- Последний пост
- 28 мар. 2025 г.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
#စုန်းတိုက်ခံရတဲ့နေ့ သူများ ဝတ်ထားပြီးသား မျက်နှာအဟောင်းကြီးနဲ့တော့ ဘဝမှာ လူမလုပ်ချင်ဘူး လံကွတ်တီစော် နံတယ်။ ကဆုန်ပေါက် ပြေးနေတဲ့ အုန်းခွံရောင် တိမ်တစ်စင်းရယ် မန်းမှုတ်ပြီး ငါပစ်ဖမ်းလိုက်တဲ့ ကြိုးကွင်းတန်းလန်းရယ် လောကဟာ နေရတာ မလျော့မတင်းကြီးပါပဲကွယ်။ #တာရာမင်းဝေ #taraminwai #taraminwaipoems
без подписи
❝ ခုချိန်မှတော့ လီနင်အစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး လင်ကွန်းအစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး ဗြဟ္မစိုရ်တရားကိုသာ တွေ့ချင်ပါတော့တယ် ငယ်ငယ်တုန်းက ရော့ခ်ဂီတနဲ့ မာရီဝါးနားကို ကြိုက်တယ် အရွယ်ရလာတော့ အပါယ်ကျမှာ ကြောက်တယ် တစ်ဘဝလုံး ခါချကာမှ ကဗျာလေး တစ်ပုဒ်စ နှစ်ပုဒ်စနဲ့ ငါ့ကို ဘာကောင်လဲလို့ မမေးနဲ့ ဧည့်စာရင်းတိုင်နေရတဲ့ နိုင်ငံသားတစ်ယောက် ▪️လှသန်း▪️
ပဉ္စလက် ------------ မနက်ခင်းကလည်း ချက်နို့ဆီနဲ့ အရောတဝင်ဖြစ်လို့ အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့ သတင်းစာတွေက လက်မထပ်ဘဲ အတူနေလို့ ။ နေ့ခင်းကျတော့ … ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့ အစာအိမ်ကို ဗြူတီဆလွန်းပို့ရ မျှော်လင့်ချက်နဲ့ စစ်တုရင်ထိုးရနဲ့ (သူပဲ ပွဲတိုင်း ရှုံးလေ့ရှိတယ်)။ လူဆိုတာ … စနစ်တကျ ပျက်စီးတတ်ဖို့ လိုတယ် ညကျရင် ဂျနီဖာလိုပက်ကို အိပ်မက်မက်ပစ်မယ်။ ▪ သစ္စာနီ ( စတိုင်သစ်မဂ္ဂဇင်း၊ ၂၀၀၂။)
သစ်စက် -------------------- သစ်လုံးတွေ တဂျီဂျီး အော်ငိုသံ သူ မခံစားနိုင်။ များများခွဲ များများ ရက်စက်မယ့် ဝိုင်းဆရာရဲ့ သောက လွှဝိုင်းက ရင်ထဲမှာ လည်နေပြီ။ တို့ အသွေးအသား လွှစာ သက်သေတွေက တောင်ပုံရာပုံ။ မိုးကျော်အောင် --------------- နွားကျောင်းသား ………………………. တမျှော်တခေါ်ကွင်းပြင်ကြီးထဲ ရွှင်မြူးဖွယ်နေ့တနေ့ကို အော်ခေါ်ကြည့်မိတာ ခလောက်သံပြန်မကြားရဘူး။ သီချင်းမသီဖြစ်ပါ အရွက်မဲ့သစ်ပင်အောက်မှာ။ အိပ်မက်တွေလွှတ်ကျောင်းထားပေမယ့် မိုးမကျသေးတာမို့။ အိုအောင်
#ပူဖောင်းကွဲသူ ဟိုတုန်းကတော့ပူဖေါင်းလေးတွေလို ဖြူမွေ့ပါးလျား အဲဒီ နွေရာသီလေးကို ဘယ်သူမှခိုးမစားခဲ့ကြဘူး။ မြို့ကလေးရဲ့ရင်ဘတ်ကို ကြယ်သီးဖွင့်ပြီးကြည့်လိုက်ရင် တိမ်တွေကိုဘယ်တော့မှ တွန်းမလှဲတတ်တဲ့ကောင်းကင် မြင်ရတယ်။ နောက်တော့လည်း ကျွန်တော်တို့ကျွတ်ကျွတ်ရွရွဝေးကွာသွား ဘဝသံသရာဟာ သီချင်းထဲကလို ရထားကြီးမဟုတ်တော့ဘူး အကိုင်းချင်းမတူပေမယ့် ဒီအတိုင်းပွင့်ကြလိမ့်လို့ ကျွန်တော်ထင်မှတ်မှားခဲ့။ မြို့ကလေးကိုသတိရမိတဲ့တစ်နေ့မှာ ကိုယ့်ကိိုယ်ကို သတိမရတဲ့ နယ်လွန်သားတွေ ပြန်လည်ဆုံတွေ့ကြ မေမေရယ် ပူဖောင်းကိုမန်းမှုတ်သလို မှုတ်ခဲ့မိတဲ့အတွက် ကျွန်တော်ဟာ ဝလုံးတစ်လုံးစာ စိမ့်ပြီးရှက်ခဲ့ရပေါ့။ အဲဒီမှာ တချို့ဟာ ရယ်သလိုမောသလို အမှောင်ပွက်ပွက်ထ တချို့ကျတော့လည်း လိမ်မာပါးနပ်လွန်းတဲ့ အလင်းတန်းကြီး အမြှီးနှစ်ခွနဲ့။ မေမေ အားလုံးက မမှားရအောင် ကျွန်တော်ကပဲ မှားပေးလိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီပူဖောင်းလေးကို အသစ်ပြန်မှုတ်ဖို့ နက်ဖြန်ခါမှာမြို့ကလေးဆီ ကျွန်တော်ဆက်ဆက်ပြန်လာမယ်…။ #တာရာမင်းဝေ #taraminwai #taraminwaipoems
ခေတ်ပျက်ထဲက ဝမ်းနည်းစရာ ငါတို့ခေါင်းပြတ်တွေ နောက်ပိုင်းမှာ ခေါင်းပြတ်တွေဟာ ကိုယ်လုံးတီးပုံတွေထက် ခေတ်စားလာတယ်။ ဒါဟာ လိင်စိတ်ကုန်သွားလို့ မဟုတ်ဘဲ တစ်ဖက်မှာ ရီစရာအဖြစ် ခေတ္တအာရုံလွှဲထားခြင်းသာ ဖြစ်တယ်။ ခေါင်းပြတ်တွေက ရီစရာကြီးဗျ၊ ကျနော်တယောက်ပဲ မရီတယ် လို့ လူတိုင်းနီးပါး ပြောနေကြတာ ခင်ဗျားလည်း သိမှာပဲ။ တကယ်တမ်းတွေးကြည့်လိုက်ရင် မရီရတာလည်း ခင်ဗျားအသိပဲ။ သူတို့အဆိုအရ ငါတို့အားလုံး ခေါင်းပြတ်တွေချည်းဆိုရင် ဒီကမ္ဘာမှာ မျက်မှန်သမားတွေ head shot တွေ မရှိတော့ဘူး၊ နေရာတကာ 'ခေါင်းသုံး ခေါင်းသုံး' ဆိုပြီး ပြောနေစရာ မလိုတော့ဘူး၊ တကယ်တော့ ခေါင်းတလုံးဟာ အဓိကမကျနေဘူး၊ ဒီခေါင်းမရှိလည်း ငါတို့ ကောင်းကောင်းအိပ် ကောင်းကောင်းစားနိုင်တယ် ဆိုတာ မင်းတို့ယုံဖို့ပဲ လိုတယ် ဒါပေမယ့် ငါတို့က သက်သေပြမှာတော့ မဟုတ်ဘူး၊ အဲ့သလို သတ္တဝါတွေ။ ခေတ်ပျက်ကြီးထဲ တချို့ ငြင်းကြခုံကြ တချို့ ဆိတ်ဆိတ်နေကြရင်းနဲ့ ခေါင်းပါတဲ့ဘက်နဲ့ မပါတဲ့ဘက် နှစ်ဖွဲ့ကွဲသွားတော့ ငါရယ် ငါ့သူငယ်ချင်းတစ်ကောင်ရယ် ခေါင်းပြတ်အဖွဲ့ဝင်လိုက်ကြတယ်။ ငါကတော့ရှင်းတယ် ဒီခေါင်းတစ်လုံးနဲ့ဟာ သောက်လုပ်တွေရှုပ်လို့၊ ဟိုကောင်ကတော့ တရှဲရှဲမြည်သံတွေ နားမခံသာလို့၊ ဥပမာ ရေဒီယိုကလာတဲ့ အသံတွေ၊ ဟင်းသီးဟင်းရွက်ကြော်တဲ့အခါ၊ အပေါ့သွားတဲ့အခါလိုမျိုးပေါ့။ ငါတို့တိုင်းပြည်ဟာ ခေါင်းပြတ်၊ ငါတို့ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်ဟာလည်း ခေါင်းပြတ်နဲ့ပဲ။ ခင်ဗျားတို့ဘုရားက ခေါင်းပြတ်တွေကို ဖျော်ဖြေရေးသဘောထားပြီး ရီချင်သပဆိုလည်း ရီကြ၊ ဟိုကောင်တွေမသိစေနဲ့၊ ရန်မစလေနဲ့ လို့ ဆိုချင်ဆိုလိမ့်မယ်။ ငါတို့ခေါင်းပြတ်ဘုရားကတော့ ငါတို့ အပြစ်ကြွေးတွေကိုလည်း ကူမဆပ်ပေး၊ အကျိုးခံစားခွင့်လည်း မယူဘူး။ ခေတ်ပျက်ထဲမှာ ခေါင်းပြတ်ဘုရားဆင်းတုတော် ဖြစ်ပါရစေ လို့လည်း ဘယ်သူမှ ဆုမတောင်းကြဘူး။ ခင်ဗျားတို့ မသိသေးတာက ခေါင်းပြတ်တွေဟာ ချစ်တယ်လို့ ခဏခဏ မပြောဘူး၊ အကြာကြီးမနမ်းဘူး၊ လိင်အာသာဖြေနေစရာလည်း မလိုဘူး။ ခင်ဗျားတို့ မသိလို့၊ ငါတို့ ခေါင်းပြတ်တွေက တဖြေးဖြေးနဲ့ စိတ်ဝင်စားဖို့ကောင်းလာတယ်။ ခင်ဗျားတို့အသိပဲလေ၊ နောက်တော့လည်း ခေါင်းပြတ်တွေဟာ ကိုယ်လုံးတီးပုံတွေထက် ခေတ်စားလာတာပဲ။ ဒါပေမယ့် ခင်ဗျားတို့ မသိသေးဘဲ၊ ခေါင်းပြတ်ဖြစ်ရတာ ဝမ်းနည်းစရာလည်း ကောင်းလာတယ်။ ဆူးနွယ် #poengworldpoetryday2025
မေ့ဆေး ---------------- အောင်ခိုင်မြတ် ကိုယ့်လက်ကိုယ် ပြန်ရှနိုင်တဲ့ဓားကို ဘာလို့ မြနေအောင် သွေးခဲ့တာလဲ စွန့်လွှတ်တတ်တာ တစ်ခုတည်းနဲ့တော့ ဘယ်သူမှ သူ့ကိုယ်သူ မကယ်တင်နိုင်ဘူး မြစ်ဆီ ငါက ငါးရဖို့လာတာ မဟုတ်ဘူး ရေချိုးပြန်ဖို့လာတာ မဟုတ်ဘူး လွမ်းလို့လာတာပါ တစ်ယောက်က တစ်သက်လုံး သတိရတယ် တစ်ယောက်က တစ်ခေါက်မှ သတိမရဘူး တစ်ယောက်က အိပ်မက်လှလှမက်ပါစေလို့ ဆုတောင်းတယ် တစ်ယောက်က ခေါင်းပြားပြားအိပ်ရပါစေလို့ ဆုတောင်းတယ် နှစ်ယောက်စလုံးလည်း အိပ်မပျော် ကိုယ့်ရင်ထဲ ဘယ်လောက်လှတယ်ပဲ ထင်ထင် ရန်သူကိုတော့ ငါမချစ်ဘူး ကျလာတဲ့မျက်ရည်နဲ့ မျက်နှာကို သစ်လိုက်တယ် နေပူကြီးထဲ မိုးတွေရွာနေတယ် ကဗျာနဲ့သီချင်းက အေးစက်လို့ ကမ္ဘာနဲ့သတင်းက အေးစက်လို့ ငါနဲ့မင်းက အေးစက်လို့ တံခါးကပွင့်ချင်နေပြီ သော့က မဖွင့်ပေးဘူး မျက်နှာက မျက်လုံးနဲ့ ပြုံးလို့ရတယ် မျက်ရည်က ပါးစပ်နဲ့ ကျလို့မရ ကိုယ့်ကိုယ်ကိုယ် ဘယ်မှာပြန်ဝယ်လို့ရမလဲ ။ ။ အောင်ခိုင်မြတ် ၂၈ စက်တင်ဘာ
တတိယပတ်မတ် ငါ့ချစ်သူဟာ စစ်ထွက်ရဲဘော်လို အိတ်ကိုအပီအပြင်လွယ်ထားလို့ မှောင်နေတဲ့ငါ့ညတွေနဲ့ ခဲပျစ်နေတဲ့သူ့မျက်ရည်တွေ ရယ်သံလွင်လွင်ဆမ်းထားတဲ့ ငါ့စကားတွေ အဲဒီအိတ်ထဲနင့်လို့ပေါ့။ မနက်က ရေခဲသည်တစ်ယောက် ရေခဲတုံးကိုလွှနဲ့ဖြတ်နေတာတွေ့ခဲ့တယ် တစ်စုံတစ်ယောက်ရဲ့ အအေးခွက်ထဲကို အဲဒီရေခဲခွဲစိတ်တွေ ပြန့်ကျဲရောက်ရှိသွားပုံမျိုးနဲ့ ဒီလောကထဲ ကိုယ်တို့ရောက်ခဲ့ကြသလားလို့ တွေးမိရဲ့။ တစ်ရာမက ကြယ်တွေလှကြောင်း ပြောခဲ့ကြပြီး တစ်ယောက်တစ်လေမှ အရုဏ်အလင်းမှာ မှိန်ဖျော့သွားတဲ့ကြယ်နဲ့ ဆည်းဆာအပိတ်မှာ စလင်းတက်လာတဲ့ ကြယ်ကို သတိမထားမိဘူး လှိုင်းလွန့်လာတာနဲ့ ကိုယ်တို့ကမ်းကခွာခဲ့ကြတယ်။ ဒီနေ့ဟာ ပြီးဆုံးတော့မယ်။ ။ ပေသိုး #poengworldpoetryday2025
မြှားသူ မြှားသူဟာ ရေချိုးဇလုံတစ်ခုရဲ့ အပေါက်ဝကို မြှားတံနဲ့ ချိန်ရွယ်ထားတယ်။ငါးမြှားတံနဲ့ ငါးမြှားချိတ်ရယ်ကို ရေဆင်းပေါက်လေးထဲထည့်လိုက်ပြီး မြှားသူဟာ ရေချိုးဇလုံဘောင်ပေါ် ထိုင်နေတယ်။သူ့လိုမြှားသူတွေ ကမ္ဘာ နဲ့အဝန်းမှာ ရှိကြပါတယ်။ ပင်လယ်ကမ်းစပ်မှာ မြှားသူတွေ မြစ်ချောင်းအင်းအိုင်တွေမှာ မြှားသူတွေပေါ့။ ဦးလေးဖြစ်သူက "မင်းဒီလိုမြှားရင် ငါးတွေမရနိုင်ဘူး"တဲ့ ။" မင်းဟာ အဓိပ္ပါယ်မရှိတဲ့အရာကို လုပ်နေတာသာဖြစ် ပြီး ဘယ်တော့မှ ငါးမရဖို့ မမျှော်လင့်ကြောင်း" ထပ် လောင်းပြောတယ်။သူဟာ ဘာမှမပြောပဲ တိတ်ဆိတ်စွာ နေတယ်။သူကတော့ ရေပိုက်လိုင်းတွေမှာ သူလိုချင်တဲ့ အရာတွေ ရှိကြောင်း အတပ်သိထားတယ်လေ။ သူဟာ အိမ်ပြန်ထွက်ရမှာကြောက်တဲ့ရောဂါတစ်ခု ကိုခံစားနေရတာ ဖြစ်ပြီး တလောက ရေဆင်းပိုက်ထဲကနေ သူငယ် တန်းကလေးတစ်ယောက်ရဲ့လက်ရေးမူကို သူရရှိခဲ့တယ်။ သူငယ်တန်းကလေးဟာ သူ့ရဲ့ကျောင်းအကြိုနှစ်တွေဟာ ခက်ခဲကြောင်း ဖြစ်နိုင်ရင် သူကျောင်းမတက်ချင်ကြော င်းရင်ဖွင့်ထားတာပဲ။ ၁၅ နှစ်အရွယ်ကလေးမလေးရေးတဲ့ စာတစ်စောင်မှာ သူမကိုယ် သူမ ဆယ့်ငါးနှစ်ရှိပြီ ဖြစ် ကြောင်းစတင်မိတ်ဆက်ထားပြီး သူမရဲ့ဘဝလွမ်းမော ဖွယ်ရာတွေ တစ်ခုချင်းရေးသား တင်ဆက်ထားတယ်။ သူမဟာ ဟိုးအမြှင့်ဆုံးမျှော်စင်ပေါ်က ရယ်ပန်ဇယ်လို မင်းသမီးကလေးပါတဲ့။ စိုနေတဲ့စာတွေကို သူက အခြော က်ခံတဲ့ ကိရိယာ တစ်ခုသုံးပြီး စာလုံးပေါင်းလို့ ရအောင် သတိနဲ့ဖတ်ရပါတယ်။ တစ်ခါတလေတော့ ဆံပင်ချည်အ ထွေးတွေ ပါလာတတ်တယ်။ အဲ့သလိုမျိုးဆိုရင်တော့ ဘေးနားကအမှိုက်ပုံထဲဆီ လွှတ်ပစ်လိုက်ပါတယ်။ စိတ်လိုလက်ရရှိတဲ့အခါ သူမြှားတတ်တယ် သူမြှားနေခဲ့တာတွေဟာ ငါး မဟုတ်ဘူး။ထူးခြားတဲ့ စကြာဝဠာဖြစ်တည်မှုဆိုင်ရာ တစ်သီးပုဂ္ဂလ ဖြစ်ရပ်တစ်ခုရယ်ပါ သည်ကနေ့တော့ ထူးခြားတဲ့စာတစ်စောင် ရရှိခဲ့တယ်။ လိပ်စာအရတော့ သူတို့အိမ်နားပတ်ဝန်းကျင်ကပဲ စာရေးသူဟာ တင်ကြိုကျရောက်လာမည့် အန္တရယ်ကို ကြိုတင်သိနေပုံပေါ်တယ် ။ ဒါပေမယ့် သူမမှာ ကာကွယ်ဖို့ အင် အားမရှိဘူးတဲ့။ နာရီကိုကြည့်တော့သူမ တွက်ဆထားတဲ့ အန္တရယ်ကျရောက်ချေရှိနိုင်မည့် အချိန် အရမ်းနီးလို့နေပါပြီ။မိနစ်အနည်းငယ်ပဲ ကျန်တော့ပါတယ်။ဘုရားသ ခင်ဆီ ရယ်ရွယ်ပြီး ရေးခဲ့တာစာကတော့သူ့လက်ထဲမှာ ရှိနေပါတယ်။ မြှားသူလည်းကြောက်ရွံ့နေပါ တယ်။ သူ ရှိမနေခဲ့ဘူးဆိုရင် စာပိုင်ရှင် မိန်းကလေးဟာ အခန်းကျဉ်း လေးထဲ အေးစက်ကြောက်ရွံ့နေတော့မယ့်အကြောင်းတွေးမိတယ်။ သူဟာ အိမ်ထဲကအိမ်ပြင်မထွက်ခဲ့တာ ဆယ့်ခုနှစ်နှစ် သက်တမ်းရှိခဲ့ပါပြီ ဒါပေမယ့် ဒါပေမယ့် ပေါင်းများစွာဟာ သူရဲ့အသက်ဝိညာဉ်နှလုံး ခုန်သံ အရာရာတိုင်းကို လွှမ်းမိုးချုပ်ကိုင်လို့ထားပါတယ် သူဟာ အိမ်တံခါးမကြီး ဆီ ဖြေးဖြေးချင်းလျှောက်လာတ ယ်။ တံခါးဝရဲ့ အပြင်ကို ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူအရမ်းကြောက်ခဲ့တဲ့ လေထုနဲ့နေရောင်ခြည်ကို ထိတွေ့ စေလိုက်တယ်။ အိမ်တံခါးကို သော့ခတ်တယ် ခြံထဲက ပန်းသီးပင်အောက်မှာ အမျိုးသမီး တစ်ယောက်ရှိနေတယ်။ အဲ့ဒီအမျိုးသမီးဟာ သူနေ့စဉ် ပြတင်းပေါက် လေးနားက ငေးမောကြည့်ခဲ့ရသူပဲ အမျိုးသမီးက လက်သီးဆုပ်လေးကို ဖြန့်တယ် လက်ဖဝါးပုံစံလေးပေါ့ "ကျွန်မ ရှင့်ကို ဆယ့်ငါးနှစ်အရွယ်ကတည်းက သိခဲ့ပါတယ်။အဲ့ဒီပြတင်းပေါက် ထဲကအိမ်လေးအတွင်းက ထွက်လာလိမ့်မယ်လို့ ဆယ်နှစ်တိတိ မျှော်လင့်ခဲ့ဖူးတယ်" သူ နောက်ဆုံးရခဲ့တဲ့စာဟာ အမျိုးသမီးငယ်လေးဆီက လွဲပြီး အခြားစာမဖြစ်နိုင် မှန်း သူသိလိုက်တယ် "လာပါ ကျွန်မဆီ လက်ကမ်းလိုက်ပါ ပြင်ပလေကို ရှူ ရှိုက်ပါ မိုက်ရီကယ် တွေ တကယ်ရှိကြောင်း ကျွန်မတို့ ဆွေးနွေးရအောင်ပါ " မြှားသူဟာ ပြုံးလိုက်တယ် အပြုံးနဲ့အတူ အမျိုးသမီးဆီလက်ကမ်းလိုက်တယ် Artwork by Juan Diaz Duran ဒိုဒို
"ခေတ်ကြီးကောင်းရင် ပြန်ဆုံကြဦးစို့လို့ပြောပြီး မကောင်းတဲ့ခေတ်ကြီးလည်းပြီးရော ကျနော်တို့မှာ ဆုံစရာလူက တစ်ယောက်မှ မရှိတော့ပါဘူး။" - ကွိုင်
အစကတည်းက ကြောက်ရွံ့တတ်သူမို့ ပြတင်းကို တစ်ဝက်ပဲ ဖွင့်ထားခဲ့မိပေမယ့် ဖန်ခွက်လို ကွဲတယ် ထိုင်ခုံလို ကျိုးတယ် စားပွဲလို ရွဲ့စောင်းတယ် မင်း ရောက်မလာလည်း မင်းမှာ ရောက်လာခွင့် ရှိပါတယ် မင်း ရောက်မလာသေးလည်း မင်းမှာ အရောက်လာခွင့် ရှိပါသေးတယ် - ကိုသျှား (မျှော်ငေး ၁၈)
တကယ်တော့ အသက်ရှင်ခြင်းဆိုတာ ရေဇလုံထဲ တစ်ညလုံး စိမ်ထားမှ ဆေးခိုင် မခိုင် သိနိုင်တာမျိုး မဟုတ်လား တခါတရံ အဓိပ္ပါယ်ဖွင့်လို့ မရနိုင်အောင် ဘဝရေပြင်တစ်ခုလုံး နီစွေးသွားတာမျိုး - အောင်ခင်မြင့်
အရက်ဖြစ်သွားတဲ့နာရီ ___ မောင်သင်းခိုင် ကက်ဆက်ထဲကစိုင်းထီးဆိုင်အသံ ပလက်ဖောင်းပေါ်အန်ကျ လူတွေခလုတ်တိုက်သွားကြတယ်။ မုန်တိုင်းဗဟိုချက်မ လက်ဖက်ရည်ဆိုင်ထဲကျနေ တစ်နာရီမိုင် ၆၀ နှုန်း တဝုန်းဝုန်းတိုက်ခတ်နေလေရဲ့။ ရောမခေတ်ဆံပင်နှင့်လူ မျက်မှန်ထူထူနှင့်လူ (ဗိုက်ခေါက်ထူထူလူမပါ) လူငယ် လူရွယ် လူလတ် ပိန်ကပ်ကပ် ပြားချပ်ချပ် ပါးစပ်ဟောင်းလောင်းသံတညံညံ အဖန်တစ်အိုးပြီးတစ်အိုး သောက်လိုက်တဲ့ အချိုးက ဂျိုးဖြူကန်ခန်းလောက်တယ်။ ဆန်းစသော်တာ ပျားသလက် ဝက်ဝံလက်က ကုတ်ခြစ်ဖဲ့ ကြွေသွားတဲ့စက်တင်ဘာနှင်းဆီ ချက်ကော့စကီး ဒစ္စကို ကိုကာကိုလာတမ်းချင်းသစ် အလင်းမြစ်ရေဆန်ထဲ မျောနေဆဲခရေပွင့်ကြွေ တောင်ကြီးမြို့ရဲ့ညနေခင်း မောင်လေးအောင်ကိုတမ်းတခြင်း စက္ကူငွေလမင်းရုပ်ရှင် ဒဂုန်တာရာရဲ့အလင်္ကာ နှစ်လေးဆယ်သမ္မာကျမ်းစာ မောင်သာနိုးရဲ့မလင်းပြာ ပီကာဆိုရဲ့ခရစ်တော်ပန်းချီကား စကားလှိုင်းလုံးတအိအိ ဘင်္ဂလားပင်လယ်အော်ထိစီးမျောသွား။ အလင်းဆံစအုပ်လုံးသိမ်း နေလုံးစိမ်းစိမ်းကားကား ဖြတ်စာပေးမှားတဲ့အချိန် မုန်တိုင်းငြိမ်ပြီ မာကျူရီအပျင်းကြောဆန့် အိပ်ယာကလန့်နိုးထကာ ရှုသိုးသိုးမျက်နှာနဲ့ စောင်းငဲ့ကြည့်လိုက်တယ် ညဆိုတဲ့ဧည့်သည်ကိုလေ။ နိစ္စဓူဝအလုပ် အချိန်သစ်သီးပုပ်ပွတော့ ပြန်ပေါ့ ပြန်ပေါ့ ပြန်ပေါ့ ကဗျာဆရာတို့ ပြန်ကြတော့ ငါလည်းတစ်ယောက်အပါအဝင်ပေါ့ ပုစွန်တောင်မှာမော့ဖို့လေ။ ။ - မောင်သင်းခိုင် - မိုးဝေ၊မေ၊၁၉၈၀
без подписи
без подписи
[ နေ့စဉ်အဖြစ်အပျက်များထဲ ကျဆုံးခြင်း ] အော်စတာတိက တိုက်ရဲ့ တစ်နေရာက မြေကြွက်ကြီးတွေနဲ့ မြေအောက်ခန်းထဲမှာ သားလုပ်သူက သူ့ကို ဖမ်းချုပ်ထားလိုက်တယ် အဲဒီမတိုင်ခင် တစ်ရက်မှာ သူ မှန်ကြည့်နေရင်း မှန်ဟာ ရုတ်တရက် ချောင်းတွေဆိုးလိုက်တာ သူမေ့နေတဲ့ မိသားစုဓာတ်ပုံကို အန်ထုတ်တဲ့အထိ ဘဝဟာ ယုံကြည်စရာလို့ သင်ထင်နေရာကနေ အနမ်းပျံတွေဟာ သော့ခလောက်ကို ဖွင့်ဝင်လာပြီး အခန်းထဲရောက်မှ ကျီးကန်းတွေ ဖြစ်သွားခဲ့တယ် အဲဒီနောက် သူဟာ သူ့သားရဲ့ ပိုင်နက်ထဲမှာ နှင်းတွေဖုံးနေတဲ့ တောင်တွေ ရေးဆွဲပေးခဲ့တယ် ခရီးသွားတစ်ယောက်ရဲ့ ခြေထောက်တစ်ဖက်ကို ခဏလေးနဲ့ အရိုးပေါ်အောင် စားနိုင်တဲ့ နှင်းတွေ အော်စတာတိကမှာ သစ်ရွက်တွေက မလှုပ်ဘူး သင်ဟာ သင့်မိန်းမကို ထွက်သွားခိုင်းမိမှာပဲ သင်ဟာ သင့်သားရှေ့မှာ မဖွယ်မရာ ဆဲမိမှာပဲ နေ့ရက်တွေမရှိဘဲ ကျောက်တုံးကြီးတွေပဲ ရှိတဲ့ မြက်တွေကို မင်နီနဲ့ဆွဲထားတဲ့ မွေးရပ်မြေမှာ အဖေတွေကို မြေခွေးစာကျွေးတဲ့ဓလေ့ ရှိတယ် ▪ အောင်ခင်မြင့် [ အောင်ခင်မြင့်၏ ငါ့ဘဝကိုပြန်ရေးခြင်း စာအုပ်မှ ] #အောင်ခင်မြင့် #ငါ့ဘဝကိုပြန်ရေးခြင်း #PoetryHarbour_ကဗျာဆိပ်ကမ်း
ဂျွန်အတွက် အရေးအသားတခု - အဆင်း၊ အသံ၊ အနံ့၊ အရသာတွေနဲ့ မူးယစ် ပျော်ဝင်နေတုန်းလား၊ ဘုရားသခင်ကိုရော စကားစမြည် ပြောကြည့်လား၊ ယုံကြည်ပါဆိုတာထက် ဘာတွေပိုကြားခဲ့သလဲ၊ လုပ်နေတာတွေ ခဏရပ်၊ အဝေးကို တချက်ကြည့်လိုက်စမ်းပါ၊ ကိုယ့်အသံထွက်နဲ့ကိုယ် တိတ်ဆိတ်နေရတဲ့လူတွေ၊ အထီးကျန်ခြင်းကို သွေးကြောထဲ တစိမ့်စိမ့် ထိုးသွင်းနေတာ မြင်ရ၊ ဘ၀ဟာ ဘယ်လောက်များ ပင်ပန်းလိုက်သလဲလို့၊ လွှတ်ချခဲ့ခြင်းများကို ဆာလောင်ပါ ဂျွန်၊ လည်နေတဲ့ကမ္ဘာမှာ အားလုံးရပ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ရမှာလောက် ပေါ့ပါးတာ မရှိဘူး လူတွေ အချိန်တိုင်း လောကထဲက ထွက်ခွာနေကြတာပဲ၊ ယင်ကောင်တွေ ကော်ဖီခွက်ထဲ ပြိုင်တူခုန်ချနေကြတာက စိတ်ကျရောဂါလားလို့ ငါမတွေးတော့ဘူး မိုးလင်းမိုးချုပ် ကိုယ့်အရေပြားကိုယ် ပွတ်သပ်၊ အနာတရတိုင်းအတွက် အက်ရှနေဖြစ်တဲ့ နေ့ရက်တွေ၊ ဆိုက်တွဲဆွဲတဲ့ဘဲကြီး ပြောဖူးသလိုပေါ့၊ ဘ၀က ချိုပါတယ်၊ ကိုယ့်ဘက်က ငြီးငွေ့လွယ်နေဖို့ပဲလိုတာ၊ နွေဟာ ပူဆွေးဝမ်းနည်းဖွယ်ရာတွေအတိနဲ့ ရောက်ရှိလို့လည်းလာပြီ၊ မြင်ဖူးတဲ့ တကွက် ကာတွန်းပုံလေးထဲကလို --- ကြိုးကွင်းတွေရဲ့တစ်ဖက်မှာ စိမ်းမြလှပတဲ့မြက်ခင်းပြင်ကြီးတွေဆိုတာ တကယ်လည်း ရှိချင် ရှိနေခဲ့မှာ ဂျွန် ။ - Chucky
မနေတတ် မထိုင်တတ် ရေးကြည့်မိတဲ့ ကဗျာ -------------------------------- သင် မိုးကောင်းကင် အတုနဲ့အစစ် မခွဲခြားတတ်ရင် ကဗျာဆရာ မဖြစ်နိုင်ဘူး ။ ကူးဖြတ်ရမယ့် မြစ်ရဲ့အထာကို မသိရင် ကဗျာဆရာ မဖြစ်နိုင်ဘူး ။ ကမ္ဘာမြေရဲ့ပသာဒကို မြင်အောင်မကြည့်တတ်ရင် ကဗျာဆရာ မဖြစ်နိုင်ဘူး ။ သင် အသံတိတ်မျက်လုံးများနဲ့ ဘာသာစကား ပြောတတ်ရင် ကဗျာဆရာ ဖြစ်နိုင်တယ် ။ ကိုင်းကူးမျိုးပွားနည်းစနစ် ကျွမ်းကျင်ရင် ကဗျာဆရာ ဖြစ်နိုင်တယ် ။ သစ္စာပန်းတွေရဲ့ရနံ့ကို သိုလှောင်တတ်ရင် ကဗျာဆရာ ဖြစ်နိုင်တယ်။ ကဗျာ ဆိုတာ အလျား အနံ အမြင့် ရှိပြီး ကိုယ်ဖော့နိုင်တဲ့ “ခြေလှမ်း” တွေပေါ့ကွာ ။ ။ ▪အနှစ် (နဘူးအိုင်) ▪ ဆရာနဘူးအိုင်၏ မူရင်းဓာတ်ပုံပိုင်ရှင်အား လေးစားစွာ credit ပေးအပ်ပါသည်ခင်မျ
#ဝမ်းနည်းနေသူရဲ့ဓာတ်ပုံ ပုန်းနေတဲ့ကောင်ကို တောင်ပေါ်ကတောင် လှမ်းမြင်ရတယ် မျိုးဆက်များ စီးဆင်းပုံကို အနုစိတ်လေ့လာမိသူရဲ့စာတမ်း ဘီစီ ၄၇၆ တုန်းက ရှိခဲ့ဖူးတဲ့ မိုးစိုနေတဲ့လမ်းကလေးမှာ အစပြုလို့ အားလုံးဟာ အသည်းကွဲဖို့ပဲ တဲ့ လမ်းထဲ လူငယ်လေးတွေအဖြစ် ဝင်လာကြပြီး မြစ်များအဖြစ် ထွက်ခွာသွားကြ ညသန်းခေါင် ကွန်ကရစ်အိမ်နံရံကို ဘယ်သူမှမသိဘဲ လေညင်သာအေးနွဲ့ကလေး တိုက်ခတ်နေ ကြုံရတဲ့ အနေခက်မှုတွေထက် ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေက ပိုများ စိတ်ပျက်ဖို့ကောင်းလိုက်တဲ့ အဖြစ် ကျောမှီလို့ရတဲ့ ပက်လက်ထိုင်ခုံပေါ် ဝမ်းနည်းနေသူဟာ တောင့်မတ်စွာ ထိုင်နေခဲ့တယ်လေ။ #လင်းခါး ၂၀၁၉ မေ