tgindex
m.CDM

Voice and Power to CDM of Myanmar and Myanmar Spring Revolution

Последний пост
15 авг.
Последнее чтение
15 авг.
Постов за неделю
70
Всего постов
75
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
467
−2 за 1 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
4
40 постов
Вовлечённость
0,9%
к подписчикам
Постов в день
10,0
всего 75
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
5
1/48двое суток
5
1/72трое суток
6

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • без подписи

  • без подписи

  • Follow us on Telegram https://ift.tt/1XUfbIZ မနေ့က စစ်တမ်း -774832392_122149866981116009_48636019793

  • Follow us on Telegram https://ift.tt/DRYlM4s ၁၅ - ၈ - ၂၀၂၆ ( m.CDM ပြည်တွင်းသတင်းများ ) - မင်းယု မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့ ၁။⁨⁨⁨စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၂၁ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး ရေဘေးသင့် ပြည်သူ ၄ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၂၅ ဦးအထိ ရှိလာ ၂။⁨⁨⁨⁨⁨⁨⁨ဂွမြို့နယ်က ကိုင်းခုံရွာနဲ့ ကျိန္တလီမြို့ကို စစ်တပ်က ညအချိန် ဗုံးကြဲတဲ့အတွက် အပြစ်မဲ့ပြည်သူ ၈ ဦး သေဆုံး ၃။ရွှေဘိုအကျဉ်းထောင်တွင် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ အစာအိမ်ကင်ဆာဖြင့် သေဆုံး၊ ထောင်တွင်း ကင်ဆာဝေဒနာရှင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့်ရှိလာ ၄။မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကြောင့် လူဦးရေ ၁၂ သန်းခွဲနီးပါး ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရ တယ်လို့ WFP သတိပေး စတဲ့သတင်းအပါအဝင် တခြား သတင်းအကြောင်းအရာတွေကိုပါ တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။Watch video on Facebook.com

  • Follow us on Telegram https://ift.tt/Q16ghwI မင်္ဂလာပါရှင်/ခင်ဗျာ အခုချိန်ကစပြီး m.CDM ရဲ့ ပြည်တွင်းသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ ဒီကနေ့မှာတင်ပြပေးမယ့်သတင်းတွေကတော့ ⁨၁။⁨စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ဧရာဝတီတိုင်းက မြို့နယ် ၂၁ ခုမှာ ရေကြီးရေလျှံမှုတွေဖြစ်နေပြီး ရေဘေးသင့် ပြည်သူ ၄ သိန်းခွဲကျော်နဲ့ သေဆုံးသူ ၂၅ ဦးအထိ ရှိလာ ၂။⁨ဂွမြို့နယ်က ကိုင်းခုံရွာနဲ့ ကျိန္တလီမြို့ကို စစ်တပ်က ညအချိန် ဗုံးကြဲတဲ့အတွက် အပြစ်မဲ့ပြည်သူ ၈ ဦး သေဆုံး ၃။စဉ့်ကူးတွင် ဒရုန်းဗုံးကြဲမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံး၊ မိုးမိတ်နှင့် ရွှေကူတွင် Y-12 လေ‌ကြောင်း ဗုံးကြဲခံရမှုကြောင့် ဘုန်းကြီးကျောင်း မီးလောင်ပျက်စီး ၄။ရွှေဘိုအကျဉ်းထောင်တွင် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ အစာအိမ်ကင်ဆာဖြင့် သေဆုံး၊ ထောင်တွင်း ကင်ဆာဝေဒနာရှင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့်ရှိလာ ၅။ရေကြည်နဲ့သာပေါင်းမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတွေ ဆုတ်ခွာထွက်ပြေး ၆။⁨NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ရင်း၊ တပ်ဖွဲ့များကို ၃၈ ကြိမ် ထောက်ပံ့ခဲ့ပြီး ဒေါ်လာ သန်း ၃၀ ခန့်ကို PRF ရန်ပုံငွေမှ သုံးစွဲခဲ့ဟု ထုတ်ပြန် ၇။မကွေးဖက်ဒရယ်ယူနစ် စစ်ကြောင်း ၂/၄ က စလင်းမြို့နယ်အတွင်းက ‌ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာရွှေ့ပေးပြီး သန့်ရှင်းတဲ့ သောက်သုံးရေဖြန့်ဝေ ၈။⁨သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူတွေအတွက်ရည်ရွယ်ပြီး ဥရောပသမဂ္ဂ EU က မြန်မာနိုင်ငံကို ယူရို ၁၀ ဒသမ ၅ သန်း ထပ်မံပေးအပ် ၉။⁨မြန်မာနိုင်ငံမှာ ပဋိပက္ခနဲ့ သဘာဝဘေးဒဏ်ကြောင့် လူဦးရေ ၁၂ သန်းခွဲနီးပါး ဆာလောင်မွတ်သိပ်မှုနဲ့ ရင်ဆိုင်နေရ တယ်လို့ WFP သတိပေးWatch video on Facebook.com

  • Follow us on Telegram https://ift.tt/uQwJlaD ကိုပုည - ကြားကြားသမျှ ပစ္စက္ခ မိုးမခ ၊ ဩဂုတ် ၁၅ ၊ ၂၀၂၆ ဖက်ဒရယ် နှစ်မျိုး ရှိ၏။ ဒီမိုကရေစီဖက်ဒရယ်နှင့် ဖက်ဒရယ်ဒီမိုကရေစီကို မဆိုလို။ စစ်အာဏာရှင်မရှိသော ဖက်ဒရယ်နှင့် စစ်အာဏာရှင်နှင့် တွဲဖက်ရသည့် ဖက်ဒရယ် နှစ်မျိုးကို ဆိုလိုသည်။ စစ်အာဏာရှင် မရှိဖို့ဆို ဒီမိုကရေစီဖက်ဒရယ် ဖြစ်ရမည်လား၊ စစ်အာဏာရှင် မရှိမှ ဒီမိုကရေစီဖက်ဒရယ် ရမှာလား။ ဒီမိုကရေစီဖက်ဒရယ် ဆိုတာ စစ်အာဏာရှင် မရှိတော့ခြင်းကို ဆိုလိုတာလား။ ဒါမှမဟုတ် စစ်အာဏာရှင်ပြုတ်အောင် တိုက်ပြီးမှ ဖက်ဒရယ်လုပ်ပြီး ဒီမိုကရေစီစနစ် ထူထောင်မည်လား။ အဲဒါမျိုးကို ဖက်ဒရယ်ဒီမိုကရေစီလို့ ဆိုလိုတာလား။ အခု စစ်အာဏာရှင်ကို လက်ခံပြီး ကိုယ်ပိုင်ပြည်နယ်ရရေး၊ ဖက်ဒရယ်ရရေး ဆွေးနွေးနေကြသလို ဟာမျိုးလား။ အဲဒါမျိုးကို ဖက်ဒရယ်ဒီမိုကရေစီ ဆိုလိုသလား။ စဉ်းစားလိုက စဉ်းစား၊ မစဉ်းစားလိုကလည်း မစဉ်းစားပါနှင့်။ တစ်ချိန်တုန်းက စစ်အုပ်စုက ဖက်ဒရယ်ဆို တွယ်တယ်လုပ်ရာကနေ အခုတော့ တစ်ဆင့်လျှောပြီး စစ်တပ်နည်း စစ်တပ်ဟန် ဖက်ဒရယ်စကားတွေ ပြောလာတာ ကြာပြီ။ ၂၀၀၈ ခြေဥအတိုင်း သွားတာကို ဆိုလိုသည်။ အဲဒီအတိုင်း သွားမည့်သူက ဘယ်နှဖွဲ့ ရှိမည်နည်း။ ရှမ်းပြည်က လက်နက်ကိုင်အားလုံးလား။ သူတို့အပြင် တခြားရှိသေးလား။ အဲဒါ မစဉ်းစားချင်လည်း စစ်အာဏာရှင်ဆီက ပြည်နယ် သွားတောင်းတဲ့ ရွှေပလောင်၊ ငွေပလောင်တို့ အဖြစ်တော့ လှည့်ကြည့်သင့်။ သူတို့ခမျာ နေပူတော်က ပြည်နယ်လိုချင် လွှတ်တော်ထဲဝင်ဆိုတော့ ဖွတ်မရ ဓားမ ဆုံးရမလို။ သူတို့နယ်ရှိသမျှ တပ်ပေါင်းစုံကြောက်လို့ ထွက်သွားကြတဲ့ စစ်ကိုင်း၊ မန္တလေး စတဲ့ မြို့တွေက ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းတွေမှာ ကြီးပြင်း၊ တချို့ အခြေကျနေတဲ့ ပလောင်ပညာတတ်တွေ ပြန်မလာလို့ CDM တွေနဲ့ လည်ပတ်နေတဲ့ ပညာရေးလေးပါ ကွေးတော့မယ်။ မအလအောက် ဒူးထောက်တော့ CDM တွေက အန်ချင်သည်၊ ပြန်ချင်ပြီ လုပ်လာပြီ။ လေးဖြူကို BC မသိလို့ သပိတ်မှောက်ပို့စ်တင် (တကယ်မှောက်၊ မမှောက် မသိ) တဲ့ တာဘုန်းကျော်လည်း ဘာသံမှ မထွက်တော့။ စကစဆီက ပညာရေးအကူအညီ တောင်းတော့လည်း သူတို့ ပညာရေးအတိုင်း သွားဆိုတော့ အကူအညီ ယူရမယ်ဆိုရင်လည်း အုပ်ချုပ်ရေး ဘာရေး ညာရေးပါ ပြန်ပေးရပြီး ပြည်နယ်မရ ဘာဒေသ ညာဒေသပဲ လုပ်ရတော့မဲ့ကိန်း။ တပ်ကလည်း တော်လှန်ရေးတပ်မှသည် BGF ဖြစ်ရမည့်သဘော။ ညီနောင်သုံးဖော်ကနေ စုတိပြတ်ကြွေ ရှောဘရားသား ဖြစ်နေ။ ပအိုဝ်းတွေကတော့ ဝဆီ လက်နက်သွားဝယ်ပြီ။ ရှမ်းကို ဟန့်ဖို့လား၊ ကရင်နီဘက် ကာဖို့ တိုးဖို့လား၊ ပြင်ဆင်ပြီ။ ချင်းမှာလည်း အခုလောလောဆယ် တော်လှန်ရေးခေါင်းဆောင်တွေရဲ့ မပေါင်းမသင်း ခေါင်းချင်းကွဲနေမှုကို စိတ်ပျက်လို့၊ ခေါင်းဆောင်တွေရဲ့ မိသားစုတွေက စစ်ကောင်စီ ထိန်းချုပ်မြို့တွေမှာ နေနေကြလို့၊ ခေါင်းဆောင်အမျိုးတွေ Non-CDM ပြန်လုပ်ကြလို့၊ နိုင်ငံရေးအမြင် မဖွင့်နိုင်တော့ ကိုယ် လုပ်မှ ကိုယ် စားရတာ ဆိုတဲ့ သဘောပိုက်ထားကြလို့ စတာတွေကြောင့် စစ်အုပ်စု ပြန်ထိန်းချုပ်မြို့တွေမှာ ပြန်ဝင်နေကြတယ်လို့ အဲဒီဘက်က တစ်ယောက် ပြောတာ ကြားလိုက်ရ။ ကလေး-တမူးလမ်းလည်း စကစ လက် ပြန်ရောက်၊ မုံရွာကနေ ဒိုးယိုပေါက်။ ကချင်-မန္တလေးလည်း နေ့ချင်းပြေး။ နောက် ပရောဂျက် အလွန်တရာ ပေါများသော ကရင်နီပြည်နယ်လေးမှာ လူတယောက်က ပရောဂျက် လေး ငါးခု ကိုင်ထား၊ လစာ လေး ငါးထပ် ယူ၊ ရီဆီးလီးရင့် (Resilience) ဆိုတဲ့ ခံနိုင်ရည်အကြောင်း စစ်ရှောင်သူတွေ၊ ရွာသူတွေကို လိုက်ဟောပြောပြီး ကိုယ်တိုင်ကကျ တခြားသူတွေပါ ရပ်တည်နိုင်အောင် ပရောဂျက်မမျှ၊ ဝန်ထမ်းတိုးချဲ့မခန့်တော့ သူတို့ပဲ သိသိသာသာ ချမ်းသာလာ၊ အဲဒါကို အမြင်မကြည်သူတွေ များလာ၊ ပိုဆိုးတာက ဝန်ထမ်းသစ် ဟုတ်တိပတ်တိ မခန့်ဘဲ ပရောဂျက်မှန်သမျှ ရှိတဲ့ အခိုင်းအစေ ဝန်ထမ်းလေးတွေနဲ့ပဲ လုပ်နေကိုင်နေကြတော့ လူငယ်တွေက အလုပ်အကိုင်မရှိ၊ မရှိတော့ ထိုင်းဘက် ထွက်ကြတဲ့အပြင် တပ်ခေါင်းဆောင်တွေ မညီကြလို့ တဖြည်းဖြည်း ရဲဘော်လုပ်မဲ့သူပါ ပျောက်လာတာတွေ ပြောပြတယ်။ ပရောဂျက် ၁ ခု လူ ၅ ယောက် ခန့်နိုင်ရင် ပရောဂျက် ၅ ခု၊ လူ ၂၅ ယောက် မျှပေးမဲ့အစား ၇ ယောက်လောက်နဲ့ လုပ်နေတယ်။ ဗော်လန်တီယာ ဆိုပြီး ညစ်ခိုင်းနေတာတွေ များသတဲ့။ လူငယ်တွေဟာ ဖွင့်ထားတဲ့ ဆိုရှယ်ကျောင်းတွေက ဆင်းလာပေမဲ့ အလုပ်အကိုင် မရှိကြ၊ ဆိုရှယ်ဝါ့ကာ (Social Worker) တွေ မွေးထုတ်နိုင်တဲ့ အခွင့်အလမ်း ရှိနေရက်နဲ့ မွေးမထုတ်ကြ၊ ခြေလက်အင်္ဂါထိခိုက် ရဲဘော်လူငယ်လေးတွေအတွက်လည်း ဘာအစီအစဉ်မှ မရှိတော့ လူငယ်တွေ တော်လှန်ရေးကို ရွေးချယ်မှုနည်းလာ၊ ထိုင်းထွက်များလာသတဲ့။ စတားလင့် (Starlink) မရှိရင် သတင်းနဲ့ ငွေကြေးစီးဆင်းရေးအပြင် အွန်လိုင်းပညာရေးပါ ခက်လာမယ်လို့လည်း ပြောပြတယ်။ နောက် လူကြီးပိုင်းတွေကလည်း ပြုပြင်ပြောင်းလဲရေး မလုပ်ချင်၊ ပြုပြင်ပြောင်းလဲရေးဆို သူတို့ အထိုင်ပျောက်မယ်လို့ပဲ ထင်ကြ၊ သူတို့နေရာ ကျုံ့မယ်လို့ပဲ တွေးကြ၊ မဆွေးနွေး မညှိနှိုင်းကြ၊ နေရာမပေးချင်ကြ၊ အဲဒီအကျင့်တွေက အခုမှ တော်လှန်ရေးထဲ…

  • Follow us on Telegram https://ift.tt/C4btOVP m.CDM Domestic News — August 15, 2026 Hello and welcome. Here is today’s m.CDM domestic news roundup. Today’s main stories include severe flooding across 21 townships in Sagaing, Mandalay, Magway and Ayeyarwady regions, affecting more than 450,000 people and leaving at least 25 dead; an overnight military airstrike in Gwa Township that killed eight civilians; the death of an 82-year-old female political prisoner from stomach cancer in Shwebo Prison; and a World Food Programme warning that nearly 12.4 million people in Myanmar are now facing hunger because of conflict, displacement, economic hardship and repeated natural disasters. 1. Flooding affects more than 450,000 people across four regions The National Unity Government’s Ministry of Social Welfare, Labour and Humanitarian Affairs, or MSLHA, says flooding is affecting 21 townships across Sagaing, Mandalay, Magway and Ayeyarwady regions. More than 450,000 people have been affected and at least 25 deaths have been reported. The flooding follows days of heavy rainfall in upper Myanmar as well as water releases from reservoirs. Sagaing Region has reportedly been the hardest hit. Teams led by deputy ministers from the humanitarian affairs and natural resources ministries have visited some of the most affected areas together with officials from the Sagaing Federal Unit Government. Emergency assistance has been provided through local administrative, health and humanitarian networks. The ministry said emergency funds of 10 million kyat per township have been provided directly to local representatives. Assistance has also been extended to displaced people who moved from Mandalay Region into Sagaing. Support for flood victims in Mandalay is being coordinated with the Mandalay Unit Government, while assistance in Ayeyarwady is being delivered through partner organizations. MSLHA has also warned flood-affected communities to take precautions against diarrhea and other health problems that may emerge after the flooding. 2. Eight civilians killed in overnight airstrike in Gwa Township The Arakan Army, or AA, said eight civilians were killed when Myanmar military aircraft bombed Kyintali town in Gwa Township, Rakhine State, late on August 13. According to the AA, a fighter jet dropped two bombs at around 11:30 p.m. on a residential area along Metta Paung Ku Road in Ward No. 1. The eight victims reportedly included six adults and two children, aged 12 and seven. They were killed together when the bombs struck a house. Five civilian homes and a three-wheeled vehicle were also damaged. The AA said it was continuing to investigate whether there were additional casualties or property damage. Earlier that night, at around 10:55 p.m., a military jet also bombed Kaing Khon village in Gwa Township. No casualties or significant property damage were reported in that attack. The AA warned residents across areas under its control to remain alert to the continuing risk of airstrikes. 3. Woman killed by drone strike in Sintgaing area; monastery damaged in Shwegu airstrike Local reports say military forces stationed around Htone Gyi and Shwe Gon Taing villages in Singu Township have continued using drones and artillery against nearby communities. At about 9 a.m. on August 14, troops based in Htone Gyi reportedly dropped a bomb from a drone near the southern part of Sin Thay village, killing a 60-year-old woman, Daw Win Maw. Military forces also reportedly carried out drone attacks on Sin Thay village twice on August 13, as well as attacks on Sin Thay and Shwe Bayet villages on the evening of August 12. In Momeik Township, military aircraft also carried out strikes around noon on August 14. A fighter jet reportedly dropped four bombs around Shwe Taw village and near the road toward Mabein, while a helicopter also opened fire in the area. Separately, in Shwegu Township, a Y-12 aircraft bombed Taw Hlan village monastery at around 4 a.m. on…

  • Follow us on Telegram https://ift.tt/YmMdAPE "နှစ် ၈၀ နီးပါး ကြာရှည်လာတဲ့ မြန်မာပြည် ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး စကားလုံးရဲ့ အဓိပ္ပါယ်ကောက်ယူမှု" (မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၁၃ ရက် မြင်ကွင်း၊ မိုးမခ) - (ဖတ်) ပိုပို https://youtu.be/amSQf117hz4 #mCDM #မိုးမခမီဒီယာ #SpringRevolutionMyanmar #WhatsHappeningInMyanmarWatch video on Facebook.com

  • Follow us on Telegram https://ift.tt/7RuSkyO "အမေရိကန်လေယာဥ်တင်သင်္ဘော USS Abraham Lincoln ပေါ်မှာ ဆိုးရွားတဲ့အခြေအနေတွေကြောင့် အမေရိကန်တပ်ဖွဲ့ဝင်တချို့ ပင်လယ်ထဲ ခုန်ချ" (ဖတ်) - ရန်နိုင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဆန်ဒီယေဂို ဆိပ်ကမ်းကနေ ထွက်ခွာခဲ့ချိန်မှာ အမေရိကန်လေယာဥ်တင်သင်္ဘော USS Abraham Lincoln ပေါ်က မရိန်း နဲ့ ရေတပ် တပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်ဟာ၊ အခုလို ၉ လနီးပါး ကြာ ပင်လယ်ပြင်မှာ တာဝန်ထမ်းဆောင်နေရလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။ အခုအချိန်အထိ ဘယ်ဆိပ်ကမ်းကိုမှ ဝင်ရောက်ရပ်နားတာ မရှိသေးပဲ ပင်လယ်ပြင်မှာ ရက်ပေါင်း ၂၄၀ ကြာ စံချိန်တင် နေလာရတာကြောင့်၊ တပ်ဖွဲ့ဝင်အချို့မှာ စိတ်ကျန်းမာရေး ပြဿနာတွေ စတင်ကြုံတွေ့နေရပြီဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ရစ်ချတ် ဘလူးမန်းသဲလ် (Richard Blumenthal) က ကာကွယ်ရေး ဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) ဆီ ပေးစာတစ်စောင် ပေးပို့ခဲ့ပြီး သင်္ဘောပေါ်က အခြေအနေတွေ အပေါ် အကြီးအကျယ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။ "သင်္ဘောပေါ်မှာ အခြေခံ ထောက်ပံ့ရေးပစ္စည်းတွေ ပြတ်လပ်နေတာ၊ ရေညစ်ညမ်းမှုတွေ၊ ရေပိုက်စနစ် ပြဿနာတွေ၊ စိတ်ကျန်းမာရေးအခြေအနေတွေ ဆိုးရွားလာတာနဲ့ သင်္ဘောကုန်းပတ်ပေါ် ဘေးကင်းလုံခြုံရေး စိုးရိမ်ရမှုတွေအပြင်၊ ချောပို့စနစ် ပြတ်တောက်ခဲ့တာကြောင့် မိသားစုတွေက ပေးပို့တဲ့ ပါဆယ်ထုတ်တွေ လနဲ့ချီပြီး ပျောက်ဆုံးနေတာတွေ ဖြစ်နေပါတယ်။"လို့ ရေးသားထားပါတယ်။ ဒါနဲ့ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်သ်ကတော့ ကြာသပတေးနေ့က Conservative သတင်းချန်နယ် တခုနဲ့ အင်တာဗျူးတစ်ခုမှာ ငြင်းဆိုခဲ့ပါတယ်။ "ဒါဟာ လုံးဝမှားယွင်းတဲ့ ဖော်ပြချက်ပါ။ ကျွန်တော်တို့ဟာ တပ်ဖွဲ့ဝင်တဦးတိုင်းစီအတွက် လိုအပ်တာမှန်သမျှကို အချိန်နဲ့အမျှ အကောင်းဆုံး ထောက်ပံ့ပေးထားပါတယ်" လို့ ဟက်ဂ်ဆက်သ်က ဆိုပါတယ်။ အမေရိကန်ရေတပ်ကတော့ ဧပြီလမှာ ရိက္ခာတွေပြတ်လပ်မှု သတင်းတွေ ထွက်ခဲ့တုန်းကတော့ ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် ပုံမှန်ထောက်ပံ့ရေး လမ်းကြောင်းတွေ ပြတ်တောက်ခဲ့ရတယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်မီဒီယာတွေက သင်္ဘောသားတစ်ဦး စိတ်ဖောက်ပြန်ပြီး သင်္ဘောပေါ်ကနေ ခုန်ချခဲ့တဲ့ဖြစ်စဥ် ကနေ အချိန်မီ ကယ်တင်ခဲ့ရတယ်လို့ ဖော်ပြကြပါတယ်။ အဲ့ဒီ အခင်းမဖြစ်ခင်က သူ့ဇနီးဆီကို " သူ စိတ်အလွန်ဖိစီးနေပြီး တာဝန်ကိုတွေ ဆက်ပြီး မထမ်းဆောင်နိုင်တော့တဲ့” အကြောင်း မက်ဆေ့ဂျ် ပေးပို့ခဲ့တာပါ။ လက်ရှိမှာတော့ အမေရိကန်လေယာဉ်တင်သင်္ဘော USS George Washington ကို အရှေ့အလယ်ပိုင်းဆီကို စေလွှတ်ထားပြီး၊ အဲဒီစစ်သင်္ဘော ရောက်ရှိတာနဲ့ USS Abraham Lincoln ရဲ့ နေရာမှာ အစားထိုး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ကိုနိုင်(မိုးမခ)နဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည် #mCDM #မိုးမခမီဒီယာWatch video on Facebook.com

  • Follow us on Telegram https://ift.tt/5MlHTQg "တောင်ကိုရီးယား စစ်မှုထမ်း စနစ် ၂၀၂၇မှာ ပြောင်းလဲမယ်” (ဖတ်) - ရန်နိုင် တောင်ကိုရီးယားနိုင်ငံမှာ အနုပညာရှင်တွေဟာ သူတို့အနုပညာအလုပ်‌တွေကို ခနရပ်နားပြီး နိုင်ငံအတွက် စစ်မှုထမ်းကြရပါတယ်။ သင်နှစ်သက်တဲ့ အဆိုတော် ဒါမှမဟုတ် အဖွဲ့တွေလည်း ဒီလိုမျိုး ကြုံဖူးကြမှာပါ။ ဒါပေမဲ့ အခုအစိုးရလက်ထက်မှာတော့ ဒီစနစ်ကို အပြောင်းအလဲလုပ်ဖို့ ခြေလှမ်းတွေ ပြင်ဆင်နေပါတယ်။ သမ္မတ လီဂျေမြောင်က လူငယ်တွေ စစ်မှုထမ်းရတဲ့အချိန်ဟာ သူတို့ဘဝအတွက် အချိန်ဖြုန်းတာ ဒါမှမဟုတ် ဆုံးရှုံးမှုတစ်ခုလို့ မခံစားရအောင် လုပ်ပေးဖို့က အစိုးရရဲ့ တာဝန်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ခေတ်မီတဲ့ စစ်တပ်တစ်ခု တည်ဆောက်ဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေကို အဓိကထား လုပ်ဆောင်နေပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုဟာ အနုပညာရှင်တွေ ဂီတလုပ်ငန်းတွေ ဆက်လုပ်နိုင်ရေးအတွက်ပဲ အဓိကထားတာ မဟုတ်ပါဘူး။ တောင်ကိုရီးယားနိုင်ငံမှာ ထူးချွန်တဲ့ အားကစားသမားတွေ ဒါမှမဟုတ် ကျန်းမာရေးအခြေအနေကြောင့် ကင်းလွတ်ခွင့်ရသူတွေကလွဲရင် လူငယ်အမျိုးသားတိုင်း ၁၈လကြာ စစ်မှုထမ်းရပါတယ်။ အရင်ကထက် စစ်မှုထမ်းကာလ ပိုတိုတောင်းလာတယ်ဆိုပေမဲ့ ဒါဟာ အလုပ်အကိုင်နဲ့ အသက်မွေးဝမ်းကျောင်း တိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေလောက်တဲ့ အချိန်အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။ သမ္မတက ဒီအချက်ကို အဓိကထား အာရုံစိုက်လာရတဲ့ အကြောင်းရင်းကတော့ နိုင်ငံအတွင်း ကလေးမွေးဖွားနှုန်း လျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။ တောင်ကိုရီးယားမှာ အသက် ၂၀ အရွယ် အမျိုးသားဦးရေဟာ ၂၀၁၅ ခုနှစ်မှာ ၃၇၁,၀၀၀ ရှိခဲ့ပေမဲ့ ၁၀ နှစ်အကြာမှာတော့ ၂၂၄,၀၀၀ ထိ ကျဆင်းသွားခဲ့ပါတယ်။ မွေးဖွားနှုန်းတွေကို ကြည့်မယ် ဆိုရင်တော့ ဒီအရေအတွက်ဟာ ဆက်ပြီး ထိုးကျသွားဦးမှာ ဖြစ်ပါတယ်။ သမ္မတက စစ်တပ်အနေနဲ့ လူအင်အားနဲ့ ခြေလျင်တပ်တွေအပေါ်မှာပဲ ဆက်ပြီး အားကိုးလို့ မရတော့ဘူးဆိုတာကို သိထားပါတယ်။ အဆင့်မြင့်နည်းပညာတွေ အသုံးပြုတာနဲ့ စနစ်တကျ ရွေးချယ်စစ်မှုထမ်းစေတာမျိုးတွေကတစ်ဆင့် အရည်အသွေးမြင့်တဲ့ စစ်တပ်တစ်ခု ပြောင်းလဲချင်တာဖြစ်ပါတယ်။ စစ်မှုထမ်းရတာဟာ အလုပ်အကိုင်ကောင်းတွေ ရရှိနိုင်ဖို့ လမ်းကြောင်းတစ်ခု ဖြစ်လာစေဖို့နဲ့ နိုင်ငံရဲ့ ကာကွယ်ရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ သမ္မတက ရည်မှန်းထားပါတယ်။ ဒီအစီအစဉ်ထဲမှာ အခြေခံစစ်မှုထမ်းကာလကို ပိုတိုတောင်းစေတာမျိုး ပါဝင်နိုင်သလို နည်းပညာမြင့်တဲ့ ကဏ္ဍတွေလိုမျိုးမှာ ကျွမ်းကျင်တဲ့ တာဝန်တွေကို အချိန်ကြာကြာ ရွေးချယ်ထမ်းဆောင်မယ့်သူတွေအတွက် အကျိုးခံစားခွင့်တွေ ပေးတာမျိုးတွေလည်း ပါဝင်နိုင်ပါတယ်။ ဒီနှစ်အတွင်းမှာ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေ ထုတ်ပြန်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်မှာတော့ စတင် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ နွေဦးလေပြေနဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည် #mCDM #မိုးမခမီဒီယာWatch video on Facebook.com

  • Follow us on Telegram https://ift.tt/E7tvm2p "ဂျပန်ပိုင်နက်အဖြစ် ကြေညာထားတဲ့ ကူရီးလ် (Kuril) ကျွန်းစုကို ရုရှားသမတ ပူတင်သွားရောက်ခဲ့မှု ဂျပန်နိုင်ငံက အပြင်းအထန် ကန့်ကွက်" (ဖတ်) - ရန်နိုင် ဒါဟာ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရုရှားသမ္မတတစ်ဦးက နိုင်ငံအရှေ့ပိုင်းအစွန်က ကူရီးလ်ကျွန်းစု (Kuril) ကို ပထမဆုံး အကြိမ် သွားရောက်တာ ဖြစ်ပါတယ်။ သမ္မတ ဗလာဒီမာပူတင်ဟာ ကျွန်းဒေသခံတွေနဲ့ စကားစမြည်းပြောဆိုခဲ့ပြီး ဒေသခံဆေးရုံ၊ ကျောင်းနဲ့ ငါးသေတ္တာစက်ရုံတွေကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ဟာ ရုရှားက ထိန်းချုပ်ထားတဲ့ ဒီပစိဖိတ်ကျွန်းစုတွေကို ဂျပန်ကလည်း သူ့ပိုင်ကျွန်းတွေအဖြစ် အခိုင်အမာ ပြောဆိုထားတာကြောင့် ဂျပန်နိုင်ငံက အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် တာခဲအိချီ ဆာနိုင် (Sanae Takeichi) က ရုရှားသမတရဲ့ ခရီးစဉ်အပေါ် အခုလို ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ "ဒီမြောက်ပိုင်းကျွန်းတွေဟာ သမိုင်းကြောင်းအရရော၊ နိုင်ငံတကာဥပဒေအရရော ဂျပန်နိုင်ငံရဲ့ မူလပိုင်နက် နယ်မြေ တွေ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ဂျပန်ပြည်သူတွေရဲ့ စိတ်ခံစားချက်ကို ထိခိုက်သလို၊ လုံးဝလက်ခံနိုင်စရာလည်း မရှိပါဘူး။"လို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုတာပါ။ ဒုတိယကမ္ဘာစစ် နောက်ဆုံးရက်တွေမှာ ဆိုဗီယက်တပ်တွေဟာ ဟော့ကိုင်းဒိုးကျွန်းမြောက်ဘက်က မဟာဗျူဟာကျတဲ့ ဒီကျွန်းစုတွေကို သိမ်းပိုက်ခဲ့တာပါ။ ကျွန်းပေါ်က ဒေသခံတွေကို နှင်ထုတ်ခဲ့ပြီး အဲဒီအချိန်ကတည်းက စစ်အခြေစိုက် စခန်းတခု တပ်စွဲထားခဲ့ပါတယ်။ ဒီကျွန်းစုတွေဟာ ငါးလုပ်ငန်းအပြင် ရွှေနဲ့ ငွေလို သယံဇာတသတ္တုတွေလည်း ကြွယ်ဝပါတယ်။ သမတပူတင်ဟာ ရုရှားရေတပ်က စစ်ရေးလေ့ကျင့်နေတဲ့ ဆာခါလင် (Sakhalin) ကျွန်းဆီ အရင်သွားရောက်ခဲ့ပြီးမှ ဒီကျွန်းစုတွေဆီ လာရောက်ခဲ့တာပါ။ "အထူးစစ်ဆင်ရေးအတွင်း ရှေ့တန်းရည်မှန်းချက်တွေ အောင်မြင်ဖို့ထက် အရေးကြီးတာ ဘာမှမရှိပါဘူး။ ရုရှားပိုင်နက် ကို ကာကွယ်ဖို့ ခင်ဗျားတို့လည်း ရှေ့တန်းကို ရောက်နေကြတာပါ။ ရုရှားနယ်နမိတ်ကို ကာကွယ်နိုင်ဖို့ ကြည်းတပ်ရော ရေတပ်ပါ တိုက်ခိုက်ရေးအသင့် အမြဲရှိရမှာ ဖြစ်ပါတယ်” လို့ သမတ ပူတင်က ပြောပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်ပြီးနောက်ပိုင်း ရုရှား-ဂျပန် ဆက်ဆံရေးဟာ ပိုမိုဆိုးရွားလာခဲ့ပါတယ်။ ဂျပန်ဟာ G7 အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ခဲ့ပြီး ယူကရိန်းကို ငွေကြေးနဲ့ စစ်လက်နက်မဟုတ်တဲ့ ကာကွယ်ရေးအထောက်အပံ့တွေ ပေးပို့ခဲ့ပါတယ်။ ကိုနိုင်(မိုးမခ)နဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည် #mCDM #မိုးမခမီဒီယာWatch video on Facebook.com

  • Follow us on Telegram https://ift.tt/dknixyv "ဂျပန်မှာ ရေကြီးရေလျှံမှုကြောင့် လူ ၈ဦးသေဆုံး” (ဖတ်) - ရန်နိုင် ဂျပန်နိုင်ငံ တိုကျိုမြို့အနီးက ချီဘားဒေသတချို့မှာ ၂၄ နာရီအတွင်းမှာတင် မိုးရေချိန်တစ်လနီးပါးစာ ရွာသွန်းခဲ့ပါတယ်။ ဂျပန်နိုင်ငံရဲ့ အားလပ်ရက် သီတင်းပတ်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လမ်းတွေနဲ့ ရထားလမ်းတွေ ရေနစ်မြုပ်ကုန်သလို အိမ်ခြေ ၂၅,၀၀၀ နီးပါးလည်း လျှပ်စစ်မီး ပြတ်တောက်သွားပါတယ်။ လက်ရှိအချိန်ထိ သေဆုံးသူ ၈ ဦးရှိပြီး တစ်ဦးဟာ ရေမြုပ်နေတဲ့ ကားအတွင်းမှာ သေဆုံးခဲ့တာလို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကို စေလွှတ်ထားပြီး ရေကြီး ရေလျှံမှုတွေကြောင့် တိုကျိုမြို့ နာရီတာလေဆိပ်မှာ ခရီးသည် ၇,၀၀၀ နီးပါး ပိတ်မိနေပါတယ်။ "အမှန်အတိုင်းပြောရရင် လူတွေ ဘယ်လောက်ရှိလဲ သေချာမကြည့်မိဘူး၊ ဒါပေမဲ့ အပေါ်ထပ်မှာတော့ လူတွေနေရာအနှံ့ အိပ်နေကြတာပဲ။ ကြမ်းပြင်မှာ အိတ်တွေနဲ့ အိပ်နေကြတဲ့သူတွေချည်းပဲ" လို့ ခရီးသည်တစ်ဦးက ပြောပါတယ်။ နောက်ထပ် ခရီးသည်တစ်ဦးကလည်း "ဟိုတယ်တစ်ခုကို Booking လုပ်နိုင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ အဲဒီဟိုတယ်က အရမ်းဝေးနေတာကို သိလိုက်ရတယ်။ တက္ကစီတန်းစီတာလည်း လေးနာရီလောက် စောင့်လိုက်ရတယ်၊ ဒါနဲ့ ဟိုတယ်ကို ဖုန်းဆက်ပြီး ည ၂ နာရီခွဲမှ ရောက်မယ်လို့ ပြောလိုက်တော့မှ အဲဒီမှာ တည်းလို့မရတော့ဘူးလို့ အပြောခံရပါတယ်။ တခြားသွားစရာ မရှိတော့တဲ့အတွက် နာရီတာလေဆိပ်ကိုပဲ ပြန်လာခဲ့ရပါတယ်" လို့ ပြောပြပါတယ်။ ရေကြီးရေလျှံမှုကြောင့် ဈေးဝယ်စင်တာတွေလည်း ရေနစ်မြှုပ်ခဲ့သလို အိရှိကာဝါ၊ ခါရှီဝါနဲ့ ဆာကူရာ စတဲ့ မြို့တွေက အိမ်ခြေ ဒါဇင်ပေါင်းများစွာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ နွေဦးလေပြေနဲ့ m.CDM အဖွဲ့သားများတင်ဆက်ပါသည် #mCDM #မိုးမခမီဒီယာWatch video on Facebook.com

  • Follow us on Telegram https://ift.tt/Cls6b2Q SOG တပ်ရင်း တည်ထောင်ခြင်း ၃ နှစ်ပြည့်အခမ်းအနား ကျင်းပ =============== ဩဂုတ် ၁၄ m.CDM အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၇) လက်အောက်ရှိ P29916 – Special Operation Group (SOG) တပ်ရင်း တည်ထောင်ခြင်း ၃ နှစ်ပြည့် အခမ်းအနားကို ဩဂုတ် ၁၃ ရက်တွင် တပ်ရင်းအထိုင်ချနေရာ၌ ကျင်းပခဲ့ကြောင်း SOG က သတင်းထုတ်ပြန်သည်။ အခမ်းအနားကို အစီအစဉ် ၄ ရပ် ဖြင့် ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်းနှင့် သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ ဒုတပ်ရင်းမှူးက ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာ ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဖော်ပြထားသည်။ ထို့နောက် SOG တပ်ရင်းရှိ Column တာဝန်ခံများ နှင့် တပ်ရင်းရဲဘော်များက တပ်တည်ထောင်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် အမှတ်တရစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။ SOG တပ်ရင်းကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁၃ ရက်တွင် တရားဝင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်၊ တပ်မဟာ (၆)၊ ကော့ကရိတ်မြို့နယ် တောင်ပိုင်းဒေသတွင် စခန်းသိမ်းတိုက်ပွဲများနှင့် စစ်ဆင်ရေးများစွာကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ (သတင်း-ခါးရှဲလ်) #mcdm #SpringRevolutionMyanmar TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။ https://tunein.com/radio/mCDM-Radio-s351488/Photos from m.CDM's post773148125_122149815933116009_25607197706773360000_122149815975116009_50637733199773559702_122149816017116009_86112621866773379131_122149816059116009_86354599371773240231_122149816107116009_55565079494773078763_122149816161116009_54591845700

  • Follow us on Telegram https://ift.tt/Ma0jFXd မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၃ မြင်ကွင်း (မိုးမခ) ၊ ဩဂုတ် ၁၄ ၊ ၂၀၂၆ နှစ် ၈၀ နီးပါး ကြာရှည်လာတဲ့ မြန်မာပြည် ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေး စကားလုံးရဲ့ အဓိပ္ပာယ်ကောက်ယူမှု ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်း ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖြစ်သူ ဆာဆာကာဝါ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က နေပြည်တော်ကို လာရောက်ပြီး စစ်တပ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ယခုလို လာရောက်ပြီးနောက်မှာ ဆာဆာကာဝါက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ကို ဆက်လက်ကူညီမယ်လို့ ပြောဆိုကြောင်း ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့အစည်းတခု ဖြစ်တဲ့ နိပွန်ဖောင်းဒေးရှင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌနဲ့ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဦးသိန်းစိန် အစိုးရလက်ထက်က ခန့်အပ်ခံထားရတဲ့ ဆာဆာကာဝါ ၂၀၂၂ ခုနှစ် ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်တပ်အကြား တိုက်ခိုက်မှုတွေ အပစ်ရပ်ဖို့ ကိစ္စရပ်တွေ၊ ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး မဖြစ်ပွားမီကာလတွေမှာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ လူသားချင်းစာနာမှု အကူအညီကိစ္စရပ်တွေအတွက် နေပြည်တော်ကို လာရောက်ခဲ့ဖူးပါတယ်။ နိပွန်ဖောင်ဒေးရှင်းဟာ ဂျပန်နိုင်ငံက လူသားချင်းစာနာမှုအကူအညီပေးတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ဂျပန်အစိုးရရဲ့ နိုင်ငံတကာ အကူအညီပေးရေး အစီအစဥ် JICA လိုအေဂျင်စီတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်း မြန်မာနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်၊ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပေါ်ပေါက်လာပြီးနောက် လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေ လုပ်ဆောင်ခဲ့တာရှိခဲ့သလို AA နဲ့ စစ်တပ် အပစ်အခတ်ရပ်စဲရေး ကိစ္စတွေမှာ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဘက်နှစ်ဖက်အကြား ဆက်သွယ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ သာဓကတွေ ရှိခဲ့တာဖြစ်ပါတယ်။ တဖက်မှာလည်း စစ်ခေါင်းဆောင် ဖြစ်သူ မင်းအောင်လှိုင်နဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု ရှိတဲ့အသွင် မြင်ရတာကြောင့်အချို့ ဝေဖန်သုံးသပ်သူတွေက စစ်တပ်ဘက် ယိမ်းတဲ့ ငြိမ်းချမ်းရေးကြားဝင် စေ့စပ်သူအဖြစ် အကဲဖြတ်ရှုမြင်မှု အချို့လည်း ရှိနေတာ ဖြစ်ပါတယ်။ ဆာဆာကာဝါဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်ခင်ကာလကလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့သလို အဲဒီကာလက ရခိုင်ပြည်နယ်ကိုပါ သွားရောက်ခဲ့သလို ရွေးကောက်ပွဲ ကျင်းပမယ့် စာရင်းထဲက ဖယ်ရှားခံထားရတဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ တိုက်တွန်းကြောင်းလည်း ပြောဆိုခဲ့ဖူးပါတယ်။ တဖန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး အဲဒီနှစ် နိုဝင်ဘာလမှာလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီကာလက စစ်တွေမြို့ကို သွားရောက်ကာ ရခိုင်နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့သေးတာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာလည်း ရခိုင်ပြည်နယ် စစ်တွေကို သွားရောက်ခဲ့ပြီး AA နဲ့ စစ်တပ်အကြား အပစ်ရပ်မှု ဆက်လက်ထိန်းသိမ်းထားဖို့ တိုက်တွန်းပြောကြားခဲ့ဖူးပါတယ်။ ပြည်တွင်းစစ် ဖြစ်ပွားတာ ဆယ်စုနှစ် ၇ ခုကျော် ၈ ခုနီးပါး ရှိလာတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ စကားလုံးတွေဟာ ထိရှလွယ်တဲ့ စကားလုံး၊ အသုံးအနှုန်းနဲ့ မကောင်းတဲ့ အဓိပ္ပာယ်အနေနဲ့ ရှုမြင် ခံစားချက်ရှိကြတာလည်း ဖြစ်ပါတယ်။ ဖဆပလ အစိုးရကနေ မဆလ အမည်ခံတဲ့ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတဲ့အထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေသာမက ကွန်မြူနစ်ပါတီ(ဗမာပြည်)၊ အလံနီကွန်မြူနစ်ပါတီ၊ ဦးနု ဦးဆောင်တဲ့ ပြည်ချစ်တပ် စသဖြင့် လက်နက်ကိုင် အဖွဲ့တွေအများအပြား ဖွဲ့စည်းကာ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြပြီး အဲဒီကာလတွေမှာလည်း အပစ်အခတ်ရပ်ဖို့ ဆွေးနွေးတာ၊ လက်နက်ချ အလင်းဝင်တာ၊ လက်နက်ကိုင် အဖွဲ့အသစ် ဖွဲ့စည်းပြီး တိုက်ခိုက်တာတွေ နှစ်ပေါင်း ၇၀ ကျော် ၈၀ အတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ အမည်နဲ့ အုပ်ချုပ်တဲ့ကာလ ၁၉၆၃ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရော ကွန်မြူနစ်ပါတီ (ဗမာပြည်) ၊ အလံနီတို့နဲ့ပါ ရန်ကုန်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါဆွေးနွေးပွဲတွေ ပျက်ပြားခဲ့ကြပြီးနောက် စစ်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်တာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လပိုင်းအကြာမှာ ကွန်မြူနစ်ပါတီ (ဗမာပြည်)ထဲမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေက ပုန်ကန်ပြီး ထိုစဥ်က ဗဟိုအစိုးရကို တော်လှန်တိုက်ခိုက်နေတဲ့ အကြီးဆုံး လက်နက်ကိုင်အင်အားစု ပြိုကွဲခဲ့ပြီး ကိုးကန့်၊ ဝ နဲ့ ကချင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အဖြစ် သီးခြားပေါ်ထွန်းခဲ့တာကို နဝတ လို့ အတိုကောက်ခေါ်တဲ့ အာဏာသိမ်း စစ်အစိုးရက အထူးဒေသတွေအဖြစ် လက်နက်စွန့်စရာမလို နယ်မြေ ဆုတ်ပေးစရာမလိုတဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေ ရယူခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုမယူတဲ့ အခြားသော တို…

  • Follow us on Telegram https://ift.tt/ph4ZW7w ရွှေဘိုအကျဉ်းထောင်တွင် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူ အစာအိမ်ကင်ဆာဖြင့် သေဆုံး၊ ထောင်တွင်း ကင်ဆာဝေဒနာရှင် နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့်ရှိလာ =============== ဩဂုတ် ၁၄ m.CDM အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူများအကြား အာဟာရမပြည့်ဝခြင်း၊ သန့်ရှင်းသပ်ရပ်မှုမရှိသည့် ထောင်တွင်းပတ်ဝန်းကျင်နှင့် လုံလောက်သော ဆေးကုသမှု မရရှိခြင်းတို့ကြောင့် ကင်ဆာနှင့် အမျိုးသမီးရောဂါများ ခံစားနေရသူများရှိလာကြောင်း နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ထုတ်ပြန်သည်။ လက်ရှိ အကျဉ်းထောင်များအတွင်း ကင်ဆာရောဂါခံစားနေရသည့် နိုင်ငံရေးအကျဉ်းသူ ၈ ဦးခန့် ရှိလာပြီး ပါးစောင်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာတို့အပြင် အမျိုးသမီးဆိုင်ရာ ရောဂါဝေဒနာများကိုပါ ခံစားနေရကြောင်း WOPP က ဆိုထားသည်။ ကင်ဆာဝေဒနာရှင်များအနေဖြင့် ထောင်တွင်း၌ အချိန်မီ ဆေးဝါးကုသခွင့်မရခြင်း၊ ပြင်ပဆေးရုံသို့ သွားရောက်ကုသခွင့် ပိတ်ပင်ခံရခြင်းနှင့် ဆေးရုံပြင်ပကုသခွင့်ရရှိရန် အချိန်ကန့်သတ်ချက်မရှိ စောင့်ဆိုင်းနေရခြင်းတို့ကို ကြုံတွေ့နေရကြောင်းလည်း ဖော်ပြထားသည်။ ထိုအခြေအနေများကြောင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အသက် ၈၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူတစ်ဦးသည် ဩဂုတ် ၁၃ ရက် နေ့လယ်ပိုင်းတွင် အစာအိမ်ကင်ဆာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူသည် ၂၀၂၃ ခုနှစ်တွင် ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရသူ ဖြစ်ပြီး ဖမ်းဆီးမခံရမီကတည်းက ဗိုက်အောင့်ဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သိရသည်။ ထောင်အတွင်း ရောက်ရှိပြီးနောက် လုံလောက်သော ဆေးကုသခွင့်ရရှိရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရပြီး အချိန်မီ ဆေးကုသမှုမရရှိခဲ့ကြောင်း WOPP က ဆိုထားသည်။ ရောဂါအခြေအနေ ဆိုးရွားလာပြီးနောက် သေဆုံးမည့်အချိန်မတိုင်မီ သုံးလခန့်၊ ၂၀၂၆ ခုနှစ် မေလတွင်မှသာ ပြင်ပဆေးရုံ၌ ကုသခွင့်ရရှိခဲ့သော်လည်း ထိုအချိန်တွင် ရောဂါကျွမ်းလွန်နေပြီဖြစ်သဖြင့် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ WOPP က နိုင်ငံရေးအကျဉ်းသူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှု၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်ခံရမှုများအပြင် လုံလောက်သည့် ဆေးဝါးကုသခွင့်ရရှိမှုအခြေအနေများကို ဆက်လက်စောင့်ကြည့်သွားမည်ဟု ပြောကြားထားပြီး နိုင်ငံရေးအကျဉ်းသူများအားလုံး ချွင်းချက်မရှိ ပြန်လည်လွတ်မြောက်လာသည်အထိ ဆက်လက်ရပ်တည်သွားမည်ဟု ထုတ်ပြန်ထားသည်။ (သတင်း-ခါးရှဲလ်) #mcdm #SpringRevolutionMyanmar TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။ https://tunein.com/radio/mCDM-Radio-s351488/Photos from m.CDM's post773249367_122149811889116009_93665489981773070208_122149811931116009_11942794293771870676_122149811979116009_87659509686

  • Follow us on Telegram https://ift.tt/4Akqv7h NUG ကာကွယ်ရေးဝန်ကြီးဌာနက PDF တပ်ရင်း၊ တပ်ဖွဲ့များကို ၃၈ ကြိမ် ထောက်ပံ့ခဲ့ပြီး ဒေါ်လာ သန်း ၃၀ ခန့်ကို PRF ရန်ပုံငွေမှ သုံးစွဲခဲ့ဟု ထုတ်ပြန် =============== ဩဂုတ် ၁၄ m.CDM အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ တပ်ရင်းထောက်ပံ့မှု စုစုပေါင်း ၃၈ ကြိမ် ပြုလုပ်ခဲ့ပြီး တစ်ကြိမ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၀.၉၆ သန်းခန့် သုံးစွဲခဲ့ကြောင်း ဩဂုတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါထောက်ပံ့မှုများကို နိုင်ငံတစ်ဝန်း ဖွဲ့စည်းထားသည့် PDF တပ်ရင်း၊ တပ်ဖွဲ့နှင့် စစ်ကြောင်း ၃၆၀ ကျော်ထံ ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်မှစတင်ကာ တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၁.၃ သန်းခန့်အထိ တိုးမြှင့်ထောက်ပံ့နေကြောင်း သိရသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးတပ်ရင်းနှင့် တပ်ဖွဲ့များကိုလည်း ၃၆ ကြိမ်မြောက် တပ်ရင်းထောက်ပံ့မှုမှစတင်၍ တိုးချဲ့ထောက်ပံ့နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိအချိန်အထိ သုံးစွဲခဲ့သည့် တပ်ရင်းထောက်ပံ့စရိတ်များ၏ ၈၅ ရာခိုင်နှုန်းကျော်၊ ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း ၃၀ ကို PRF (ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်) အစီအစဉ်၏ ၄၆ လတာကာလဖြစ်သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ကောက်ခံရရှိခဲ့သည့် ရန်ပုံငွေများထဲမှ ထုတ်ယူသုံးစွဲခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားသည်။ ကာကွယ်ရေးဝန်ကြီးဌာနက PRF စတင်သည့်အချိန်မှ ယနေ့အထိ ခိုင်မာသည့် သန္နိဋ္ဌာန်နှင့် ယုံကြည်ချက်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ဖော်ပြထားသည်။ လက်ရှိပြည်သူ့တော်လှန်ရေးသည် အရေးကြီးသည့် အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ပြီး ပြည်သူတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် အောင်ပွဲရရှိမည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် PRF အစီအစဉ်အပြင် NUG ၏ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် မိမိတို့တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြရန် ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ (သတင်း-ခါးရှဲလ်) #mcdm #SpringRevolutionMyanmar TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။ https://tunein.com/radio/mCDM-Radio-s351488/773608454_122149811379116009_19582117841

  • Follow us on Telegram https://ift.tt/JDLyq5z m.CDM & MoeMaKa - 14th August, 2026 Evening 8:30 PM 📌 m.CDM တစ်ပတ်အတွင်းသတင်းများ (ကချင်ဘာသာ)- ပဒန်ရှရီ 📌 ကြွေကျခဲ့တဲ့ ကြယ်တွေ (တော်လှန်ဂီတ) - (တေးရေး) Dennis Maung၊ (တေးဆို) Turtle 📌 ‌ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ၉၀ပြည့်မွေးနေ့ ( ကျနော်.....မောင်တူး.....ပါ )- မောင်တူး #mCDM #မိုးမခမီဒီယာ #ပြည်တွင်းသတင်း #စစ်ရေးသတင်း #MoeMaKa #SpringRevolutionMyanmar #WhatsHappeningInMyanmar #myanmar Internet Radio on TuneIN - https://tunein.com/radio/mCDM-Radio-s351488/ Internet Live Radio - Moemaka.net/radio Facebook - facebook.com/m.CDMUnite YouTube - https://www.youtube.com/@m.CDMMyanmar X - https://x.com/mCDMMyanmar Telegram - https://t.me/RadioNUGMyanmar TikTok - https://www.tiktok.com/@m_cdm_myanmar email - admin@radionug.orgAugust 14, 2026, 8:30 PM - m.CDM ညနေ အစီအစဉ်Watch video on Facebook.com

  • Follow us on Telegram https://ift.tt/Hj5cMIt ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၂၂) မိုးမခ ၊ ဩဂုတ် ၉ ၊ ၂၀၂၆ ကြက်မကြီး ဖင်ကွဲချင် ကွဲပစေ၊ ငါ့ကြက်ဥက ကြူကြူလှ ခေါင်းလောက်ရှိတယ် ဆိုတဲ့ ကောင်။ အခု ကြက်မတွေကိုတောင် သေနတ်နဲ့ထောက် ဥဥခိုင်းနေတဲ့ဖွတ်က အာကာသနည်းပညာတွေ တိုးတက်လာနေပြီး ဂြိုဟ်တုလွှတ်တင်နိုင်ရေးအပြင် အာကာသယာဉ်မှူးများကိုပါ စေလွှတ်နိုင်ရမယ်ဆိုပြီး ဟောင်နေပြန်။ ဟောင်သာ ဟောင်နေရတာ၊ ဖင်က ရှုံ့ပွရှုံ့ပွ ဖြစ်နေပြီ။ ပါးစပ်က အူဖို့၊ ဟောင်ဖို့၊ အီဖို့ဆိုတာ ဖင်ကြောက တော်တော်ရှုံ့ရတာ မဟုတ်လား။ ဒါ့ထဲက အာဆီယံက နှုတ်သီးဖြတ်ဖြတ်ရိုက်နေလို့ တအိုင်အိုင်အော်နေရတဲ့ကြားက အူရတာလေ။ အဲဒါကြောင့် ပုဖင်မပွလို့ ဘုဖင်ပွမလဲ။ လှိုင်မြို့နယ်မှာ မြန်မာအာကာသအေဂျင်စီ (MSA) ဆိုပြီး အတည်ပေါက် ဆိုင်းဘုတ်လေး လုပ်ထားတဲ့နေရာမှာပေါ့။ ငလမကောင်က မြန်မာအာကာသအေဂျင်စီရဲ့ ဂြိုဟ်တုပုံစံတူ ပုံစံငယ် ဖွင့်လှစ်တဲ့ နေရာမှာ သွားဟောင်တာ၊ ပုံစံငယ်နော်၊ ဂြိုဟ်တုအစစ်ကြီး ထင်မနေနဲ့ဦး။ ဂြိုဟ်တုဆိုလို့ ဆေးတိုက်နာမည်ပဲ အစစ်ရှိတာ။ ဂျိုတုဆိုရင်တော့ ရှိတယ်၊ ငပုခေါင်းမှာ။ စွန်တောင် သူ့တစ်ရပ်ကျော်အောင် မလွှတ်တတ်တဲ့ကောင်က ဂြိုဟ်တုလွှတ်ဦးမတဲ့။ မုန့်ဆီကျော်က ဘယ်နေမှန်း မသိဘူး၊ နှုတ်ခမ်းနာနဲ့ တည့်ပါ့မလားဆိုသလို ယာဉ်သာ ပုံစံငယ်ပဲရှိတာ၊ ယာဉ်မှူးကျ အရှင်လတ်လတ်ကြီး။ အင်း ဘယ်ကောင့်ကို ကြက်ဥစျေးနဲ့ ချိတ်လွှတ်လိုက်မယ် မသိ၊ အာကာသကို သေချာပေါက် ရောက်မှာကတော့ ကြက်ဥစျေးနှုန်းပဲ ရှိတာလေ။ တခြားနည်းနဲ့တော့ အာကာသရောက်စရာ ဘာအကြောင်းမှ မရှိဘူးလေ။ ဒီမြေကြီးနဲ့ မလွတ်တဲ့ကောင်က ပြောလိုက်ရင် မိုးကောင်းကင်နဲ့ အာကာသစကြဝဠာဆိုတာချည်းပဲ၊ တကယ့် ဘီးနဲ့ ကတုံး၊ ဘုန်းကြီးနဲ့ခေါင်းပေါင်း၊ ကျောင်းနဲ့ နွား ခြံ။ အဲလိုပဲလေ ရက်တစ်ရာမှာ တစ်ရက်တစ်ရက် ကြက်တွေသွားခြိမ်းခြောက် ဥခိုင်းလိုက်၊ နွားရှေ့ ထွန်သွားကျူးလိုက်၊ ဝက်စာကျင်းထဲ ခေါင်းစင်းလိုက်၊ ကုန်သည်တွေ သွားပြဿနာရှာလိုက်၊ တစ်ခါတစ်ခါ ကြောင်တိကြောင်တက် ကျည်ပွေ့မိတဲ့ကြက်လို အာကာသခုန်တက်လိုက်နဲ့ သူ့ကောင်တွေလည်း အရူးလင်လုပ်နေရတာ။ သိတယ်မဟုတ်လား၊ အရူးဆိုတာ စိတ်မထင်ရင် မထင်သလို လမ်းလယ်ခေါင်တင် အဝှာထလုပ်ချင်လုပ်တာမျိုးလေ။ ခု သူ့နောက်လိုက်တွေတင်မက အာကာသယာဉ်မှူးဆိုတဲ့ကောင်တွေပါ လမ်းလယ်ကောင်မှာ အရူးက ဟိုဒင်းဟိုဟာအပြုခံရတဲ့မိန်းမလိုမျိုး မျက်နှာ အဝတ်နဲ့ အုပ်ထားရတော့တာကလား။ ဘယ်လောက် ရှက်ရှာကြမလဲ။ MSA အမှုဆောင်ချုပ်ဆိုတဲ့ ဘဲက ဓာတ်တယ်။ ငစား။ ဂြိုဟ်တုတွေ၊ အာကာသယာဉ်တွေ၊ ယာဉ်မှူးတွေ၊ နောက်လိုက်တွေနဲ့ ငပေါကို ဖောတာ၊ ပုပေါဆို ဖနောင့်နဲ့ မြေကြီးတောင် မထိတော့ဘူးတဲ့။ အရူးကြော ဘယ်နားရှိမှန်းသိတဲ့ကောင်ဆိုတော့ ဘတ်ဂျက်ပါ ထင်သလို တောင်းလို့ရအောင် နှိပ်တာပေါ့။ မြန်မာအာကာသအေဂျင်စီ အမှုဆောင်ချုပ်က မြန်မာအာကာသအေဂျင်စီ MAH-1J ERS ဂြိုဟ်တုပုံစံငယ် လုပ်ထားတယ်ဆို ထုတ်ပြပြီး အဲဒီဂြိုဟ်တုကို "ဂြိုဟ်ပု" လို့ နာမည်ပေးထားတယ်လို့ အရူးကောင်ကို မီးပေါင်တင်ပေးလိုက်သေးတာ။ တကယ့် ငစားပါဆို။ အမယ် ဒါတင်မကသေးဘူး၊ ဂြိုဟ်တုစီမံထိန်းချုပ်ရေးစခန်းဆိုင်ရာ လုပ်ငန်းအခြေအနေတဲ့၊ တကယ်က အဲဒီထဲမှာ ယင်ခြောက်ကောင်နဲ့ ခြင်သုံးကောင်ပဲ ပတ်ပျံနေတာ။ ကျန်တာ ဘာမှမရှိဘူး။ ပြီးတော့ ဘာတဲ့၊ မြန်မာအာကာသအေဂျင်စီရဲ့ လကမ္ဘာပတ်လမ်း စူးစမ်းလေ့လာရေး ဆောင်ရွက်ထားရှိမှုတဲ့။ တဆုံးထည့်တာ ထည့်တာနော်၊ မအလ ခမျာ လည်ပင်းကြောတောင် ထောင်နေသတဲ့။ မျက်လုံးကြီးလည်း ပြူးလို့ ဝုဝုလို့တောင် ခွေးဇမပြနိုင်ရှာဘူးဆိုပဲ။ အဲလိုဖြစ်ဂစ်နေပါတယ်ဆို အင်္ဂါဂြိုဟ်မှာ ပျံသန်းနိုင်တဲ့ အင်းဆက်အခြေခံ တောင်ပံခတ် လေယာဉ်ငယ် ဒီဇိုင်းသုတေသနဆိုပြီး ပုခြေမကို ထုချလိုက်သေးတာ။ ငပုဆိုတာ အဘားဘား အဘားဘားပဲ အော်နေတော့သတဲ့။ အဲသမှာလည်း ပိုးဟပ်တွေနဲ့ ပိုးတုံးလုံးကောင်တွေပဲ ရှိတာလေ။ အဲဒါမြင်တော့ မအလက သူ့သားရဲ့ ရတနာပုံဆိုက်ဘာစီတီးကို အင်္ဂါဂြိုဟ် ရွှေ့ဖို့နဲ့ အဲဒီမှာ အမှုဆောင်ချုပ်ကို အပုဆောင်ချုပ် ထပ်ခန့်မယ် ပြောရော။ ဘယ်သူကမှ လိုက်မရင်းနှီး မမြှုပ်နှံအတူတူ လူအထင်မကြီးတောင် ခွေးအထင်ကြီးလို့ ဟောင်လည်း မနည်းပါဘူးဆိုပြီး ဖြီးတာပေါ့။ တရုတ်နဲ့ကုလားက မလာတော့ ခု ဂျပန်ကြီး ဂွကြားဝင် အမြှီးနှန့်နေတယ်။ ရှီကျင့်ဖျင်နဲ့ မိုဒီက ပလစ်တော့ ဂျပန်ကြီး သွားညှစ်ကြည့်တာ။ မအလက တရုတ်နဲ့ အိန္ဒိယလုပ်ငန်းရှင်တွေကို သူ့သားရဲ့ ရတနာပုံဆိုက်ဘာစီတီးမှာ လာရင်းနှီးမြှုပ်နှံဖို့ ခဏခဏ ဖိတ်ခေါ်ခဲ့ပေမဲ့ မလာကြဘူးလေ။ အဲဒါ ဆိုက်ဘာစီတီးနဲ့ မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ (Myanmar Digital Roadmap 2030) မှာ ဂျပန်နည်းပညာကုမ္ပဏီတွေ လာပါ လာပါ သွားအူတာ။ ဘယ်နေ့ ဂျပန်နဲ့ မတည့်တဲ့ရှီက နားအုံ ဖုန်ခါမယ် မသိ။ အဲသည်မှာလည်း ဘယ်လို အူတယ်မှတ်နေလဲ၊ "မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ကို တက်ရောက်လာကြတဲ့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နေတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဂျပန် စီး…

  • Follow us on Telegram https://ift.tt/rRGlqLK ဖလော်ဒါဟန် - ဘေးအမျိုးမျိုးနှင့် အားပြိုင်နေသည့် လွတ်လပ်ခြင်း အဆိပ်အတောက်များ မိုးမခ ၊ ဩဂုတ် ၁၄ ၊ ၂၀၂၆ ကျွန်မသည် မှတ်တမ်းစုဆောင်းသူအဖြစ်သာ မိမိကိုယ်ကိုယ် ခံယူထားသည်။ မိမိနေထိုင်ရာ ဝန်းကျင်မှ အများပြည်သူများ၏ စားဝတ်နေရေးမှစလို့ ပညာရေး၊ ကျန်းမာရေးကို အထူးစိတ်ဝင်တစားဖြင့် မှတ်တမ်းသဘောမျိုး ရေးလေ့ရှိသည်။ တခါတရံ မိမိဝန်းကျင်တွင် နေထိုင်ကြသည့် ပြည်သူများ၏ အနိုင်ကျင့်ခံဘဝ၊ အဖိနှိပ်ခံဘဝများကိုလည်း လက်တွေ့ဘဝ၌ မြင်တွေ့ရသည်များကို ပြည်သူများသာမက နိုင်ငံတကာအထိ သိရှိနိုင်ဖို့ မှတ်တမ်းရေးသားလေ့ရှိသည်။ ကျွန်မ စာရေးဆရာမ မဟုတ်သည့်အတွက် စာကောင်းပေကောင်းများ မရေးသားတတ်ပါ။ သို့သော် ကျွန်မဘဝနှင့် ပြည်သူတွေဘဝ တသားတည်း နေထိုင်ခဲ့သည့်အချိန်မှစလို့ ကိုယ်ချင်းစာတရားဖြင့် နေထိုင်နိုင်အောင် ကြိုးစားခဲ့သည်။ မိမိဘဝ အရှိတရားထက် အသိတရားကို မျှဝေနိုင်ဖို့ ကြိုးစားနေထိုင်ခဲ့သည်။ တခါတရံမှာ ဘေးဒုက္ခများနှင့် ကြုံရချိန် မိမိတကိုယ်စာသည် အကြောင်းအရာမဟုတ်သော်ငြား မိသားစု၊ အစုအဖွဲ့များအတွက်တော့ ထမင်းနပ်မှန်ဖို့တောင် ခက်ခဲလာကြသည်။ ကျွန်မ နေထိုင်ရာဝန်းကျင်မှာ မီးအားကိုးဖြင့် အလုပ်လုပ်သူ နေ့စား လရှင်းသမားတွေ ရှိကြသည်။ အခုလို မီးကလည်းပျက်၊ ရေဘေးနှင့်လည်းကြုံ ဆိုတော့ စားဝတ်နေရေး ဆိုတာ အကြွေးပေါ် အကြွေးဆင့်လို့ လူဖြစ်ရှုံးနေရသည့် ဘဝတွေလို့ ပြောရမလိုပါ။ အခုအချိန် ဆရာဇော်လက်ထက်က ပြုပြင်ပေးသည့် လမ်းလေးသာ မရှိခဲ့ဘူးဆိုရင် မြို့တက်အလုပ်လုပ်သူတွေ၊ လမ်းပေါ်ဈေးဆိုတာတွေလည်း ရေမှာ နစ်ရုံမှတပါး အခြားမရှိပါ။ ဒုဋ္ဌဝတီမြစ်ဘေး ရွာစဉ်တွေဆိုတာ မြစ်ရေလျှံသည်နှင့် ရှိသမျှအိမ်တွေ ရေဝင်တာပါပဲ။ သဘာဝဘေးသည်လည်း ပြည်သူတွေအတွက် ကြိုတင်ပြင်ဆင်မှု မရှိခဲ့ရင် နောက်ဆက်တွဲ ကျန်းမာရေးကစလို့ နေထိုင်စားသောက်မှုတွေပါ ယိုယွင်းပျက်စီးသွားကြရတာပါ။ ဤသည်ကို ပြည်သူတွေက မိမိတို့ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပြီး နေထိုင်သည့်အလေ့ဖြင့် နေသားကျသလို နေနေကြသည်။ လူသားတိုင်း ရရမည့် အခွင့်အရေးကိုလည်း မတောင်းဆိုဝံ့ကြသလို မိမိတို့ ပြည်သူထံမှ တောင်းဆိုနေသည့် မတရားအနိုင်ကျင့်မှုကိုသာ လိုက်လျောနေကြရတဲ့ ဘဝတွေပါ။ လူ့အခွင့်အရေး ဆိုသည်မှာ ခေတ်စနစ် မကောင်းချိန် ပြည်သူများအတွက် အလှမ်းဝေးနေဆဲပါ။ ခေတ်နှင့်စနစ်ကို ပြုပြင်ပြောင်းလဲရသည့် အချိန်တိုင်းမှာ လူအင်အားနှင့် စတင်ခဲ့သော်လည်း 'နှစ်' ဆိုသည့် သက်တမ်းတစ်ခုကို ကြာလာသည့်အခါ လူအများသည် စိတ်ပျော်ရွှင်မှုနှင့် ငွေနောက်ကို လိုက်လာကြသည်။ ပြည်သူကို အမှောင်ထဲသို့ တွန်းပို့လိုသူများသည် သူတို့စိတ်ကြိုက် လွတ်လပ်ခြင်းအမှောင်ထဲ အကျဉ်းချထားလိုက်သည်။ ဤသည်မှာ အာဏာရှင်များက ပြည်သူကို ကျွေးနေကျ အဆိပ်တုံးများ ဖြစ်သည်။ ယနေ့အချိန် ပြည်သူများသည် ဒုက္ခအမျိုးစုံအောက်မှာ အသက်ရှင်နေကြရသလို အာဏာရှင်၏ အမှောင်ဘဝ လွတ်လပ်ခြင်းဆိုသည့် အဆိပ်ခွက်များကို မသိမသာရော၊ ပေါ်တင်ပါ ဝါးမျိုခံနေကြရသူတွေလည်း ပို၍များလာသည်။ အာဏာရှင် သက်ဆိုးရှည်စေသည့် အားဆေးသည် ပြည်သူတွေကို အပျော်နှင့် မျှားခေါ်နေခြင်း ဖြစ်သည်။ အခုလို ဘဝအမျိုးစုံဖြင့် လူနေမှုဘဝကစလို့ ရှုံးနိမ့် ကျရှုံးနေသည်ကို ပြည်သူတိုင်း မသိသရွေ့၊ လက်မခံသရွေ့ မြန်မာပြည်ကြီး မည်သည့်အခါမျှ တရားမျှတပြီး လွတ်လပ်ခြင်းကို ရနိုင်ဖို့ ဝေးနေဦးမည် ဆိုတာလေးကို မျှဝေရင်း . . . ဘေးအန္တရာယ်အမျိုးမျိုးနှင့် မအလ နှိပ်စက် အနိုင်ကျင့်မှုများမှ အမြန်ဆုံး လွတ်မြောက်ကြပါစေ။ ဖလော်ဒါဟန် 12.8.2026 Join Us @ MoeMaKa Telegram t.me@moemaka Please show your support, donate with Zelle Zelle to moemaka.org@gmail.com "MoeMaKa Multimedia" Like and Subscribe MoeMaKa YouTube Channel youtube.com/@moemaka Like us on MoemaKa Facebook Follow us on X X.com/MoeMaKa #MoeMaKaMedia #WhatsHappeningInMyanmar11002244597553490608?url=https%3A%2F%2Fbဖလော်ဒါဟန် - ဘေးအမျိုးမျိုးနှင့် အားပြိုင်နေသည့် လွတ်လပ်ခြင်း အဆိပ်အတောက်များwww.moemaka.comMoeMaKa Burmese Community News, Media & Literature Site, Burma Myanmar