tgindex
Shwe Myo Win

ကိုမျိုးဝင်း

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
18
Всего постов
20
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
15 авг.
Подписчики
1 939
−2 за 2 дн.
Сутки
−2
−0,10%
Неделя
 
Месяц
 
Просмотров на пост
264
20 постов
Вовлечённость
13,6%
к подписчикам
Постов в день
2,6
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
230
1/48двое суток
263
1/72трое суток
284

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ခေတ်ပြိုင် မှတ်စု ==============            အိန္ဒိယမှာ INC ဆိုတဲ့ အိန္ဒိယအမျိုးသားကွန်ဂယက်ပါတီ က သက်တမ်းအရှည်ဆုံး ။ 1885 ကတည်းက စတင်ထူထောင်ခဲ့တယ် ။ နေရူးက 1912 မှာ ပါတီဝင်ဖြစ်လာတယ် ။ 1947 အိန္ဒိယ လွတ်လပ်ရေးရပြီး ပါတီဥက္ကဌ အကြိမ်ကြိမ် ဖြစ်ခဲ့တယ် ။ လစ်ဘရယ် နဲ့ ဗဟိုဝါဒ ။ အကြိမ်ကြိမ်အာဏာ ရခဲ့ပေမယ့် လတ်တလောတော့ အတိုက်အခံ ။          နောက် လက်ရှိ အစိုးရ မိုဒီ ရဲ့ ပါတီ ( BJP) ။ သူက လက်ယာယိမ်းပြီး ဟိန္ဒူအမျိုးသားရေးဝါဒ ကို အခြေခံတယ် ။           ရုပ်ရှင်မင်းသား ဗီဂျေး ( Vijay) က 2004 ဖေဖော်ဝါရီလ မှာ တမီလ်နာဒူအောင်ပွဲခံကာကွယ်ရေးအဖွဲ့ ( TVK) ကို စတင်ဖွဲ့စည်းတယ် ။ သူက ပါတီအကြီးမဟုတ်ဖူး ပြည်နယ်အဆင့်ပဲ ပါဝင်ယှဥ်ပြိုင်ခဲ့တယ် ။ 2026 ရွေးကောက်ပွဲမှာ သက်တော်ရှည် ပါတီကြီး ၂ ခုရဲ့ လေများ လေကြွား ကိုယ်ကျိုးရှာ လုပ်ရပ်တွေကို ရွံရှာနေကြတဲ့ ပြည်သူတွေက ဗီဂျေးပါတီကို စုပြုံမဲပေးကြတယ် ။          10 - 5 - 2026 မှာ ဗီဂျေး ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အာဏာရလာပါတယ် ။ ဗီဂျေးက ရွေးကောက်ပွဲမှာ သူပေးခဲ့တဲ့ ကတိတွေကို ရက် ၄၀ အတွင်း အကောင်အထည် ဖော်ခဲ့ပါတယ် ။        ပြည်သူတွေအတွက် တိုက်ရိုက် အကျိုးအရှိဆုံး ကိစ္စတွေက.... - အာဏာရပြီး ၂၄ နာရီအတွင်း..စာသင်ကျောင်း ၊ ဘာသာရေး အဆောက်အဦး ၊ ဘက်စ်ကားဂိတ် တွေရဲ့ပတ်လည် မီတာ ၅၀၀ အကွာမှာရှိနေတဲ့ အစိုးရ အရက်ဆိုင် ၇၀၀ ကျော် ချက်ခြင်း ပိတ်လိုက်တယ် ( အစိုးရအတွက် ငွေရပြီးရောဆိုပြီး ဆက်မရောင်းခိုင်းဘူး) - အစိုးရဘဏ်တွေမှာ စိုက်ပျိုးစရိတ် အကြွေးတင်နေတဲ့ လယ်သမား ၁၄ သိန်းကျော်ရဲ့ အကြွေးတွေကို လျှော်ပစ်ခဲ့တယ် ။ - မူးယစ်ဆေး အမြစ်ပြတ်ရေး အတွက် သူကိုယ်တိုင် ​ကြီး​ကြပ်သူအဖြစ် ပါဝင်တဲ့ နှိမ်နင်းရေးကော်မတီဖွဲ့တယ် ။ - သာမန်ပြည်သူ သန်း ၂၀ အတွက် လျှပ်စစ်ယူနစ် ၂၀၀ အခမဲ့ သုံးစွဲခွင့်ပြုလိုက်တယ် ။               ဒါတွေက အာဏာရပြီး ရက် ၄၀ အတွင်း ဗီဂျေးရဲ့ ​ပြည်သူ့အတွက် လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ် ။ လေမပေါပဲ လက်တွေ့ ရက် ၄၀ အတွင်း ဗီဂျေးရဲ့ လုပ်ဆောင်တွေအတိုင်း ၅ နှစ်လုံး အရှိန်မပျက် လုပ်ပေးနိုင်ရင် ဗီဂျေးရဲ့ ပြည်နယ်က အိန္ဒိယရဲ့ ထိပ်တန်းပြည်နယ်အဖြစ် ရောက်လာမှာ မြေကြီးလက်ခတ်မလွဲပဲ ။       အာဏာဆိုတာ ပြည်သူအတွက် တကယ်လုပ်ပေးချင်ရင် အချိန်တိုအတွင်း အာနိသင်ပြနိုင်သော တကယ်အစွမ်းထက်တဲ့ နတ်ဆေးတော်ကြီး တပါးပါပဲဗျာ ။        ကိုရွှေမျိုးဝင်း

  • ယိုးဒယားတို့လည်း လက်စားချေချင်သောဇောနဲ့ စစ်ကြောင်း ၃ ကြောင်းလုံး ဗြုန်းကနဲ လိုက်လာပါတော့တယ်.... ဘုရင့်နောင်လည်း သူမှတ်မိနေတဲ့ သူ့မြင်းတပ်ရဲ့ ခွာသံဖြောင်းဖြောင်းကို ကြားရတော့ ဆင်တွေကို ကုန်းပေါ်တင်ပြီး အသင့်ပြင်ထားလိုက်ပါတယ်... မိမိစစ်မြူမြင်းတို့ ဖုံတလုံးလုံးကြားမှာ မြင်​နေရပေပြီ ။ ရန်သူ့ရဲ့ ဆင်သံ မြင်းသံ ကြိမ်းဝါးသံတွေကလည်း ဖုံထုကြီးကို ဖောက်ထွက် ကြားနေရပေပြီ... တပင်ရွှေထီးရဲ့ အရိပ်အယောင်လည်း မမြင်ရသေး...အမိန့်နာခံပြီး စောင့်ရမလား..တိုက်ရမလား ဝေခွဲမရ ဖြစ်နေစဥ်......        ကိုရွှေမျိုးဝင်း

  • တပင်ရွှေထီးလည်း မိမိရဲ့ စစ်သည်တွေကို အနာမခံတော့ပဲ အမြောက်တကမ်းဝေးရာသို့ ဆုတ်ခွာပြီး ဝန်းရံထားလိုက်ပါတယ် ။ ယိုးဒယားဘုရင်လည်း ထွက်မတိုက်ရဲ ၊ တပင်ရွှေထီးလည်း တိုက်စစ်မဖွင့် နဲ့ တလကြာသွားရပါတယ် ။ တပင်ရွှေထီးက အစည်းအဝေး ခေါ်ယူပြီး.... " မြို့တော်ကို ဝန်းရံထားတာ ကြာပြီ ငါတို့ အတင်းတိုက်နေလည်း ရဲမက် စစ်သည်တို့ ပင်ပန်းရုံပဲ ဖြစ်လိမ့်မယ် ။ စစ်တပ်ဆိုတာ စစ်မတိုက်တာကြာသွားရင် အညွှန့်တုံးသွားတတ်တယ် ၊ ဒီတော့ ကမန်ပိုက် ၊ ပိဿလောက် နဲ့ သောက်ကတဲ မြို့တွေကို သွားတိုက်ကြစို့ ''          ဆိုတဲ့ တပင်ရွှေထီးရဲ့ ဗျူဟာကို သတ္တိရှိသော တပ်မှူးများက တယောက်မကျန် ထောက်ခံကြပါတယ် ။ ရှေးမြန်မာတပ်မှူးတို့သည်ကား စစ်သံကြားရင် တက်ကြွနေသော သူရဲကောင်း အစစ်များချည်းမို့ တပင်ရွှေထီး နဲ့ ဘုရင့်နောင်တို့ သမိုင်း ဝင်းပြောင်ဖို့ ဖြစ်ခဲ့ရပါတော့တယ် ။ နုံချာညံ့ဖျင်းသော တပ်မင်း တပ်မှူး မပါသည့် မြန်မာ့တပ်မတော်ကြီးသည်ကား ကြက်သရေအဖြာဖြာနဲ့ ပြည့်စုံလှပါတယ် ။               မနက်လင်းတာနဲ့ တပ်တွေကို ကမန်ပိုက် အရပ်သို့ ချီတက်စေပါတယ် ။ တပင်ရွှေထီးရဲ့ တပ်များ ပြန်လည်ဆုတ်ခွာသွားတာကို မြင်ရတဲ့ ယိုးဒယား ဘုရင်လည်း စစ်ဖိနောင့်နင်းဖို့ အပြင်းအထန် စီစဥ်ပါတော့တယ် ။ စစ်ကြောင်း ၃ ကြောင်း ဖွဲ့လိုက်ပါတယ် ။ - ပထမစစ်ကြောင်း ဘုရင့်ညီ သြယားပိဿလောက် နှင့် သြက်ဗြစက္ကီ ။ - ဒုတိယစစ်ကြောင်း ဘုရင့်သားမက် သြယားလဂွန်းအိမ်မား နဲ့ သြယားယံ ။ - တတိယစစ်ကြောင်း ယိုးဒယားဘုရင် ။            ဒီ စစ်ကြောင်းကြီး ၃ ကြောင်းကို ဆင် မြင်း ဗိုလ်ပါ အင်အားအပြည့်အစုံနဲ့ ဖွဲ့စည်းကာ တပင်ရွှေထီးအား လက်စားချေမည်ဟု ကြွေးကြော်လျှက် နောက်က လိုက်လာကြပါတယ် ။            ယိုးဒယားတို့ စစ်ကြောင်း ၃ ကြောင်း နဲ့ လိုက်လာကြောင်း တပင်ရွှေထီး ကြားသောအခါ ကမန်ပိုက်သို့ မရောက်မှီ ၃ စခန်း အလိုမှာ တပ်တော်ချပြီး စစ်ရေးဗျူဟာ တိုင်ပင်ပါတယ် ။ ( တစခန်း အကွာအဝေးက ၁၂ မိုင်မှ ၁၅ မိုင်ခန့် ရှိပါတယ်)               ဘုရင့်နောင်လည်း စစ်ကြောင်း ၃ ကြောင်းနဲ့ ပြန်လည်တိုက်ခိုက်ဖို့ စီမံပါတယ် ။ - အလယ်ချီတပ်ကို ဘုရင့်နောင်ဦးစီးပြီး မဟာကြီး ၊ နန္ဒကျော်ထင် ၊ သမိန်ပရံ ၊ သမိန်အဲပရဲ တို့နဲ့ တပ် ၅ တပ် ။ တိုက်ဆင် ၁၀၀ ၊ မြင်း ၁၀၀၀ ၊ စစ်သည် ၅၀၀၀၀ ။ - လက်ယာစစ်ကြောင်းကို စောလဂွန်းအိမ် ၊ မင်းရဲသိင်္ခယာ ၊ သမိန်သံလိုက် ၊ သမိန်ဇောကရက် ၊ ဥပါကောင်း တို့ ဦးစီးတဲ့ တပ် ၅ တပ် ။ တိုက်ဆင် ၁၀၀ ၊ စစ်မြင်း ၁၀၀၀ ၊ စစ်သည် ၅၀၀၀၀ ။ - လက်ဝဲစစ်ကြောင်းကို သမိန်ရဲသင်ရံ ၊ နန္ဒသင်္ကြန် ၊ ဗညားလော ၊ သမိန်သံကျယ် ၊ သမိန်မောခွင် တို့ ဦးစီးတဲ့ တပ် ၅ တပ် ။ တိုက်ဆင် ၁၀၀ ၊ စစ်မြင်း ၁၀၀၀ ၊ စစ်သည် ၅၀၀၀၀ ပါဝင်တယ် ။              စစ်ကြောင်း ၃ ကြောင်း နောက်မှာ တပင်ရွှေထီးရဲ့ တပ်မကြီး လိုက်ပါမယ် ။ တပင်ရွှေထီးက အရပ် ၇ တောင် မြင့်တဲ့ ဆင်တော် ဇေယျဒိသာ ကို စီးပါတယ် ။ ဇေယျနန္ဒသူကို ကုန်းလယ် ၊ ဇေယျဗလ ကို နောက်ထိုင် အဖြစ် ထားပါတယ် ။           ဒါးကိုင်သူရဲကောင်း ၁၀၀ ကို ဆင်တော်ရဲ့ ဝဲယာ ၊ ကာကိုင် ၁၀၀ ကို ဆင်တော်ရဲ့ ရှေ့ဘက် ၊ သေနတ်ကိုင် ကုလားပန်းသေး ၁၀၀ ကို ရှေ့နောက်ဝဲယာ ၊ ဘရင်ဂျီတပ်သား ၃၀၀ ကို လှံကိုင်စေပြီး ဆင်တော်ဝန်းကျင် မှ လိုက်ရပါတယ် ။             ဒိုင်းကိုင် ၄၀၀၀ ၊ ကာကိုင် ၄၀၀၀ ၊ လွှားကိုင် ၄၀၀၀ ၊ လှံ ၃ စင်းကိုင် ၄၀၀၀ လိုက်ပါရပါတယ် ။ ရွှေခွက်စွဲ သူရဲကောင်း မြင်းသည်တော် ၄၀၀ တို့က အဲမောင်း လှံရှည် လှံတိုတွေနဲ့ လိုက်ပါရတယ် ။ လက်ဝဲ ဆင်ကူ ၂ စီး လက်ယာဆင်ကူ ၂ စီး တို့ကို အမြှောက် ၁ စင်းစီ တင်ပြီး လိုက်စေပါတယ် ။         မြင်းသည်တော် ၂၀၀ က ရှေ့ဖျားချီတပ် ၊ မူးမတ် ၈၀ က တိုက်ဆင် ၈၀ နဲ့ ဆင်တကောင်ကို ဆင်ခြေဖုံး တပ်သား ၁၀၀ စီ ။ ဒါးကိုင် သူရဲကောင်းများ ကိုယ်စီလိုက်ပါကြရပါတယ် ။             လက်ဝဲတောင်အဖြစ် တောင်ငူမင်းရဲသီဟသူက နာဂဝရ ဆင်တော် နဲ့ တိုက်ဆင် ၅၀ ၊ စစ်မြင်း ၃၀၀၀ ၊ စစ်သည် ၁၅၀၀၀ ။            လက်ယာတောင်အဖြစ် ပြည်မင်း သတိုးဓမ္မရယဇာက ရဲထွဋ်မင်္ဂလာ ဆင်တော် နဲ့ တိုက်ဆင် ၅၀ မြင်း ၃၀၀၀ ၊ စစ်သည် ၁၅၀၀၀ ။        အဲသလို ခမ်းနားစွာ ပြင်ဆင်ပြီး ချီတက်ခဲ့ရာ ၂ မိုင်ခန့် အရောက် တပင်ရွှေထီးက ဘုရင့်နောင်ဆီကို.. ရန်သူတပ်များတွေ့ပါက ငါမရောက်မှီ မတိုက်ကြသေးပါနဲ့ ငါရောက်မှ ကိုယ်တိုင်တိုက်မည် ဆိုတဲ့ စာကို ရဲယော်ဓာ အား မြင်းလျှင်နဲ့ စေလွှတ် ပေးပို့ခဲ့ပါတယ် ။                ဘုရင့်နောင်လည်း နောင်ရိုးတိုက်ပွဲလို ဖြစ်နေမှာစိုးလို့ အင်းကြီးတခု အရောက် ဆင်များအား ရေစိမ်ခိုင်းပါတယ် ။ တပ်ကိုတော့ အသင့်ပြင်ထားဖို့ အမိန့်ပေးပါတယ် ။ ငါကတော့ အသင့်ဖြစ်ပြီ ယောက္ဖတော် တပင်ရွှေထီးအရောက် တိုက်ပွဲ အစ အချိန်ကိုက်ဖြစ်ရလေအောင် ဆိုပြီး မြင်းတပ်သား ၃၀၀ ကို စေလွှတ်ပြီး ယိုးဒယားတို့ကို မြူဆွယ်စေခဲ့ပါတယ် ။

  • တပင်ရွှေထီး နဲ့ ဘုရင့်နောင် (34) =========================              လက်ဝဲစစ်ကြောင်းကို ဘုရင့်နောင် ဦးစီးပြီး သီရိဇေယျကျော်ထင် ၊ စောလဂွန်းအိမ် ၊ သမိန်ရဲသင်ရံ ၊ သမိန်သံကျယ်  စုစုပေါင်း တပ် ၅ တပ် ။ တိုက်ဆင် ၁၀၀ ၊ စစ်မြင်း ၁၀၀၀ ၊ စစ်သည် ၅၀၀၀၀ ပါဝင်၏ ။           အလယ်စစ်ကြောင်းကို ပြည်ဘုရင်သတိုးဓမ္မရာဇာ ဦးစီး၍ သီရိဇေယျနော်ရထာ ၊ သမိန်ဗြပိုက် ၊ သမိန်မောခွင် ၊ သမိန်ပရံ စုစုပေါင်း တပ် ၅ တပ် ။ တိုက်ဆင် ၁၀၀ ၊ စစ်မြင်း ၁၀၀၀ ၊ စစ်သည် ၅၀၀၀၀ ပါဝင်၏ ။            လက်ယာကြောင်းချီ တပ်ကို တပင်ရွှေထီး ဦးဆောင်၍ ချီတက်၏ ။           စစ်ဗျူဟာအရ အလယ်ကြောင်းချီစစ်ကြောင်းမှ လျှင်မြန်သော မြင်းစစ်သည်များက ယိုးဒယားတပ်များကို ရန်စ တိုက်ခိုက်ပြီး ထွက်ပြေးလာကြရမည် ။ သတိုးဓမ္မရာဇာနဲ့ နောက်ချန်တပ်များက ခိုင်မာစွာရပ်တည်၍ ယိုးဒယားတို့ကို တောင့်ခံထားပြီး ရှေ့တိုးမရအောင် ဆောင်ရွက်ရမည် ။          ဘုရင့်နောင်၏ စစ်ကြောင်းက တောထဲမှာ တပ်မြှပ်နေကြရမည် ။ စစ်ကျွံလာသော ယိုးဒယားတို့ကို လက်ဝဲဘက်မှ အလစ်အငိုက် တဟုန်ထိုး ဝင်တိုက်ကြမည် ။         တပင်ရွှေထီး၏ တပ်များက တိုက်ပွဲအတွက် သတ်ကွင်းအတွင်း ယိုးဒယားသားတို့ ဝင်ရောက်လာချိန် အချိန်ကိုက် ရောက်လာရန် ချီတက်ကြရမည် ၊ လက်ယာဘက် စစ်မြေပြင်မှာ တပ်မကြီး ပုန်းအောင်းဖို့ လုံလောက်မှု မရှိသောကြောင့် ဒီလိုပဲ စီစဥ်ကြပါတယ် ။                ကံပူရီ အရပ်မှာ ယိုးဒယားသားတို့ ဘုရင် အပါ ဆွေတော်မျိုးတော် အစုံအလင် နဲ့ ရောက်ရှိလာကြပါတယ် ။ စီစဥ်ထားတဲ့ အတိုင်း အလယ်စစ်ကြောင်းမှ မြင်းစစ်သည်များက ယိုးဒယားဘုရင်ရဲ့ တပ်ကို ဝင်ဆွ တိုက်ခိုက်ကြပါတယ် ။          ယိုးဒယားဘုရင်လည်း တပင်ရွှေထီးရဲ့ မြင်းတပ်ကို အလုံးအရင်း ဝင်တိုက်ပါတယ် ။ မြင်းတပ်သားတွေဟာ ခဏပဲ ခုခံကြပြီး နောက်ကို လှည့်ပြေးကြပါတယ် ။ ယိုးဒယားဘုရင်က နာမည်ကျော် တပင်ရွှေထီးရဲ့ တပ်ကို တိုက်ရတာ လွယ်လှပါလားဆိုပြီး အားရဝမ်းသာ နောက်ကနေ ဒရကြမ်းလိုက်တိုက်ပါတော့တယ် ။                ရာဇထိန် ဆိုတဲ့ အရပ်မှာ လွင်ပြင်ထဲ ထီးထီးကြီး တပ်တည်ထားတဲ့ သတိုးဓမ္မရာဇာ ရဲ့ စစ်ကြောင်းကို မြင်ရပြီး ပြေးသွားကြတဲ့ မြင်းတပ်လဲ ပူးပေါင်းပြီး တိုက်ခိုက်ဖို့ ဦးပြန်လှည့်လိုက်ပါပြီ ။ မျက်မြင်အရ ဆင် ၁၀၀ ၊ မြင်း ၁၀၀၀ လောက်ကို ကြည့်ပြီး ယိုးဒယားဘုရင်က လုံးဝ စိုးရမ်ခြင်း မရှိပဲ ဝင်တိုက်ပါတော့တယ် ။           လုံးဝ နောက်မဆုတ်ရ ဒီနေရာကနေ ယိုးဒယားသားတွေကို ရေအလျှင်လို စီးနေရာက တံမံတုတ်ထားသလို တန့်နေအောင် ခုခံရမယ်ဆိုတဲ့ အမိန့်ကြောင့် ဟံသာဝတီသားတွေရဲ့ ငှက်ကြီးတောင် ဓားရောင်တွေလည်း ဖွေးဖွေး လှုပ်အောင် အလုပ်များကုန်ရပါတယ် ။             ဒီအချိန်မှာ စစ်မြေပြင်ရဲ့ လက်ဝဲဘက်ရှိ တောအုပ်ထဲကနေ ပြင်းထန်တဲ့ မြင်းခွာသံတွေ ဖြောင်းဖြောင်း ​မြည်ဟီးလာသလို အောင်စည် အောင်မောင်းသံတွေ ကြိမ်းဝါး ခြိမ်းခြောက်သံတွေ ကျားထိုးသံတွေ နဲ့ အတူ ဘုရင့်နောင်ရဲ့ မြင်းတပ် ၅ တပ်က ဝုန်းကနဲ ရောက်လာပါတယ် ။             ရှေ့က အင်အားနည်းပါးတဲ့ ဟံသာဝတီတပ်ကို အပိုင်တိုက်ဖို့ အားထုတ်နေကြတဲ့ ယိုးဒယားသားတို့ရဲ့ တပ်ကြီးဟာ ဝဲ ဘက် စစ်နံရံကနေ အားကုန် ဝင်တိုက်လိုက်တဲ့ ဘုရင့်နောင်ရဲ့ လက်ဝဲ စစ်ကြောင်းကြောင့် စစ်နံပွင့်ပြီး ဗိုက်ခွဲခံရတဲ့ ကျားနာတကောင်လို လက်ယာစစ်ကြောင်းက တဆင့် လှည့်တိုက်ဖို့ ဗျူဟာ ပြင်ကြရပါပြီ ။            ဒါပေမယ့် ယိုးဒယားသားတို့ ကံခေသွားရပြန်ပါတယ် ။ ရှေးဗမာ စစ်ဘုရင်တို့ရဲ့ အချိန်ကိုက် ညီညာဖျဖျ စစ်ဆင်ရေးဗျူဟာကြောင့် လက်ယာဘက်က တပင်ရွှေထီးရဲ့ ပင်မစစ်ကြောင်းနဲ့ တည့်တည့်တိုးကာ အကြောင်းဆိုးကုန်ရပါတော့တယ် ။          ယိုးဒယားဘုရင် နဲ့ တပ်ကြီး တခုလုံးဟာ မွမွကြေသွားပြီး ဖရိုဖရဲ နဲ့ ထွက်ပြေးရပါတော့တယ် ။ ယိုးဒယားဘုရင်ဟာ စုစည်းရမိသလောက်လေးနဲ့ အယုဒ္ဓယမြို့တော်ကို အမြန်ပြေး တံခါးပိတ် နေရပါတော့တယ် ။ မြန်မာတိုက်စစ် ဆိုတာ ဒါပါလားလို့ အသည်းပျက်လောက်တဲ့ အသိလည်း ရင်ထဲ စွဲမှတ်သွားရပါတော့တယ် ။            တပင်ရွှေထီးကတော့ စစ်ဦး စစ်ဖျား အရမ်းလှသွားရပါပြီ ။ သုံ့ပန်းတွေထဲမှာ ဘုရင့်သား နဲ့ ဘုရင့်ညီကိုပါ ရလိုက်တာကိုး... ဆင် မြင်း လက်နက် သုံ့ပန်း များစွာ ဖမ်းဆီး ရမိပါတယ် ။ စစ်ဘုရင်တို့က သည်မျှလောက် အောင်ပွဲနဲ့ လက်မ ထောင် ဇိမ်ရစ်မနေကြပါဘူး ။ စစ်ကြောင်း ၃ ကြောင်းလုံး ထွက်ပြေးတဲ့ ယိုးဒယားဘုရင်နောက် ဖိလိုက်ကြပါတယ် ။          အပြေးကောင်းတဲ့ ယိုးဒယားဘုရင်လည်း နောက်ဖက်က တိုက်မောင်းသံတဒူဒူ မြင်းခွာသံ တဖြောင်းဖြောင်း တို့ ကပ်လိုက်ပါနေလို့ မြို့တံခါးအမြန်ပိတ်ပြီး ခုခံဖို့ ဆောင်ရွက်ရပါတော့တယ် ။ တပင်ရွှေထီးက မြို့ရိုးထိ လိုက်လာပြီး တပ်မချစေပဲ တခါတည်း တိုက်ကြစမ်း ဆိုပြီး တောက်လျှောက် တိုက်ခိုက်ပါတော့တယ် ။               မြို့ရိုးအလွန်မြင့်မားခြင်း ၊ ကျုံးရေ ကျယ်ပြောခြင်း ၊ ပေါ်တူဂီ အမြောက်တပ်သားတို့ရဲ့ အပြင်းအထန် ပစ်ခတ် ခုခံခြင်းတို့ကြောင့် ပင်ပန်းနေတဲ့ စစ်သည်များ ကျိုးစားသော်လည်း ဖောက်မရ ဖြစ်ခဲ့ရပါတယ် ။

  • အနူကို ဆေးဆိုးအုံးမယ် ===================              က်ိုယ်တွေက ပါးစပ်ထဲရှိသမျှ ပေါက်ပန်းသေးပြော အလှူခံကောင်းအောင် မျှော်လင့်ချက်တွေပေးပြီး တကမ္ဘာလုံးလိမ်နေတဲ့ ထွန်းကြိုင် ငစည်လို အဆင့်ကို တန်းမတူလို့ ငုံ့တောင် မကြည့်ဘူး ။ ဒါပေမယ့် ခပ်ညံ့ညံ့ ဒီဘိတ်တခုကို ရီအက်ရှင် လုပ်ပြီး ခဏခဏ တင်နေကြလို့ နဲနဲ ပြောချင်လာတယ် ။        ကိုယ့်ကိုကိုယ် ဟုတ်လှပြီထင်ပြီး  ငစည် ပြောသွားတဲ့ အချက်အချို့ ရှိတယ် ။ တဖက်က လူငယ်လေးလည်း အတွေ့အကြုံနည်းတော့ ( ဒီဘိတ်ဆိုတာ ရုတ်ချည်း အမြန် တုန့်ပြန်ရတော့ သမိုင်းမကျေရင် ပြန်ဖြီရခက်ပါတယ်) ထိရောက်အောင် ချေပသွားတာ မတွေ့ရဘူး ။ ဒီတော့ ငစည်ပြောတဲ့ ဘယ်အချက်တွေလည်း ကြည့်ပါ.... ၁ ။ နိုင်ငံရေးနဲ့ မပက်သက်တဲ့ ပြည်သူမရှိဘူး { ငစည်က လူတိုင်းသည် နိုင်ငံရေးနဲ့ပက်သက်နေတယ် ၊ ဒါကြောင့် တော်လှန်ရေးကို ပါဝင်ကူညီရမယ် ( အနည်းဆုံး သူတို့ကို လှူရမယ်ဆိုတဲ့ အပေါက်) ၊ ဘေးထွက်နေရင် ရန်သူဆိုတဲ့ သဘော ။ ပြည်သူတိုင်း နိုင်ငံရေးနဲ့ ပက်သက်တယ်ဆိုတာထက် နိုင်ငံရေးကြောင့် ပြည်သူတွေရဲ့ ဘဝကို ရိုက်ခတ်တတ်တာပါ ငစည် ။ နိုင်ငံရေးနဲ့ပက်သက်ကြတာ နိုင်ငံရေးကို မှီပြီး ဝင်ငွေရှာနေရတဲ့ မင်းလိုကောင်တွေ ၊ နိုင်ငံသမားတွေပါပဲ ။ သာမန်ပြည်သူတွေက မပက်သက်ဘူး အရိုက်ခတ်ခံ ဘဝတွေမို့ ဘယ်ဘက်မှ မပါပဲ ၊ ဘယ်သူ့မှ မကြောက်ရပဲ ရိုးသားစွာ လုပ်ကိုင်စားသောက်ရခွင့် ရှိကို ရှိရမယ်လေ } ၂ ။ စစ်တပ်သွားလို့ ထွက်မပြေးရတဲ့ရွာ ရှိသလားတဲ့ { ထိုင်းမှာနေပြီး နားထိုင်းရုံမက စောက်လုံးပါကန်းနေလား မသိဘူး..စစ်ကြောင်းလာပြီ ရွာလုံးကျွတ်ပြေး မပြေးရင် ဒလံ ဆိုပြီး သတ်ပစ်ခံရတဲ့ မိသားစုတွေ တပုံကြီး ငစည်ရ... စစ်ကြောင်းဆိုတာကလည်း မီးခဲပေါ်နားတဲ့ ယင်ကောင်လို ဖြတ်ကနဲသွား ဗြုံးကနဲပြန် ဆိုတော့ အားမကိုးရလို့ ပြေးကြရတာဟေ့...စစ်တပ်ကြောက်လို့ မဟုတ်ဖူး မင်းအမေ့လင် PDF ကြောက်လို့ } ၃ ။ တော်လှန်ရေးအဖွဲ့သွားလို့ ထွက်ပြေးရတဲ့ဒေသ ရှိလား တဲ့ ။ { ဒီစကားကို လောက်ကိုင် ၊ လားရှိုး ၊ မိုးကုတ် ၊ မတ္တရာ ၊ ဗန်းမော် နောက်ဆုံး အေးအေးနေတတ်တဲ့ ရခိုင်တွေ သွားမေး အဲဒီပြည်သူတွေက မင်းမျက်နှာ လက်သီးနဲ့ မထိုးဘူး ဘာနဲ့ထိုးမလဲ သိလား...ဟာ အဲဒါ သူပုန်တွေကြောင့်..ဘာညာကွိကွ လာမလုပ်နဲ့ မင်းပထွေး PDF တွေ ကျွန်ခံပင့်လာပြီး ခြံစည်းရိုး ဖြဲပေးတယ် ရှေ့ဆုံးက အသေခံတိုက်ပေးခဲ့တာ အားလုံးအသိ } ၄ ။ စစ်တပ် နဲ့ PDF ပြည်သူကို ဒုက္ခပေးတဲ့ နေရာ ဘယ်သူက ပိုများသလဲ တဲ့ ။ { ဆိုလိုတာက လောလောဆယ် တပ်မတော်က စစ်ရေးအသာစီးနဲ့ နယ်မြေသိမ်းစစ်ဆင်ရေးလုပ်နေလို့ ရွာပျက် ဘဝပျက်နေကြရတာကို ရည်ညွှန်းပြီး ပြည်သူတွေကို စစ်တပ်က ဗုံးကြဲ မီးရှို့နေပါတယ်ဆိုတဲ့ အပေါက် 😂😂 သားလေးက ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် PDF ထဲဝင်ပြီး တိုက်နေတာ ကိုယ်က ကားတောင် ဝယ်ပေးချင်တာတို့ ၊ သပြေပန်းနဲ့ ကြိုဆိုကြတာတို့ ၊ ဒလံခေါင်းစဥ်နဲ့ သတ်ဖြတ်ပြီး video မှတ်တမ်းတင်တာတွေ ၊ စစ်ကြောင်းဝင်ချိန်သတင်းပို့ပြေးခိုင်း ပြီးရင်ပြန်ခေါ် ထမင်းကျွေးနဲ့ လုပ်ခဲ့ကြတဲ့ ဒဏ်တွေလေ..ရေ နဲ့ ငါး ခွဲတဲ့ဗျူဟာ ၊ ဖြတ်လေးဖြတ် ဗျူဟာ မကျင့်သုံးသေးတာ ကံကောင်း ၊ အဲဒါကိုယ်အသာစီးရနေတုန်းက လိုင်းပေါ်တက်ဖင်ယားတာတွေ ၊ ငစည်လို ကောင်မျိုးတွေက ကမ္ဘာသိ ကြွားဝါ ဝါဒဖြန့် အလှူခံတာတွေက တရားခံပဲ ။ ဘာမဟုတ်တဲ့ ပိုင်ချဲရဲ့ ယုတ်မာမှုကိုတောင် ဝမ်းမြှောက်ဝမ်းသာ မဟာအောင်ပွဲလုပ် ပွဲခံလိုက်တာ အခုဆို ကွန်းတိုင်းရွာမှာ ပိုင်ချဲ အခြေပြုနေတာသိလို့ ဗုံးကြဲခံရပြီ ။ ဒေသခံတွေ အကုသိုလ်စက်ဝန်းမိနေကြတာလေ အခုမှ ငိုပြမနေနဲ့ တပ်မတော်ကတော့ နယ်မြေစိုးမိုးရေး ၊ အာဏာစက်ကျယ်ပြန့်ရေးအတွက် လုပ်မှာပဲ ။ ပြည်သူမသေစေချင်ဘူးလား.....မင်းတို့ PDF တွေ ပြည်သူထဲ ပုန်းမနေနဲ့ သီးသန့် စခန်းချနေကြ ။ တပ်မတော်က PDF မရှိတဲ့မြို့ရွာ ဘယ်နေရာမှ ဗုံးမကြဲဘူး ဒီတော့ ပြည်သူကို သတ် ရွာကို ဖျက်နေတဲ့ တရားခံ အစစ်က PDF ပဲ ။ PDF နေ ရွာကြေ ဆိုတဲ့ စကားပုံပေါ်နေပြီ ။ }           နောက်ပြီး ဂျပန်က လူငယ်လေးကို အကြံပြုချင်တယ် ။ ဒီမယ် ငါ့တူ တို့တိုင်းပြည်က ဒေါ်စုကြည် သွေးခွဲသွားလို့ တိုင်းရင်းသားတွေလည်း ကွဲ ပြဲ နေပြီ ၊ သားအမိခြင်း သားအဖခြင်း ၊ မိတ်ဆွေခြင်း အကုန် ကွဲပြဲနေပြီ ။ ကွဲစရာ မရှိရင် ရော်နယ်ဒို နဲ့ မက်ဆီ ကွဲပြီး အလကားနေ ဆဲကြတယ် ၊ စမ်းရေမိုး နဲ့ အောက်ဇမ္ဗူ ကွဲပြီး အပုပ်ချကြတယ်... ဒီလောက်ဆို သဘောပေါက်လောက်ပါပြီနော.....၂ ဖက်လုံး ချစ်ဖို့ မကြိုးစားနဲ့ မအောင်မြင်နိုင်ဘူး.. ဒီကောင်တွေက အမျိုး ဘာသာ သာသနာဆိုတဲ့ အသံကြားရရင်ပဲ မကောင်းဆိုးဝါး သံဗုဒ္ဓေ ကြောက်သလို ကြောက်နေကြလို့ပဲ ကွ ။ { ဘယ်လောက်ရေးရေး ဒီကောင်တွေက ဆေးမတိုးဘူးဆိုတာ သိတယ် ၊ အနူကို ဆနွင်းလူးပေးလို့ မပျောက်မှန်းလည်း သိတယ် ၊ အနူကို အနူမှန်းသိအောင် ဆေးဆိုးပေးနေတာ ဗျ }         ကိုရွှေမျိုးဝင်း

  • ဟံသာဝတီအတွက် အစောင့်တပ်ဦးစီးဖို့ ဒလစား သီရ်ိဇေယျနော်ရထာ နဲ့ ပန်းမြို့စား ဗညားဣန္ဒ တို့ကို တာဝန်ပေးပါတယ် ။       စလင်းစား ပုဂံစား တောင်တွင်းကြီးစားတို့ကို ကိုယ့်မြို့ကို စောင့်ရှောက် ။ မော်လမြိုင်စား ဗညာဦးကို အရှေ့ဘက်က လာမယ့် ရှမ်း အန္တရာယ်မှ ကာကွယ်ကြ ၊ ပြည်သူကို ဝန်ပိ၍ မိမိအပိုင်နယ် မငြိမ်သက်လျှင် ကွပ်မည်လို့ အမိန့်ရော တာဝန်ကော ပေးအပ်ခဲ့၏ ။         အဲဒီလို တိုင်းပြည်အတွက် နောက်ကြောင်းအေးအောင် စေ့စပ်စွာ စီမံပြီးမှ သက္ကရာဇ် ၉၁၀ တန်ဆောင်မုန်းလဆန်း ၁၃ ရက်နေ့မှာ ယိုးဒယားသို့ စစ်ချီပါတယ် ။         စစ်ချီလမ်းကြောင်းက ဟံသာဝတီမှ မုတ္တမ ၊ မော်လမြိုင် ယင်းမှ အတ္ထရံမြစ်အတိုင်း ချီကြပြီး ဘုရားသုံးဆူ တောင်ကြားက်ို ဖြတ်ကာ ယိုးဒယားပိုင်နက် ကံပူရီသို့ ၊ ထိုမှတဆင့် အယုဒ္ဓယမြို့တော် ဆိုပြီး အကောင်းဆုံး စစ်ချီလမ်းကြောင်း ဆွဲကြပါတယ် ။            မုတ္တမ နဲ့ မော်လမြိုင် အကူးလမ်းမှာ ရေပြင်ကျယ်ကြီး ကူးရပါတယ် ။ ရှေးခေတ် မြန်မာ့တပ်မတော်က ချက်ခြင်း လှေများစပ်ကာ လှေပေါ်မှာ ပျဥ်ခင်းပြီး မြင်း နွား နဲ့ စစ်သည်များ ဖြတ်ဖို့ ပြုလုပ်ပါတယ် ။ စီးတော်ဆင်ယဥ်များအား ဖောင်ပေါ်တင်ပြီးကူးပါတယ် ။ တိုက်ဆင်အုပ်ကြီးကိုတော့ မြစ်ညှာအရပ် ရေကြောင်းကျဥ်းတဲ့ နေရာကနေ ကူးစေပါတယ် ။           ကောင်းမွန်ပိုင်နိုင်စွာ ကွပ်ကဲပြီး စစ်ချီလာတဲ့ တပင်ရွှေထီးရဲ့ တပ်ကြီးဟာ ယိုးဒယားနယ်မြေအတွင်း ရည်မှန်းကာလအမှီ ရောက်လာပါတယ် ။ ယိုးဒယားဘုရင် ဗြဿဓိရာဇာလည်း တပင်ရွှေထီးကို ဆီးကြိုတိုက်ရန် ဆင် မြင်း ဗိုလ်ပါ အများအပြားနဲ့ ထွက်လာပါတယ် ။ ဒီသတင်းကို ဘုရင့်နောင်ကြားတော့ စစ်ဦးလှစေရန် ဗျူဟာရေးဆွဲပါတယ် ။ ဗျူဟာကတော့......           ကိုရွှေမျိုးဝင်း

  • ရန်သူ့နောက် တောက်လျှောက်လိုက်လာတဲ့ ဟံသာဝတီ ကြည်းတပ်ဟာ တောင်ပဘုံအရပ်က စစ်ပြင်ရင်း စောင့်နေတဲ့ ယိုးဒယားတပ်တွေကို မြင်ရတဲ့အခါ သူ့ထက်ငါ အမြန်ဆုံးပြေးပြီး တဟုန်ထိုး တိုက်ကြပါတယ် ။          ယိုးဒယားအမတ် ကံပူရီမြို့စားလည်း ဆင်ပေါ်ကနေ တရကြမ်းအလုံးအရင်းနဲ့ ဆီးကြိုတိုက်ခိုက်ပါတော့တယ် ။ ယိုးဒယားကံပူရီမြို့စားရဲ့ ဆင်ကို ဦးဆုံးသတိထားမိတဲ့ ရေးမြို့စား မင်းရဲသိင်္ခသူဟာ သူ့ရဲ့ဆင်ကို ကံပူရီစားထံ ဦးတည်လိုက်ပါတယ် ။               ကံပူရီစားလည်း သူ့ဆင်ရှိရာသို့ မဲမဲလှုပ်လှုပ်နဲ့ ပြေးဝင်လာတဲ့ ရေးမြို့စားကို မြင်သွားပါတယ် ။ အဆောင်အယောင်တွေ မြင်တာနဲ့ မင်းလည်းမြို့စား ငါလည်းမြို့စား တွေ့ကြပြီပေါ့လို့ ရေရွတ်ကာ ဆင်ချင်းထိပ်တိုက် တည်ပြီး တိုက်ခိုက်ပါတယ် ။           ရှေးက မြန်မာ့အုပ်ချုပ်ရေးစနစ်မှာ မြို့စားဖြစ်ဖို့ ခြေလျှင် ၁၀ ပြီး မြင်း ၁၀ ပွဲ မြင်း ၁၀ ပွဲပြီးမှ ဆင်ပေါ်တက်ရတာပါ ။ ဆင်စီးရပြီး တိုက်ပွဲအောင်မြင်ပြီးပြီဆိုမှ မြို့စားခန့်တာပါ ကပ်ဖားရပ်ဖားနဲ့ မြို့စားအဆင့်ဖြစ်ဖို့ဆိုတာ အင်မတန် ညံ့တဲ့ ဘုရင်တွေ လက်ထက်မှာပဲ ရံဖန်ရံခါ ရှိတတ်တာပါ ။  ဆိုလိုတာက ရေးမြို့စားသည် ငပေါ မဟုတ်ဆိုတာပါပဲ ။            ထိပ်တိုက်တွေ့တာနဲ့ ပြင်းထန်ထိရောက်တဲ့ ရေးမြို့စားရဲ့ ခုတ်ထစ် ပစ်ခတ်မှုများကို ကံပူရီစား ဘယ်ခံနိုင်မလဲလေ ။ တပင်ရွှေထီးလို အရည်အချင်းပြည့် မင်းမျိုးက ခပ်ကြောင်ကြောင်တွေ ဘယ်မြို့စားခန့်အပ်ပါ့မလဲ ။ ကံပူရီစား ဆင်ပေါ်ကနေ ဆင်းပြေးပြီး မြင်းပေါ်တက် ဒုန်းစိုင်း လစ်ရတာပါပဲ ။             နောက်ထပ် ယိုးဒယားအမတ် အောက်ဗြလဂွန်အိမ်မား ကတော့ သူ့မိတ်ဆွေ ပြေးသွားတာ မသိဘူး ။ သူလည်း ဆင်ပေါ်ကနေ ခုခံတိုက်ခိုက်နေတာပဲ ။ သူ့ဆင်ဘေးနားက ဝိုင်းနေတဲ့ မြင်းတပ်သားတွေကို ဆင်အားကိုးနဲ့ နင်းခြေ တိုက်ခိုက်နေတုန်း... " ဘေးဖယ်ကြစမ်း ''         ဆိုတဲ့ အသံဝါကြီးနဲ့  အမိန့်ပေးသံကြီးလည်း ဆုံးရော မြင်းတပ်သားတွေ ရှဲကနဲ ဘေးဖယ် အပေး  ဝေါကနဲ တိုးဝင်လာတဲ့ မြန်မာတိုက်ဆင်ကြီး တကောင်က ယိုးဒယားအမတ်ရဲ့ တိုက်ဆင် နံဘေးကို ဗြုံးကနဲ ပစ်ဆောင့်တိုက်လိုက်ရာ ယိုးဒယားတိုက်ဆင် သူ့ဘာသာ ဘာဖြစ်မှန်းတောင် သိချိန်မရပဲ တုံးလုံးလဲ ပစ်ကျသွားပါတော့တယ် ။            ဆင်ပေါ်က ယိုးဒယားအမတ်လည်း သူ့ဆင်ကြီး လဲကျသွားတော့ ​မြေပြင်ထက်မှာ ခွေခွေလေး ဖြစ်သွားချိန် မြန်မာလှံစစ်သည်တို့က ထိုးမယ်အလုပ်... " ဟေ့...ရပ်စမ်း ရပ်စမ်း...ဒင်းက ငါ သမိန်သံလိုက်ရဲ့ သုံ့လူပဲ အရှင်ဖမ်း ''          ဆိုတဲ့ အသံကြားလိုက်ရပါတယ် ။ ဒီတော့မှသြော် ဘေးဖယ်ကြစမ်း ဆိုပြီး ငါ့ဆင်ကို ဝင်ဆောင့်တိုက်ပစ်တဲ့ မြို့စားက သမိန်သံလိုက်ပါလားလို့ ယိုးဒယားအမတ် သိသွားရပါတယ် ။ တိုက်ပွဲမှာ သွေးတိုးလာစမ်းတဲ့ ယိုးဒယားတို့ကို ဆင် မြင်း သုံ့လူ များစွာအား ခေါင်းဆောင် အမတ်တဦးနဲ့အတူ ရရှိခဲ့ကြပါတယ် ။            ယိုးဒယားကျူးကျော်စစ်ကို အောင်မြင်စွာ မောင်းထုတ်နိုင်တဲ့ သတင်းကောင်းကို တပင်ရွှေထီးကြားရတော့ ဝမ်းသာအားရနဲ့ တပ်တွေ အမြန်ပြန်ခဲ့တော့လို့ အမိန့်ပေးလိုက်ပါတယ် ။ အကြွေးရှိရင် အတိုးနဲ့ ပြန်ယူတတ်တဲ့ တပင်ရွှေထီးက ယိုးဒယားပိုင်နက်ကို ထပ်မတိုက်ခိုင်းပဲ ပြန်လာခိုင်းလို့ နားမလည်ပဲ ပြန်ဆုတ်လာကြရပါတယ် ။                တပင်ရွှေထီးက အောင်ပွဲရ သူရဲကောင်းများကို ချီးမြှင့်မြှောက်စားပြီး... " မင်းတို့ကို ပြန်ခေါ်ရတာ အကြောင်းရှိတယ် ငါ့ကို ရန်လာစရဲတဲ့ ယိုးဒယားဘုရင်ကို ထိထိရောက်ရောက် ဆုံးမဖို့ ငါတို့ ကျကျနန စီစဥ်ရမယ် ဆိုပြီး ပြန်ခေါ်လိုက်တာပဲ ''           လို့ မိန့်တော်မူပြီး ယိုးဒယားသိမ်း တိုက်ပွဲအတွက် အသေအချာ စီစဥ်ပါတော့တယ် ။ - အရှေ့ဘက် တလွှားရှိ မြို့စားများအား တပ်ချီရာ လမ်းကြောင်းရှိ သင့်လျှော်သည့် မြို့ / ရွာ များမှာ ထောက်ပံ့ရေးတပ်နဲ့ ရိက္ခာမပြတ်ရေး မခိုးမဝှက်ပဲ စီစဥ်စေ...တပ်ရိက္ခာခိုးပါက တခါတည်း သတ်... - တုရင်ရာဇာ ၊ တုရင်ယော်ဓာ ၊ တုရင်ဗလ ၊ တုရင်ကျော်သူ တို့ တပ် ၄ တပ်က ရှေ့ပြေးတပ် ။ - တောင်ပဘုံစား စောဘယ ၊ ဝန်မြို့စား သမိန်သံလိုက် ၊ တိုက်ကုလားစား သမိန်ဇော်ကရက် ၊ စလပ်စား သမိန်ပရဲ တို့က ဆင်တပ် တတပ်စီ ဦးစီးပြီး ပူးတွဲ မြင်းတပ် ၆ တပ် နဲ့ ခြေလျှင်တပ် ။ - တပင်ရွှေထီးရဲ့ ပင်မတပ်မကြီးမှာ ဝင်းမှူး ၄ ဦး ၊ အမတ် ၄ ကျိပ် ၊ တိုက်ဆင် ၈၀ ၊ မြင်း ၈၀၀ စစ်သည် ၄၀၀၀၀ ။ တပ်မှူးချုပ် ရာဇသင်္ကြန် ၊ စစ်ကဲ နန္ဒသူ ။ - တုရင်မဏိ ၊ တုရင်ပုညာ ၊ လက်ယာရဲတိုင် ၊ လက်ဝဲရဲတိုင်တို့ ဦးစီးသော မြင်းတပ် ၄ တပ် ။ ဇရွဲဘုံစား သီရိဇေယျကျော်ထင် ၊ တောင်ငူမင်း ရဲသီဟသူ ၊ ပြည်မင်း သတိုးဓမ္မရာဇာ ၊ သာယာဝတီစား ဥဇနာ ၊ သမြင်းတုံစား နန္ဒယော်ဓာ ၊ မြောင်းမြစား ဗညားလော ၊ ပုသိမ်စား သမိန်ဗြပိုက် ၊ ခဲပေါင်စား သမိန်သံကျယ် တို့က ဆင်တပ် ၈ တပ် ။ စုစုပေါင်း တပ် ၁၂ တပ်မှာ တိုက်ဆင် ၂၀၀ ၊ စစ်မြင်း ၈၀၀၀ စစ်သည် ၄၀၀၀၀ ပါဝင်တဲ့ ဘုရင့်နောင် ဦးစီးသောတပ် ။            ပေါ်တူဂီစစ်ဗိုလ် ဒီယိုဂိုဆိုဝါရက် ဦးဆောင်သော ပေါ်တူဂီကြေးစား ( အနည်းဆုံး) ၄၀၀ ပါ တပ် လည်း ပါဝင်ပါတယ် ။

  • တပင်ရွှေထီး နဲ့ ဘုရင့်နောင် (33) ========================          တပင်ရွှေထီး ရခိုင်ကို ချီတက်သွားချိန် ယိုးဒယားဘုရင်က မှူးမတ်တွေနဲ့ တိုင်ပင်ကြပါတယ် ။ " ယခုအခါ ဗမာတို့သည် တန်ခိုးထက်သော မင်း၏ ဦးဆောင်မှုဖြင့် မွန် ၃ ရပ်လုံးကို သိမ်းကြုံးထားနိုင်ပြီး ရခိုင်ကိုပါ တိုက်နေကြပြီ ဖြစ်တယ် ။ ဗမာလူမျိုးဆိုတာ ဦးဆောင်သူကောင်းပြီး တော်ရင် အလွန်အစွမ်းပြတတ်တယ် ။ အခုလည်း သူတို့ နယ်နမိတ်ဟာ ငါတို့ နယ်နမိတ်နဲ့ ထိစပ်လာခဲ့ပြီ တနေ့ ငါတို့ဆီ ထိပါးလာဖို့ အကြောင်းရှိတယ် '' " အဲဒါတော့ အမှန်ပါပဲ ငယ်ရွယ်သေးတဲ့ တပင်ရွှေထီးဆီမှာ ယောက္ဖတော် စစ်ဘုရင်  ဘုရင့်နောင် နဲ့ ရွှေခွက်ဆွဲ သူရဲကောင်းတွေ ၊ မြင်းရည်တက် သူရဲကောင်းတွေ များစွာ ရှ်ိနေလို့ အချိန်ကျရင် ယိုးဒယားကိုလည်း ထိပါးလာဖို့ များပါတယ် '' " ဒါကြောင့် ငါတို့တွေ ကြိုတင်တားဆီးထားဖို့ လိုပြီလို့ မယူဆကြဘူးလား ''            မင်းလိုလိုက် မင်းကြိုက်ဆောင်သော ပညာမဲ့ အမတ်များက... " အမှန်ပါပဲ ဘုရား နယ်စပ်ရှိ သူ့ပိုင်နက်များအား စောစီးစွာ သိမ်းပိုက်ပြီး သူ့အင်အားကို လျော့ပါးအောင်လုပ်ရပါမည် ၊ ယခု မော်လမြိုင်နယ်စပ်သို့ သိမ်းပိုက်သင့်ကြောင်းပါ ''.           ရှေ့ရေး မျှော်မြင်သော ပညာရှိအမတ်များက.. " ယခု တင်ပြချက်ဟာ ရုတ်တရက်ကြည့်ရင် သင့်တော်ပါတယ်.. ဒါပေမယ့် ဆင်အိပ်ရာ ဆိတ်နှိုးမိသလို ဖြစ်ပြီး တပင်ရွှေထီးရဲ့ ဒေါသအိုး ရိုက်ခွဲပေးသလို ဖြစ်နေမှဖြင့် သူ့ရဲ့ တိုက်စစ်မြှားဦး ယိုးဒယားသို့ စောစီးစွာ ရောက်လာနိုင်မယ့်အရေးလည်း ချင့်ချိန်သင့်ပါတယ် ၊ တကယ်တိုက်ရင် ယိုးဒယားအနေနဲ့ စစ်ဘီးလူးတို့ စုရုံးနေတဲ့ တပင်ရွှေထီးအား နိုင်ရန်အကြောင်းမမြင်ပါဘူး မဟာမိတ်ပြုထားတာ ပိုပြီး သင့်တော်ပါလိမ့်မယ် '' " အရှင်းမြတ်အနေနဲ့ သည်အရေးကို စဥ်းစားစရာ မလိုပါဘူး အမတ်ကြီးရယ် ၊ ယိုးဒယားလို ဝေးကွာတဲ့ အရပ်ကို တပင်ရွှေထီး လာမတိုက်နိုင်ပါဘူး နောက်ပြီး အခုချိန်က ရခိုင်မှာ ကြည်းတပ် ရေတပ် အများကြီး ရောက်နေချိန်မို့ လွယ်လွယ်လေးနဲ့ နိုင်မှာ သေချာပါတယ် ''             ယိုးဒယားဘုရင်လည်း ပညာရှိ မှူးမတ်တို့ရဲ့ အကြံကို လက်မခံပဲ လောဘစိတ် အခြေခံပြီး ရေး ၊ တနင်္သါရီ ၊ ထားဝယ် ၊ မြိတ် တို့ကို အလျှင်အမြန် ချီတက်သိမ်းပိုက်ရန် အမိန့်ပေးလိုက်ပါတော့တယ် ။ ဒါကြောင့် အမတ် ၂ ဦးကို တပ်မင်းခန့်အပ်ကာ တိုက်ဆင် ၂၀၀ ၊ စစ်မြင်း ၁၀၀၀ ၊ စစ်သည် ၆၀၀၀၀ နဲ့ စစ်ချီလာပါတယ် ။            မြန်မာပြည်ရဲ့ အစွန်အဖျားမြို့ ထားဝယ်ကို အရင်ဦးဆုံး ဝင်တိုက်ကြပါတယ် ။ ဘာသတင်းမှ မရပဲ အင်အားကောင်းတဲ့ ယိုးဒယားတပ်ကြီးရောက်လာတော့ ထားဝယ်စားလည်း နည်းပါးလှတဲ့ မြို့စောင့်တပ်နဲ့ အနည်းငယ်မျှ ခုခံပြီး ရေးမြို့သို့ ဆုတ်ခွာ ပူးပေါင်းလိုက်ပါတယ် ။              ထားဝယ်ကို ယိုးဒယားတို့ ဝင်ရောက် သိမ်းပိုက်ကြောင်း မော်လမြိုင်စား ဗညားဦး ကြားတာနဲ့ တပင်ရွှေထီးထံ သတင်းပို့လိုက်ပါတယ် ။ တပင်ရွှေထီးလည်း အချိန်မဆိုင်းပဲ မှူးမတ်များကို အစည်းအဝေးခေါ်ပြီး.... " ယိုးဒယားကတော့ က်ိုယ်ကြမ္မာကိုယ်ငင်ကြပေပြီ ယခု ထားဝယ်ကို ကျူးကျော်လာပြီတဲ့... ခြင်္သေ့ကို လာစတဲ့ ယုန်သူငယ်လို ဖြစ်နေပြီ ၊ ဒီအရေးက ငါနဲ့ မတန်သေးဘူး မုတ္တမစား စောလဂွန်းအိမ်က ရေတပ် ၊ မော်လမြိုင်စား ဗညားဦးက ကြည်းတပ် တို့ကို ဦးဆောင်ပြီး ထားဝယ်ကို ပြန်သိမ်းကြပေတော့ ၊ မကြာခင် ယိုးဒယားကို ငါ ကိုယ်တိုင်တိုက်မည် ''             ထိုအမိန့်ကြောင့် လဂွန်းအိမ်က တိုက်လှေကြီး ၁၀၀ ၊ တိုက်လှေငယ် ၃၀၀ စစ်သည် ၄၀၀၀၀ နှင့် ရေကြောင်းက ချီတက်၏ ။         ကြည်းတပ်တွင် မော်လမြိုင်မြို့စား ၊ ရေးမြို့စား ၊ လဝန်းမြို့စား ၊ တိုက်ကုလားမြို့စား ၊ စစ်တောင်းမြို့စား ၊ အစုတ်မြို့စား ၊ လဂွမ်းဗျည်းမြို့စား ၊ ကျန်းမြို့စား  စုစုပေါင်း ၈ တပ်ဖွဲ့စည်းပါတယ် ။ တိုက်ဆင် ၂၀၀ ၊ စစ်မြင်း ၂၀၀၀ ၊ စစ်သည် ၈၀၀၀၀ တို့ ပါဝင်ကြပါတယ် ။              တပင်ရွှေထီး ရခိုင်မှ ပြန်မလာနိုင်သေးဘူးလို့ အပိုင်တွက်ထားတဲ့ ယိုးဒယားတို့ မြန်မာစစ်တပ် ချီလာပြီ ဆိုတဲ့ အသံကြားတာနဲ့ ထားဝယ်မှာ မနေရဲတော့ပါဘူး ။ ချက်ခြင်း ပြန်ဆုတ်ခွာပြေးရပါတယ် ။ တကယ့်စစ်တပ် တကယ့်စွမ်းရည်ရှိနေတော့ ရန်သူဟာ ဘာလုပ်ပေးမှ ညာလုပ်ပေးမှ ဆိုပြီးတောင် မတောင်းဆိုရဲကြပါဘူး ခွေးပြေးဝက်ပြေး ပြေးကြရတာပါပဲ ။ စစ်မင်းတို့ရဲ့ အရှိန်အဝါဆိုတာ ဒါပါပဲ ။               ထားဝယ်မှ ဆုတ်ခွာတဲ့ ယိုးဒယားတွေဟာ တနင်္သါရီ နယ်ထဲက တောင်ပဘုံ အရပ်မှာ တပ်ချထားပါတယ် ။ မြန်မာတို့ကလည်း ထားဝယ်မြို့ကို ထားဝယ်စားလက်ထဲ ပြန်အပ်ပြီး ၊ မော်လမြိုင်စား ဦးဆောင်တဲ့ ကြည်းတပ်က ယိုးဒယားတို့ကို ဆုံးမဖို့ တောက်လျှောက်လိုက်ကြပါတယ် ။              တောင်ပဘုံမှာ တပ်တည်နေတဲ့ ယိုးဒယားမြို့စား ၂ ယောက်လည်း ယခု မြန်မာတပ်မှာ တပင်ရွှေထီးလည်း မပါဘူး ၊ အလွန်ဓားထက်တဲ့ ဘုရင့်နောင်လည်း မပါဘူး ငါတို့နဲ့ သွေးတူ မွေးတူ မြို့စားတွေပဲ ဦးဆောင်လာတာမို့ မြန်မာတွေကို မြန်မာ့မြေမှာ ချေမှုံးပြီး ယိုးဒယားဇ ပြကြစို့ ဆိုပြီး အပြင်းအထန်ခုခံဖို့ စီမံကြပါတယ် ။

  • " ငမျိုးရေ..အစိုးရကလည်း ပြည်သူ့အတွက်ကောင်းဖို့ပါဆိုပြီး ကြွေးကြော် လုပ်ဆောင်နေတာပဲ... ပြည်သူတွေလည်း လှိမ့်ပိမ့်ခံနေရတာလည်း အရှိတရားပဲ  အဲဒါလေး လိုတိုရှင်း  သရုပ်ပြအုံး ဟ ''         ကွီးစိုး " ရော့ ကြည့်... ''           ကွီးမျိုး

  • ခြေခြေမြစ်မြစ် ============= " ငမျိုးရေ...ဒီကောင်က ငါ့တူသင်္ဘောသားကွ ရှင်းရှင်း ပြောရမယ် ဆိုရင် မင်းရေးခဲ့တဲ့ ဒေါ်စုကြည်အကြောင်းတွေ နဲ့ သူသိထားတာတွေ အများကြီး ကွာဟ နေလို့ ငြင်းခုန်ချင်တယ်တဲ့.. ငါလဲ ပွဲရှာနေတာမို့ မင်းဆီခေါ်လာတာကွ....'' " ရပါတယ်ဗျာ  လာ ထိုင်ကြအုံး  ငါ့တူက သင်္ဘောသားဆိုတော့ ပညာအချင်းက...? " " ကျနော် ဘွဲ့ရ ပညာတတ်ပါ '' " good ကောင်းပါ့ဗျာ  ပြောကြတာပေါ့ ဒါဆိုရင် ငါ့တူ အနေနဲ့ သဘာဝ ယုတ္တိကျရင် အကြောင်းခိုင်လုံရင် ယုံရဲတဲ့ သတ္တိရှိတယ်မဟုတ်လား..? " " ဒါပေါ့ဗျာ ကျနော်တို့ ပညာသင်ထားတာ ကျိုးကြောင်းညီညွှတ်ရင် လက်ခံဖို့ပါပဲ '' " OK ကဲ အမြင်မတူတာတွေ စပြောဗျာ '' " အမေစုရဲ့ NLD ပါတီကို ပြည်သူအားလုံး ထောက်ခံတယ်ဆိုတာ လက်ခံလားဗျ '' " အင်း...ပြဿနာက အဲဒါပဲ ကွ NLD ကို ပြည်သူတွေ အားလုံးထောက်ခံကြတယ်လို့ ဝါဒဖြန့်ထားတာကို မင်းက ပင်လယ်ထဲကနေ BBC / VOA / RFA လောက် နားထောင်ပြီး ယုံနေတာကိုးကွ  2015 ရွေးကောက်ပွဲမှာ မဲပေးနိုင်သူ 30 သန်း ရှိတယ် 12 သန်းက NLD က်ို မဲပေးတယ် ဒီတော့ NLD ကို ထောက်ခံသူ လူ ၁၀၀ မှာ ၃၄ ယောက်လောက်ပဲ ရှိတယ်လေ တခြားပါတီတွေက မဲ ခွဲဝေယူကြရလို့ NLD နိုင်သွားကွ '' " ဟုတ်ပါပြီဗျာ ဒါဆိုလည်း 2020 မှာလည်း NLD ပဲ နိုင်မှာပဲလေ ဒါကို မဲခိုးတယ်ဆိုတာ ယုတ္တိမရှိဘူးလေ '' " မဟုတ်ဘူးကွ အဲလို သတ်မှတ်လို့ မရဘူး 2017 နဲ့ 2018 မှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တော့ NLD က နိုင်နေကျ နေရာတွေမှာမှာ 46.66% ပြန်ရှုံးသွားတယ် ဒါကြောင့် 2020 မှာ ဘယ်လောက်ထပ်လျော့သွားနိုင်သလဲ တွက်ကြည့်ပြီး မဲ ခိုး ကြတာပဲ '' " ကိန်းဂဏန်းတွေက အမှန်တွေဆိုရင်တော့ ဦးလေးပြောတာ ယုတ္တိရှိပါတယ်... နောက် အမေစုရဲ့ ထူးချွန်မှုကို နှိမ်ချပြောခဲ့တာတော့ ဦးလေးတို့ လွန်တယ်ဗျ '' " သူက အောက်စဖို့က ဘွဲ့ရခဲ့တာ မှန်တယ်.. ကျောင်းတက်ခွင့်အတွက် လော့မောင့်ဘက်တန်ရဲ့ တော်ဝင်ဆွေမျိုး ထောက်ခံမှုနဲ့ တက်ခဲ့ရတာ ၊ ဘွဲ့ရမယ့် နောက်ဆုံးနှစ်မှာ အညံ့ဆုံး တတိယဆင့်က ရခဲ့တာ တတိယဆင့်ဆိုတာ ကျောင်းလခ မှန်မှန်ပေးရင် အောင်တယ် ၊ မပေးရင် ကျတဲ့ အဆင့် ဒါတွေက မောင်ရင် အလွယ်တကူ ရှာဖွေလို့ ရပါတယ် ဟုတ်မဟုတ် ရှာကြည့်ပေါ့ လေ '' " အင်း ရှာကြည့်အုံးမယ် ဦးလေးရေးလို့ ဖတ်ဖူးတဲ့ ဗီယက်နမ် မှာ ဟောပြောတော့ ကုက္ကိုပင်ကို အင်္ဂလိပ်လို မေ့နေလို့ ခိုခိုထရီး လို့ ပြောသွားတာတော့ ဟုတ်တယ် ၊ ဗလမင်းထင် ( ဗန်းမော် ကုန်းဘောင်ခေတ် ) နဲ့ ဗလရဲထင် ( တပင်ရွေထီး) လွဲ ပြောတာလည်း ကြားခဲ့ရတယ် ထားပါ ဒါတွေက အသေးအဖွဲပါ... အမေစုကို ကမ္ဘာက ထောက်ခံတယ် ကူညီတယ် ဆိုတာကိုတော့ ဦးလေးမငြင်းနိုင်ပါဘူး '' " အေးကွ..ဒါနဲ့ သူအာဏာရလာတော့ တို့တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်နိုင်ငံက လာပြီး ဘယ်လောက် ရင်းနှီးမြှပ်နှံခဲ့ကြသလဲ ကွ... တိုင်းသိပြည်သိ စက်ရုံကြီးတွေ ဘယ်နေရာမှာ တည်ဆောက်ထားလည်း ပြောကြည့်ပါအုံး ကွ...သူ့တကိုယ်ရေအတွက် ရွှေချစိန်စီပေးတာ တိုင်းပြည်နဲ့ မဆိုင်ဘူးလေ..နိုင်ငံခြားသား သူလျှို ၉၃ ယောက် က တိုင်းပြည်လျှို့ဝှက်ချက်တွေကို ဗြောင်ယူလို့ ရနေမှတော့ မင်းအမေစုကို မြှောက်စားပြီပေါ့ကွာ..ဒီလို သြဇာအာဏာကြီးတဲ့ ဘုံကျွန်ကြီးက ရခဲပါဘိ မောင်ရင်ရာ... '' " နိုလ်ဘယ်ဆု ရတာကတော့ မငြင်းနိုင်ပါဘူး '' " အမှန်က အဲဒီ နှစ်က နိုလ်ဘယ်ဆုကို ချက် သမ္မတကြီး ပေးဖို့ပါပဲ ဒါပေမယ့် ချက်သမ္မတက ဒေါ်စုကြည်သာ ဆုမရရင် အသက်အန္တရာယ် ရှိနေပါတယ် ဆိုပြီး သူမကို ဆုပေးဖို့ တိုက်တွန်းထောက်ခံလိုက်လို့ ရခဲ့တာပါ ၊ ဒီအကြောင်းကို 2019 ချက်နိုင်ငံ တက္ကသိုလ်တခုမှ ဒေါ်စုကြည်ကိုယ်တိုင် ချက်သမ္မတကြီးကို ကျေးဇူးတင်စကားပြောရင်း မိန့်ခွန်းပြောခဲ့ဖူးပါတယ် '' " ကောင်းပြီ ဦးလေး ကျနော် ဒါတွေ ပြန်ပြီးလေ့လာအုံးမယ်  မေးစရာ ငြင်းစရာတွေ ကျန်သေးတယ်ဗျ လာအုံးမယ် '' " လာခဲ့ပါကွာ မင်းမေးတာတွေကို NLD လက်ထက်ကတည်းက ငါ ဖြေခဲ့ပြီးသားတွေပါ မင်းမေးတော့ ငါ့ မိတ်ဆွေတွေလည်း အဟောင်းတွေ အသစ်ဖြစ်ရတာပေါ့ ''          ကိုရွှေမျိုး

  • သက္ကရာဇ် ၉၀၈ တပိုတွဲလဆန်း ၁၂ ရက် နေ့တွင် ဟံသာဝတီသို့ ပြန်လာကြပါတယ် ။ သံတွဲမြို့သို့ ရောက်ရာတွင် သံတွဲစားအား သူ၏ ကျေးကျွန် ဆင် မြင်း ရတနာများကို ပြန်ပေးပြီး သံတွဲမြို့ နှင့် တောင်စဥ် ၇ ခရိုင်အား မင်းအဆောင်အယောင်များနဲ့ တကွ အပိုင်စားပေးခဲ့ပါတယ် ။.မင်းကျော်ထင် နဲ့ အဲမွန်ဒယာ တပ် ၂ တပ်အား သံတွဲတွင် ငြိမ်ဝပ်ပိပြားရေး ဆောင်ရွက်ရန် ၃ လ ကြာမှ ပြန်ခဲ့ဟု မိန့်တော်မူခဲ့ပါတယ် ။ ၉၀၈ တန်ခူးလဆန်း ၅ ရက်နေ့တွင် ဟံသာဝတီသို့ ပြန်ရောက်ပါတယ် ။          တပင်ရွှေထီး ရခိုင်သို့ ချီတက်စဥ် ယိုးဒယားတို့က အခွင့်ကောင်းယူပြီး ကိုယ့်သေတွင်းကိုယ်တူးထားကြပါပြီ ။ ဖြစ်ပုံက........       ကိုရွှေမျိုးဝင်း

  • ဆရာတော်များက ဘုရင့်နောင်ထံ အရင်ဝင်တွေ့ပြီး အကျိုးအကြောင်း ပြောကြပါတယ် ။ ဘုရင့်နောင်က လက်ဆောင်ပဏ္ဏာများနဲ့ ဆရာတော်တို့အား တပင်ရွှေထီးထံ ခေါ်သွားပါတယ် ။ များပြားလှသော လက်ဆောင်များကြောင့် တပင်ရွှေထီးပင် အံ့သြယူရပါတယ် ။ ရခိုင်ဆရာတော်များက အချက် ၅ ချက် တင်ပြကြပါတယ် ။ - ဖခင်မရှိရင် သားက နန်းမွေဆက်ခံမြဲမို့ ညီကို နန်းတင်လိုခြင်းမှာ ထုံးစံဖျက်ရာရောက်ပါတယ် ။ - ရခိုင်ကို ရေရှည် ဆွဲတိုက်မှ ရနိုင်ပါမည် ၊ ယောက္ဖတော်မြုံမင်းက ရခိုင်ကို စစ်ကူလာခဲ့ရင် စစ်၂ ဖက်ညှပ်ပါမယ် ။ - ဟံသာဝတီ နဲ့ ပုဂံထိ သိမ်းထားတာကို အသားကျအောင် မအုပ်ချုပ်ရသေးမှီ ရှမ်းတို့ လာတိုက်ပါက အမြန်ပြန်ဖို့ ခက်ပါမယ် ။ - ဝါဆို ဝါခေါင်ရောက်ရင် မုန်တိုင်းလာ၍ ကြည်ကြောင်း ရေကြောင်း ခရီးသွားရန် ခက်ခဲမယ် ။ - သံတွဲစားထံမှ သိမ်းယူထားသော ဆင် မြင်း တို့အား တပင်ရွှေထီးမှ တဆင့် ပြန်ပေးမည် ၊ သံတွဲနဲ့တကွ တောင်စဥ် ၇ ခရိုင်ကို အုပ်စိုးစေမည် ။ တပင်ရွှေထီး အရေးရှိပါက သား နဲ့ ဘထွေးတို့ နှစ်ဦးပေါင်းပြီး အမှုထမ်းပါမည် ။ ( ဘထွေး ဆိုတာ ရခိုင်ဘုရင်က သံတွဲစားအား မိမိဖခင်ရဲ့ ညီမို့ ဦးလေးလို့ မခေါ်ပဲ ဘထွေးလို့ ရှေးဗမာတွေ ခေါ်တာပါ)           ဆိုပြီး တောင်းဆိုလာပါတယ် ။ တပင်ရွေထီးက အစည်းအဝေးခေါ်ပြီး အားလုံးနဲ့ တိုင်ပင်ရာ ဘုရင့်နောင်က.... " ရခိုင်ဘုရင်ရဲ့ တောင်းဆိုချက်ကို အလျှင်အမြန် လိုက်ရောပါက သံတွဲစားအား ပေးထားတဲ့ ကတိမတည်ရာ ရောက်ပါမည် ၊ ထို့ကြောင့် သံတွဲစားထံမှ သိမ်းသွားတဲ့ ဆင်ကောင်း မြင်းကောင်း အရင်တောင်းပါ ။ ပြီးမှ သံတွဲစားထံ အပ်နှံပြီး သံတွဲမြို့နဲ့ တောင်စဥ် ၇ ခရိုင်အား မင်းတို့၏ အဆောင်ယောင်နှင့် တကွ ချီးမြှင့်ပါက ငါကိုယ်တော် ဆောင်မမည်ဆိုတဲ့ ကတိတည်ရာ ရောက်ပါမည် ၊ ဒါမှသာ သား နဲ့ ဘထွေး နှစ်ဦးလုံး အမှုထမ်းပါ့မယ် ဆိုတဲ့ စကားကို ရှေ့ရေးအတွက် အသုံးချနိုင်ပါမယ် '' " ကောင်းတယ် ငါတို့ကလည်း ရခိုင်ကို လိုချင်လို့ လာတိုက်ကြတာ မဟုတ်ဘူး သံတွဲစား နဲ့ သူတို့ တူဝရီးချင်း အဆင်ပြေဖို့ လာကြတဲ့ ခရီးသာ ဖြစ်တယ် ၊ ဒီ အတိုင်းဆို သူတို့ချင်းလည်း အဆင်ပြေမယ် ၊ ဒါပေမယ့် ငြိမ်းချမ်းရေးက စျေးပေါနေမယ် ရာဇအိန္ဒြေနဲ့ အညီ စဥ်းစားအုံးမယ်လို့သာ အကြောင်းပြန်လိုက်ပေတော့ ''            အဲလို ဆုံးဖြတ်ပြီး ဆရာတော်တွေကို ပြန်လွတ်လိုက်ပါတယ် ။ နောက် ၃ / ၄ ရက် အကြာ ဆရာတော်တွေ ပြန်လာကြပါတယ်... ဒီတော့မှ တပင်ရွှေထီးက.... " ကဲ တူဝရီး ၂ ယောက်လုံး အမှုတော်ထမ်းမယ်ဆိုရင် ရခိုင်ဘုရင်ရဲ့ အသက် နဲ့ စည်းစိမ်ကို မဖျက်ဆီးတော့ဘူး ။ ဆင်ကောင်း ၂ စီး နဲ့ ရခိုင်မှာ ရှိနေတဲ့ မွန် ဗမာ ရှမ်း လူမျိုးတွေ အကုန်ပြန်ထည့်ပေးရမယ် ။ သံတွဲစားရဲ့ ကျေး ကျွန် ဆင် မြင်း ရတနာများကိုလည်း ယခု ပြန်ပို့ရမယ် ၊ သံတွဲမြို့ နဲ့ တကွ တောင်စဥ် ၇ ခရိုင်က်ိုပါ သူ့ကို ချီးမြှင့်မှသာ ငါ့သည် ပြောသည့်အတိုင်းလုပ်နိုင်သော ကတိတည်ကြည်သည့် ဘုရင်ဖြစ်ပေလိမ့်မယ် ''              တပင်ရွှေထီးရဲ့ တောင်းဆိုချက်များအား သဘောတူပြီး ဟံသာဝတီမှ ပြေးလာသူ မွန်အမတ် ပြတ္တပ နဲ့ သမိန်စည်သူ အပါအဝင် မွန် ၊ ဗမာ ၊ ရှမ်း လူ ၅၀၀၀ ကျော် ဆင်ကောင်း ၂ စီး ၊ တည်မျိုးအုပ်မျိုး လက်ဆောင်ပဏ္ဏာများ ၊  သံတွဲစား၏ ဆင်မြင်းကျေးကျွန် ရတနာများအား အမတ် ၄ ဦး နဲ့အတူ ပို့လိုက်ပါတယ် ။           ရခိုင်ဘုရင့်ထံ အမိန့်ပြန်တမ်းပို့ရာမှာ တပင်ရွှေထီးကိုယ်စား ဘုရင့်နောင်က မြို့ထဲသွားပို့ပါတယ် ။ နန်းတော်ထဲရောက်တော့ ကော်ဇောပေါ်မှာ ရွှေနားကွပ်ထားတဲ့ သင်ဖြူး ၂ ချပ်ခင်းထားပြီး ဘုရင့်နောင်နဲ့ ရခိုင်ဘုရင်တို့ ထိုင်ကြပါတယ် ။ တပင်ရွှေထီးက အမိန့်စာ ဖတ်ပါတယ်... " ရခိုင်ထုံးစံအတိုင်း အဖမရှိရင် သား နန်းမွေဆက်ခံတာကို ငါမဖျက်တော့ဘူး ၊ ရခိုင်ဘုရင်ရဲ့ ဘထွေးတော်အား သံတွဲမြို့နဲ့ တောင်စဥ် ၇ ခရိုင်အား ပေးတော်မူသည် ၊ နောက်နောင် အမှုတော် ပေါ်ပေါက်ပါက တူဝရီး ၂ ဦး ငါ့အား ကူညီရမည် ၊ တူဝရီး ၂ ဦးတွင် အမှုပေါ်ပါက ငါကလည်း ကူညီမည် ။ တူဝရီး ၂ ဦး အချင်းချင်း ကြည်သာစွာ ဆကိဆံရမည် ။ အပရိဟာနိယ တရား ၇ ပါး နှလုံးသွင်း၍ မင်းကျင့်တရား ၁၀ ပါး နဲ့အညီ အုပ်ချုပ်စေ ''          ဆိုပြီး အမိန့်တော်ကို ဖတ်ကြားခဲ့ပါတယ် ။ ရခိုင်မင်းဟာ ဘုရင့်နောင်ကို ဦးရီးလို့ ခေါ်ပါတယ် ။ ဘုရင့်နောင်အား ဆင်ပေါက် ၂ စီး ၊ မြင်း ၂ စီး ၊ အဝတ်အထည်များ ၊ ရွေ ၂ ပိဿာ ၊ ငွေ ၂၅ ပိဿာ ဆက်သပါတယ် ။ ထို့အပြင်... နောင်အခါ ဦးရီးတော် မင်းဖြစ်ခဲ့ပါက တူတော်ကို စောင့်ရှောက်ပါ ၊ ဦးရီးတော်တွင် အမှုအခင်း ရှိပါက တူတော်ကူညီပါမည် လို့ လျှောက်တင်လိုက်ပါတယ် ။          နောက်ရက်မှာ တပင်ရွှေထီးထံသို့ ​မြင်းကောင်း ၂ စီး ၊ အထည်အလိပ်များ ၊ အမွှေးနံသာများ ၊ ဘယဆေးဝါးများအား လူ ၁၀၀၀ ကျော် ကိုင်စေ၍ ဆက်သပါတယ် ။ မှူးမတ်များနဲ့ သူဌေးသူကြွယ်များကိုလည်း ဆက်သစေပါတယ် ။ တပင်ရွှေထီးက ရခိုင်မင်းရဲ့ တောင်းဆိုချက်အရ ဇလာကပင်း လှေကြီး ၂ စင်း ပြန်ပေးခဲ့ပါတယ် ။

  • တပင်ရွှေထီး နဲ့ ဘုရင့်နောင် (32) =========================           ရှေ့ဖျားတပ်ချင်း မဆုတ်မရွံ အပြင်းအထန် တိုက်ခိုက်ကြပါတယ် ။ ရေတပ်ချင်း တိုက်ရာမှာ လုံးထွေးရစ်ပတ်နေပြီး အနိုင်အရှုံး မကွဲပြားကြပါဘူး ၊ သူဆုတ် ကိုယ်တက် ကိုယ်ဆုတ်သူတက် အနေအထားပါပဲ ။           ကြည်းတပ်ချင်း တိုက်ခိုက်ရာမှာတော့ ဗမာတွေ ကျွမ်းကြင်တဲ့ ဆင်တပ် မြင်းတပ်တွေ အတွက် ဆင်ခင်း မြင်းခင်း မသာလို စိတ်တိုင်းကျ တိုက်မရကြပါဘူး ။ စစ်မြေပြင် ကျဥ်းမြောင်းခြင်း ၊ တော တောင် ခြောက်ကမ္ဘား ထူထပ်ခြင်းတို့ကြောင့် ဗမာရှေ့ဖျားတပ်တို့ လွင်ပြင်သို့ ပြန်ဆုတ်လာကြပါတယ် ။              လွင်ပြင်ထဲမှာ ရခိုင်ကြည်းတပ်က ပစ်လိုက်တဲ့ စိန်ပြောင်း မြတပူကျည် ထိပြီး လင်းပတေ့စား သရေစည်သူ ကျဆုံးခဲ့ပါတယ် ။ ခေါင်းဆောင်ကျသွားလို့ နောက်ပြန်အဆုတ် ဘုရင့်နောင်ရဲ့ တပ်မကြီး ရောက်လာပါတယ် ။          လင်းပတေ့စား ကျသွားတာကို သိလိုက်တဲ့ ဘုရင့်နောင်ဟာ လက်သည်းစိတ် လက်ထိပ်နာတတ်သူ စစ်သူကြီးမို့ တပ်မှူးတွေကို အမိန့်ပေးလိုက်ပါတယ် ။ " ရခိုင်တပ်ကို စိစိညက်ညက်ချေပစ်ရမယ် ၊ လင်းပတေ့စားအတွက် အရင်းနဲ့မရဘူး အတိုးနဲ့ပေါင်းပြီး လက်စားချေကြ...ရန်သူ့ရဲ့ အမြောက် စိန်ပြောင်း သေနတ်ကို ကြောက်ပြီး နောက်ပြန်လှည့်သူအား သူ့နောက်က ရှိတဲ့သူက ရာထူးငယ်နေလည်း ထိုလူကြောက်အား တခါတည်း ခုတ်သတ်စေ ''           ရှင်းပါ၏ ။ ဘုရင့်နောင်၏ နှုတ်မိန့်သည်ကား တပ်မှူးများနဲ့ စစ်သည်များအတွက် ကျောစိမ့်သွားရတဲ့ အမိန့်ဖြစ်ပါတယ် ။ ရန်သူ့အတွက်တော့ သေမင်းရယ်သံတွေ သောသောညံဖို့ ဖြစ်လာရပါပြီ ။               ဟံသာဝတီတပ်တွေဟာ သူတို့နောက်က ကပ်ပါလာတဲ့ ဘုရင့်နောင် နဲ့ ရွှေခွက်ဆွဲ သူရဲကောင်းတို့ကို ကျော်တက်မခံဝံ့ပဲ ရန်သူ့တပ်ရှိရာသို့ အလုအယက် ပြေးတက်ကာ ရဲရဲရင့်ရင့် တိုက်ခိုက်ပါတော့တယ် ။             ဆင်ခင်း မြင်းခင်း မသာတဲ့ ကြားက ရေတံခွန် ကျလာသလို ဆင် မြင်းများသာမက ခြေလျှင်စစ်သည်တွေပါ ဒလဟောဝင်တိုက်ကြလို့ ရခိုင်ကြည်းတပ် ခဏတွင်းမှာပဲ ချေမှုံးခံရပါတယ် ။ ဟံသာဝတီသားတွေဟာ ရှေ့ကရန်သူထက် နောက်က ဘုရင့်နောင်ရဲ့ အမျက်ဒေါသကို ပိုကြောက်လို့ မနိုင် နိုင်အောင် တိုက်ကြရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ တိုက်ကြလို့ ဆင်မြင်း လက်နက် နဲ့ သုံ့လူ အများအပြား ရရှိခဲ့ပါတယ် ။             ရခိုင်ကြည်းတပ်ကို ဘုရင့်နောင်ရဲ့ ကြည်းတပ်က မွမွကြေအောင် ချေပစ်လိုက်တဲ့ သတင်း ရေတပ်ဆီ ရောက်သွားတော့ ဆက်လက် မတိုက်ရဲတော့ပဲ မြောက်ဦးမြို့တော်သို့ ပြန်ပြေးကြပါတယ် ။           ရခိုင်ဘုရင်လည်း မြို့တွင်းမှ အခိုင်အလုံ ခံစစ်ပြင်ထားရပါပြီ ။ တပင်ရွှေထီးလည်း ကြည်းတပ် ရေတပ် တွေနဲ့ ဝန်းရံထားပါတယ် ။ မြောက်ဦးနန်းတော်က တောင်ထိပ်မှာ တည်ထားလို့ ကြည်းတပ်အနေနဲ့ တိုက်ရတဲ့ အဟန့်အတားတွေက ခက်ခဲပါတယ် ။            မြို့ရိုးမြင့်ပြီး ကျုံးကျယ်ပါတယ် ။ အဖက်ဖက်က ဝန်းရံပြီး တဟုန်ထိုး တိုက်ဖို့ ခက်ခဲပါတယ် ။ အမြောက် စိန်ပြောင်း သေနတ် များပြားပါတယ် ။ ရတန်သရွေ့ ထိုးဖောက်ကြည့်သော်လည်း တိုက်မရဖြစ်နေပါတယ် ။               ဒါနဲ့ ဘုရင့်နောင်က သစ်တပ်တည်ပြီး မြို့တွင်းသို့ အမြောက် စိန်ပြောင်း နေ့စဥ်ရက်ဆက် ပျင်းတိုင်း ထ ထ ထုပါတယ် ။ နေ့စဥ် အမြှောက်သံ တဝုန်းဝုန်း နဲ့ အပစ်ခံနေရတော့ ရခိုင်တွေ ခြောက်ခြားလာပါတယ် ။ ဘုရင့်နောင်က ရှင်းတယ်  ပစ်သာပစ် စစ်တိုက်တယ်ဆိုတာ ကိုယ့်ရှိတဲ့ လက်နက် ကိုယ့်အားသာချက်ကို အမြဲပြနေမှ ရန်သူကြောက်ပြီး လက်နက်ချမှာ..လက်ရုံးမပြပဲ ပါးစပ်နဲ့ ညှိနှိုင်းနေရင် ယာယီပဲ ငြိမ်းချမ်းမှာတဲ့ ။             ရခိုင်ဘုရင်လည်း ကြာရင် ပိုဆိုးလာမှာသိလို့ လက်ဆောင်ပဏ္ဏာများနဲ့အတူ အမတ် ၂ ယောက်ကို စေလွှတ်ပြီး စည်းစိမ်မပျက် အသက်ချမ်းသာပေးလျှင် အညံ့ခံပါ့မယ်လို့ တောင်းဆိုလာပါတယ် ။ တပင်ရွှေထီးက သံတွဲစားကို ရာထူးပေးမယ်လို့ ကတိပေးထားတဲ့အတွက် ​မြောက်ဦးအား အုပ်ချုပ်ခွင့် ဆက်မပေးနိုင်ဘူး လို့ အကြောင်းပြန်လိုက်ပါတယ် ။          အမတ် ၂ ဦးအား ပြန်အပို့ တပင်ရွှေထီးက မိမိရဲ့ တပ်အင်အားကို ပြသစေရာ အမတ်တို့လည်း ပိုမိုကြောက်ရွံ့ပြီး ပြန်သွားပါတယ် ။ မြောက်ဦးနန်းတွင်းမှာ ငြိမ်းချမ်းရေး ကိစ္စ အဆင်မပြေကြောင်း နဲ့ တပင်ရွှေထီးရဲ့ တပ်အင်အားကို ပြန်ပြောကြရာ အထူးကြောက်ရွံ ကုန်ပါတော့တယ် ။         ဘုရင့်နောင်က.... " ယခုအရေးမှာ အေးဆေးစွာနဲ့ ရခိုင်ပြည်ကို ရနေပါပြီ ဘာကြောင့် လက်မခံရပါသလဲ '' " မဟုတ်သေးဘူး နောင်တော် ကျနော်တို့ဆီ သစ္စာလာခံတဲ့ သံတွဲစားက မဖြစ်လို့ အညံ့ခံတဲ့ ရန်သူထက် စိတ်ချရတယ် ၊ ဒါကြောင့် ဦးစားပေးရင် ကိုယ့်ရဲ့ သစ္စာခံကို ဦးစားပေးရလိမ့်မယ် အချောင်ရပြီးရောဆိုပြီး သဘောထားရင် နောင်တချိန် ပုန်ကန်မှာ သေချာတယ် ''              တပင်ရွှေထီးရဲ့ ရပ်တည်ချက်ကြောင့် ဘုရင့်နောင်လည်း ထပ်မပြောတော့ပါဘူး ။ ရခိုင်ဘုရင်လည်း ကြံရာမရဖြစ်ကာ ဆရာတော်လေးပါးအား အကူညီတောင်းပြန်ပါတယ် ။ ဆရာတော်များနဲ့ အတူ လက်ဆောင်ပစ္စည်း ထမ်းပိုးသော လူ ၁၀၀၀ ပါလာပါတယ် ။

  • ဟာသ ကမ္ဘာ ============ - လျှပ်စစ်မီးပျက်လို့ ပြောကြတယ်.. ဘယ်သူကလဲ.. ( ရေအားလျှပ်စစ် စက်ရုံ တခုမှ မတည်ဆောက်ဖူး ..ဘက်ဂျက်ကြတော့ သူများထက် ပိုသုံးပြတယ် ။ ဒီလို စိတ်တိုင်းကျ ခိုးသွားတဲ့ အစိုးရကို ထောက်ခံပြီး လျှပ်စစ်တာဝါတိုင်တွေ မိုင်းခွဲ ဖြိုလှဲနေတဲ့ PDF နဲ့ ထောက်ခံနေသူတွေက-------) - ပြည်သူတွေကို ဗုံးကြဲ သတ်နေသတဲ့...ဘယ်သူကလဲ... ( မြို့ရွာတွေထဲ ရှော့တိုက်ဗုံးနဲ့ ရမ်းသမ်းပစ်ပြီး သူပုန်ပေါင်းစုံကို ပင့်လာတယ် ၊ ဒလံခေါင်းစဥ်တတ်ပြီး ဘုန်းကြီး ရဟန်းကနေ ဗိုက်ထဲက ကလေးတွေထိသတ်ပြီး အကြမ်းဖက်နေတဲ့ PDF နဲ့ သပြေပန်းကမ်း ကြိုဆို ထောက်ခံသူတွေက.....) - ပညာသင်နေတဲ့ CDM ကျောင်းတွေ နဲ့  ကျောင်းသားတွေကို ဗုံးကြဲလို့တဲ့... ဘယ်သူပြောလဲ.. ( ကျောင်းမတက်နဲ့ ကျောင်းထွက် ဆိုပြီး စာသင်ကျောင်းတွေ ဗုံးခွဲ ၊ ဆရာ / ဆရာမတွေ သတ် ၊ ကျောင်းသူ / ကျောင်းသားတွေကို စာသင်လို့ သတ်နေတဲ့ PDF နဲ့ ထောက်ခံသူတွေက စာသင်ကျောင်းတွေမှာ ဘန်ကာတွေနဲ့ လက်လုပ်ဗုံးတွေ လုပ်နေရင်း အော်နေကြတာ ) - တပ်မတော်က သယံဇာတတွေ ခိုးသတဲ့... ဘယ်သူကလဲ...? ( ရေနံ ၊ ရွှေ ၊ မိုးကုတ်ရတနာ ၊ သစ် ၊ မြေရှား ကနေ  ဆင်တွေတောင် ရောင်းစားပစ်နေတဲ့ PDF နဲ့ ထောက်ခံသူတွေက....) - တပ်မတော်ကို တိုင်းပြည်ဖျက်ဆီးသူတွေတဲ့... ဘယ်သူကလဲ...? ( ကားလမ်းတွေ ဖျက်ဆီး ၊ ရထားလမ်းတွေ မိုင်းထောင် ၊ တံတားကြီးငယ် လျှောက်ချိုး ၊ ဖုန်းတာဝါတိုင်ပါမချန်ခိုးနေကြတဲ့ PDF နဲ့ ထောက်ခံသူတွေက) - မင်းတို့က စစ်တပ်ပြောသမျှ ယုံနေတဲ့ နလပိန်းတုံးတွေတဲ့.... ဘယ်သူကလဲ...? ( အမေစု ပြန်လွှတ်လာပြီ..ဝေးးးဟေးးးးဟေးးး   ၇၂ နာရီ ကြာရင် R2P တပ်တွေလာပြီ  ဝေးးးးးးး   NUG ငွေတိုက်စာချုပ် ဝယ်တဲ့သူတွေ....   စစ်ရုံးချုပ်ကြီး လေလံပစ်တာ ဝယ်တဲ့သူတွေ...   စစ်သားတွေကုန်ပြီ အော်လည်း ယုံတဲ့သူတွေ...   တပ်ချုပ်ကို ဒုချုပ်က အာဏာသိမ်းပြီ ဆိုလဲ ယုံတဲ့သူတွေက😂😂😂) - သဘာဝ ဘေးအန္တရာယ် ကြုံတိုင်း စစ်တပ်က မကူညီဘူး အမေစုသာဆိုရင် တဲ့.. ဘယ်သူကလဲ... ? ( လူကယ်ပြန်ဝန်ကြီးက ဘက်ဂျက် Zeroမို့ မကယ်ဘူးတဲ့...သဘာဝဘေးဆိုတာ ကျမတို့ လုပ်တာ မဟုတ်ဖူး ရေကြီးရင် ကုန်းပေါ်တက်နေကြပါ ဆိုတဲ့ အစိုးရကို ထောက်ခံ ပြီး ပုန်ကုန်နေတဲ့ သူတွေက...) - ကုလသမဂ္ဂက လေယာဥ် မပျံသန်းရဇုံ သတ်မှတ်လိုက်ပြီတဲ့ ဘယ်သူကလဲ...? ( ထော်လာဂျီသံ ကြားရင် ထွက်ပြေး ၊ ချိန်းဆောသံကြားရင် တွင်းထဲ အောင်းနေတဲ့ ကောင်တွေက ) - လေယာဥ်ဆီကုန်ပြီ တိုက်ကြတဲ့... ဘယ်သူကလဲ ? ( ပေါင် ၅၀၀ ကြောင့် တတုံး တတစ်ဖြစ်နေတဲ့ အသုဘတွေက) - သမ္မတကြီး ဦးမင်းအောင်လှိုင်ကို အနူမြူလက်နက်ပိုင်သော ရုရှား ၊ တရုတ် ၊ အိန္ဒ်ိယ ၊ ပါကစ္စတန် ၊ မြောက်ကိုရီးယား တို့က ထောက်ခံတယ် လာအို ဘီလာရု ယိုးဒယားတို့က တလေးတစား ဆက်ဆံကြတယ် အဲဒါကို မင်းတို့အဘကို ဘယ်သူကမှ အသိအမှတ်မပြုဘူး တဲ့.... ဘယ်သူကလဲ..? ( ကျုပ်တို့ကို လူရာသွင်းပါအုံး ကျုပ်တို့နဲ့ ဆက်ဆံပါအုံး ဆိုပြီး နိုင်ငံတကာမှာ လူရာမဝင်တဲ့ တီမောလို နိုင်ငံမျိုးကို ဒူးထောက် ၊ အာဆီယံလပြွတ် မြုံလိုက်မနေလို့ ဟိုက နောက်ဖေးပေါက်ကတောင် မဖိတ်ခေါ်ပဲ အားနာပါးနာ ဇွန်း လေးနဲ့ တောပြောတောင်ပြော ပြောပြီး ချွေးသိပ်နေရတဲ့ NGU နဲ့ နောက်မြှီးဆွဲတွေက...)           သြော် ရီချင်လွန်းလို့ ဆက်မရေးနိုင်တော့ဘူး.. နီတုံး ဟာသတွေကတော့ ရေးမကုန်.......       ကိုရွှေမျိုးဝင်း

  • ကုသိုလ်လူကြုံ လိုက်ကြပါ =====================            သဘာဝဘေးအန္တရာယ် ကျရောက်တိုင်း ပရဟိတ လူငယ်တွေ တက်တက်ကြွကြွ လှူဒါန်းကြတယ် ။ လူငယ် ဆယ်လီအတော်များများ လှူကြ ကူကြနဲ့ ကြည်နူးစရာတွေ့မြင်ရပါတယ် ။ အဲလို မြင်ရတိုင်း လူငယ်ဆယ်လီတွေကို တိုက်ခိုက်လေ့ရှိတဲ့ သူတွေကိုလည်း အံ့သြဖွယ် တွေ့နေရလေ့ ရှိတယ် ။               မြန်မာပြည်တဝှမ်း ဘယ်ဒေသပဲ သဘာဝဘေးကျရောက်ပါစေ ပထမဆုံးမြင်ရတာက ဒီကလေးတွေ အားကျိုးမာန်တက် ကူညီနေတာချည်းပါပဲ ။           ဒါကိုပဲ မနာလိုသူတွေက သူတို့နာမည်ကြီးဖို့ လှူနေကြတာ ဘာညာ နဲ့ အပုပ်ချနေတာလည်း စိတ်ပျက်ဖွယ် မကြာခဏ ကြားနေရတာပါပဲ ။ ရုပ်ရည်သန့်သန့် နဲ့ ယောကျာ်းလေးတန်မဲ့ တချိန်တုန်းက ဦးပိန်တံတားနားက နာမည်ကြီး အချဥ်ပေါင်းသည်လေး လှူတာကို ဘယ်လောက် ချမ်းသာလို့ လှူတာလဲ ဘာညာ ဝေဖန်နေတာ တွေ့ရလို့ အံ့သြမိတယ် ။              ဒီလို လှူဒါန်းနေတဲ့ ပရဟိတဆယ်လီလေးတွေကြောင့် ဒေသခံတွေ ဘယ်လောက် အဆင်ပြေသွားကြလည်း ဝေဖန်သူတွေ မသိကြဘူး ။ တကယ် ဒုက္ခဖြစ်နေရချိန်မှာ ထမင်း တလုပ် ရေ တမှုတ်က ဘယ်လောက် တာသွားတယ်ဆိုတာ မသိကြဘူး ။           ပရဟိတ ဆယ်လီလေးတွေ လှူဒါန်းနေတာ ၊ ကူညီနေတာတွေကို ဆိုရှယ်မီဒီယာတွေမှာ တင်ကြတာလည်း အပြစ်တင်ကြလေရဲ့ ။ သူတို့ကို ယုံကြည်လေးစားလို့ ဝိုင်းဝန်းလှူဒါန်းတဲ့ အများပြည်သူ သာဓုခေါ်နိုင်အောင် ဒီနည်းနဲ့ သက်သေပြနေကြတာလို့ ယူဆလိုက်ရင် ဝမ်းသာပေးလို့ ၊ မုဒိတာ ပွားပေးလို့ ရတာပါပဲ ။ အကုသိုလ်စိတ်နဲ့ ကြည့်ရင်တော့ မနာလိုစိတ်နဲ့ ကိုယ့်စိတ်ကို မီးမြိုက်နေကြတာပါပဲ ။             ဒီကြားထဲ ဒီလို တရားဝင်လိုင်စင်မရှိတဲ့ ခါတော်မှီ ပရဟိတလုပ်တာတွေကို လက်မခံသင့်ကြောင်း ၊ ကြက်ခြေနီ ၊ မီးသတ် တို့လို အဖွဲ့တွေကတဆင့် လှူသင့်ကြောင်း ဘာညာ နဲ့ အကြံပြုသလိုလိုနဲ့ ချောက်ချနေတာလည်း တွေ့ရပါတယ် ။                မဟုတ်ဖူးလေ...သူတို့တွေက အရေးကြုံမှ ကပျာကယာ အလှူခံပြီး ထလုပ်ကြရတဲ့ တကိုယ်တော်တွေလေ ။ သူတို့ကို ယုံကြည်ပြီး ချစ်ခင်တဲ့ သူတို့ fan တွေက ဝိုင်းစုလှူဒါန်းကြတာလေးကို တပိုင်တနိုင် သွားလှူကြတာလေ... အဲလိုသာ လုပ်ကြေးဆိုရင် စတုဒီသာလှူတာတောင် လိုင်စင်ယူကြမလို ဖြစ်ကုန်မှာပေါ့ ။                ဒီကလေးတွေကို ဘာကြောင့် ဝိုင်းလှူကြသလဲ ဆိုရင်...              အဓိက အကျဆုံး အချက်က ငါတို့လှူလိုက်တာလေးတွေ တကယ်လိုသူတွေလက်ထဲ ဒုတ်ဒုတ်ထိရောက်မယ်လို့ ယုံကြည်လို့ပါပဲ ။ ( အဲဒီ ယုံကြည်မှုအတွက် ကလေးတွေက live လွှင့် ပြနေကြတာလေ...ဒါကို နာမည်ကြီးချင်လို့ပါ ဆိုတဲ့ အတွေးဆိုးထက်  အလှူရှင်တွေအတွက် တိုက်ရိုက် သာဓုခေါ် နိုင်ဖို့ ပီတိမျှဝေနေတာလို့ သဘောထားလို့ မရပေဘူးလား... ? )        ဆယ်လီ  ပရဟိတလူငယ်တွေ အားထုတ်ပေးမှုကြောင့် အဆင်ပြေသွားရသူတွေ သိန်း သန်း ချီရှိနေပါတယ် ။ သူတို့ဆီမှာ လူအများရဲ့ ချစ်ခင်မှုသာမက ယုံကြည်မှုပါ တည်ဆောက်ထားနိုင်လို့သာ နှစ်ရှည်လများ ရပ်တည်နိုင်ကြတာပါ....         မကူချင်နေပါ မလှူချင်နေပါ ဒုက္ခသည်တွေအတွက် ထမင်းတထုပ် အဝတ်တထည် လျော့သွားအောင်တော့ မပြောကြစေချင်ပါဘူး ။         အမှန်တိုင်းပြောရရင် အဲဒီ ပရဟိတ ဆယ်လီတွေကို တယောက်မှ မသိပါဘူး ။ ကိုယ်လည်း မလုပ်နိုင်ပါဘူး ။ သူတို့ လှူဒါန်းနေကြလေးတွေ ၊ ဒုက္ခသည်တွေနဲ့ လုံးထွေးစနောက်ပြီး စိတ်ဓာတ်ခွန်အား ပေးနေကြတာလေးတွေကို ကြည့်ပြီး ကုသိုလ်လူကြုံ လိုက်နေရတဲ့ အဆင့်ပါ ။         အာသေဝန ပစ္စယော အရ ရှေး.. ရှေး က ကုသိုလ်ပြုခြင်းဖြင့် နောက်..နောင်ကို လည်း ကုသိုလ်ပြုဖို့ ထောက်ပံ့တတ်ပါတယ်တဲ့ ။ ထပ်လုပ်ရင်း ထပ်လုပ်ချင်တဲ့ သဘာဝကြောင့် { စာလို ပြောရရင်တော့ ထပ်ခါတလဲလဲ မှီဝဲသုံးဆောင်ခြင်း၊ လေ့ကျင့်ပွားများခြင်းဖြင့် ကျေးဇူးပြုတတ်သော သတ္တိ } ကုသိုလ်ပြီး ကုသိုလ်ရနေမယ့် ပရဟိတလူငယ်များ ဘဝ အဆက်ဆက် ဒီထက် အောင်မြင်ကျော်ကြားပြီး နိဗ္ဗာန်လမ်းထိ လျှောက်လှမ်းနိုင်ကြပါစေဗျာ ။           ကိုရွှေမျိုးဝင်း

  • နာမည်ဂုဏ်သတင်းကြောင့် ရန်သူကို မတိုက်ရပဲ သံတွဲမြို့ကို အလွယ်တကူ ရရှိခဲ့ခြင်းကား ဂုဏ်သိက္ခာမြင့်မားလှပါတယ် ။ မတိုက်ခိုက်ပဲ ရန်သူကို အောင်နိုင်​​ခြင်းကား အကောင်းဆုံး အောင်မြင်မှု ဆိုတာ အဲသလို မိမိနာမည် ကြားတာနဲ့ ရန်သူတို့ အမြှီးတောင် မမြင်ရအောင် ခွေးပြေး ဝက်ပြေး ပြေးကြရတဲ့ အနေအထားကို ရည်ညွန်းသော အောင်ပွဲသာ ဖြစ်ပါတယ် ။             သံတွဲသားတို့ အပြေးမြန်လှတာကြောင့် ရခိုင်ဘုရင်ဟောင်းရဲ့ ညီတော် ​သံတွဲမြို့စားဟောင်း ပါလာကြောင်း မနည်းပြောပြီး လူပြန်စုကြရပါတယ် ။ ထို့နောက် သံတွဲမြို့အား သံတွဲစား မင်းအောင်လှ နဲ့ နန္ဒကျော်ထင်တို့ကို အုပ်ချုပ်စေကာ ရခိုင်မြို့တော်သို့ ဆက်လက် ချီတက်ကြပါတယ် ။             ရခိုင်မင်းကလည်း တပင်ရွှေထီးအား မြို့ထဲမှ မခုခံပဲ ၂ စခန်းအလို ကနေ ရေတပ်အား ရေတပ်ချင်း ၊ ကြည်းတပ်အား ကြည်းတပ်ချင်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့ ပြင်ဆင် စောင့်စားနေပါတော့တယ် ။ တပင်ရွှေထီး ရဲ့ စစ်ဖျားနဲ့ ရခိုင်စစ်ဖျားတို့ စတင်ထိတွေ့ချိန်မှာပဲ......            ကိုရွှေမျိုးဝင်း

  • { ရခိုင်ရာဇဝင်သစ်မှာ မင်းပါကြီးက ၉၁၅ မှ နတ်ရွာစံတယ်လို့ ဆိုထားပြီး ညီတော် သံတွဲစားကို ရာထူးချပြီး အိမ်ရှေ့စံကို သံတွဲစားခန့်သဖြင့် တပင်ရွှေထီးထံ စစ်ကူခေါ်တယ်လို့ ဆိုပါတယ် }               တပင်ရွှေထီးလည်း သံတွဲစားရဲ့ အကူညီတောင်းဆိုမှုကို လက်ခံပြီး စစ်တုရင်္ဂသူ ၊ သမိန်အဲပရဲ ၊ သမိန်ဖြတ်စ ၊ သမိန်မောခွင် တို့ကို တပ်မှူးခန့်အပ်ပြီး တပ်ပေါင်း ၄ တပ် ၊ တိုက်ဆင် ၁၀၀ ၊ စစ်မြင်း ၁၀၀၀ ၊ စစ်သည် ၄၀၀၀၀ တို့နဲ့ စစ်ကူသွားစေပါတယ် ။              ဟံသာဝတီ စစ်ကူများ သံတွဲ မရောက်မှီ ရခိုင်ဘုရင်က သံတွဲအား သိမ်းပိုက်ပြီးဖြစ်နေကာ သံတွဲစားလည်း ဟံသာဝတီသို့ ခိုလှုံရန် သတင်းပို့လိုက်ရပါတယ် ။ တပင်ရွှေထီးက သူ့ကို အားကိုးတကြီး စစ်ကူတောင်းခဲ့တဲ့ သံတွဲစားကို အားပေးကာ စစ်ကူများနဲ့အတူ ဟံသာဝတီသို့ ပြန်ခေါ်လိုက်ပါတယ် ။               သံတွဲစားက ရခိုင်ပြည်ကို သိမ်းပိုက်ပါက နိုင်ငံတော် ကျယ်ဝန်းလာရုံမက ကုလားတိုင်းပြည်များကိုပါ သိမ်းပိုက်နိုင်ပါလိမ့်မယ် ၊ ရခိုင်ကို ရလျှင် ကျွန်တော့အား ဘုရင်ခံ ခန့်ထားပါက သစ္စာရှိစွာ အမှုထမ်းပါမယ်လို့ လျှောက်တင်ပါတယ် ။           မူလကတည်းက ရခိုင်ကို မျက်စောင်းထိုးနေတဲ့ တပင်ရွှေထီးလည်း ရခိုင်သို့ စစ်ချီရန် တိုင်ပင်ပါတော့တယ် ။ ဘုရင့်နောင်က... " ရခိုင်သို့ စစ်ချီရန်မှာ လမ်း ခရီး ကြမ်းတမ်းလှပါသည် ၊ ရခိုင်ရေတပ်သားတို့မှာလည်း ကျွမ်းကြင်သည်ဟု သိရပါတယ် ၊ ပေါ့ဆ၍ မရပဲ ရေတပ် ကြည်းတပ် ပေါင်းပြီး အကြီးအကျယ် ပြင်ဆင်၍ ချီမှသာ အောင်မြင်ပါလိမ့်မယ် ဒါကြောင့် အရှင်မင်းမြတ်က ရေကြောင်းက ချီပါ ကျနော်မျိုးက ကြည်းကြောင်းက ချီပါ့မယ် '' " စစ်ရေး စစ်ရာမှာ နောင်တော်ကြီးကို ဘယ်သူမှ မမှိီပါဘူး နောင်တော်ကြီး စိတ်တိုင်းကျသာ စီမံပါ ''            ထိုအမိန့်ကြောင့် တပင်ရွေထီးရဲ့ လုံခြုံရေးကို အဓိကထားပြီး ရေတပ်ကို ကြီးကျယ်စွာ ဖွဲ့စည်းပါတယ် ။ -  ပုသိမ်စား သမိန်ဗြပိုက် ၊ သံလျှင်စား နန္ဒကျော်ထင် ၊ ဓနုဖြူစား သမိန်ရဲသင်ရံ ၊ ဒလစား သီရိဇေယျနော်ရထာ ၊ ခဲပေါင်စား သမိန်သံကျယ် ၊ ဝန်မြို့စား သမိန်အဲနရဲ တို့ ၇ ဦး ဦးစီးတဲ့ ​ရေတပ် ၇ တပ်ကို ရှေ့ပြေးတပ် ။ - တပင်ရွှေထီးအတွက် ဘုံ ၁၁ ဆင့်ပါ ရွှေဖောင်တော် နဲ့ ပင်မတပ်အတွက် နန္ဒသင်္ကြန်ကို တပ်မှူး ၊ ဘယနန္ဒသူကို စစ်ကဲ ခန့်ကာ ချီ၏ ။ - နောက်ရံတပ်အား ဇရွဲအုံစား သီရိဇေယျကျော်ထင် ၊ တိုက်ကုလားစား သမိန်ဇော်ကရက် ၊ စစ်တောင်းစား မဟာကြီး ၊ ယွန်းစလင်းစား သမိန်ဇိတ်ပွန် ၊ လက်ယာစား ဘယကျော်သူ ၊ ဝင်းယော်စား အဲမွန်ဒယာ ၊ ရေးမြို့စား နန္ဒကျော်သူ တို့ရဲ့ တပ်ပေါင်း ၇ တပ် ။        စုစုပေါင်း တိုက်လှေ ၇၀၀ ၊ သံလှေ ၅၀၀ ၊ ရိက္ခာတင်ကုန်လှေ ၅၀၀ ၊ စစ်သည် ၃၅၀၀၀၀ ပါဝင်ပါတယ် ။          ဘုရင့်နောင်ရဲ့ ကြည်းတပ်မှာ တုရင်သိမ်းစည်း ၊ တုရင်ယော်ဓာ ၊ တုရင်ဗလ ရှေ့ပြေး မြင်းတပ်များ ၊၊        ယင်းတို့နောက်မှ လင်းပတေ့စား သရေစည်သူ ၊ တရုတ်မော်စား ပျံချီ ၊ စလင်းစား တောင်ငူစည်သူကျော်ထင် ၊ မင်းတုံးစား မင်းကျော်ထင် ၊ သာယာဝတီစား နော်ရထာ ၊ စရပ်စား သမိန်ဗရမ်း ၊ မြောင်းမြစား စတုဂါမဏိ ၊ လဝန်းပြည့်စား နန္ဒသူရိယ ၊ အစုတ်မြို့စား သမိန်အဲပရဲ ၊ ဒဂုံစား ဗညားကျန်းတော ၊ ဘုရင့်နောင် ရဲ့ ပင်မတပ် ဆိုပြီး ကြည်းတပ် ဖွဲ့စည်းပါတယ် ။ တိုက်ဆင် ၆၀၀ ၊ စစ်မြင်း ၂၀၀၀ ၊ စစ်သည် ၄၀၀၀၀ ပါဝင်ပါတယ် ။             ဟံသာဝတီအတွက် ဘယဂါမဏိ နဲ့ ဗညားအိမ် နန်းတော်စောင့် ။           အရှေ့ဘက်တလွှားအတွက် မော်လမြိုင်စား ဗညားဦး နဲ့ သမိန်သံလိုက် ။.         တောင်ငူ မင်းရဲသီဟသူ ။         ပုဂံ စုက္ကတေး ၊ စလေ ဘယကျော်သူ ၊ တောင်တွင်းကြီး နားတောင်းများ တို့အား ကိုယ့်မြို့ကို စောင့်နေရန် ။ ပြည်မြို့ကို သတိုးဓမ္မရာဇာ အား အခိုင်အလုံ ကာကွယ်ကြရန် တာဝန်ပေးခဲ့ပါတယ် ။          ရခိုင်သို့ သက္ကရာဇ် ၉၀၈ တန်ဆောင်မုန်းလဆန်း ၄ ရက် တနင်္လါနေ့မှာ ချီတက်ကြပါတယ် ။        တပင်ရွှေထီးရဲ့ ရေတပ်ကြီး သံတွဲသို့ ချီလာကြောင်း ကြားတဲ့ ရခိုင်ဘုရင်လည်း သံတွဲမှ တိုက်လှေများကို စေလွတ်ပြီး ဆီးကြိုတိုက်ခိုက်ဖို့ စီစဥ်ပါတယ် ။ တပင်ရွှေထီး ရေတပ်ရဲ့ ရှေ့ဖျားချီတပ် မှ ပုသိမ်စား နဲ့ မြောင်းမြစား တို့ရဲ့ တပ်တွေနဲ့ သံတွဲတပ်တို့ဟာ မော်တင်စွန်းမှာ တွေ့ကြပြီး အပြင်းအထန်တိုက်ကြပါတယ် ။               သံတွဲသားတို့လည်း ရွပ်ရွပ်ချွန်ချွန် တိုက်ကြပါတယ် ။ ရေကျွမ်းကြင်သူတွေမို့ အားကျိုးမာန်တက်တိုက်ခိုက်ကြပေမယ့် နောက်က ကပ်ပါလာတဲ့ တပင်ရွှေထီးရဲ့ အင်အားကြီးမားလှတဲ့ ရေတပ်ကြီးကြောင့် သံတွဲသားတို့ သံတွဲသို့ ပြန်ဆုတ်ပြေးရပါတယ် ။ မြို့တွင်းက ခုခံမယ်လို့ စီမံထားကြပေမယ့် ဘုရင့်နောင်ရဲ့ ကြည်းတပ်ကြီး လာနေပြီဆိုတဲ့ အသံကြားရတာနဲ့ နားကြောစိမ့်အောင် ကြောက်ရွံ့ပြီး အလျှင်အမြန်ပဲ ရခိုင်မြို့တော်ဆီသို့ ပြန်ဆုတ်သွားကြပါတယ် ။

  • တပင်ရွှေထီး နဲ့ ဘုရင့်နောင် (31) -========================            စစ်ကိုင်းမြို့ထဲကနေ ခုံမှိုင်းငယ်က အပြင်းအထန် ခုခံပါတယ် ။ ဒါပေမယ့် စည်သူကျော်ထင် ရဲ့ တိုက်စစ်က ရန်ငြိုးကြီးနေတဲ့ စလုံရဲ့ တပ်မှူးတွေကြောင့် အားပါပြင်းထန်လှပါတယ် ။ ခုံမှိုင်းငယ်လည်း ရေရှည် မခုခံနိုင်တော့ပဲ အင်းဝ သို့ ပြန်ဆုတ်ကာ မြို့တံခါးပိတ်နေရပါတော့တယ် ။             သက္ကရာဇ် ၉၀၇ မှာ စစ်ကိုင်းကို စည်သူကျော်ထင် ခိုင်ခိုင်မာမာ အုပ်ချုပ်နိုင်ပါပြီ ။ ခုံမှိုင်းငယ်လည်း စစ်ကိုင်းကို အကြိမ်ကြိမ်ပြန်တိုက်ခဲ့ပေမယ့် လုံးဝ တိုက်မရတော့တဲ့ အတွက် စလင်းစည်သူကျော်ထင် ကနေ  စစ်ကိုင်းစည်သူကျော်ထင် အဖြစ် ပြောင်းလဲ ထင်ရှားလာရပါတယ် ။                သက္ကရာဇ် ၉၀၇ မှာပဲ ခုံမှိုင်းငယ်လည်း သေဆုံးသွားခဲ့ရပါတယ် ။ သူ့နေရာကို ဆက်ခံသူက သူ့သား မိုးဗြဲစော်ဘွား ဖြစ်ပါတယ် ။ မိုးဗြဲနရပတိ ဆိုတဲ့ အမည်နဲ့ အင်းဝကို အုပ်ချုပ်ပါတယ် ။ သူက ရှမ်းဖြစ်ပေမယ့် ဗမာစိတ်ဝင်နေပါပြီ ။ နောက်ပြီး စစ်ကိုင်းကို ပြန်တိုက်ချင်လို့ တပင်ရွှေထီး နဲ့ မဟာမိတ်ပြုပါတော့တယ် ။           တပင်ရွှေထီးရဲ့ မျက်စောင်းက ရခိုင် နဲ့ ယိုးဒယားဘက်ကို ထိုးနေသောကြောင့် အင်းဝ နဲ့ စစ်ကိုင်းဟာ သူတို့အချင်းချင်းပဲ အပျင်းပြေ တိုက်ခိုက်တဲ့ သဘောမျှ ဖြစ်နေပြီး တယောက်နဲ့ တယောက် ဘယ်သူမှ မနိုင်ကြပါဘူး ။          ဒီတော့ အင်းဝ နဲ့ စစ်ကိုင်းတို့ ချစ်ကြည်ရေးယူပြီး အေးအေးဆေးဆေး နေကြပါတယ် ။ ဒီသတင်းကို စလုံ ကြားတဲ့အခါ အချိန်ပေးစောင့်ကြည့်ရင်း စစ်ကိုင်းက အင်းဝကို တိုက်မယ့်ဟန် မပြသောအခါ ငါလည်း ဒီပုံဆို အင်းဝကို လက်စားချေရမှာ မဟုတ်တော့ဘူးလို့ တွက်ဆပြီး စစ်ကိုင်းကို ဆင် မြင်း ဗိုလ်ပါ အများအပြားနဲ့ ချီလာပါတယ် ။             စစ်ကိုင်းသို့ ရောက်သောအခါ စည်သူကျော်ထင် နဲ့ တွေ့ပြီး အင်းဝကို ဘာကြောင့် မသိမ်းပိုက်ပဲ မဟာမိတ်ပြုထားသလဲ... မိမိအား သစ္စာဖောက်တာလားလို့ မေးပါတယ် ။ စည်သူကျော်ထင်က မဟုတ်ပါဘူး ယခု လက်ရှိအင်အားနဲ့ အင်းဝကို သိမ်းယူဖို့ အခက်အခဲ ရှိနေလို့ စစ်သည် စုဆောင်းချိန်အတွက်သာ မဟာမိတ်ပြုထားရတာပါ ဗိုလ်ပါ စုပြီးရင် တိုက်ပါ့မယ်လို့ ပြောလိုက်ပါတယ် ။              စလုံလည်း ဒါဆို မင်းတိုက်ဖို့ ငါ အင်အားထပ်ပေးမယ် ဆိုပြီး ဆင် မြင်း ဗိုလ်ပါ ထပ်မံ ပေးအပ်ပြန်ပါတယ် ။ စလုံပြန်သွားနဲ့ အင်းဝကို တိုက်ရန် လှေ ၊ ဖောင်များ ပြင်ဆင်ပါတယ် ။ လူသူစုဆောင်းရာမှာ ပြည်သူချစ်ခင်သော မင်းဖြစ်၍ အလုံးအရင်းနဲ့ ပူးပေါင်းလာကြပါတယ် ။               သူစစ်ပြင်နေတဲ့ သတင်းကြားတာနဲ့ မိုးဗြဲနရပတိက တပင်ရွှေထီးထံ ထွက်ပြေးခိုလှုံပါတော့တယ် ။ အင်းဝရှိ ဗမာများကလည်း ဗမာမင်း စည်သူကျော်ထင်ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြလို့ အင်းဝအား အလွယ်တကူ ရရှိခဲ့ပါတယ် ။ မြန်မာ့သမိုင်းမှာ အမည်အများဆုံး စာရင်းဝင် စည်သူကျော်ထင်ဟာ သက္ကရာဇ် ၉၁၃ မှာ အင်းဝအား နရပတိစည်သူ ဆိုတဲ့ ဘွဲ့ကို ခံယူပြီး အုပ်ချုပ်နိုင်ခဲ့ပါတယ် ။              စစ်ကိုင်း ၊ အင်းဝ နဲ့ စလုံ တို့ ဇာတ်လမ်းရှုပ်နေချိန် သက္ကရာဇ် ၉၀၇ မှာ တပင်ရွှေထီးက ဟံသာဝတီမှာ ရာဇဘိသိတ်ခံပွဲ ကျင်းပပါတယ် ။ ဘိသိတ်ပွဲကို ဗမာမင်းတို့ထုံးစံသာမက မွန်မင်းတို့ ထုံးစံကို ၂ မျိုးလုံး ကျင်းပခဲ့ပါတယ် ။         ဘိသိတ်ပွဲမှာ မိသားစုလိုက် ဆုလာဒ် ရခဲ့တာက ဘုရင့်နောင်တို့ မိသားစုပါပဲ ။ ဖခင် မင်းရဲသီဟသူက်ို တောင်ငူဘုရင်ခံအဖြစ် မင်းခမ်းမင်းနားများပါ ထပ်မံချီးမြင့်ပါတယ် ။           ဘုရင့်နောင်ကို အိမ်ရှေ့မင်း အဆောင်အယောင် ခံစားခွင့် လုပ်ပိုင်ခွင့် အားလုံး ပေးအပ်ပါတယ် ( နှုတ်မှ အိမ်ရှေ့မင်းခန့်ကြောင်း မပြောပါဘူး)         ဘုရင့်နောင်ရဲ့ အကြီးဆုံးညီတော် သီရိဇေယျကျော်ထင်အား အဆောင်အယောင် အခမ်းအနားနဲ့တကွ အမတ်ကြီး သက်ရှည်ကျော်ထင်၏ သမီးတော်နှင့် ထိမ်းမြားပေးသည် ။         ဘုရင့်နောင်၏ ညီ အလတ် နန္ဒယောဓာအား အဆောင်အယောင် နဲ့ တကွ စလင်းစည်သူကျော်ထင် ( ယခု အင်းဝဘုရင် နရပတိစည်သူ) ၏ မိဖုရားနှင့် ပေးစား၏ ။ ထိုမိဖုရားသည် ပြည်ဘုရင်ထွေး၏ သမီးရင်းလည်း ဖြစ်၏ ။           ညီတော်အငယ်ဆုံး ဇေယျနန္ဒအား ပြည်ဘုရင်ထွေး၏ မိဖုရားငယ်မှ မွေးသော သမီးတော်နှင့် ပေးစား၏ ။         တလိုင်းမှူးမတ် ၊ ဗမာမှူးမတ်များအားလည်း အရည်အချင်းအလျှောက် ချီးမြှောက်ပါတယ် ။ ဟံသာဝတီမှာ ပွဲလမ်းသဘင်များနဲ့ ခြိမ့်ခြိမ့်သဲသဲ စည်ကားသိုက်မြိုက်နေပါပြီ ။ ဒီအချိန်မှာ ရခိုင်ပြည်၌ အကြီးအကျယ် အပြောင်းအလဲဖြစ်ရပါတယ် ။           သက္ကရာဇ် ၉၀၇ မှာ ရခိုင်ဘုရင် မင်းပါကြီး ကွယ်လွန်သွားပါတယ် ။ သားတော် အိမ်ရှေ့စံ မင်းတိက္ခာ ထီးနန်းဆက်ခံပါတယ် ။ ညီတော် သံတွဲစား မင်းအောင်လှ က ဘုရင်သစ် တူတော်မောင်ကို ပုန်ကန်သောကြောင့် တူဝရီးခြင်း စစ်ဖြစ်ပါတယ် ။ သံတွဲစားက အင်အားခြင်း မတူညီတာ သိတဲ့အတွက် အမတ် ၂ ဦးအား တပင်ရွှေထီးထံ စေလွတ်ပြီး လက်ဆောင်ပဏ္ဏာများ ဆက်သကာ စစ်ကူတောင်းခဲ့ပါတယ် ။ { မှန်နန်း နဲ့ ရာဇဝင်တော်ကြီး}

  • ပြောသင့်တာ ကြာပေါ့ ================= "ငမျိုးရေ ဒီတခါ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာဆီယံ ဥက္ကဌကို တုန့်ပြန်တဲ့စာကို လူအများစု နားလည်အောင် သံခင်းတမန်ခင်း အသုံးတွေ ဖြုတ်ပြီး လိုတိုရှင်း ပြောပြအုံး '' " ကိုစိုးရေ 3 - 8 - 2026 တုန်းက ဒေါ်စုကြည်နဲ့ ICRC အရာရှိ တွေ့ခဲ့တဲ့ အပေါ် အာဆီယံ အလှည့်ကျဥက္ကဌကနေ 7 - 8 - 2026 မှာ စောက်ဆရာကြီး လုပ်ပြီး ဒါတွေ ထပ်လုပ်ပေးပါ ဆိုပြီး အတန်ရှည် ဝင်ရှာတယ်ဗျ '' " အင်းးနောက်ရက် 8 - 8 - 2026 မှာ တခါတည်း ထုတ်ပြန်စာကို မြန်မြန်ဆန်ဆန် ထုတ်ပြန်လိုက်တာ ကြိုက်တယ် ကဲ သူတို့ ဘာတွေ အာချောင်ပြီး တို့က ဘယ်လို တုန့်ပြန်သလဲ.. ? " " အဓိက သူတို့တောင်းဆိုတာက ဖမ်းထားတဲ့သူတွေကို ICRC နဲ့ အကြိမ်ရေများများ တွေ့ခွင့်ပေးရမယ် ၊ ဒေါ်စုကြည်ကို ခြွင်းချက်မရှိ လွတ်ပေးရမယ် ဆိုတဲ့ အချက်တွေပေါ့...'' " အင်း....ဒီတော့ '' " ICRC နဲ့ တွေ့ခွင့် ပေးခဲ့တာ မင်းတို့ တောင်းဆိုလို့ မဟုတ်ဖူး ငါတို့နိုင်ငံရဲ့ တည်ဆဲဥပဒေအရရယ် အပြည်ပြည်ဆိုင်ရာ ICRC ရဲ့ စံနှုံးအရရယ်  မူထဲဘောင်ထဲကနေ တွေ့ခွင့်ပေးခဲ့တာ ဖြစ်တယ်.. အာဆီယံ တောင်းဆိုချက်ဆိုတာကို ငါတို့ စောက်ရေးလုပ်နေတာ မဟုတ်ဖူး '' "  နိဒါန်းက ကောင်းတယ် ဆက်ပါအုံး '' " မင်းတို့ရဲ့ အပြုသဘောဆောင်တဲ့ တောင်းဆိုမှုတွေကို အသိအမှတ်ပြုတယ် ( လိုက်နာမယ်လို့ ကတိမပေးဘူး) စောက်ဖိုးမတန်တဲ့ တောင်းဆိုမှုအတွက် မင်းတို့ကို စိတ်ကုန်တယ် ၊ ဒေါ်စုကြည်လွှတ်ပေးဖို့ ဆိုတာ သူက မဲလိမ်မဲခိုးတယ် ၊ လာဘ်စားတယ် ၊ အာဏာတလွဲသုံးတယ် ဆိုတဲ့ ရာဇဝတ်မှုတွေအရ ပြစ်မှုထင်ရှားလို့ ထောင်ကျနေတာပဲ ။ လူမူရေးရှုထောင့်အရ ပြစ်ဒဏ်ကာလ လျှော့ပေါ့ပေးထားပြီး ဖြစ်တယ် တခါတည်း လွတ်ပေးရမယ်ဆိုဆိုတာ ငါတို့နိုင်ငံရဲ့ ဥပဒေအရပဲ ငါတို့ ဆုံးဖြတ်မယ် '' " အင်းးးမဆိုးပါဘူး နောက်ရော..'' " ငါတို့ ၅ နှစ်လုံး ဥက္ကဌအဆက်ဆက်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ခဲ့တယ် ၊ အခု ငါတို့အစိုးရကလည်း ရွေးကောက်ခံအစိုးရ ဖြစ်နေပြီ ဒါကြောင့် လက်ရှိဥက္ကဌရဲ့ ကိုယ်စားလှယ်ကိုပဲ မကောင်းတတ်လို့ ဆက်ဆံပေးမယ်   နောက်နောင် ဘယ်မအေလိုးမှ မလွှတ်နဲ့ လက်မခံဘူး '' " ဟဲ  ဟဲ  ရောကြိတ်ပြန်ပြီ  ဆက်အုံး ဟ ကြိုက်ကွာ'' " အာဆီယံရဲ့ အခြေခံမူဖြစ်တဲ့ အဖွဲ့ဝင်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရမူကို မင်းတို့ လေးစားလိုက်နာကြပါ ငါတို့လည်း အချုပ်အခြာအာဏာပိုင် တိုင်းပြည်ဖြစ်တယ် မင်းတို့တပည့်မဟုတ်ဖူး '' " အေးကွ ဒါမျိုးဖြစ်ရမှာ နောက်ကော...'' " ငါတို့ကို ခွဲခြားဆက်ဆံပြီး အပြစ်တင်ဝေဖန်တဲ့ ကိစ္စမှန်သမျှ ကဏ္ဏတခုခြင်းဆီကို ငါတို့လည်း ပြင်းပြင်းထန်ထန် တုံ့ပြန်တော့မယ် ၊ ငါတို့ရဲ့ နိုင်ငံရေးမူဝါဒနဲ့ အခြေအနေအရ ငါတို့ရဲ့ အကျိုးစီးပွား ၊ ငါတို့ရဲ့ အချုပ်အခြာအာဏာကို မထိပါးစေဖို့ ငါတို့ရဲ့ မြန်မာ့နည်းလမ်းနဲ့ပဲ အာဆီယံနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ လုပ်တော့မယ် ဆက်ပြီး အာမချောင်နဲ့တော့ ဒါပဲ..... '' " အေးးးကြိုက်ကွာ  ဒါမျိုးပြောသင့်နေတာ ကြာပေါ့ ...ဒီပြင်လူတွေတော့ မသိဘူးဟေ့  .. ငါကတော့ အညာသားဆိုတော့  .. မင်းရဲ့ မြင်းခြံလေနဲ့ ရောကြိတ် ကလော်တုတ်တာလေး နားထောင်လိုက်ရမှ အာသာပြေ ကျေနပ်တာကွ ဒါကြောင့် လာမေးတာ ပြန်ပြီဟေ့ ''            ကိုရွှေမျိုးဝင်း

  • 9 авг.426211

    တောင်ငူစည်သူကျော်ထင်က အလွတ်မခံပဲ သဲကြီးမဲကြီး ဒရကြမ်း တောက်လျှောက် လိုက်ပါတယ် ။ ကုန်းလယ်စီး ရှင်မာန်အောင်က သူတို့ဆင်ဆီ တန်းတန်းကြီး လိုက်ပါနေတဲ့ တောင်ငူစည်သူကျော်ထင် ထံသို့ လှံဖြင့် ဆီးထိုးလိုက်ပါတယ် ။ လှံချက်က မောက်တိုကို ထိုးမိပြီး နဖူးကိုပါ ထိသွားသောကြောင့် မျက်နှာပေါ်ကို သွေးများ ဖြာကနဲ ယိုစီးလာပါတယ် ။           ရန်သူ လွတ်သွားမှာ စိုးရိမ်လို့ သွေးမသုတ်နိုင်ပဲ မရပ်မနား ဆင်ခြင်း ဝင်ပူးရန် အားထုတ်ရာ ကြောက်နေတဲ့ ချစ်မြတ်ကဲ က အကပ်မခံပဲ တောအုပ်ရှိရာသို့ တွန့်လိမ် ခါချ ထွက်ပြေးရာ ရှင်မာန်အောင် ပြုတ်ကျသွားပြီး ဆင်ဦးပေါ်က စလင်းစည်သူကျော်ထင် တဦးသာ ပါသွားပါတော့တယ် ။ တောင်ငူစည်သူကျော်ထင်လည်း ပြေးမိပြေးရာ စွတ်ပြေးသွားတဲ့ ဆင်နောက် မလိုက်နိုင်တော့ပါဘူး ။            စလင်းစည်သူကျော်ထင်ရဲ့ ဆင်တစီးထဲ တောအုပ်ဆီသို့ ချွန်းအုပ်မရပဲ ထွက်ပြေးသွားလို့ ကျန်တဲ့ စစ်သည်များလည်း ခုခံတိုက်ခိုက်ဖို့ မဝံ့ရဲပဲ မြို့ရိုးထဲ ဝင်​ပြေးကြပါတယ် ။ တောင်ငူစည်သူကျော်ထင် နဲ့ တပ်များက စလင်းမြို့စား မရှိတော့တဲ့ စလင်းမြို့ကို အတင်းဝင်ရောက် တိုက်ခိုက်ကြရာ အလွယ်တကူ ရရှိခဲ့ပါတယ် ။            စလင်းစည်သူကျော်ထင်ကတော့ ပြေးနေတဲ့ ဆင်ပေါ်က ခုန်ဆင်းမရပဲ အနောက်ရိုးမ အခြေထိ ပါသွားရပါတယ် ။ ဆင်က မုန်ထနေပြီး သခင်မှန်းလည်း မသိတော့ပါဘူး ။ သူ့ဘာသာ ရေဆာလို့ ရေကန်ထဲအဆင်း စလင်းစည်သူကျော်ထင်လည်း အသာလေး ခုန်ဆင်းရပါတယ် ။ ဆင်က သူ့ကို အတင်းလိုက်နင်းနေရာ ရှုပ်ထွေးသော ဝါးရုံအတွင်း တိုးဝင်ခဲ့ရပါတယ် ။            ဆင်တော်က ဝါးရုံကို တိုးမရလို့ ထွက်သွားပါတယ် ။ ဒီအချိန် ချင်းမုဆိုးတို့ ရောက်လာပြီး ဖမ်းဆီးကြပါတယ် ။ သူ့ရဲ့ ချောမောသန့်ရှင်းတဲ့ ရုပ်ရည်ကို ချင်းလူလည်တယောက်က မှတ်မိနေတာ သူ့ကံပါပဲ ။ ခေါင်းဖြတ်သတ်လေ့ ရှိတဲ့ ချင်းလူရိုင်းတွေကို အဆိုပါ ချင်းလူလည်က ဒီလူက စလင်းဘုရင် ဖြစ်တယ် သူမှတ်မိတယ် ဒါကြောင့် တောင်ပိုင်း ချင်းဘုရင့်ထံ ပို့ကြစို့ ဆိုပြီး ခေါ်သွားပါတယ် ။                ချင်းဘုရင်က ရုပ်ရည်သန့်ပြန့်တဲ့ သူ့ကိုကြည့်ပြီး စကားပြန် နဲ့ မေးမြန်းပါတယ် ။ အကြောင်းစုံသိတော့ နင့်ကို မသတ်ဖူး ဘယ်ပို့ပေးရမလဲ မေးပါတယ် ။ အင်းဝကို ပို့ပါ ဆိုတော့..အင်းဝတော့ မပို့နိုင်ဘူး ငါ့ဆီမှာ နေချင်နေ  မနေချင်ရင် ငါ့ မိတိဆွေ ရှမ်းဘုရင် စလုံဆီ ပို့မယ်လို့ ပြောပါတယ် ။            စလုံက သိုဟန်ဘွားရဲ့ အဖေ ၊ သူ့သားကို အင်းဝသားတွေက ခေါင်းဖြတ်သတ်ထားကြတာ ၊ သူလည်း အင်းဝလက်အောက်ခံ စလင်းမြို့စားဆိုတော့ အသတ်ခံရဖို့ များတယ် ။ ဒါကြောင့် အင်းဝမှ မပို့နိုင်ရင် ကြိုက်သလို စီရင်ပေတော့ နေခိုင်းလည်း နေမယ် စလုံဆီ ပို့လည်း သွားရုံပဲလို့ ဖြေလိုက်ပါတယ် ။          ချင်းဘုရင်က ဒါဆို ငါ စဥ်းစားအုံးမယ် နားအုံးဆိုပြီး သူ့ဆီ ထားပါတယ် ။ ချင်းဘုရင်ရဲ့ သမီးကလည်း သူ့ကို မြင်မြင်ချင်း ကြိုက်သွားပါတယ် ။ စကားမပေါက်ပေမယ့် အမူအရာတွေက သိသာလှပါတယ် ။ ဒါကြောင့် ချင်းဘုရင်က သူ့ကို မထားရဲတော့ပဲ စလုံဆီ ပို့လိုက်ပါတော့တယ် ။                စလုံလည်း နာမည်ကျော် စလင်းစည်သူကျော်ထင်ကို မင်းလည်း အင်းဝသားပဲ ၊ ငါ့သားကို သတ်တဲ့သူပဲလို့ ပြောပါတယ် ။ သိုဟန်ဘွားကို သတ်တဲ့ အချိန်က သူသည် စလင်းမြို့မှာပဲ ရှိနေလို့ မပါဘူးလို့ ပြောပါတယ် ။         မင်းက လက်ရုံးကောင်းတယ်လို့ ကျော်ကြားပြီး တပင်ရွှေထီးကို ဘာကြောင့်ရှုံးရသလဲ မေးတော့ သူက ပိုတော်လို့ပါလို့ ပြောလိုက်ပါတယ် ။ စလုံလည်း သူ့ရုပ်သွင်နဲ့ အပြောအဆိုကို ကြည့်ပြီး သဘောကျပါတယ် ။         သူ့စိတ်ထဲက အင်းဝကို လက်စားချေမယ့် အကြံအစည်ကို စလင်းမြို့စားက တဆင့် လုပ်တာ ပိုကောင်းမယ်လို့ စိတ်ကူးပေါက်လာပါတယ် ။ ဒါကြောင့်... " အခု မင်းတို့ ဗမာတွေရဲ့ အင်းဝကို ရှမ်းလူမျိုးပဲ အုပ်ချုပ်နေတာပဲ ၊ ဒါကြောင့် မင်းက စစ်ကိုင်းကို ဦးစွာသိမ်း အင်အားစုပြီး အင်းဝကို ရှမ်းတို့လက်ကနေ ယူနိုင်မလား.. လတ်တလောတော့ ခုံမှိုင်းငယ်ကို မင်း မနိုင်လောက်သေးဘူး '' " လက်နက်ဗိုလ်ပါ ပြည့်စုံပါက ကျွန်ုပ် မတိုက်ဝံ့သောသူမရှိပါ ''            အဲလို ရဲရဲတင်းတင်း ဖြေလိုက်လို့ စလုံက သဘောကျပြီး သူ့သား သိုဟန်ဘွားအတွက် အငှားလက်ဖြင့် လက်စားချေရန် ဆုံးဖြတ်လိုက်ပါတယ် ။ ဒါကြောင့် စည်သူကျော်ထင်အား တိုက်ဆင် ၆၀ ၊ စစ်မြင်း ၈၀၀ စစ်သည် ၅၀၀၀၀ ပေးလိုက်ပါတယ် ။             စည်သူကျော်ထင်လည်း စလုံထံမှ ထွက်လာပြီး ​မြေဒူး ၊ ဒီပဲယင်း ၊ ရွှေဘိုနယ်များကို တိုက်ခိုက်ပြီး စစိကိုင်းမြို့ကိုပါ သိမ်းယူဖို့လုပ်ပါတယ် ။ ယခင်ကတည်းက အဆိုပါ နယ်များမှာ စလင်းစည်သူကျော်ထင်ရဲ့ ဂုဏ်သတင်းက ကြီးမားပြီး ဖြစ်ပါတယ် ။ စည်သူကျော်ထင်က ဗမာမို့ ဗမာလူမျိုးများက အသာတကြည်ပင် ပူးပေါင်းကြပါတယ် ။            ခုံမှိုင်းငယ်ဟာ သူကိုယ်တိုင် ဦးစီးပြီး အင်းအား အပြည့်အစုံနဲ့ စစ်ကိုင်းမြို့တွင်းမှ ခုခံဖို့ စီမံပါတယ် ။ တချိန်က အင်းဝရဲ့ နာမည်ကြီး သုရဲကောင်း နဲ့ အင်းဝဘုရင်တို့ ရန်သူအဖြစ် ပြန်တွေ့ကြရတဲ့ ပွဲကတော့........       ကိုရွှေမျိုးဝင်း