tgindex
Roll Number 41

Roll Number 41

Статистика
@rollnumber41Музыкаанглийский

Created by Roll Number 41

Последний пост
11 янв.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
27
Тип
открытый
Язык
английский
Категория
Музыка (по похожим)
В каталоге с
15 авг.
Подписчики
2 337
−3 за 2 дн.
Сутки
−1
−0,04%
Неделя
 
Месяц
 
Просмотров на пост
2 371
27 постов
Вовлечённость
101,5%
к подписчикам
Постов в день
0,0
всего 27
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 11 янв.1 8573912

    KMITL 📢 ဒီနှစ် KMITL လျှောက်ဖို့ပြင်နေတဲ့သူတွေ မသိတာတစ်ခုခုရှိရင် လက်ရှိ first year မှာ 50% scholarship နဲ့ biomedical engineering တက်နေတဲ့ ကျွန်တော့်သူငယ်ချင်း @kyinuenaingg ကို သွားမေးလို့ရပါတယ်။ ကျောင်းလျှောက်တာ scholarship လျှောက်တာကအစ တက်ဖြစ်ရင် ကျောင်းကိုရောက်တဲ့အထိ မသိတာတွေအကုန်လုံးကို အတိုင်းအတာတစ်ခုအထိ သူ ပြောပြပေးပါလိမ့်မယ်။ ဒါလေး ကြော်ငြာလာဝင်တာပါ။

  • 9 янв.2 0021209

    ကျွန်တော် အသက် ၁၇ နှစ်မှာ အိမ်ကထွက်လာခဲ့တယ်။ အားနေ program တွေပဲ ထိုင်လျှောက်လိုက် သွားလိုက် လုပ်ခဲ့တော့ အိမ်တံခါးဝကနေ တစ်ယောက်တည်း luggage ဆွဲပြီးထွက်တာက သိပ်စိမ်းတဲ့ experience တော့မဟုတ်ခဲ့ပေမယ့် ဒီတစ်ခါက မတူဘူး။ ဘယ်အချိန်မှ အိမ်ပြန်ရောက်မလဲ မသိခဲ့လို့။ လေယာဥ်က မနက်စောစောကွင်းချိန်းပေမယ့် အိပ်လို့မပျော်ခဲ့ဘူး။ တစ်အိမ်လုံးအိပ်နေပြီဆိုတော့ “Forever young” သီချင်းကို တိုးတိုးလေးဖွင့်ရင်း အခန်းထဲက ရှုပ်ပွနေတဲ့ ကျွန်တော့် ပစ္စည်းတွေ တစ်ခုချင်း လိုက်ကြည့်ခဲ့တယ်။ program certificate တွေ၊ တိုက်ကွမ်ဒို လက်မှတ်တွေ၊ လည်ဆွဲကတ်တွေ၊ အဖြစ်အပျက်တစ်ခုချင်းစီက ခေါင်းထဲပေါ်လာတော့ အထပ်ထပ်အခါခါ တွေးမိနေတာက “ကျေနပ်တယ်” ဆိုတဲ့အတွေး တကယ်လည်း နောင်တ မရှိခဲ့ဘူး။ ဆယ်ကျော်သက် ဘဝဆိုတာ မိဘတွေအပေါ်နည်းနည်းဆိုးမိတာကလွဲရင် လုပ်ချင်တာတွေ အကုန်လုပ်ပြီး ဖြတ်သန်းခွင့်ရခဲ့တယ်ပေါ့လေ။ နောက်နေ့ မနက်ရောက်တော့ ၂ နာရီပဲ အိပ်ထားတဲ့ မျက်ကွင်းတွေနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တယ်။ လေဆိပ်ရောက်တော့ မိဘတွေက စိတ်ချလက်ချထားခဲ့တယ်။ တစ်ယောက်တည်းလုပ်နိုင်တယ် ဆိုတာ သူတို့ ယုံပြီးသားမို့လို့ တစ်ယောက်တည်း လုပ်နိုင်အောင် လုပ်ပြရမယ် ဆိုတဲ့အတွေးက အဲ့အချိန်ကတည်းက ခေါင်းထဲမှာ ရှိနေခဲ့တယ်။ အိမ်စာချုပ်ချုပ်တာ၊ ရေပိုက်ပျက်တာ၊ စက်ဘီးပျက်တာ လိုမျိုး ကိစ္စသေးသေးလေးတွေကအစ Visa နဲ့လာတာကို 14 ရက် တံဆိပ်တုံးမှားထုပေးလိုက်လို့ immigration office ‌ရော လေဆိပ်ရော ပြန်ပြေးရတဲ့ ထောင်ကျနိုင်တဲ့ ကိစ္စအကြီးကြီးတွေအဆုံး၊ “လိုက်လုပ်ပေးမယ့် အမေ နဲ့ အဖေ မရှိဘူး” ကိုယ့်ကိုယ်ကိုယ် remind ပြန်လုပ်ရတယ်။ အိမ်က ကြိုက်တဲ့အချိန်ထွက်လို့ရပြီး ပြန်ချင်တဲ့အချိန်မှ ပြန်လို့ရတဲ့ဘဝမှာ ကိုယ့်ကိုယ်ကိုယ် ထိန်းရတယ်။ တစ်ယောက်တည်းနေတော့ သိသိသာသာလွတ်လပ်ပြီး သိသိသာသာ အထီးကျန်လာတယ်။ ဒီ လွတ်လပ်မှုကို ကြိုက်တာလား မကြိုက်တာလား သေချာ မခွဲနိုင်ပေမယ့် တဖြည်းဖြည်းအသားကျလာတာပါပဲ။ ကျွန်တော့်ထက် အသက်ကြီးတဲ့ အတန်းဖော်တွေက ရင့်ကျက်အောင် တစ်ခုချင်း သင်ပေးသလို ကိုယ်ကလည်း adapt လုပ်ရတယ်။ သောက်ကျိုးနည်း လူကြီးဘဝက တော်တော်ဆိုးပါတယ်။ Second semester ပြီးရင်တော့ ပြန်လာနိုင်အောင် ကြိုးစားပါဦးမယ်။ ကဲ ဒါပါပဲ။ ဒီစာဖတ်ပြီး ဘာမှတော့ မရလောက်ပါဘူး။ အကျိုးရှိတာတွေချည်းပဲတင်ရင် ပျင်းဖို့ကောင်းလို့ အကျိုးမရှိတာလေး တစ်ခုပါပေါ့။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။

  • 9 янв.1 594172

    без подписи

  • 1 янв.2 3185734

    Scholarship Interview - tips from a scholarship student အားလုံးပဲ မင်္ဂလာပါ။ အခု scholarship တော်တော်များများလည်း စခေါ်နေပြီး interview season တောင်ရောက်တော့မယ် ဆိုတော့ ကိုယ့်အလှည့်တုန်းက ပြင်ဆင်ခဲ့ပုံတွေနဲ့ အတွေ့အကြုံအရ personal tip လေးတွေ ဒီ post မှာ ပြောပြသွားပါမယ်။ ဒီ content က ကိုယ်တစ်ယောက်တည်းရဲ့ အမြင်/ အတွေ့အကြုံဖြစ်တဲ့အတွက် စိတ်ဝင်စားမှ ဆက်ဖတ်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရမယ်ဆိုရင် ကျွန်တော်ကတော့ လက်ရှိမှာ ထိုင်းနိုင်ငံ, Thammasat University မှာ TISR scholarship နဲ့ first year တက်ရောက်နေပါတယ်။ ဆိုတော့ Interview ကိစ္စကို ပြန်သွားလိုက်ရအောင်။ ▪️ဘာမေးခွန်းတွေ မေးလေ့ရှိလဲ။ ပုံသေတော့ ပြောလို့မရဘူးပေါ့။ များသောအားဖြင့် “tell me about yourself” လိုမေးခွန်းမျိုးနဲ့ စတတ်ပြီး အဲ့မေးခွန်းကို ကိုယ် ဘယ်လိုပြန်ဖြေလဲ ပေါ်မူတည်ပြီး နောက်ထပ် မေးခွန်းတွေ ထပ်ပြီး မေးတတ်ပါတယ်။ အဓိကကတော့ မေဂျာနဲ့ ဆိုင်တာတွေ ပေါ့။ အဲ့တာအပြင် SOP, Portfolio ထဲ ထည့်ထားတာတွေပေါ်မူတည်ပြီးတော့လည်း သူတို့ သိချင်တာရှိရင် ထပ်ပြီး မေးတတ်ပါသေးတယ်။ ကိုယ့်တုန်းကဆိုရင် SOP ရော portfolio ရောက sustainability နဲ့ SDGs အကြောင်း အများကြီးပါတော့ TISR interview မှာ sustainability နဲ့ပက်သက်တာ တစ်ခု မေးပါတယ်။ အခက်ကြီးမဟုတ်ပါဘူး။ ▪️ဘာမေးမှန်းမသိတော့ ဘယ်လိုပြင်ဆင်ရမလဲ ဘာမေးခွန်းလာလာ confidence ရှိရှိနဲ့ သင့်တော်တဲ့ အဖြေကို ပြန်ဖြေနိုင်ရင် အဆင်ပြေတယ် လို့မြင်ပါတယ်။ perfect ဖြစ်စရာမလိုပါဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံးချပြပါ။ မဟုတ်တာကို လုပ်ကြံပြီး ဖြေတာကိုတော့ အားမပေးပါဘူး။ Interviewer တွေက ခွဲတတ်ပါတယ်။ Personal experience အရဆိုရင် မှတ်မှတ်ရရ KMITL interview တုန်းက မထင်မှတ်ထားတဲ့မေးခွန်းတွေချည်းပဲ လာပေမယ့် လူကြီးတစ်ယောက်နဲ့ ပေါ့ပေါ့ပါးပါး conversation တစ်ခု တည်ဆောက်နေတယ် လို့တွေးပြီး ဖြေလိုက်တော့ အဆင်ပြေသွားပါတယ်။ interviewer ကတောင် communication skill ကောင်းတယ် လို့ချီးကျူးသွားပါသေးတယ်။ (အကြွားလေး တစ်ဖြတ် 😁) ဒီနေရာမှာ ပေါ့ပေါ့ပါးပါး ကိုမှ respect ရှိရှိ ယဥ်ယဥ်ကျေးကျေး ပြန်ဖြေတတ်ဖို့ အရေးကြီးပါတယ်။ ❗️Personal tips❗️ ▫️အင်္ကျီ သပ်သပ်ရပ်ရပ်ဝတ်ပါ။ အောက်က ဘောင်းဘီကတော့ ကင်မရာထဲ မပေါ်တာမို့လို့ ပဂျားမား ဖြစ်ဖြစ် ဘာဖြစ်ဖြစ်ပေါ့နော်။ ကိုယ့်တုန်းကဆိုရင် shirt အဖြူနဲ့ tie အနီရောင် ကောက်စွပ်ပြီး ဝင်ဖြေတာပါ။ ▫️Internet လိုင်းကောင်းအောင် အကုန်စီစဥ်ထားပါ။ ▫️ဘာပဲမေးမေး မကြောက်ပါနဲ့။ English speaking စစ်နေတာ မဟုတ်လို့ ချက်ချင်း ပြန်ဖြေစရာမလိုပါဘူး။ ဘယ်လို အကောင်းဆုံးပြန်ဖြေရမလဲ ဆိုတာ စဥ်းစားလို့ရပါတယ်။ ▫️အခုမှ ကြားဖူးတဲ့ မေးခွန်းတွေကို make-up မလုပ်ပါနဲ့။ သူတို့သိပါတယ်။ ကြိုလေ့ကျင့်ထားရင်တော့ တစ်မျိုးပေါ့လေ။ လုံးဝ မလုပ်ဘဲ ကိုယ့်ကိုယ်ကိုယ် authentic ဖြစ်ဖြစ် ချပြနိုင်ရင် အကောင်းဆုံးပါ။ ▫️risk များတဲ့ မေးခွန်းမျိုးတွေကို သေသေချာချာ စဥ်းစားပြီး ပါးပါးနပ်နပ် ဖြေပါ။ ကျောင်းတွေက အေးချမ်းစွာနေရင်း စီးဘွားရေး လူမှုရေး ဘာရေး ညာရေး နဲ့ မငြိချင်ကြပါဘူး။ ▫️“I know what I am doing” ဆိုတာကို သူတို့သိအောင် ချပြပါ။ ကိုယ်က ဘာစိတ်ဝင်စားတယ်၊ အနာဂတ် plan တွေ ဘယ်လိုရှိတယ်၊ ဒီမေဂျာ ဒီကျောင်းကို တကယ် တက်ချင်တယ် ဆိုတာကို သူတို့ မြင်အောင် ပြပါ။ ▫️ပြုံးထားပါ။ တည်ငြိမ်ဖို့ လိုပါတယ်။ မျက်နှာတည်ဖို့ မလိုပါဘူး။ ▫️Portfolio မှာ ဘာထည့်ထားတယ်၊ SOP မှာ ဘာတွေထည့်ရေးထားတယ် ဆိုတာ ပြန်ကြည့်တာဖြစ်ဖြစ် လုပ်ထားလို့ရပါတယ်။ ဒါပါပဲ။ Happy New Year ပါ။ ✨ အကုန်လုံး ကံကောင်းကြပါစေ။

  • 1 янв.1 48463

    без подписи

  • 2 дек.2 1302922

    Child dream’s scholarship မနေ့က စဖွင့်ပါတယ်။ Need-based မို့လို့ financially လိုအပ်နေတဲ့ ကျောင်းသားတွေကို ပေးမှာပါ။ ဒီနှစ်ပေးမယ့် မေဂျာ list ပါ Elementary Education - Asia-Pacific International University Media and Communication - Bangkok University Innovative Media Production - Bangkok University Economics - Chiang Mai University Environmental Science - Chiang Mai University Social Science - Chiang Mai University Software Engineering - King Mongkut's Institute of Technology Ladkrabang Public Health - Mae Fah Luang University Environmental Health - Mae Fah Luang University International Development - Mae Fah Luang University Civil Engineering - Thammasat University Global Studies and Social Entrepreneurship - Thammasat University Social Policy and Development - Thammasat University Politics and International Relations - Thammasat Unviersity ကျန်တဲ့ eligibility criteria တွေ နဲ့ application အဆင့်ဆင့်ကို သူတို့ facebook post မှာ ချပေးထားတဲ့ link ထဲဝင်ကြည့်လို့ရပါတယ်။ Facebook post link - https://www.facebook.com/share/p/17TRKwdo25/?mibextid=wwXIfr Child’s dream ကတော့ ကိုယ်တိုင် မလျှောက်ဖူးပေမယ့် ရထားတဲ့ အသိသူငယ်ချင်းတွေနဲ့ ချိတ်ဆက်ပေးလို့ရတာမို့လို့ အကူအညီလိုအပ်ရင် လာခဲ့လို့ရပါတယ်။ ✨

  • 2 дек.1 7063

    без подписи

  • 24 нояб.2 2522228

    TISR round 1 ဒီနေ့ကစပြီး application စဖွင့်ပါပြီ။ ဒီနှစ်ကတော့ ▪️Waiver of tuition fees and monthly stipend of 7,500 Baht ▪️Waiver of tuition fees ▪️Waiver of tuition fees by 50% ဆိုပြီး category အပြောင်းအလဲရှိပါမယ်။ bachelor ရော master ရော အောက်က website ထဲမှာ offer လုပ်တဲ့ major တွေနဲ့ admission requirement တွေ အသေးစိတ်ဝင်ကြည့်လို့ရပါတယ်။ မေဂျာပေါ်မူတည်ပြီး admission requirement ကွဲပါလိမ့်မယ်။ https://oia.tu.ac.th/announcement-page/#tisr-annoucement-2026 ဒီလ အစတုန်းက Thammasat International Office Facebook page က တင်ထားတဲ့ post အရ Feb- March လောက် round 2 ထပ်ရှိပါလိမ့်မယ်။ ▫️FAQs - "stipend နဲ့ လောက်လား" လောက်အောင် သုံးရင် လောက်ပါတယ်။ မလောက်အောင် သုံးရင် မလောက်ပါဘူး။ အခန်းခ နဲ့ ကိုယ့်နေထိုင်မှုပုံစံပေါ်မူတည်ပါလိမ့်မယ်။ "မြန်မ‌ာကျောင်းက အထက်တန်းပြီးထားတယ်။ GED ပြန်ပြင်ရမလား" GED မဖြစ်မနေ တောင်းထားပါတယ်။ တွေ့မိသလောက် တက္ကသိုလ် နောက်ဆုံးနှစ်သမားတွေတောင် GED ပြန်ပြင်ရတာတွေရှိပါတယ်။ ကိုယ်က အထက်တန်းအဆင့်ပြီးထားရင်တော့ မဖြစ်မနေ ပြန်ပြင်ရမှာဖြစ်ပြီး တက္ကသိုလ်တတိယနှစ် တို့ နောက်ဆုံးနှစ်တို့ဆိုရင်တော့ ကျောင်းကို mail ပို့ပြီး မေးကြည့်တာ ပိုသေချာပါလိမ့်မယ်။ "SAT လိုလား" major ပေါ်မူတည်ပါတယ်။ ဥပမာ engineering တို့ business တို့ဆိုရင်တော့ သူတို့ပေးထားတဲ့ option တွေထဲက test တစ်ခုခုမဖြစ်မနေ ပြင်ရပါမယ်။ (SAT/ ACT etc) ကဲ အားလုံးပဲ good luck ပါ။ မသိတာရှိရင် လာမေးလို့ရပါတယ်။ (လောလောဆယ်တော့ ကျွန်တော် final ရှိလို့ reply နောက်ကျနိုင်ပါတယ်။ ၇ ရက်နေ့ နောက်ပိုင်းအားပြီဆိုတော့ သေချာလေး ဖြေပေးပါမယ်လို့။)

  • 24 нояб.1 6201116

    без подписи

  • 22 окт.2 4162421

    Information about Thammasat TISR scholarship !! TISR Round 1 က Nov 1 to Dec 12 ခေါ်မယ် လို့အစ်ကိုတစ်ယောက် တင်ထားတာ တွေ့ပါတယ်။ လျှောက်ဖို့ စဉ်းစားထားတဲ့သူတွေအနေနဲ့ အခုကတည်းက portfolio, personal statement နဲ့ လိုအပ်တဲ့ document တွေ ကြိုပြင်ထားလို့ရအောင်ပါ။ https://oia.tu.ac.th/ TISR scholarship နဲ့ပက်သက်ပြီး ဒီ website မှာ TISR လို့ရိုက်ရှာလိုက်ရင် ဘာတွေလိုလဲ ကအစ လျှောက်လို့ရတဲ့မေဂျာအဆုံး အကုန်တွေ့မှာပါ။ ⚠️သတိပြုရမှာကတော့ application fee သွင်းရပါတယ်။ ထိုင်းဘဏ်နဲ့ပဲ ရတာဖြစ်တဲ့အတွက် ဘဏ်အကောင့်မရှိရင် ဘဏ်ကိစ္စ (လွှဲပေးတဲ့သူ ဘာညာ) ကြိုပြီး စုံစမ်းထားဖို့ အကြံပေးပါတယ်။ ကိုယ့်အလှည့်တုန်းက မသိဘဲ application deadline မှ submit လုပ်မလို့လုပ်တော့ တော်တော်လေး တိုင်ပတ်ခဲ့တာမို့လို့ပါ။

  • https://www.facebook.com/share/p/1AuYd8AvZM/?mibextid=wwXIfr

  • FAQs - အသက်ကတော့ ၁၅-၁၈ လို့အရင်နှစ်က ရေးထားပေမယ့် ဒီနှစ်မတွေ့မိတော့ သေချာအောင် သူတို့ကိုပြန်မေးကြည့်တာပိုကောင်းပါတယ်။ - air-tickets, accommodation, အကုန် fully-funded ပါ။ - high school students ဆိုတာမှာ GED, IGCSE, gov school, home school အကုန်ရပါတယ်။ GED ဖြေပြီးထားလည်း uni student မဟုတ်ရင် လျှောက်လို့ရပါတယ်။ - ဂျပန်စာ တတ်ဖို့ မလိုပါဘူး။ နောက်ထပ်သိချင်တာတွေကိုတော့ webinar မှာမေးလို့ရပါမယ်။ အဲ့တာက ဒီနေ့ post တင်ဖြစ်မှာဆိုတော့ ဒီမှာလည်း share ပေးပါ့မယ်။ လျှောက်ထားတဲ့သူတွေအကုန်လုံးလည်း good luck ပါ။ 🍀

  • hellllooo အားလုံးပဲ မင်္ဂလာပါ။ သတင်းကောင်းတစ်ခုရှိပါတယ်။ ကျွန်တော် မနှစ်ကသွားခဲ့တဲ့ JENESYS SDGs x Sports exchange program က အခုခေါ်နေပါတယ်။ JENESYS ဆိုတာက ASEAN နိုင်ငံအကုန်လုံးက participant တွေကိုခေါ်တဲ့ ၇ ရက်တာ fully-funded Japanese exchange program တစ်ခု ဖြစ်ပါတယ်။ requirement က high school students ဖြစ်ရမယ်လို့ တစ်ခုပဲ တောင်းထားတာဆိုတော့ စိတ်ဝင်စားရင် တကယ် လျှောက်ကြည့်သင့်တဲ့ program တစ်ခုပါ။ သန်ဘက်ခါ ညကျရင်လည်း မနှစ်ကသွားခဲ့တဲ့ alumni တွေကနေပြီးတော့ webinar တစ်ခုလုပ်ပေးဖို့ ရှိတာမို့ အဲ့အကြောင်းကိုလည်း အသေးစိတ် ထပ်တင်ပေးပါမယ်။ မလျှောက်ခင် သိချင်တဲ့ဟာတွေ အကုန်လုံးမေးလို့ရအောင်ပါ။ https://www.facebook.com/share/p/1AtT5b62hq/?mibextid=wwXIfr ဒါကတော့ original post ပါ။ https://www.facebook.com/share/v/16osT3BdTB/?mibextid=wwXIfr ဒါက experience sharing လုပ်ထားတဲ့ post ပါ။ ကျွန်တော့်ပုံတွေချည်းပဲ ဆိုပေမယ့် စိတ်ဝင်စားတဲ့သူတွေ ဝင်ကြည့်လို့ရပါတယ်။ 😁

  • без подписи

  • Free Q and A session (28.7.2025, 7 pm MMT) (zoom link below) scholarship နဲ့ပက်သက်ပြီးတော့ရော တခြား အထွေထွေ သိချင်တဲ့မေးခွန်းတွေကို webinar တွေမှာ အချိန်အကန့်အသတ်ကြောင့် တစ်ချို့ မဖြေပေးလိုက်ရတာတွေရှိပါတယ်။ dm မှာဆိုလည်း စာရိုက်ရတာဆိုတော့ သေချာ မဖြေပေးနိုင်ဘူးပေါ့။…

  • без подписи

  • Free Q and A session (28.7.2025, 7 pm MMT) (zoom link below) scholarship နဲ့ပက်သက်ပြီးတော့ရော တခြား အထွေထွေ သိချင်တဲ့မေးခွန်းတွေကို webinar တွေမှာ အချိန်အကန့်အသတ်ကြောင့် တစ်ချို့ မဖြေပေးလိုက်ရတာတွေရှိပါတယ်။ dm မှာဆိုလည်း စာရိုက်ရတာဆိုတော့ သေချာ မဖြေပေးနိုင်ဘူးပေါ့။…

  • Free Q and A session (28.7.2025, 7 pm MMT) (zoom link below) scholarship နဲ့ပက်သက်ပြီးတော့ရော တခြား အထွေထွေ သိချင်တဲ့မေးခွန်းတွေကို webinar တွေမှာ အချိန်အကန့်အသတ်ကြောင့် တစ်ချို့ မဖြေပေးလိုက်ရတာတွေရှိပါတယ်။ dm မှာဆိုလည်း စာရိုက်ရတာဆိုတော့ သေချာ မဖြေပေးနိုင်ဘူးပေါ့။ အဲ့လို မေးချင်တဲ့ မေးခွန်းတွေအတွက် q and a သီးသန့် session တစ်ခုလုပ်ပေးရမလား လို့ပါ။ စာရှည်သွားမှာစိုးလို့ ကိုယ့်ကိုယ်ကိုယ် တော့ မမိတ်ဆက်တော့ပါဘူး။ KMITL/ Thammasat/ Ritsumeikan APU scholarship တေွတင်မကဘဲ လမ်းပျောက်နေတဲ့သူတွေအတွက် အနည်းနဲ့အများ အကူအညီဖြစ်ဖို့ ရည်ရွယ်ပါတယ်။ ပေါ့ပေါ့ပါးပါး ပဲသွားဖြစ်မှာမို့ သိတဲ့သူတွေရော မသိတဲ့သူတွေရော တစ်ခုခုမေးချင်တာရှိရင် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ (chat ကနေ privately မေးလို့ရအောင် စီစဉ်ပေးထားပါမယ်) ရက်က ၂၈ ရက်နေ့၊ တနင်္လာနေ့ ဖြစ်ပါမယ်။ မြန်မာအချိန် 7-9 pm လောက်အထိတော့ မှန်းထားပါတယ်။ မအားတဲ့သူတွေအတွက် မေးချင်တဲ့မေးခွန်းကို google form မှာလည်း ရေးပေးသွားလို့ရပါတယ်။ Roll Number 41 page မှာ recording ပြန်တင်ပေးပါမယ်။ Google form - https://docs.google.com/forms/d/e/1FAIpQLScrKh-iBQhJifU13kFj9ajz8pp45ZLH2Cqe113CHadzLvhclw/viewform?usp=header ဆိုတော့ နိဂုံးချုပ်အနေနဲ့ ညီမကို မေးချင်တဲ့ မေးခွန်းရှိရင် ၂၇ ရက်နေ့ ည ၇ နာရီမှာ ဘယ်သူမဆို အောက်က zoom link ကို join ခဲ့လို့ရပါတယ်။ live အနေနဲ့ လာမေးချင်လည်းရသလို အပေါ်က google form ထဲမှာ မေးခွန်းတွေ ဝင်ရေးသွားလည်းရပါတယ်။ တနင်္လာနေ့ တွေ့ကြပါမယ်။ ✨ Eaint Kyal Sin is inviting you to a scheduled Zoom meeting. Topic: Free Q and A session Time: Jul 28, 2025 07:00 PM Rangoon Join Zoom Meeting https://us05web.zoom.us/j/5030979879?pwd=Mwbxu3VJ69ZvAOzXeeiEbtUjIsZkXT.1&omn=83501510867 Meeting ID: 503 097 9879 Passcode: rollno41

  • без подписи

  • Hello. အားလုံးပဲ မင်္ဂလာပါ။ ဒီ post ကတော့ update အနေနဲ့ ရေးလိုက်တာပါ။ ကျောင်းကိစ္စတွေရော personal case တွေရောနဲ့ နည်းနည်းအလုပ်ရှပ်ခဲ့တာမို့ post ်မတင်နိုင်တာ တော်တော်ကြာသွားပါတယ်။ အခု Thammasat Uni ကိုရွေးဖြစ်ခဲ့ပြီး လာမယ့် august မှာ semester စမယ်ပေါ့။ ဒီကြားထဲ webinar 2 ခုမှာ speaker လုပ်ဖြစ်ခဲ့ပါတယ်။ တွေ့တဲ့သူတွေလည်း တွေ့ကြမယ်ပေါ့လေ။ ဒီညလည်း တစ်ခုရှိဉီးမှာဆိုတော့ မေးချင်တဲ့ မေးခွန်းတွေ၊ သိချင်တာတွေ ရှိရင် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်လို့။ Roll Number 41 ကုိ မပစ်ထားပါဘူး။ မကြာခင် post update တွေလာဖို့ရှိပြီး အခု TISR round 1 မှာ scholarship တူတူရခဲ့တဲ့ အစ်ကိုအစ်မ တွေနဲ့ discussion video ပုံစံမျိုးလေး ကျောင်းစမဖွင့်ခင် တင်ပေးဖို့ရှိပါတယ်l။ ဒါကတော့ လောလောဆယ် plan ထားတာပေါ့။ စလုံးရေ တောင် မစရသေးပါဘူး။ (ကြို spoil တာ) ဆိုတော့.. ညကျရင် တွေ့ကြပါမယ်။ တစ်ခုခုဆိုရင်လည်းPersonal Facebook acc မှာ reach out လို့ရပါတယ်။ Facebook - https://www.facebook.com/share/1EQfZk3A6h/?mibextid=wwXIfr ဒါက ဒီည webinar post link ပါ။ https://www.facebook.com/share/p/19cuDRBzfg/?mibextid=wwXIfr