tgindex
စာအုပ်လင့်များ

စာအုပ်လင့်များ

Статистика

https://t.me/c/1453037290/2

Последний пост
6 авг.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
25
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
5 846
−5 за 4 дн.
Сутки
−5
−0,09%
Неделя
 
Месяц
 
Просмотров на пост
379
25 постов
Вовлечённость
6,5%
к подписчикам
Постов в день
0,0
всего 25
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
340
1/48двое суток
389
1/72трое суток
420

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • တရုတ်အဌားမယားစနစ်ကလည်း ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်ဒေသမှာ စီးပွားရေးတခုလို ဖြစ်လာနေပါတယ်။ အများစုက ကျားဖြန့်တွေမှာ မော်ဒယ်အဖြစ် နေပေးကြရကနေ အလုပ်မလုပ်ချင်ကြတော့ပဲ တရုတ်အဌားမယားဘဝ ရောက်ကုန်ကြတာမျိုးပါ။ လစာအနေနဲ့ ပုံမှန်ရတယ်။ ဇိမ်နဲ့ သာသာယာယာနေရတယ်။ ဘားတွေ ကလပ်တွေ တက်ရတယ်။ အဌားမယား ဖြစ်တာမို့ အမြဲ မလာကြသလို တချို့ တရုတ်လောပန်းတွေဟာ အဌားမယား သုံးလေးယောက်ထားကြတာမျိုးပါ။ ဆိုတော့ ဝန်မပိတဲ့ ဒီအလုပ်ကို ပျော်ပျော်ကြီး ရွှေးချယ်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီး ရာချီ ထောင်ချီ ရှိလာနေပါတယ်။ ခေတ်ပျက်မှာ မြင်တွေ့နေရတဲ့ ကျားဖြန့်ရပ်ဝန်းက မြင်ကွင်းတွေဟာ မြန်မာပြည်အနာဂါတ် အတွက်လည်း ကောင်းမနေပါဘူး။ ဆိုးရွားစွာ အကျင့်ပျက်၊ စာရိတ္တတွေ ပျက်စီးနေတာဟာ တိုင်းပြည်ကိုပါ ဆုတ်ယုတ်သွားစေမှာ ဖြစ်သလို အတုမြင် အတက်သင်တွေကြောင့် ပြည်တွင်းမှာ ပိုဆိုးဝါးလာစေမှာပဲ ဖြစ်ပါတယ်။ #myanmarbusinessinsider #economyreview #ကျားဖြန့် #မြန်မာ

  • ဆိုတော့ မြန်မာပြည်မှာ ကျားဖြန့်တွေ လာတာဟာ မြန်မာတွေထက် ခေါင်း နှစ်ဆ သုံးဆ ပိုကောင်းတဲ့ တရုတ်တွေ ကတုံးပေါ် ထိပ်ကွက် လုပ်နေတာမျိုးပါ။ ဆိုတော့ အခုနောက်ပိုင်း ကျားဖြန့်ဂိုဏ်းတွေဟာ ပိုစည်းလုံးလာပါတယ်။ သတင်းအစအန မတက်အောင် ပိုလုပ်လာကြပါတယ်။ အရင်တုန်းက ဗုံပလောအော တက်သမျ ပိုထိန်းချုပ်လာတာပါ။ ကျားဖြန့်တွေမှန်း ဘယ်လို သိရလဲဆိုရင် ဆက်သွယ်သွားလာတဲ့ ကုမ္ပဏီတွေ နဲ့ အဆင်မပြေမှ ထုတ်ပြောတာမျိုးတွေမှာ သိရပါတယ်။ နောက်တခုက အချင်းချင်း တချိန်က လွမ်းစရာတွေကို တမ်းတကြတဲ့အခါမှ ကျားဖြန့်တွေမှန်း သိရတာမျိုးပါ။ ဒါပေမယ် ဝင်ငွေက ပိုကောင်းတော့ ပိုနှုတ်လုံလာကြပါတယ်။ စာချုပ်တွေ ချုပ်ထားကြပုံလည်း ရသလို လက်စဖျောက်တဲ့အထိ လုပ်ကြတာကြောင့်လည်း အကြောက်ပိုပြီး မတင်ကြတာ ဖြစ်နိုင်ပါတယ်။ လူရှာတာ၊ လူခေါ်တာတွေက Telegram ကို သုံးလေ့ ရှိပြီး အရင်တုန်းကလို Typing ရရုံနဲ့ မခေါ်တော့ပဲ အဆက်အသွယ်ရှိမှ ခေါ်ကြတော့တာမျိုးပါ။ လူဟောင်းတွေ လို့ သုံးလေ့ ရှိတဲ့ သူတို့ဟာ HR လို့ ခေါ်တဲ့ ခေါင်းဆောင်တွေကို ချိတ်ပြီး နားလည်မှုနဲ့ သွားလာလုပ်ကိုင်ကြပါတယ်။ ပြင်းပြင်းထန်ထန်နှိမ်နင်းလာတော့ လူသစ်တွေ ‌မခေါ်တော့ပဲ လူဟောင်းတွေပဲ သုံးကြတာမျိုးပါ။ ဆိုတော့ တခါပေါက်ရင် ဂွင်ဖြစ်ပြီး အိမ်ခြံမြေဝယ်နိုင်တဲ့အထိ ဖြစ်လာပါတယ်။ ဥပမာ- ဒေါ်လာတစ်သိန်းပေါက်ရင် ကော်မရှင်က (၁၀၀၀၀) လောက် ရပါတယ်။ မြန်မာငွေန့ဆို သိန်း(၄၃၀)လောက် ရှိပါတယ်။ ဒီငွေနဲ့ဆို ကျေးလတ်တွေမှာ မြေကွက် ဝယ်နိုင်တဲ့ ပမာဏာဖြစ်ပါတယ်။ လုပ်ကိုင်နေကြသူတွေက နေရာစုံ၊ လူမျိုးစုံ ဆိုပေမယ့် ကျားဖြန့်လုပ်ကြသူတွေမှန် သိသာစေတဲ့ အကျင့်စရိုက်တွေ ရှိကြပါတယ်။ ဥပမာ- စစ်သား နဲ့ ရဲဆိုရင် ဘယ်လိုပင် ဖုံးကွယ် ဖျောက်ထားပါစေ စစ်သားရုပ်၊ ရဲရုပ် မပျောက်သလိုမျိုးပါပဲ။ အခုနောက်ပိုင်း ကျားဖြန့်လုပ်သူတွေဟာ မကောင်းတာမှန်း သိပေမယ့် မကောင်းတဲ့ အလုပ်လို့ မခံယူကြတော့တာပါ။ ကျားဖြန့်ဆိုတာ လိမ်လည်တဲ့ အလုပ်မှန်း သိပေမယ့် ခေတ်ပျက်မှာ လည်သူ စားမယ် ဆိုတဲ့ အတွေးအခေါ်နဲ့ လုပ်လာကြတာပါ။ သူတို့ အသိုင်းအဝိုင်း အချင်းချင်းကိုလည်း စစ်တပ်လိုပဲ ဂျင်းကျွေးထားကြ၊ ဆိုက်ကိုပေးထားကြတာ တွေ့ရပါတယ်။ နောက်ပြီး ဘာသာရေးကိုလည်း ဦးစားပေးထားကြတာ ပိုတွေ့လာရပါတယ်။ ကျားဖြန့်ဝန်းတွေထဲမှာ ဘာသာရေးအဆောက်အအုံတွေ ခန့်ခန့်ထည်ထည်ကြီးတွေ ပိုတွေ့လာရပါတယ်။ ကျားဖြန့်ကြောင့် အကျင့်စာရိတ္တ ပျက်လာမှန်း လက်ခံသူ နည်းလာပါပြီး ခေတ်ပျက်မှာ ငွေရှာရမယ်။ ဒါမှ ငါတို့ ရှင်သန်နိုင်မယ် လို့ ယူဆလာကြတယ်။ ဒါကလည်း မြန်မာမှာ စစ်အာဏာသိမ်းပြီးနောက် စီးပွားရေးကျ၊ ဝင်ငွေနှိမ့်၊ ကုန်ဈေးနှုန်းတက်မှုတွေရဲ့ ဆိုးကျိုးပါပဲ။ ကောင်းရောင်း ကောင်းဝယ် လုပ်စားရင် ထမင်းငတ်မယ့် မြန်မာပြည်မှာ လူငယ်တချို့ ကျားဖြန့်ဂွင်မှာ လုပ်ကြတာ မဆန်းသလို ဖြစ်လာပါတယ်။ မြို့ပေါ်တွေမှာတောင် မတရားလုပ်စားတာ၊ ဂျင်းထည့်ကြတာကမှ စီးပွားရေးလို့ ယူဆကြတဲ့ သူတွေ တပုံကြီးပါ။ ဥပမာ- ကားပွဲစားတွေဆိုတာလည်း ကျားဖြန့်အကြီးစားတွေ ဖြစ်ပါတယ်။ လူတွေကို အယုံသွင်းပြီး မတရားဈေးတွေနဲ့ ဂျင်းထည့်ကြတာ၊ လိမ်တာမျိုးပါ။ Hijet ကားတစ်စီးကို သိန်း(၁၃၅၀)နဲ့ ရောင်းတာမျိုးတွေဟာ ကျားဖြန်တွေပဲ ဖြစ်ပြီး စစ်အုပ်စုကလည်း တရားဝင် ခွင့်ပြုထားပါတယ်။ တရားဝင် ကားပေါက်ဈေး သိန်း(၂၈၀၀)တန်းကားကို သိန်း(၄၅၀၀)နဲ့ ရောင်းတာကလည်း ကျားဖြန့် ဖြစ်ပါတယ်။ ကားပွဲစားတွေလို တရားဝင် ကျားဖြန့်တွေကို စစ်အုပ်စုက ခွင့်ပြုထားတာမို့ နယ်စပ်တွေမှာ လုပ်နေကြသူတွေကလည်း ကျားဖြန့်လုပ်တာကို မတရားလုပ်တာ မမြင်ကြတော့ပါဘူး။ ငါတို့က ကိုယ့်နိုင်ငံသားအချင်းချင်း လိမ်တာ မဟုက်ဘူး။ တခြားနိုင်ငံကို လိမ်တာ လို့ အမြင်ရှိလာစေပါတယ်။ ပြောရရင် စစ်အုပ်စုဟာ ပြည်တွင်းမှာရှထတဲ့ ကျားဖြန့်အကြီးစားတွေကို တရားဝင်လို ခွင့်ပြုထားတဲ့အခါ နယ်စပ်ကျားဖြန့်တွေကလည်း တရားဝင်တယ် လို့ ယူဆလာကြတာပါ။ ဆိုတော့ တဖြေးဖြေး လူငယ်တွေ အကျင့်စာရိတ္တ ပျက်ပြားလာတာမျိုးကို သိသိသာသာ မြင်တွေ့လာရပါပြီ။ ဒါတွေဟာ နောင်နှစ်ပေါင်းများစွာအထိ လက်ဆင့်ကမ်းသယ်သွားကြမှာမို့ မြန်မာပြည်မှာ အကျင့်စာရိတ္တ ပျက်ယွင်းမှုဟာ သားစဉ် မြေးဆက် ဖြစ်လာမှာပါ။ ကျားဖြန့်လုပ်ငန်းခွင်တွေဟာ မြဝတီ၊ ကျောက်ခတ်၊ တာချီလိတ်၊မူဆယ်၊ ရှမ်းပြည်အလယ်ပိုင်းနဲ့ ရန်ကုန်တွေအထိ ပျံနှံ့နေတာ တွေ့ရပါတယ်။ ဒီလုပ်ငန်းခွင်တွေမှာ လုပ်နေကြတဲ့ လူငယ်တွေဟာ ကျားဖြန့်ဟာ လိမ်လည်တဲ့ အလုပ်ဆိုတာထက် ငွေရှာတဲ့ အလုပ်လို့ သတ်မှတ်လာကြတာမျိုးပါ။ အရင်တုန်းကထက် ပိုလွယ်ကူလာလို့ ပိုပြီး လုပ်စားလာကြတာ ဖြစ်သလို သာမန်လူတွေ မရနိုင်တဲ့ ငွေကြေးတွေ အထုက်အထည်နဲ့ သိမ်းပိုက်ထားနိုင်လို့ ‌ကျေနပ်နေကြတာ ဖြစ်ပါတယ်။ ဒါအပြက် အကျင့်စာရိတ္တပျက်ယွင်းမှုကလည်း မြင့်လာပြီး ငွေရရင် ဘာမဆို လုပ်မယ့် အလွှာပေါလာပါတယ်။ နောက်ဆုံးအဆင့်က တရုတ်အဌားမယားစနစ်မှာ ပျော်ပျော်ကြီး အသုံးတော် ခံနေကြတာပါ။ ကရင်ဒေသမှာ စကားပုံတခုတောင် တိုးလာခဲ့ပါတယ်။ "တရုတ်မယား, ကရင် ကား" ယောင်လို့တောင် ပြန်မသုံးမိစေနဲ့ ဆိုတာမျိုးပါ။

  • ကျားဖြန့်နဲ့အတူ အကျင့်စာရိတ္တ ပျက်ပြားလာတဲ့ မြန်မာလူငယ်တွေ (အတွေးအမြင်ဆောင်းပါး) ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း တခြားဒေသတွေမှာ သွားအလုပ်လုပ်နေတဲ့ လူငယ်တွေ အိမ်ဝယ်၊ ခြံဝယ်ကြတဲ့ သတင်းတွေ မြင်တွေ့ရပါတယ်။ လူငယ်တွေ ကြိုးစားလို့ ငွေရှာကောင်းတာ ဝမ်းသာစရာ သတင်းဖြစ်ပေမယ့် ယနေ့ခေတ်မှာ အလုပ်လုပ်ရုံနဲ့ ချမ်းသာဖိုဆိုတာ ခတ်ခဲပါတယ်။ ဒါပေမယ့် နောက်ကြောင်းတွေ ကြည့်လိုက်တော့ နယ်စပ်တွေမှာ သွားအလုပ်လုပ်နေသူတွေ ဖြစ်နေပါတယ်။ ဘာအလုပ်တွေ လုပ်လဲဆိုတာ သေချာ မပြနိုင်ပေမယ့် သေချာတာက ပင်ပင်ပန်းပန်း မလုပ်ရဘူးဆိုတာပါပဲ။ အများစုက TikTok တွေမှာ အပျော်ပုံတွေ တင်နေကြတာ များတာ တွေ့ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်လေးတွေပါ။ နောက်ဆုံး စုံစမ်းရင်း သိလာရတာက ကျားဖြန့်လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေကြတယ် ဆိုတာကိုပါ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ သာမန်လူတန်းစား ငွေရှိဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လစာ (၁၀)သိန်း၊ သိန်း(၂၀)အထိ ရရင်တောင် ကိုယ့်မြို့ ကိုယ့်နယ်မှာ အိမ်ခြံမြေဝယ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြည်ပထွက် အလုပ်လုပ်ရင်တောင် ကြိက်ပြီး မသုံးမဖြုန်း စုဆောင်းပါမှ ငါးနှစ်နီးပါး လုပ်မှ အိမ်ခြံမြေဝယ်နိုင်တဲ့ အနေအထားပါ။ ဒါပေမယ့် ကျားဖြန့်လုပ်ရင် အနည်းဆုံး တစ်နှစ်အတွင်း၊ တချို့ဆို (၃)နှစ်အတွင်း အိမ်ခြံမြေ ဝယ်နိုင်ကြပါတယ်။ ဆိုတော့ ကျားဖြန့် လုပ်နေကြတဲ့ မြန်မာလူငယ်တွေကို လေ့လာကြည့်နေတာ ကြာပါပြီ။ အံဩစရာကောင်းတာက အရင်တုန်းကထက် အခုကာလမှာ ပိုပြီး သိုဝှတ်လာသလို ထိန်းသိမ်းမှုအားလည်း ပိုကောင်းလာပါတယ်။ ကျားဖြန့်လုပ်ငန်းခွင်ဟာ နှိပ်စက်တဲ့ နေရာ ရက်စက်ကြမ်းကြှုပ်တဲ့ နေရာဆိုတာ ခေတ်ဟောင်း ဖြစ်သွားပါပြီ။ ပျော်အောင်ထားတယ်။ ကောင်းတာ ‌ကျွေးတယ်။ လူလို သူလိုထားတယ်။ လစာ ကောင်းကောင်းပေးတယ်။ ဘောနပ် ကောင်းကောင်းပေးပါတယ်။ ဒါကလည်း အရင်တုန်းက နှိပ်စက်ငြင်းပန်းပြီး စေခိုင်းလေ့ရှိတာ နိုင်ငံတကာ သတင်းမီဒီယာတွေအထိ ပေါက်တောါ နှိမ်နင်းရေး စတင်လာတာကြောင့်ပါ။ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနဲ့ မြန်မာတွေမှာ ကျားဖြန့်ကွန်ယက်တွေကို အပြင်းအထန် နှိမ်နင်းမှုနဲ့အတူ နာမည်ကြီးတဲ့ တရုတ်ခေါင်းဆောင်တွေ အဖမ်းခံရ၊ ပိုင်ဆိုင်မှု အသိမ်းခံရ ဖြစ်သွားကြပါတယ်။ ဆိုတော့ နောက်ပိုင်း တရုတ်ကျားဖြန့်ဂိုဏ်းတွေဟာ အကုန်ယူ၊ အကုန်စားစနစ်မသုံးတော့ပါဘူး။ ဝန်ထမ်းတွေကို ပေးတယ် ကမ်းတယ်။ သတင်းသာ အပြင်မပေါက်စေနဲ့။ ပုံမှန် လစာ ပေးတယ်။ အလုပ်ဖြစ်ရင် ဘောနပ် တထွေကြီး ရတယ်။ နောက်ပြီး မြန်မာဝန်ထမ်းတွေကို ဆက်ဆံတာ ပြောင်းလဲသွားပါတယ်။ တရုတ်ကျားဖြန့်သမားတွေရဲ့ ဗျုဟာက အလုပ်ဖြစ်ပါတယ်။ ကျားဖြန့်မှာ နှိပ်စက်ငြင်းပန်းခံရလို့ သတင်းပို့လာသူတွေ မရှိသလောက် နည်းပါးသွားပါတယ်။ အရင်တုန်းက TikTok မှာ ကျားဖြန့်လုပ်သူတွေ ‌ကြွယ်ပြကြပေမယ့် အခုကာလမှာ မသုံးကြတော့ပါဘူး။ လုပ်ငန်းခွင်အတွင်း ပုံရိပ်တွေ မထုတ်ပြကြတော့ပါဘူး။ ၂၀၂၅ ခုနှစ်အထိ ကျားဖြန့်လူခေါ်သူတွေ ဖြစ်တဲ့ HR လို့ ခေါ်ကြတဲ့ သူတွေဟာ TikTok ပေါ်မှာ လူရှာပေမယ့် သတင်းအသိခံရပြီးနောက် မလုပ်ကြတော့ပါဘူး။ ပြောရရင် Facebook group နဲ့ TikTok ကို မသုံးကြတော့တာပါ။ သူတို့ အများစု သုံးတာက Telegram ဖြစ်ပါတယ်။ ကိုယ်ယောင်ဖျောက်ရ လွယ်တဲ့ Telegramကို သုံးပြီး လူရှာတာ၊ နေရာခေါ်တာ၊ စီမံခန့်ခွဲတာ အကုန်လုပ်ကြပါတယ်။ တရုတ်ကျားဖြန့်ဂိုဏ်းတွေဟာ အရင်တုန်းကလို အကုန်ယူ အကုန်စားစနစ် မဟုတ်တော့ဘဲ ဝန်ထမ်းတွေကို ပေါက်ရင် မျှပေးလာပါတယ်။ အနည်းဆုံး (၁၀)ရာခိုင်နှုန်း ပေးလေ့ ရှိတယ် လို့ သိရပြီး တခြားအခွင့်အရေးတွေပါ ရပါတယ်။ ဥပမာ- လိမ်နိုင်သူတွေဟာ အဆင့်သတ်မှတ်ထားပြီး ထူးချွန်လေလေ ငွေပို ရလေလေ နဲ့ နေရတာကလည်း ကိုယ်ပိုင်အခန်း၊ ကိုယ်ပိုင်ကားနဲ့ ထားပါတယ်။ နောက်ပြီး ကျားဖြန့် ရပ်ဝန်းဟာ ပိုပြီး စနစ်ကျလာတာပါ။ ၎င်းတို့ကို ကာကွယ်ပေးထားတဲ့ ပြည်သူစစ်တွေ၊ လက်နက်ကိုင် အဖွဲ့တွေကို ဘယ်လို ငွေကြေးပေးထားလဲ မသိရပေမယ့် အခုထိ ၎င်းတို့ဟာ ကျားဖြန့်လုပ်ငန်းကို မသိပါဘူး လို့ ဘူးခံငြင်းနေကြတဲ့အကွက်ပါ။ သိရသလောက်တော့ တရုတ်လုပ်ငန်းရှင်တွေဟာ ဒေသမှာ စီမံကိန်းလာလုပ်မယ်၊ အိမ်ရာဆောက်မယ် ဆိုပြီး ‌အမြတ်ငွေကြီးကြီးနဲ့ ကမ်းလှမ်းလေ့ ရှိပါတယ်။ အဖွဲ့အစည်းတွေ လုံးဝ ကာကွယ်ပေးန်ုင်တဲ့ နေရာ ဖြစ်ဖို့ လိုပြီး တရုတ်အိမ်ခြံမြေကုမ္ပဏီ လိုလိုတွေက လုပ်လေ့ ရှိတာပါ။ တချို့ကုမ္ပဏီတွေဆို မြန်မာန်ုင်ငံမှာ ကုမ္ပဏီ မှတ်ပုံတင်ထားပြီး ရန်ကုန်မှာ အယောင်ပြ ရုံးခန်းတောင် ဖွင့်ကြပါတယ်။ သူတို့ဟာ ဆောက်လုပ်ရေးလုပ်မယ်ဆိုပြီး ဝင်လာတာမို့ အပေါ်ယံကြည့်ရင် ကျားဖြန့်လုပ်ငန်းမဟုတ်မှန်း ဖန်တီးထားပါတယ်။ ပြီးရင် အိမ်ယာဆောက်၊ အခန်းဌားစားကြတာမျိုး လုပ်ပါတယ်။ ဆိုတော့ လကခနက်ကိုင်အဖွဲ့အစည်းတွေနဲ့ သဘောတူညီမှုက အိမ်ယာစီမံကိန်းလုပ်မယ်။ မြေဌားတယ်။ အခန်းဌားစားမယ်။ ဒီသဘော စာချုပ်ချုပ်တာမျိုးပါ။ နောက်တဖက်မှာကျတော့ ကျားဖြန့်လုပ်ငန်းတွေကို ခေါ်ယူတာမျိုးပါ။ ကျားဖြန့်ဂိုဏ်းတွေဟာ ၎င်းတို့ကို အကာအကွယ်ပေးဖို့ လက်နက်ကိုင်တွေကို ငွေကြေးထပ်ပေးပြီး ကမ်းလှမ်းရတယ် လို့လည်း သိရပါတယ်။

  • ​ဦးသောင်းနှင့် သူ၏ ဒုဝန်ကြီး ဦးကျော်စိုးတို့၏ စရိုက်မှာ အလွန် ထူးဆန်းလှသည်။ စီမံကိန်းများသို့ စစ်ဆေးရေး ကြည့်ရှုရန် လာရောက်သည့်အခါမျိုးတွင် မည်သည့် စားသောက်ဖွယ်ရာမျှ ပြင်ဆင်မထားခိုင်းပေ။ ဧည့်ခံရန်အတွက် ရေနွေးကြမ်းနှင့် ရေသန့်ဘူးမှအပ မည်သည့် မုန့်ပဲသရေစာမျှ စာပွဲပေါ် မတင်ရပေ။ စီမံကိန်း စစ်ဆေးပြီးချိန်တွင် စားသောက်ရန်အတွက် မိမိတို့အိမ်မှ ပါလာသော ဂျိုင့်များဖြင့် ဟင်းများကို သူတို့ကားပေါ်တွင်သာ စားသောက်သွားကြသူများ ဖြစ်သည်။ ထိုသို့ မြို့နယ်အသီးသီးမှ တက္ကသိုလ် စီမံကိန်းကြီးများကို မောင်ဖိုးတွတ်တို့အား ပေးအပ်ခဲ့သော်လည်း မည်သည့် အပေးအယူ၊ မည်သည့် ကော်မရှင်မျှ တောင်းခံခြင်း လုံးဝ မရှိခဲ့ပေ။ ​တစ်ခါက ဝန်ကြီး ဦးသောင်းက သူ၏ ဂေါက်ဒုတ် Driver တစ်ချောင်းကို ပြန်လည် ရောင်းချသည့်အခါ မောင်ဖိုးတွတ်က ငွေကျပ် ၅ သိန်း ပေးချေ၍ ဝယ်ယူခဲ့သည်။ နောက်ပိုင်းတွင် ထိုဂေါက်ဒုတ်ကို ပြန်လည် ရောင်းချလိုက်သည့်အခါ ၅ သိန်းခွဲ ရရှိခဲ့သည်။ နောက်တစ်ကြိမ်တွင်မူ ချောင်းသာရှိ သူ၏ အမည်ပေါက် မြေကွက် (၁၂၀' × ၈၀') ကို ရောင်းချရာ မောင်ဖိုးတွတ်က သိန်း ၅၀၀ ဖြင့် ဝယ်ယူခဲ့ပြီး၊ တစ်နှစ်အကြာပြန်လည် ရောင်းထုတ်သည့်အခါ သိန်း ၈၀၀ ရရှိခဲ့ဖူးသည်။ ယခုတော့ထိုမြေကွက်မှာ သိန်းသောင်းဂဏန်းပေါက်နေပြီဖြစ်သည်။ ​ခေတ်ကာလအလိုက် ထိုစဉ်က တာဝန်ယူခဲ့ကြသော လူကြီးများသည်လည်း သူတို့ ကျရာ ဇာတ်ကောင် နေရာများမှ ပါဝင်ကစားခဲ့ကြရသဖြင့် ပြင်ပတွင် သူတို့အပေါ် အမြင်အမျိုးမျိုး၊ ဝေဖန်မှု အမျိုးမျိုး ရှိကြပေလိမ့်မည်။ သို့သော် အင်ဂျင်နီယာ မောင်ဖိုးတွတ်အနေဖြင့်မူ စီမံကိန်း ခရီးစဉ်များအတွင်း သူတို့နှင့် ခဏတာ ထိတွေ့ဆက်ဆံခဲ့ရသည့် လက်တွေ့ အတွေ့အကြုံများနှင့် အမြင်များကို အမှန်အတိုင်း ပွင့်လင်းစွာ တင်ပြရခြင်း ဖြစ်သည်။ ​ယခုအခါ ခေတ်စနစ်များ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သလို ထိုစဉ်က တိုင်းပြည်၏ အရေးပါသော အခန်းကဏ္ဍများတွင် ပါဝင်လှုပ်ရှားခဲ့ကြသည့် ထိုလူကြီးများအားလုံး ယခုအချိန်တွင် ဘာတွေလုပ်ရင်း မည်သို့သော ဘဝများကို ဖြတ်သန်းနေကြမလဲ၊ လက်ရှိနိုင်ငံရေးအပေါ်မည်ကဲ့သို့တွေးနေကြမည်လဲ ဆိုသည်မှာ အလွန် စိတ်ဝင်စားဖွယ်ရာ မေးခွန်းတစ်ခုအဖြစ် ကျန်ရစ်နေပါတော့သည်။ source;kyaw kyaw soe

  • မောင်ဖိုးတွတ်ရဲ့ဘဝခရီး အပိုင်း(၂၃) "ကျွန်တော်နှင့် တချိန်က VIP များ" ​အင်ဂျင်နီယာတစ်ဦး၏ ဘဝခရီးလမ်းတွင် အစိုးရဌာနဆိုင်ရာ စီမံကိန်းကြီးများကို တာဝန်ယူ ဆောက်လုပ်ပေးခဲ့ရသလို၊ ပုဂ္ဂလိက စီးပွားရေးနယ်ပယ်အတွင်း၌လည်း ရုန်းကန် လှုပ်ရှားခဲ့ရဖူးသည်။ အစိုးရ စီမံကိန်းကြီးများကို တာဝန်ယူ ဆောင်ရွက်ရသည့် အခါတိုင်းတွင် စက်ရုံကြီးများ၏ ပုံစံ၊ အရည်အသွေး၊ သတ်မှတ်ချိန်ပြီးစီးရေး စသည်တို့အတွက် ထိုစဉ်က တိုင်းပြည်၏ အဆင့်မြင့်တာဝန်ရှိသူ အရာရှိကြီးများ၊ ဝန်ကြီးများ၊ တပ်မတော် အကြီးအကဲများနှင့် လူချင်းတွေ့ဆုံကာ စီမံကိန်းအခြေအနေများကို ရှင်းလင်းတင်ပြရသည်ကို မကြာခဏ ကြုံတွေ့ခဲ့ရသည်။ ​ထိုခေတ် တိုင်းပြည်၏ အခြေအနေအရ ဒုတိယ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည့် အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်နှင့်လည်း မကြာခဏဆိုသလို ဆုံတွေ့ခဲ့ရဖူးသည်။ ဗိုလ်ချုပ်ခင်ညွန့်၏ ပုံဟန်မှာ အမြဲတမ်း စမတ်ကျကျ ဝတ်စားဆင်ယင်တတ်ပြီး လမ်းလျှောက်လျှင်လည်း အလွန် လျှင်မြန်လှသည်။ စီမံကိန်းများနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် (Decision) ပေးသည့်အခါတွင်လည်း အလွန် ပြတ်သားသူတစ်ဦး ဖြစ်သည်။ သို့သော် သူ၏ ထူးခြားသော ဝါသနာ သို့မဟုတ် ကြိုက်နှစ်သက်သည့် အပြုအမူတစ်ခုမှာ စီမံကိန်း အဆောက်အအုံ ပန္နက်တင်ပွဲ သို့မဟုတ် အုတ်မြစ်စီပွဲများတွင် ပိုက်ဆံကြဲရခြင်းပင် ဖြစ်သည်။ ရွှေအုတ်၊ ငွေအုတ်၊ ရတနာအုတ်များကို စနစ်တကျ စီမံပြီးနောက် သူ့လက်ထဲသို့ တစ်ထောင်တန် အုပ်လိုက် ထည့်ပေးလိုက်ပါက ကွင်းအတွင်းရှိ ပရိသတ်များနှင့် လုပ်သားများကို ပျော်ပျော်ကြီး ကြဲချပေးလေ့ ရှိသည်ကို သတိထားမိခဲ့သည်။ ​အခြားတစ်ဖက်တွင်လည်း ကျောက်ဆည်နယ် မင်းစုရွာ၌ ဆေးဝါးစက်ရုံသစ် တည်ဆောက်စဉ်ကလည်းကောင်း၊ ပြင်ဦးလွင် အနီးစခန်း၌ ဆေးဝါးစက်ရုံသစ် တည်ဆောက်စဉ်ကလည်းကောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ကြုံတွေ့ဖူးခဲ့သည်။ ကိုယ်တိုင်က ကုမ္ပဏီ တာဝန်ရှိသူ ဖြစ်သဖြင့် ဗိုလ်ချုပ်မှူးကြီးထံ တိုက်ရိုက် ရှင်းပြခွင့်မရဘဲ သက်ဆိုင်ရာ ဝန်ကြီးနှင့် ဦးဆောင်ညွှန်ကြားရေးမှူး (MD) တို့ကသာ ရှေ့မှ ထွက်၍ ရှင်းပြကြရသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြန်မာမုန့် အလွန်ကြိုက်ပြီး ကွမ်းယာကို အမြဲ မြုံ့နေ တတ်သည်။ စီမံကိန်းရှင်းလင်းပွဲများတွင် မုန့်လေးကောက်စားလိုက်၊ ကွမ်းလေး မြုံ့လိုက်ဖြင့် မျက်လုံးလေးမှေးကာ ဝန်ကြီးများနှင့် MD တို့ ရှင်းပြနေသည်များကို လုံးဝ စိတ်မဝင်စားသည့်ပုံစံမျိုးဖြင့် ငြိမ်သက်စွာ နားထောင်နေတတ်သည်။ သို့သော် ရှင်းပြမှုများ ပြီးဆုံးသွားသည့်အခါမှ တင်ပြချက်များအပေါ် အသေးစိတ် ပြန်လည် သုံးသပ်ပြပြီး လိုအပ်သည့် လမ်းညွှန်ချက်များကို တိကျစွာ ပေးတတ်သည်။ သူ ဒေါသထွက်သည်ကိုဘယ်သောအခါမျှ မတွေ့ဖူးဘဲ အလွန် သွေးအေးတည်ငြိမ်သည့် ခေါင်းဆောင်တစ်ဦးအဖြစ် မြင်တွေ့ခဲ့ရသည်။ ​ထို့အပြင် စက်မှု (၁) ဝန်ကြီး ဦးအောင်သောင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဗိုလ်ချုပ်မောင်မောင်သိန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်း၊ လယ်/ဆည် ဝန်ကြီး ဗိုလ်ချုပ်ညွန့်တင် ဧရာဝတီတိုင်း တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် တနင်္သာရီတိုင်း တိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် စသည့် ခေတ်တစ်ခေတ်၏ သြဇာကြီးမားသော ပုဂ္ဂိုလ်များနှင့်လည်း လုပ်ငန်းခွင်အတွင်း ထိတွေ့ဆက်ဆံခဲ့ရသည်။ ​ထိုအထဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းအကြောင်းမှာ အလွန် စိတ်ဝင်စားဖွယ်ကောင်းသလို ပြောပြချင်စရာလည်း ဖြစ်သည်။ ဦးသောင်းသည် လူထုနှင့် အစိုးရအရာရှိများကြားတွင် "လူ့ဂွစာ" ဟု အမည်ကြီးသူဖြစ်သည်။ စစ်တက္ကသိုလ် (DSA) အပတ်စဉ် (၁) ၏ စံပြဗိုလ်လောင်း (Best Cadet) ဆု ရရှိခဲ့သူ၊ ဒုတိယဗိုလ်ချုပ်ကြီးမောင်အေးတို့နှင့် တပတ်စဉ်ထဲ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ရပ်ဆွေရပ်မျိုးဖြစ်သလို သူ၏ စရိုက်မှာ မဟုတ်လျှင် မခံ၊ ဘာကိုမျှ မကြောက်ဘဲ အလွန် အလွန်ဂွတီးဂွကျ နိုင်လှသဖြင့် ဒုတိယ အာဏာအရှိဆုံး အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ခင်ညွန့်ကိုပင်လျှင် သိပ်ပြီး ဂရုစိုက်လှသူ မဟုတ်ပေ။ ​မောင်ဖိုးတွတ်တို့ SEC ကုမ္ပဏီအနေဖြင့် ဟင်္သာတ နည်းပညာတက္ကသိုလ် တည်ဆောက်ခွင့် ရရှိခဲ့ပြီးနောက် တောင်ကြီး ကွန်ပျူတာတက္ကသိုလ် တည်ဆောက်ရေးကိုပါ ထပ်မံ တာဝန်ယူခဲ့ရသည်။ ထိုအချိန်တွင် လုပ်ငန်းခွင် ပမာဏ ပိုမိုကြီးမားလာသဖြင့် နောက်ထပ် ခေါ်ယူသော ပုသိမ် ကွန်ပျူတာတက္ကသိုလ် တင်ဒါကိုမူ ဝင်ရောက်မပြိုင်တော့ဘဲ ရှောင်ခဲ့သည်။ မိမိတို့ ကုမ္ပဏီ၏ အင်အားနှင့် လုပ်နိုင်စွမ်း (Capacity) ထက် ပိုမိုမယူလိုသောကြောင့် ဖြစ်သည်။ သို့သော် ဝန်ကြီး ဦးသောင်းက တင်ဒါမဝင်သည့် မောင်ဖိုးတွတ်ကို ခေါ်ယူပြီး ပုသိမ်စီမံကိန်းကိုပါ အတင်း ထပ်မံ ချပေးခဲ့သည်။ ထို့အပြင် "တိုင်းပြည်မှာ ခင်ဗျားတို့လို တာဝန်သိတဲ့ လူငယ် လုပ်ငန်းရှင်တွေ များများမွေးရမယ်" ဟုပင် ချီးမွမ်း စကားဆိုခဲ့သေးသည်။

  • လူကျွံဘောများ ============ ၁) လူသိများတဲ့ သူငယ်ချင်းတစ်ယောက် ပြသနာတက်တယ်။ အလွယ်ပြောရရင်တော့ ကာမ လိမ်လည် ၄၁၇ ပေါ့။ ကာမ လိမ်လည် ဆိုတဲ့သဘောက ကာမ လဲ ပါရမယ် လိမ်လည်တာလဲ ဖြစ်ရမယ်ပေါ့။ အမှုမှာ အရေးသာတယ်။ တစ်ဖက် က ကာမ ပိုင်းကို သေချာပြနိုင်ပေမယ့် လိမ်လည်ပါတယ်ဆိုတဲ့အပိုင်း ကို တစ်ဖက် က သေချာ သက်သေမပြနိုင်ဘူး။ အဲဒီမှာ သကောင့်သား က ဘာလုပ်လဲ ဆိုတော့ တဖက် မိန်းကလေး က တရားခွင် အလာ ကို ရွံရှာတဲ့ ပုံ နဲ့ တံတွေးထွေးပြတယ်။ ကျွံသွားတာ ပေါ့။ တစ်ဖက်က Media အားကိုယူပြီး အဲဒီ တံတွေးထွေးတဲ့ ကိစ္စကို Highlight လုပ် တစ်ဆုံးကြိတ်တာ Career ပါ ထိ ကုန်ရော။ ၂) မိတ်ဆွေတစ်ယောက် ငွေချေးရာမှာ ငွေပြန်မရတဲ့ ပြသနာတက်တယ်။ စာချုပ်အခိုင်အမာချုပ်ထားတယ်။ တစ်ဖက်က လဲ ပေးနိုင်ပေမယ့်မပေးဘူးညစ်တယ်ပေါ့။ အဲတော့ ဒီကိစ္စ ကို လောကသားများကို တိုင်တည်ရတဲ့အထိ ဖြစ်သွားရော။ အဲဒီအထိ က ဘာမှမဖြစ်သေး။ ဖြစ်တာက ဘယ်လိုလဲဆိုတော့ လောကသားများကို အလုပ်အပ်ပြီးနောက်ပိုင်း တစ်ဖက်ကို Viber ကနေ စာပို့တယ်။ အကြွေးမဆပ်ချင်တဲ့ကောင် သတိကောင်းကောင်းထား ဘာညာပေါ့။ Facebook ပေါ်လဲ တက်ကြွယ်တယ်။ ကျွံသွားတာပေါ့။ အဲတော့ဘာဖြစ်လဲ ဆိုတော့ အကြွေးသွားတောင်းလို့ အထိ အရှ လဲ ဖြစ်ကော တစ်ဖက်က ရဲတိုင်ရော။ သူပြောထားသမျှ Viber တွေရော FB က Post တွေရောပြတိုင်တာမို့ ရှင်းရရော။ နောက်ဆုံးအကြွေးလဲဆုံး။ မှတ်တမ်းလဲ ဝင်။ လောကပါလများမှာလဲ စာရင်းပေါက်သွားတာရော။ ၃) ဒါကတော့ Credit Negotiator လုပ်တုန်းက ကိုယ်တိုင်ကြုံရတာ။ Credit Negotiator ဆိုတဲ့သဘောက ပေးရန်ရှိတဲ့သူဘက်က နေ ရရန်ရှိတဲ့သူတွေ ကို ခေါင်းခံပြီး ညှိနှိုင်းပေးတာပေါ့။ စာချုပ်ချုပ်တယ်။ Payment တွေကို ကြားကနေ အာမခံပေးတယ်။ အဲဒီတုန်းက လုပ်ရတာက တော်တော် ရှုပ်တယ်။ အကြွေးတွေရော၊ လုပ်ငန်းရောင်းတာတွေ ရော။ အဲဒီမှာ Share အရောင်းအဝယ်အတွက် အရစ်ကျ Payment တစ်ခုက ပေးရမယ့်ရက်အတိုင်းမပေးနိုင်ဘူးဖြစ်သွားတယ်။ တစ်ဖက်က မပေးနိုင်လို့ စာချုပ်ဖျက်တယ်။ ပေးထားသမျှပိုက်ဆံအဆုံးဆိုပြီးလုပ်တယ်။ အဲဒီမှာ ကိုယ်တွေ က ညှိပေးတယ်။ စာချုပ်ကို မဖျက်နဲ့ Payment နောက်ကျတဲ့အတွက် Late Fees ဆိုပြီး ယူလိုက်။ အဲဒါနှစ်ဦးနှစ်ဘက် အဆင်ပြေမယ်ဆိုတာကို မဟုတ်ဘူး။ စာချုပ်ဖျက်တယ်။ ရှေ့နေက နေ Notice ပို့တယ်။ ရဲတိုင်တယ်။ ကျွံတယ်ပေါ့။ အဲတော့ ရဲလဲအတိုင်ခံရ၊ ရှေ့နေ ကနေ Notice ပို့ပြီ ဆိုတော့ ကိုယ်တွေ ဘက်ကလဲ ရှေ့နေ ရှာရတာပေါ့။ အဲတော့ဘာဖြစ်လဲဆိုတော့ လိုအပ်တဲ့ အချက်အလက်များကို တည်ဆောက်ပြီး ရဲတိုင်တဲ့ကိစ္စ ကိုရှင်းလိုက်တော့ ရဲတိုင်ထားတဲ့အမှုက ပြေလည်သွားရော။ ဒါ့အပြင်အရစ်ကျ Payment တွေက ကိုယ်တွေကသာပေးထားရတယ် သူတို့ က Share ပြန်မလွှဲထားဘူးဆိုတာတွေ့သွားရော။ အဲတော့မမှန်မကန်သတင်းပေးတိုင်ကြားမှု တို့ လိမ်လည်ရောင်းချမှု တို့ အကျိုးပျက်စီးစေမှုတို့နဲ့ ကိုယ်တွေဖက်က ပြန်စွဲရော။ ကိုယ်တွေ ဖက် က စွဲတာ က နိုင်အောင်စွဲတာမဟုတ်ဘူး။ ဒီအကြွေးဆိုတဲ့ကိစ္စ ကြီး ကို Conflict ဆိုတဲ့ကိစ္စထဲကို ဆွဲသွင်းလိုက်တာ။ Conflict အောက်ကိုဆွဲသွင်းလိုက်ခြင်းဖြင့် တရားရုံးအမိန့်ကျမှ ဖြေရှင်းပေးရမယ့်ကြွေးမြီဖြစ်သွားတာကိုး။ ဘယ်အထိ ဆွဲသွင်းတာလဲ ဆိုတော့ Cashflow ပြေလည်တဲ့အထိ ဆွဲသွင်းလိုက်တာ။ အဲတော့ Payment Delay ဖြစ်ပြီး အစောကထဲက စကားနားထောင်ရင် စောစော ရရမယ့်ပိုက်ဆံ က တော်တော် နောက်ကျပြီးမှ ညှိနှိုင်းထားရတဲ့ အဖြစ်ကိုရောက်ရော။ နောက်တစ်ခုကတော့ စွဲဆိုခံတိုင်ကြားခံဘက်က နေ ညှိနှိုင်းရတာဖြစ်လို့ Payment ကို Lower Hand ကနေ ညှိရရော။ ပြောချင်တာ က ပြသနာဖြေရှင်းတဲ့နေရာမှာ "စည်း" နဲ့ "ဘောင်" ဆိုတဲ့စကားက သိပ်အရေးကြီးတယ်။ စည်းအပြင်ရောက်သွားတာ တို့ ဘောင် အပြင် ကျွံသွားရင် မှန်နေလဲ နာတတ်တယ်။ မကျွံဖို့အတွက်ဆို စိတ်ခံစားမှု ကို ထိန်းနိုင်ဖို့လိုတယ်။ နောက် ဘယ်ပြသနာတွေ က ဘယ် စည်းကမ်းအတွင်း နည်းလမ်းတစ်ကျ ရှင်းလို့ရတယ်ဆိုတာသိဖို့လိုတယ်။ နို့မို့ရင်တော့ကွဲမှာပဲ ဆင်ခြင်နိုင်ကြဖို့ပါပဲ။ #Michael

  • ဒါပေမဲ့ အိမ်၊ ကွန်ဒို၊ မြေကို အကြောင်းပြုပြီး စီးပွားရေးလုပ်မယ့်သူတွေအတွက် ဒုတိယအိမ်နဲ့ ရင်းနှီး မြုပ်နှံမှုလုပ်မယ့် အိမ်တွေ၊ ကွန်ဒိုတွေကိုသာ အခွန်ပိုကောက်တာဖြစ်ပါတယ်။ ဒါ့အပြင် မြေကွက်အလွတ်ကို ဝယ်ပြီး တက်ဈေးနဲ့ ထုတ်ရောင်းတဲ့အဖြစ်မျိုးမရှိအောင်လို့ အဲ့ဒီလိုနေရာမျိုးတွေဆိုရင် အခွန်တွေကို ပိုကောက် ပါတယ်။ အဲ့ဒီလို ပိုကောက်တဲ့အတွက်ကြောင့် မြေဈေးကို ကစားမယ့်ရည်ရွယ်ချက်ရှိတဲ့သူတွေအတွက် အခွန်ရှိနေတဲ့အတွက်ကြောင့် မြေကို ကစားလို့ မရတော့ပါဘူး။ မြန်မာနိုင်ငံမှာတော့ အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ရင် ဝယ်ခွန်၊ ရောင်းခွန်ဆိုတာကို ပြဌာန်းထားပေ မယ့် ထိုင်းနိုင်ငံလို၊ မလေးရှားနိုင်ငံလို အစရှိတဲ့ အာဆီယံနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ Property Tax က မရှိသေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် အိမ်ခြံမြေကဏ္ဍမှာ အရောင်းအဝယ် ပြုလုပ်ထားတဲ့ Bank Statement ကို ပြသရတယ်ဆိုပေမယ့် အများစုကတော့ Cash ပေးချေမှုနဲ့ပဲ လုပ်ဆောင် နေကြတာရှိပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းတစ်ခုကို အိမ်ရှင်တစ်ယောက်က ဌားရမ်းထားတယ်ဆိုရင် လည်း တစ်နှစ်တစ်ခါ ဌားရမ်းခွန်ပေးဆောင်ရတာတွေရှိပါတယ်။ ဒါပေမဲ့ ငွေလုံးငွေရင်းနဲ့ ဝယ်ယူမှုတွေရှိနေတဲ့ အိမ်ခြံမြေမှာတော့ ဈေးကစားမယ့်သူတွေ၊ ငွေကြေးခဝါ ချမယ့်သူတွေမရှိအောင် တားဆီးနိုင်မယ့် Property Tax ကတော့ မရှိသေးပါဘူး။ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် Property Tax ကတော့ ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ Property Tax ကို နမူနာယူသင့်တယ်လို့ ဆိုရမှာဖြစ်ပြီးတော့ စီးပွားရေးအတွက်လည်း အသုံးချနိုင်ခြင်းမရှိတဲ့မြေတွေ၊ လူနေထိုင် ခြင်းလည်းမရှိတဲ့မြေတွေကို ဈေးကစားဖို့ တခုတည်းအတွက်နဲ့ ကိုင်ထားမယ့်သူတွေ၊ ငွေဖြူငွေမည်း အသွင်ပြောင်းဖို့ ကြိုးစားနေတဲ့သူတွေကို တားဆီးနိုင်မယ့် စနစ်တစ်ခုလည်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံဆိုရင် အစိုးရရဲ့ ဝင်ငွေခွန်ကောက်ခံရရှိတဲ့အထဲမှာ Property Tax ကရရှိတဲ့ အခွန်က ၂ ရာခိုင်နှုန်းကနေ သုံးရာခိုင်နှုန်းပဲ ရှိပါတယ်။ အများစုကို ဒေသန္တရအစိုးရအဖွဲ့တွေရဲ့ ဖွံ့ဖြိုးရေးအသုံးစရိတ်ထဲ မှာ ထည့်သွင်းပေးထားလို့ဖြစ်ပါတယ်။ စင်ကာပူမှာဆိုရင်လည်း Property Tax ကို ထိုင်းနိုင်ငံထက် ပိုကောက်ခံပေမယ့် စင်ကာပူအစိုးရရဲ့ အဓိက အကြီးဆုံးအခွန်ဝင်ငွေတစ်ခု မဟုတ်ပါဘူး။ ၂၀၂၄-၂၀၂၅ ခုနှစ် စင်ကာပူအစိုးရရဲ့ စုစုပေါင်း အခွန်ဝင် ငွေမှာဆိုရင် Property Tax ကရရှိတဲ့အခွန်က ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ “ ပိုက်ဆံများများရှိတဲ့သူက ပိုက်ဆံနည်းနည်းပဲ ဆောင်ရမယ်ပေါ့။ ဒါက Basic Concept ပေါ့။ ထို့အတူပဲ အိမ်များများရှိတဲ့သူသည် အိမ်တစ်လုံးပဲရှိတဲ့သူက အခွန်ကို ပိုဆောင်ရမယ်။ ဒါက အဲ့ဒီလမ်းကြောင်း ကို သွားရမယ်။ ဒုတိယက ဘာလဲဆိုတော့ ကျွန်တော်တို့သည် ကောက်သင့်တဲ့အခွန်၊ ရသင့်တဲ့အခွန်ကို မကောက် ရင် မကောက်သင့်တဲ့အခွန်တွေ ပေးရလိမ့်မယ်။ ဥပမာ နိုင်ငံတော်တစ်ခုကို Run ဖို့က ဒေါ်လာ ၁၀၀ ဘီလျံလိုတယ်ဆိုရင် အခွန်ပေါင်းများစွာက ဖြည့်ဆည်းရလိမ့်မယ်။ Commercial Tax တွေ၊ Income Tax တွေ အစရှိသဖြင့်ပေါ့။ ထားပါဦး အခွန်တွေကောက်တာ နည်းသွားရင် ဘယ်လိုဖြည့်ဆည်းမလဲ။ အခုလို Property Tax ရှိခြင်းအားဖြင့် နိုင်ငံကို ပံ့ပိုးပေးနိုင်လိမ့်မယ်။ နောက်ပြီးတော့ Property Tax ကောက်ခြင်းအားဖြင့် ဆင်းရဲတဲ့သူတွေ၊ နွမ်းပါးတဲ့သူတွေကို ဘာမှ မထိခိုက်ဘူး။ ဘာလို့ဆို သူက ပထမအိမ်ကို မကောက်ဘူး။ တချို့ Develop ဖြစ်တဲ့နိုင်ငံတွေမှာတော့ ကောက်တာရှိတယ်။ ဒါပေမဲ့လည်း အများကြီးမကောက်ဘူး။ ပြီးတော့ အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံတယ်ဆိုတာ တိုင်းပြည်ရဲ့ Economic ကို မတက်လာဘူး။ အိမ်ပဲဝယ်ပြီး ဌားစားတာ၊ ပစ်ထားပြီး ဈေးအတက်ကိုစောင့်နေတာတွေက ဘယ်လိုမှနိုင်ငံအတွက် မတိုးတက်ဘူး။ ဥပမာ- စက်ရုံဆောက်ပြီး Product လုပ်မလား၊ အိမ်ပဲဝယ်မလားဆို နိုင်ငံအတွက်က စက်ရုံဆောက်ပြီး Product လုပ်တာက ပိုကောင်းတယ်။ ဝန်ထမ်းတွေ ခန့်ထားပြီး ထုတ်ကုန်လုပ်တာ တိုင်းပြည်ရဲ့ GDP လည်းတက်တယ်။ အိမ်တစ်လုံး ဒါမှမဟုတ် ကွန်ဒိုတစ်လုံးဝယ်ပြီး ဌားစားတယ်ဆိုတာက GDP မတက်ဘူး။ ဒါကတိုင်းပြည် ချမ်းသာမှုကို လုံးဝမတိုးပွားစေဘူး။ အဲဒါဆိုတော့ ကျွန်တော်တို့က ပိုက်ဆံရှိတိုင်း အိမ်ဝယ်၊ ရွှေဝယ်တာကို မလုပ်အောင် လုပ်ရမှာပေါ့။ Property Tax ကောက်မယ်ဆိုရင် လူတွေက စဉ်းစားလာတော့မယ်။ အဲ့ဒါဆို ကျန်တဲ့ အိမ်ခြံမြေဈေးတက်တာတို့ ဘာတို့ကို ထိန်းချုပ်ပြီးသားဖြစ်သွားမယ်။ Property Tax ကို အမြန်ဆုံး အကောင်အထည်ဖော်သင့်တယ်”လို့ လှိုင်သာယာအရှေ့ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးချမ်းက ပြောပါတယ်။

  • ဒါ့အပြင် မလေးရှားမှာအိမ်ခြံမြေဈေးကစားတာကို ထိန်းချုပ်နိုင်အောင် အခွန်နဲ့ပဲ ထိန်းပါတယ်။ အိမ်ဝယ်ပြီး သုံးနှစ်အတွင်းမှာ ပြန်ရောင်းရင် အမြတ်အစွန်းရဲ့ ၃၀ ရာခိုင်နှုန်းကို အခွန်ဆောင်ရပါတယ်။ အိမ်ဝယ်ထားတဲ့ သက်တမ်း ငါးနှစ်ကျော်ပြီဆိုရင်တော့ အခွန်နှုန်းထားတွေက အနည်းဆုံး ၁၅ ရာခိုင်နှုန်းကနေ လျော့နည်းပြီးတော့ ပိုင်ဆိုင်မှုသက်တမ်းကြာလေလေ အခွန်လျော့လေလေဖြစ်ပါတယ်။ ဘဏ်ချေးငွေနဲ့ နောက်ထပ်အိမ်တွေ ဝယ်ယူပြီဆိုရင်တော့ မလေးရှားဗဟိုဘဏ်က ချေးငွေကို ထိန်းချုပ်ထားပါတယ်။ အိမ်တန်ဖိုးရဲ့ တဝက်ခန့်ပဲ ထုတ်ချေးတဲ့စနစ်တွေနဲ့ ထိန်းချုပ်ပါတယ်။ အဓိကကတော့ အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒိုတွေကို ဈေးမကစားအောင် ထိန်းချုပ်တာပဲ ဖြစ်ပါတယ်။ အလားတူ ထိုင်းနိုင်ငံမှာဆိုရင်လည်း Property Tax က နေထိုင်တဲ့အိမ်ကို ကောက်ခံတာ မရှိသ လောက်နည်းပေမယ့်၊ ရင်းနှီးမြုပ်နှံမယ့်အိမ်၊ အဌားချထားတဲ့အိမ်တွေ ကွန်ဒိုတွေဆိုရင် Property Tax ကောက်ခံပါတယ်။ ထိုင်းနိုင်ငံရဲ့ Property Tax ကို Land and Building Tax လို့ခေါ်ဆိုပြီး ၂၀၂၀ ပြည့်နှစ်မှာ စတင် အသက်ဝင်ခဲ့တာပါ။ အရင်တုန်းက House Tax နဲ့ Local Development Tax ကို အစားထိုး ထားတာ လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ Property Tax ကို ကိုယ်တိုင်နေအိမ်၊ ဒုတိယအိမ်၊ စီးပွားရေးလုပ်ငန်းသုံး၊ လွတ်မြေ ဆိုပြီး အမျိုးအစားလေးမျိုးနဲ့ ခွဲခြားထားပါတယ်။ အခွန်ပေးရတဲ့သူတွေကတော့ မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်၊ ပြည်တွင်း ကွန်ဒိုပိုင်ရှင်နဲ့ ကွန်ဒိုပိုင်တဲ့ နိုင်ငံခြားသားတွေဖြစ်ပါတယ်။ ကိုယ်ပိုင်နေအိမ်ကိုတော့ ဘတ် သန်း ၅၀ ကျော်မှ Property Tax ကောက်ခံပါတယ်။ ထိုင်းနိုင်ငံမှာ အိမ်နဲ့မြေ တန်ဖိုးက ဘတ် သန်း ၅၀ အောက်မှာပဲရှိတဲ့အတွက်ကြောင့် အများစုက Property Tax မပေးဆောင် ရပါဘူး။ ဒုတိယနေအိမ်၊ ဒါမှမဟုတ် ဌားရမ်းဖို့အတွက်စီစဉ်ထားတဲ့ နေအိမ်တွေ၊ ကွန်ဒိုတွေဆိုရင် Property Tax သုည ဒသမ သုည ၂ ရာခိုင်နှုန်းကနေ သုည ဒသမ ၃၀ ရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။ ဥပမာ ကွန်ဒိုတန်ဖိုးက ဘတ် ငါးသန်းရှိတယ်ဆိုရင် Property Tax က တစ်နှစ်ကို ဘတ် တစ်ထောင် ပေးဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်၊ ရှော့ပင်းမောလ်၊ စားသောက်ဆိုင်၊ စက်ရုံတွေဆိုရင် Property Tax ကို သုည ဒသမ ၃၀ ရာခိုင်နှုန်းကနေ သုည ဒသမ ၇၀ ရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။ ထိုင်းနိုင်ငံမှာ Property Tax ကောက်ခံတာ အမြင့်ဆုံးကတော့ မသုံးဘဲထားတဲ့မြေတွေဖြစ်ပါတယ်။ မြေတွေဝယ်ထားတယ်၊ အသုံးပြုတာလည်း မရှိဘဲနဲ့ မြေဈေးကစားတာတို့ ငွေကြေးခဝါချတဲ့သူတွေ အသုံးပြုတဲ့ မြေတို့မဖြစ်အောင် Property Tax ကို ကြပ်ကြပ်မတ်မတ်ကောက်ခံပါတယ်။ အဲ့ဒီလိုမြေမျိုးဆိုရင် Property Tax ကို သုည ဒသမ ၃၀ ရာခိုင်နှုန်းကနေ စတင်ကောက်ခံပြီးတော့ သုံးနှစ်အတွင်း စီးပွားရေးလုပ်ကိုင်တာတွေ၊ ဖွံ့ဖြိုးတိုးတက်တာတွေ မရှိဘူးဆိုရင် အခွန်နှုန်းကို ထပ်တိုးပြီးတော့ အများဆုံး သုံးရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။ ဘတ် ၁၀ သန်းတန်တဲ့မြေမျိုးဆိုရင် တစ်နှစ်ကို ဘတ် သုံးသောင်းလောက် အနည်းဆုံး အစိုးရက အခွန်ကောက်ခံပါတယ်။ အလားတူ စင်ကာပူမှာဆိုရင်လည်း Property Tax ကောက်ခံပါတယ်။ သူတို့ကောက်ခံတဲ့နှုန်း ထားကတော့ ထိုင်းနိုင်ငံထက် ပိုများပါတယ်။ ပိုင်ရှင်ကိုယ်တိုင် မနေထိုင်ဘဲ ရင်းနှီးမြုပ်နှံထားတဲ့ အိမ်ခြံမြေ တွေဆိုရင် အိမ်ရဲ့တန်ဖိုးပေါ်မှာ မူတည်ပြီး ၁၂ ရာခိုင်နှုန်းကနေ ၃၆ ရာခိုင်နှုန်းအထိ ကောက်ခံပါတယ်။ ■ လွှတ်တော်က ပြဌာန်းပေးဖို့ လိုနေပြီဖြစ်တဲ့ Property Tax အိမ်ခြံမြေဈေးတွေ တရှိန်ထိုးမြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ လွှတ်တော်အနေနဲ့ နိုင်ငံဘဏ္ဍာရရှိစေဖို့နဲ့ မြေဈေး၊ အိမ်ဈေးတွေကို ထိန်းဖို့အပြင် ငွေဖြူငွေမည်း ခဝါချမှုတွေမရှိအောင် Property Tax ကို ပြဌာန်းပြီး ထိန်းကျောင်းဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင် ပြဌာန်းလိုက်တဲ့ Property Tax က ရည်ရွယ်ချက်သုံးမျိုးနဲ့ အကောင်အထည် ဖော်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ မြေကို အလွတ်မထားဖို့၊ အိမ်ဈေးတွေ မတန်တဆမတက်စေဖို့နဲ့ ဒေသန္တရ အစိုးရ တွေကို ကိုယ်ပိုင်ဝင်ငွေ ရရှိစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ရရှိတဲ့အခွန်ကိုလည်း ဗဟိုအစိုးရက ရယူတာ မဟုတ်ဘဲနဲ့ ဒေသန္တရ အစိုးရတွေက ရယူတာဖြစ်ပြီးတော့ ရရှိတဲ့အခွန်ငွေကိုလည်း ဒေသဖွံ့ဖြိုးရေးတွေဖြစ်တဲ့ လမ်း၊ ရေမြောင်း၊ အမှိုက်သိမ်း၊ ပန်းခြံစတဲ့ လုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုကြတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံက ကျင့်သုံးနေတဲ့ Property Tax မှာ အားသာချက်တွေက ပထမအိမ်ကို အခွန်ကင်းလွတ် ခွင့်ပေးထားတဲ့အတွက်ကြောင့် သာမန်မိသားစုများအပေါ် အခွန်ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။

  • ■ Property Tax က အခြေခံလူတန်းစား၊ လူလတ်တန်းစားနှင့် အများပြည်သူအပေါ် ဖိစီးမှုမရှိနိုင် ■ အိမ်နီးချင်းနိုင်ငံများကဲ့သို့ Property Tax ကောက်ခံမည်ဆိုပါက စုစုပေါင်းအခွန်ဝင်ငွေ၏ အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်းခန့် နှစ်စဉ်တိုးတက်ရရှိနိုင် ■ တရားမဝင် ငွေကြေးဖြင့် ချမ်းသာနေသူများ၊ မြေစျေးကစားသူများနှင့် ငွေကြေးခဝါချမှုများအပေါ် ပြည်သူလူထု အကျိုးစီးပွားအတွက် တားဆီးကာကွယ်ဖို့ Property Tax အလျင်အမြန် ပြဌာန်းရန်လိုပြီ ■ Written By- ဇော်မင်းနိုင် စီးပွားရေးလုပ်ငန်းကြီးတွေကအစ လုပ်ငန်းငယ်အဆုံး အခက်အခဲတွေ များစွာနဲ့ရပ်တည်နေရတဲ့ မြန်မာ့စီးပွားရေးမှာ ခေါင်းထောင်နေတဲ့လုပ်ငန်းတစ်ခုကို ပြပါဆိုလျှင် အိမ်ခြံမြေဈေးကွက်ပဲ ဖြစ်ပါတယ်။ ကျပ်သိန်းထောင်ဂဏန်းကစတင်ပြီး ကျပ်သိန်းပေါင်း သိန်းနဲ့ချီအရောင်းအဝယ်ဖြစ်နေပြီးတော့ ငွေကြေး လည်ပတ်မှု အားကောင်းနေတဲ့ ကဏ္ဍဆိုရင် အိမ်ခြံမြေကဏ္ဍပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာတော့ အိမ်ခြံမြေကဏ္ဍမှာ အရောင်းအဝယ် အနည်းငယ်ထိုင်းသွားတယ် ဆိုပေမယ့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေတာဖြစ်တယ်လို့ အိမ်ခြံမြေဈေးကွက်အတွင်းက သိရပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးတဲ့နောက်ပိုင်းမှာ အိမ်ခြံမြေ ဈေးကွက်က အတက်ဘက်ကို ရောက်ရှိလာ ပါတယ်။၂၀၂၀ နောက်ပိုင်းမှာ ငွေကြေးဖောင်းပွမှုဖြစ်လာတဲ့အခြေအနေ၊ မငြိမ်းချမ်းတဲ့ဒေသတွေကနေ ပြောင်းရွှေ့ရောက်ရှိလာတဲ့သူတွေ၊ မန္တလေးငလျင်အပြီးမှာ သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ခဲ့ရတဲ့သူတွေက ရန်ကုန်မြို့ကို ပြောင်းရွှေ့လာတဲ့အတွက်ကြောင့် အိမ်ခြံမြေဈေးကွက်က ပြန်သွက်လာတယ်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ပြောပါတယ်။ “ နယ်ဘက်တွေမှာ မငြိမ်းချမ်းလို့ ရန်ကုန်ကို ခိုလှုံလာတဲ့သူတွေလည်းရှိတယ်။ အများစုက ရှိတာကို ရောင်းချပြီး ဒီမှာ အနည်းဆုံးတိုက်ခန်းဝယ်ကြတယ်။ ကျောက်မြောင်းလိုနေရာမျိုးဆိုရင် ရခိုင်ဘက်ကလာတဲ့သူ တွေအများကြီးပဲ။ တိုက်ခန်းတွေဝယ်ကြတယ်။ အဲ့ဒီထက် ပိုက်ဆံရှိတဲ့သူတွေကျတော့ မြို့သစ်ဖြစ်တဲ့ မြောက်ဒဂုံ လိုနေရာ၊ အရှေ့ဒဂုံလိုနေရာတွေမှာ ဝယ်ကြတယ်။ အဲ့ဒီဘက်မှာက ပေ ၄၀× ပေ ၆၀ အကွက်တွေရှိတော့ ဝယ်ကြတယ်။ အဲ့ဒါကြောင့် အိမ်ခြံမြေဈေးကွက်က အရောင်းအဝယ် သွက်လာတာ” လို့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။ အဲ့ဒီအပြင် အိမ်ခြံမြေဈေးကွက်ကို ဝင်ကစားတဲ့သူတွေများလာတဲ့ အခြေအနေတစ်ခုမှာရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။ ဈေးကစားတဲ့သူအများစုက ပါမစ်နဲ့ စလစ်မြေလိုဟာမျိုးကို အရောင်းအဝယ် လုပ်ကြတာဖြစ်ပါတယ်။ ■ အာရှနိုင်ငံအချို့ထက် ဈေးကြီးနေတဲ့ မြန်မာ့အိမ်ခြံမြေ အာရှမှာ အိမ်ခြံမြေဈေးကောင်းတဲ့ နိုင်ငံကတော့ စီးပွားရေးအလုပ်အကိုင် ကောင်းမွန်တဲ့ ဟောင်ကောင် အိမ်ခြံမြေ ဈေးကွက်ဖြစ်ပါတယ်။ ဟောင်ကောင် အိမ်ခြံမြေဈေးကွက်မှာဆိုရင် တစ်စတုရန်းပေကို ဒေါ်လာ ၄၀၀၀ နဲ့ ၇၀၀၀ အကြားမှာရှိပါတယ်။ ထို့အတူပဲ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဆိုရင်လည်း တစ်စတုရန်းပေကို ဒေါ်လာ ၂၀၀၀ နဲ့ ၅၀၀၀ ကြားမှာရှိပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာဆိုရင် ထိုင်း၊ စင်ကာပူ အစရှိတဲ့ စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ အိမ်ခြံမြေ ဈေးက အမြင့်ဈေးမှာရှိပါတယ်။အဲ့ဒီလို ဈေးမြင့်တဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လို နေရာမျိုးရဲ့ အိမ်ခြံမြေ ဈေးနှုန်းထက် မြန်မာနိုင်ငံ ကမ္ဘာအေးဘုရားလမ်းပေါ်က အိမ်ခြံမြေဈေးနှုန်းက ပိုမြင့်နေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ မြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၇၀၀ နဲ့ ၁၂၀၀ ကြားမှာရှိတဲ့ အချိန်မှာ ကမ္ဘာအေးဘုရားလမ်းပေါ်မှာရှိတဲ့ အိမ်ခြံမြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၁၅၅၀ အနည်းဆုံး ရှိနေပါတယ်။ အလားတူ အာဆီယံနိုင်ငံတွေထဲမှာ စီးပွားရေးအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမှာဆိုရင် မြေဈေးက တစ်စတုရန်းပေကို ဒေါ်လာ ၂၅၀ နဲ့ ၅၀၀ ကြားမှာပဲရှိပါတယ်။ စင်ကာပူလို မြေရှားတဲ့ နိုင်ငံမှာဆိုရင်တော့ မာရီနာဘေးလိုနေရာမျိုးမှာဆိုရင် ဒေါ်လာ ၁၅၀၀ နဲ့ ၃၀၀၀ ကြားမှာရှိပါတယ်။ ■ အိမ်ခြံမြေမှာ ဘာကြောင့် ငွေကြေးလည်ပတ်မှုအားကောင်းနေတာလဲ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်းမှာ မငြိမ်းချမ်းတဲ့ဒေသတွေကနေ ရွှေ့ပြောင်းရောက်ရှိလာမှုနဲ့ အတူ အိမ်ခြံမြေဈေးကွက်က စတင်လှုပ်ခတ်လာပါတယ်။ အရောင်းအဝယ်တွေ သွက်လာသလို အဌားပြောင်း ရွှေ့မှုတွေလည်း ရှိလာပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အခြားစီးပွားရေးလုပ်ငန်းတွေ အခက်အခဲနဲ့ ရင်ဆိုင်ရချိန်မှာ ငွေရှိတဲ့သူတွေက အိမ်ခြံမြေဘက်ကို စတင်ရင်းနှီးမြုပ်နှံလာကြပါတယ်။ မြန်မာစကားပုံမှာရှိတဲ့ မြေဝယ်မကျ ဆိုတဲ့အတိုင်း ကျပ်သိန်း ထောင်နဲ့ချီတဲ့အကွက်ကနေစပြီး ကျပ်သိန်းသောင်းနဲ့ချီအကွက်တွေကို ရင်းနှီးမြုပ်နှံကြပြီး ရောင်းချမှု တွေ ရှိလာတာဖြစ်ပါတယ်။ မြေကွက်တစ်ကွက်ကိုပဲ လပိုင်းအကြာမှာ ကျပ်သိန်း ရာနဲ့ချီ မြတ်သွားတဲ့သူတွေရှိသလို အချို့ဆို ထောင်နဲ့ချီမြတ်သွားတဲ့သူတွေလည်း ရှိပါတယ်။ အဲ့ဒီလို အမြတ်အစွန်းတွေရရှိတဲ့အတွက်ကြောင့် အများစုက အိမ်ခြံမြေဘက်ကို ရင်းနှီးမြုပ်နှံလာကြတဲ့အတွက် အိမ်ခြံမြေဈေးနှုန်းတွေ တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

  • လက်ရှိမှာ တိုင်းပြည်ရဲ့နယ်စပ်စီးပွားရေးကရရှိတဲ့အခွန်၊ သူပုန်ထိန်းချုပ်နယ်မြေတွေမှာ ရောက်ရှိနေတဲ့ သယံဇာတကနေရရှိတဲ့အခွန်တွေ လျော့နည်းလာချိန်မှာ Property Tax ကို အမြန်ဆုံးပြဌာန်းသင့်နေပြီဖြစ်ပါ တယ်။ Property Tax က ထိုင်းနိုင်ငံမှာ တနိုင်ငံလုံး စုစုပေါင်းအခွန်ရဲ့ ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအကြား၊ စင်ကာပူနိုင်ငံမှာဆိုရင် ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းအကြား ရရှိနေပြီးတော့ မြန်မာနိုင်ငံမှာဆိုရင်တော့ အနိမ့်ဆုံးသတ်မှတ်ချက်နဲ့ ကောက်ခံမယ်ဆိုရင်တောင် ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအကြား ရရှိနိုင်ပါ တယ်။ လတ်တလောမှာဆိုရင် ထိုင်းနိုင်ငံက အကောင်အထည်ဖော်ထားတဲ့ Property Tax က မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့လည်း ကိုက်ညီနိုင်မယ်လို့ ဆိုနိုင်ပါတယ်။ ပထမအိမ်ကို အကာအကွယ်ပေးထားပြီး ဒုတိယအိမ်၊ စီးပွားရေးသုံးအိမ်ခြံမြေနှင့် လွတ်မြေများကို ပိုမိုအခွန်ကောက်သည့်ပုံစံက မြန်မာနိုင်ငံရဲ့ လက်ရှိစီးပွားရေး၊ လူမှုအခြေအနေတွေနဲ့ ပိုမိုလိုက်ဖက်နိုင်ပါတယ်။ “ အခုက အိမ်ခြံမြေမှာပဲ ရင်းနှီးမြုပ်နှံနေတော့ ကုန်ထုတ်လုပ်ငန်းမှာ မလုပ်တော့ဘူး။ ဘယ်လိုသိသာ သလဲဆိုရင် လှိုင်သာယာတို့ ရွှေပြည်သာတို့မှာ တချို့စက်ရုံတွေ ပိတ်သွားတယ်။ တချို့လုပ်ငန်းတွေ မလုပ်ကြ ဘူး။ အဲ့ဒီက မြေကွက်တွေကို ရောင်းစားဖို့ပဲ ကြံနေတယ်။ မြေဈေးတွေ တက်လာတော့။ လာရင်းနှီးမြုပ်နှံကြ တာကလည်း တရုတ် တွေလောက်ပဲရှိတော့တယ်။ အဲ့ဒီလိုဆိုတော့ ကြားထဲမှာ ခံရမှာက သာမန်လက်လုပ် လက်စားတွေပဲ။ ပြီးတော့ ဘဏ်တချို့က အလျင်အမြန်ကြီးထွားအောင် Home Loan တွေကို ချပေးနေတာ တွေရှိ မရှိ အဲ့ဒါတွေကို ဗဟိုဘဏ်က စိစစ်သင့်တယ်။ Loan တွေ လုပ်ထုံးလုပ်နည်းနဲ့မညီ အကြီးအကျယ် ချပေးနေတဲ့အတွက် အရေးယူရတာတွေရှိတယ်။ အဲဒီတော့ ဘယ်ဘဏ်တွေ လုပ်နေသလဲဆိုတာကို စစ်ဆေး သင့်တယ်။ ဟိုတုန်းကဆို ပထမ Home Loan တွေကြောင့်မို့လို အာရှဓနဘဏ် ပိတ်ရတယ်။ ဒုတိယ ဆာ့ချ်ပန်းရဲ့ ရိုးမဘဏ် စစ်ဆေးခံရတယ်။ အခုဆိုရင် အိမ်ခြံမြေဈေးကွက်မှာ မတရားသဖြင့် Home Loan တွေ ချပေးတာနဲ့ ပတ်သက်ပြီး ဘယ်ဘဏ်တွေက လှုပ်ရှားနေသလဲဆိုတာ စစ်ဆေးသင့်တယ်။ တခုခု ဖြစ်လာ ပြီဆိုရင် ပုဂလိကဘဏ်ထဲက ပြည်သူ့ငွေတွေ ဆုံးရှုံးသွားနိုင်တယ်” လို့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားပါတယ်။ Property Tax ကို အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအတွက် ဖိစီးမှုရှိမယ့်အရာတစ်ခု မဟုတ်ပါဘူး။ အိမ်ခြံမြေဈေးကစားမယ့်သူတွေ၊ ငွေကြေးခဝါချမယ့်သူတွေကို တားဆီးနိုင်မယ့် အရာ တစ်ခုလည်းဖြစ်ပါတယ်။ Property Tax ကိုပြဌာန်းမယ်ဆိုရင် တိုင်းပြည်ရဲ့ အခွန်ဘဏ္ဍာကလည်း နှစ်စဉ် အနိမ့်ဆုံး ၁၀ ရာခိုင်နှုန်း တိုးတက်ရရှိနိုင်ပြီးတော့ အိမ်ခြံမြေစျေးကွက်မှာ ဝင်ကစားတဲ့သူတွေ၊ ငွေကြေးခဝါချမှု လုပ်ဆောင်မယ့်သူတွေကိုလည်း တားဆီးနိုင်ပြီးတော့ အများပြည်သူအကျိုးစီးပွားကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ ■ Website Link >>>> https://news-eleven.com/article/313853 #elevennews #Property Tax #အိမ်ခြံမြေစျေးကွက် ■ Eleven Website:https://news-eleven.com ■ Eleven Broadcasting YouTube:https://m.youtube.com/c/elevenwebtv11 ■ Eleven Sports YouTube:https://m.youtube.com/c/ElevenSports11 ■ Eleven Telegram Channel : https://t.me/elevenmediagroup ■ Eleven Viber : https://vb.me/elevenmediagroup

  • အခြားတစ်ဖက်မှာလည်း ငွေကြေးဖောင်းပွမှုတွေရှိလာတဲ့အတွက်ကြောင့် အမာဖြစ်တဲ့ အိမ်ခြံမြေကို လူတွေက လက်ထဲကိုင်ထားတဲ့အတွက်ကြောင့် အိမ်ခြံမြေဈေးတွေက ကျဆင်းနိုင်ခြင်းမရှိတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း ပိုက်ဆံရှိတဲ့သူအများစု အခြားစီးပွားရေးလုပ်ငန်းထက် အိမ်ခြံမြေကို လက်ထဲကိုင်ထားဖို့ကိုပဲ တွေးတောနေကြပြီး အကောင်အထည်ဖော်နေကြတာလည်း အများကြီးရှိပါတယ်။ ■ Porperty Tax နဲ့ ထိန်းရတော့မယ့် အိမ်ခြံမြေဈေးကွက် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံတွေထက် မြေဈေးမြင့်နေတဲ့ မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ကွန်ဒိုတစ်ခု၊ အိမ်ခြံမြေတစ်ခု ဝယ်ယူမည်ဆိုပါက ဝင်ငွေခွန်ကို ပေးဆောင်ရမှာပါ။ ဝင်ငွေခွန်ကို ပေးဆောင်ထားခြင်း မရှိပါက စည်းကြပ်မှုမှ ကင်းလွတ်နေတဲ့ ဝင်ငွေတွေကို ပေးဆောင်ဖို့ ပြည်ထောင်စု အခွန်အကောက်ဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။ မြန်မာနိုင်ငံမှာ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုတွေက အိမ်ခြံမြေတွေ၊ ကွန်ဒိုအရောင်းအဝယ်တွေမှာ အများဆုံးဖြစ်ပွားတတ်ပြီးတော့ လက်ရှိအခြေအနေမှာဆိုရင်လည်း အိမ်ခြံမြေတွေ၊ ကွန်ဒိုတွေနဲ့ မော်တော် ယာဉ်ရောင်းဝယ်ခြင်းတွေမှာ လူအများစုက ဝင်ရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။ အဲ့ဒီအခြေအနေတွေကြောင့် အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်လာပြီးတော့ လူအများစု လက်လှမ်း မမှီတဲ့အတွက်ကြောင့် ဈေးကစားအရောင်းအဝယ်လုပ်တဲ့သူတွေကို Property Tax နဲ့ ထိန်းချုပ်ဖို့ လိုအပ်နေ ပြီလို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အာဆီယံ ၁၀ နိုင်ငံကို ကြည့်မယ်ဆိုရင် Property Tax ရှိတဲ့နိုင်ငံတွေက စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနဲ့ လာအိုမှာဆိုရင် အကန့်အသတ်နဲ့ ရှိပါတယ်။ Property Tax မရှိတဲ့ အာဆီယံနိုင်ငံတွေက မြန်မာ၊ ဘရူနိုင်းနဲ့ ဗီယက်နမ်(ပြဌာန်းဆဲ) နိုင်ငံတွေဖြစ်ပါတယ်။ ဒါပေမယ့် ဗီယက်နမ်ကပြဌာန်းတော့မှာဖြစ်သလို ဘရူနိုင်းကလည်း နိုင်ငံကချမ်းသာပြီး subsidised တွေရှိလို့ property tax ပြဌာန်းဖို့လိုတာ မြန်မာပဲကျန်တယ်လို့ဆိုနိုင်ပါတယ်။ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံမှာဆိုရင် နေထိုင်ဖို့အိမ်အတွက် အခွန်ကောက်မှု နည်းပါးပေမယ့် ရင်းနှီးမြုပ်နှံမှုအတွက် ဝယ်ယူထားတဲ့အိမ်တွေဆိုရင် Property Tax ပိုမိုကောက်ခံပါတယ်။ “ မြန်မာနိုင်ငံရဲ့အမြင့်ဆုံးနေရာရဲ့ ဈေးနှုန်းက ထိုင်းနိုင်ငံထက် များတယ်။ မြန်မာနိုင်ငံမှာ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ Loan တွေက များလာပြီ။ ဒါတွေကို ပြန်စိစစ်ဖို့ လိုတယ်။ အဓိက ဘာလဲဆိုတော့ အောက်မှာ သွားပြီးတော့ Property Tax ပြဋ္ဌာန်းပေးဖို့။ တိုင်းပြည်အတွက်လည်း အကျိုးရှိသလို အများပြည်သူရဲ့ အကျိုးစီးပွားလည်း ကာကွယ်တယ်။ Property Tax က ASEAN မှာ မြန်မာအပါအဝင် ၃ နိုင်ငံပဲ ကျန်တော့တာ၊ Property Tax ကို အမြန်ဆုံး ပြဋ္ဌာန်းဖို့ လိုပါတယ်” လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် သုံးသပ်ပါတယ်။ ■Porperty Tax ကိုဘယ်နိုင်ငံတွေ ကျင့်သုံးနေသလဲ အာဆီယံ ၁၁ နိုင်ငံမှာတော့ အကုန်လုံးနီးပါးက Porperty Tax ကို ကျင့်သုံးနေပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေမှာ ကျင့်သုံးနေပြီးတော့ Porperty Tax ကို အကောင်အထည်ဖော်ဖို့ လိုအပ်နေတဲ့နိုင်ငံက မြန်မာနဲ့ ဘရူနိုင်းတို့ပဲ ကျန်ပါတော့တယ်။ အဲ့ဒီထဲကမှ ဘရူနိုင်းနိုင်ငံကဆိုရင် ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အတွက် Porperty Tax ကို လုံးဝကောက်ခံခြင်း မရှိပါဘူး။ အခုနောက်ပိုင်း စီးပွားရေးတိုးတက်လာတဲ့ ဗီယက်နမ်နိုင်ငံဆိုရင် Porperty Tax ကိုကျင့်သုံးဖို့ စီစဉ်နေပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာဆိုရင်လည်း Property Tax ကို ကောက်ခံပါတယ်။ ပြည်နယ်အလိုက် နှုန်းထား တွေက မတူကြပါဘူး။ တချို့ပြည်နယ်တွေမှာ ပိုင်ရှင်ရှိပေမယ့် အသုံးမပြုတဲ့ မြေလွတ်တွေကို စီးပွားရေး လုပ်ကိုင်လာအောင်၊ မြေအသုံးချမှုရှိအောင် အခွန်နဲ့ တွန်းအားပေးတဲ့ပုံစံမျိုး ကောက်ခံပါတယ်။ မလေးရှားမှာ အိမ်ခြံမြေတစ်နှစ်စာ ဌားရမ်းခဝင်ငွေပေါ်မှာ မူတည်ပြီး လူနေအိမ်တွေဆိုရင် အခွန်ကို ၄ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်း၊ စီးပွားရေးလုပ်ငန်းတွေဆိုရင် ၈ ရာခိုင်နှုန်းကနေ ၁၂ ရာခိုင်နှုန်းအထိ ကောက်ခံပါ တယ်။ ကောက်ခံရရှိတဲ့အခွန်ငွေတွေက ဒေသန္တရအစိုးရရဲ့ အသုံးစရိတ်ထဲကို ထည့်သွင်းအသုံးပြုသလို ကောက်ခံတဲ့နှုန်းထားကလည်း ပြည်နယ်တစ်ခုနဲ့ တစ်ခု မတူညီပါဘူး။ ဒါပေမဲ့ တူညီတဲ့အချက်တစ်ခုကတော့ မြေခွန်ကို နှစ်ပေါင်းများစွာ မဆောင်ဘဲထားရင်တော့ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။

  • Source:ဘဘကြီး

  • Source:ဘဘကြီး

  • com တွင် ပေါ်လာခဲ့လို့ နာရီပိုင်းအတွင်းမှာကို ဘာသာပြန်ဖို့ စုံစမ်းတဲ့ စာတစောင် အီးမေးလ်မှ ရလာတယ်။ ဘဏ်တစ်ခုရဲ့ လုပ်ငန်းဆိုင်ရာ အစီရင်ခံစာ စာအုပ်ကို အင်္ဂလိပ်ဘာသာမှ ရုရှားဘာသာသို့ ပြန်ဆိုပေးရမယ့် အော်ဒါဖြစ်ခဲ့တယ်။ ကျွန်တော်က လုပ်ပေးနိုင်ကြောင်း အီးမေးလ် ပြန်လိုက်ရာ မကြာမီတွင် ဖုန်းဝင်လာခဲ့တယ်။ ဘဏ်လုပ်ငန်းများဆိုင်ရာ ကျွမ်းကျင်မှု ရှိမရှိကို မေးစမ်းတဲ့ အနေနှင့် မေးခွန်းအချို့ကို မေးကြည့်ခဲ့ပြီး အော်ဒါအကြောင်းကို ရှင်းပြခဲ့တယ်။ အင်္ဂလိပ်မှ ရုရှားသို့ ဘာသာပြန်ပေးရန် လိုအပ်တဲ့ အစီရင်ခံစာထဲတွင် စာမျက်နှာ ခြောက်ရာ နီးပါးရှိခဲ့ပြီး ၂၄ နာရီအတွင်းမှာ ဘာသာပြန်ပေးဖို့ လိုအပ်ခဲ့လို့ ဘာသာပြန်ပေးသူ ဆယ့်ငါးဦးလောက် အကြားမှာ ခွဲဝေပေးဖို့ လိုအပ်ခဲ့တယ်။ အော်ဒါကိုပေးတဲ့ အချိန်က ညနေ သုံးနာရီ၊ နောက်တစ်နေ့ ညနေသုံးနာရီတွင် ဘာသာပြန်ပြီးသားကို ပြန်ပေးဖို့ လိုအပ်ခဲ့တယ်။ ထိုသူက အစီရင်ခံစာ စာအုပ်ထဲက အစိမ်းရောင်နှင့် ချယ်ထားတဲ့ အပိုင်းရဲ့ နောက်ပိုင်းရှိ စာသားထဲက ကျွန်တော် တာဝန်ယူနိုင်တဲ့ စာမျက်နှာတွေကို မေးကြည့်ရာ ကျွန်တော်ဟာ စာမျက်နှာ ရှစ်မျက်နှာလောက်ရှိမယ့် နေရာအထိကို ယူနိုင်ကြောင်း ပြောပြလိုက်လို့ သူဟာ ကျွန်တော်ရဲ့ အပိုင်းကို အပြာရောင်နဲ့ ချယ်ပေးလျက် ကျနော့ တာဝန်ယူရမယ့် အပိုင်းဆိုပြီး သတ်မှတ်ပေးလိုက်တယ်။ အဲဒီအလုပ်အတွက် ၉၇ ယူရိုပေးမယ်ဆိုတာကိုလည်း သဘောတူခဲ့ကြတယ်။ နေရင်းထိုင်ရင်းနှင့် တစ်ရက်တည်းအတွင်း ၉၇ ယူရို ရမယ်ဆိုတော့ ဟုတ်မှဟုတ်ရဲ့လား အံ့ဩခဲ့ရတယ်။ ကျွန်တော့် ဇနီးဟာ ကျွန်တော်ဖုန်းနဲ့ ပြောဆိုနေတာကို စောင့်ကြည့်နေခဲ့တယ်။ ဖုန်းချလိုက်ချိန်မှာ သူမေးလိုက်တဲ့ တစ်ခုတည်းသော မေးခွန်းက - ဘာသာပြန်ပေးလိုက်တဲ့ နောက်ပိုင်းမှာ အော်ဒါပေးသူက ငွေမချေဘူးဆိုရင်ကော။ ကျွန်တော် သူ့ကို ပြန်ရှင်းပြရတယ်။ အခုကိစ္စက ငွေဘယ်လောက်ရမှာကို စဉ်းစားဖို့ထက် တို့လုံးဝမသိသေးတဲ့ နည်းပညာ၊ နည်းလမ်းကို လုပ်စမ်းကြည့်မှု ဖြစ်လို့ စိတ်ဝင်စားစရာ အရမ်းကောင်းတယ်။ လက်တွေ့ဖြစ်နိုင် မဖြစ်နိုင်ကို စမ်းကြည့်လိုခြင်းက အဓိက။ အဲဒီ ပထမဦးဆုံး ဘာသာပြန်အလုပ်ကို ကျွန်တော်ဟာ ဇနီးနှင့်တွဲပြီး လုပ်ခဲ့ကြတယ်။ ကွန်ပျူတာရဲ့ ရှေ့မှာ ဘေးချင်းထိုင်ခဲ့ကြတယ်။ ဇနီးဟာ ရုရှားလို စာရိုက်ရာတွင် ကျနော့ထက် မြန်တဲ့အပြင် သူကိုယ်တိုင်က စာရေးဆရာဆိုတော့ အမှားမပါအောင် ရိုက်နိုင်လို့ပါ။။ ကျွန်တော်က အင်္ဂလိပ်စာသားကို ဖတ်လျက် ရှရှားစာသားကို နှုတ်မှပြောလိုက်တာကို ဇနီးက လိုက်ရိုက်ပေးခဲ့တယ်။ ညအိပ်ရာ မဝင်ခင်အထိ တစ်ဝက်လောက် ပြီးသွားတယ်။ နောက်တစ်နေ့ မနက်မှာ ဆက်လုပ်ကိုင်ခဲ့ကြရာ ညနေ သုံးနာရီမတိုင်မီတွင် အားလုံး ဘာသာပြန်ပြီးသွားတဲ့အပြင် အမှားတွေရှိမရှိ အသေအချာ စစ်ဆေးပြီးသွားခဲ့လို့ ရှရှားဘာသာပြန် စာမူကို အီးမေးလ်ဖြင့် ပြန်ပို့လိုက်တယ်။ အော်ဒါပေးသူကလည်း ရရှိကြောင်း အတည်ပြုခဲ့တယ်။ ဘာသာပြန်ပေးလိုက်လို့ သုံးရက်လောက် အကြာမှာ အော်ဒါပေးသူက ဖုန်းဆက်ပြီး ကျွန်တော် ဘာသာပြန်ပေးလိုက်တာ သိပ်ကို ကောင်းခဲ့လို့ နောက်ပိုင်းတွင်ပါ အော်ဒါတွေ ပေးသွားမယ်လို့ ပြောလိုက်သေးတော့ များစွာမှ ဝမ်းသာခဲ့ရတယ်။ တကယ်လည်း နောက်ထပ် အော်ဒါတွေ သူ့ထံမှ ရခဲ့သေးတယ်။ ဒါနဲ့ ကျသင့်တဲ့ ၉၇ ယူရိုကို ဘယ်လိုနည်းနှင့် ပို့ပေးရမလဲ မေးတော့ ပထမဦးဆုံး အော်ဒါမို့လို့ ကျွန်တော်မသိသေးဘူး၊ စုံစမ်းကြည့်မယ်လို့ ဖြေလိုက်ရတယ်။ ဟိုမေးဒီမေးနှင့် ဘဏ်တစ်ခုမှာ ယူရိုငွေအကောင့် ဖွင့်ဖြစ်တဲ့ အထိ တလလောက် ကြာသွားတယ်။ ဘဏ်အကောင့်ကို အီးမေးလ် ပို့လိုက်တာနှင့် နောက် တစ်ရက်အကြာတွင် ၉၇ ယူရို အကောင့်ထဲကို ဝင်လာခဲ့တယ်။ တစ်ရက်အတွင်း ဘာသာပြန်နိုင်တဲ့ စာသား ရှစ်မျက်နှာ အတွက်၊ တနည်း တနေ့တာ လုပ်အားအတွက်၊ ၉၇ ယူရို ရရှိလိုက်ခြင်းပါပဲ။ ထိုစဉ်တုန်းက ငွေလဲနှုန်းအရ အမေရိကန် ဒေါ်လာ ၁၅၀ လောက် ရှိခဲ့တဲ့ အဲဒီငွေကြေး ပမာဏဟာ ကျွန်တော်နှင့် ဇနီး နစ်ယောက်ပေါင်း ရခဲ့တဲ့ ပင်စင်လစာထက် များခဲ့တော့ မယုံနိုင်လောက်အောင်ကို အားရစရာကြီး။ အဲဒီလိုနည်းဖြင့် ကျွန်တော်ဟာ ၂၀၀၈ ခုနှစ် မေလမှစပြီး Freelancer ဘာသာပြန်သူ ဖြစ်လာခဲ့တယ်။ ဘာသာပြန်သူများအတွက် နောက်နာမည်ကြီး ဆိုက်တစ်ခုဖြစ်တဲ့ TranslatorsCafe.com တွင်လည်း ကျွန်တော်ရဲ့ အမည်ကို ထည့်သွင်း မှတ်ပုံတင်လိုက်တယ်။ ဘာသာပြန် လုပ်လိုသူများ မှတ်တမ်း တင်လို့ရတဲ့ နောက်ထပ် ဆိုက်တွေလည်း ရှိကြတယ်။ အဲဒီဆိုက်နှစ်ခုထံမှ ဖြစ်စေ၊ ကိုယ်က တစ်ခုခုကို ဘာသာပြန်ပေးခဲ့လို့ ကျနော့ကို သိကြတဲ့ ဘာသာပြန် ကုမ္ပဏီကြီးများထံမှ ဖြစ်စေ၊ ဘာသာပြန်အော်ဒါတွေ နေ့စဉ် အီးမေးလ်ဖြင့် ဝင်လာကြခဲ့ကြတာပါ။ အသက် ၈၀ ကျော်လာတဲ့ အချိန်မှာ ထိုင်ပြီး လုပ်ကိုင်ရတဲ့ ကွန်ပျူတာ အလုပ်ကို ဆရာဝန်တွေက ခွင့်မပြုကြတော့လို့ ဘာသာပြန်တဲ့ အလုပ်ကို ရပ်စဲခဲ့ရပေမဲ့၊ ကျွန်တော့်ကို သိကြတဲ့ ကုမ္ပဏီများအတွက် ခြွင်းချက်အဖြစ် တခါတလေ ဘာသာပြန်ပေး နေတုန်းပါပဲ။ source:Myo Aung

  • အင်တာနက်ကိုသုံးပြီး ဘာသာပြန် လုပ်ကိုင်လိုသူများ အတွက် သိပ္ပံမျိုးအောင်ထံမှ လက်တွေ့အကြံပေးချက်များ မြန်မာလို သဒ္ဒါနည်းကျစွာ၊ သတ်ပုံမှန်အောင် ရေးသားနိုင်ကြပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်သူများ မြန်မာနိုင်ငံမှာ အများကြီး ရှိကြပါတယ်။ သူတို့အထဲက ဘာသာပြန်ကို စမ်းလုပ်ကြည့်ရင်း ဝင်ငွေ ရှာကြံလိုသူများကို ရည်ရွယ်ပြီး အခုပို့စ်ကို ရေးတင်လိုက်ပါတယ်။ ဘာသာပြန်သူ တဦး ဖြစ်လာဖို့အတွက် တချိန်လုံး အားထုတ် ကြိုးပမ်းရန်၊ လက်လှမ်းမှီတဲ့ ဘာသာြပန်ရေးဆိုင်ရာ နည်းပညာများကို လေ့လာနေရန်လိုတဲ့ အပြင် ဘာသာပြန် ကုမ္ပဏီများရဲ့ စမ်းသပ် ဘာသာပြန်ခိုင်းတာကို အောင်မြင်ဖို့ လိုပါတယ်။ ပြီးတော့ ဘာသာပြန် အလုပ်ဆိုတာ အနုပညာသဘော ဆန်ပါတယ်။ အောင်မြင်တဲ့ ဘာသာပြန် ဖြစ်လာဖို့နှင့် အော်ဒါများ ပုံမှန် ရရှိရန် စိတ်ရှည်ရှည်နှင့် အချိန်ပေးရန် လိုပါတယ်။ အဆင်ပြေလျှင် တနှစ်လောက် ကြာရင် ဒေါ်လာ ငါးရာ၊ တထောင်၊ နှစ်ထောင် စသဖြင့် ဝင်ငွေတခုခု ရှိတဲ့အဆင့်ကို ရောက်နိုင်ပါတယ်။ ကျွန်တော်ရဲ့ ဘဝထဲတွင် ကျွန်တော်ဟာ လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်လာခဲ့ရာ ဘာသာပြန်အလုပ်ဟာ အဓိကတစ်ခု ဖြစ်လာခဲ့တယ်။ မြန်မာနိုင်ငံမှာ စာပေလုပ်သားအဖွဲ့ဝင် ဖြစ်လာခဲ့တာကလည်း တကယ်တော့ ရုရှားသာသာမှ မြန်မာသို့ ပြန်ဆိုခဲ့တဲ့ ဘာသာပြန် အလုပ်ကြောင့်ပါ။ ၁၉၉၄ ခုနှစ်အထိ မော်စကို ရေဒီယိုတွင် ၁၇ နှစ်ကြာ အလုပ်လုပ်ခဲ့စဉ် အသံလွှင့်ကြေညာသူ ဖြစ်ခဲ့ပေမဲ့ အဓိက အချိန်ပေး လုပ်ခဲ့ရတာက ရုရှားဘာသာနှင့် ပေးတဲ့ သတင်း၊ သတင်းဆောင်းပါးများကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ရမှုပါ။ ကျွန်တော်ရဲ့ လက်ရှိရုရှားဇနီးဟာ ကိုရီးယားဘာသာကို ကျွမ်းကျင်ပြီး ရုရှား-ကိုရီးယား ဘာသာပြန် အလုပ်ကို ရံဖန်ရံခါ လုပ်ရတတ်ပါတယ်။ ကိုရီးယားကုမ္ပဏီ တစ်ခုခုမှ အော်ဒါပေး ဘာသာပြန်ပေးခိုင်းရင် မိမိပုံမှန်လစာအပြင် နောက်ထပ် ဝင်ငွေရတော့ အရမ်းကြိုက်စရာကြီး။ ကိုယ့်ကျွမ်းကျင်တဲ့ မြန်မာဘာသာ အကြောင်းကို ထည့်တောင် မစဉ်းစားမိခဲ့ဘဲနှင့် အင်တာနက်ကိုသုံးပြီး ဇနီးအတွက် ကိုရီးယားဘာသာဆိုင်ရာ အော်ဒါတွေများ ရှာယူနိုင်မလားဆိုတဲ့ စိတ်ကူး ကျနော့ဦးနှောက်ထဲ ဝင်လာတယ်။ ဘာသာပြန်သူများအတွက် နာမည်ကြီး Proz.com ဆိုက်မှာ ဇနီးကိုယ်စား လိုအပ်တဲ့ အချက်အလက်တွေကို ရေးဖြည့်ကြည့်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ရေးထည့်ပေးရမယ့် အချက်အလက်တွေက များလွန်းပြီး ဇနီးထံ ခဏခဏ မေးကြည့်နေခဲ့ရလို့၊ သူ့အစား ကျွန်တော်ကိုယ်တိုင်အတွက် အချက်အလက်တွေကို ရေးဖြည့် စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရက်ပိုင်းအတွင်းမှာ အဓိကရေးဖြည့်စရာတွေ ရေးဖြည့်ပြီးသွားလို့ သိမ်းဆည်းဖို့ ခလုတ်ကို နှိပ်လိုက်တာနှင့် Proz.com တွင် ကျွန်တော်ရဲ့ အမည် (Aun) ပေါ်လာတော့တယ်။ အသင်းဝင်ကြေး ဒေါ်လာ ၁၂၀ လောက် မပေးခဲ့ဘဲ မှတ်ပုံတင်ခဲ့တာပါ။ ၂၀၀၈ ခုနှစ် မေလဆန်းပိုင်းတွင် ဖြစ်ခဲ့ပါတယ်။ အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ်၊ ရုရှား-မြန်မာ၊ မြန်မာ-ရုရှား ဘာသာတွဲများကို လုပ်ပေးနိုင်ကြောင်း ထည့်ဖေါ်ပြခဲ့ပါတယ်။ ကျွန်တော်ရဲ့ အမည် Proz.

  • တနေ့က ပန်ဝါမှာစျေးရောင်းနေတဲ့ ကချင်မတစ်ယောက် သူ့ဆိုင်နားမှာ KIAကစုဆောင်းရေးလာဆွဲလို့ KIAကိုလိုင်းပေါ်တက်ဆဲပါလေရော။ စျေးသည်ခမျာလည်း တော်တော်ပေါက်ကွဲပုံရတယ်။ ဆိုင်နားစုဆောင်းရေးလာဆွဲရင် အဲ့ဆိုင်ဖွတ်တက်တာပဲလေ။ သူ့ဆိုင်ဘယ်သူလာတော့မတုန်း။ အဲ့တော့လိုင်းပေါ်တက်ဆဲရော သူ့ဆိုင်နားဆွဲရမလားပေါ့။KIAကို Manye တွေ jinti တွေပါထည့်ဆဲတာပေါ့။ အဲ့ဒါဘာတွေလဲဆိုတာတော့ ကချင်တွေမေးကြည့်ပေါ့။ အဲ့ဒါကိုသူတို့အစိုးရကြီးကိုဆဲရကောင်းမလားဆိုပြီး ပန်ဝါမှာဖမ်းပြီးအချုပ်ထဲထည့်လိုက်သတဲ့။ ဒါတင်မကသေး ဖြူစင်သန့်ရှင်းလှပါသော KIOအစိုးရကြီးကိုဆဲတဲ့အမှုဟာ အောက်ခြေမှာပဲမပြီးသင့်ဆိုပြီး လိုင်ဇာဗဟိုအချုပ်ထိကိုပို့ပြီး အချုပ်ထဲထည့်ဖို့လုပ်သတဲ့။ ဒါက ဘာပြစ်မှုလို့နာမည်တပ်ရမလဲ။ကချင်နိုင်ငံတော်ဆဲမှုလား။ မြို့နယ်အဆင့်ဆဲမှုမဟုတ်တော့ပဲ ဗဟိုအဆင့်ထိရှင်းရတယ်ဆိုတော့။ မလဖိုင်ဂျာဆိုင်းနူးနှင့် ကချင်နိုင်ငံတော်ဆဲမှုပေါ့။ source:Hkun Naung

  • ဆေးစာအုပ်ထဲမပါသေးတော့..လက်မခံချင်ကြဘူး ။ ကျနော်က လဲ ပြည်ပထွက်ခဲ့ပြီ ။ ညီမောင်ရဲ့ ဇနီး..ဒေါ်မျိုးဒူးနာတယ် ။ ဂျိုးက အထူးကုများနည်းအတိုင်း..အကိုက်ပျောက်ဆေး..စသည်ပေးတော့ အစာအိမ်ယောင် ၊ သွေးအန်ပေါ့ ။ ၂၀၁၄ - ကျနော့်မွေးနေ့မှာ..အမေက..မိသားစု ဆုံကြရန်ခေါ်တော့လာတယ် ။ မွေးနေ …့ရွှေတိဂုံရင်ပြင်ပတ်တော့..ဒေါ်မျိုးခမြာ..နာလို့ကောင်းကောင်းမလျောက်နိုင် ။ အိမ်ေ၇ာက်တော့..ကျနော့်က ဆီးဆေးပေးတာ..တဝက်သောက် ရန်ပြောတယ် ။ သူက နာလွန်းတော့ တလုံးသောက်ပြစ်တာ..ရေလဲ အများကြိးသောက်ပြစ် ။ နောက်နေ့လမ်းစလျောက်နိုင်တော့..ဂျိုး..ကိုရန်လုပ်ပါလေရော ။ ကိုကိုပြောထားတာ..မင်းက မယုံတောင်..ငါ့ပြောပြပေါ့ ၊ ငါက ကိုကိုပေးရင် ဘာဆေးဖြစ်ဖြစ်သောက်မှာ ။..ငါ ကံကောင်းလို့မသေတာ ။ ကိုကိုနယ်..ကျနော်သွေးအန်တာကို..နစ်ခါ ။ ကံကောင်းလို့သာပေါ့ ။ ၄၅ - ရက်လောက်အရမှာ..မေမေ နဲနဲမကျန်းမာလို့..ဂျိုးတို့အပြေးအလွှားဆင်းလာကြတယ် ။ ဒေါ်မျိုး..ဒူးသက်သာလားဆိုတော့.။.ကျနော်..မနက်တိုင်း..ဘော်လုံးကွင်းကို..၂ -ပတ် - ၃ -ပတ် ..ပတ်နေတာ ။ ဂျိုး..ဟုတ်ရဲ့လားဆိုတော့ ။ ကိုကို…တခါတလေ. ၅ ပတ်အထိပတ်လို့တားထားရတာတဲ့ ။ အဲဒီတော့..ကျနော့်ဆေးနည်းကတော့..ဒူးဂေါင်းကအရည်အပိုတွေကို..ဆီးဆေး နင့် ဖယ်ထုတ်တဲ့နည်းပါဘဲ ။ ဒူးဂေါင်းမှာ..အရည်ပိုတွေစုနေတာကို..ဆီးဆေး နင့်လျော့ချ လိုက်လျင်.. ဒူးအရီုးနစ်ခု..မူလအတိုင်း ပြန်ကပ်သွားတော့..ကွာမနေတော့ လမ်းလျောက်လျင်..ဆောင့်မိတာ မဖြစ်တော့ဘူး ။ မထိခိုက်တော့ဘူး ။ နစ်ပတ်လောက်အရမှာ..အရိုးနုလေးတွေအသစ်ပြန်တက်လာပြီး..မူလအတိုင်းပြန်လျောက်လာနိင်မည် ။ သို့သော်တချို့ မှာ..ဒူးဂေါင်းအဆစ်ပတ်လည်တွင်..အရည်စုတာကြာတော့..ဒူးအနီးမှာ..အရိုးတွေပွ ပြီး..ပုံပျက်သည်အထိ ဖြစ်သူတွေကတော့..တဖြေးဖြေးမှ ပုံမှန်ပြန်ရောက်ပါမယ် ။ ဆေးသောက်နည်းကတော့..ဆီးဆေးတမျိုးးမျိုး ကို..၂ - ရက်ခြားလောက်သောက်ရပါတယ် ။ အုန်းရည် နင့်သောက်ပြီး.ရေက.. တနေ့ ရေ ၂ - ပုလင်းသောက်ရပါတယ် ။ ကျနော်ကတော့ မျက်စေ့အတွင်းတိမ်သမားတွေကိုတိုက်သည့်..DIAMOX @ TEROCEC ( acetazolamide ) ကိုတခါသောက် တဝက်သောက်စေပါတယ် ။ အုန်းရည်က ခန္ဓာကိုယ်ကဓါတ်ဆားတွေ ဆုံးရှုံးတော့ နုံးလာတာမဖြစ်အောင်ကြိုတိုက်တာပါ ။ ဒါပါဘဲ ။ တခြားဘာဆေးမှ မတိုက်ပါ ။ အဲဒီတော့ဗျာ ။ ဆီးဆေးသောက်လို့ ဘာမှ အန္တရာယ်မရှိပါဘူး ။ ဆီးသွားများလျင်..ဓါတ်ဆားတွေပါ ဆုံးရှုံးတော့ နုံးတတ်တာတော့ရှိပါတယ် ။ ဆီးချုပ်လို့သေတဲ့ မသာတာများပါတယ် ။ ဆီးချုပ်လို ့ကျောက်ကပ်ဆေးနေကြတာ နည်းမှ မနည်းတာ ။ ဆီးဆေးသောက်လို့သေတာ..မရှိပါ ။ မျက်စေ့သမားတွေဆိုနေ့စဉ်သောက်နေရတာပါ ။ အသဲသမား ၊ သွေးတိုး..သောက်နေကြရတာပါ ။ စမ်းသောက်ကြည့်ပေါ့ဗျာ ။ ထူးခြားမှုက..တရက်ဆိုလျင်ပင်…သိသာစွာ ခံစားလာရပါမယ် ။ မယုံသူတွေ ဒေါ်မျိုးကို..မေးကြည့်နိုင်ပါတယ် ။ ဒေါ်မျိုးကတော့ အချိုမှုန့်တတ်နိုင်သလောက်ရှောင်ပြီး..ဆီးဆေးကိုတော့ မသောက်ရတော့ဘူးပြောပါတယ် ။ ၂၀၁၄ -ခုနစ်ကထည်းက..တခါထဲပျောက်အောင်ကုပေးထားတာ..သူ အမြဲစားရတဲ့ ဆေးဖိုးအကုန်သက်သာတာကို..ဆေးဖိုးအနေ နင့်တောင်းရဦးမယ် ။ ဒူးနာဝေဒနာကို..မြန်မာနိုင်ငံဆရာဝန်အသင်းသို့..တင်ပြပေးကြပါဦး ။ လူအများတင်ပြမှ သူတို့က သတိမူကြလေမည့်ပုံဖြစ်နေပါတယ် ။လူအများအပြား..ကိုခံစားလာနေကြရပါပြီ ။ နိုင်ငံတော်အတွက် လုပ်အားတွေလဲဆုံးရှုံး ။ သွေးအံလို့သေကြရသူတွေလဲ မနည်းတော့ ။ လူတွေလဲ..ဝဋ်နာအထင်ရောက်ကြရ ၊ စိတ်ဆင်းရဲကြနေတာတွေကို..ကျနော်တို့ဆရာဝန်များအနေ နင့် သုတေသန လုပ်ရန် မစဉ်းစားကြတော့ဘူးလား ။ ငွေကလဲ သောက်သောက်လဲကုန်ကြရ ။ ပြီးပျောက်တာလဲမဟုတ် ။ ကျနော်ယခု ဒူးနာမခံစားရပါ ။ သို့သော် အချိုမှုန့်ပြန်စားတာနင့်..နောက်နေ့ ပြန်နာလာတာပါဘဲ ။ ဒူးနာရသည့်အကြောင်းရင်းပင် တိတိကျကျ မထုတ်ပြန်ကြသေးဘူး ။ အနာမသိတော့..ဆေးမတွေ့ကြသေးဘူး ။ အဲဒီအတွက်..ဆရာဝန်များအသင်း ၊ ဆေးကောင်စီတို့မှ..Seminar တခုခေါ်သင့်ပါပြီ ။ ကျနော်က ရှေ့ကချည်း..ထထပြော ၊ ရှေ့ကရေးနေရတော့..ကြာတော့ လူလဲ..မျက်မုန်းကျိုးခံရတာများပြီ ။ ဆရာဝန်အသင်းမှ မလှုပ်လျင်..မြင်းကမလှုပ်လျင်..ခုံ က လှုပ်ဖို့လဲ..ဒူးနာသူများက အသင့်ပြင်ထားကြပါဦး ။ တခြားမဟုတ်ပါ ။ မိမိရပ်ကွက် ၊ မိမိလမ်းမှာ..ဒူးနာဝေဒနာခံစားနေရသူဦးရေ..စာရင်းကောက်ပြီး...ဖေ့ဘွတ်ပေါ်တင်ကြတာပေါ့ ။ ဆရာဝန် ( သမားဟူးရားကြိးများ )ဆိုတာ..ဆရာဝန်ဘွဲ့လက်မှတ်ခံယူသည့်အခါမှာ..Hippocratic Oath ကို ကျမ်းသစ္စာကြိမ်ဆိုရပါတယ် ။ ထိုကျမ်းသစ္စာထဲမှာ..ကုသရေးထက် ကာကွယ်ရေးက ပိုမိုထိရောက်သည့်အတွက် ကာကွယ်ရေးကိုဦးစားပေးရွတ်ဆောင်ပါမည် ဟု သစ္စာဆိုထားရပါတယ် ။ ကျနော်တို့မြန်မာနိုင်ငံဆရာဝန်များ ကောင်စီအနေ နင့် ကာကွယ်ရေးအတွက် ပထမ ခြေလှမ်းအဖြစ်..Seminar ခေါ်ရန်လိုပါကြောင်း ။ ခနခန ရေးနေရတော့..လူမုန်းအတော်များလာပြီ ။ 😮 လှိုင်မြင့်

  • ထိုအရိုးဂေါင်းနစ်ခုက..ထိကပ်ပြီးနေတာပါဘဲ ။ ဒူးဆစ်ရိုးကို..အရွတ်အိတ်နင့် ဖုံးအုပ်ထားးပါတယ် ။ Knee Joint Capsule ခေါ်ပါတယ် ။ အရည်စုတော့..ဒူးဂေါင်းအိတ်အတွင်းအရည်ပိုများလာတော့..ဒူးဂေါင်းမှာတင်းတာခံစားရပြီ..အရိုးဂေါင်း နစ်ခုက ထိကပ်မနေတော့ဘဲ..နဲနဲ ဝေးနေပါတော့တယ် ။ အဲဒီလိုကွာဟ ပြီးရှိနေတော့..လမ်းလျောက် ၊ ပြေးတော့..အရိုးဂေါင်းနစ်ခုကို ဆောင့်ပေးသလိုဖြစ်ပြီး..အရိုးနု ( အရိုးအနု ) ဆိုတော့ ကျေကုန်တော့တာပေါ့ ။ အရိုးအနု က ကျေဒါဏ်ရာရလျင်..သားငံရည်တွေပါထပ်ထွက်လာပြီး..ဒူးနာသူတွေ လမ်းလျောက် ၊ အပေါ်အောက်တက်ပြီးလျင်..ဒူးကြိးပိုတင်းပြီး.မနေနိင်အောင်ပိုနာလာတော့တာပါဘဲ ။ ဆရာဝန်ပြတော့..သွေးစစ် ၊ urea ဓါတ်များတာတွေ့မယ် ။ အချို အထူးကုတွေက..ဒူးဂေါင်းအိတ်ကိုဖေါက်အရည်စုတ်ထုတ်မယ်။ ခေတ္တတော့..အိုကေပေါ့ ။ ထိုအရည်တွေကိုလေသလပ်ခံလိုက်လျင်..uric acid crystal ဆားပွင့်လေးတွေရပါတယ် ။ ထိုဓါတ်ဆားပွင့်လေးတွေဟာ..အချိုမှုန့်နင့် ပုံသဏ္ဍန် တူနေကြပါတယ် ။ တချို့အထူးကုက..Steroid တွေထိုးပေးတော့..ချက်ချင်းသက်သာတာပေါ့ ။ Steroid တွေက..အယောင်ကိုလျော့စေတာကိုး ။ သို့သော် side effect ကဆိုးတယ် ။ အဲဒီမှာ အနာသက်သာအောင်..အရိုးဆိုတော့..အရိုးအကိုက်ပျေက်ဆေးတွေပေးတော့..အများစုက အစာအိမ်ကိုယောင်စေတတ်ပါတယ် ။ တချို့ဆို အစာအိမ်သွေးကျောပေါက်တဲ့အထိ ဖြစ်တတ်ပါတယ် ။ အူလမ်းကြောင်းသွေးယိုစိမ့်လို့သေကြရသူလဲ မနည်းတော့ ။ အချိုမှုန့်ကြောင့်ဆိုတာ..ကျနော် ထောင်ထဲမှာ..၂၀၀၁ ခုနစ် တန်ဆောင်မုန်းရက်ပိုင်း..ဝန်ထမ်းသွင်းလာပေးသည့် မယ်ဇလီဖူးသုတ် ( အချိုးမှုန့်များများ ) ကိုစားအပြီး..၃ ရက်လောက်အိပ်ပြီးရင်းအိပ်ချင်နေတယ် ။ တပတ်လောက်နေတော့..ဒူးနာတာစလာပြီး..နောက်ဒူးဂေါင်း ( ဘယ် ) ကွေးမရအောင်ဖြစ်ပါတယ် ။ ထောင်ကို..ငယ်သူချင်းအရိုးအထုးကုကိုဇော်ဝင်း ( မုံရွာသား ) လာကြည့်တော့..အပြင်ထုတ်..အပ်နင့်စုပ်ထုတ်ရန်တင်ပြပေမည့်..ကျနော့်အတွက် လွယ်လွယ်ခွင့်မပြုပါ ။ ထောင်ကလွှတ်တော့..အထူးကု နင့်ဆက်ကုနေရင်း.. တရက်..တူမလိုခင်မင်သည့် မမီမီး - ကိုJulian ရဲ့သမီးလေး...မကဲကဲ က လ္ဘက်သုတ်တွေကျွေပါလေရော ။ အချိုမှုန် ွအများကြိး ။ ကဲကဲလေးက..သူ့အဖေ ၊ အမေ ၊ အဖိုး အဖွား..ဘယ်သူမှ..သူ့ဆီက.. နှမ်းတစေ့လောက်ပင်..တောင်းစားလို့မရဘူး ။ ကျနော်လာလို့ကတော့..ရှိတဲ့ မုန့်ယူလာပြီး..ပေါင်ပေါ်တက်ထိုင်ပြီး..မုန့်ကိုသူက အရင်ကိုက်ကြည့်ပြီး..ကိုက်ပြီးသားကို ခွန့်တာ ။ ပါပါကြိး..ဒါလေးက စိမ့်တယ် ။ ဒါလေးကချိုတယ် ။ သူက..ကိတ်မုန့်ပေါ်က ချယ်ရီသီးအလွန်ကြိုက်သူ ။ ကျနော်ကလဲ အဲဒီအသီးမျိုလို့ကိုမရ ။ အနှံ့မခံတတ်တာ ။ သူကျွေးတာမစားလျင်..မျက်ရည်ကျ..ငိုင်နေတော့တာ ။ ကျနော်ကရွံတတ်သူ ။ ပထမပိုင်းမျိုမရဘူး..ပျို့ပျို့တက် ။ နောက်တော့.. အရင်ဘဝ..အမေတော်ခဲ့တာနေမှာတွေး.မိတော့ ၊ .မျိုနိုင်သွားတယ် ။ သူဝါးထားတာတွေ နဲအောင်ကိုယ်က လက်နင့်နိုက်ယူလျင်..လက်ကို ဖြန်းကနဲက ရိုက်ပြီး..မငတ်နဲ့နော် ။ ဒါအကုန်ကျွေးမှာက ပြောသေး ။ ဒါပါပါကြိးအတွက်ဘဲ..ဘယ်သူမျ မစားရဘူး ။ လက်ြထဲမှာ အချိုမှုန့်တွေအများကြိး ။ အိမ်ရောက်..ညပိုင်းကြတော့..ဒူးက တင်းလာ..ပူတက်လာပြီးနာတော့တာဘဲ ။ အဲဒီမှာသိလိုက်ပြီ..ဒူးနာတာ..အချိုမှုန့်ကြောင့် ။ အချိုမှုန့်ကြောင့်..ဆားဓါတ်များပြီး..အရည်စုတာ ။ ဒီတော့ ဆီးဆေးသောက်လိုက်တာ ။ တပတ်ရတော့..ဒူးနာစပျောက်လာတယ် ။ နစ်ပတ်လောက်ရတော့..နဲနဲအဝေးကိုလျောက်လာနိုင်တယ် ။ တလလောက်ရတော့..ပြည်သူ့ရင်ပြင်ကို..တစ်ပတ်ပတ်နိုင်တော့တာဘဲ ။ ဘန်ကောက်ရောက်တော့..လမ်းတွေလျောက်ရ ၊ လမ်းဂုံးကျော်တံတားတွေ တက်ရတော့..မကဲကဲလေး ကို ကျေးဇူးတင်လိုက်တာ..တင်လိုက်တာ ။ သူ သာ လ္ဘက်မကျွေးမိလျင်..ဒူးနာသည့်အကြောင်းရင်းကို..ကျနော်တွေ့ရှိမည်မဟုတ် ။ ဒီဒူးနာကိုသာမကုတတ်လျင်..အခုလောက်ဆို..ဒူး အစားထိုးလို့..နောက်တကြိမ်ပင်အစားထိးလဲရလေပြီသာ ။ ကျေးဇူးကြိးပါပေ့ မကဲကဲ လေး ။ တခါတခါတော့..ယခင်ဘဝတစ်ခုမှာ..ငါ့အမေမှ ငါ့အမေသေခြာတယ် ။ သူ ကြောင့်သာ..ဒူးနာရသည့်အကြောင်းရင်း သိသွားတာပါ ။ အခုအမေရိကန်ရောက် မလှဝင်းကလဲ..သူ့အမေ ၊ ဦးလေး ၊ အဒေါ်တွေခေါ်လာ ။ တခြားဒူးနာတွေလာကုတာကိုသေခြာလေ့လာပြီး.. သူ့ရပ်ကွက်ထဲကသူကဒူးနာတွေကို..ကျနော်ကုသလို ကုတော့တာပါဘဲ ။ ဒူးနာလာပြလျင်သူက..ဘာမှ မပြောနဲ့..ဒူးကိုလှန်.။.ပြီးသူက ကျနော်စမ်းသလို..ဒူးဂေါင်းရဲ့အပူဆုံးနေရာကို..နိုင်းယှဉ်စမ်းတယ် ။ ဒီနေရာက အနာဆုံး ( အပူဆုံးနေရာထောက်ပြ )။ ဟိုတွေကလဲ..ဟယ်တော်လိုက်တာ..အနာဆုံးနေရာမှ ကွက်တိ ။ ပြီးဆေးပေးတယ် ။ ဟိုက ဘယ်လောက်လဲမေးလျင် ။..အမလေး..ပေးမနေပါနဲ့ ။ ပျောက်မပျောက် ၂ -ပတ်လောက်ရရင်ထပ်လာပြ ။ နစ်ပတ်နေတော့..ဟယ်..အထူးကုနဲ့ကုတာ မပျောက်တာကို..မလှဝင်းကုပေးတာ..တပတ်ဆိုပျောက် ၊ နစ်ပတ်ဆို..လမ်းလျောက်ရတော့တာဘဲဆိုတော့..လာလိုက်ကြတာ ။ တရပ်ကွက်လုံးမက..တခြားရပ်ကွက်တွေကပါလာကြ ။ မြန်မာတွေကလဲ ကျေးဇူးတုန့်ပြန်..ပေးကြတာပေါ့ ။ ဆေးဖိုးတောင်းရင်တောင်..ဒီလောက်မရနိုင် ။ လှဝင်းတို့များ..ကုသိုလ်လဲရ..ဝမ်းလဲဝ ၊ နာမည်ကောင်းလဲ ။ ဒီကုနည်းကိုကျနော်..ပြည်ပမထွက်ခင်..ကျနော်ညီ ၊ ညီမတွေ ရှင်းပြတယ် ။

  • ထိုင်းက ကစ်ဘောက်ဆင်ပွဲတွေမှာ လက်သီးကြောင့် မျက်ခုံးကွဲ နှုတ်ခမ်းကွဲရင် သွေးမြန်မြန်တိတ်ပြီး ပွဲဆက်ထိုးလို့ရအောင် အချိုမှူန့် နဲ့ ကွဲတဲ့နေရာကို သိပ်ကြ ပါတယ်။ အချိုမှူန့်ဟာ သွေးကို အချိန်တို အတွင်း ပျစ်ခဲစေလို့ပါ။ ############## သြစတေးလျရောက် မြန်မာဆရာဝန်ကြီး ဒေါက်တာလှိုင်မြင့် ရေးတဲ့ Post ပါ။ ဆရာကြီးက နာမည်ကြီးမော်ဒယ်သန္တာလှိုင်နဲ့ ACID အဖွဲ့က အဆိုတော် ဘာဘူ တို့ရဲ့ အဖေပါ။ လက်ရှိ Sydney မှာ နေထိုင်ပါတယ်။ .......... ခေတ်စားနေ့တဲ့ ဒူးနာ ဝေဒနာ ။ ယခုတစ်ခေါက် မြန်မာပြည်ပြန်အရောက်..ရွာကိုပြန်တယ် ။ မုံရွာ ၊ မန္တလေး ၊ ရန်ကုန်က..မိတ်ဆွေတွေ ၊ အမျိုးတွေ ကျနော်ရောက်တယ်ဆိုတော့..တွေ့ချင်တာရော.၊ ကျန်းမာရေး တိုင်ပင်ချင်တာရော လာကြပါတယ် ။ မုံရွာ ၊ မန္တလေး..ကြိုတင် ဖုံးဆက်ထားပြီး..သူတို့က ကျနော် တည်းမည့် အိမ်ကြို ရောက်နေကြတယ် ။ ကြည့်ပေးရတာ.အခြားကျန်းမာရေးက..၃ -ခုဘဲရှိ ။ ကလေး ၂ ဦးပိန်လှီနေတာ ။ တဦးက မျက်စေ့ယောင်နေတာ ။ ကျန် လူအားလုံးက..ဒူးနာဝေဒနာတွေချည်းပါဘဲ ။ ရွာမှာ အတွေးတခု ဝင်လာပြီး..အမျိုးတွေကို..မေးပါတယ် ။ ၁၉၉၅ - ခုနစ် ရဲ့ဒီဖက်ကျနော်တို့ရွာမှာ..ဘယ်သူတော့..ဒူးနာလို့ လယ်ထဲမဆင်းနိုင်ဘူး..ကြားဖူးကြရဲ့လား ။ ဖြေကြတယ် ။ အယ်ဟုတ်ပါရဲ့..ကိုကိုမေးတော့မှ စဉ်းစားမိတယ် ။ ကျနော့်ကို ရွာက..ကိုကိုလို့ခေါ်ကြတာများတယ် ။ အငယ်တွေက..ပါပါကြီး လို့ခေါ်ကြတယ် ။ ထပ်မေးပြန်တယ် ။ ကဲ ကောင်းပြီ..အခုရွာမှာ ၅၅ -နစ်ကျော်ထဲက..ဒူးအကောင်းအတိုင်းသွားလာနိုင်သူရော..ရှိကြသေးရဲ့လား ။ ခနစဉ်းစားကြပြီး..ရှိတော့ ရှိပါသေးတယ် ။ ဒါပေမည့်နဲနဲဘဲရှိတော့တယ် ။ ကောင်းကြသေးရဲ့လား ။ ကျနော်တို့ဆေးကျောင်းသားဘဝ ၊ အလုပ်သင်ဆရာဝန်ဘဝ ၊ ဆေးခန်းဖွင့်သည့် တလျောက်..ဒူးနာကုပေးရတာ မရှိပါဘူးဗျာ ။ တခြားဆရာဝန်များရှိကောင်းရှိနိုင်ပါမည် ။ ကြုံ လဲမကြုံဖူးခဲ့ပါ ။ ၂၀၀၀ -ခုနစ်နောက်ပိုင်းအဖြစ်များလာပြီး..အားလုံး..ကုသာကုတယ် ၊ ပျောက်လဲမပျောက်ကြတာချည်းဘဲ ။ အနာသက်သာတဲ့ ဆေးတွေဘဲပေးနေကြတာပါ ။ palliative therapy အဆင့်သာ ။ တချို့ဆရာဝန်တွေကိုယ်တိုင်ပင်ဒူးနာတာခံစားနေကြပါတယ် ။..နောက်ဆုံး..ဘန်ကောက်သွား..အစားထိုး ။ ဟုတ်ကြသေးရဲ့လား ။ ဒါအမျိုးသားရေးပြဿနာအဆင့်ရောက်နေပါပြီ ။ What is the cause ? ဘာကြောင့်အခုခေတ်ကျမှ ထဖြစ်နေကြရတာပါလဲ ။ ၂၀၀၅- ခုနစ် မြန်မာနိုင်ငံဆရာဝန်များအသင်းက ကြိးမှုးပြီး..ပြင်ပဆရာဝန်များ၏ ဆေးပညာနှီးနှောပွဲကျင်းပပါတယ် ။ ပြင်ပဆေးခန်းဆရာဝန်တွေက..စာတမ်းမတင်ရဲကြပါဘူး ။ စာတမ်းတင်လျင်..သမားတော်ကြိးတွေ ၊ သမားတော်ပေါက်စတွေက မေးခွန်းတွေ ဒါဇင်မကမေးမြန်းတတ်ကြပါတယ် ။ ကျနော်က စာတမ်းနစ်စောင်သွားတင်ပါတယ် ။ မေးခွန်းလိုချင်နေသူလေ ။ စာတမ်းနစ်စောင်က .. ( ၁ ) အချိုမှုန့်ကြောင့်..ခေါင်မူးဝေဒနာဖြစ်ခြင်းအကြောင်းရင်း နင့် ကုသနည်း ။ ( ၂ ) အချိုမှုန့်ကြောင့်..ဒူးနာဝေဒနာများအဖြစ်များလာနေပြီ.၊ အကြောင်းရင်း နင့် .ကုသနည်း ။ ဆရာဝန်အသင်းတိုက်က..စာတမ်းလက်ခံသည့် စားပွဲက..ဆရာဝန်မတွေက စာတမ်းကိုဖတ်ကြည့်ပြီး..အားရ ၊ ဝမ်းသာသွားကြတယ် ။ စာတမ်းကောင်းကောင်း.နစ်ခုရပြီဆိုပြီးပြောပါတယ် ။ ၂ - ရက်နေတော့..ဖုံးဆက်မေးတော့..နိုင်ငံခြားတက္ကသိုလ် နစ်ခု ထပ်တိုးလာလို့ ဆရာ့စာတမ်းဖတ်ခွင့်ပေးဖို့..အချိန်မလောက်လို့ပါတဲ့ ။ တကယ်က..နိုင်ငံခြားတက္ကသိုလ်တွေက စာရင်းပေးထားတာ..လချီနေပါပြီ ။ လ္ဘက်ရည်ဆိုင်လာတာမှ မဟုတ်တာ ။ တကယ်စာတမ်းဖတ်တော့လဲ..တက္ကသိုလ်နစ်ခုကသာဖတ်ပါတယ် ။ ပြင်ပဆရာဝန်က တဦးမှ မဖတ်ဘဲ..ရန်ကုန်ဆေးရုံကြိး…ပါမောက္ခကြိးတွေကသာဖတ်သွားပါတယ် ။ ထောက်လှမ်းရေးက လိုက်ပိတ်ပင်တာပါ ။ နောက်တော့ သိရတာပါဘဲ ။ ဒူးနာဝေဒနာဖြစ်ရခြင်းအကြေင်းရင်းက..ကျနော်တို့ လူမျိုးတွေ အချိုမှုန့်အပေါစားတွေ အလွန်အကျွံသုံးစွဲမှုကြောင့်ဖြစ်ရတာပါ ။ အချိုမှုန့်တိုင်းက..salt retention side effect ရှိပါတယ် ။ ရေကိုစုပ်ထိန်းထားသည့် အာဏိသင်ရှိပါတယ် ။ ဒါကြောင့်အချိုမှုန့်စားပြီးလျင်ရေငတ် ရေဆာလာပါတယ် ။ အာခေါင်ချောက်သလိုခံစားရတာတွေက..ရေဓါတ်စုပ်ယူသည့် အာဏိသင်ပြတာပါ ။ ရေငတ်လို့ရေသောက်ပြန်တော့လဲ..ရှုးက ဆိုသလောက်မထွက် ။ ခန္ဓာကိုယ်မှာ ရေအပိုလာစုနေပါတယ် ။ အချိုမှုန့်မစားသူ တဦး အချိုမှုန့် မစားခင် ခန္ဓာကိုယ်အလေးချိန် ချိန်ကြည့်ထား ၊ digital body weight scale နင့်ပေါ့ ။ အချိုမှုန့်များများပါတာစာပြီး..နောက်တနေ့ချိန်ကြည့်လိုက်..၁.၀ ကီလိုကနေ ၁.၅ ကီလိုလောက်တက်လာပါတယ် ။ ဒါကိုမသိတော့..နိုင်ငံခြားရောက်မြန်မာတွေ..မြန်မာပြည်ေ၇ာက်တာနင့်..ဝိတ်တက်လာတယ် ။ စားလို့ဝတ်တက်တယ်ထင်နေကြတာ ။ ဆီးဆေးသောက်ကြည့လိုက် ချက်ချင်းပြန်ကျသွားပါတယ် ။ တကယ်က ဖေါလာတာပါ ။ ( ဖေါလာတာအတွက် ကျန်းမာရေးအန္တရာယ် ထပ်ရေးပါဦးမည် ) ။ တနည်း..ရေဖေါ ဖေါပါတော့တယ် ။ တချို့က ဒူးမှာ..သွားဖေါ စေပါတယ် ။ အများစုက...ဘယ်ဖက်ဒူးကို ပထမ စထိတာများပါတယ် ။ နစ်ဖက်နာလျင်ပင်..ဘယ်ဒူးက အနာပိုပါတယ် ။ ဒူးဂေါင်းမှာဖေါတော့..ဒူဂေါင်း၏တည်ဆောက်ထားပုံက ပေါင်ရိုး နင့် ခြေတောက်ရီုး နစ်ခုထိကပ်နေပါတယ် ။ မျက်နာပြင်မှာ အရိုးနုတွေ ရှိပါတယ် ။ လမ်းလျောက် ၊ ပြေး ၊ ခုန်..

  • ကွမ်းစားမလား ဆိုတဲ့ Video က တော်တော်ပေါက်သွားတယ်။ အထူးသဖြင့် ပန်ဆယ်လိုတို့ တင်လင်းအောင်တို့အပါ သရော်ထားတာ အများကြီးတွေ့ရတယ်။ ရွာလုံခြုံရေး ပြည်သူ့စစ် စခန်းက လူတစ်ယောက်ကိုကွမ်းစားမလား ဆိုပြီး ပြင်စတိုနဲ့ ဝင်ပစ်သွားတာဆိုတော့ ဒီကိစ္စက ခင်များတို့ ဘက်ကကြည့်ရင်တော့။ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်ဖြစ်နေလို့ အားရစရာ ရှိပေမယ့်။ အဲ့လူတစ်ယောက် သေသွားရုံနဲ့ ဘာမှဖြစ်မလာဘူး။ ရွာထိပ်က ‌ကင်းသမား သေသွားလို့လည်း တော်လှန်ရေးက အောင်မသွားဘူး။ နောက်ဆက်တွဲမှာ ရိုးရိုးသားသား သွားလာနေတဲ့ ရွာသားတွေ အစစ်ဆေးကြမ်းတော့မှာ။ အရပ်အဝတ်နဲ့ ဒီလို လိုက်လုပ်တာဟာ အေးအေးဆေးဆေး လုပ်ကိုင်စားသောက်နေတဲ့ပြည်သူတွေကို ယုံကြည်မှုကင်းမဲ့အောင် ဖန်တီး လိုက်တာပဲ။ ယူနီဖောင်းနဲ့ စစ်ကြောင်း ထိုးပြီး ပစ်ခက်သွားတာက အကြောင်းမဟုတ်ဘူး အခုဟာက ကွမ်းစားမလာဆိုတော့ ဂိတ်စောင့်က ပြည်သူထင်လို့ ကွမ်းလာယူတာ။ ဒီသတင်းက နေရာတစ်ခုမှာ ဖြစ်ခဲ့တာဆိုပေမယ့်။ ဒီဖြစ်စဉ်က တစ်နိုင်ငံလုံးကို အကျိုးသက်ရောက် သွားပြီ။ ပြည်သူထုကိုပါ ယုံကြည်ရခက်အောင် လုပ်လိုက်တာ ဖြစ်တဲ့အတွက်။ ပြန်သူနဲ့ ရန်သူကို စစ်တပ်က ခွဲခြားလို့မရတော့တဲ့ အခါကြရင် ဂိတ်တိုင်းအင်အားသုံး အစစ်ခံရတာ မျိုး ဆိုင်ကယ်နှစ်ယောက်မစီးရဆိုတာမျိုး ဂိတ်"ရောက်ရင် မောင်းလာတဲ့ ဆိုင်ကယ်ကို ဆင်းတွန်းရတာမျိုး မှတ်ပုံတင် မပါရင် ဂိတ်ကဖြတ်မရတာမျိုး မှတ်ပုံတင်ပါသော်လည်း ကျေးရွာရပ်ကွက် ထောက်ခံစာမပါရင် ဖြတ်သန်းလို့မရတာမျိုး ပြည်သူလူထုက ရင်ဆိုင်ရတော့မှာ။ အရင်က ကျွန်နော်တို့ မြို့မှာ ဒါမျိုးရှိခဲ့ဖူးတယ်။ အခုဖျက်သိမ်းထားတာ တစ်နှစ်ကျော်ပဲရှိသေးတယ်။ #ကွမ်းစားမလား #ပြည်သူ့စစ် #နိုင်ငံရေး #NewsUpdate