tgindex
DVB Fact Check

DVB Fact Check

Статистика

Fact-checking & Journalism in the digital age. DVB Fact-Check: Myanmar's premier source for fact-checking and media literacy since 2020.

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
4
Всего постов
249
Тип
открытый
Язык
my
В каталоге с
12 авг.
Подписчики
712
+1 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
139
40 постов
Вовлечённость
19,5%
к подписчикам
Постов в день
0,6
всего 249
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
51
1/48двое суток
58
1/72трое суток
63

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • အမှားတွေ အမှန်မဖြစ်ဖို့ DVB Fact Check သောကြာည Podcast (14.08.2026) #episode83 #season5 #dvbfactcheck #podcast #myanmar

  • ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ပစ်မှတ်ထားပြီး ထောက်ပံ့ကြေးအယောင်ဆောင်ကာ ငွေကြေးလိမ်လည်နေတဲ့ ကျားဖြန့်များ? - DVBFactCheck ဖေ့စ်ဘွတ်ခ်နဲ့ တစ်တော့ခ်လူမှုကွန်ယက်စာမျက်နှာတွေမှာ မိခင်နဲ့ ကလေးတွေကို ထောက်ပံ့ကြေးမယ်ဆိုပြီး အကြောင်းပြကာ ကိုယ်ဝန်ဆောင်မိခင်တွေကို ပစ်မှတ်ထားပြီး အစီစဥ်တကျ ငွေကြေးလိမ်လည်တဲ့ ဖြစ်စဥ်တွေရှိနေပါတယ်။ ဒါတွေကြာင့်မို့လို ဆိုရှယ်မီဒီယာပေါ်က ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးနဲ့ အသက် ၂ နှစ်အောက်ကလေးတွေကို ထောက်ပံ့ကြေးပေးမယ်ဆိုတဲ့ ပေ့ချ်တွေက အလိမ်ပေ့ချ်တွေဖြစ်ပြီး ဒီလို အွန်လိုင်းလိမ်လည်မှုကျားဖျန့် တွေကို အလွယ်တကူမယုံကြည်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ #dvbfactcheck #factchecking #myanmar #socialmedia

  • ရွှေဘိုမှာရေဘေးကယ်ဆယ်ရေးလုပ်ဆောင်သူတွေ မြေမြှုပ်မိုင်းနင်းမိတယ်ဆိုတဲ့ လုပ်ကြံသတင်းအမှား - DVB Fact-check စစ်ကိုင်းတိုင်း ၊ ရွှေဘိုဒေသကို ရေဘေးကူညီကယ်ဆယ်ဖို့လာတဲ့ ပြည်သူတွေ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ စစ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေက ဖြန့်ဝေထားချက်ကို စိစစ်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ မူးမြစ်ရိုးတလျောက်က ရေဘေးကြုံတွေ့နေရတဲ့ မြို့နယ် ၁၁ ခုကို သွားရောက်ကူညီကယ်ဆယ်ရေးလုပ်မယ့်သူနဲ့ လှူဒါန်းမယ့်သူတွေကို စစ်အာဏာရှင်တပ်ဘက်က တားဆီးခြိမ်းခြောက်တာတွေလုပ်နေတယ်လို့ လွတ်လပ်ပြီးယုံကြည်ရတဲ့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။ စစ်ကိုင်းတိုင်းထဲက ‌ဒေသခံတစ်ဦးကို DVB Fact Check Team က ဆက်သွယ်မေးမြန်းကြည့်ရာမှာ” မိုင်းနင်းမိတာမကြားမိသေးဘူး  ။ ပြင်ပအလှူရှင်တွေလာတာ မန္တလေး-စစ်ကိုင်းကြားက (အရပ်အခေါ် နှာပေါက်) ရထားလမ်းကျော် မုခ်ပေါက် နားကတင် ပြန်လွှတ်ခံရလို့ မလာကြပါဘူး “ လို့ ဖြေဆိုပါတယ်။ ဒါကြောင့် ရွှေဘိုဒေသကို ရေဘေးကူညီကယ်ဆယ်ဖို့လာတဲ့ ပြည်သူတွေ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။ Read More -https://www.facebook.com/share/p/1DUL4jY76e/

  • ကိုယ်ဝန်ဆောင်မိခင်တွေကို ဆိုရှယ်မီဒီယာပေါ် ပစ်မှတ်ထားလာကြတဲ့ ကျားဖြန့်များ? - DVBFactCheck 👉 ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေကို ပစ်မှတ်ထားပြီး ထောက်ပံ့ကြေးအယောင်ဆောင်ကာ ငွေကြေးလိမ်လည်နေတဲ့ ကျားဖြန့်များ 👉 စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင် ထိုင်းနိုင်ငံရောက်နေချိန် ဆန္ဒပြသူနှစ်ဦးကို ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့အဖွဲ့က ရိုက်နှက်ဆိုတဲ့ သတင်းအမှား 👉 ကုလသမဂ္ဂက မြန်မာနိုင်ငံကို လေယာဥ်ပျံသန်းခွင့်ပိတ်ပင်ဖို့ အရေးပေါ် ဆုံးဖြတ်လိုက်တယ်ဆိုတဲ့ သတင်းအမှား 👉 ဒီပဲယင်းမှာ သဖန်းဆိပ်ဆည်ရေလွှတ်မှုကြောင့် PDF ၁၀ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ ဝါဒဖြန့်သတင်းအမှား #dvbfactcheck #factchecking #myanmar #socialmedia https://youtu.be/a2qf1oBqYuc

  • DVB Fact Check Episode 83 Promo 10.08.2026 #season5 #dvbfactcheck #promo #myanmar

  • အမှားတွေ အမှန်မဖြစ်ဖို့ DVB Fact Check သောကြာည Podcast (07.08.2026) #episode82 #season5 #dvbfactcheck #podcast #myanmar

  • စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင် ထိုင်းနိုင်ငံရောက်နေချိန် ဆန္ဒပြသူနှစ်ဦးကို ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့အဖွဲ့က  ရိုက်နှက်ဆိုတဲ့ သတင်းအမှား - DVB Fact-check စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင် ထိုင်းနိုင်ငံရောက်နေချိန် ဆန္ဒပြသူနှစ်ဦးကို ထိုင်းအမျိုးသားရေးလှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ နှုတ်ခမ်းမွှေးအဖွဲ့က ရိုက်နှက်ခဲ့တယ်ဆိုပြီး စစ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာကို စိစစ်ခဲ့ပါတယ်။ အခုလက်ရှိအချိန် လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာတော့ ထိုင်းအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ထိုင်းကိုရောက်နေတဲ့ စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင်ကို မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ကုလသမဂ္ဂရုံးရှေ့မှာ  သြဂုတ် ၆ ရက်က ဆန္ဒပြခဲ့ကြတယ်လို့ ရေးသားဖော်ပြထားပါတယ်။ ဒါကြောင့် စစ်အာဏာရှင်သမ္မတမင်းအောင်လှိုင်ကိုဆန္ဒပြသူနှစ်ဦးကို ထိုင်းအမျိုးသားရေး လှုပ်ရှားတဲ့အဖွဲ့က ရိုက်နှက်ခဲ့တယ်ဆိုတာ ဗီဒီယိုအဟောင်းကို ပြန်လည် အသုံးပြုပြီး အခုဖြစ်နေသယောင် ပုံမှားရိုက်ဖြန့်ဝေထားတဲ့ သတင်းအမှားဖြစ်ပါတယ်။ Read More - https://www.facebook.com/share/p/18gk4fe5DY/

  • 🚨ဘူးသီးတောင်မှာအေအေက ဗလီဆရာတွေခေါ်ပြီး အတင်းအကျပ် လူသစ်စုဆောင်းနေသလား🚨 - DVB Fact Check #dvbfactcheck #Reels #myanmar #AA #ဗလီဆရာ

  • 🚨အေအစစ်ဦးစီးချုပ် သေဆုံးတာကြောင့် ဒုခေါင်းဆောင်က စစ်ဦးစီးချုပ်သစ်ဖြစ်လာသလား🚨 - DVB Fact Check #dvbfactcheck #Reels #myanmar #AA #ညိုထွန်းအောင်

  • ဗလီဆရာတွေခေါ်ပြီး AA က အတင်းအကျပ် လူသစ်စုဆောင်းနေသလား? - DVBFactCheck 👉 အာရက္ခတပ်တော် အေအေ စစ်ဦးစီးချုပ် သေဆုံးသွားတာကြောင့် ဒုခေါင်းဆောင်က ခေါင်းဆောင်အသစ်ဖြစ်လာတယ်ဆိုတဲ့ ဝါဒဖြန့် သတင်းအမှား 👉 ကျောက်ခတ်ရွာ ကျားဖြန်စခန်းမှာ KNU ၇၀၀ ကျော်ဖမ်းဆီးရမိတယ်ဆိုတဲ့ဝါဒဖြန့် သတင်းအမှား 👉 တောင်သာပကဖ တာဝန်ခံ အမရာမောင်ကို PDF တွေက လုပ်ကြံခဲ့တယ်ဆိုတဲ့ သတင်းအမှား 👉 ဘူးသီးတောင်မှာ အေအေက ဗလီဆရာတွေ ခေါ်ပြီး လူသစ်ပို့ပေးဖို့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ သတင်းအမှား 👉 ရခိုင်ပြည်နယ်၊သံတွဲမြို့ကို စစ်တပ်ဗုံးကြဲတာကြောင့် အေအေ ၄၀၀ ကျော်သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား #dvbfactcheck #factchecking #myanmar #socialmedia https://youtu.be/L_nDEazUHWI

  • AI နဲ့ ဖန်တီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံတစ်ပုံ ဆိုရှယ်မီီဒယာမှာ ပျံ့နှံ့လာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) နဲ့တွေ့ဆုံခွင့်ပေးခဲ့ကြောင်း စစ်အာဏာရှင်ပြောခွင့်ရကနေ ဓာတ်ပုံ ၄ပုံနဲ့ ထုတ်ပြန်ပြီးနောက် AI နဲ့ ဖန်တီးထားတဲ့ တခြားဓာတ်ပုံတပုံလည်း ဆိုရှယ်မီီဒီယာမှာ ထပ်မံပျံ့နှံ့လာနေပါတယ်။ အဲ့ဒီဓာတ်ပုံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ကိုယ်စားလှယ်တို့ မျက်နှာကို အရှေ့ဘက် လှည့်ထားပြီး လက်နှစ်ဖက်ရှေ့ချထားတဲ့ အနေထားနဲ့ တွေ့ရပါတယ်။ ဒီဓာတ်ပုံကို DVB Fact Check Team က စစ်ဆေးကြည့်ရာမှာ AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်နေတာကို စိစစ်တွေ့ရှိခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်းကို သြဂုတ်လ ၃ရက်နေ့ တွေ့ဆုံနေတဲ့ဓာတ်ပုံနှစ်ပုံ၊ အရင်က မွေးနေ့ကိတ်ခွဲနေတဲ့ဓာတ်ပုံ၂ပုံ တို့နဲ့တူ စစ်အာဏာရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက တယ်လီဂရမ် လူမှုကွန်ယက်တဆင့် စတင်ထုတ်ပြန်ပြီး မီဒီယာတွေမှာပါ ဖော်ပြခဲ့တာပါ။ Read More - https://www.facebook.com/share/p/1Bdm7yLnDf/

  • DVB Fact Check Episode 82 Promo 03.08.2026 #season5 #dvbfactcheck #promo #myanmar

  • အာရက္ခတပ်တော် အေအေ စစ်ဦးစီးချုပ် သေဆုံးသွားတာကြောင့် ဒုခေါင်းဆောင် ခေါင်းဆောင်အသစ်ဖြစ်လာတယ်ဆိုတဲ့ ဝါဒဖြန့် သတင်းအမှား _ DVB Fact-check အာရက္ခတပ်တော် အေအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သေဆုံးသွားတာကြောင့် ဒုခေါင်းဆောင်ညိုထွန်းအောင်က ခေါင်းဆောင်အသစ်ဖြစ်လာတယ်ဆိုပြီး စစ်လော်ဘီတယ်လီဂရမ်ချန်နယ်က ဖြန့်ဝေထားတဲ့ အကြောင်းအရာကို စိစစ်ခဲ့ပါတယ်။ ဖြန့်ဝေထားချက်နဲ့ပတ်သက်ပြီး DVB Fact Check Team က စိစစ်ခဲ့ရာမှာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ ရခိုင်အခြေစိုက်သတင်းမီဒီယာတွေမှာ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ရေးသားဖော်ပြထားတာမရှိပါဘူး။ ဒါကြောင့် အာရက္ခတပ်တော် အေအေ စစ်ဦးစီးချုပ် သေဆုံးသွားတာကြောင့် ဒုခေါင်းဆောင် ညိုထွန်းအောင်က တပ်ချုပ်သစ်ဖြစ်လာတယ်ဆိုတာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်။ Read more - https://www.facebook.com/share/p/19UA9sFAyg/

  • 🚨သထုံမြို့နယ်မှာ စစ်အာဏာရှင်တပ်က KNU ကျားဖြန့် ဌာနချုပ်ကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ သတင်းအမှား🚨 - DVB Fact Check #dvbfactcheck #Reels #myanmar #PDF

  • စစ်လော်ဘီတွေက သတင်းအမှားဖြန့်ဝေရာမှာ ပုံဖော်ဖို့ အေအိုင်ကိုပိုအသုံးပြုလာ? - DVBFactCheck စစ်အာဏာရှင်ကိုထောက်ခံတဲ့ စစ်လော်ဘီတွေက သတင်းအမှားတွေကို ပိုမိုမြင်သာပြီး အလွယ်တကူယုံကြည်လာစေဖို့ AI နည်းပညာကိုအသုံးပြုပြီး ဓာတ်ပုံတွေကို လုပ်ကြံဖန်တီးပြီး ဖြန့်ဝေလာကြပါတယ်။ စစ်လော်ဘီတွေကလဲ သတင်းအမှားဖြန့်ဝေရာမှာ AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို ပိုအသုံးပြုလာနေတာကြောင့် အလွယ်တကူမယုံကြည်ကြဖို့ သတိပြုကြဖို့လိုအပ်ပါတယ်။ ဒါကြောင့် ဓာတ်ပုံတွေကို မြင်တိုင်း အလွယ်တကူမယုံကြည်ကြဖို့ မမျှဝေကြဖို့နဲ့ AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေ ဟုတ်မဟုတ်ဆိုတာကို စစ်ဆေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ #dvbfactcheck #factchecking #myanmar #socialmedia https://youtu.be/kPu_kaRgyfA

  • စစ်လော်ဘီတွေ သတင်းအမှားဖြန့်ဝေရာမှာ ပုံဖော်ဖို့ AI ကို ပိုအသုံးပြုလား? - DVBFactCheck 👉 စစ်လော်ဘီတွေက သတင်းအမှားဖြန့်ဝေရာမှာ ပုံဖော်ဖို့ အေအိုင်ကိုပိုအသုံးပြုလာ 👉အရာတော် အထက်တန်းကျောင်းကို PDF တွေက သေနတ်တွေနဲ့ ဝိုင်းပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းအမှား 👉ရေးဘီလူးအဖွဲ့က ပြည်သူစီးလာတဲ့ကားကို ပစ်ခတ်တာကြောင့် ပြည်သူအများပြားသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား 👉‌သထုံမြို့နယ်မှာ စစ်အာဏာရှင်တပ်က KNU ကျားဖြန့် ဌာနချုပ်ကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ သတင်းအမှား 👉‌မလှိုင်မှာ စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် PDF အများပြားသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှား #dvbfactcheck #factchecking #myanmar #socialmedia https://youtu.be/VFYspv00UoY

  • DVB Fact Check Episode 81 Promo 27.07.2026 #season5 #dvbfactcheck #promo #myanmar

  • အမှားတွေ အမှန်မဖြစ်ဖို့ DVB Fact Check သောကြာည Podcast (24.07.2026) #episode80 #season5 #dvbfactcheck #podcast #myanmar

  • 🚨မလေးရှားက NUG ဝန်ကြီးတွေပိုင်တဲ့ ဇိမ်ခံခန်းကိုရဲဝင်ဖမ်းတာကြောင့် CDM အမျိုးသမီးတွေဖမ်းခံရတယ်ဆိုတဲ့ သတင်းအမှား🚨 - DVB Fact Check #dvbfactcheck #Reels #myanmar #PDF

  • သထုံမြို့နယ်မှာ စစ်အာဏာရှင်တပ်က KNU ကျားဖြန့် ဌာနချုပ်ကို ဖျက်ဆီးနိုင်ခဲ့တယ်ဆိုတဲ့ သတင်းအမှား မွန်ပြည်နယ်၊ သထုံမြို့နယ်က KNU ကျားဖြန့် ဌာနချုပ်ကို စစ်အာဏာရှင်တပ်က ဖျက်ဆီးနိုင်ခဲ့တယ်ဆိုပြီး ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံတွေနဲ့တကွ ပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာကို စိစစ်ခဲ့ပါတယ်။ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်အတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( KNLA ) နဲ့ စစ်အာဏာရှင်တပ်စစ်ကြောင်းတို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က ကုန်တင်ယာဥ်နှစ်စီးနဲ့ ကုန်ပစ္စည်းတွေကို မီးရှို့ခဲ့တယ်လို့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေမှာ ရေးသား‌ဖော်ပြထားပါတယ်။ စစ်အာဏာရှင်တပ်က တက်တူကုန်းနဲ့ ကြက်ခြေခတ်ကျေးရွာများအကြားက အေးမိစံ၊ နန္ဒာမြင့်၊ မဲရိုးလေး၊ စောဖားသူးဒိ၊ အောင်ကိုကိုမြင့်နဲ့ စောပလော်ဖော် တို့ရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းကိုလည်း သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်အရ သိရပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တပ်က သထုံမြို့နယ်အတွင်းက ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး KNU ဌာနချုပ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတာ ဖုံးကွယ်ဝါဒဖြန့် သတင်းအမှားဖြစ်ပါတယ်။ Read more- https://www.facebook.com/share/p/1D