင်းအချို့သည် ပွိုင့် (၁၀၁) ကုန်း၏ တောင်ဘက် မီတာ (၃၇၃) ခန့်တွင် နံနက် (၇) နာရီမှ နေ့လယ် (၂) နာရီ (၃၉) မိနစ်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည့်နည်းတူ ပွိုင့် (၁၀၁) ကုန်း၏ အနောက်တောင်ဘက် (၁.၁၃) ကီလိုမီတာခန့် အကွာတွင်လည်း နံနက် (၉) နာရီ (၂၄) မိနစ်မှ နေ့လယ် (၁) နာရီ (၄၀) မိနစ် အထိတိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့အတူ ယခုတိုက်ပွဲဖြစ်ပွားရာ မလှမ်းမကမ်းနေရာ (၂) ခု၌လည်း ရန်သူမှ မိမိတို့ရှိရာနေရာများသို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။ ဖက်ဆစ် အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ဂျက်၊ Y12 ၊ ဒရုန်းနှင့် မြေပြင်လက်နက်ကြီးပစ်ကူ အများအပြားသုံးပြီး စစ်ကြောင်းများဖြန့်ခွဲကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်း ဖြစ်သည်။ ယခုတိုက်ပွဲများတွင်လည်း မိမိတို့ဘက်မှ အကောင်းဆုံး ခုခံတိုက်ထုတ်နိုင်ခဲ့သောကြောင့် ရန်သူ့အလောင်းနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။ ရန်သူ၏ ထိုးစစ်တိုင်းကို တည်ငြိမ်စွာဖြင့် ခုခံစစ်ဆင်နွှဲရင်း ရန်သူတပ်လန်သွားသည်အထိ ရဲရင့်ပြောင်မြောက်စွာတိုက်ပွဲဝင်ခဲ့ကြသော အာရက္ခစစ်သည်တော်များအား အာရက္ခတပ်တော်၊ စစ်ရုံးချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ (ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း သိမ်းဆည်းရမိခဲ့သော ရန်သူ့အလောင်းအချို့နှင့် လက်နက်ခဲယမ်းအချို့) သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်
без подписи
без подписи
без подписи
без подписи
без подписи
без подписи