tgindex
ယောအလင်းတန်း

ယောအလင်းတန်း

Статистика

ယော‌နယ်အတွက် ယောအလင်းတန်းရှိတယ်

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
17
Всего постов
20
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
11 044
мало замеров
Замеров пока мало
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
3 623
20 постов
Вовлечённость
32,8%
к подписчикам
Постов в день
2,4
всего 20
Упоминаний
1
каналов
Охват размещения
оценка
1/24сутки в ленте
3 033
1/48двое суток
3 475
1/72трое суток
3 748

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 14 авг.1 68532

    без подписи

  • 14 авг.1 685101

    စစ်အုပ်စုက ကြီးရွာရှိစစ်အုပ်စုစစ်ကြောင်းအတွက် ထောက်ပို့လေယာဥ်များဖြင့် လက်နက်ခဲယမ်းများနှင့် ရိက္ခာထုပ်များချပေး သြဂုတ် ၁၄၊၂၀၂၆၊ ကျောက်ထု ယောဒေသဆောမြို့နယ်၊ ကျောက်ထုမြို့တိုက်နယ် ကြီးရွာမှ စစ်အုပ်စုစစ်ကြောင်းအတွက် ထောက်ပို့လေယာဥ်များဖြင့် လက်နက်ခဲယမ်းများနှင့် ရိက္ခာထုပ်များကို လေထီးများဖြင့်ချပေးခဲ့ကြောင်းသိရသည်။ ယနေ့နံနက် ၉ နာရီ ၄၀ မိနစ်နစ်ခန့်ကနေ ၁၀ နာရီ ၅ မိနစ်ခန့်အထိ ပတ်ပျံဝဲကာ မိတ္ထီလာလာရှမ်းတဲလေးလေတပ်မှ ပျံသန်းလာခဲ့သည့် Y 8 စစ်ထောက်ပို့လေယာဥ်တစ်စီးဖြင့် လက်နက်ခဲယမ်းနှင့်ရိက္ခာများပါဝင်သည့် အထုပ် ၅ ထုပ်ချပေးခဲ့ကြောင်း ၊ ထိုမှတဆင့် ဆောမြို့နယ်ဖက်ကို ပျံသန်းသွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။ အလားတူ ကျောက်ထုတိုက်နယ်ကြီးရွာကိုပင် ယနေ့နေ့လည် ၁၂ နာရီခန့်ကနေ ၁ နာရီခန့်အထိ တစ်နာရီခန့်ပတ်ပျံဝဲကာ မိတ္ထီလာရှမ်းတဲလေးလေတပ်မှပျံသန်းလာခဲ့သည့် Y 12 ဘက်စုံသုံးထောက်ပို့လေယာဥ်တစ်စီးဖြင့် အထုပ် တစ်ထုပ်လျှင် လေထီး ၃ ခုချိတ်ဆွဲရသည့် လက်နက်ခဲယမ်းနှင့်ရိက္ခာများပါဝင်သည့်အထုပ် ၁၅ ထုပ်ခန့်ကိုချပေးခဲ့ကြောင်းသိရပါသည်။ ယခင်ဇူလိုင်လ ၁၈ ရက်နေ့ညနေကနေ ကြီးရွာကိုရောက်ရှိနေသည့် စစ်အုပ်စုစစ်ကြောင်းသည် ယနေ့သြဂုတ်လ ၁၄ ရက်နေ့အထိ ရက်သတ္တ ၃ ပတ်ကျော်ဆက်လက်ရှိနေတာဖြစ်ပြီး မြောက်ဖက် ရွှေအောင်သာရွာတွင် မဖြစ်မနေ တပ်စခန်းပြန်လည်အထိုင်ချနိုင်ရေးအတွက် ကြိုစားစစ်ကြောင်းထိုးနေတာလည်းဖြစ်သည်။ ယခုကဲသို့ရွှေအောင်သာဖက်သို့ စစ်ကြောင်းထိုးနေစဥ်အတွင်း ဝေဟင်မှ ဂျက်ဖိုက်တာများ၊ Y 12 ဘက်စုံသုံးဗုံးကြဲ လေယာဥ်များ၏ လေကြောင်းပစ်ကူများကိုပါ နေ့စဥ်ရက်ဆက်ရယူ စစ်ရေးလှုပ်ရှားနေမှုကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရြဆဲဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ @မင်းဒဿ ယောအလင်းတန်း

  • 14 авг.2 26811

    без подписи

  • 14 авг.2 32725

    ယောနဲ့ ချင်းပြည်နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ၏ဘဝ သြဂုတ် ၁၄၊ ၂၀၂၆၊ ယောအလင်းတန်း ယခုနှစ်မေလလယ်မှစတင်၍ ယောနယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းကို စစ်အုပ်စုဖက်မှ အင်အား ၃၀၀၀ ကျော်ဖြင့် ယနေ့အချိန်ထိ စစ်ကြောင်းထိုးလှုပ်ရှားနေလျက်ရှိနေပါသည်။ ထိုစစ်ရေးလှုပ်ရှားမှုများကြောင့် ယောဒေသ ဆောမြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ်၊ကန်ပက်လက်မြို့နယ်များရှိ ဒေသခံပြည်သူ ၂၀၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပါသည်။ စစ်ရှောင်ကာလ ကြာလာသည်နှင့်အမျှ လူနေမှု၊ကျန်းမာရေးကအစ စားနပ်ရိက္ခာများအတွက်ပါ လုံးပါး ပါး ချို့ငဲ့နေကြရသည့်အခြေအနေများဖြင့် တစထက်တစ အခက်အခဲတွေဖြင့် ဆိုးဝါးစွာရင်ဆိုင်နေကြရတာလည်းဖြစ်ပါသည်။ ယောနယ်အားလုံးအပါဝင် ချင်းပြည်နယ်များကို NGO ကဲ့သို့သော အဖွဲ့အစည်းများအပါဝင် မည်သည့်ကူညီကယ်ဆယ်ရေးအဖွဲ့များ အရောက်အပေါက်နည်းကာ ကူညီထောက်ပံသည့်အဖွဲ့များ မရှိသလောက် နည်းပါးသည်ဟုလည်း ဒေသခံများထံမှ သိရသည်။ ဒေသခံအချင်းချင်း၊ တော်လှန်ပြည်သူအချင်းချင်းနှင့် ရပ်နီးရပ်ဝေး (ပြည်ပ)ရောက် ညီအကိုသားချင်းမောင်နှမ များ၏ အကူအညီများဖြင့်သာ စစ်ရှောင်များ၏ လူနေမှု့ဘဝများကို ကြိုးစားဖြတ်သန်းနေကြရကြောင်း ဒေသတွင်းစစ်ရှောင်ပြည်သူများက ​ပြောဆိုပါသည်။ စိတ်မကောင်းစရာတစ်ခုမှာ ယခုလို မိုးစပါးစိုက်ပျိုးရာသီ၌ စစ်အုပ်စု၏ရွာစဥ်ပတ် နယ်လှည့်စစ်ရေးလှုပ်ရှားနေမှုများကြောင့် ဒေသခံနှင့် နယ်ခြင်းထိစပ် တိုင်းရင်းညီအကိုနယ်များ၏အားထားရာ စပါးစိုက်ပျိုးနိုင်မှုသည် ယခင့် ယခင်နီစ်တွေကထက် စိုးပျိုးမှုဧက ၅၀% (ထက်ဝက်)ကျော်မှာ စိုက်ပျိုးနိုင်ခြင်းမရှိကြောင်း ဒေသခံများက ပြောပါသည်။ မိုးရာသီ သီးနှံများကိုသာ မစိုက်ပျိုးနိုင်တော့ခြင်းမဝုတ် လာမည့် ဆောင်းသီးနှံများအတွက်ပါ လုံးဝမသေချာမရေရာတော့သည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် စိတ်မကောင်းငြိုးငယ်စွာ၊ ဘဝအသက်ရှင်နေထိုင်နိုင်ရေး ရိက္ခာ သည် မည်သို့မည်ပုံ ရှာဖွေရဦးမည်ဆိုသည်ကို အဖြေရှာမရ ဖြစ်နေကြောင်း ရင့်နင့်ဖွယ်ရာ သိရပါသည်။ကျန်းမာရေးနှင့် မိမိရင်သွေးကလေးငယ်များ၏ ပညာရေးသည် ကံ အတိုင်းသာ ရှိစေတော့ဟု အဆိုပါစစ်ရှောင်တစ်ဦးက ပြောပါသေးသည်။ ဤကား ယောနှင့် ချင်း တိုင်းရင်းသားညီအစ်ကို ပြည်သူ့စစ်ဘေးရှောင်များ၏ လက်ရှိအနေအထား၊ရင်ဆိုင်ကျော်လွှားနေကြရည့် အခက်အခဲများစွာထဲမှ အကြောင်းအရာ တစ်ခုကိုသာ အသိပေးဖော်ပြရေးသားအပ်ပါသည်။ ပုံ- စားဝတ်နေရေး၊ ဆက်သွယ်ရေးအတွက် တောတောင်များကို ဖြတ်သန်းသွားလာနေရသည့် စစ်ရှောင်မိခင်နှင့် ကလေးငယ် #စစ်ဘေးရှောင် #စစ်အုပ်စု #စ်စ်ရေးလှုပ်ရှားမှု @မင်းဒဿ

  • 12 авг.3 520124

    без подписи

  • 12 авг.3 505192

    ကျောက်ထုမြို့သို့ဆက်သွယ်ထားသည့် ပန်းဆန်-ဂုံဘိုတံတား ရေကြီးရေလျှံမှုကြောင့် ရေစီးဖြင့်မျောပါသွား သြဂုတ် ၁၂၊၂၀၂၆၊ ကျောက်ထု ကျောက်ထုမြို့ကို အဓိဆက်သွယ်ထားသည့် ဒေသအခေါ် ပန်းဆန်-ဂုံဘိုတံတားသည် ယခုသြဂုတ်လ ၈ ရင်နေ့က ယောချောင်းရေများမြင့်တက်လာပြီး ရေတိုက်သားမှုကြောင့် ရေစီးနှင့်အတူမျောပါသွားခဲ့ကြောင်း သိရသည်။ မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် မကွေးတိုင်းယောဒေသ ဆောမြို့နယ် ကျောက်ထုမြို့နှင့် ပန်းဆန်ကျေးရွာကြား ယောချောင်းကို ဖြတ်သန်းဆောက်လုပ်ထားသည့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး၏အဓိကအရေးပါသော ပန်းဆံ-ဂုံဘို တံတားသည် ယခုသြဂုတ်လ ၈ ရက်နေ့မှာ ရေကြီးရေလျှံရေတိုက်စားမှုကြောင့် ရေစီးနဲ့အတူမျောပါသွားခဲ့ကြောင်းသိရသည်။ အဆိုပါတံတားရေစီးဖြင့်မျောပါသွားတာကြောင့် ကျောက်ထုနယ်အပါဝင် အခြားဒေသများအတွက်ပါ ကုန်စည်နှင့် ခရီးသွားလာရေးများ ခက်ခဲနေကြောင်းသိရသည်။ ယောအလင်းတန်း

  • 12 авг.3 561101

    без подписи

  • 12 авг.3 565192

    ကြီး စစ်ကြောင်းမှ ဒဏ်ရာရ စစ်အုပ်စုတပ်သားများကို ကျောက်ထုသို့ ပို့ဆောင်ပြီး တပြင်းစစ်ကြောင်းတပ်သားများဖြင့် ထပ်မံအင်အားဖြည့် သြဂုတ် ၁၂၊၂၀၂၆၊ ကျောက်ထု ယောဒေသ ဆောမြို့နယ်၊ကျောက်ထုမြို့နယ် ကြီးရွာတွင် ရောက်ရှိနေသည့် ဗိုလ်ကြီးဇော်သူရ စစ်ကြောင်းမှ ဒဏ်ရာရတပ်သားများကို ယနေ့ နေ့လည်ပိုင်းမှာ ကျောက်ထုမြို့ဖက်သို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။ထို့အစားနှင့် ပြုန်းတီးအင်အားများအတွက် ယမန်နေ့ညက မိအယ်ရွာတွင်ညအိပ်ခဲ့သည့် တပြင်းစစ်ကြောင်းမှ တပ်သားများဖြင့် ထပ်မံအစားထိုးဖြည့်တင်းပေးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ " မိအယ်မြောက်ဖက်က နှော်ချောင်းတံတားမှာ အချိန်းပြောင်း လုပ်ကြတာပါ၊ ကြီးဖက်က အထမ်း ၉ ထမ်းနဲ့ တပ်သား ၅ ဦးရောက်လာပြီး မိအယ် (ပန်းဆန်-ကျောက်ထု)ဖက်ကလာတာက စစ်သား ၆၅ ဦးပါတယ်၊နောက်ပြီး ၃ ဘီးဆိုင်ကယ်တစီး၊နွားလှည်းတစီး၊ဆိုင်ကယ်တစီးနဲ့ လာကြိုတာပါ" ဟု အနီးကပ်သောင့်ကြည့်နေသည့် ဒေသတွင်းစစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။ ကြီးစစ်ကြောင်းမှ ဒဏ်ရာရစစ်သည်များကို ယနေ့နေ့လည်ပိုင်းမီာ မိအယ်ရွာမြောက်ဖက် ဒေသအခေါ် နှော်ချောင်းတံတားမှာ ယမန်နေ့ညက မိအယ်ရွာတွင် ညအိပ်ခဲ့သည့် တပြင်းစစ်ကြောင်းမှ စစ်သည် ၆၅ ဦးဖြင့် ထပ်မံအစားထိုးအင်အားဖြည့်တင်းပေးခဲ့တာဖြစ်ကြောင်းသိရသည်။ ဒဏ်ရာရစစ်သည်များကို အထမ်း ၉ ထမ်းဖြင့် နှော်တံတားအထိ ပို့ဆောင်ပေးတာဖြစ်ပြီး ပန်းဆန်ရွာဖက်မှချောဆွဲခေါ်ယူလာသည့် ၃ ဘီးဆိုင်ကယ်တစ်စီး၊နွားလှည်းတစ်စီးတို့ဖြင့် ပြန်လည်တင်ဆောင်မောင်းနှင်သွားခဲ့ကြရာ ယခုအခါ ပန်းဆန်ရွာသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ယနေ့နံနက်ပိုင်းက ငလွန်းရွာမှတဆင့် နသိုးရွာဖက်ကိုထွက်လာကြိုသည့် အင်အား ၆၀ ပါစစ်ကြောင်းသည်လည်း ပန်းဆန်ရွာတွင်ရောက်ရှိနေကြပြီး ဖြစ်ကြောင်းနှင့် ကျောက်ထုမြို့ဖက်သို့ မည်သည့်လမ်းမှ ပြန်လည်ဝင်ရောက်မည်ကို မသိရသေးကြောင်း သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့်ရက်အနည်းငယ်က ယောချောင်းရေမြင့်တက်တိုက်စားမှုကြောင့် ပန်းဆန်-ဂုံဖိုကြားရှိ ပန်းဆန်တံတားသည် ရေစီးဖြင့်မျောပါထားခဲ့သည်ကြောင့် ကျောက်ထုမြို့ကို ယခုလာကြိုရာလမ်း နသိုး၊ငလွန်းဖက်အတိုင်း ပြန်ဝင်ရမည်ဖြစ်သကဲ့သို့ ယောချောင်းကို လက်ပသ်ကူးကာ ဂုံဖိုရွာဖက်မှလည်း ပြန်လည်ဝင်ရောက်နိုင်ကြောင်း သိရသည်။ တပြင်းရွာမှ ယမန်နေ့ကထွက်ခွာလာသည့် ဗိုလ်ကြီးသီဟအောင်၏အင်အား ၁၃၀ ကျော်ပါစစ်ကြောင်းသည် အထက်ဖော်ပြပါ အခြေအနေများအရ ကြီးရွာသို့ ၆၅ ဦးစေလွတ်အင်အားဖြည့်ပေးခဲ့ပြီးဖြစ်ကာ ကျန်အင်အားကို ကျောက်ထုမြို့ ၃၆၈ တပ်သို့သွားရောက်ပူးပေါင်းရမည်ဖြစ်ကြောင်း သိရသည်။ မေလ ၁၅ ရက်ကတည်းက အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေခဲ့ကြရသည့် တပြင်းရွာပြည်သူများအနေဖြင့်လည်း မိမိတို့ရွာအတွင်းသို့ အစောတလျင်ဝင်ရောက်ခြင်းမပြုလုပ်ကြရန်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ခွင့်ပြုချက်ရရှိမှာသာ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်ကြပါရန် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက မေတ္တာရပ်ခံသတိပေးထားကြောင်း သိရသည်။ #ဒဏ်ရာ #စွန့်ခွာထွက်ပြေး #ခွင့်ပြုချက် #တော်လှန်ရေးတပ်ဖွံ ပုံ-ယခုနှစ် ရေစီးဖြင့်မျောပါသွားသည့်ပန်းဆန်တံတား @မင်းဒဿ ယောအလင်းတန်း

  • 12 авг.3 4008

    без подписи

  • 12 авг.3 43026

    ကျောက်ထုအမြောက်တပ်စစ်ကြောင်း ငလွန်းမှတဆင့် နသိုးရွာဖက်သို့ထွက်ခွာလာနေပြီး ပန်းဆန်ရွာကို ဦးတည် သြဂုတ် ၁၂၊၂၀၂၆၊ ကျောက်ထု ယောဒေသ ဆောမြို့နယ်၊ ကျောက်ထုမြို့ ၃၆၈ အမြောက်တပ်မှ ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က ထွက်လာသည့် အင်အား ၆၀ ပါစစ်ကြောင်းသည် ယခု ၁၀ နာရီခန့်က ငလွန်းရွာကိုဖြတ်ကာ မြောက်ဖက် နသိုးရွာဖက်သို့ ထွက်ခွာသွားနေကြပြီး ထိုမှတဆင့် ပန်းဆန်ရွာကို သွားရောက်နိုင်ကြောင်းသိရသည်။ တပြင်းရွာမှ ထွက်လာသည့် အင်အား ၁၅၀ ခန့်ပါစစ်ကြောင်းသည် ယမန့်နေ့ညနေပိုင်းမှာ ပန်းဆန်-ကြီး-ရွှေအောင်သာ ကားလမ်းမကြီးအတိုင်း မြောက်ဖက်အရပ်သို့ အင်အား ၈၀ ခန့်သွားရောက်ခဲ့ပြီး ပန်းဆန်ရွာတွင် ကျန်အင်အား ၇၀ ခန့် ညအိပ်ရပ်နားခဲ့ကြောင်းသိရသည်။ ယခု ပန်းဆန်ရွာကိုဦးတည်ထွက်လာနေသည့် အင်အား ၆၀ ပါကျောက်ထုစစ်ကြောင်းသည် ပန်းဆန်တွင်ရောက်ရှိနေသည့် တပြင်းစစ်ကြောင်းကို ကြိုဆိုရန်လာရောက်သည်ဖြစ်နေသကဲ့သို့ ပူးပေါင်းကာ မြောက်ဖက် ကြီးရွာဖက်သို့ ဆက်လက်စစ်ကြောင်းထိုးနိုင်သည်ကို စောင့်ကြည့်နေဆဲ ဖြစ်ကြောင့် ဒေသတွင်း စစ်သတင်းရင်းမြစ်က ပြောသည်။ ကြီးရွာသို့ ယခင်ဇူလိုင်လ ၁၈ ရက်နေ့မှစ၍ အင်အား ၂၀၀ ကျော်ဖြင့်ရောက်ရှိနေသည့် ကျောက်ထုစစ်ကြောင်းသည် လက်ရှိအနေအထားတွင် အရာရှိ ၄ ဦးအပါ စစ်အုပ်စုတပ်သားအများအပြား အင်အားပြုန်းတီးမှုများဖြစ်ပေါ်နေခြင်းကြောင့် ယခုတပြင်းစစ်ကြောင်းကို ကြီးရွာတွင်ရောက်ရှိနေသည့် စစ်ကြောင်းအတွက် သွားရောက်အင်အားဖြည့်တင်းနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ Vd- ပန်းဆန်ကိုသွားနေသည့် ကျောက်ထုစစ်ကြောင်း #ပြုန်းတီး #စစ်အုပ်စု @မင်းဒဿ ယောအလင်းတန်း

  • 12 авг.3 34431

    без подписи

  • 12 авг.3 430202

    ကလေး၊ချင်းပြည်နယ် မြောက်ပိုင်းမှ စစ်အုပ်စုတပ်သားများကို အထူးရဲကွန်မန်ဒီုများဖြင့်ပြန်လည်အစားထိုးနေ ကလေး-တမူး အာရှလမ်းမကြီးကို စစ်အုပ်စုက ပြန်လည်စိုးမိုးနိုင်ရန်ပြင်ဆင် သြဂုတ် ၁၂၊ ၂၀၂၆၊ ယောအလင်းတန်း စစ်ကိုင်းတိုင်း ကလေးမြို့နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့က စစ်အုပ်စုတပ်သား (စစ်သား)များကို အထူးရဲကွန်မန်ဒို ရဲတပ်သားများဖြင့် ပြန်လည်အစားထိုးလဲလှယ်နေကြောင်းသိရသည်။ ယခုသြဂုတ်လ ၁၀ ရက်နေ့က မိတ္ထီလာရှမ်းတဲလေး လေတပ်မှပျံသန်းလာသည့် Y 8 စစ်ထောက်ပို့လေယာဥ် ၆ စီး၊ ယမန်နေ့ ၁၁ ရက်နေ့မှာ ATR-72 စစ်ထောက်ပို့လေယာဥ် ၃ စီး စုစုပေါင်း ၉ ကြိမ်ထက်မနည်း ကလေးမြို့မှာ ဆင်းသက်ခဲ့ပြီး ရဲတပ်သားအင်အား ၁၀၀၀ ကျော်ကို ချပေးခဲ့ကြောင်း၊ ​အပြန်တွင် ကလေးမြို့မှ မိတ္ထီလာသို့ စစ်အုပ်စုတပ်သားများကို ပြန်လည်တင်ဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။ "တမူးလမ်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းက တပ်သားတွေကို ရဲတပ်သားတွေနဲ့ ပြန်ချိန်းနေတာပါ၊ ကလေး-တမူး အာရှလမ်းမကြီးကို ရဲတွေကိုအစားထိုးပြီး နယ်မြေစိုးမိုးရေးလုပ်မယ်၊နောက်နေ့တွေမှာလဲ ကျန်ရှိနေတဲ့ စစ်သားတွေကိုပြန်ခေါ်ဖို့ လေယာဥ်တွေထပ်လာနိုင်ပါသေးတယ်" ဟု အမည်မဖော်လိုသည့် စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။ စစ်အုပ်စုက ကလေး-တမူး အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်လည်ပတ်နိုင်ရေးအတွက် စစ်ကြောင်းအလုံးအရင်းဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့တာလည်းဖြစ်သည်။ယခုအခါ ထိုစစ်ကြောင်းများကို ပြန်လည်ရုတ်သိမ်းပြီး အခြားအရေးကြီးစစ်ဒေသနယ်များသို့ ပို့ဆောင်နိုင်ရန် ယခုလို အထူးရဲကွန်မန်ဒိုများဖြင့် အစားထိုး လဲလှယ်တာဖြစ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ အလားတူ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့မှာရောက်ရှိနေကြသည့် စစ်အုပ်သုတပ်သားများကိုလည်း ကလေးမြို့သို့ကားများဖြင့်ပြန်လည်ခေါ်ယူပြီး ရဲတပ်သားများဖြင့် တပ်ရင်း ၁ ရင်းစာခန့် အစားထိုးလဲလှယ်တာတွေပြုလုပ်နေကြောင်း သိရသည်။ "တမူးလမ်းက ထင်းစင်၊ဘုတ်ကန်၊ရာဇဂြိုလ်စတဲ့ ရဲကင်းစခန်းတွေနဲ့ တမူးမြို့နားက ပန်းသာ၊မင်းသာ စတဲ့ လမ်းမကြီးတောက်လျှောက် ရဲကင်းစခန်းတွေမှာ အင်အားထပ်ဖြည့်ပြီး နယ်မြေရှင်းလင်းရေးလုပ် လည်ပတ်မယ့်သဘောပါ၊နောက်ပြီး တမူးနဲ့ အိန္ဒိယ နယ်စပ်တွေမှာပါ နယ်ခြားစောင့်တပ် BGF သဘောမျိုးတွေပါ ထားလာမယ့်သဘောဖြစ်တယ်" ဟု စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။ လက်ရှိတွင် စစ်ထောက်ပို့လေယာဥ်များဖြင့် ကလေးမြို့ကို ရဲတပ်သား ၁၀၀၀ ကျော်ကို ပို့ဆောင်ထားပြီးဖြစ်ကြောင်းသိရသည်။အဆိုပါ ကလေး-တမူး အာရှလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ပြီး တည်ငြိမ်နိုင်သည့် အနေအထားရရှိလာပါက ကလေးမြို့နယ်တောင်ပိုင်း ကလေး-ဂန့်ဂေါ လမ်းပိုင်းကိုပါ ယခုကဲ့သို့ ပြန်လည်ထိန်းချုပ်နိုင်ရေးကို စစ်အုပ်စုက ဒုတိယမြောက်အစီအစဥ် (ပလန်) ဖြစ်လာနိုင်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ "နတ်ချောင်း၊နတ်မြောင်းတွေမှာလဲ စစ်အုပ်စုတွေရှိနေကြသေးတယ်၊ ဒေသခံတော်လှန်ရေးအဖွဲ့တွေနဲ့ နယ်မြေပိုင်ဆိုင်မှုက သူ့တဝက် ကိုယ်တဝက်အနေအထားရှိနေပြီး စစ်အုပ်စုတပ်တွေကတော့ ယခုချိန်မှာ စစ်ရေးလှုပ်ရှားတာသိပ်မရှိဘူး အထက်အမိန့်တခုခုကို စောင့်ဆိုင်းနေတဲ့သဘောရှိတယ်" ဟု အဆိုပါ အမည်မဖော်လိုသည့် စစ်သတင်းရင်းမြစ်က ပြောသည်။ အစားထိုးရန်ပို့ဆောင်ပေးသည့် ရဲတပ်သား ၁၀၀၀ ကျော်အနက် တမူးလမ်းဖက်သို့ ၉၀၀ ခန့်ပို့ဆောင်မှာဖြစ်ပြီး ချင်းပြည်နယ်သို့ တပ်ရင်း တစ်ရင်းစာ ပို့ဆောင်မှာဖြစ်ကြောင်းသိရသည်။ထိုနေရာများမှ ပြန်ရုတ်သိမ်းခဲ့သည့် စစ်အုပ်စုတပ်သားအများစုကို မြန်မာတစ်နိုင်ငံလုံး၏ စစ်အုပ်စုတပ်သားများစုရပ်၊ ခွဲဝေရာ မိတ္ထီလာမြို့ တပ်မ ၉၉ သို့ပြန်လည်ခေါ်ယူထားကြောင်း၊ တပ်မ ၉၉၊ တပ်မ ၇၇ လက်အောက်ခံတပ်သားများနှင့် ပြည်သူ့စစ်မှုထမ်း (ပစ)အများစုပါဝင်ကြောင်း သိရပါသည်။ @မင်းဒဿ

  • 11 авг.3 22071

    без подписи

  • 11 авг.3 305172

    တပြင်းကျေးရွာမှာ ထွက်လာတဲ့ တပ်မ ၉၉ လက်အောက်ခံ စစ်ကြောင်း ပန်းဆန်ကျေးရွာနှင့် မိအယ်ကျေးရွာဘက်ရောက်ရှိနေ။ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၁ ရက် 09:35 pm ယနေ့ နံနက်ပိုင်းမှာ တပြင်းကျေးရွာကနေ ထွက်လာတဲ့ စကစစစ်ကြောင်း စခအင်အား (၁၅၀)ခန့်ဟာ ပန်းဆန်ကျေးရွာသို့ဂောက်ရှိလာတယ်လို့သိရပီး စခအင်အား (၈၀)ခန့်ဟာ ပန်းဆန်ရွာမှမြောက်သို့ ဆက်လက်ထွက်ခွာလာခဲ့ကာ လက်ရှိမှာ မိအယ်ကျေးရွာမှာ ညအိပ်စခန်းချနေတယ်လို့သိရပါတယ်။ ကျန်ရှိ စခအင်အား (၇၀)ခန့်ဟာ ပန်းဆန်ကျေးရွာမှတစ်ဆင့် အမတ ၃၆၈ ကိုဦးတည်ကာ ယောချောင်းဖြတ်ကူးကာ သွားရောက်ရန်ကြိုးစားခဲ့ပေမယ့် ယောချောင်းရေကို မဖြတ်ကူးနိုင်တာကြောင့် လက်ရှိမှာ ပန်းဆန်ကျေးရွာမှာပဲ ညအိပ်တပ်စွဲနေကြတယ်လို့သိရပါတယ်။ လက်ရှိစစ်ရေးသတင်းရင်းမြစ်အရ တပြင်းကျေးရွာမှာ စခတွေမကျန်ရှိတော့ဘူးလို့သိရပီး တပ်မ ၉၉ လက်အောက်ခံ စခတွေအားလုံး ပန်းဆန်ကျေးရွာနှင့် မိအယ်ကျေးရွာနားတစ်ဝိုက်မှာရောက်ရှိနေကြတယ်လို့သိရပါတယ်။ ပန်းဆန်ကျေးရွာအပါအ၀င် သရက်ချဉ်၊နသိုး၊လယ်ဆော၊နှော်၊အကြည်ပန်းပလွန်၊အညာပန်းပလွန်း၊ဘက်မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြပါရန် အသိပေးအပ်ပါတယ်။ Aung Gyi ယောအလင်းတန်း

  • 11 авг.3 420271

    တပြင်းစစ်ကြောင်း ပန်းဆန်လမ်းဆုံမှတဆင့် ကြီးရွာဖက်သို့ဦးတည်လာနေ သြဂုတ် ၁၁၊၂၀၂၆၊ ကျောက်ထု ဆောမြို့နယ်၊ တပြင်းရွာကနေ ယနေ့နံနက်ပိုင်းကထွက်လာသည့် တပ်မ ၉၉ လက်အောက်ခံ စစ်အုပ်စုစစ်ကြောင်းသည် ကျောက်ထုမြို့နယ် ပန်းဆန်လမ်းဆုံမှတဆင့် မြောက်ဖက်အရပ်ရှိ ကြီးရွာဖက်သို့ ဦးတည်လာနေကြောင်း သိရသည်။ "လောလောဆယ် ပန်းဆန်လမ်းဆုံကနေ ကားလမ်းမကြီးအတိုင်းမြောက်ဖက်ကိုသွားနေကြတယ်၊ မိအယ်ရွာမှာညအိပ်မလားမသိရသေးဘူး၊ အင်အား ၈၀. လောက်ပဲသွားသေးတာပါ၊နောက်မှာ ၁၀၀ လောက်ကျန်နေသေးတယ်လို့သိရတယ်" ဟု စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကို ပြောသည်။ ပန်းဆန်လမ်းဆုံမှနေ၍ ကားလမ်းမကြီးအတိုင်း မြောက်ဖက်ကို စစ်အုပ်စု အင်အား ၈၀ ခန့်ဖြတ်သွားပြီးဖြစ်ကြောင်းနှင့် နောက်မှာ အင်အား ၁၀၀ ခန့်ကျန်ရှိနေသေးကြောင်းသိရသည်။စစ်ကြောင်းတွင် ကားများမောင်းနှင်လာခြင်းမရှိဘဲ ဆိုင်ကယ် ၄ စီးသာမောင်းနှင်လာကြောင်း သိရပါသည်။ အဆိုပါစစ်အုပ်စုစစ်ကြောင်းသည် အင်အား ၁၈၀ ခန့်ပါဝင်လာတာဖြစ်ပြီး တပြင်းရွာကို ယခင်မေလ ၁၅ ရက်နေ့မှစတင်ဝင်ရောက်တပ်စွဲ နေထိုင်ခဲ့တာဖြစ်ကြောင်းသိရသည်။ ကြီးရွာမှာရောက်ရှိနေသည့် စစ်ကြောင်းအထိနာနေတာကြောင့် ယခုကဲ့သို့ လာရောက်အင်အားဖြည့်တင်းရတာဖြစ်ပြီး တပြင်းရွာတွင် စစ်အုပ်စုတပ်သားများ ကျန်/ မကျန်နှင့် အားလုံးထွက်ခွာလာခြင်းရှိ၊မရှိ ကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ပါသည်။ စစ်ကြောင်းသည် ကြီးရွာသို့ယနေ့အရောက်သွားနိုင်သကဲ့သို့ ကြားတနေရာတွင်လည်း ညအိပ်ရပ်နားနိုင်ကြောင်း သိရပါသည်။ #စစ်အုပ်စု #တပ်စွဲ @မင်းဒဿ ယောအလင်းတန်း

  • 11 авг.3 543111

    без подписи

  • 11 авг.3 823262

    တပြင်းကထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်အုပ်စုစစ်ကြောင်း အကြည်ပန်းပလွန်းနှင့် အညာပန်းပလွန်းရွာမှာရောက်နေ သြဂုတ် ၁၁၊၂၀၂၆၊ ကျောက်ထု ယောဒေသ ဆောမြို့နယ် တပြင်းကျေးရွာကနေ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ထွက်လာတဲ့ အင်အား ၁၀၀ ခန့်နှင့် ကား ၅ စီးပါ တပ်မ ၉၉ လက်အောက်ခံ ဗိုလ်ကြီးသီဟအောင်၏ စစ်အုပ်စုစစ်ကြောင်းသည် ယခုအခါ အညာပန်းပလွန်းရွာကိုရောက်ရှိနေကြကြောင်းသိရပြီး ရှေ့ပြေးအချို့ကတော့ အကြည်ပန်းပလွန်းရွာအထိ ရောက်ရှိနေကြောင်း သိရသည်။ စစ်ကြောင်းသည် ကျောပိုးအိတ်၊ခြင်းကျားများကိုယ်စီ လွယ်ထားကြပြီး အခြားတနေရာသို့ သွားရောက်ရန်ဖြစ်ပြီး လတ်တလော စစ်ရေးအခြေအနေအရ ကျောက်ထုမြို့နယ် ကြီးကျေးရွာဖက်ကို သွားနိုင်ကြောင်း ဒေသတွင်း စစ်သတင်းရင်းမြစ်က ပြောသည်။ "ကြီးဖက်မှာက နေ့တိုင်းလိုလို တိုက်ပွဲရှိတယ်၊ စခတွေ အထိနာနေသလို လေယာဥ်နဲ့လဲ နေ့တိုင်းဗုံးလာကြဲနေတာရှိတယ်၊ အဲ့ဖက်ကို စစ်ကူသွားမယ်လို့ ယူဆမိပါတယ်" ဟု စစ်သတင်းရင်းမြစ်က ယောအလင်းတန်းကိုပြောသည်။ ကျောက်ထုအမြောက်တပ် ၃၆၈ ကစစ်ကြောင်းသည် ယခင် ဇူလိုင်လ ၁၈ ရက်နေ့ညနေပိုင်းက ကြီးကျေးရွာကို အင်အား ၂၀၀ ကျော်ဖြင့် စတင်ဝင်ရောက်ကာ ယနေ့အထိ တပ်စွဲနေထိုင်လျက်ရှိနေပြီး ချင်းပြည်နယ် မင်းတပ်နယ်စပ် ရွှေအောင်သာရွာတွင် အထိုင်ချပြန်လည်နေထိုင်နိုင်ရေးအတွက် ကြိုးပမ်းထိုးစစ်ဆင်နေသည်ဖြစ်ရာ ဒေသခံပြည်သူ့တော်လဇန်ရေးတပ်ဖွဲ့များ၏ ပြန်လည်ခုခံတွန်းလှန်နေမှုကြောင့် ရှေ့မဆက်နိုင်ဘဲ ကြီးရွာမှာပင် ယခုထိ ရှိနေတာဖြစ်ကြောင်း သတင်းရင်းမြစ်က ပြောသည်။ ထိုတိုက်ပွဲများအတွင်း စစ်အုပ်စုဖက်မှ လေယာဥ်များဖြင့် အကြိမ်ကြိမ်နေ့စဥ်ရက်ဆက် လေကြောင်းပစ်ကူပေးနေတာကြောင့် ဒေသခံပြည်သူများအနေဖြင့် ကြိုတင်သတိထားနေထိုင်ပေးရန် လိုအပ်ကြောင်း စစ်သတင်းရင်းမြစ်က ပြောသည်။ ပုံ-စစ်အုပ်စု၏ စစ်မှုထမ်းတပ်သားသစ်များ @မင်းဒဿ ယောအလင်းတန်း

  • 8 авг.5 985204

    без подписи

  • 8 авг.5 873354

    အလယ်ပိုင်းမိုး အခုပိုစ့်တင်ချိန်မှ နောက်၇၂နာရီ (၃ရက်) အတွင်း ရေစကြို၊ ပခန်းကြီး၊ ပခုက္ကူ၊ မြစ်ခြေ၊ မြိုင်၊ အထက်ကံမ၊ ပေါက်၊ ဆော၊ ကျောက်ထု၊ ထီးလင်း၊ ဂန့်ဂေါ၊ ဆိပ်ဖြူ၊ ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကုန်းဇောင်း၊ ရွာခိုင်၊ စကု၊ မင်းဘူး၊ ဘူးရွာ၊ အောင်းရွာ၊ စေတုတ္တရာ၊ ငဖဲ၊ ရွှေစက်တော်၊ မကွေး၊ မင်းလှ၊ ရေနံချောင်း၊ မြို့သစ်၊ နတ်မောက်၊ တောင်တွင်းကြီး၊ ဆင်ပေါင်ဝဲ၊ သရက်၊ မင်းတုန်း၊ အောင်လံ၊ ကျောက်ပန်းတောင်းရွာ၊ ရွှေပန်းတောရွာ၊ အောက်ကံမ စတဲ့ မကွေးတိုင်းအတွင်းက မြို့နယ်ကျေးရွာများမှာ မိုးတွေရွာပါလိမ့်ဦးမယ်ဗျ။ သရက်ခရိုင်၊ အောင်လံခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်နဲ့ ဂန့်ဂေါခရိုင်တို့အတွင်းက မြို့နယ်ကျေးရွာတွေမှာ နေရာကွက် မိုးများနိုင်လို့ ဒီဒေသတွေက ဆည်မြောင်းရေလှောင်တမံတွေမှာ ရေတွေထပ်တိုးလာပါဦးမယ်ဗျ။ မိုးတွေရွာရင် ပြန်ပြောပေးကြဦးနော်။ ထူးခြားရင် ဒါမှမဟုတ် ပြောင်းလဲရင် ဒါမှမဟုတ် ရက်တိုးရင် ဒါမှမဟုတ် မိုးကြီးနိုင်တဲ့ဒေသများလာရင် အပ်ဒိတ် ထပ်တင်ပေးမယ်။ Crd - ဒေါက်တာ စိုင်းခွန်အာကာ ယောအလင်း တန်း

  • 5 авг.7 574111

    без подписи