tgindex
Burma Human Rights Network ( News Channel )

Burma Human Rights Network ( News Channel )

Статистика

Burma Human Rights Network (BHRN) is working for human rights, minority rights and religious freedom.

Последний пост
28 янв.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
814
−1 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
445
20 постов
Вовлечённость
54,7%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ရွေးကောက်ပွဲအလွန်ကာလ မြန်မာ့နိုင်ငံရေးအခင်းအကျင်း *********************************************** (ဆွေးနွေးပွဲ စကားဝိုင်း) မြန်မာ့နွေဦးတော်လှန်ရေးဟာ များမကြာမီကာလမှာ ၅ နှစ်ပြည့်တော့မှာဖြစ်ပြီး ပြည်သူလူထုနေဖြင့် ငွေအား၊ လူအား၊ အကြံဉာဏ်အားများအပြင် ဘဝတွေ အသက်တွေ စတေးပြီးပါဝင် ပေးဆပ် တာဝန်ကျေသည်ထက် ပိုနေပြီးပဲ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကတော့ မပြီးဆုံးနိုင်တဲ့ တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက အသိအမှတ်ပြုမှုမရှိပေမယ့် စစ်အာဏာရှင်တွေရဲ့ လုပ်ထုံလုပ်နည်းများအတိုင်း မဖြစ်ဖြစ်အောင် ရွေးကောက်ပွဲမဟုတ်သော ရွေးချယ်ပွဲကို မရအရအဓမ္မရော ဇွတ်ရော ကြိုးစားပမ်းစားပြုလုပ်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အခုလက်ရှိ ရွေးကောက်ပွဲအလွန်ကာလအတွင်း ကြုံတွေ့ခံစားရနိုင်တဲ့ စိန်ခေါ်မှုတွေ၊ ရွေးကောက်ပွဲအလွန်ကာလ တိုင်းပြည်အခင်းအကျင်းနှင့် ၅ နှစ်ပြည့်‌ပြီဖြစ်တဲ့ နွေးဦးတော်လှန်ရေးအရွေ့များအကြောင်းကို လူငယ် လူကြီး မျှတစွာပါဝင်ပြီး ဒီတစ်ပတ် BHRN ရဲ့စကားဝိုင်းမှာ တင်ပြဆွေးနွေးသွားကြမှာလည်း ဖြစ်ပါတယ်။ ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ - - ကိုမိုးထက်နေ (သုတေသနနှင့်နိုင်ငံရေးအကြံပေး - Nyan Lynn Thit Analytica ) - ကိုအောင်သူရ (စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC - Jenny Lynn - ခွန်ဟိဏ်း တို့ဖြစ်ပြီး Moderator အဖြစ် မော်လဝီဆရာစိုးနေဦးက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်(ကြာသပတေးည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။ အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။ ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ - BHRN #WhatsHappeningInMyanmar #RejectMilitaryCoup #BHN

  • ရွေးကောက်ပွဲအလွန်ကာလ မြန်မာ့နိုင်ငံရေးအခင်းအကျင်း *********************************************** (ဆွေးနွေးပွဲ စကားဝိုင်း)

  • ‌‎ဘီလင်းတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် ဒီဇင်ဘာ ၂၇၊ ၂၀၂၅။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီး၊ အလူးလေးကျေးရွာ၊ အထပ်သားစက်ရုံအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာ ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရသည်။ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းအတိုင်း စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က လက်နက်ကြီးများနှင့် ရမ်းသမ်း ပစ်ခတ်ခဲ့သဖြင့် အလူးလေးအနောက်ရွာက မသီတာ၏ နေအိမ် ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” ဒီမနက် ထိပ်တိုက် တိုက်ပွဲဖြစ်တယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးပေမယ့် အခုလောလောဆယ် အလူးလေး၊ အလူးကြီးနဲ့ ဖိုးဝါးသိမ်ရွာက ဒေသခံတွေ ထွက်ပြေးနေရတယ်”ဟု ပြောသည်။ နှစ်ဖက်တိုက်ပွဲကြောင့် အလူးလေး၊ အလူးကြီးနဲ့ ဖိုးဝါးသိမ်ကျေးရွာ ၃ ရွာက အိမ်ခြေ ၇၀၀ နီးပါး၊ ဒေသခံပြည်သူ ၃၀၀၀ ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုဆိုသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီလောက်က ခမရ(၃)တပ်ရင်းကနေ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ဘီးလင်းမြို့နယ်၊ ဂုံညင်းနွယ်ကျေးရွာအုပ်စု၊ အလူးကြီးအနောက်ဘက်ကမ်းက ခတ္တာဘုန်းကြီးကျောင်း ပေါ်ကျရောက်ပြီး လေးကေ့ကျေးရွာက မခိုင်သွယ်၀င်း( အသက် ၃၀ နှစ်)၊ မထွေး၀င်း- (အသက် ၂၃ နှစ်)၊ ဒေါ်ချော(အသက် ၄၉)နှစ်တို့ သေဆုံးခဲ့သည့်အပြင် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိပြီး ဒဏ်ရာပြင်းထန်ခဲ့သည့်အတွက် ရန်ကုန်ဆေးရုံကြီးပို့ဆောင်ပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ #WhatsHappeningInMyanmar #RejectMilitaryCoup #BHRN

  • без подписи

  • без подписи

  • ‌‎ဘီလင်းတွင် တိုက်ပွဲဖြစ်ပွားသဖြင့် ကျေးရွာ ၃ ရွာက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် ဒီဇင်ဘာ ၂၇၊ ၂၀၂၅။

  • ပေါက်မြို့နယ်တွင်းတိုက်ပွဲများ၌ စစ်တပ်ဘက်က အနည်းဆုံး ၁၂ ဦးသေဆုံး ဒီဇင်ဘာ ၂၆၊ ၂၀၂၅။ မ‌ကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အနည်းဆုံး ၁၂ ယောက်သေဆုံးပြီး တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဘက်က ၂ ယောက်ကျဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်က ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၉ ရက်နေ့ကစလို့ ပေါက်မြို့နယ်၊ ကပစ ၂၄ ကနေ ဇီးပြား၊ တရော်ကိုင်း စစ်တပ်စခန်းနဲ့ ပျူစောထီးရွာတွေိကို ထွက်လာတဲ့ အင်အား ၂၁၁ ယောက်ပါ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်၊ ၁၆ ရက်နေ့နဲ့ ၂၀ ရက်နေ့တို့မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က စစ်သား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၃၇ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။ ပြီးတော့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ရဲဘော် ၅ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/ PDA)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပခုက္ကူ) (Borderless)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrila Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊ မြိုင် (ပကဖ)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။ ဓာတ်ပုံ - SAF ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနကြီး (MA) #WhatsHappeningInMyanmar #RejectMilitaryCoup #BHRN

  • без подписи

  • без подписи

  • ပေါက်မြို့နယ်တွင်းတိုက်ပွဲများ၌ စစ်တပ်ဘက်က အနည်းဆုံး ၁၂ ဦးသေဆုံး ဒီဇင်ဘာ ၂၆၊ ၂၀၂၅။

  • လူ့အခွင့်ရေးကာကွယ်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ *********************************************** (ဆွေးနွေးပွဲ စကားဝိုင်း) အကြမ်းဖက်စစ်အုပ်စုသည် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ဖြစ်သည့် ပြည်သူ့မဲဆန္ဒများကို မထေမဲ့မြင်ပြုကာ လက်နက်အားကိုးဖြင့် အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကစ၍ ယခု ၂၀၂၅ ခုနှစ်နှောင်းပိုင်းတိုင်အောင် နိုင်ငံတစ်ဝှမ်းမှအရပ်သားပြည်သူများကို မတရားပုဒ်မများတပ်ကာ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခြင်း၊ မြို့ရွာအနှံ့ စစ်ကြောင်းထိုးခြင်း၊ ရွာစဉ်လှည့်ကာ မီးရှို့ဖျက်ဆီးခြင်း၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များပါမကျန် အစုလိုက်အပြုံလိုက် လက်နက်ကြီးများဖြင့်တမျိုး လေကြောင်းမှတစ်ဖုံ နေ့စဉ်ရက်ဆက် ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်မှုများကျူးလွန်ခြင်း၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ ခေတ်‌သစ်ကျွန်စနစ်ဖြစ်တဲ့ ကျားဖြန့်ငရဲတွင်းများကို လက်ခံကာ ကျိုးကိုင်စီမံခြင်း အစရှိသည့် ရမ်းကားရိုင်းစိုင်းလူမဆန်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်အမျိုးမျိုးကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲဖြစ်သည်။ ယခုအခါ အကြမ်းဖက်အာဏာလုစစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်စားရန်၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်ယူရန်နှင့် ပိုမိုကျူးလွန်နိုင်ရန်အတွက် အတုအယောင်ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ပါသည်။ သို့ဖြစ်၍ အဆိုပါ အကြမ်းဖက်မှုများ၊ လူ့အခွင့်ရေး ချိုးဖောက်မှုများကို တားဆီးကာကွယ်ရန် ရည်ရွယ်၍ ယခုလ BHRN ၏ စကားဝိုင်းအစီအစဉ်တွင် "လူ့အခွင့်အရေးကာကွယ်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်စို့" ခေါင်းစဉ်ဖြင့် မြေပြင်အခြေပြု တော်လှန်ရေးတာဝန်ထမ်းဆောင်နေသူများ၊ ဥပဒေပညာရှင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူများဖြင့် ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။ ပါဝင်ဆွေးနွေးမယ့်သူတွေကတော့ - - ကိုမိုးထက်နေ (သုတေသနနှင့်နိုင်ငံရေးအကြံပေး Nyan Lynn Thit Analytica - ဒေါ်သဉ္ဇာမြ (မြို့နယ်တရားသူကြီး (CDM)) - မောင်သုည (OFMPP) - ချစ်မင်း (BHRN) တို့ဖြစ်ပြီး Moderator အဖြစ် ကိုဟယ်ရီ က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီစကားဝိုင်းကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်(စနေနေ့ည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။ အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။ ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ - BHRN #WhatsHappeningInMyanmar #RejectMilitaryCoup #BHRN

  • လူ့အခွင့်ရေးကာကွယ်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်စို့ *********************************************** (ဆွေးနွေးပွဲ စကားဝိုင်း)

  • ပခုက္ကူနှင့် မြိုင်တွင် စစ်ကြောင်းက မီးရှို့သဖြင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၀၀ ကျော် ပျက်စီးခဲ့ရ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။ မကွေးတိုင်း၊ ပခုက္ကူနဲ့ မြိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့တာကြောင့် ဘုန်းကြီးကျောင်း အပါအဝင် အိမ်ခြေ ၁၀၀ ကျော် ပျက်စီးခဲ့ရပြီး ဇောင်ဂျမ်းရွာကတော့ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးသွားပါတယ်။ မြိုင်မြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၈ ရက်က တွင်းမ ပျူစောထီးရွာကိုပြန်ဝင်ရောက်လာခဲ့ပြီး နောက်တစ်နေ့ ဒီဇင်ဘာ ၁၉ ရက်မှာတော့ မြိုင်မြို့နယ်၊ အိုရင်းရွာ၊ အိုရင်းရွာသစ်ရွာနဲ့ ကပ်လျက်မှာရှိနေတဲ့ ပခုက္ကူမြို့နယ်၊ ကမ္မမြို့က ဇောင်ဂျမ်းကုန်းရွာ တို့ကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဇောင်ဂျမ်းကုန်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အိမ်ခြေ ၃၀ လောက်ရှိတဲ့ ဇောင်ကျမ်းကုန်းရွာမှာ နေအိမ် ၂၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး တောင်သူတွေ သီးနှံရိတ်သိမ်းပြီးချိန်ဖြစ်တဲ့အတွက် ဆုံးရှုံးမှုတွေများခဲ့တယ်လို့ အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် ဆီက သိရပါတယ်။ မီးဘေးသင့်ပြည်သူတွေအနေနဲ့ နေစရာအိမ်အပြင် သီးနှံတွေပါ မီးလောင်ဆုံးရှုံးခဲ့တာဖြစ်တဲ့အတွက် ရှေ့ကိုဆက်ဖို့ စားဝတ်နေရေးပါ အခက်အခဲအများကြီး ဖြစ်ကြလိမ့်မယ်လို့လည်း ဆိုပါတယ်။ ဒီစစ်ကြောင်ဟာ မြိုင်နယ်တောင်ပိုင်း ကျေးရွာ ၅ က ဘုန်းကြီးကျောင်း ၁ ကျောင်းအပါအဝင် အိမ် ၆၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့ ဒေသတွင်းအဖွဲ့တွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ ပြီးတော့ မြိုင်မြို့နယ်နဲ့ထိစပ်နေတဲ့ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်က အိမ် ၁၀ လုံး၊ ကန်ဇောက်ရွာက အိမ် ၅ လုံးနဲ့ အခု ဇောင်ဂျမ်းကုန်းရွာက အိမ် ၂၄ လုံး၊ စုစုပေါင်း ၃၉ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် မြိုင်မြို့နယ် ရွာတန်းရှည်ကျေးရွာက ပြည်သူ ၂ ယောက်၊ ညောင်ရွာကျေးရွာက ပြည်သူ ၁ ယောက်ကို ဖမ်းဆီးခဲ့သေးပြီး အဖမ်းခံနေရတဲ့ ပြည်သူ ၁ ယောက်ဟာလည်း အဆက်မသွယ်မရသေးပါဘူး။ ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ လဆန်းကတည်းက မြိုင်မြို့နယ်ထဲကိုဝင်ရောက်လာတာဖြစ်ပြီး လက်ရှိမှာ မြိုင်မြို့နယ်၊ မြေရင့်ရွာမှာရှိနေသလို စစ်ကြောင်းကြောင့် မြိုင်နယ်တောင်ပိုင်း ရွာ ၈ ရွာက ပြည်သူ ၅,၀၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဓာတ်ပုံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင် (ပခုက္ကူမြို့နယ် ဇောင်ဂျမ်းကုန်းကျေးရွာက မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အိမ်များ) (MA) BHRN #WhatsHappeningInMyanmar #RejectMilitaryCoup #BHRN

  • без подписи

  • без подписи

  • без подписи

  • без подписи

  • без подписи

  • ပခုက္ကူနှင့် မြိုင်တွင် စစ်ကြောင်းက မီးရှို့သဖြင့် ဘုန်းကြီးကျောင်းအပါအဝင် အိမ် ၁၀၀ ကျော် ပျက်စီးခဲ့ရ ဒီဇင်ဘာ ၂၂၊ ၂၀၂၅။

  • ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု လစဉ်အစီရင်ခံစာမှ ကောက်နုတ်ချက် ----------------- (Short Video for November 2025) #Nov2025_Update #WhatsHappeningInMyanmar #RejectMilitaryCoup #BHRN