- Последний пост
- 12 авг.
- Последнее чтение
- 14 авг.
- Постов за неделю
- 5
- Всего постов
- 63
- Тип
- открытый
- Язык
- my
- Категория
- Музыка (по похожим)
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 54
- 1/48двое суток
- 61
- 1/72трое суток
- 66
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
https://facthubmm.org/tangled-tree/ch2-part9/
“ပရမ်းပတာနိုင်ခြင်း” (Chaos) တဲ့ . . . မျိုးခွဲစနစ်နယ်ပယ်မှာ ကြီးကျယ်ထင်ရှားတဲ့ လင်းနီးယပ်စ်ရဲ့ ၁၇၇၄ ခုနှစ်ထုတ် Systema Naturae စာအုပ်မှာ လီဗင်ဟွတ်ခ် တွေ့ခဲ့တဲ့ ဘက်တီးရီးယားတွေနဲ့ တခြားသက်ရှိပိစိကွိစလေးတွေကို ပေါင်းစုရောထည့်ထားတဲ့ အုပ်စုရဲ့ နာမည်။ အတော်အမြစ်တွယ်ခဲ့တဲ့ သမုတ်ချက်ပါပဲ။ ဖာဒီနန် ကိုးန် ခေတ်လွန်ပြီး ဆယ်စုနှစ်အတော်ကြာ ၂၀ ရာစုရောက်ချိန်အထိ ပညာရှင်တွေကြားထဲ ဒီကိစ္စက အချေအတင်ဖြစ်နေခဲ့ဆဲပါ။ ဘက်တီးရီးယားတွေကို အမျိုးအစားခွဲဖို့ ကြိုးစားချက်က တကယ်ပဲ အနှစ်သာရရှိတဲ့ ကြိုးပမ်းချက်လား၊ မျှော်လင့်ချက်မဲ့တဲ့ ပရမ်းပတာနိုင်မှုကြီးလား ဆိုတာပေါ့ . . . ။ ၁၉၂၃ ခုနှစ်က စလို့ ဘက်တီးရီးယားတွေကို ခွဲခြားသတ်မှတ်ရာမှာ အဏုဇီဝဗေဒပညာရှင် ဒေးဗစ် ဟန်းဒရစ် ဘာဂျေး (David Hendricks Bergey) ပြုစုတဲ့ Bergey’s Manual of Determinative Bacteriology ခေါ် စာအုပ်ထူကြီးကိုပဲ စံအဖြစ် လက်ကိုင်စွဲ အားကိုးခဲ့ကြရပါတယ်။ သို့သော်၊ အဏုဇီဝဗေဒပညာရပ် တိုးတက်လာတာနဲ့အမျှ ဒီမျိုးခွဲစနစ်မှာလဲ ဝေဝါးနေတာ၊ တစ်သတ်မှတ်တည်း မဖြစ်တာတွေအပြင် အခြေခံအချက်တချို့မှာပါ လွဲမှားနေတာကို သတိထားမိလာကြတာပါ။ ဒီစာအုပ်က ဘက်တီးရီးယားတွေရဲ့ သက်ရှိသစ်ပင်ကို မဖော်ပြနိုင်ဘဲ အမည်ခံ လမ်းညွှန်စာအုပ်အဆင့်လောက်ပဲ ရှိနေခဲ့တာပေါ့။ ဒီကျမ်းကို ဝေဖန်သူတွေဟာ အဆင့်မြှင့်ဖို့ ကြိုးစားကြပေမဲ့ တကယ်တမ်းမှာ ဝေဖန်တဲ့ အလုပ်က ပြင်ဆင်ရတာထက် သိသိသာသာ ပိုလွယ်နေခဲ့ပါတယ်။ ဘက်တီးရီးယားတွေကို အမျိုးအစားခွဲရတဲ့အလုပ်ကိုက ခက်ခဲလွန်းနေတာမျိုးပါ။ အောက်က လင့်ခ်ကနေ ဆက်ဖတ်ပါ။
без подписи
❝ အတိတ်ဆီက သင်ခန်းစာမယူနိုင်တဲ့သူတွေဟာ အတိတ်အမှားတွေကို နောက်တစ်ကြိမ် ပြန်ကြုံရနိုင်တယ်။ ❞ – ဂျော့ခ်ျ စန်တယာနာ – #Fact_Hub #Quote #Aug_12 #GeorgeSantayana
без подписи
ဒီလို ဆိုင်ကလုန်းဝဲတွေက အဏ္ဏဝါသက်ရှိတွေအတွက် အထက်ကို ပင့်တင်ပေးတဲ့ ဖြစ်စဉ်က်ု ဖန်တီးပေးပါတယ်။ ဝဲရဲ့ လှည့်ပတ်မှုအရှိန်နဲ့ အက်မန် ရေစီးဆင်းခြင်း (Ekman Transport) နိယာမကြောင့် အပေါ်ယံမျက်နှာပြင်မှာရှိတဲ့ ရေနွေးတွေက ဘေးပတ်ပတ်လည်ကို ကန်ထုတ်ခံရပြီး အလယ်ဗဟိုမှာ ဟာကွက်တစ်ခု ဖြစ်လာတယ်။ အဲဒီအခါ အောက်ခြေမှာရှိတဲ့ သိပ်သည်းဆများပြီး လေးလံတဲ့ ရေအေးတွေက အပေါ်ကို ဒေါင်လိုက် ပင့်တက်လာတဲ့အတွက် သမုဒ္ဒရာအောက်ခြေက သဘာဝမြေဩဇာနဲ့ အာဟာရဓာတ်တွေပါ ပါလာပြီး ပလန်တန်တွေ မျိုးပွားနိုင်ဖို့ ဗဟိုချက်ဖြစ်လာတယ်။ တစ်ဖက်မှာလဲ ရေစီးကြောင်းက အပေါ်ကနေ အောက်ကို ဆွဲနှစ်တဲ့ ဝဲမျိုးတွေ ရှိပါသေးတယ်။ ဒါကတော့ အန်တီဆိုင်ကလုန်း အမျိုးအစားဖြစ်ပြီး အပေါ်က နွေးပြီးပေါ့ပါးတဲ့ရေတွေက ဗဟိုမှာပဲ လာစုနေတာပါ။ အဲဒီအခါ အောက်ခြေက အာဟာရဓာတ်ရှိတဲ့ ရေအေးတွေက အပေါ်ကို တက်မလာနိုင်တော့ဘဲ ကန္တာရလိုမျိုး အာဟာရတွေ ခမ်းခြောက်ကုန်ပါတယ်။ ဒါကြောင့် ဒီလိုဝဲမျိုးတွေမှာတော့ ရေနေသက်ရှိတွေအတွက် အာဟာရဓာတ် လုံးဝ မရနိုင်တော့ပါဘူး။ မကြာသေးမီနှစ်တွေအတွင်းမှာ ဒီလို အာဟာရခမ်းခြောက်နေတဲ့ ဇုန်တွေက အရင်ကထက် ပိုပြီးကျယ်ပြန့်လာတာကို တွေ့ရပါတယ်။ ဒါက ကမ္ဘာကြီးပူနွေးလာတာကြောင့် ပင်လယ်ရေမျက်နှာပြင် အပူချိန် မြင့်တက်လာတာနဲ့ တိုက်ရိုက်ဆက်စပ်နေတယ် လို့ သုတေသနပညာရှင်တွေက ထောက်ပြကြပါတယ်။ ဟာဝိုင်အီတက္ကသိုလ် သုတေသနဌာနက မြောက်ပစိဖိတ်ဝဲကြီး (North Pacific Gyre) နဲ့ ပတ်သက်ပြီး ရေရဲ့အပူချိန်၊ ဆားငန်နှုန်းတည်ဆောက်ပုံ၊ ဓာတုဗေဒဖြစ်စဉ်၊ ရေစီးကြောင်းနဲ့ အလင်းဖြတ်သန်းမှု စတဲ့ ဂုဏ်သတ္တိတွေကို အနီးကပ် စောင့်ကြည့်လေ့လာနေကြပါတယ်။ ခြုံငုံသုံးသပ်ကြည့်ရရင် ရေဝဲတွေအားလုံးက လူသားတွေကို အန္တရာယ်ပေမဲ့ ကြောက်မက်ဖွယ် သဘာဝဘေးကြီးတွေချည်း ဖြစ်နေတာ မဟုတ်ဘဲ သမုဒ္ဒရာဂေဟစနစ်နဲ့ ရေနေသက်ရှိတွေ ရပ်တည်ရှင်သန်ရေးအတွက် မရှိမဖြစ် အရေးပါတဲ့ သဘာဝရဲ့ အံ့ဖွယ်ဖြစ်တည်မှုတစ်ခုလဲ ဖြစ်နေပါတော့တယ်။ ။ References: - Ocean Gyre. (n.d.). - Paused over a giant vortex. (n.d.). One Ocean Expedition. - Locenature. (2020, April 6). 5 reasons to thank plankton that you’re alive today - WWF.CA. Written by - Shoon Lei Wai Fact-checked by - Min Z Copy-edited by - Chit Snow Thu Edited by - Htet Bhone Shein ©️ 2026-2027 | Fact Hub Myanmar #Fact_Hub #Vortex #Short_Article #Ocean #Whirlpool
“ရေပြင်ထက်က 'ဝဲ' တွေရဲ့ အန္တရာယ်ကြားက အရေးပါမှု” ――――――― မြစ်ထဲမှာ ဒါမှမဟုတ် ပင်လယ်၊ သမုဒ္ဒရာတွေထဲမှာ ရေယာဉ်တစ်စီးနဲ့ ခရီးနှင်နေတယ် ဆိုပါစို့ . . . ။ အဲဒီလို သွားနေရင်း ရေပြင်ထက်မှာ ပတ်ချာလည်နေတဲ့ ဝဲကြီးတစ်ခုကို တွေ့လိုက်ရတဲ့အခါ ကိုယ် စီးလာတဲ့ ရေယာဉ်ကို ဆွဲစုပ်သွားမလား လို့ ထိတ်လန့်သွားတတ်ကြမှာပါ — ဝဲစုပ်ခံရရင် သေနိုင်တယ် ဆိုတဲ့ ပြောစကားတွေလဲ ရှိနေတာကိုး။ ဒီစကားတွေက ရာနှုန်းပြည့် မှန်မနေပေမဲ့ ရေအောက်ထဲထိ ကိုယ့်ကို ဆွဲနှစ်သွားပြီး အသက်ပျောက်စေနိုင်တဲ့ ရေဝဲတွေလဲ ရှိပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဒီဝဲတွေရဲ့ နောက်ကွယ်မှာ ငုပ်လျှိုးနေတဲ့ အရေးပါမှုတွေ၊ အဏ္ဏဝါဗေဒအတွက် အထောက်အကူပြုမှုတွေ ရှိနေတာပါပဲ။ ရေဝဲတွေရဲ့ အခြေခံသဘောတရားက လေထုရဲ့ အခြေခံသဘောတရားနဲ့ တူပါတယ် — ရေနဲ့ လေ နှစ်ခုစလုံးမှာ အရည်နဲ့ အငွေ့တွေရဲ့ ရွေ့လျားစီးဆင်းမှုဆိုင်ရာ ရူပဗေဒသဘောတရားဖြစ်တဲ့ ငွေ့ရည်ဒိုင်းနမစ် (Fluid Dynamics) တူတူ ရှိနေလို့ပါ။ ဒါကြောင့် ရေဝဲလည်ပတ်ပုံကို ပိုပြီး နားလည်လွယ်အောင် လေတိုက်ခတ်ပုံတွေနဲ့ ဆက်စပ်ပြီး တွေးကြည့်နိုင်ပါတယ်။ ကမ္ဘာ့လေထုမှာ လေဖိအားနည်းရပ်ဝန်းနဲ့ လေဖိအားများရပ်ဝန်းတို့ ရှိပါတယ်။ လေဖိအားကို ထိန်းညှိဖို့နဲ့ ရာသီဥတုကို ပြုပြင်ဖို့အတွက် လေတွေက ဖိအားများရာကနေ နည်းရာဆီကို တိုက်ခတ်ကြတဲ့အခါ လေဖိအားနည်းရပ်ဝန်းရဲ့ ဗဟိုချက်ကို လေတွေက တန်းတန်းမတ်မတ် မဝင်ဘဲ တိမ်းစောင်းဝင်ရောက်ပါတယ်၊ ကမ္ဘာ့လည်ပတ်အားကြောင့် ဖြစ်လာတဲ့ မြေလည်တိမ်းအား (Coriolis Force) ကြောင့်ပါ။ ရေထုမှာလဲ ဒီအတိုင်းပါပဲ။ ကမ္ဘာ့လေစီးကြောင်းတွေနဲ့ မြေလည်တိမ်းအားတို့ ပေါင်းစပ်သွားတဲ့အခါ သမုဒ္ဒရာရေစီးကြောင်းတွေက အဝိုင်းပုံစံ လည်ပတ်သွားကြပြီး ရေဝဲကြီး (Gyre) တွေ ဖြစ်လာကြတယ်။ ပုံမှန်အခြေအနေမှာတော့ မြေလည်တိမ်းအားကြောင့် သမုဒ္ဒရာရေစီးကြောင်းတွေက မြောက်ကမ္ဘာခြမ်းမှာ နာရီလက်တံ (လက်ယာရစ်) အတိုင်း၊ တောင်ကမ္ဘာခြမ်းမှာ နာရီလက်တံပြောင်းပြန် (လက်ဝဲရစ်) အတိုင်း တဖြည်းဖြည်း လှည့်ပတ်သွားကြပါတယ်။ ရေဝဲကြီးတွေက ကြီးမားကျယ်ပြန့်ပြီး တစ်ကျော့ပြီးမြောက်ဖို့အတွက် နှစ်ပေါင်းများစွာ ကြာတတ်ပါတယ်။ သူတို့တွေက အဆမတန် ကြီးမားကြပေမဲ့ ရေဝဲငယ် (Whirlpool) တွေလိုတော့ လူတွေကို အန္တရာယ်မပေးတတ်ပါဘူး။ အန္တရာယ်ရှိတာက ရေစီးကြောင်းနှစ်ခုက မတူညီတဲ့ အရှိန်နဲ့ မျက်နှာချင်းဆိုင် ဒါမှမဟုတ် ဘေးတိုက် ဝင်တိုက်မိတဲ့အခါမျိုးနဲ့ ကျဉ်းမြောင်းတဲ့ နေရာမျိုးမှာ ဒီရေလှိုင်းတွေ ဖြစ်လာပြီး ရေဝဲငယ်တွေ ဖြစ်လာတာပါ။ သူတို့ကတော့ အရှိန်မြန်မြန်နဲ့ လှည့်ပတ်နေပြီး ရေအောက်ထဲကို ဆွဲနှစ်ချသွားနိုင်တာမို့ အန္တရာယ်ရှိနိုင်ပါတယ်။ တစ်ဖက်မှာ ဂေဟစနစ်အတွက် တကယ်အကျိုးပြုတာကတော့ ရေဝဲကြီးနဲ့ ရေဝဲငယ်ကြားမှာရှိတဲ့ အက်ဒီ (Eddies) လို့ခေါ်တဲ့ အလတ်စားရေဝဲတွေပါပဲ။ စက်ဝိုင်းပုံ လည်ပတ်ရင်း သမုဒ္ဒရာအောက်ခြေမှာ နစ်မြုပ်နေတဲ့ အော်ဂဲနစ်အနှစ်သာရတွေ၊ နိုက်ထရိုဂျင်နဲ့ ဖော့စဖိတ်လို အာဟာရဓာတ်တွေကို ရေပြင်အထက်ပိုင်းဆီ တက်လာအောင် ပင့်တင်ပေးပါတယ်။ ဒါကြောင့် အပူချိန်နဲ့ အာဟာရဓာတ်တွေကို ညီညွတ်မျှတစေပြီး ဝေလငါး၊ ပင်လယ်လိပ် စတဲ့ ရေနေသတ္တဝါတွေ နေရပ်ပြောင်းရွှေ့ရာမှာ အထောက်အကူဖြစ်သလို ပလန်တန် (Plankton) တွေရဲ့ မျိုးပွားမှုအတွက်လဲ ကူညီပေးပါတယ်။ ပလန်တန်တွေက ရေဆန်မကူးနိုင်ဘဲ ရေစီးကြောင်းအလိုက် မျောပါရွေ့လျားကြတဲ့ မျိုးစိတ်ပေါင်း ထောင်သောင်းချီ ရှိတဲ့ ရေနေအဏုဇီဝသက်ရှိတွေပါ၊ အောက်ဆီဂျင်ထုတ်လုပ်မှု အရင်းအမြစ်တွေရဲ့ တစ်ဝက်လောက်အထိ တာဝန်ယူထားကြပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကိုလဲ စုပ်ယူပေးပါသေးတယ်။ ရေဝဲတိုင်းကတော့ အာဟာရဓာတ်တွေ မျှတပြီး ကောင်းကျိုးတွေချည်း ဖြစ်ထွန်းစေတာတော့ မဟုတ်ပါဘူး။ ဝဲတွေမှာ အထက်ကို ပင့်တင်တဲ့ (Upwelling) နဲ့ အောက်ကို ဆွဲနှစ်တဲ့ (Downwelling) ဆိုပြီး နှစ်မျိုးကွဲပါသေးတယ်။ ဒီဖြစ်စဉ်နှစ်ခုကြောင့် ဆိုင်ကလုန်းဝဲ (Cyclonic Eddies/Gyres) နဲ့ အန်တီဆိုင်ကလုန်းဝဲ (Anticyclonic Eddies/Gyres) တို့ ဖြစ်ပေါ်လာပါတယ် — ရေရဲ့ အပူချိန်နဲ့ ဆားဓာတ်ပါဝင်မှုနှုန်းကြောင့် ဖြစ်လာတဲ့ 'သိပ်သည်းဆ ကွာခြားချက်' ကြောင့်ပါ။ သဘာဝအရ နွေးပြီး ဆားဓာတ်နည်းတဲ့ ရေက သိပ်သည်းဆနည်းလို့ ပိုပေါ့ပါးပြီး အပေါ်ကို တက်နိုင်ပေမဲ့ အေးပြီး ဆားဓာတ်များတဲ့ ရေကတော့ သိပ်သည်းဆများလို့ ပိုလေးပြီး အောက်ကို မြုပ်သွားပါတယ်။ ဒီလို သိပ်သည်းဆ ကွာခြားချက်တွေကပဲ သမုဒ္ဒရာထဲ ဖြစ်ပေါ်လေ့ရှိတဲ့ ဆိုင်ကလုန်းဝဲတွေရဲ့ လည်ပတ်ပုံစနစ်အပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိနေတာပါ။ အများအားဖြင့်တော့ မြောက်ကမ္ဘာခြမ်းက သမုဒ္ဒရာရေစီးကြောင်းကြီးတွေက နာရီလက်တံအတိုင်း စီးဆင်းကြပေမဲ့ ဆိုင်ကလုန်းဝဲတွေကတော့ နာရီလက်တံပြောင်းပြန် (လက်ဝဲရစ်) အတိုင်း လှည့်ပတ်လေ့ရှိကြတယ်။ ဒါက လေထုမှာလိုမျိုးပဲ ဗဟိုချက်မှာ ဖိအားနည်းသွားတဲ့အတွက် ပတ်ဝန်းကျင်က ရေတွေဟာ အလယ်ဗဟိုဆီ စုပုံစီးဝင်တာကနေ စတင်တာပါ။ မြေလည်တိမ်းအားကြောင့် ဝင်လာသမျှ ရေတွေက တည့်တည့်မရောက်ဘဲ ညာဘက် စောင်းဝင်သွားကြပြီး ရလဒ်အနေနဲ့ ဗဟိုချက်ကို ဝိုင်းပတ်ပြီး နာရီလက်တံပြောင်းပြန်ဖြစ်စေမဲ့ ဝဲဂယက်တစ်ခု ထွက်ပေါ်လာရတာ ဖြစ်ပါတယ်။
без подписи
မီသီနိုဂျင် (methanogens) တွေကို ဘယ်လို အမျိုးအစား ခွဲမလဲ။ သက်ရှိသစ်ပင်ရဲ့ ဘယ်လိုနေရာမှာ သူတို့ ရှိနေသလဲ။ တခြား ဘယ်လို ပိုးမွှားလေးတွေနဲ့ရော အမျိုးနီးစပ်နေမလဲ။ ၁၉၇၀ ပြည့်လွန်နှစ် အလယ်ပိုင်းတွေမှာ ဝုစ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်း မေးမြန်းနေကြတဲ့ ဒီမေးခွန်းတွေဟာ ခြောက်ကပ်ကပ်နိုင်တဲ့ နာမည်ရှိပေမဲ့ အရေးကြီးနယ်ပယ်ဖြစ်တဲ့ “ဘက်တီးရီးယား မျိုးခွဲပညာ” (bacterial taxonomy) ထဲ ပါဝင်နေပါတယ် — ဘက်တီးရီးယားတွေကို မျိုးစိတ်၊ မျိုးစု၊ မျိုးရင်း . . . စသဖြင့် အဆင့်ဆင့်အုပ်စုတွေခွဲပြီး စနစ်တကျစီတဲ့ အလုပ်ပါပဲ။ တစ်ကောင်ကောင်ကို Methanobacterium ruminantium လို့ နာမည်ပေးလိုက်ပြီဆိုရင် အဲဒါကို ဘယ်နားသွားထားမလဲ ဆိုတာမျိုးပေါ့။ ဒီအလုပ်က ကြည့်လိုက်ရင်တော့ လက်တစ်ဆုပ်စာ လူတွေလောက်ပဲ နားလည်တာမျိုး၊ မဟုတ်လဲ တံဆိပ်ခေါင်းစုတဲ့ ဝါသနာထက်တောင် ပိုပျင်းစရာကောင်းပြီး အရေးမပါသလို ထင်စရာ ရှိပါတယ်။ ဘက်တီးရီးယားတွေဆိုတာ အင်မတန်သေးပြီး အလွန်ရိုးရှင်းတယ်၊ ပြီးတော့ မျက်စိနဲ့လဲ မမြင်ရဘူးလေ။ ဒါပေမဲ့ မမြင်ရရုံနဲ့တင် အရေးမပါဘူးလို့ သမုတ်ရရင် မြေဆွဲအားတို့ မိုက်ခရိုဝေ့ဖ်လှိုင်းတို့လဲ ဘယ်အရေးကြီးပါတော့မလဲ။ ကမ္ဘာပေါ်က သက်ရှိအများစုဟာ အဏုဇီဝပိုးမွှားတွေ ဖြစ်တယ်ဆိုတာ သတိတရရှိဖို့ လိုပါတယ်။ လူတွေအပြင် တခြားသက်ရှိတွေ ဖြစ်ထွန်းလာဖို့ အခြေအနေတွေကို သူတို့ကပဲ ဆုံးဖြတ်ပိုင်းခြားပေးတဲ့အပြင် လူ့ခန္ဓာကိုယ်ထဲမှာတောင် ဆဲလ်အရေအတွက်လောက် — ဒါမှမဟုတ် ဒီ့ထက်မက — ရှိတဲ့ အဏုဇီဝပိုးမွှားလေးတွေဟာ အူလမ်းကြောင်း၊ အရေပြားပေါ်၊ ဆဲလ်တွင်း အခေါင်းပေါက်အိတ်ကလေးတွေနဲ့ တခြားနေရာအနှံ့မှာ ခရီးသည်လေးတွေလို ခိုအောင်းနေတာပေါ့။ စာဖတ်သူတို့ရဲ့ ပတ်ဝန်းကျင်ကလဲ အဏုဇီဝပိုးမွှားတွေနဲ့ပဲ ပြည့်နှက်နေတာပါ။ စားလိုက်တဲ့ အစားအစာ၊ ရှူလိုက်တဲ့ လေထဲမှာပါ သူတို့ ပါနေတာပဲ။ ဒီပိုးမွှားတွေက ကမ္ဘာကို လည်ပတ်နေစေတာ ဖြစ်ပြီး အဲထဲက အတော်များများကတော့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ ဘက်တီးရီးယားတချို့က လူသားမျိုးနွယ်အတွက် အကျိုးပြုတယ်၊ တချို့က ဘာဒုက္ခမှ မပေးဘူး၊ တချို့ကျပြန်တော့လဲ စာဖတ်သူရဲ့ သွေးထဲကို အဆိပ်ခတ်ဖို့၊ အဆုတ်ထဲ ဝင်ပြီး ဇီဝိန်ချုပ်စေဖို့အထိ အသင့်ဖြစ်နေတဲ့ သားရဲတွေလို ကြောက်စရာကောင်းတာပါ။ ဒါကြောင့်ပဲ ဘက်တီးရီးယား တစ်မျိုးနဲ့ တစ်မျိုးကို တိတိကျကျ ခွဲခြားသိဖို့ဆိုတာ သာမညောင်ညကိစ္စမျိုး မဟုတ်ပါဘူး။ အသေးစိတ်ကို ဒီက ဆက်ဖတ်ပါ။ https://facthubmm.org/tangled-tree/ch2-part8/
без подписи
လင်ဒါ ဘိုးနန်ရဲ့ သက်တမ်းတိုလေး ကုန်ဆုံးပြီး မကြာခင်ပဲ ကန် လူဆန် (Ken Luehrsen) အမည်ရ လူငယ်က ဝုစ်ရဲ့ ဓာတ်ခွဲခန်းထဲ သူမတူတဲ့ အတွေ့အကြုံမျိုး ရခဲ့ပြန်တယ်။ သူ အီလီနွိုင်းတက္ကသိုလ်မှာ ဘွဲ့ကြိုတက်စဉ်က ဝုစ်တစ်ယောက် သူ့နယ်ပယ်မဟုတ်တဲ့ ‘ဖွံ့ဖြိုးမှုဆိုင်ရာ ဇီဝဗေဒ’ (developmental biology) ဆွေးနွေးပွဲတစ်ခုထဲ ဟောပြောသူအဖြစ် ပါဝင်ချိန် စတင်ဆုံတွေ့ခဲ့တာပါ။ လူဆန် ပြန်ပြောတာအရ ဒီလို အံဝင်ခွင်ကျ ဖြစ်မနေတဲ့ အနေအထားရဲ့ နောက်ကွယ်က အကြောင်းက ‘တခြားပါမောက္ခတွေက ကားလ်ရဲ့အမြင်ကို နားထောင်ချင်ကြပြီး ဒီကရတဲ့ ထူးထူးခြားခြားအတွေးအခေါ်တွေကို သူတို့ရဲ့ ကိုယ်ပိုင်သုတေသနတွေထဲ ထည့်အသုံးချချင်လို့ပါ’ တဲ့။ ဝုစ်က သိပ်ထက်မြက်ပြီး အတွေးအခေါ်သစ်တွေနဲ့ ပြည့်နှက်နေသူအဖြစ် နာမည်ကြီးသလို တစ်ဖက်မှာလဲ သူ့အားအင်နဲ့အချိန်တွေ မလိုဘဲ အပိုကုန်ခံရမှာမျိုးကို သိပ်တွန့်တိုတတ်သူလဲ ဖြစ်ပါတယ်။ “အတပ်ပြောရဲတာကတော့ ကားလ်က အပင်ပန်းခံစရာ မလိုဘဲ သင်ကြားရေးခရက်ဒစ် ရနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်မခံခဲ့တာပါပဲ” လို့ လူဆန်က ဆိုတာပါ။ ဆွေးနွေးပွဲမှာဆိုရင် ကျောင်းသားတွေကို သိပ္ပံဂျာနယ်စာတမ်းတွေ ရှင်းလင်းတင်ပြခိုင်းပြီး ဝုစ်ကတော့ ဘေးကနေပဲ ဆွေးနွေးချက်ကို လိုသလို ထိန်းကျောင်းပေးရုံနဲ့တင် အလုပ်ပြီးတာကိုး။ သူက အတန်းထဲမှာ ပင်ပင်ပန်းပန်း လက်ချာရိုက်ရတာမျိုး — သင်ခန်းစာတွေ ကြိုပြင်၊ တကူးတက ဟောပြောပို့ချရတာတွေ — ကို ဘုရားရေ . . . သိပ်မုန်းတာပါ။ ဒီအလုပ်တွေက သူ တကယ်မြတ်နိုးသက်ဝင်တဲ့ ‘သက်ရှိတို့ရဲ့ မူလအစနဲ့ ဆင့်ကဲဖြစ်စဉ်ကို နားလည်အောင် ကြိုးစားတဲ့အလုပ်’ ကနေ သူ့ကို ဝေးကွာသွားစေတယ်လို့ ခံစားရလို့ ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်က လင့်ခ်ကေန ဆက်ဖတ်ပါ။ https://facthubmm.org/tangled-tree/ch2-part7/
без подписи
National Geographic. (2015, March 23). Unsung Heroes of Everest | NAT Geo Live [Video]. YouTube. Discovery. (2016, April 10). Meet the Sherpa people [Video]. YouTube. Written by - Hein Tay Za Copy-edited by - Chit Snow Thu Edited by - Aww Myat Khin Khin Final reviewed by - Htet Bhone Shein Fact-checked by - Mon Myat Kyaw Designed by - Nyan Lin Kyaw ©️2026-2027 | Fact Hub Myanmar #Fact_Hub #Article #Sherpas #Mount_Everest #EPAS1 #EGLN1 #PPARA
ဒီဗီဇကတော့ ခန္ဓာကိုယ်မှာ စွမ်းအင်စီမံခန့်ခွဲမှုစနစ်(Energy Management System) ကိုပြောင်းလဲပေးထားတဲ့ လျှို့ဝှက်ချက်တစ်ခုပါပဲ။ သာမန်မြေပြန့်သားတွေ တောင်တက်တဲ့အခါ စွမ်းအင်ရရှိဖို့အတွက် အောက်စီဂျင် အများအပြားလိုအပ်တဲ့ သကြားဓာတ် (Glucose) ကိုပဲ အဓိကမှီခိုရပါတယ်။ ဒီတော့ အောက်စီဂျင်နည်းပါးတဲ့ တောင်ပေါ်ဒေသတွေမှာ စွမ်းအင်ထုတ်ဖို့ အခက်တွေ့တာပေါ့။ ဒါပေမဲ့ ‘ရှားပါး’တွေရဲ့ ကြွက်သားဆဲလ်တွေကတော့ အောက်စီဂျင်နည်းနည်းနဲ့ စွမ်းအင်အများကြီး ထုတ်ပေးနိုင်တဲ့ အဆီဓာတ် (Fatty Acids) ကို အဓိကထားပြီး စွမ်းအင်ထုတ်ပါတယ်။ ဒီစနစ်ကိုတော့ ဇီ၀ဖြစ်ပျက်ပုံအလှည့်အပြောင်း (Metabolic Shift) လို့ ခေါ်ပါတယ်။ သကြားဓာတ်မလောက်တော့တဲ့အချိန်မှာ အဆီဓာတ်ကို သုံးပြီး စွမ်းအင်ထုတ်လွှတ်တဲ့ ဒီစနစ်က သဘာဝတရားက သူတို့ကို ပေးထားတဲ့ “စွမ်းအင်ချွေတာရေးစနစ်”တစ်ခုပါပဲ။ အမြင့်ဒေသမှာ ရှင်သန်နိုင်တဲ့ အကြောင်းပြချက်တွေထဲကမှ ဒီဗီဇ ၃မျိုးက အလွန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်းမှာ သွေးနီဥပမာဏကို ညှိပေးဖို့ EPAS1 က တာ၀န်ယူတယ်၊ ပိုလျှံပြီး မလိုအပ်တဲ့ သွေးနီဥတွေကို EGLN1 က အင်ဇိုင်းတစ်မျိုးနဲ့ ဖျက်စီးပစ်ပြီး စွမ်းအင်လိုတဲ့အခါ သကြားဓာတ်နေရာမှာ အဆီဓာတ်ကိုသုံးဖို့ PPARA က စီမံပေးတယ်။ ဒီလို ထူးခြားတဲ့ ဇီဝယန္တရားတွေ ရှိနေလို့သာ ဟိမဝန္တာလို တောင်ပေါ်အမြင့်ပိုင်းဒေသတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အောက်စီဂျင် နည်းပါးခြင်းဒဏ်ကို အံတုပြီး သူတို့က အေးအေးဆေးဆေး ရှင်သန်နိုင်ကြတာပါ။ တကယ်တော့ ဒီလို သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ ဗီဇပြောင်းလဲမှုမျိုးတွေက ‘ရှားပါး’လူမျိုးတွေမှာပဲ ရှိတာ မဟုတ်ပါဘူး။ ရှားပါး (Sherpa) လူမျိုးနဲ့ တူတဲ့ အခြားလူမျိုးစုတွေ တောင်တက်လုပ်ငန်းမှာ ‘ရှားပါး’လူမျိုးစုတစ်ခုပဲ လုပ်ကိုင်ကြတာတော့ မဟုတ်ပါဘူး။ တောင်ပေါ်မှာ ပစ္စည်းထမ်းပြီး လမ်းပြပေးနေသူကို မြင်တာနဲ့ ‘ရှားပါး’ လို့ပဲ အလွယ်တကူ ထင်မှတ်ပြီး ခေါ်တတ်ကြပေမဲ့ တကယ်တမ်းတော့ ‘ရှားပါး’တွေအပြင် ရိုင်း (Rai)၊ တာမန် (Tamang)၊ ဂုရုန်း (Gurung) နဲ့ မဂါး (Magar) အမည်ရ တခြားတောင်ပေါ်သား မျိုးနွယ်စုတွေ အများကြီး ရှိပါသေးတယ်။ ဒီတောင်ပေါ်သားတွေက ‘ရှားပါး’တွေနဲ့ ဘာတွေ တူလဲ ဆိုရင် မျိုးရိုးဗီဇအရ သူတို့အားလုံးက တိဘက်-ဗမာနွယ်ဝင်တွေ ဖြစ်နေတာပါ။ ဒါကြောင့်လဲ အမြင့်ပိုင်းဒေသရဲ့ အောက်စီဂျင် နည်းပါးခြင်းဒဏ် (Hypoxia) ကို သာမန်မြေပြန့်သားတွေထက် အများကြီး ပိုပြီး ခံနိုင်ရည်ရှိကြတာပေါ့။ ရှားပါး (Sherpa) လူမျိုးနဲ့ မနက်ဖြန် တောင်ပေါ်အမြင့်ဒေသမှာ ရှင်သန်နိုင်ဖို့ သဘာ၀က လက်ဆောင်ပေးထားတယ်ဆိုပေမဲ့ တစ်ဖက်မှာလဲ လူတွေရဲ့ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အပူချိန်လွန်ကဲခြင်း၊ ရေခဲမြစ်အရည်ပျော်ခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းစတဲ့ သဘာ၀ဘေးအန္တရာယ်တွေက ‘ရှားပါး’တို့ရဲ့ တောင်တက်လုပ်ငန်းမှာ တဖန်ပြန်ပြီး အဟန့်အတားတစ်ခု ဖြစ်နေပါတယ်။ ရာသီဥတု ဖောက်ပြန်တာတွေကြောင့် ရေခဲမြစ်တွေ အရည်ပျော်ပြီး တောင်တက်လမ်းမှာ အခက်တွေ့စေပါတယ်။ ဒီအချက်က သူတို့ရဲ့ တောင်တက်လုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုတွေ ရှိပါတယ်။ နောက်တစ်ချက်ကတော့ မျိုးဆက်သစ်တွေပါ။ မျိုးဆက်သစ်တွေက တခြားဒေသတွေကို ပညာသင်သွားကြ၊ အခြေချနေထိုင်ကြနဲ့ဆိုတော့ ရိုးရာတောင်တက်လုပ်ငန်းအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာပါပြီ။ ဘယ်လိုပဲဖြစ်ပါစေ အများနဲ့မတူတဲ့ သဘာ၀ စွမ်းအင်တစ်ခုရှိပြီး ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ကို လမ်းပြပေးကြတဲ့ ‘ရှားပါး’ လို တောင်တက်သမားမျိုးနွယ်စု ရှိနေတာ လူ့အဖွဲ့အစည်းအတွက် စိတ်ဓာတ်ခွန်အားရစရာ၊ အားကျစရာ ကောင်းပါတယ်။ မတူညီတဲ့ ဗီဇဖွဲ့စည်းပုံတွေကို ဗဟိုပြုပြီး ဟိမဝန္တာတောင်တန်းတစ်လျောက် ကျင်လည်နေကြတဲ့ ဒီမျိုးဆက်ကြီးက နောက်နှစ်ပေါင်းဘယ်လောက်ထိ သဘာဝဘေးအန္တရာယ်တွေ၊ ရာသီဥတု ဖောက်ပြန်မှုတွေကို တောင့်ခံနိုင်ကြမလဲ။ ဒါမှမဟုတ် ရိုးရာအသက်မွေးလမ်းကြောင်း လုပ်ငန်းတွေကို မျိုးဆက်သစ်တွေကပဲ ပြောင်းလဲပစ်ကြတော့မှာလား ဆိုတာကတော့ စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ ။ Reference: Sharma. B., Wolfe. J., May 28.2025., Mount Everest’s Record-Setting Sherpa Sees a Future of Snowless Mountains and Fewer Guides, New York Times. Britannica Editors. (2026, June 5). Sherpa. Encyclopedia Britannica. Norton, J. (2007, March). The Sherpas (and sherpas) of Everest. Jake Norton. Ge, R. L., Simonson, T. S., Gordeuk, V., Prchal, J. T., & McClain, D. A. (2015). Metabolic aspects of high-altitude adaptation in Tibetans. Experimental physiology, 100(11), 1247–1255. ScienceDirect. (n.d.). EPAS1. In Neuroscience. Shen, Y., Zhang, J., Yang, J., Liu, C., Bian, S., Zhang, C., Yu, J., Gao, X., & Huang, L. (2020). Association of EPAS1 and PPARA Gene Polymorphisms with High‐Altitude Headache in Chinese Han Population. BioMed Research International, 2020(1), 1593068.
ရှားပါးသော ရှားပါးများ ________ တစ်နေ့တခြား ပြောင်းလဲလာတဲ့ သဘာ၀ကို အမီလိုက်ပြီး သက်ရှိတွေရဲ့ ဗီဇကလဲ အသက်ရှင်ဖို့ အမြဲပြောင်းလဲနေကြတာပါ။ ဥပမာ - ရေခဲပြင်ဘက်က တိရစ္ဆာန်တွေမှာ အအေးဓာတ်ထိန်းပေးတဲ့ အမွေးအထူကြီးတွေရှိသလို သဲကန္တာရဘက်က ကုလားအုပ်တွေမှာ ရေဓာတ်ထိန်းပေးတဲ့ ဘို့တွေ ရှိကြတာမျိုးပေါ့။ ဒါက ကိုယ် ကျင်လည်နေတဲ့ ပတ်၀န်းကျင်အခြေအနေမှာ ရှင်သန်နိုင်ဖို့ သဘာ၀အလျောက်ဖြစ်တဲ့ ဖြစ်ရပ်တွေပါပဲ။ လူတွေမှာလဲ အလားတူအခြေအနေတွေ ရှိပါတယ်။ စွန့်စားရတာကို မြတ်နိုးတဲ့ တောင်တက်သမားတွေအတွက်တော့ ဟိမဝန္တာတောင်တန်းတွေပေါ် တက်နိုင်ဖို့ဆိုတာ တကယ့်ကို အိပ်မက်တစ်ခုပါပဲ။ သာမန်တောင်တက်သမားတွေအတွက် ဟိမဝန္တာရဲ့ အေးစက်မှုက အဟန့်အတားတစ်ခုလို ဖြစ်နေပေမဲ့ ရှားပါး (Sherpas) အမည်ရ လူမျိုးနွယ် တစ်စုအတွက်တော့ တောင်တန်းတွေရဲ့ အေးစက်မှုနဲ့ အောက်စီဂျင်ပြတ်တောက်မှုက သူတို့အတွက် စာဖွဲ့စရာကို မဟုတ်ပါဘူး။ ရှားပါး (Sherpa) လူမျိုးနဲ့ ဟိမဝန္တာ ‘ရှားပါး’ ဆိုတာ ၁၅ ရာစုလောက်ကတည်းက တိဘက်အရှေ့ပိုင်း၊ ခမ်ပြည်နယ်ကနေ ပြောင်းရွှေ့လာကြတဲ့ တိဘက်-ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားမျိုးနွယ်စုပါ။ တိဘက်စကားအရ ‘ရှား’ ဆိုတဲ့ အရှေ့ဘက်နဲ့ ‘ပါး’ ဆိုတဲ့ လူစကားလုံးနှစ်ခုကို ပေါင်းစပ်ပြီး ‘အရှေ့ပိုင်းသား’ လို့ အနီးစပ်ဆုံး အဓိပ္ပာယ်ရပါတယ်။ နိုင်ငံခြားသားတွေနဲ့ တောင်တက်သမားတွေက ‘Sherpa’ ဆိုတဲ့ စကားလုံးကို လူမျိုးစုနာမည်တင်မကဘဲ လူမျိုးနဲ့ အလုပ်အကိုင်ကို ရောထွေးပြီး အမြင့်ပေမြင့် တောင်တက်လမ်းပြအဖြစ်ပါ အလွယ်ခေါ်တတ်ကြတာပေါ့။ ဒီမျိုးနွယ်စုက တိဘက်ပြည်တွင်းက ပဋိပက္ခတွေနဲ့ စစ်ဘေးဒဏ်တွေကို ရှောင်ဖို့အတွက် နီပေါနိုင်ငံ အရှေ့မြောက်ပိုင်းကို ပြောင်းရွေ့နေထိုင်ခဲ့ကြပါတယ်။ တောင်ခြေမှာ ရာစုနှစ်ပေါင်းများစွာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆားကုန်သွယ်ရေး လုပ်ခဲ့ကြပြီး ၂၀ ရာစုအစောပိုင်းမှာတော့ ဗြိတိသျှ တောင်တက်သမားတွေ ဟိမဝန္တာကို စတင်စူးစမ်းတဲ့အချိန်မှပဲ တောင်တက်ခြင်းလုပ်ငန်းကို စတင်ခဲ့ကြတာပါ။ အစောပိုင်းအချိန်တုန်းက မျိုးနွယ်ရဲ့ ယုံကြည်မှုအရ တောင်တန်းတွေက မြင့်မြတ်တာကြောင့် တောင်ပေါ်ကို လုံးဝမတက်ခဲ့ကြပါဘူး။ ‘ရှားပါး’ တွေက ဧ၀ရတ်တောင်ကို တိဘက်ဘာသာစကားဖြစ်တဲ့ “ချိုမိုလန်းမား” (Chomolungma) လို့ ခေါ်ကြပြီး ‛မိခင်ကမ္ဘာမြေကြီး’လို့ အဓိပ္ပာယ်ရပါတယ်။ သူတို့ရဲ့ အားသာချက်က အခြားတောင်တက်သမားတွေနဲ့ မတူဘဲ ဧ၀ရတ်တောင်လို အောက်စီဂျင်နည်းပါးတဲ့ အမြင့်ဒေသမှာ ကောင်းကောင်းရှင်သန်နိုင်တာပါ။ ဒီလို နေရာမှာ ကိုယ်ခံအားကောင်းဖို့အတွက် သူတို့ကို ကူညီပေးနေတဲ့ လျှို့ဝှက်ချက်တွေလဲ ရှိနေတာပေါ့။ ရှားပါး (Sherpa) လူမျိုးနဲ့ ဗီဇ သုံးမျိုး တောင်ပေါ်အမြင့်ဒေသမှာ သူတို့ရဲ့ ဇီ၀ခန္ဓာ ဘာကြောင့် ကောင်းကောင်းအလုပ်လုပ်နိုင်လဲဆိုရင် သာမန်လူတွေနဲ့မတူတဲ့ ဗီဇဖွဲ့စည်းပုံတွေကြောင့်ပါပဲ။ EPAS1 EPAS1 လို့ ခေါ်တဲ့ ဗီဇပြောင်းလဲမှုက ကိုယ်တွင်း သွေးနီဥပမာဏကို ညှိပေးတဲ့ စနစ်တစ်ခုပါ။ သာမန်လူတွေ တောင်ပေါ်တက်တဲ့အခါ အောက်စီဂျင် ပိုရနိုင်ဖို့ ခန္ဓာကိုယ်က သွေးနီဥဆဲလ်တွေ ပမာဏအဆမတန် တိုးထုတ်ပေးရပါတယ်။ ရလဒ်အနေနဲ့ သွေးပစ်ခဲပြီး လေဖြတ်တာ၊ အဆုတ်ဖောင်းတာမျိုးတွေ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ‘ရှားပါး’ တွေရဲ့ EPAS1 ဗီဇက အဲဒီသွေးနီဥ အရေအတွက်ကို ချိန်ညှိဖို့အတွက် HIF-2α လို့ ခေါ်တဲ့ ပရိုတင်းဓာတ်တစ်မျိုးကို ထုတ်ပေးတာပါ။ သူ့ရဲ့ အလုပ်လုပ်ပုံကို အဲကွန်းရဲ့ မီးအားထိန်းစနစ် (Safeguard) နဲ့ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။ မီးအား ဘယ်လောက်ပဲ အတက်အကျရှိရှိ ပုံမှန်ဖြစ်အောင် ထိန်းညှိပေးထားတော့ အဲကွန်းဆီကို မလိုအပ်တဲ့ ပြဿနာတွေ မရောက်တော့သလိုပေါ့။ နောက်ပြီးတော့ သူက နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးတဲ့ အဒရီနယ်လင် (Adrenaline) နဲ့ နော်အဒရီနယ်လင် (Noradrenaline) ဟော်မုန်းတွေကိုလဲ လိုအပ်သလောက်ပဲ ထွက်လာအောင် ကူညီပေးပါတယ်။ ဒါကြောင့် အောက်ဆီဂျင် အတော်လေး နည်းတဲ့ အခြေအနေမှာတောင် သာမန်လူတွေလို နှလုံးက သိပ်အားစိုက်စရာမလိုဘဲ နှလုံးရပ်တန့်ခြင်းဘေးကနေ အလိုအလျောက် ကာကွယ်ပေးထားသလို ဖြစ်စေပါတယ်။ EGLN1 EGLN1 ကတော့ အပေါ်ကပြောခဲ့တဲ့ EPAS1 နဲ့ ပြောင်းပြန်သဘောမျိုး လုပ်ဆောင်ပေးပါတယ်။ သွေးနီဥ ပမာဏများလာရင် သွေးပစ်ခဲပြီး သွေးကြောပိတ်တာမျိုး ဖြစ်နိုင်တာကြောင့် EGLN1 ဗီဇက PHD2 ဆိုတဲ့ အင်ဇိုင်းတွေ ထုတ်ပေးတာပါ။ သူ့အလုပ်လုပ်ပုံက အဲကွန်းရဲ့ အပူချိန် ထိန်းညှိကာကွယ်ရေးစနစ် (Overheated Protection) နဲ့ ဆင်တူပါတယ်။ ဒီစနစ်က ပရိုတင်းတွေကို အသစ်ထုတ်ပေးတာ မဟုတ်ဘဲ မလိုတာတွေကို ဖျက်ဆီးပစ်တာပါ။ HIF-2α ပရိုတင်းတွေ လိုတာထက် မပိုအောင် PHD2 ဆိုတဲ့ အင်ဇိုင်းတွေနဲ့ အချိန်ကိုက်ဖျက်စီးပြီး ထိန်းညှိပေးတာမျိုးပေါ့။ ဒါ့အပြင် အမြင့်ပေမြင့်ဒေသမှာ လှုပ်ရှားသွားလာတဲ့အခါ ကြွက်သားတွေဆီ အောက်စီဂျင် ပိုမိုပို့ဆောင်ပေးပြီး အမောခံနိုင်ရည် စွမ်းရည်ကိုလဲ တိုးမြှင့်ပေးပါတယ်။ PPARA
без подписи
သပွတ်အူသစ်ပင် အခန်းဆက်ဆောင်းပါးကို ဒီလင့်ခ်ကနေ အချိန်နဲ့တပြေးညီ စောင့်ကြည့်ဖတ်ရှုနိုင်ပါတယ်။ https://facthubmm.org/tangled-tree/
“သူ ကျွန်မကို သေသေချာချာ လက်တွဲခေါ်ခဲ့တာ” လို့ ဘိုးနန်က ပြန်ပြောင်းပြောပြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က အကြောင်းတွေကို စာရေးသူတို့ အော့တဝါ (Ottawa) တက္ကသိုလ်မှာ စမြုံ့ပြန်ဖြစ်ခဲ့ကြတာပါ။ အခုတော့ သူကိုယ်တိုင်လဲ ဆံပင်ဖြူဖြူနဲ့ မော်လီကျူးမျိုးရိုးဗီဇပညာမှာ အင်မတန်နှံ့စပ်တဲ့ ကျောင်းဆရာမတစ်ယောက်လို သိမ်သိမ်မွေ့မွေ့ ဇီဝဗေဒပါမောက္ခတစ်ဦး ဖြစ်နေပါပြီ။ “ဒီအလုပ်ရဲ့ နောက်ဆုံးရလဒ်က 'အဏုဇီဝပိုးမွှား X' အတွက် 'ကတ်တလောက်' (Catalog) တစ်ခု ရလာဖို့ပါပဲ” လို့ သူက ဆိုပါတယ်။ အဲဒီသက်ရှိရဲ့ 16S rRNA မော်လီကျူးထဲမှာ တွေ့ရတဲ့ မတူညီတဲ့ အပိုင်းအစလေးတွေရဲ့ စာရင်းပါပဲ။ ကတ်တလောက်ပေါ့။ တကယ်လို့သာ အပိုင်းအစလေးတွေက 'စကားလုံး' တွေဆိုရင် ဒီကတ်တလောက်တွေဟာ 'စာပိုဒ်' တွေ ဖြစ်လိမ့်မယ်။ ကတ်တလောက် တစ်ခုနဲ့တစ်ခု နှိုင်းယှဉ်ကြည့်တဲ့အခါ သက်ရှိနှစ်မျိုးကြားက ဆင်တူမှုအတိုင်းအတာကို သိပ်တိကျတဲ့ စံနှုန်းတစ်ခုနဲ့ သိနိုင်ပါတယ်။ ကွဲပြားမှု ပိုများလေ၊ ဆင့်ကဲဖြစ်စဉ် သမိုင်းကြောင်းအရ သူတို့ကြားက အချိန်ကာလ ပိုပြီး အလှမ်းဝေးလေပါပဲ။ ပင်စည်မကြီးကနေ ကိုင်းကြီးတွေ ဘယ်နေရာမှာ ခွဲထွက်သွားတာလဲ၊ ကိုင်းကြီးတွေကနေ ကိုင်းသေးလေးတွေ ဘယ်လိုထပ်ခွဲတာလဲ။ ပြီးတော့ ဘာကြောင့် အဲဒီနေရာမှာ၊ အဲဒီအချိန်မှာ ခွဲထွက်ရတာလဲ၊ ဘယ်လိုသတ္တဝါတွေဆီကို ဦးတည်သွားတာလဲ။ အချက်အလက်တွေ စုဆောင်းရပြီး ငြီးငွေ့စရာကောင်းတဲ့ နည်းလမ်းတွေရဲ့ အလွန်မှာ ဝုစ် တကယ်အဖြေရှာချင်နေတဲ့ မေးခွန်းတွေက ဒါတွေပါပဲ။ အလုပ်ရှင်အနေနဲ့ရော၊ ဆရာတစ်ယောက်အဖြစ်ပါ ကားလ်ဝုစ်က ဘယ်လိုလူစားမျိုးလဲလို့ ဘိုးနန်ကို စာရေးသူ မေးကြည့်ခဲ့ပါတယ်။ “သူ့ကို အလုပ်ရှင်တစ်ယောက်လို့ ကျွန်မ တစ်ခါမှ မခံစားရဖူးဘူး” လို့ သူက ပြောတယ်။ "စကားပြောသိမ်မွေ့ပြီး သိပ်အေးတဲ့သူ၊ သူ့ဘာသာပဲ ဖာသိဖာသာ နေတတ်တယ်။ ကျွန်မ အထင် ရှင်လဲ . . ." လို့ ပြောရင်း သူ ခေတ္တ တုံ့ဆိုင်းသွားပါတယ်။ “နေပါအုံး၊ ရှင်ကိုယ်တိုင်ရော သူ့ကို သိသလား။ လူကိုယ်တိုင် တွေ့ဖူးလား” တဲ့ . . . ။ တစ်ခါမှ မတွေ့ဖူးပါဘူး။ စာရေးသူ သူ့ကို အကျယ်တဝင့် မရှင်းပြတော့ပေမဲ့ တကယ့်အကြောင်းရင်းကတော့ ခပ်ရိုးရိုးပါ။ ဒီအကြောင်းတွေ စပြီး လိုက်လံစူးစမ်းဖို့ ပြင်ဆင်နေတဲ့အချိန် — ၂၀၁၂ ခုနှစ်နှောင်းပိုင်း — မှာပဲ ဝုစ် ကွယ်လွန်သွားခဲ့လို့ပါ။ သူဟာ မုန့်ချိုအိတ်ကင်ဆာ (pancreatic cancer) ဝေဒနာကို အပြင်းအထန် ခံစားခဲ့ရပြီး ရက်ပိုင်းအတွင်းမှာတင် တမဟုတ်ချင်း ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။ “လူတိုင်းအတွက် သူက 'ကားလ်' ပါပဲ” လို့ ဘိုးနန်က ဆိုတယ်။ “သူက အလုပ်ရှင်တစ်ယောက်လို မဟုတ်ခဲ့ဘူး။” ဘိုးနန်က သူ့ကိုယ်ပိုင်မှတ်တမ်းတွေထဲက အမှတ်တရ ဓာတ်ပုံတစ်ပုံကို စာရေးသူဆီ ထုတ်ပြတယ်။ ဝါစိမ်းရောင် မီးလင်းဖိုအောက်မှာ မေးစေ့ကို ခပ်တင်းတင်းစေ့ထားရင်း အနက်ရောင် အစက်အပြောက်တွေ မော့ကြည့်နေတဲ့ ကားလ်ဝုစ်ရဲ့ လူငယ်ဘဝပုံလေး။ ဆံပင်ညိုတိုတို၊ အစင်းကျား အားကစားရှပ်အင်္ကျီနဲ့ ရုတ်တရက်ကြည့်ရင် Beach Boys အဖွဲ့ဝင်တွေကြားထဲ စင်ပေါ်တက်ရသူ တစ်ယောက်လိုတောင် ခန့်ညားပြီး ခပ်လန်းလန်းရှိလှပါတယ်။ “ဒါ ကျွန်မဆီ ရှိတဲ့ တစ်ခုတည်းသော ပုံကောင်းလေးပါ” လို့ ဘိုးနန်က အားတုံ့အားနာ ပြောတယ်။ စာရေးသူ တွေးထင်ထားတာနဲ့ လုံးဝ ကွဲပြားနေတာပါ — စိတ်ထဲမှာ မြင်ယောင်ထားတာက နောက်ပိုင်းခေတ်က လူကြီး၊ ရှက်တတ်ပြီး ဂွကျတတ်သလို ဂုဏ်ဒြပ်လဲကြီးလှတဲ့ ဒေါက်တာ ကားလ်ဝုစ်ကိုပဲလေ။ သူက ရှက်တတ်တာတော့ ဟုတ်ပါတယ်လို့ ဘိုးနန်က ဆိုတယ်။ ဒါပေမဲ့ “ဂုဏ်ဒြပ်ကြီးတယ်” (august) ဆိုတာတော့ မဟုတ်ဘူး၊ အဲစကားလုံးက သူနဲ့ မလိုက်ဖက်သလို . . . ဒီနေရာမှာပဲ သူ့အသံ တိမ်ဝင်သွားတယ်။ ပြီးတော့မှ “ကျွန်မက သူ့ကို အချိန်တိုလေးအတွင်းမှာပဲ သိခဲ့တာ” လို့ ဖြည့်ပြောလေရဲ့။ ။ ===== (စာရေးဆရာ ဒေးဗစ်ကွမ်မန် (David Quammen) ရေးသားထုတ်ဝေတဲ့ The Tangled Tree (သပွတ်အူသစ်ပင်) ကို Fact Hub Myanmar ကနေ အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ တနင်္ဂနွေနေ့တိုင်း အခန်းဆက်ဘာသာပြန်အဖြစ် စာဖတ်သူတွေဆီ တင်ဆက်နေပါတယ်။ အခန်း ၂၊ ဘဝပုံစံကွဲမှာ ၁၉ ပိုင်း ပါဝင်ပြီး အခုက ခြောက်ပိုင်းမြောက်ပါ။ မကြာခင် အပိုင်း ၇ ကို ဆက်တင်ဆက်ပေးပါမယ်။) Written by - Zwe Thukha Min The copy-editing and editing stages for this content is still in-progress, and will be updated once it is finished. ©️ 𝟐𝟎𝟐𝟔-𝟐𝟎𝟐𝟕 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿 #Fact_Hub #Translation #Science #The_Tangled_Tree #David_Quammen #Evolution #Life #Chapter_2 #Part_6
ပြီးတော့မှ အဲဒီ ဂျယ်လ်ချောင်းလေးတွေကို အေးခဲအောင်လုပ်ပြီး ဘိုလော့ဂ်နာ (bologna) အသားချောင်းလေးတွေ ပါးပါးလှီးသလိုမျိုး ဓားတစ်ချောင်းနဲ့ တိတိကျကျ လှီးဖြတ်ရပါတယ်။ ဒီအလုပ်ကလဲ သိပ်မလွယ်ပါဘူး။ မပြတ်သင့်တဲ့ နေရာကနေ ပြတ်ကျသွားတာမျိုး ခဏခဏ ဖြစ်တတ်သလို အပူချိန်ကိုလဲ ကွက်တိဖြစ်နေအောင် ဂရုစိုက်ရပါတယ်။ ပြီးတော့ ဆိုဂင်က ပြောတယ် — “ဒါတွေက ရေဒီယိုသတ္တိတော်တော်ကြွနေတဲ့ ပစ္စည်းတွေဗျ”။ အဲနောက်မှာတော့ ဆိုဂင်က ၁၆-အက်စ် (16S) မော်လီကျူးတွေကို အင်ဇိုင်းတစ်ခုသုံးပြီး အပိုင်းငယ်လေးတွေဖြစ်အောင် ထပ်ခွဲလိုက်ပါတယ်။ အဲဒီ အပိုင်းအစလေးတွေကိုတော့ အရင်လို ဂျယ်လ်ဆလင်ဒါချောင်းထဲ မဟုတ်တော့ဘဲ စုပ်ယူမှုအားကောင်းတဲ့ အထူးစက္ကူပြား ပြေးလမ်းပေါ်မှာ ဒုတိယအဆင့်အနေနဲ့ ထပ်ပြီး ခွဲထုတ်ရပြန်တာပေါ့။ ရှည်လျားတဲ့ စက္ကူပြားရဲ့ တစ်ဖက်စွန်းကို (ဖရက်ဒရစ် ဆန်ဂါ တီထွင်ခဲ့လို့) ဆန်ဂါတင့် (Sanger tank) လို့ ခေါ်တဲ့ ဘတ်ဖာ (buffer) အရည်တွေ ထည့်ထားတဲ့ ကန်တစ်ခုထဲ ထည့်လိုက်ပါတယ်။ အဲဒီစက္ကူပြားက စင်တစ်ခုပေါ်ကနေ ဖြတ်သွားပြီး ကျန်တဲ့ တစ်ဖက်စွန်းကတော့ နောက်ထပ် ဆန်ဂါတင့်တစ်ခုထဲကို ကျပါတယ်။ ဒီကန်နှစ်ခုလုံးကိုတော့ လျှပ်စစ်ဓာတ်အားပေးမဲ့ စက်တစ်ခုနဲ့ ချိတ်ဆက်ထားတာပါ။ ကန်တွေရဲ့ အောက်ခြေမှာ ဗို့အားမြင့် ပလက်တီနမ် လျှပ်ခေါင်း (electrodes) တွေ ရှိပါတယ်။ အဲဒီလျှပ်ခေါင်းတွေကို သုံးလက်မလောက်ရှိတဲ့ ဘတ်ဖာအရည်နဲ့ အရင်ဖုံးထားပြီး အပေါ်ကနေ စက္ကူပြားကို အအေးခံဖို့အတွက် “ဗာဆို” (Varsol) လို့ခေါ်တဲ့ (ဆေးသုတ်ရင် သုံးတဲ့ သင်နာ - Thinner နဲ့ ခပ်ဆင်ဆင်) အရည်ကို ၁၅ လက်မလောက် အနည်းဆုံး ထပ်လောင်းထည့်ထားပါတယ်။ “ဗာဆိုက အငွေ့ပျံလွယ်သလို ပေါက်ကွဲလဲ လွယ်တယ်” လို့ ဆိုဂင်က ပြောပြတယ်။ အဲတုန်းက လျှပ်စစ်အားက ဗို့အား ၃,၅၀၀ ဝန်းကျင်နဲ့ အမ်ပီယာ (amps) လည်း အတော်များတယ်လို့ သူက ဆိုတယ်။ “လူတစ်ယောက်ကို သေစေဖို့ သေချာပေါက် လုံလောက်တဲ့ ပမာဏပေါ့” တဲ့။ မတော်တဆ မီးပွားလေးတစ်ခုခုသာ ဗာဆိုအရည်ထဲ လွင့်စင်သွားရင် ခင်ဗျားကိုပါ တစ်စစီဖြစ်အောင် ဖောက်ခွဲလိုက်နိုင်တဲ့ အားမျိုး။ ဒီအန္တရာယ်များပြီး ရှုပ်ထွေးလှတဲ့ စက်ကိရိယာ အစုအဝေးကြီးတစ်ခုလုံးကို ဓာတ်ခွဲခန်းမကြီးရဲ့ ဘေးကပ်လျက်က “လျှပ်ခွဲထုတ်ခန်း” (electrophoresis room) လို့ ခေါ်တဲ့ အခန်းကျဉ်းလေးထဲက အကာအကွယ်အဖုံး (shielding hood) တစ်ခုထဲ ထည့်ထားတာပါ။ ဒီနေရာကို ကြမ်းပြင်ကနေ မျက်နှာကျက်အထိ အပြည့်ရှိတဲ့ လျှောတံခါးကြီးတွေနဲ့ ပိတ်ထားလို့ ရတယ်။ စနစ်တစ်ခုလုံးကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပြီးတာနဲ့ တံခါးတွေ ပိတ်၊ လျှပ်စစ်လွှတ်လိုက်ပြီး ဘာအမှားအယွင်းမှ မရှိပါစေနဲ့လို့ပဲ ဆုတောင်းရတာပေါ့။ “အဲတုန်းက ကျွန်တော် ဘာမှ ကြောက်ရကောင်းမှန်း မသိလောက်အောင်ကို အူအခဲ့တာပါ” လို့ ဆိုဂင်က စာရေးသူကို ပြောပြပါတယ်။ “သိပ်လဲ ရိုးလွန်းတယ်၊ အသက်ကလဲ ငယ်ငယ်၊ ဘယ်တော့မှ မသေဘူးလို့ ထင်ခဲ့တာ” . . . ။ ဆိုဂင် ကံတော့ကောင်းရှာတယ်၊ တခြားဘယ်သူမှလဲ ထိခိုက်ဒဏ်ရာ မရလိုက်ပါဘူး။ ဆိုဂင်တစ်ယောက် သူ့ပါရဂူဘွဲ့ပြီးဆုံးလို့ ထွက်ခွာဖို့ ပြင်ဆင်နေချိန်မှာပဲ ဝုစ်က လင်ဒါ ဘိုးနန် (Linda Bonen) အမည်ရ အမျိုးသမီးငယ်တစ်ဦးကို နည်းပညာပိုင်းဆိုင်ရာအတွက် အလုပ်ခန့်လိုက်ပါတယ်။ ဒီတိုင်းပဲ တခြားအဆောက်အအုံတစ်ခုကနေ တန်းဝင်လာပြီး အလုပ်ရသွားတာ။ ကနေဒါနိုင်ငံ၊ အွန်တေးရီးယိုးပြည်နယ်ရဲ့ တောမြို့လေးမှာ ကြီးပြင်းခဲ့တဲ့ လင်ဒါဟာ အီလီနွိုင်းတက္ကသိုလ်မှာ ဇီဝရူပဗေဒ (biophysics) နဲ့ မာစတာဘွဲ့ ယူထားသူ ဖြစ်ပါတယ်။ ဝုစ်ဟာ လင်ဒါ့ကို ဒီဓာတ်ခွဲခန်းအလုပ်တွေအကြောင်း အနီးကပ်သင်ကြားပေးခဲ့ပါတယ်။ RNA တွေကို အပိုင်းငယ်လေးတွေဖြစ်အောင် ဘယ်လိုဖြတ်တောက်မလဲ၊ လျှပ်စီးကြောင်းသုံးပြီး နှစ်ဖက်မြင်ပုံစံ ဘယ်လို ခွဲထုတ်ရမလဲ၊ ဖလင်တွေကို ဘယ်လိုပြင်ဆင်မလဲ ဆိုတာမျိုးပေါ့။ ဒါတင်မကသေးဘဲ ဖလင်ပေါ်က အစက်ကလေးတွေကို ကြည့်ပြီး ဘယ်မော်လီကျူး အပိုင်းအစက ဘယ်အက္ခရာစုလေးတွေကို ကိုယ်စားပြုသလဲ ကောက်ချက်ချပုံကိုပါ နည်းနည်းပါးပါး လက်ဆင့်ကမ်းလိုက်သေးတယ်။ အဲဒီ အက္ခရာလေးတွေကို ခွဲခြားရတာက တစ်ခါတလေကျရင် သိပ်ခက်ခဲတယ်။ UCUCG လား၊ UUUCG လား ဆိုတာမျိုးပေါ့။ ဒါပေမဲ့ GAAGU ဆိုတာမျိုးကျတော့လဲ သိသိသာသာ ကွဲထွက်နေပြန်တာပဲ။ ဝုစ်ကတော့ ဒီအလုပ်တွေနဲ့ သူတို့ရဲ့ အနှစ်သာရတွေကို လင်ဒါ့ကို စိတ်ရှည်လက်ရှည်နဲ့ပဲ သေသေချာချာ လေ့ကျင့်သင်ကြားပေးခဲ့တာပေါ့။
ဒုတိယအဆင့် ခွဲထုတ်ပြီးချိန်မှာ မော်လီကျူးစဉ်တန်းတွေက မပြတ်သားတာ (ဝေဝါးနေတာမျိုး) မကြာခဏ ဖြစ်တတ်ပါတယ် — ပိုရှည်တဲ့ အပိုင်းလေးတွေမှာဆို အဖြစ်များတာမျိုး။ ဒီ့အခါမှာတော့ တခြားအင်ဇိုင်းတွေကို သုံးပြီး ထပ်ဖြတ်တောက်ရသလို တတိယအဆင့်အနေနဲ့လဲ နောက်တစ်ကြိမ် ပြန်ခွဲထုတ်ရပြန်ပါတယ်။ ရှားရှားပါးပါး စတုတ္ထအဆင့်ထိ လုပ်ရတာမျိုးလဲ ရှိနိုင်ပေမဲ့ မလိုအပ်သလို လက်တွေ့မှာလဲ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေကို ကျွေးထားတဲ့ ရေဒီယိုသတ္တိကြွ ဖော့စဖရပ်ရဲ့ သက်တမ်းဝက် (Half-life) က သိပ်တိုတာကြောင့် ဓာတ်ရောင်ခြည်တွေ ခပ်မြန်မြန်ပဲ အားပျော့သွားတတ်လို့ပါ။ နှစ်ပတ်လောက် ကြာသွားပြီးရင် အဲအပိုင်းလေးတွေက ဖလင်ပြားပေါ်မှာ ပုံရိပ်ဆက်ထင်နိုင်စွမ်း မရှိတော့ပါဘူး။ သို့သော်လဲ အတွေ့အကြုံ ရလာတာနဲ့အမျှ ဝုစ်ဟာ ဒီအပိုင်းအစတွေကို ဘယ်လိုဖြတ်တောက်ရမလဲ ကောင်းကောင်းသိလာပြီး အလုပ်အားလုံးကို အများဆုံး အဆင့် ၃ ဆင့်တည်းမှာတင် အချောသတ်လာနိုင်ပါတော့တယ်။ မစ်ချယ် ဆိုဂင်နဲ့ သူ့နောက်က ကျောင်းသားတွေကတော့ အဏုဇီဝပိုးတွေ မွေးမြူတာ၊ RNA ထုတ်ယူတာ၊ အပိုင်းအစလေးတွေဖြစ်အောင် ဖြတ်တောက်တာနဲ့ လျှပ်စစ်နဲ့ ခွဲထုတ်တာ (electrophoresis) တွေကို တာဝန်ယူ လုပ်ဆောင်ခဲ့ကြပါတယ်။ သူတို့ဟာ ဖြတ်တောက်တဲ့နေရာမှာ အင်ဇိုင်းအသစ်တွေ သုံးတာ၊ နည်းစနစ်တွေကို ပြုပြင်မွမ်းမံတာတွေ လုပ်ရင်းနဲ့ ဒီပညာရပ်ကို ပိုပြီး တိုးတက်အောင် လုပ်ခဲ့ကြတာပါ။ ဒါကြောင့် ၁၉၇၃ ခုနှစ်ဝန်းကျင်မှာ ဝုစ်ရဲ့ ဓာတ်ခွဲခန်းဟာ ဆန်ဂါ့နည်းလမ်းသုံး RNA စဉ်တန်းဖော်ထုတ်တဲ့ (RNA sequencing) နည်းပညာမှာ ကမ္ဘာ့အကျွမ်းကျင်ဆုံး ဖြစ်လာပါတော့တယ်။ ပါရဂူကျောင်းသားတွေနဲ့ နည်းပညာရှင်တွေက မော်လီကျူးလက်ဗွေရာတွေ ထုတ်လုပ်ပေးနေချိန်မှာ ဝုစ်ဟာ သူ့အချိန်အများစုကို အဲဒီအစက်ကလေးတွေ စိုက်ကြည့်ရင်းပဲ ကုန်လွန်စေခဲ့ပါတယ်။ သိပ်ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဒီအလုပ်မျိုးမှာ အားစိုက်ထုတ်ရတာနဲ့ ညီမျှတဲ့ အကျိုးရလဒ်မျိုး ရှိသလားလို့ မေးစရာပါပဲ။ ရှိပါတယ်။ “ဝုစ်ရေ၊ ဒီနေ့လဲ မင်းဦးနှောက်ထုံစရာအလုပ်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးခဲ့ပြန်ပြီ” လို့ ညည်းတွားရင်း အလုပ်ကနေ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတဲ့ နေ့တွေ အများကြီးရှိခဲ့တယ်လို့ ဝုစ်က နောက်ပိုင်း ပြန်ပြောင်းရေးသားခဲ့ပါတယ်။ ၁၉၆၈ ကနေ ၁၉၇၇ ခုနှစ်အထိ ကြားကာလတွေဟာ သိပ်ကို အထီးကျန်ပြီး ရှည်လျားလွန်းလှပါတယ်။ ဒီဘက်ခေတ်မှာ အခုလို မျိုးဗီဇစဉ်တန်း ဖော်ထုတ်တာက အချိန်ခဏလေးနဲ့ ပြီးသွားနိုင်ပေမဲ့ ဝုစ်တုန်းကတော့ သူဟာ သူ့ခေတ်ထက် အများကြီးရှေ့ရောက်နေခဲ့သူ ဖြစ်လို့ အချက်အလက်တွေကို စုဆောင်းခဲ့ရပုံက သဲကန္တာရထဲမှာ လက်နဲ့ ဒူးနဲ့တိုက်ပြီး တရွေ့ရွေ့ သွားနေရသလိုမျိုး သိပ်ကို ခက်ခဲပင်ပန်းလှပါတယ်။ ခိုင်မာတဲ့ ရည်မှန်းချက်သာ မရှိရင် ဒါကို သူ ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဝုစ်ရဲ့ လက်ထောက်၊ ဒါမှမဟုတ် ကျောင်းသားဖြစ်ဖို့ကလဲ တကယ့်ကို ကြံ့ကြံ့ခံဇွဲသန်ဖို့ လိုပါတယ်။ ၁၉၇၂ ခုနှစ်ဝန်းကျင်က ဓာတ်ခွဲခန်း အခြေအနေကို ဆိုဂင် ပြန်ပြောပြတာအရ နှစ်ပတ်ကိုတစ်ခါ တနင်္လာနေ့တိုင်း ရေဒီယိုသတ္တိကြွ ဖော့စဖရပ် (P-32) တွေ အမြောက်အမြား ရောက်လာတတ်တယ်လို့ ဆိုပါတယ်။ အဲဒီပစ္စည်းတွေက ပို့ဆောင်သူအတွက်ပဲ ဘေးကင်းအောင် လုပ်ထားတဲ့ ခဲဘူး (lead "pig") ထဲ ထည့်ထားတာ ဖြစ်ပြီး ဖွင့်ကြည့်မဲ့သူအတွက် အကာအကွယ် မပါပါဘူး။ ဆိုဂင်က ဒီအရည်တွေကို တိုင်းထွာပြီး သူလေ့လာမဲ့ ဘက်တီးရီးယားတွေထဲ ထည့်ပေးရပါတယ်။ “ကျွန်တော် P-32 ကို သုံးပြီး သက်ရှိတွေ မွေးခဲ့တာ တကယ်ရူးချင်စရာပဲ။ အခုထိ ဘယ်လိုတောင် ဆက်အသက်ရှင်နေနိုင်သေးလဲ မသိဘူး” လို့ သူက သာမန်အမှတ်တရတစ်ခုလိုပဲ ပြန်ပြောပြတာပါ။ ဘက်တီးရီးယားတွေက တခြား ဖော့စဖရပ် အာဟာရ မရှိတော့တဲ့အခါ အဲဒီ ရေဒီယိုသတ္တိကြွပစ္စည်းတွေကိုပဲ အငမ်းမရ စားသုံးပြီး သူတို့ရဲ့ မော်လီကျူးတွေထဲ ထည့်လိုက်ကြတာပေါ့။ ဒီ့နောက်မှာတော့ ဓာတ်ခွဲခန်းထဲ ရေဒီယိုသတ္တိကြွမှုတွေ ပျံ့မသွားအောင် သေချာထိန်းသိမ်းရင်း ရိုင်ဘိုဆုမ်း RNA တွေကို ထုတ်ယူရပါတယ်။ ဒီလိုပဲ မျှော်တလင့်လင့်နဲ့ လုပ်ရတာပေါ့လေ။ ၁၆-အက်စ် (16S) ကို တခြား ရိုင်ဘိုဆုမ်း အပိုင်းအစတွေထဲကနေ ခွဲထုတ်ဖို့အတွက် သူဟာ ကိုယ်တိုင်လုပ်ထားတဲ့ လျှပ်စစ်ခွဲထုတ်စက် (electrophoresis units) တွေကို သုံးခဲ့ပါတယ် — မော်လီကျူး အပိုင်းငယ်လေးတွေကို အရှိန်အမျိုးမျိုးနဲ့ ဖြတ်သန်းစေမဲ့ အခရိုင်းလာမိုက် ဂျယ်လ် (acrylamide gel) ဆလင်ဒါချောင်းလေးတွေပေါ့။ (အခရိုင်းလာမိုက်က သိပ္ပံမှာတင်မကဘဲ စက်မှုလုပ်ငန်းတွေမှာလဲ သုံးတတ်တဲ့ ရေမှာပျော်ဝင်နိုင်စွမ်းရှိတဲ့ ပျစ်တစ်တစ် ပစ္စည်းတစ်မျိုးပါ။)