Student Armed Force (S.A.F)
Статистика- Последний пост
- 23 дек. 2023 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ကျောင်းသားလက်ရုံးတပ်တော်အခြေခံစစ်ပညာသင်တန်း(အပတ်စဥ်သစ်)အတွက် တပ်သားသစ် ခေါ်ယူခြင်း ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအလံတော်အောက်တွင် ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ တိုက်ပွဲဝင်မည့် အပတ်စဉ်သစ် ရဲဘော်များ စတင်လက်ခံစုဆောင်းနေပြီဖြစ်သည်။ တော်လှန်ရေးရှည်ကြာလာသည်နှင့်အမျှ လက်နက်၊ ရိက္ခာ၊ ဆေးဝါး စသည်တို့ လိုအပ်လာသည်နှင့်အတူ အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်ပုံကျ၍ အမိန့်နာခံမှုကောင်းသော တော်လှန်ရေး တပ်သားများမှာ အဓိကနေရာမှ အရေးပါသည်။ ထို့ကြောင့် မိမိတို့ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ ရန်သူစစ်ကောင်စီအား လက်တွဲတိုက်ပွဲ၀င်ရန် တပ်သားသစ်ရဲဘော်များအား လိုအပ်လျှက်ရှိသည်။ ကျောင်းသားလက်ရုံးတပ်တော်တွင် တက္ကသိုလ်ကျောင်းသားရဲဘော်များသာမကဘဲ အမှန်တရားအတွက် အသက်ပင်ပဓာဏမထား တော်လှန်တိုက်ပွဲဝင်သည့် ကျောင်းသားစိတ်ဓာတ်ရှိသူမည်သူမဆို အမှုထမ်းဆောင်နိုင်သည်။ တပ်တော်သို့ ဝင်ရောက်အမှုထမ်းလိုသူများအနေဖြင့် တပ်တော်၏ Facebook Page သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။အောက်ပါ တပ်သားသစ်စုဆောင်းရေးဆိုင်ရာ မူဝါဒနှင့်ကိုက်ညီသူများကို စိစစ်ရွေးချယ်သွားမည်ဖြစ်သည်။ ၁။ ကျောင်းသားလက်ရုံးတပ်တော် တပ်ဖွဲ့ဝင်လောင်းများဖြစ်သည်နှင့်အညီ တပ်တော်၏ မျှော်မှန်းချက်များ၊ ရည်မှန်းချက်များ၊ မူဝါဒများနှင့် သစ္စာအဓိဋ္ဌာန်များကို လက်ခံနိုင်သူဖြစ်ရမည်။၂။ လက်နက်ကိုင်တော်လှန်ရေးအတွက်စိတ်ပိုင်းဖြတ်ပြီးသူဖြစ်ရမည်။ ၃။ အသက် (၁၈) နှစ်မှ အသက် (၅၀) နှစ်အတွင်းဖြစ်ရမည်။ ၄။ အခြေခံကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။၅။ တပ်တော်မှပေးအပ်လာသော အမိန့်နှင့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမည်။ ကျောင်းသားလက်ရုံးတပ်တော်စစ်ချီသီချင်းအားအောက်ဖော်ပြပါlinkတွင် download ရယူနိုင်ပါသည်။ https://shorturl.at/gsyLS သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော် SAF_Facebooklink:https://www.facebook.com/StudentArmedForce?mibextid=ZbWKwL SAF_TelegramPanel:https://t.me/+PO_yNnUQxLxiYTk9
без подписи
без подписи
без подписи
без подписи
без подписи
без подписи
ကျောင်းသားလက်ရုံးတပ်တော် နှင့် ဒေသခံအဖွဲ့အစည်းများပူးပေါင်းပြီး စစ်ကိုင်းဒေသအတွင်း လူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ။ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ စစ်ကိုင်းဒေသ၊ ဘုတလင်မြို့နယ် တနေရာတွင် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း ဆရာဝန်များ၊ ဆေးမှူးများနှင့်ပူးပေါင်းကာ ပြည်သူလူထုအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်ရည်ရွယ်၍ ရပ်ရွာအခြေပြုဆေးခန်းဖွင့်လှစ်ကုသပေးခြင်း ဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါဆေးခန်းသည် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းအပြင် အဖွဲ့အစည်းအသီးသီးမှ လက်နက်ကိုင်တော်လှန်ရေးရဲဘော်များကိုလည်း အရေးပေါ်ကုသမှုပေးနိုင်ရန် ရည်ရွယ်ပါသည်။ ၎င်းအပြင် ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော် စစ်ရေးလှုပ်ရှားဆောင်ရွက်လျက်ရှိသောလှုပ်ရှားစစ်ဒေသအသီးသီးရှိ ကျေးရွာများမှ လူထုအားလည်း ကျန်းမာရေးစောင့်ရှောက်မှုများ အခါအားလျော်စွာ ဆောင်ရွက်လျက် ရှိပါသည် ။ https://t.me/studentarmedforce ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်၏ တိုက်ပွဲသတင်းများ နှင့် လှုပ်ရှားဆောင်ရွက်နေသည်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် အထက်ပါ telegram ကို subscribe လုပ်ပေးထားပါရန် လေးစားစွာ ပြန်ကြားအပ်ပါသည် ။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၂ ရက် (သောကြာနေ့) ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့ တွင် မင်းတုန်းမြို့နယ် ကြို့၀၊ ကာမနိုင် ရွာအနီးသို့ မင်းတုန်း (၅) မိုင်ဂိတ်မှ Faw ကား ၂စီးဖြင့် တက်လာသော ခန့်မှန်း အင်အား ၃၀ ဝန်းကျင် ရန်သူ့စစ်ကြောင်းအား မိမိတို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် သရက်ခရိုင် အမှတ် (၄)တပ်ရင်း (Eagle Force)၊ လွတ်မြောက်ရေးအင်အားစု စစ်သည်များတပ်ဖွဲ့ (W.O.L.F) တို့မှ ပူးပေါင်း၍ နံနက် (၀၉:၅၁) အချိန်ခန့်တွင် မိမိတို့ဘက်မှ မိုင်းဆွဲ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၅ မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်မှ မျက်မြင် ၆ ဦး သေဆုံးကာ၊ အရာရှိ (၁) ဦးအပါအဝင် ၂၀ဦးခန့် အပြင်းအထန်ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ၎င်းတိုက်ပွဲတွင် ရန်သူ့ဘက်မှ လက်နက်ကြီး (၄၀ မမ)၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း မိမိတို့ မဟာမိတ်ပူးပေါင်းစစ်ကြောင်းမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းရေးရာဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော် SAF_Facebooklink:https://www.facebook.com/StudentArmedForce?mibextid=ZbWKwL SAF_TelegramPanel:https://t.me/+PO_yNnUQxLxiYTk9
без подписи
без подписи
без подписи
без подписи
ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း နေ့စွဲ။ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၁ရက်ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်း အပတ်စဉ်သစ်သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် သင်တန်းဆင်းစစ်ကြောင်းမှ ချီတက်စစ်ရေးပြခြင်း၊ တာဝန်ရှိသူများမှ အမှာစကားပြောကြားခြင်း၊ ထူးချွန်စစ်သည်များအား ဆုချီးမြှင့်ခြင်း၊ တက်ရောက်လာသူများအား ဧည့်ခံကျွေးမွေးခြင်းမှာ ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မဟာမိတ်တပ်အသီးသီးမှ အရာရှိ၊ အရာခံများနှင့် အကြပ်စစ်သည်များ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ဗဟိုကော်မတီဝင်များ ၊အရာရှိ ၊အရာခံ ၊အကြပ်စစ်သည် ၊ရဲဘော်တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ထပ်မံ၍ သင်တန်းအပတ်စဉ်သစ်များအတွက် တာဝန်ထမ်းဆောင်ရန် တပ်သားသစ်များအား ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ခေါ်ယူလျှက်ရှိသည်။ - သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော် SAF_Facebooklink:https://www.facebook.com/StudentArmedForce?mibextid=ZbWKwL SAF_TelegramPanel:https://t.me/+PO_yNnUQxLxiYTk9
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၊ ၉ ရက် (ကြာသပတေးနေ့) ယနေ့ ည ၇နာရီ ၊၅၀ မိနစ် အချိန်တွင် သရက်ခရိုင်၊ကံမမြို့ စစ်ကောင်စီ၏ တောင်ပေါ်စစ်ဆေးရေးဂိတ်စခန်းအား ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော် (S.A.F)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်သရက်ခရိုင် အမှတ် - ၄ တပ်ရင်းEagle Force) လွတ်မြောက်သောစစ်သည်တော်များတပ်ဖွဲ့(W.O.L.F) ပူးပေါင်းစစ်ကြောင်းမှ ပြင်းအားမြင့် မိုင်း ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရန်သူဘက်မှ နှစ်ဦးကျဆုံး၍ ခုနှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။ သတင်းပြန်ကြားရေးနှင့်စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော် SAF Telegram Panel: https://t.me/+PO_yNnUQxLxiYTk9
без подписи
без подписи
без подписи
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၊ ၃၀ ရက် (တနင်္လာနေ့) ယနေ့ အောက်တိုဘာလ၊ ၃၀ရက်နေ့တွင် မိမိတို့ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ Anonymous heros အဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဖန်ခါးကျင်းကျေးရွာအနီးတွင် အင်အား ၇၀ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ မျက်မြင်ရန်သူ ၅ဦး ကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲဖြစ်စဉ်မှာ နေ့လည် ၁၂နာရီ ၅၄မိနစ်ခန့်တွင် ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မိနစ် ၂၀ခန့် အပြန်အလှန်ပစ်ခတ်ခဲ့သည်။ ထို့နောက် ရန်သူစစ်ကြောင်းသည် နမခအနီးရှိ ဖန်ခါးကျင်းရွာသို့ပြန်လည်ဆုတ်ခွာခဲ့ရာ ၎င်းတို့ဆုတ်ခွာသည့် လမ်းကြောင်းနေရာများသို့ မိမိတို့နှင့် လာရောက်ပူးပေါင်းသည့် ကာကွယ်ရေးတပ်များမှ လက်နက်ကြီးများဖြင့် လိုက်လံပစ်ခတ်ခဲ့သည်။ အဆိုပါတိုက်ပွဲတွင် ရန်သူဘက်မှ ၅ဦးသေဆုံး၍ အများအပြားဒဏ်ရာရရှိခဲ့ပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်
ကျောင်းသားလက်ရုံးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာခြင်း နေ့စွဲ။ ။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၊ ၂၈ ရက် (စနေနေ့) ယမန်နေ့ အောက်တိုဘာလ၊ ၂၇ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးတွင် ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ မုံရွာခရိုင် အမှတ်-၁၃ တပ်ရင်း (အောင်ဆန်းမျိုးဆက်) ၊ ဒေသကာကွယ်ရေးအဖွဲ့များပူးပေါင်း၍ စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ ရန်သူစစ်ကောင်စီဘက်မှ မျက်မြင် ၅ဦးကျဆုံး၍ ခဲယမ်းအချို့သိမ်းဆည်းရမိပြီး မိမိတို့ မဟာမိတ်တပ်ဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်။ ဖြစ်စဉ်မှာ အောက်တိုဘာလ၊ ၂၇ရက်နေ့ မနက်၇နာရီခန့်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မှ ဘုတလင်မြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀ခန့်ရှိ ရန်သူစစ်ကြောင်းအား မိမိတို့မဟာမိတ်ပူးပေါင်းတပ်များမှ စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲမှာ မိနစ် ၃၀ခန့်ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ဦးမျက်မြင်ကျဆုံးခဲ့ပြီး ယူနီဖောင်း ၁ ထည် ၊ ၄၀ မမ ဗုံးသီး ၁ လုံး၊ 7.62 ကျည် ၈၂ တောင့်၊ 5.56 ကျည် အတောင့် ၂၀ ၊ ကျည်ဘောက် ၃ ခု၊ စစ်သုံးအိတ် ၁ လုံး၊ ပိုက်ဆံ ၅၀၀၀ကျပ်၊ ဆွဲကြိုး ၂ ကုံး၊ ကျောက်စိမ်း ၆ လုံး နှင့် အခြားသော ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ မိမိတို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ မုံရွာခရိုင် အမှတ် ၁၃ တပ်ရင်း (အောင်ဆန်းမျိုးဆက်) မှ တပ်စိတ်မှူး ရဲဘော်တစ်ဦး ကျည်ထိမှန်ကျဆုံးခဲ့ရသည်။ သတင်းပြန်ကြားရေးနှင့် စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန စစ်ရေးဌာနကြီး ဗဟိုစစ်ရေးရုံး ကျောင်းသားလက်ရုံးတပ်တော်