tgindex
New Vision Media(Myanmar)

New Vision Media(Myanmar)

Статистика

New Vision Media

Последний пост
30 дек. 2024 г.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
15 авг.
Подписчики
1 559
−5 за 2 дн.
Сутки
−5
−0,32%
Неделя
 
Месяц
 
Просмотров на пост
1 252
20 постов
Вовлечённость
80,3%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • ပါကစ္စတန်နယ်စပ်က စခန်းလေးငါးခုကို အာဖဂန်တာလီဘန်တွေ တိုက်ခိုက် …………………………………………… နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀ ပါကစ္စတန်လေတပ်က အာဖဂန်နစ္စတန်နိုင်ငံတွင်း လာရောက်တိုက်ခိုက်ပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ အာဖဂန်တာ လီဘန်တပ်ဖွဲ့ဝင်တွေက အိမ်နီးချင်းပါကစ္စတန်နယ်စပ်က စခန်းလေးငါးခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ချက်မှာ “ပါကစ္စတန်နိုင်ငံကို တိုက်ခိုက်တယ်” လို့ တိုက်ရိုက်ဖော်ပြမထားဘဲ “စိတ်မှန်းခြေနယ်စပ်မျဉ်းတစ်ဖက်ကနေရာတွေကို” တိုက်ခိုက်ခဲ့ကြောင်းသာ ဖော်ပြထားပါတယ်။ “အာဖဂန်နစ္စတန်ကို လာရောက်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေမှာတာဝန်ထမ်းဆောင်နေတဲ့ စိတ်မှန်းခြေ နယ်စပ်မျဉ်းတစ်ဖက်ခြမ်းက စခန်းလေးငါးခုကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။” လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထုတ်ပြန်ချက်ဟာ ပါကစ္စတန်နိုင်ငံကို ရည်ညွှန်းတာလားဆိုတဲ့ မေးခွန်းကို “ကျွန်တော်တု့ိ အဲဒီနေရာကို ပါကစ္စတန် နယ်မြေလို့ သဘောမထားပါဘူး။ ဒါ့ကြောင့် အဲဒီနယ်မြေဟာ ဘယ်သူ့နယ်မြေဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ အတည် မပြုနိုင်ဘူး။ ဒါပေမဲ့ အဲဒီနေရာဟာ စိတ်မှန်းခြေနယ်စပ်မျဉ်းတစ်ဖက်မှာ ရှိနေပါတယ်။” လို့ အာဖဂန်ကာကွယ်ရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် အန်နေယာတူလက်ခိုဝါရာဇမီက ပြောပါတယ်။ ၁၉ ရာစုအတွင်း အဆိုပါအငြင်းပွားနယ်မြေက တောင်တန်းတစ်လျှောက် ဗြိတိသျှကိုလိုနီအစိုးရက ရေးဆွဲခဲ့တဲ့ ဒါရန်း မျဉ်းလို့ သိထား ကြတဲ့ နယ်စပ်ဒေသသတ်မှတ်မှုမျဉ်းကို အာဖဂန်အစိုးရက အသိအမှတ်မပြုခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။ အာဖဂန်တာလီဘန်တွေတိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှု အသေးစိတ်ကိုတော့ မသိရသလို ပါကစ္စတန်စစ်တပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ပြန်လည်တုံ့ပြန်ဖြေကြားခြင်းမရှိပါဘူး။ ဒါပေမဲ့ အာဖဂန်တာဘီလန်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ရာမှာ ပါကစ္စတန်အရန်တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးသွားပြီး ခုနစ်ဦးဒဏ်ရာရခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။ ပါကစ္စတန်နိုင်ငံ ခိုင်ဘာပတ်တန်ခွာပြည်နယ်နဲ့ အာဖဂန်နစ္စတန် ခို့စ်ပြည်နယ်ကြားက နယ်စပ်တစ်လျှောက်မှာ လက် နက်ကြီးပစ်ခတ်မှုတွေအပါအဝင် ကြိုကြားကြိုကြား ထိတွေ့မှုတွေဖြစ်နေတယ်လို့ နှစ်နိုင်ငံစလုံးက အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပါကစ္စတန်လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်နစ္စတန်က အမျိုးသမီးနဲ့ ကလေးသူ ငယ်တွေအပါအဝင် ၄၆ ဦးသေဆုံးသွားတဲ့ဖြစ်စဉ်အပြီး အခုလို တိုက်ခိုက်မှုတွေ ထွက်ပေါ် လာခဲ့တာဖြစ်ပါတယ်။ ပါကစ္စတန်အစိုးရကတော့ ၎င်းတို့အနေနဲ့ အာဖဂန်နယ်စပ်မှာရှိတဲ့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ Ref: Afghan Taliban hit ‘several points’ in Pakistan in retaliation for attacks #Newvisionmedia

  • без подписи

  • တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုတံခါးဖွင့်ထားပြီး၊ ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား ………………………………………… နေပြည်တော်၊ ဒီဇင်ဘာ ၃၀ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆို တံခါးဖွင့်ထားပြီး၊ ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောကြာထားသည်။ နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်းချမ်းရေးရလဒ်များ တည်ငြိမ်မှု ရှိစေရေးအတွက် ယနေ့မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိ ကြောင်း၊ တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်း ဆောင်ရွက်မှုဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေး လျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှရရှိလာသည့် သဘောထားမှတ်ချက်များကိုလည်း နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများအတွက် အစဉ်အမြဲဖိတ်ခေါ်ကြိုဆိုပြီး တံခါးဖွင့်ထားကြောင်း၊ ရှေ့ဆက်၍လည်း ငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။ ယနေ့နိုင်ငံတော်တွင် လိုအပ်လျက်ရှိသော တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကရင်ပြည်နယ်မှ ကရင်တိုင်းရင်းသားများအပါအဝင် တိုင်းရင်းသား ပြည်သူ အားလုံးက ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အပါအဝင် မိမိတို့နေထိုင်ရာ နေရာဒေသများအတွင်း တိုက်ပွဲများနှင့် ဆူပူအကြမ်းဖက်မှုများ လျော့နည်းပပျောက်လာစေရန် အချင်းချင်းဝိုင်းဝန်းဆောင်ရွက်ပြီး တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်ခြင်းဖြင့် ပြည်ထောင်စုကြီး အေးချမ်းသာယာဝပြောရေး ဖော်ဆောင်ကြကာ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုရလဒ်ကောင်းများကို ပိုမိုရရှိနိုင်ပါစေကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။ #Newvisionmedia

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ပေါက်မြို့နယ်၊ ကုက္ကိုစု ပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွများ နေ့စဉ် ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် ပြည်သူများ နေ့စဉ် သေကြေနေရ ………………………………………………… နေပြည်တော်၊ ဒီဇင်ဘာ ၃၀ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကုက္ကိုစုပြည်သူ့စစ်ကျေးရွာကို စစ်သွေးကြွ PDF အဖွဲ့ဝင်များက နေ့စဉ် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူများ နေ့စဉ် သေကြေနေရသည်။ စစ်သွေးကြွ PDF အဖွဲ့ဝင်များအနေဖြင့် ဒီဇင်ဘာလ (၂၄)ရက်မှ စတင်ကာ ကုက္ကိုစု ပြည်သူ့စစ်ကျေးရွာ အတွင်းသို့ ဒရုန်းဖြင့် ဗုံးများ နေ့စဉ် ကြဲချနေခြင်းဖြစ်သည်။ စစ်သွေးကြွ PDF အဖွဲ့ဝင်များသည် ပေါက်မြို့နယ် ကမ်းပျိုကျေးရွာတွင် အထိုင်ချနေထိုင်ခြင်းဖြစ်ပြီး သနပ်ပင်ဇင်းကျေးရွာ၊ ဆယ်ပင်ကျေးရွာ၊ အင်ပင်ကျေးရွာ စသည့်ကျေးရွာများမှလည်း ဒရုန်းများ လွှတ်တင်ကာ ကုက္ကိုစု ပြည်သူ့စစ် ကျေးရွာကို နေ့စဉ် ဗုံးကြဲချနေခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် စစ်သွေးကြွ PDF အဖွဲ့ဝင်များ အမှီပြုအခြေချနေသည့် ကျေးရွာများကို လေကြောင်းဖြင့် ရှင်းလင်းပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။ #Newvisionmedia

  • без подписи

  • မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ဘင်္ဂလီဒုက္ခသည်တွေ နိုင်ငံထဲဝင်ရောက်လာမှာ အိန္ဒိယစိုးရိမ်နေ …………………………………………… နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀ မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် ဘင်္ဂလီဒုက္ခသည်တွေ အိန္ဒိယနိုင်ငံထဲ ဝင်ရောက်လာမှာ စိုးရိမ်တဲ့အတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို အိန္ဒိအစိုးရက အနီးကပ်စောင့်ကြည့်နေကြောင်း India.com မှာ ရေးသား ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့နှစ်ပတ်အတွင်း အခြေအနေတွေ ဆိုးသထက်ဆိုးလာပြီး ရခိုင့် တပ်တော်ခေါ် AA သူပုန်အဖွဲ့က စစ်ရေးအသာစီးရနေကာ မြန်မာ့တပ်မတော်ဘက်က မြို့ရွာစခန်းတွေ လက်လွှတ်ဆုံး ရှုံးနေရကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။ အဲဒီလို အခြေအနေကြောင့် ဒေသတွင်းကို ဘင်္ဂလီဒုက္ခသည်တွေ နောက်ထပ် ပြေးဝင်လာမှာကို အိမ်နီးချင်းနိုင်ငံတွေက စိုးရိမ်နေကြပါတယ်။ အိန္ဒိယအစိုးရဟာ မြန်မာအစိုးရနဲ့ရော သူပုန်အဖွဲ့တွေနဲ့ပါ ဆက်ဆံရေးထိန်းသိမ်းထားပေမဲ့ ဘင်္ဂလီဒုက္ခသည်တွေ နိုင်ငံ ထဲကို အလုံးအရင်းဝင်ရောက်လာမယ့် စိန်ခေါ်မှုအသစ်နဲ့လည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အိန္ဒိယအစိုးရအတွက် နောက်ထပ်စိုးရိမ်စရာတစ်ခုက အိန္ဒိယအစိုးရကို လက်နက်ကိုင်ပုန်ကန်နေတဲ့အဖွဲ့တွေ ဟာ မြန်မာ နိုင်ငံက မတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး မီဇိုရမ်တို့ မဏိပူရ်တို့လို နယ်စပ်ပြည်နယ်တွေမှာ ခြေကုပ်စခန်းတစ်ခုတည် ထောင်သွားနိုင်တဲ့ အရေးပဲဖြစ်ပါတယ်။ “မြန်မာနိုင်ငံထဲက အခြေအနေတွေကို ကျွန်တော်တို့ အနီးကပ်စောင့်ကြည့်နေပါတယ်။” လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာနပြောခွင့်ရပုဂ္ဂိုလ် ရန်းဒီးယားဂျိမ်းစ်ဝေါက ပြောပါတယ်။ “ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကတော့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို အမြန်ဆုံး ပြန်လည်ထိန်းသိမ်းနိုင်ဖို့ အတွက် မြန်မာနိုင်ငံထဲက ပါဝင်ပတ်သက်သူအားလုံး အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကနေ အဖြေရှာသွားဖို့ပဲဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။ “မြန်မာနိုင်ငံက အကျပ်အတည်းကို မြန်မာနိုင်ငံကပဲဦးဆောင်ဖြေရှင်းပြီး မြန်မာနိုင်ငံသားတွေကပဲ ဖြေရှင်းသွားရမှာဖြစ် ပါတယ်။ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့အတွက် ကျွန်တော်တို့နိုင်ငံအနေနဲ့ အထူးစိုးရိမ်ပူပန်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။ မြန်မာနိုင်ငံထဲမှာ အချိန်အတော်ကြာဖြစ်ပျက်နေတဲ့ ပျက်စီးယိုယွင်းမှုတွေရဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဂရုပြုဖို့ အိန္ဒိယအစိုးရကို အိန္ဒိယလုံခြုံရေးအဖွဲ့အစည်းတွေက တောက်လျှောက် သတိပေးနေပါတယ်။ မြန်မာသူပုန်တွေလက်ထဲမှာရှိနေတဲ့ ခေတ်မီလက်နက်တွေဟာ အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ လှုပ်ရှားနေ တဲ့အကြမ်းဖက်အဖွဲ့အစည်းတွေလက်ထဲကို ရောက်ရှိသွားမှာကို အိန္ဒိယလုံခြုံရေးအဖွဲ့အစည်း တွေက စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် ရန်ပုံငွေရရှိဖို့အတွက် မြန်မာနိုင်ငံက သူပုန်အုပ်စုတွေက မူူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှုကို တိုးမြှင့်ဆောင်ရွက် နေတယ်ဆိုတဲ့သတင်းတွေကလည်း အိန္ဒိယနိုင်ငံအတွက် နောက်ထပ်စိုးရိမ်ပူပန်စရာ တစ်ခုဖြစ်ပါတယ်။ Ref: India on alert as danger of migration of Rohingya Muslims from Bangladesh…., rebel Arakan Army in Myanmar is… #Newvisionmedia

  • без подписи

  • နှစ်ရက်အတွင်း တရားမဝင်ကုန်သွယ်မှုအမှုတွဲ (၃၁) မှုမှ ကျပ်သိန်းပေါင်းသုံးသောင်းကျော်တန်ဖိုးရှိ ပစ္စည်းများကို ဖမ်းဆီးရမိ ………………………………………… နေပြည်တော်၊ ဒီဇင်ဘာ ၃၀ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု အမှုတွဲ ၃၁ မှုမှ ကျပ်သိန်းပေါင်း သုံးသောင်းကျော် တန်ဖိုးရှိဘပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။ ဖမ်းဆီးရမိခဲ့သည့် တရားမဝင် ပစ္စည်းများထဲတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ၊ စားသောက်ကုန် ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ တရားမဝင်ကျွန်းသစ်များ၊ Dump Truck အမျိုးအစား မြေသယ်ယာဉ်များ၊ လူသုံးကုန်ပစ္စည်းများနှင့်ညပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ဖြစ်၍ ဒီဇင်ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၃၁ မှု ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၁၅၇၇၅၁၄ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိမှုများတွင် လုပ်ငန်းသုံးပစ္စည်းများ ပြည်ပမှ တရားမဝင်တင်သွင်းလာမှုများကြောင့် သွင်းကုန် အစားထိုး ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များရှိ အသေးစား၊ အလတ်စား လုပ်ငန်းများကို ထိခိုက်နစ်နာမှုများဖြစ်ပေါ်စေပြီး နိုင်ငံ၏ စီးပွားရေး ဦးတည်ချက်များကိုပါ ထိခိုက်လာစေကာ ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။ #Newvisionmedia

  • без подписи

  • ထိုင်ဝမ်ကိုလက်နက်ထောက်ပံ့တဲ့ ကုမ္ပဏီ ၇ ခု ကို တရုတ်အစိုးရ ပိတ်ဆို့အရေးယူ ………………………………………… နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၀ ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းတွေ ရောင်းချပေးမှုနဲ့အတူ တခြားအကူအညီတွေ ထောက်ပံ့ခဲ့တဲ့အတွက် တရုတ်အစိုးရ က ဒီဇင်ဘာ ၂၇ ရက်နေ့ (သောကြာနေ့) က ကုမ္ပဏီ ၇ ခု ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ အမေရိကန်ထောက်ပံ့မှုတချို့ကို အခုသီတင်းပတ်အတွင်းမှာပဲ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရက အရေးယူလိုက်တဲ့ ကုမ္ပဏီတွေကတော့ Insitu ၊ Hudson Technologies၊ Saronic Technologies၊ Raytheon Canada၊ Raytheon Australia၊ Aerkomm နဲ့ Oceaneering International Inc တို့ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နာမည်အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမဲ့ သက်ဆိုင်ရာ ကုမ္ပဏီတွေက ထိပ်တန်းအမှုဆောင်အရာရှိ တွေကိုလည်း အရေးယူပိတ်ဆို့လိုက်ကြောင်း ဖော်ပြထားပါတယ်။ လာမယ့်ဘဏ္ဍာရေးနှစ် အမေရိကန်တပ်မတော်နဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေအတွက် ပြဋ္ဌာန်းလိုက်တဲ့ ဒေါ်လာ ၈၉၅ ဘီလျံရှိ အမျိုးသားကာကွယ်ရေးခွင့်ပြုချက်အက်ဥပဒေ (NDAA) ထဲမှာ ထိုင်ဝမ်နိုင်ငံကို စစ်ရေးအကူအညီတိုးမြှင့် ပေးအပ်သွားဖို့လည်း ပါဝင်ပါတယ်။ “စစ်သတင်းစုဆောင်းရေး၊ စောင့်ကြည့်ထောက်လှမ်းရေး၊ ကင်းထောက်တာဝန်တွေ ထမ်းဆောင်ခြင်း၊ ဂျက်တိုက်လေယာဉ်နဲ့ မောင်းသူမဲ့လေယာဉ်များတိုးချဲ့ခြင်း၊ လေကြောင်းရန်ကာကွယ်ရေးလက်နက် တွေနဲ့ တခြားလက်နက်စနစ်တွေ တိုးချဲ့ခြင်းတို့အတွက် ဒေါ်လာ သန်း ၃၀၀ လျာထားမှုအပါအဝင် ဒီအကူအညီတွေ ထဲက တချို့ကို ထိုင်ဝမ်အစိုးရရဲ့ စစ်ရေးနဲ့ လုံခြုံရေးအတွက် တိုက်ရိုက်ထောက်ပံ့ဖို့ စီစဉ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အမျိုးသားကာကွယ်ရေးခွင့်ပြုချက်အက်ဥပဒေ (NDAA) ထဲမှာပါဝင်တဲ့ တခြားပြဋ္ဌာန်းချက်တွေကတော့ ထိုင်ဝမ်ကာ ကွယ်ရေးနဲ့ပတ်သက်ပြီး တခြားမဟာမိတ်နိုင်ငံတွေ၊ တခြားနိုင်ငံတွေနဲ့လည်း ပိုမို ပူးပေါင်းဆောင်ရွက်သွားဖို့လည်းပါဝင်ပါတယ်။ အဲဒီအထဲမှာ အမေရိကန်၊ ဗြိတိန်၊ သြစတေးလျ သုံးနိုင်ငံ AUKUS စီမံချက်ထဲမှာ ဂျပန်နိုင်ငံကို ထည့်သွင်းသွားနိုင်ရေး အတွက် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြုလုပ် သွားဖို့လည်း ပါဝင်ပါတယ်။ “အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ကို လက်နက်ထောက်ပံ့နေတာတွေ ချက်ချင်းရပ်ဆိုင်းရမှာဖြစ်သလို တရုတ်နိုင်ငံနဲ့ တရုတ်-အမေရိကန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဓမ္မဒိဋ္ဌာန်ကျကျ၊ သဘာဝကျကျ ရှုမြင်ရမှာဖြစ်ပြီး တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ဆောင်ရွက်ချက်တွေကို မလုပ်ဖို့၊ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် ပြောဆို/ဆောင်ရွက်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုကြောင်း” တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်းက ပြောပါတယ်။ “ကျွန်မတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ ဖွံံ့ဖြိုးတိုးတက်မှုအကျိုးစီးပွားတွေကို ကာကွယ်စောင့် ရှောက်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ မော်နင်းက ပြောပါတယ်။ Ref: Beijing sanctions 7 companies in response to latest US support of Taiwan #Newvisionmedia

  • без подписи

  • без подписи

  • без подписи