- Последний пост
- 19 янв.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
မောက်မယ်မြို့နယ် ကဒူးကြီးကျေးရွာအုပ်စု ခြိင်ႏနင်ꩻကျေးရွာကို စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခဲ့ကြောင်း ဒေသခံများပြောဆိုသည့်ရုပ်သံဖြစ်ပါသည်။ #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA
без подписи
စစ်ကော်မရှင်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်က ရွာသားများကို လူသားဒိုင်းများအဖြစ် အသုံးပြု ဇန်နဝါရီလ ၈ ရက် ၂၀၂၆ ခုနှစ် စစ်ကော်မရှင်နှင့်လက်အောက်ခံ PNO ပြည်သူ့စစ်သည် ဒေသခံကျေးရွာသားများကို ပစ္စည်းများသယ်ခိုင်းကာ လူသားဒိုင်းအဖြစ်အသုံးပြုနေပြီး တိုက်ပွဲဝင်ခိုင်းလျက်ရှိသည်။ ယခုဇန်နဝါရီလအတွင်း စကမနှင့်PNO က မိမိတို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA နေထိုင်လှုပ်ရှားသည့် တောတွင်းအထိ ထိုးစစ်ဆင်လာခြင်းကြောင့် နေ့စဉ်တိုက်ပွဲဖြစ်ပွားနေလျက်ရှိသည်။ ယင်းတိုက်ပွဲအတွင်း စကမနှင့်PNOတို့၏ လူသားဒိုင်းအဖြစ် အသုံးပြုခံနေရသည် ရွာသား ၂ ဦးကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA က ကယ်တင်နိုင်ခဲ့သည်။ “PNOပြည်သူ့စစ်တွေက ကျွန်တော်တို့ကို ပစ္စည်းသယ်ခိုင်းပြီး ရှေ့ဆုံးကနေ သွားခိုင်းတယ်။ ကျွန်တော်တို့လည်း သွားရင်း တိုက်ပွဲဖြစ်တော့ နောက်ပြန်ဆုတ်လည်းမရတဲ့အခြေအနေဆိုတော့ ပိုနီးတဲ့ PNLA ဘက်ကို ထွက်ပြေးလာလိုက်တာ။ ကျွန်တော်တို့ရွာက တရက်သုံးယောက် PNO တွေနဲ့ အတူသွားရတယ်။ ပစ္စည်းတွေ သယ်ရတယ်။ ထမင်းချက်ပေးရတယ်။ ရှေ့ဆုံးကနေ လမ်းကြောင်းထိုးပေးရတယ်။”ဟု လူသားဒိုင်းလုပ်ခံရသည့် ပြည်သူတဦးကထွက်ဆိုသည်။ PNOပြည်သူ့စစ်၏ လူသားဒိုင်းလုပ်ခံရသည့်အနက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA က ကယ်တင်နိုင်ခဲ့သည့်သူ၂ဦးမှာ မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စု နောင်မီရဲ့ရွာမှ ခွန်အောင်နှင့်ခွန်ဝင်းဖြစ်သည်။ ထိုတိုက်ပွဲများအတွင်း စကမနှင့်လက်အောက်ခံ ပြည်သူ့စစ်မှ ၂၀ ဦးထက်မနည်းသေဆုံးပြီး အလောင်းတလောင်းနှင့်လက်နက်တလက်ကိုလည်း PNLA က သိမ်းဆည်းရမိခဲ့သည်။ PNLAသတင်းစဥ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA
без подписи
без подписи
без подписи
ပအိုဝ်းအမျိုးသားတော်လှန်ရေးနေ့ထုတ်ပြန်ချက်
без подписи
ပအိုဝ်းအမျိုးသားတော်လှန်ရေးနေ့သို့ ပေးပို့လာသည့် မဟာမိတ် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF/DPLA ၏ သဝဏ်လွှာ
без подписи
ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နှင့်တပူးထိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ဆက်မီးရှို့နေ သြဂုတ်လ၂၀ရက် ၂၀၂၅ခုနှစ် ဆီဆိုင်မြို့နယ် နောင်ထော်ရွာသစ်နှင့်တပူးထို ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ကျေးရွာကို မီးဆက်ရှို့နေသဖြင့် မီးလောင်နေသည့် videoဖြစ်သည်။ PNOပြည်သူ့စစ်က သြဂုတ်လ ၁၈ရက်နေ့ထိ မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့ခြင်းဖြစ်သည်။ Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။ နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်တပ်ဖွဲ့သည် ယနေ့အချိန်ထိ နောင်ထော်ရွာသစ်၊ နောင်ထော်ကုလားလမ်း၊ နောင်ထော်ကယန်းပိုင်း ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို မီးရှို့နေလျက်ရှိပြီး နေအိမ်၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ရသည်။ #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA
без подписи
ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က မီးရှို့ သြဂုတ်လ၁၈ရက် ၂၀၂၅ခုနှစ် ဆီဆိုင်မြို့နယ် နောင်ဗိုကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က ကျေးရွာကို မီးရှို့ခဲ့သည့် videoဖြစ်သည်။ PNOပြည်သူ့စစ်က မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့သည်။ Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။ နောင်ထော်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်နှင့် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်တပ်ဖွဲ့သည် ယနေ့အချိန်ထိ နောင်ထော် ၊ နောင်ဗို၊ တပူးထိုကျေးရွာများကို မီးရှို့နေလျက်ရှိသည်။ #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA
без подписи
နောင်ထော်ကယန်းပိုင်းကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က မီးရှို့ သြဂုတ်လ၁၇ရက် ၂၀၂၅ခုနှစ် ဆီဆိုင်မြို့နယ် နောင်ထော်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ်က နောင်ထော်ယန်းပိုင်းကျေးရွာကို မီးရှို့ခဲ့သည့် videoဖြစ်သည်။ PNOပြည်သူ့စစ်က မီးရှို့ပြီးနောက် မီးလောင်နေသည့် သက်သေဗီဒီဖိုင်ကို မိမိတို့ PNLA ကင်းထောက်တပ်ဖွဲ့က ဒရုန်းဖြင့် သက်သေရယူနိုင်ခဲ့သည်။ Video တွင် ခရိုနီနေဝင်းထွန်းဦးဆောင်သည့် စစ်ကော်မရှင်လက်အောက်ခံ PNOပြည်သူ့စစ်က မီးရှို့ခြင်းကြောင့် ကျေးရွာအား မီးလောင်နေသည်ကို တွေ့ရပါသည်။ #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA
без подписи
без подписи
စစ်ကောင်စီနှင့် လက်ပါးစေ PNOပြည်သူ့စစ်က စစ်ကြောင်းထိုးပြီး ပြည်သူကို သတ်ဖြတ်ကာ ပအိုဝ်းရွာများကို မီးရှို့ဖျက်ဆီး သြဂုတ်လ ၁၃ ရက် ၂၀၂၅ ခုနှစ် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံPNOပြည်သူ့စစ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းကြောင့် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းသို့ ထိုးစစ်ဆင်လာမှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်PNLAက တပတ်ကျော်ကြာ ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ် ၁၀၀ ခန့် ထိခိုက်သေဆုံးခဲ့သည်။ ထိုသို့ခုခံတိုက်ခိုက်ခဲ့သော်လည်း အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လာခြင်းကြောင့် နောင်ထောဝ်ကျေးရွာအနီးနှင့်ကောင်ထိုကျေးရွာအနီးမှ ဆုတ်ခွာခဲ့ရပါသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဥ်များဖြင့် ကျေးရွာများနှင့် PNLO/PNLA ဌာနချုပ်ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ နောင်ထောဝ်ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့စစ်များသည် သြဂုတ်လ ၉ရက်နေ့တွင် နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်းရပ်ကွက် နှင့် နောင်ထောဝ် ကုလားလမ်းကျေးရွာကို မီးရှို့ခဲ့သဖြင့် နေအိမ် ၂၄အိမ် ထက်မနည်း မီးလောင်ပျက်စီးခဲ့သည်။ ထို့အပြင် စလောင်းထောင်ကျေးရွာ ဒေသခံ အသက် ၃၈ နှစ်အရွယ်အမျိုးသား ၁ဦးကိုလည်း PNOပြည်သူ့စစ်က သတ်ဖြတ်ခဲ့သည်။ ထိုသို့ စကစနှင့်လက်ပါးစေ PNOပြည်သူ့စစ်က စစ်ကြောင်းထိုးခြင်း ကျေးရွာကိုမီးရှို့ခြင်း ဒေသခံကိုပစ်သတ်ခြင်းများကြောင့် ပြည်သူ့၂၀၀၀ ကျော်ခန့်သည် တောတောင်ထဲတွင်လည်းကောင်း အခြားကျေးရွာများသို့လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယခင်တွင်လည်း စကစလက်ပါးစေ PNOပြည်သူ့စစ်သည် ဆီဆိုင်မြို့နယ် ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့ဖူးသည်။ ထို့အပြင် ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာကိုလည်း ၂ ကြိမ်တိုင်တိုင် မီးရှို့ခဲ့သဖြင့် နေအိမ် ၂၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့ရသည်။ PNLAသတင်းစဥ် #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် #PNLO #ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် #PNLA
без подписи