The Voice Of Spring | နွေဦးအသံ |
СтатистикаInvestigative, Innovative, Independent Digital Media
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 29
- Всего постов
- 200
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 1 198
- 1/48двое суток
- 1 372
- 1/72трое суток
- 1 480
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
◼️ရေဘေးသင့် ပြည်သူတွေကို ကူညီနိုင်ဖို့ လွတ်လပ်စွာ သွားလာခွင့် လိုအပ်နေဟု WFP ပြော ၁၄ ဩဂုတ် ||| နွေဦးအသံ ||| ဧရာဝတီဒေသ၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့် ပြည်သူတွေထံ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အာဟာရပြည့် ဘီစကစ်တွေကို ဩဂုတ် ၁၃ ရက်မှာ အရေးပေါ် စတင်ဖြန့်ဝေပေးနေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်ကစပြီး လေးမျက်နှာမြို့နယ်ရှိ ကျေးရွာ ၉၈ ရွာနဲ့ ရပ်ကွက် ၅ ခုမှ ပြည်သူ ၃၂,၀၀၀ ကျော် ရေဘေးဒုက္ခကို ကြုံတွေ့နေကြရပြီး WFP အနေနဲ့ လိုအပ်ချက်တွေကို အကဲဖြတ်ကာ အကူအညီတွေ တိုးချဲ့ပေးသွားမယ်လို့ ဆိုပါတယ်။ ရေဘေးသင့် ပြည်သူ ၁၀,၀၀၀ ခန့်အတွက် လုံလောက်မှု ရှိမယ့် အသင့်စား အာဟာရပြည့် ဘီစကစ် မက်ထရစ်တန် ၂၀ ကို WFP က အရေးပေါ် ထောက်ပံ့ပေးနေတာ ဖြစ်ပြီး အကူအညီတွေ ပြည်သူတွေထံ အမြန်ဆုံး ရောက်ရှိနိုင်ဖို့အတွက် လွတ်လပ်စွာ သွားလာခွင့်နဲ့ အရေးပေါ် ရန်ပုံငွေတွေ ရရှိဖို့ လိုအပ်နေတယ်လို့လည်း WFP က အသိပေး ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
◼️ကာဘိုးဆည်ရေတံခါးလည်း ဖွင့်ထားသဖြင့် မူးမြစ် ရေထပ်တိုးလာနိုင် ၁၄ ဩဂုတ် ||| နွေဦးအသံ ||| စစ်ကိုင်းဒေသ၊ ဝက်လက်မြို့နယ်မှာ သဖန်းဆိပ်ဆည် ရေလွှတ်နှုန်း အလျင်အမြန် မြင့်တက်နေသဖြင့် မူးမြစ်ကမ်းအနီးရှိ ပြည်သူတွေကို မြို့နယ်ပကဖက ဩဂုတ် ၁၃ ရက်မှာ ရေးဘေးအန္တရာယ် အရေးပေါ်သတိပေးနေတယ်လို့ သိရပါတယ်။ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှ ရေလွှတ်နှုန်း ၆၇၇၀၉ (ကျူ့ဆက်) ကုဗပေ/စက္ကန့်နှုန်း ရေလွှတ်ထားတာကြောင့် မူးမြစ်ကမ်းဘေး နေထိုင်သူတွေကို ရေလွတ်ရာရွှေ့ပြောင်းနိုင်ဖို့ ရေဘေးအန္တရာယ် အရေးပေါ်သတိပေးထားတာပါ။ အဆိုပါ ဖွင့်ချပို့လွှတ်လိုက်တဲ့ရေတွေက ကာဘိုးဆည်အတွင်းသို့ ၂၄ နာရီအတွင်း ၁ စက္ကန့်လျှင် ရေတန်ချိန် ၁၉၀၀ ခန့်နှုန်းနဲ့ ရောက်ရှိလာနိုင်ပြီး ကာဘိုးဆည်ရေတံခါးတွေလည်း ဖွင့်ထားသဖြင့် မူးမြစ်အတွင်း ရေထပ်တိုးလာနိုင်တယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
◼️ရေကြည်နဲ့ သာပေါင်း တိုက်ပွဲများအတွင်း စကစ အလောင်းနဲ့ လက်နက်တွေ AA သိမ်းဆည်းရရှိ ၁၄ ဩဂုတ် | နွေဦးအသံ | ဧရာဝတီဒေသ၊ ရေကြည်နဲ့ သာပေါင်းမြို့နယ်အစပ်တွေမှာ စကစ တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ ဩဂုတ် ၁၃ ရက်၊ AA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအရှေ့ဘက်မှာ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူယူပြီး မြေပြင်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့ ခလရ ၁၀၁ စစ်ကြောင်းကို AA က ဩဂုတ် ၁၂ ရက်၊ မနက်ပိုင်းမှာ တိုက်ခိုက်ရာ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ရေကြည်မြို့နယ်၊ ပွိုင့် ၁၀၁ ကုန်း တောင်ဘက်နဲ့ အနောက်တောင်ဘက်တို့မှာ ဂျက်၊ Y 12 ၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူယူပြီး ထိုးစစ်ဆင်လာတဲ့ ခလရ ၁ နဲ့ ၁၁ စစ်ကြောင်းတွေကို ဩဂုတ် ၁၂ ရက်၊ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းတွေမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပွိုင့် ၁၀၁ ကုန်းအနီးရှိ နေရာနှစ်ခုမှာလည်း စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ပြီး တနေ့လုံးတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာ ၅ ခုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးထိခိုက် ဒဏ်ရာရပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ AA က အသိပေးထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
без подписи
без подписи
без подписи
◼️SCEF မှာ အာဏာရှင်စနစ်အဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ဖြစ် ၁၂ ဩဂုတ် ||| နွေဦးအသံ ||| အာဏာရှင်စနစ်အဆုံးသတ်ရေး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နဲ့ ပူးပေါင်းပါဝင်ကြဖို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဩဂုတ် ၁၂ ရက်မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ SCEF ရဲ့ အဓိက ရည်မှန်းချက်မှာ အာဏာရှင်စနစ်အမျိုးမျိုးကို အဆုံးသတ်ကာ လွတ်လပ်ခွင့်၊ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပြီး အဲဒီရည်မှန်းချက်အတွက် တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ ပြည်သူ့တော်လှန်ရေး အဖွဲ့တွေ စည်းလုံးစွာ ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။ တဖက်မှာလည်း စစ်အုပ်စုဟာ နယ်မြေနဲ့ စစ်စခန်းအများအပြား စွန့်လွှတ်နေရပြီး ထိန်းချုပ်နိုင်စွမ်း ကျဆင်းလာပေမဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာနဲ့ အရပ်သားတွေကို လေကြောင်း၊ အမြောက်တွေသုံးကာ ဆက်လက် တိုက်ခိုက်နေပြီး ပြည်သူတွေ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဘက်ဘက်က ဒုက္ခကြုံရသလို သေဆုံးဒဏ်ရာရမှုတွေနဲ့ လူငယ်တွေ ပြည်ပထွက်ခွာရမှုတွေပါ ရင်ဆိုင်နေရတယ်လို့ ဖော်ပြထားပါတယ်။ ကရင်အမျိုးသားတွေအနေနဲ့ မတူကွဲပြားမှု၊ သဘောထားကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး ကရင်အမျိုးသားအလံတော်အောက်မှာ စည်းလုံးညီညွတ်စွာ စုစည်းကာ အမျိုးသားရည်မှန်းချက်တွေကို ဆက်လက်အကောင်အထည်ဖော်ကြဖို့ KNU ဥက္ကဋ္ဌက တိုက်တွန်းထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
без подписи
◼️အမှားတွေကို အချိန်မီ ပြန်စိစစ်ပြင်ဆင်ရမည်ဟုဆို ၁၂ ဩဂုတ် ||| နွေဦးအသံ ||| ပြည်သူလူထုဟာ တော်လှန်ရေးမှာ အဓိကအင်အား ဖြစ်တာကြောင့် လူထုရဲ့ ချစ်ခင်လေးစားမှုရအောင် ကြိုးပမ်းပြီး လူထုဆန္ဒနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေကို ရှောင်ကြဉ်ကြဖို့ KNLA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ က ဩဂုတ် ၁၂ ရက်မှာ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။ ၇၆ ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားဆီ ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပြီး ခေါင်းဆောင်အဆက်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ လမ်းစဉ်တွေအတိုင်း စည်းလုံးညီညွတ်စွာ ဆက်လက်လုပ်ဆောင်ကြဖို့လည်း မှာကြားထားပါတယ်။ ဒါ့အပြင် ၇၇ နှစ်တိုင် လူထုထောက်ခံမှု ရရှိထားတာကြောင့် လူထုနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်တွေ ရှောင်ကြဉ်ဖို့၊ မိမိတို့ရဲ့ အမှားတွေကို အချိန်မီ ပြန်စိစစ်ပြင်ဆင်ပြီး KNLA ရဲ့ပြဌာန်းချက်၊ စည်းမျဥ်းစည်းကမ်းတွေကို စံနမူနာပြ လိုက်နာကြဖို့ အလေးအနက် တိုက်တွန်းထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
без подписи
◼️SCEF မှာလည်း KNU က ပူးပေါင်းပါဝင်ပြီး မဟာဗျူဟာမြောက် တိုးမြှင့်ပေးနေဟုဆို ၁၂ ဩဂုတ် ||| နွေဦးအသံ ||| KNU နဲ့ ကရင်ပြည်သူလူထုက နွေဦးတော်လှန်ရေးမှာ အဓိက အခန်းကဏ္ဍမှ ခိုင်မာစွာ ရပ်တည်ပေးနေသလို SCEF မှာလည်း ပူးပေါင်းပါဝင်ကာ မဟာဗျူဟာမြောက် တိုးမြှင့်ပေးနေတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဩဂုတ် ၁၂ ရက်မှာ ဂုဏ်ပြုပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကရင်တော်လှန်ရေးတွေမှာ အသက်ပေးဆပ်ခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောဘဦးကြီး၊ ဗိုလ်ချုပ် စောစိုင်းကေနဲ့ အာဇာနည်သူရဲကောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၇၆ နှစ်မြောက် ကရင့်အာဇာနည်နေ့မှာ CRPH က သဝဏ်လွှာ ပေးပို့ခဲ့တာပါ။ KNU နဲ့ ကရင်ပြည်သူလူထုက မြန်မာ့ဒီမိုကရေစီအရေးနဲ့ အကြမ်းဖက်စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ရာ စစ်အာဏာရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေကြားမှ မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့တဲ့အပြင် နွေဦးတော်လှန်ရေးမှာလည်း တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူလူထုတွေနဲ့ အတူလက်တွဲပြီး အဓိက အခန်းကဏ္ဍမှ ခိုင်မာစွာ ရပ်တည်ပေးနေတဲ့အတွက် CRPH က လေးစားဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စုပေါင်းခေါင်းဆောင်မှု၊ တာဝန်ခံမှုတွေနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) မှာလည်း ပူးပေါင်းပါဝင်ကာ တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ရေးကို မဟာဗျူဟာမြောက် တိုးမြှင့်ပေးနေတယ်လို့ ဆိုပါတယ်။ CRPH အနေနဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူညီမျှခွင့်ရရှိရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ကရင်တော်လှန်ရေးအင်အားစုတွေ အပါအဝင် နိုင်ငံတဝှမ်းရှိ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူလူထုတွေနဲ့ ပူးပေါင်းပြီး မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သန္နိဋ္ဌာန်ပြု အသိပေးထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
без подписи
◼️ အိမ်ထောင်စုပေါင်း ငါးသောင်းကျော် ရေဘေးသင့်နေပြီး သေဆုံးသူ ၂၃ ဦး အထိ ရှိလာ ၁၂ ဩဂုတ် ||| နွေဦးအသံ ||| စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်မှာ အိမ်ထောင်စု ၅ သောင်းကျော်နဲ့ လူဦးရေ ၂ သိန်းကျော် ရေဘေးကြုံတွေ့နေရပြီး သေဆုံးသူ ၂၃ ဦးအထိ ရှိလာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၁ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ သေဆုံးသူ ၂၃ ဦးထဲမှာ ကျွန်းလှမြို့နယ်က ၈ ဦး၊ ဒီပဲယင်းမြို့နယ်က ၇ ဦး၊ ကောလင်းမြို့နယ်က ၃ ဦး၊ တန့်ဆည်မြို့နယ်က ၂ ဦးနဲ့ ရွှေဘို၊ ကန့်ဘလူ၊ ခင်ဦးမြို့နယ်တို့က ၁ ဦးစီ ပါဝင်ပြီး ကောလင်းမြို့နယ်မှာ ပျောက်ဆုံးနေသူ ၂ ဦး ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ မြို့နယ်အလိုက် ရေဘေးသင့်မှု အခြေအနေမှာ ကောလင်းမြို့နယ်က လူဦးရေ ၆၆,၉၈၉ ဦးနဲ့ ထိခိုက်မှု အများဆုံးဖြစ်ပြီး ခင်ဦးမှာ ၃၃,၉၄၀ ဦး၊ ဒီပဲယင်းမှာ ၂၅,၆၂၄ ဦး၊ ကန့်ဘလူမှာ ၂၅,၆၁၈ ဦး၊ ရွှေဘိုမှာ ၂၄,၁၉၂ ဦးနဲ့ ဝက်လက်မြို့နယ်မှာ ၂၂,၀၄၃ ဦးအထိ ရှိတဲ့အပြင် တန့်ဆည်၊ မြင်းမူ၊ အရာတော်၊ ရေဦး၊ စစ်ကိုင်းနဲ့ ဗန်းမောက်မြို့နယ်တို့မှာလည်း သောင်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးဒဏ် ခံနေရတယ်လို့ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
без подписи
◼️မြစ်ခြေမှာ ဗိုလ်မှူးတဦး၊ ပျူခေါင်းဆောင် သေဆုံးပြီး ပြည်သူ့စစ်နှစ်ဦးကို လက်နက်နဲ့တကွ အရှင်ဖမ်းမိ ၁၁ ဩဂုတ် | နွေဦးအသံ | ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ် ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူတွေကို သတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ ဗိုလ်မှူးဉာဏ်လင်း၊ ပျူစောထီးခေါင်းဆောင် နောင်နောင် နဲ့ အခြား ၃ ဦးတို့ သေဆုံးခဲ့ပြီး ပြည်သူ့စစ် နှစ်ဦးကိုလည်း လက်နက်နဲ့တကွ အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထောင်ထားတဲ့ မိုင်းနင်းမိတာကြောင့် အကြမ်းဖက်စစ်အုပ်စုမှ ဗိုလ်မှူးဉာဏ်လင်း သေဆုံးခဲ့ရသလို ပြည်သူ့စစ် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှစ်ဖက်ထိတွေ့မှု ဖြစ်စဉ်အတွင်း ပျူစောထီး ခေါင်းဆောင် နောင်နောင် သေဆုံးခဲ့တဲ့အပြင် ပြည်သူ့စစ် နှစ်ဦးကိုလည်း AK နှစ်လက်နဲ့အတူ အရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မေလမှ ဖြစ်စဉ်ကို ဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် ဩဂုတ် ၁၁ ရက်မှ သတင်းထုတ်ပြန်ရတာလို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားတာ တွေ့ရပါတယ်။ ©The Voice of Spring #thevoiceofspring #WhatsHappeningInMyanmar #RejectMilitaryCoup ✅ ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။