tgindex
𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚

𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚

Статистика

Come in Get it.

Последний пост
13 авг.
Последнее чтение
15 авг.
Постов за неделю
38
Всего постов
40
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
308
0 Са 1 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
10
40 постов
Вовлечённость
3,2%
к подписчикам
Постов в день
5,4
всогО 40
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
4
1/48двое суток
4
1/72трое суток
4

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • йоС пОдписи

  • ရာဇဝတ်ကောင် မင်းအောင်လှိုင် လမ်းဘေးခွေးများကို မနိုင် 13 Aug 2026 By Ko Myo/ MPA ပြည်သူကို ဗုံးကြဲသတ်ဖြတ်နေသော ရာဇဝတ်ကောင် မင်းအောင်လှိုင်သည် လမ်းဘေးခွေးများကိုမူ မနိုင်ကြောင်း ရန်ကုန်မြို့သားအချို့က ဆိုသည်။ မအောင်မြင်သော အာဏာသိမ်းပွဲ စတင်ပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့အနှံ့တွင် လမ်းဘေး ခွေးလေခွေးလွင့်များ အတောမသတ် များပြားလာခဲ့ကာ လမ်းသွားလမ်းလာများအား အန္တရာယ်ပြုသည်အထိ ဖြစ်လာနေကြောင်း သိရသည်။ “ည ၈ နာရီကျော်ရင် ရပ်ကွက်ထဲ လမ်းလျှောက်ဝင်ရင် ခွေးတွေ လိုက်ဆွဲလို့ ဆိုက်ကားစီးပြီးပဲ ဝင်ရဲတယ်။ ကျနော်ပြောတဲ့ ခွေးဆိုတာက လမ်းဘေးခွေးကို ပြောတာ။ စစ်ခွေးတွေလည်း ရပ်ကွက်ထဲ ပေါ်တာဆွဲလို့ သူတို့ကိုလည်း သတိထားရသေးတယ်” ဟု လှိုင်မြို့နယ်၊ ဘူတာရုံလမ်းနေ အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။ လမ်းဘေးခွေး သိသိသာသာ များပြားလာသောကြောင့် ညဘက်တွင် ကားမှတ်တိုင်ရှိ ထိုင်ခုံများ၊ တိုက်အောက်ခြေရှိ မိုးလုံသောနေရာများနှင့် တိုက်လှေကား သော့မခတ်ထားပါက တိုက်လှေကားများပေါ်အထိ တက်အိပ်ကြကြောင်း ၎င်းက ဆိုသည်။ “အခု ဈေးကနေ အပြန် အသားထုပ်ပါလာရင် လက်ကနေ ဆွဲသွားရင် အလစ်ဝင်ဆွဲလို့ သတိထားနေရတယ်။ စည်ပင်ကတော့ ပိုက်ဆံမရရင် ဘာမှမလုပ်တော့ ကျမတို့လို ဆင်ခြေဖုံးရပ်ကွက်မပြောနဲ့ ရန်ကုန်မြို့ထဲမှာတောင် ပလက်ဖောင်းပေါ် ခွေးတွေချည်းပဲ”ဟု တောင်ဥက္ကလာပမြို့နယ်၊ ၁၀ရပ်ကွက်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောသည်။ ၂၀၂၄ ခုနှစ်အတွင်းက ညဘက် စစ်သားများ ကင်းလှည့်သည့်အခါ လမ်းဘေးခွေးများက ထိုးဟောင်ကြသဖြင့် စစ်တပ်အမိန့်အရ စည်ပင်က အဆိပ်ချကာ ခွေးရှင်းလင်းရေး လုပ်ခဲ့ဖူးကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။ “အဲတစ်ခါပဲ စည်ပင်က ရှင်းတာ တွေ့ဖူးတယ်။နောက်ပိုင်း မကြားရတော့ဘူး။ ခွေးတွေက အရမ်းများနေတော့ မနိုင်တော့ဘူး” ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့၏ ညဘုရင်မှာ လမ်းဘေးခွေးများနှင့် စစ်ခွေးများဖြစ်ပြီး လမ်းဘေးခွေးများသည် ရန်ကုန် မြို့ရှိ လူလတ်တန်းစားနှင့် အောက်ခြေလူတန်းစားများနေထိုင်ရာ လမ်းတိုင်းတွင် အုပ်လိုက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။ #မင်းအောင်လှိုင် #လမ်းဘေးခွေးများ Source - Myanmar Pressphoto Agency 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

  • йоС пОдписи

  • လမိုင်းတိုက်ပွဲ စစ်သား ၆ ဦး သေ၊ တော်လှန်ရေးရဲဘော်၂ ဦး ကျဆုံး 13 Aug 2026 By MPA မွန်ပြည်နယ်၊ လမိုင်းမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသည့်တပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ လမိုင်းမြို့နယ်၊ အောင်သပြေရွာဟောင်းအနီးသို့ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသောတပ်နှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်တို့ ဩဂုတ် ၈ ရက်၊ နေ့ခင်း ၁၁ နာရီခွဲဝန်းကျင်၌ မိနစ် ၂၀ ခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းမဟာမိတ် ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်းမှ ရဲဘော်၂ ဦးလည်း ကျဆုံးခဲ့ကြောင်း ရေးပြောက်ကျားတပ်က ယနေ့ (ဩဂုတ် ၁၃ ရက်) သတင်းထုတ်ပြန်သည်။ ယင်းစစ်ကြောင်းသည် ခမရ ၅၈၈၊ အမတ ၃၁၇နှင့် ခလရ ၁၀၆ တပ်ရင်းတို့မှ ထုတ်နှုတ်အင်အားတို့ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ အဆိုပါထိတွေ့တိုက်ပွဲကို YGF အမှတ် (၈၀၀၁) တပ်ရင်း၊ တပ်ခွဲ (၁) နှင့် ချေမှုန်းရေးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ရာမညမွန်တပ်တော် (RMA) (၉၀၁) တပ်ရင်းတို့ ပူးပေါင်းဆင်နွှဲခဲ့သည်။ ဓာတ်ပုံ-ရေးပြောက်ကျားတပ် ပုံစာ - တိုက်ပွဲဝင်ရဲဘော်များ #လမိုင်းမြို့နယ် #စစ်ကြောင်းထိုးလာသည့်တပ် Source - Myanmar Pressphoto Agency 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • йоС пОдписи

  • 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

  • မင်းအောင်လှိုင်၏ စက်သုံးဆီချွေတာရေးစီမံချက်အတွက် Smart Card ဖြင့် စက်သုံးဆီရောင်းချရေး ဆောင်ရွက်နေပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ဆီဆိုင် ၁၀ ခုတွင် ကနဦး စမ်းသပ်ရန် ပြင်ဆင်နေ 🟥 စစ်တပ်လက်အောက်ခံ Developer နှင့် Nanolabs တို့က နည်းပညာနှင့်ဆော့ဝဲလ်အတွက် လုပ်ပိုင်ခွင့်ရရှိ ရန်ကုန်၊ ဩဂုတ် ၁၃ အကြမ်းဖက် မင်းအောင်လှိုင်၏ စက်သုံးဆီချွေတာရေးစီမံချက်အတွက် စက်သုံးဆီရောင်းချမှုများကို Smart Card စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် ပြင်ဆင်နေပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင် ၁၀ ဆိုင်တွင် ကနဦး Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ Smart Card စနစ်နှင့် MPTA-FM Software Application အတွက် ကာကွယ်ရေးဝန်ကြီးဌာနဘက်မှ Software Developer နှင့် Nanolabs နည်းပညာကုမ္ပဏီတို့ ပါဝင်ဆောင်ရွက်ခွင့်ရရှိထားပြီး စက်သုံးဆီရောင်းချမှုနှင့် ဖြန့်ဖြူးမှုများကို အွန်လိုင်းမှ စောင့်ကြည့်နိုင်ရေးအတွက်လည်း နည်းပညာပိုင်းဆိုင်ရာ စနစ်များ တည်ဆောက်နေကြောင်း Smart Card အသုံးပြုရေး စစ်တပ်၏ အစည်းအဝေးမှတ်တမ်းအရ သိရသည်။ Smart Card Pilot Project ကို ပထမအဆင့်အနေဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိ ဆီဆိုင် ၁၀ ဆိုင်တွင် စမ်းသပ်မည်ဖြစ်ပြီး Real Time စနစ်အသုံးပြုသည့် ဆီဆိုင် ၈ ဆိုင်နှင့် Normal စနစ်အသုံးပြုသည့် ဆီဆိုင် ၂ ဆိုင် ပါဝင်မည်ဖြစ်သည်။ Smart Card စနစ်တွင် Digital Smart Card နှင့် Physical Smart Card နှစ်မျိုးလုံး အသုံးပြုနိုင်ရန် စီစဉ်ထားပြီး မိုဘိုင်းဖုန်းမှ Application အသုံးပြု၍ ကိုယ်တိုင်စာရင်းသွင်းကာ QR Code ဖြင့် ဆီဝယ်ယူနိုင်မည့်စနစ်လည်း ပါဝင်မည်ဖြစ်သည်။ Physical Smart Card အသုံးပြုလိုသူများအနေဖြင့် Application မှတစ်ဆင့် လျှောက်ထားပြီး သတ်မှတ်ထားသည့် ဆီဆိုင်တွင် ကတ်ထုတ်ယူနိုင်မည်ဖြစ်သည်။ မိုဘိုင်းဖုန်းအသုံးပြုနိုင်ခြင်းမရှိသူများအတွက် ဆီဆိုင်ဝန်ထမ်းများက ကိုယ်တိုင်စာရင်းသွင်းပေးနိုင်မည့်စနစ်နှင့် AI နည်းပညာအသုံးပြု၍ အချက်အလက်များကို Scan ဖတ်ကာ အလိုအလျောက် ဖြည့်သွင်းနိုင်မည့် နည်းလမ်းများလည်း ထည့်သွင်းထားကြောင်း Nanolabs ကုမ္ပဏီက ဆိုသည်။ Smart Card စနစ်တွင် အမည်၊ မှတ်ပုံတင်အမှတ်နှင့် ဖုန်းနံပါတ်တို့ဖြင့် Account Registration ပြုလုပ်ရမည်ဖြစ်ပြီး OTP Code ဖြင့် အသုံးပြုသူ၏ အချက်အလက်မှန်ကန်မှုကို စစ်ဆေးမည်ဖြစ်ကြောင်း၊ Physical Smart Card တစ်ကတ်လျှင် ကျပ် ၂,၀၀၀ ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် Smart Card များကို ဖတ်ရှုရန် အသုံးပြုမည့် Handheld Device များအနေဖြင့် ဆီငွေ့ကြောင့် မီးလောင်ပေါက်ကွဲမှု မဖြစ်စေရန် သတ်မှတ်ထားသည့် Explosion Proof စံနှုန်းများနှင့် ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးရန်လည်း ညွှန်ကြားထားသည်။ စက်သုံးဆီအရောင်းဆိုင်များတွင် အင်တာနက်ပြတ်တောက်သည့်အချိန်၌ ရောင်းချမှု မရပ်တန့်စေရန်လည်း စနစ်ထည့်သွင်းထားပြီး အင်တာနက်ပြန်လည်ရရှိချိန်တွင် ရောင်းချမှုအချက်အလက်များကို ပြန်လည်ပေးပို့နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ လက်ရှိတွင် Handheld Device အလုံး ၁,၀၀၀ တင်သွင်းရန် ဆောင်ရွက်နေပြီး စက်သုံးဆီအရောင်းဆိုင် ၁၀၀ ခန့်တွင် စမ်းသပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေကြောင်း Nanolabs က ဆိုသည်။ တစ်ဖက်တွင်လည်း သီလဝါရှိ စက်သုံးဆီ Terminal ၈ ခုတွင် တပ်ဆင်ထားသည့် Automatic Tank Gauge (ATG) များမှ အချက်အလက်များကို Platform တစ်ခုတည်းမှတစ်ဆင့် Online Monitoring ပြုလုပ်နိုင်ရေး ဆောင်ရွက်ရန် စီစဉ်ထားသည်။ MPTA-FM Software Application ကို Android နှင့် iOS ဖုန်းများတွင် အသုံးပြုနိုင်ရန် Google Play Store နှင့် Apple App Store တို့မှ Download ရယူနိုင်ရေး ဆက်လက်ဆောင်ရွက်ရန်လည်း ဆုံးဖြတ်ထားသည်ဟု သိရှိရသည်။ စက်သုံးဆီ တရားမဝင် ရောင်းချမှုများကို မြေပြင်တွင်သာမက အွန်လိုင်းမှ ရောင်းချမှုများအထိ စိစစ်ဖော်ထုတ်ရန်နှင့် တွေ့ရှိပါက သက်ဆိုင်ရာဌာနများထံ သတင်းပေးပို့ရန် စစ်တပ်က MPTA ကိုလည်း ညွှန်ကြားထားသည်။ ထို့အပြင် Smart Card စနစ်အတွက် အသေးစိတ် Pilot Project Plan ရေးဆွဲတင်ပြရန်နှင့် ပထမဆုံး Pilot Testing ကို နေပြည်တော်တွင် လာမည့်ရက်သတ္တပတ်အတွင်း စတင်ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်း အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလကုန်မှစတင်၍ စက်သုံးဆီ ချွေတာရေး စီမံချက်ကို စတင်ခဲ့ပြီး စုံ/မစနစ်ဖြင့် ကားများ မောင်းနှင်ခိုင်းခြင်းနှင့် ဆီများ ဝယ်ယူခိုင်းခြင်း ၊ QR စနစ်ဖြင့် ဆီရောင်းချခြင်း အစရှိသော ချွေတာရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မင်းအောင်လှိုင်က စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ခဲ့ခြင်းကြောင့် ၁ ရက်လျှင် ဂါလန် ၁ ဒသမ ၂ သန်း သက်သာခဲ့ပြီး၊ နေ့စဉ် အမေရိကန်ဒေါ်လာ ၇ သန်း၊ တစ်လလျှင် ဒေါ်လာသန်း ၂၁၀ နှင့် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ကျော် သက်သာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ Source - Khit Thit Media

  • йоС пОдписи

  • သဖန်းဆိပ်ဆည်မှ ရေထပ်မံ လွှတ်ချမှုကြောင့် မြို့နယ် ၈ ခုရှိ ကျေးရွာ ၂၀၀ ကျော်မှ ပြည်သူများ ရေဘေးလွတ်ရာ ထပ်မံတိမ်းရှောင်ရန် သတိပေး ရန်ကုန်၊ ဩဂုတ် ၁၃ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်မှ ရေထပ်မံလွှတ်ချနေသဖြင့် မြို့နယ် ၈ ခုရှိ ကျေးရွာပေါင်း ၂၀၀ ကျော်မှ ပြည်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်ကြရန် သတိပေးထားကြောင်း ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူထံမှ သိရသည်။ ဩဂုတ်လ ၁၃ ရက်နေ့တွင် သဖန်းဆိပ်ဆည်၏ ရေပြည့်မှတ်မှာ ပေ ၅၄၅ ခန့်ရှိသော်လည်း လက်ရှိတွင် ဆည်ရေမှတ်သည် ၅၄၅ ဒသမ ၇၅ ပေအထိ ရောက်ရှိလာသဖြင့် ဆည်ကြံ့ခိုင်မှုအတွက် ရေကို တစ်စက္ကန့်လျှင် ကုဗပေ ၆၇,၇၀၉ နှုန်းအထိ ထပ်မံလွှတ်ချနေကြောင်း သိရသည်။ သဖန်းဆိပ်ဆည်မှ လွှတ်ချလိုက်သည့် ရေများသည် ယနေ့ ဩဂုတ်လ ၁၃ ရက် ညပိုင်း သို့မဟုတ် ဩဂုတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ကာဘိုးဆည်အတွင်းသို့ ရောက်ရှိလာနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ကာဘိုးဆည်ရှိ မူးမြစ်၊ နတ်မူးမြစ် ရေတံခါးများကို ဖွင့်လှစ်ထားသဖြင့် အထက်ပိုင်းမှ စုန်ဆင်းလာသည့် ရေများသည် အောက်ဘက်ဒေသများသို့ ဆက်လက်စီးဆင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ ရေလွှတ်ချမှုကြောင့် ကန့်ဘလူ၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ ရွှေဘို၊ အရာတော်နှင့် ဝက်လက်မြို့နယ်တို့ရှိ ကျေးရွာပေါင်း ၂၀၀ ကျော်မှ ပြည်သူများ ရေဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။ ရွှေဘိုမြို့နယ် ပကဖတာဝန်ရှိသူတစ်ဦးက လက်ရှိတွင် ရေပြန်ကျသဖြင့် မိမိတို့ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေသူများရှိသော်လည်း သဖန်းဆိပ်ဆည်မှ ရေထပ်မံလွှတ်ချမှုကြောင့် မူးမြစ်၊ နတ်မူးမြစ်ရေများ ထပ်မံမြင့်တက်လာနိုင်သဖြင့် ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းကြရန် သတိပေးထားသည်။ “ကျေးရွာပေါင်း ၂၀၀ ကျော်ပါတယ်။ ကန့်ဘလူ၊ ခင်ဦး၊ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘို၊ အရာတော်၊ ဝက်လက် စတဲ့ ရေဘေးသင့် မြို့နယ် ၈ ခုက ပြည်သူတွေ လက်ရှိမှာ ဘေးလွတ်ရာ တိမ်းရှောင်နေရတာပါ။ သဖန်းဆိပ်ဆည် ရေမှတ်ပြည့်လို့ ဆည်ကြံ့ခိုင်ရေးအတွက် ရေလွှတ်တာကြောင့် ဖြစ်ပါတယ်။ ရေထပ်တိုးလာနိုင်လို့ ဘေးလွတ်ရာ တိမ်းရှောင်ဖို့ ကြိုတင်သတိပေးတာပါ။ တချို့က ရေကျပြီဆိုပြီး ရွာတွေကို ပြန်ဝင်ကြတာမျိုးလည်း ရှိနေတယ်” ဟု ရွှေဘိုမြို့နယ် ပကဖ တာဝန်ရှိသူက ပြောသည်။ လက်ရှိ ရေဘေးအခြေအနေတွင် ကယ်ဆယ်ရေးအဖွဲ့များ အင်အားနည်းပါးနေသည့်အပြင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ သောက်သုံးရေ၊ မြွေဆိပ်ဖြေဆေးနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်းလည်း အဆိုပါတာဝန်ရှိသူက ပြောသည်။ ၎င်းက သဖန်းဆိပ်ဆည်မှ ပထမအကြိမ် ရေလွှတ်ချစဉ်ကတည်းက ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ကြိုတင်အသိပေးမှု မရှိခဲ့သကဲ့သို့ ယခု ဒုတိယအကြိမ် ရေထပ်မံလွှတ်ချမည့် အခြေအနေကိုလည်း ပြည်သူများထံ ကြိုတင်အသိပေးထားခြင်း မရှိကြောင်း ပြောဆိုသည်။ လက်ရှိတွင် မူးမြစ်၊ နတ်မူးမြစ်ရေသည် ရေပြင်အခြေအနေထက် ထပ်မံမြင့်တက်လာနိုင်သဖြင့် မြစ်ဘေးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြုကြရန်နှင့် မိမိတို့၏ မွေးမြူရေးတိရစ္ဆာန်များ၊ ကောက်ပဲသီးနှံများကို ရေလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းထားကြရန် ရွှေဘိုခရိုင် ပကဖ ပင်မသတင်းဌာနက သတိပေးထားသည်။ ထို့ပြင် ရေဘေးအန္တရာယ်နှင့် ပတ်သက်သည့် အသိပေးချက်များကို အမြဲမပြတ် နားစွင့်ရန်နှင့် ရေတက်လာပါက နောက်ကျခြင်းမရှိဘဲ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန်လည်း ရွှေဘိုမြို့နယ် ပကဖက တိုက်တွန်းထားကြောင်း သိရသည်။ Source - Khit Thit Media 𝖡𝗋𝗈𝗍𝗁𝖾𝗋𝗁𝗈𝗈𝖽 𝖫𝖺𝗇𝖽 (Youtube) - https://youtube.com/@brotherhood5111?si=9IG4XnzA2iBYK9l4 𝐌𝐫𝐒𝐩𝐚𝐜𝐞 (Youtube) - https://youtube.com/@spacejar0987?si=BlVFjpVFp7EOJi9h 𝑺𝒑𝒂𝒄𝒆𝒃𝒐𝒚 (Telegram) - https://t.me/ygnxoe

  • йоС пОдписи

  • йоС пОдписи