tgindex
Poems Corner

ကဗျာဆရာများရဲ့ကဗျာများ

Последний пост
3 дек.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
15 авг.
Подписчики
1 382
−4 за 4 дн.
Сутки
−2
−0,14%
Неделя
 
Месяц
 
Просмотров на пост
2 059
20 постов
Вовлечённость
149,0%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 3 дек.894145

    ကိုယ်က ဗေဒင်တွေ ယတြာတွေ အယုံအကြည်မရှိတာတောင်မှ တစ်လစာ ဟောစာတမ်းဆိုတဲ့ စာလေးတွေမြင်ရင် မင်းနေ့နာမ်လေးကို အရင်ပြေးဖတ်မိတာပဲ အဲ့သလို သေးသေးဖွဲဖွဲလေးကအစ ဂရုစိုက်ဖူးခဲ့သူပေါ့ကွာ 🥰 -ဧကရီမျိုးအောင်

  • 13 нояб.1 23065

    မင်းသိလား ကိုယ် အိမ်ပြန်လာတဲ့အခါ ဟောင် ဟောင်နေတတ်တဲ့ လမ်းထိပ်ကခွေးလေးလည်း အိမ်ထောင်ကျသွားပြီ။ ဟိုတစ်ရက် အိမ်ပြန်နောက်ကျတုန်းက အဲ့ဒီခွေးလင်မယား ကိုယ့်ကို စုံတွဲဟောင်ကြတဲ့အခါ လက်ထဲက ခဲလုံးလေး ပြုတ်ကျသွားတာက အစ ခံစားရတယ်။ ။ လူ့ဘဝကြီးမှာ ခံစားချက်တွေ ရှိနေလို့လည်း မင်းလည်း မင်းနည်းမင်းဟန်နဲ့ ဖြေသာ ကိုယ်ကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေသာ။ မင်းကိုလည်း အဲ့ဒါကိုပဲ သိစေချင်တာပါ။ ။ -ဇာတိ

  • без подписи

  • ကင်ဝူဘင်လဲ မကြိုက်ဘူး အီ(လီ)ဂျွန်ဆော့လဲ မကြိုက်ဘူး အကို့ကိုပဲ ကြိုက်တာလို့ ပြောတော့ အကိုက ရီ(ရယ်)ပါတယ် . ချစ်တယ် ဟာသပြောနေတာမဟုတ်လို့ ခများ ကျနော့်ကို မလှောင်ပါနဲ့ -ဧကရီမျိုးအောင်

  • အခုကိုယ်ရောက်နေတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို ဖျောက်ဖျက်ခံထားရတဲ့ အတိတ်ကာလတခုမှာ ပျော်ရွှင်ဖွယ်ရာတွေအကြောင်း စကားလုံးတွေအောက် တယောက်နဲ့တယောက်အတူခိုနားပြီးမှ ရယ်စရာများ ကုန်ဆုံးမသွားခင်မှာ တဖက်က ဟာသတွေပိတ် တဖက်က မျက်ရည်တွေ စိတ်နဲ့ခိုးကျရ အတူတူ နှုတ်ဆက်ပြီးမှ အိပ်မက်တွေဆီရောက်ဖို့ အိပ်စက်ကြပေမယ့် အိပ်မက်က နိုးလာတော့ တယောက်နဲ့တယောက် မသိတော့သလို အစိမ်းသက်သက် ရပ်တန့်သွားတဲ့ ဆက်ဆံရေး ။ မီးပျက်တယ် ၊ မိုးရွာတယ် ၊ မုန်တိုင်းတိုက်တယ် စိတ်ပူရတဲ့အကြောင်းအရာဟာ တယောက်ထဲလည်း ခိုးပြီးလုပ်တတ်ရတယ် အပြန်အလှန် မဟုတ်မှတော့ တဖက်သပ်ပေါ့ တဖက်က သတ်လိုက်ရင် နောက်တဖက်က ​ေ သပေးရုံပဲ အခုကိုယ်ရောက်နေတာ ကိုယ်တယောက်ထဲ သိမ်းထားပြီး တသသ ပြန်ထုတ်ကြည့်နေရတဲ့ အတိတ်ကာလတခုမှာ ... -ဇောက်ထိုး

  • ကျနော်တို့သာ တကယ်ဆန္ဒရှိရင် move-onလုပ်လို့ရပါတယ်... အားလုံးကိုလွှတ်ချထားခဲ့လို့ရတယ်၊ အရာရာ အစကပြန်စလို့ရတယ်၊ ဘာမှမခက်ပါဘူး... ဒါပေမယ့် ကျနော်တို့ဟာ ဘဝရဲ့ ​ပျော်စရာအကောင်းဆုံး အခိုက်အတန့်တွေကို အဲ့ဒီတစ်ယောက်နဲ့ သွားဖြတ်သန်းခဲ့မိတယ်၊ ကိုယ့်ဘဝကလည်း ပျော်စရာသိပ်နည်းလွန်းခဲ့တော့ (ကျနော်တို့ဟာ) လွယ်လွယ်လေးနဲ့ move-onမလုပ်နိုင်ခဲ့ကြဘူး... မဟုတ်ဘူး... တကယ်က ကျနော်တို့ မလုပ်ရဲခဲ့တာ... - မိုးနေ့

  • အမှောင်ထဲမှာတော့ ဖယောင်းတိုင်တစ်တိုင် ထွန်းညှိလိုက်ဖို့ထက် တစ်ယောက်ယောက်ကို ကျိန်ဆဲလိုက်ဖို့ ဆိုတာက အမြဲတမ်း ပိုမိုလွယ်ကူနေခဲ့တာပဲ။ အချစ် မရှိတော့တဲ့ နောက်ပိုင်းမှာလည်း ကိုယ့်ရဲ့ ခန္ဓာကိုယ်တစ်ဝိုက်က အလင်းက မှေးမှိန် ပျောက်ကွယ်သွားခဲ့မှာပဲ။ လူတစ်ယောက်ကို နောက်တစ်ယောက်က ချစ်ဖို့၊ ဒါမှမဟုတ် တစ်ယောက်က နောက်တစ်ယောက်အတွက် အိမ်ကလေးတစ်လုံး ဖြစ်ဖို့ ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။ -မိုးရဲ

  • အထီးကျန်ဖို့ကောင်းတဲ့ ရေဒီယိုလိုင်းလေးဟာ ဘယ်သူမှ မဖမ်းမိတဲ့ ကျနော့်ရဲ့ဆစ်ဂနယ်ပါပဲ အနားမှာ လူတွေ ဘယ်လောက်များများ ကိုယ့်ကို စာနာနားလည်ပေးနိုင်တဲ့သူ မရှိရင်တော့ အထီးကျန်တာပဲ မဟုတ်လား..။ -ဖရော်ဆန်

  • စောင့်မျှော်နေတဲ့ လည်တိုင်တွေကို လွယ်လွယ်နဲ့တော့ နားလည်မှာမဟုတ်ဘူး.. ရိုးတွင်းချဉ်ဆီထဲထိ ဝင်သွားတဲ့အခါ ဒဏ်ရာဟာ မနာတော့ဘူး သယ်ဆောင်သွားရတာ.. ။ -မြကျေး

  • အဆုံးနဲ့ အစဟာ ဘာမဆို ခြေတစ်လှမ်းစာပါပဲ ဘေဘီရယ် ... ။ စောင့်နေသူရှိတာ သေချာရင် လူဟာ ပြန်လာနိုင်တာပဲ ... ။ -မြကျေး

  • လမ်းခွဲပြီး သုံးမိနစ်မှာ တယောက်က အရက်ဆိုင်ထဲဝင်သွားတယ် တယောက်က ဘုန်းတော်ကြီးကျောင်းထဲဝင်သွားတယ် တယောက်က ကြိုးကျစ်တယ် တယောက်က တံတားပေါ်တက်သွားပြီး တယောက်က မြစ်ထဲဆင်းသွားတယ် ဘယ်သူမြတ်တယ်ထင်သလဲ ဘယ်သူမှ မမြတ်ပါဘူး အကုန် အသည်းကွဲရတာချည်းပဲ ။ -သားဦး

  • တကယ့်တကယ်ကျ အချိန်မရွေးပြန်လာခဲ့ ဆိုတဲ့ တံခါးလေးလည်း အပြီးပိတ်သွားခဲ့တာပါပဲ မျှော်လင့်ထားပြီးသားဆိုပေမဲ့ ဒီဘက်မှာ နာကျင်စိတ်ကလည်း တိကျတယ် ။ -မယ်စိမ်းလန်း

  • အသက်အရွယ်ရလာတော့ အရာရာကို တွန့်ဆုတ်လာတယ်။ မရှိတော့သလောက် ပါးလျလာတဲ့နှလုံးသားအစား မှန်အရိပ်မှာပဲ အသည်းပုံဆွဲရတယ်… -ပြာ

  • ကမ္ဘာကျော်လွမ်းခန်းတွေပျံသန်းနိုင်တယ်ဆိုတာ ဘာလောင်စာ ဘာစွမ်းအင်မှမပါပါဘူး တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့တာ သေချာခဲ့ဖို့ပဲလိုပါတယ် ။ ။ - စိုင်းဝင်းမြင့်

  • ဘဝမှာ အချို့အရာတွေက လိုက်လေဝေးလေပဲတဲ့ မလိုက်တဲ့အခါကျတော့ရော . . . အဲဒီ့ကျရင် လုံးဝလက်လွှတ်လိုက်ရရော ။ -ဏေသစ်

  • ဒီနေ့ဟာပုံမှန်ပဲ အသည်းကွဲတယ် သီချင်းညည်းတယ်။ မပျော်တော့တဲ့ဘဝတွေထဲ လွမ်းဆွတ်ခြင်းတွေ လောင်းထည့်လိုက်တယ်။ နေလည်းမပျော်ဘူး သေလည်းမပျော်ဘူး။ ဒီလိုနဲ့ပဲ ဝေးသွားတယ်…။ -မာရီယာလင်း

  • ခေါင်းငုံ့ပြီး လျှောက်ခဲ့ရတဲ့ လမ်းတွေမှာမှ ခလုတ်တိုက်ပြီးလဲရတာ ပိုပြီးနာကျင်စရာမကောင်းဘူးလား... ဟော... အခုလည်း သတိထားနေတဲ့ကြားက ။ ကျနော်တစ်ယောက်တည်းဖြစ်သွားပြန်ပြီ။ ။ -နွေသစ်ငြိမ်း

  • မီးရောင်လေးပေါ့ အဝေးမှာ တယောက်ယောက်ကို လောင်နေတာဖြစ်မယ်။ လသာလိုက်တာလို့ တစ်ယောက်တည်း ပြောနေရတဲ့ဒုက္ခကိုတော့ မုန်းလှတယ်။ . -ခင်ဖုန်းသက်ဝေဂယ်လာရီ

  • လူတွေမှာ ချစ်ခြင်းမေတ္တာတရား ဆိုတာက တကယ် အစစ်အမှန်မှ ဟုတ်ရဲ့လား ဒုက္ခတရားဆီ သွားတော့မယ်ဆိုရင် သူတို့က သက်သာရာမှာ ကျန်ခဲ့တာချည်းပဲ။ -ပိုင်

  • ဘဝမှာ နောက်ကျသွားပြီ ဆိုတာ တကယ်ရှိတယ်။ ပြောရမဲ့အချိန်မှာ ပြောသင့်တဲ့စကားကို ပြောဖြစ်အောင် ပြောပါ။ ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ် မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်။ -လူခေး