Click for PDF Recom Review
Статистика- Последний пост
- 12 авг. 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 22
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ဝက်လက်မြို့နယ်မှာကားတွေပိတ်မိနေချိန် စစ်ခွေးတပ် လေကြောင်းတိုက်ခိုက်၊ သေဆုံးဒဏ်ရာရသူများပြား စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းကို ခရိုင်ချင်းဆက် အမှတ်(၃)လမ်းပေါ်ကအရပ်သားပြည်သူတွေရဲ့ကားတွေကို စစ်ခွေးတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၆ဦး သေဆုံးပြီး သံဃာ တွေအပါအဝင်ပြည်သူ ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ဩဂုတ်လ၁၀ ရက်နေ့၊ မွန်းလွဲ ၂နာရီက နေ ၄နာရီအထိ မိတ္ထီလာလေတပ်က လေယာဉ်(၂)စီး၊ တံတားဦး လေတပ်က လေယာဉ်(၃)စီးစုစုပေါင်း လေယာဉ်၅စီးနဲ့ စစ်ကိုင်းမြို့နယ် မြောက်ခြမ်း၊ တောင်ရင်းရွာအနီး၊၁၄မိုင်လမ်းဆုံ ဘေးပတ်လည်ကို ဗုံးကြဲချခဲ့သလို စက်လက် တွေနဲ့ပါပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ စစ်ခွေးတပ်စစ်ကြောင်းကြောင့် ကားလမ်းပေါ်မှာ ကုန်တင်ကားနဲ့ ခရီးသည်တင်ကား တွေပိတ်မိနေတဲ့အချိန် လေကြောင်းတိုက်ခိုက်ခဲ့တာမို့ကုန်တင်ကား ၄ စီးလည်းမီး လောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ဒီလမ်းဟာ မန္တလေး- ရွှေဘို-မြစ်ကြီးနားကားတွေအသုံးပြုသလို မန္တလေး-စဉ့်ကူး- သပိတ်ကျင်း-မိုးကုတ် မြိုကိုသွားတဲ့ ကားတွေ အဓိကအသုံးပြုတဲ့လမ်းဖြစ်သည်။
без подписи
без подписи
без подписи
ရက်ပေါင်း ၂၀ ရက် အတွင်း အဓမ္မစစ်မှုထမ်းသင်တန်းဆင်းတပ်သား ၂၀ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ BRR ဆီဘက်ပြောင်းလာကြ မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂၊ ခလရ ၂၅၁၊ ခလရ ၂၃၅ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦး ဇူလိုင် ၁၂ ရက်မှ ဩဂုတ် ၅ ရက်အတွင်း Burma Revolution Rangers အဖွဲ့ထံ ဘက်ပြောင်းဘခိုလုံလာကြောင်း သိရှိရသည်။ ဘက်ပြောင်းလာသူများသည် အပတ်စဥ် ၁၁ နှင့် ၁၂ သင်တန်းဆင်းများဖြစ်ပြီး စစ်ကိုင်း၊ မန္တလေး၊ မုံရွာ၊ ရေစကြို၊ မြိုင်၊ ကညွတ်ကွင်း၊ နေပြည်တော် တို့မှာ စစ်မှုထမ်းအတွက်ဖမ်းဆီးခံခဲ့ရသူတွေဖြစ်တယ်လို့ Burma Revolution Ranger- BRR တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
без подписи
без подписи
без подписи
နတ်အိမ်တောင်စခန်းကို စစ်ကူလာသည့် စစ်ခွေးတပ် တိုက်ခိုက်ခံရပြီး စစ်ခွေး ၄ ကောင်သေကာ တပ်ပြန်ဆုတ်သွား၊ စစ်ခွေး ၁လောင်းနှင့် လက်နက်အချို့ ကျန်ခဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်၊ နေ့လယ် ၁ နာရီဝန်းကျင်အချိန်မှာ တနင်္သာရီတိုင်း ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အရှေ့ဘက်ခြမ်း၊ ထိုင်း-မြန်မာ နယ်စပ်က နတ်အိမ်တောင်စခန်းကို စစ်ကူလာတဲ့ ခွေးအင်အား အကောင် ၆၀ ခန့်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တို့ဟာ ကော့လှိုင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၄င်းတိုက်ပွဲတွင် စစ်ခွေး ၄ ကောင်သေဆုံးခဲ့သလို ၅ ကောင်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ၄င်းတိုက်ပွဲမှ MA-4 သေနတ် ၁ လက်၊ ၆၀-မမဗုံးသီး ၄လုံး၊ အီဂါနာဗုံးသီး ၂လုံး၊ MA ကျည်ဘောက် ၇ ခုနဲ့ MA ကျည် ၁၀၀ ကျော်ကို တော်လှန်ရေးအဖွဲ့တွေဘက်က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရှိရသည်။ အဆိုပါ တိုက်ပွဲကိုတော့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ကရင်အမျိုးသားလွတ်မြောက်ရေတပ်မတော် KNLAတပ်မဟာ (၆) တပ်ရင်း ၂၇၊ ရာမညမွန်တပ်တော် R.M.A၊ ဒေါနစစ်ကြောင်း -၂-YGF၊ ဒေါနစစ်ကြောင်း - ၃-KBDF၊ ဗျူဟာ ၃၃ ဒေါနစစ်ကြောင်း စစ်ဆင်ရေးအဖွဲ့နဲ့ ကြယ်လင်းရောင်-ဆာကပေါ နဲ့တပ်ရင်း KTLA တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရှိရသည်။
ပြည်သူ့ဆန်စားပြီး တိုင်းပြည်ကို ကာကွယ်နေတာပါတဲ့...... ဘယ်သူ့ရန်ကို ကာကွယ်တာလဲဆိုတော့... ပြန်သူ့ရန်တဲ့။ အဲ့ဒီတော့ ကျွေးတဲ့လက်ပြန်ကိုက်ရာက ခွေးဖြစ်သွားရတဲ့စစ်ခွေးဆိုတာ အာဝုတို့ကို ဆိုလိုတာမဟုတ်မှန်း ကလေးက အစ အကုန် သိကုန်တာပါပဲ။
без подписи
без подписи
без подписи
ဒေါ်အောင်ဆန်းစုကြည်က မဲခိုးလို့ထောင်ကျတာ၊ နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူးဟု ရန်ကုန်မှ ဘန်ကောက် သို့ပြောင်းနေထိုင်သူ မုန့်ဟင်းခါးဆိုင်ပိုင်ရှင် မြင့်ကျော်သူ အသရေဖျက်ပြောဆို ဘန်ကောက်တွင် စျေးအကြီးဆုံးမုန့်ဟင်းခါး ရောင်းချဖွင့်လစ်နေသူ မြင့်ကျော်သူက ဒေါ်အောင်ဆန်းစုကြည်သည် မဲခိုး၍ ထောင်ကျနေခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားမဟုတ်ကြောင်း ဖက်ဆစ်ခွေးမိစ္ဆာတပ်လေသံအတိုင်း ပြောဆိုခဲ့သည်။ ""တွေးမိတာ ဒေါ်စုက နိုင်ငံရေး အကျည်းသားလားဆိုတာပဲ။ ၈၈ တုန်းကနဲ့ မတူဘူး။ သူက ရာထူးရှိတဲ့ကြားက ဖမ်းခံရတာ။ နိုင်ငံရေးလုပ်လို့ ဖမ်းခံရတာ မဟုတ်ဘူး။ ဥပမာ ကိုယ်ကဆန္ဒပြလို့ အဖမ်းခံရတယ်၊ ဆူပူမှုနဲ့ ထောင်ချရင် ဒါနိုင်ငံရေးအကျည်းသား။ ဆန္ဒလဲပြတယ်၊ ထမီလဲ ခိုးတယ်၊ ခိုးရင်းမိတာ နိုင်ငံရေး အကျည်းသား မဟုတ်ဘူးလေ။ သူခိုးလေ။ ၈၈ တုန်းက ပလိန်းကြီး ဖမ်းခံရတာ၊ ၂၀၂၁ မှာက ဒေါ်စုက မဲခိုးလို့ ဖမ်းခံရတာလေ။ မတူဘူး နိုင်ငံရေးအကျည်းသားတွေ လွတ်ပေးပါဆိုတိုင်း ဆန္ဒပြဖူးတဲ့ ထမီသာခိုးတော့ ရောလွတ်စရာ မလိုဘူးထင်တယ်။ သူ့ဟာသူ ဒေါ်စုက တရားရင်ဆိုင်လို့ တရားရုံးက အပြစ်မရှိဘူး ဆုံးဖြတ်ရင် လွတ်လိမ့်မပေါ့။ ဟုတ်ဖူးလား'' ဟု ၎င်း က ပုံဖျက် ပြောဆိုခဲ့သည်။
без подписи
ကန့်ဒေါင့်ရဲစခန်းကို တော်လှန်ရေးတပ်တွေထိန်းချုပ်ထားဆဲဖြစ်သည်။ ဒီကနေ့ ဖက်ဆစ်ခွေးတပ်က ကန့်ဒေါင့်စခန်းအား ပြန်သိမ်းလိုက်ပြီ ဆိုသည်မှာ သတင်းလိမ်ဖာကျ ခြင်းဖြစ်ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို စစ်ခွေးတပ်ကပြန်လည် ထိန်းချုပ်လိုက်ပြီဆိုတာဟာ လိမ်လည်ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်များက ဆိုသည်။ ဩဂုတ် ၂ ရက်မှာ ကန့်ဒေါင့်ရဲစခန်းကို စစ်ခွေးဘက်က ပြန်လည်သိမ်းပိုက်သွားပြီဟု လိမ်လည်ဝါဒဖြန့်နေသည့်သတင်းက ပြည်သူတွေအကြားမှာပျံ့နှံ့မှုတွေရှိနေပေမယ့် ဒီကနေ့ညနေပိုင်းအထိ ကန့်ဒေါင့်စခန်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်သည်။
без подписи
без подписи
ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ တပ်ရင်းမှ အဓမ္မစစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင် ဇူလိုင်လ ၂၂ ရက်နေ့တွင် တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် ခမရ ၄၃၂ တပ်ရင်းမှ အဓမ္မ စစ်မှုထမ်း တပ်သားသစ် ၂ ဦးသည် လက်နက် ၂ လက်နှင့် စစ် အသုံးအဆောင် ပစ္စည်းများ ယူဆောင်လာပြီး ရာမညမွန်တပ်တော် (RMA) တပ်ရင်း ၉၀၂ ထံသို့ အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ တပ်သားသစ် ၂ ဦးကို ရာမညမွန်တပ်တော်(RMA)မှ တာဝန်ရှိသူများက လုံခြုံစွာ လက်ခံထားရှိပြီး ရာမညမွန်တပ်တော်၏မူဝါဒနှင့်အညီ တစ်ဦးကို ငွေကျပ် ၂၅ သိန်းစီ ထောက်ပံ့ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်း တပ်သား ၂ ဦး၏ အနာဂတ်ဘဝ ရှေ့ဆက် ရပ်တည်ရေးအတွက်ကိုလည်း သဘောဆန္ဒများနှင့်အညီ ဆက်လက် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ယင်း တပ်သားသစ် ၂ ဦးသည် ၂၀၂၄ ခုနှစ်တွင် အဓမ္မ စစ်မှုထမ်း စေခိုင်းခံခဲ့ရပြီး ၎င်းတို့၏ လွတ်လပ်သည့် သဘောဆန္ဒအလျောက် ရာမညမွန်တပ်တော် (RMA)ထံသို့ ယုံကြည်စိတ်ချစွာ လာရောက် ပူးပေါင်း ခိုလှုံအလင်းဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
без подписи