ယောအလင်းတန်း
Статистикаယောနယ်အတွင်းရှိ တော်လှန်ရေးသတင်း စခသတင်းမျာကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြပေးသွားပါမည်။ အရေးတော်ပုံ အောင်ရမည်
- Последний пост
- 29 мая
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 15 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
ယောနယ်တောင်ပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း အင်အားအလုံးအရင်းဖြင့် လှုပ်ရှားနေ၊ ကံချောင်းရွာသို့ ရောက်ရှိပြီး မော်တော်ယာဉ်များ ချောဆွဲခံရ မေ ၂၉၊ ယောဒေသ မကွေးတိုင်း၊ ယောနယ်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား စစ်ရေးတင်းမာမှုများ မြင့်တက်နေပြီး၊ ယမန်နေ့က ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိတွင် ကံချောင်းကျေးရွာသို့ ရောက်ရှိနေရာယူထားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က ကံကြီးကျေးရွာဘက်မှ စတင်ထွက်ခွာလာသည့် အင်အား ၃၀၀ ဝန်းကျင်ပါဝင်သော အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လမ်းခရီးတွင် တစ်ညအိပ် ကြာ ပြီးနောက်၊ ယနေ့ (မေလ ၂၉ ရက်) တွင် ကံချောင်းကျေးရွာအတွင်းသို့ ဝင်ရောက်ရောက်ရှိနေပြီ ဖြစ်သည်။ မြေပြင်သတင်းအချက်အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကံချောင်းကျေးရွာအတွင်း၌ ရောက်ရှိနေပြီး ဒေသခံပြည်သူပိုင် အရပ်သားမော်တော်ယာဉ်ငယ် ၂ စီးနှင့် ဖောကား ၂ စီးတို့ကိုလည်း အဓမ္မချောဆွဲ (သိမ်းဆည်း) အသုံးပြုထားကြကြောင်း သိရသည်။ အဆိုပါ စစ်ကြောင်းသည် ကံချောင်းရွာတွင် ယနေ့ည ဆက်လက်စခန်းချခြင်း ရှိ၊ မရှိကို ဆက်လက်စောင့်ကြည့်လျက် ရှိပါသည်။ ယောနယ်တောင်ပိုင်းတွင် နှစ်ဖက်စစ်ရေးအခြေအနေ တင်းမာနေသည့်အပြင် စစ်ကောင်စီစစ်ကြောင်း ကျေးရွာများအတွင်း ရောက်ရှိနေခြင်းကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာနေပြည်သူများအနေဖြင့် လေကြောင်းရန်၊ လက်နက်ကြီးအန္တရာယ်နှင့် စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့် အန္တရာယ်များကို အထူးဂရုပြု သတိထားကြရန် နှိုးဆော်ထားသည်။ ထို့အပြင် မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားရာလမ်းကြောင်းများနှင့် ဝေးရာနေရာများတွင်သာ ရှောင်တိမ်းနေထိုင်ကြပါရန် မြေပြင်သတင်းရင်းမြစ်များက တိုက်တွန်းနှိုးဆော်ထားပါသည်။ Aung Gyi ယောအလင်းတန်း
без подписи
[ယောဒေသခံ ပြည်သူများ အရေးပေါ် သတိပြု ရှောင်တိမ်းနိုင်ရန် သတင်းပေးနှိုးဆော်ချက်] မေလ ၂၉ ရက် ၂၀၂၆ ကျုပ်တို့ ယောနယ်ထဲမှာ စစ်ကောင်စီ စစ်ကြောင်းတွေ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြင်းထန်နေသလို စစ်ကြောင်းတွေလဲ တောက်လျှောက်ထိုးနေတာကြောင့် ပြည်သူများအားလုံး စစ်ရေးသတိအပြည့်ရှိကြဖို့နဲ့ ဒီအချက်အလက်တွေကို သေချာသတိပြုပြီး ရှောင်တိမ်းနိုင်ကြဖို့ အရေးပေါ် နှိုးဆော်အပ်ပါတယ်။ လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေဆိုးတွေကို ပြည်သူတွေ မျက်ခြေမပြတ် သိရှိထားကြဖို့ လိုပါတယ် - ၁။ အခု စစ်ကောင်စီတပ်က အသက်မပြည့်သေးတဲ့ ၁၃၊ ၁၄ အရွယ်လေးတွေကစပြီး အသက် ၅၀ အရွယ်တွေအထိ ပေါ်တာဆွဲပြီး ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်နေပါတယ်။ ဒါကြောင့် "အသက်ပြည့်မှ ဆွဲတာပါ" ဆိုတာမျိုးကို မျှော်လင့်ချက်အမှားလို့ ပြောလို့ရပါတယ်။ ရောက်တဲ့ကျေးရွာတွေမှာ တွေ့တဲ့ပစ္စည်း ကိုယ်နိုင်ရင် ကြိုက်သလောက်ယူခွင့်ပေးထားတဲ့ အချိန်တွေမှာတောင် ကျဆုံး ပစ (ပေါ်တာ) ရဲ့ dead body ကိုရတဲ့အချိန်မှာ သူ့အိတ်ထဲက ကလေးတွေဆော့တဲ့ ရီမုတ်ကားလေးတစ်စီးပါ ပါနေတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။ ၂။ အဲဒီ ပစ တွေကို စစ်ကြောင်းထိုးရင်း ရောက်တဲ့ကျေးရွာတွေမှာ လုပ်ချင်တာ လုပ်ခွင့်ပေးထားကြပါတယ်။ အရက်လား မိန်းမလား မူးယစ်ဆေးလား အားလုံးပေးသုံးထားကြတာပါ။ အဆွဲမခံရခင်မှာ "မည်သို့ပင် ငါဆွဲခံရရင် ထွက်ပြေးမယ်၊ သေနတ်ပြောင်းကို နောက်ပြန်လှည့်မယ်" လို့ ဘယ်လိုပဲ တွေးတွေး လက်တွေ့မှာ မလွယ်ကူပါဘူး။ ပြေးမရအောင် မလွယ်ကူအောင် နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းချုပ်တာကနေ အမိန့်နဲ့ ရှေ့တက်ခိုင်းတဲ့အချိန် မတက်ရဲတဲ့ ပစ တွေ နောက်ပြန်ပြေးလာရင် ပစ်သတ်တာကအစ လူမဆန်စွာ လုပ်ဆောင်နေကြပါတယ်။ ၃။ ကျုပ်တို့ပြည်သူတွေ တွေးနေကြတာက "စစ်ကြောင်းလာရင် ငါတို့ရွာကို ဖြတ်သွားပြီးရင် ပြီးပြီ၊ လူမရှိရင် ပစ္စည်းတွေယူသွားနိုင်တယ်၊ လူရှိရင် ပြောလို့ဆိုလို့ ရနိုင်တယ်" ဆိုပြီး တွေးနေကြကာ မရှောင်ပဲနေတဲ့ ဖြစ်စဥ်တွေ ရှိနေပါတယ်။ အဲဒီအချက်တွေက လုံးဝမှားပါတယ်။ ယခုနောက်ပိုင်း စစ်ကြောင်းတွေဟာ အရင်ကထက် ပိုလို့ ရက်စက်ကြမ်းကြုတ်လာပြီး အနည်းဆုံးအနေနဲ့ တွေ့တဲ့လူကို လူသားဒိုင်းအနေနဲ့ ဆွဲခေါ်တယ်၊ လိုအပ်တဲ့နေရာကို ရောက်မှ ပြန်လွှတ်တယ်ဆိုတာတောင် ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ တွေ့ရာလူကိုဆွဲခေါ်တယ်၊ ကြိုက်တဲ့ပစ္စည်းယူတယ်၊ စိတ်မထင်ရင် မထင်သလို ညှဉ်းပန်းနှိပ်စက်တယ်၊ အခန့်မသင့်ရင် နည်းလမ်းအမျိုးမျိုးနဲ့ နှိပ်စက်သတ်ဖြတ်တယ်။ အမျိုးသမီးတွေဆိုရင် မုဒိမ်းကျင့် သတ်ဖြတ်တာတွေကအစ လုပ်ဆောင်နေကြတဲ့ ဖြစ်စဉ်တွေကိုလဲ အားလုံးသိမြင်နေကြတာပဲ ဖြစ်ပါတယ်။ ၄။ လူသားဒိုင်းအနေနဲ့ ပြည်သူတွေပါသွားရင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်မတိုက်ခိုက်ကြရတော့ပဲ စစ်ကြောင်းကို လွှတ်ပေးလိုက်ရတာတွေ ရှိနေပါတယ်။ အဲလိုဆိုတော့ တော်လှန်ရေးလုပ်ငန်းစဉ်တွေ ကိုယ့်ကြောင့် ထိခိုက်ပျက်စီးရသလို၊ အဆင်မသင့်လို့ မိုင်းနင်းမိတာကြောင့် အသက်ဆုံးရှုံးနိုင်သလို စကစကြောင့်လဲ အသက်ဆုံးရှုံးရနိုင်တာကို သတိထားကြဖို့ လိုပါတယ်။ စစ်တပ်ကို အထင်ကြီးဖို့မလိုသလို အထင်သေးလို့လဲမရဘူးဆိုတာ လက်တွေ့ဖြစ်နေတာမို့ ကိုယ်ကိုယ်တိုင်ကအစ ပေါ်တာအဆွဲမခံရအောင် အားလုံးဂရုစိုက်ကြဖို့ လိုပါတယ်။ မည်သို့ပင်ဆိုစေကာမူ လက်တွေ့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲခံရတဲ့ ပစ တွေနဲ့ အသက်ဆက်နေရတာဖြစ်ပြီး၊ အဲဒီအချက်ကို တစ်ဖက်ကတွေးကြည့်ရင် စစ်သားစစ်စစ်တွေ နည်းနေပြီဆိုတာ သုံးသပ်လို့ရပါတယ်။ [ပြည်သူများ အကောင်းဆုံး ပြင်ဆင်ရှောင်တိမ်းနိုင်ရန် နည်းလမ်းများ] စစ်ကြောင်းလာပြီဆိုတာနဲ့ လာနိုင်တဲ့လမ်းကြောင်းကို တွက်ဆပါ၊ စုံစမ်းပါ၊ ဝေးနိုင်သမျှဝေးအောင် ကြိုတင်တိမ်းရှောင်ပါ။ ကိုယ့်မိသားစု၊ ဆွေမျိုး၊ အသိမိတ်ဆွေတွေကိုလဲ လက်လှမ်းမီသမျှ သတိပေးပါ။ ကိုယ့်ရပ်ရွာက ပြည်သူတွေကိုလဲ မကျန်ခဲ့အောင် အတတ်နိုင်ဆုံး သတင်းပေး၊ စောင့်ရှောက်၊ တွဲခေါ်ပါ။ မိမိတို့ရဲ့ဖုန်းတွေထဲမှာလဲ တော်လှန်ရေးနဲ့ပတ်သက်တဲ့ စာတွေ၊ ပုံတွေ၊ Video တွေကို မတော်တဆ ဖမ်းမိသွားခဲ့ရင် Cover တစ်ခုဖြစ်အောင် သေချာဖျက်ထားပါ။ စစ်ရေးသတိအပြည့်ရှိကြရမယ့် အချိန်တစ်ခုဆိုတာ သေချာစဥ်းစား တွေးတော နားလည်ရမယ့်အချိန်တစ်ခုဆိုတာ သတိပြုကြပါ။ ကိုယ်သိတဲ့ သတင်းအချက်အလက်အမှန်တွေကို အများသိရှိရအောင် ကိုယ့်အချင်းချင်းကို သတင်းပေးပြောဆိုတာကအစ ကျနော်တို့ရဲ့ Messenger ကိုလည်း လာရောက်သတင်းပေးပို့ကြဖို့ မှာကြားချင်ပါတယ်။ ပြည်သူများအားလုံး စစ်ဘေးအန္တရာယ်ကို အသက်သာဆုံး ခံစားကြရပါစေခင်ဗျာ။ Aung Gyi ယောအလင်းတန်း
ကျောက်ထုနယ်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးအလုံးရေ ၃၆ လုံးတိတိ ကြဲချတိုက်ခိုက်၊ အင်အား ၃၀၀ ပါ စစ်ကြောင်းကြောင့် ဒေသခံများ သတိပြုရန်လို ၂၀၂၆ ခုနှစ်၊ မေလ ၂၉ ရက် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုနယ်မြေအတွင်းသို့ မေလ ၂၈ ရက် ညပိုင်း ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာများနှင့် Y-12 ထောက်လှမ်းရေး/သယ်ယူပို့ဆောင်ရေး/ဗုံးကြဲလေယာဉ်များ အသုံးပြုကာ ဗုံးအလုံးရေ ၃၆ လုံးထက်မနည်း ပြင်းထန်စွာ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ရေးအရ အရေးပါသည့် အဆိုပါဒေသတွင် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများပါ လှုပ်ရှားနေသဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းကြရန် လူထုသတိပေးချက်များ ထွက်ပေါ်နေသည်။ မေလ ၂၈ ရက် ည ၁၁ နာရီဝန်းကျင်အချိန်တွင် နေပြည်တော် အေလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးက ကျောက်ထုနယ်မြေအတွင်းသို့ ဗုံးနှစ်လုံး စတင်ကြဲချတိုက်ခိုက်ခဲ့သည်။ ထို့နောက် မန္တလေး တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာနှစ်စီးကလည်း တစ်စီးလျှင် ဗုံးနှစ်လုံးစီဖြင့် စုစုပေါင်း ဗုံးလေးလုံး ထပ်မံကြဲချခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် စစ်ကောင်စီ၏ Y-12 လေယာဉ်တစ်စီး ထပ်မံရောက်ရှိလာကာ တစ်ကြိမ်လျှင် ဗုံးသီး ၅ လုံးစီဖြင့် ၆ ကြိမ်တိုင်တိုင် စနစ်တကျ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် မေလ ၂၈ ရက် တစ်ညတာအတွင်း ကျောက်ထုနယ်မြေတစ်ခုတည်းကိုပင် စစ်ကောင်စီက ဗုံးအလုံးရေ စုစုပေါင်း ၃၆ လုံးအထိ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်ခဲ့သည့် လူနှင့်ပစ္စည်း ထိခိုက်ပျက်စီးမှု အသေးစိတ်အခြေအနေများကို ဒေသတွင်းသတင်းဌာနဖြစ်သည့် ယောအလင်းတန်း (Yaw Alinn Tan) အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ အခြားတစ်ဖက်တွင်လည်း မေလ ၂၈ ရက်နေ့က ကံကြီးကျေးရွာဘက်မှ စတင်စစ်ကြောင်းထိုး ထွက်ခွာလာသည့် စစ်ကောင်စီ၏ အင်အား ၃၀၀ ဝန်းကျင်ပါ မြေပြင်စစ်ကြောင်းသည် လက်ရှိတွင် ကံချောင်းကျေးရွာနှင့် ကျောက်စစ်ကျေးရွာအနီးသို့ ရောက်ရှိနေကြောင်း မြေပြင်သတင်းများအရ သိရသည်။ အဆိုပါ စစ်ကြောင်းသည် မည်သည့်ဦးတည်ချက်သို့ ဆက်လက်ရွေ့လျားမည်ကို ဒေသခံစစ်ရေးစောင့်ကြည့်သူများက မျက်ခြေမပြတ် စောင့်ကြည့်နေဆဲဖြစ်သည်။ ထို့အပြင် အဆိုပါစစ်ကြောင်းနှင့်အတူ ပါဝင်လာသည့် မော်တော်ယာဉ်တစ်စီးမှာ ကံချောင်းနှင့် ကျောက်စစ်ကျေးရွာကြားသို့ ရောက်ရှိလာခြင်း မရှိသေးဘဲ နောက်ချန်နေခဲ့သဖြင့် လယ်ကြီးအိုင်ကျေးရွာအနီးတွင် စစ်ကောင်စီ၏ နောက်ချန်အင်အားအချို့ ထပ်မံကျန်ရှိနေနိုင်ကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။ လက်ရှိတွင် ကျောက်ထုနယ်မြေအတွင်း မြေပြင်စစ်ကြောင်းလှုပ်ရှားမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် စစ်ရေးအခြေအနေများကို အနီးကပ်စောင့်ကြည့်ကာ စစ်ကြောင်းလှုပ်ရှားရာ လမ်းကြောင်းများနှင့် ထိတွေ့မှုမရှိစေရန် သတိပြုကြရန်၊ လေကြောင်းရန်အန္တရာယ်ရှိနိုင်သည့် နေရာများမှ ဘေးကင်းလုံခြုံရာသို့ အချိန်မီ ရွှေ့ပြောင်းနေထိုင်ကြရန်နှင့် စစ်ရေးသတိကို အမြဲမပြတ် ထားရှိကြရန် ဒေသခံသတင်းရင်းမြစ်များက နှိုးဆော်ထားသည်။ Aung Gyi ယောအလင်းတန်း
без подписи
ကံကြီးကျေးရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် ကျောက်ထုမြို့တွင်း လှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများ အထူးသတိပြုရန် ဆော-ကျောက်ထုလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ရောက်ရှိနေ၊ ဒေသခံများ သတိပြုရန် လိုအပ် မေ ၂၈၊ ၂၀၂၆ မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း ယနေ့နံနက်ပိုင်းက စတင်၍ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀၀ ဝန်းကျင်ပါဝင်သော စစ်ကြောင်းတစ်ခုသည် ကံကြီးကျေးရွာမှတစ်ဆင့် ဆောမြို့တည်ရှိရာ တောင်ဘက်အရပ်သို့ ဦးတည်ချီတက်လာကြောင်း သိရသည်။ မြေပြင်သတင်းပေးပို့ချက်များအရ အဆိုပါစစ်ကြောင်း၏ ရှေ့ပြေးကင်းပုန်း (ရှေ့ပွိုင့်) များသည် လက်ရှိအချိန်တွင် လယ်ကြီးအိုင်ကျေးရွာအလွန်ရှိ သံဘောင်တံတားအနီးသို့ ရောက်ရှိလှုပ်ရှားနေပြီဖြစ်သည်။ ကျောက်ထုမြို့တွင်း အခြေအနေနှင့် အရပ်ဝတ်ဖြင့် လှုပ်ရှားမှုများ အလားတူ ကျောက်ထုမြို့တွင်း၌လည်း စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်လဲလှယ်၍ သွားလာလှုပ်ရှားမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။ သို့ဖြစ်ပါ၍ ကျောက်ထုမြို့အနီးအနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် လက်ရှိအခြေအနေတွင် ကျောက်ထုမြို့ပေါ်သို့ လာရောက်ခြင်းကို တတ်နိုင်သမျှ အထူးသတိထား၍ ရှောင်ကြဉ်ကြရန် နှိုးဆော်ထားသည်။ ပြည်သူများသို့ အသိပေးပန်ကြားချက် လက်ရှိတွင် ဆော-ကျောက်ထုလမ်းပိုင်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူလူထုအနေဖြင့် လက်နက်ကြီး၊ လက်နက်ငယ်အန္တရာယ်များနှင့် စစ်ကောင်စီ (စကစ) ၏ စစ်ကြောင်းထိုးမှုအန္တရာယ်များကို အထူးဂရုပြုကာ စစ်ရေးသတိဖြင့် နေထိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ Aung Gyi ယောအလင်းတန်း
без подписи
ကံကြီးမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း ဆောမြို့ရှိရာ တောင်ဘက်အရပ်သို့ ဦးတည်နေ၊ ပြည်သူများ စစ်ရေးသတိဖြင့် ရှောင်တိမ်းကြရန် လိုအပ် မေ ၂၈၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်အတွင်းရှိ ကံကြီးကျေးရွာတွင် ရောက်ရှိနေသော စစ်ကောင်စီစစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် ကြန်တောကျေးရွာကို ကျော်လွန်ကာ ဆောမြို့ရှိရာ တောင်ဘက်အရပ်သို့ ဦးတည်ချီတက်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် အင်အား ၃၀၀ ဝန်းကျင်ခန့်ရှိပြီး စစ်ကြောင်းနှင့်အတူ ကား တစ်စီးလည်း ပါဝင်ကြောင်း သိရသည်။ စစ်ကြောင်း၏ လက်ရှိစစ်ရေးလှုပ်ရှားမှုနှင့် ပတ်သက်၍ မည်သည့်နေရာအထိ ဆက်လက်စစ်ကြောင်းထိုးမည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံများက ဆိုသည်။ စစ်ရေးအခြေအနေများ တင်းမာလာနိုင်သဖြင့် ဆောကျောက်ထု လမ်းပိုင်းအား အသုံးပြုသွားလာခြင်းများကို မပြုလုပ်ကြရန် လိုအပ်ပြီး လမ်းပိုင်းအနီးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့်လည်း လုံခြုံရေးအခြေအနေကို သေချာစောင့်ကြည့်ကာ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရန် ပြင်ဆင်ထားသင့်ကြောင်း သိရသည်။ ထို့အပြင် စစ်ကြောင်း၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သဖြင့် လမ်းပိုင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူများအနေဖြင့် စစ်ရေးသတိ အမြဲထားရှိပြီး မလိုအပ်ဘဲ ခရီးသွားလာခြင်းများကို ရှောင်ရှားသင့်ကြောင်း၊ ဒေသတွင်း လုံခြုံရေးအခြေအနေများကို ဆက်လက်စောင့်ကြည့်ပြီး အထူးသတိပြုရန်လိုအပ်နေကြောင်း သိရပါသည်။ Aung Gyi ယောအလင်းတန်း
20.04.2026 7:25 AM ကျောက်ထုတပ်ထဲမှ စခ အင်အား ၅၀ ဝန်းကျင်ခန့်ဟာ ပေါက်ခေါင်းကျေးရွာထဲမှာ ရောက်ရှိနေကြပြီလို့ သိရပါတယ်ခင်ဗျာ အနီးအနားကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာနိုင်သဖြင့် အန္တရာယ်ကင်းစေရန် ဂရုစိုက်၍ နေထိုင်ကြပါခင်ဗျာ မိဘပြည်သူများအားလုံး အန္တရာယ်ကင်းဘေးရှင်းကြပါစေခင်ဗျာ ------------------------------- Aung Gyi ------------------------------
The owner of this channel has been inactive for the last 18 months. If they remain inactive for the next 7 days, they may lose their account and admin rights in this channel. The contents of the channel will remain accessible for all users.
ယခင်ယောအလင်းတန်း Telegram Channel ကိုဖွင့်ထားတဲ့ Owner ဖြစ်တဲ့ဖုန်းတစ်လုံး စကစဖက်မှ သိမ်းဆီးသွားတဲ့အတွက် လုံခြုံရေးစိတ်မချရသဖြင့် ယခင်ယောအလင်းတန်း Telegram Channel ကိုဆက်လက်အသုံးပြုချင်းမပြုတော့ဘဲ ယခု Telegram Channel အသစ်ကိုသာအသုံးပြုသွားတော့မှာဖြစ်ပါတယ်။ ဒီအတွက် ယောအလင်းတန်း Telegram Channel အသစ်လေးကို Join ပေးထားကြပါအုံးဗျ။ ယောအလင်းတန်းအဖွဲ့ https://t.me/yawalinntan
Messages in this channel will no longer be automatically deleted
Messages in this channel will be automatically deleted after 1 day
ထီးလင်းစစ်ကြောင်း ရွှေအောင်ကင်းစခန်းသို့ ရောက်ပြီ 19.6.2024 ၊ထီးလင်း ယနေ့မနက် ၁ နာရီခွဲခန့်က ရွှေထီးခန်းမကနေထွက်လာတဲ့ အင်အား ၇၀ ခန့်ပါထီးလင်းစစ်ကြောင်းဟာ ယနေ့နေ့လည် ၁၁ နာရီမိနစ် ၃၀ ခန့်မှာ ရွှေအောင်သာရွာရှိကင်းစခန်းကိုရောက်ရှိသွားကြပြီဖြစ်ကြောင်းသိရပါတယ်။ စစ်ကြောင်းဟာ ရွှေအောင်သာကင်းစခန်းက ရိက္ခာနဲ့လ-က်-န-က်-ခဲ-ယ-မ်း-များ သယ်ဆောင်ပြီး ထီးလင်းမြို့ဖက်ကို ယနေ့ညနေပိုင်းမှာပြန်ဆုတ်နိုင်တယ်လို့လည်းသိရပါတယ်။ မိဘပြည်သူများနဲ့စစ်ကြောင်းလာနိုင်ရာလမ်းကပြည်သူများကြိုတင်သတိထားနေပေးကြပါ။ @မင်းဒဿ ယောအလင်းတန်း
နေပြည်တော်⚠️ နေပြည်တော်လေတပ် မှ ဂျက်ဖိုက်တာ တစ်စီး အနောက်ဘက် သို့ ပျံတက်။ #WaiHin Jun 19, 12:48 PM 📫သတင်းပို့ရန် @WaiHinScout_Bot
မကွေး⚠️ မကွေးလေတပ် မှ ဂျက်ဖိုက်တာ တစ်စီး အနောက်ဘက် သို့ ပျံတက်။ #WaiHin Jun 19, 12:29 PM 📫သတင်းပို့ရန် @WaiHinScout_Bot
#ဂန့်ဂေါသတင်း 19.6.2024 ဂန့်ဂေါမြို့အဝင်ဂိတ်တခုဖြစ်တဲ့ We Love Gangaw တံတားက စခဂိတ်မှာ မြို့ထဲအဝင်/အထွက် ပြည်သူတွေရဲ့ဖုန်းမှာ VPN ပါ/မပါ စစ်ဆေးနေကြောင်းသိရပါတယ်။ မိဘပြည်သူများနဲ့ရပ်နီး၊ရပ်ဝေးကခရီးသွားပြည်သူများ မိမိတို့ရဲ့ဖုန်းရဲ့လုံခြုံရေးကို ကြိုတင်သတိထားပြီးမှသွားလာကြပါ။ VPN ပါရင် ဒ-ဏ်-ကြေး-ပေးဆောင်ရနိုင်သလို ဖ-မ်း-ဆီး-ခြင်းတွေကိုပါခံရနိုင်ပါတယ်။ #နွေဦးရောင်နီ ယောအလင်းတန်း
ဝေဟင်သတိ ‼ မကွေး⚠️ မကွေးလေတပ် ကလခမှ F-7M Fighter Jet (1)စီး အနောက်မြောက်အရပ်သို့ ပျံတက်။ #NAS Jun 19, 10:01AM 📡သတင်းပို့ရန် @infonas
19.06.2024 08:05 am ကျောက်ထုသတင်း ကျောက်ထုတပ်ထဲမှစခ(အင်အားစိစစ်ဆဲ)တွေဟာ မြို့ပေါက်ကျေးရွာဖြတ်ကာ ချီချောင်းဘက်ဆင်းသွားတယ်လို့သိရပါတယ်ခင်ဗျာ။ ချောင်းကူး၊ ယောမြို့ ကျေးရွာဘက်မိဘပြည်သုများနှင့် အနီး အနား ကျေးရွာမိဘပြည်သူများအနေဖြင့် အစစ အရာရာအထူး ဂရုစိုက်ကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ စခတွေဟာ ချီချောင်းအတိုင်းဆန်တက်သွားတယ်လို့သိရှိရပြီး လက်ရှိမှာ ယောမြို့ကြိုးတံတားဘက်ရောက်ရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ ကျောက်ထုဘုန်းကြီးကျောင်းနားလဲ ဖောကားတစ်စီးဖြင့် စခတွေလာချသွားတယ်လို့သိရပါတယ်ခင်ဗျာ။ မင်းကြည့်ကျေးရွာဘက်မိဘပြည်သူများ အထူးဂရုစိုက်ကြပါခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။ -------------------------- Aung Gyi ------------------------- ယောအလင်းတန်း
ယောနယ်ရှိ စကစ တပ်စခန်းများကို ပျူများဖြင့်သာ အင်အားဖြည့်နေရ 19.6.2024 ၊ယော ယခုလ ဇွန်လ ၁၇ ရက်နေ့က Mi 17 စကစ ထောက်ပို့ရဟတ်ယာဥ်ဖြင့် ဂန့်ဂေါမြို့ခလရ ၅၀ တပ်တွင်းကို ဂန့်ဂေါနယ်မြောက်ပိုင်း ဟံသာဝတီရွာ၊မြောက်ခင်ရန်းရွာစတဲ့ပျူရွာများနဲ့အနီးဝန်းကျင်ကပျူရွာတွေက ပျူ ဦးရေ ၄၀ ချထားခဲ့ကြောင်းသိရပါတယ်။စကစ စခတပ်သား တစ်ဦးမှမပါဝင်ဘဲ ဒေသခံပျူများသာဖြစ်ကြောင်းကို စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အတည်ပြုသတင်းပေးပို့လာပါတယ်။ အဆိုပါ ဂန့်ဂေါခလရ ၅၀ ကိုရောက်နေတဲ့ ပျူတပ်သား ၄၀ အနက်မှ ပျူ တပ်သား ၂၀ ဦးကိုခွဲကာ မကွေးတိုင်း၊ဆောမြို့နယ်၊ကျောက်ထုမြို့ကအမြောက်တပ်ထဲကို ယမန်နေ့ ဇွန်လ ၁၈ ရက်နေ့က စကစ ထောက်ပို့ရဟတ်ယာဥ် Mi 17 နဲ့ပြန်လည်အင်အားဖြည့်ချထားခဲ့ကြောင်းကိုလည်း စစ်သတင်းရင်းမြစ်ထံကသိရပါတယ်။ နောက်ဆက်တွဲသတင်းများကိုဆက်လက်အတည်ပြုစုံစမ်းဆဲပါ။ @မင်းဒဿ ယောအလင်းတန်း