tgindex
O D I N : The Nexus Team

O D I N : The Nexus Team

Статистика

( O D I N ) Team မှ အသိပညာနှင့် ဗဟုသုတ အချက်အလက်များ ‌မျှဝေပေးရန်အတွက် ပြုလုပ်ထားသော Channel ဖြစ်ပါသည်။ Facebook Page: https://www.facebook.com/odin.myanmar YouTube Channel https://youtube.com/@odin.burmese

Последний пост
11 апр.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
27
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
1 737
+1 за 4 дн.
Сутки
−1
−0,06%
Неделя
 
Месяц
 
Просмотров на пост
1 634
24 постов
Вовлечённость
94,1%
к подписчикам
Постов в день
0,0
всего 27
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • без подписи

  • ကမ္ဘာ့စာပေနဲ့ ရုပ်ရှင်တွေမှာ အခမ်းနားဆုံး ပုံဖော်ခံခဲ့ရတဲ့ ဗြိတိန်ဘုရင်ကြီးဟာ တကယ်ရော အသက်ရှင် နေထိုင်ခဲ့ပါသလား။ လှပစွာ ရေးဖွဲ့ထားတဲ့ ဒဏ္ဍာရီတွေနဲ့ ရာစုနှစ်ပေါင်းများစွာ ယုံကြည်မှုတွေကို ခေတ္တ ဘေးဖယ်ထားပြီး သမိုင်းပညာရှင်တွေရဲ့ မှန်ဘီလူးကနေ ကြည့်တဲ့အခါ အဖြေက ကျွန်တော်တို့ ထင်ထားသလို ဖြစ်မနေခဲ့ပါဘူး။ ခေတ်သစ် သမိုင်းပညာရှင် အများစုနဲ့ ပညာရှင် အသိုင်းအဝိုင်းကတော့ "အာသာ မင်းကြီး" ဆိုတာ သမိုင်းမှာ အမှန်တကယ် မရှိခဲ့ဘဲ၊ ဒဏ္ဍာရီဆန်ဆန် ဖန်တီးထားတဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် ရိုးရာပုံပြင်တွေထဲက ဇာတ်ကောင်တစ်ခုအဖြစ်သာ အခိုင်အမာ သတ်မှတ်ထားကြပါတယ်။ တချို့ကလည်း သူ့ကို သူရဲကောင်းပေါင်းများစွာရဲ့ အဖြစ်အပျက်တွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ပေါင်းထုပ်ကြီးတစ်ခုအဖြစ် ယူဆကြပါတယ်။ ပုံပြင်တွေနဲ့ မှတ်တမ်းတွေအရ အာသာ မင်းကြီးဟာ ၅ ရာစုနှောင်းပိုင်းနဲ့ ၆ ရာစု အစောပိုင်းလောက်က ဗြိတိန်ကို ကျူးကျော်လာတဲ့ အင်္ဂလို-ဆက်ခ်ဆွန် (Anglo-Saxon) တွေကို ခုခံတိုက်ခိုက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက အဲ့ဒီခေတ်ကာလကနေ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တစ်ခုတည်းသော ခေတ်ပြိုင် မှတ်တမ်းကို ရေးသားခဲ့သူ ဝေလဘုန်းတော်ကြီး ဂီးလ်ဒက်စ် (Gildas) ရဲ့ စာအုပ်မှာ အာသာဆိုတဲ့ နာမည် လုံးဝ မပါဝင်ခဲ့ပါဘူး။ ဂီးလ်ဒက်စ်ဟာ ဆက်ခ်ဆွန်တွေကို ကြီးကြီးကျယ်ကျယ် အနိုင်ရခဲ့တဲ့ ဘဒွန် (Badon) တိုက်ပွဲအကြောင်းကို ရေးသားခဲ့ပေမဲ့၊ အဲ့ဒီတိုက်ပွဲကို ဦးဆောင်ခဲ့တယ်လို့ နောင်ရာစုနှစ်တွေမှာ နာမည်ကြီးလာမယ့် အာသာ မင်းကြီးအကြောင်းကိုတော့ တစ်လုံး တပါဒမှ ထည့်သွင်း မရေးသားခဲ့တာပါပဲ။ "အာသာ" ဆိုတဲ့ နာမည်ကို ပထမဆုံး စတွေ့ရတာက အေဒီ ၆၀၀ ဝန်းကျင်လောက်က ရေးသားခဲ့တဲ့ Y Gododdin ဆိုတဲ့ ဝေလ ကဗျာတစ်ပုဒ်မှာ ဖြစ်ပါတယ်။ အဲ့ဒီကဗျာမှာ စစ်သည်တော်တစ်ဦးရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးရာမှာ "အာသာလောက်တော့ ဘယ်ဟုတ်လိမ့်မလဲ" ဆိုပြီး ခိုင်းနှိုင်းထားတာကို တွေ့ရပါတယ်။ ဒါက အာသာဆိုတာ အဲ့ဒီခေတ်ကတည်းက ဒဏ္ဍာရီလာ စံပြ သူရဲကောင်းကြီး တစ်ဦး ဖြစ်နေပြီဆိုတာကို ညွှန်ပြနေပါတယ်။ ၉ ရာစုကို ရောက်လာတဲ့အခါမှာတော့ Historia Brittonum (ဗြိတသျှ ရာဇဝင်) မှတ်တမ်းမှာ အာသာကို ဘုရင်တစ်ပါး မဟုတ်ဘဲ စစ်သေနာပတိ (dux bellorum) တစ်ဦးအဖြစ် စတင်ဖော်ပြလာပါတယ်။ သူဟာ ဘဒွန်တိုက်ပွဲ အပါအဝင် တိုက်ပွဲပေါင်း ၁၂ ပွဲကို ဆင်နွှဲခဲ့တယ်လို့ ဆိုထားပြီး၊ သူတစ်ယောက်တည်းကပဲ ရန်သူ ၉၄၀ ကို တကိုယ်တော် နှိမ်နင်းခဲ့တယ်ဆိုကာ ဒဏ္ဍာရီဆန်ဆန်လည်း ချဲ့ကား အမွှမ်းတင် ရေးသားထားပါသေးတယ်။ ၁၀ ရာစုမှာ ထွက်ပေါ်လာတဲ့ Annales Cambriae မှတ်တမ်းမှာလည်း ၅၃၇ ခုနှစ် ကမ်လန် (Camlann) တိုက်ပွဲမှာ အာသာနဲ့ မက်ဒရောက် (Medraut) တို့ ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကျွန်တော်တို့ အခုခေတ်မှာ သိကြတဲ့ မှော်ဆရာ မာလင်၊ ကမ်းမလော့ နန်းတော် နဲ့ စားပွဲဝိုင်း သူရဲကောင်းတွေ ပါဝင်တဲ့ "အာသာမင်း ပုံပြင်ကြီး" တစ်ခုလုံးနီးပါးဟာဆိုရင်တော့ ၁၂ ရာစုရောက်မှ ပေါ်လာတာပါ။ ဂျက်ဖရီ အော့ဖ် မွန်မောက် (Geoffrey of Monmouth) ဆိုသူက ဖန်တီးခဲ့တာဖြစ်ပြီး သူဟာ ဝေလရိုးရာပုံပြင်တွေကို အခြေခံကာ Historia Regum Britanniae (ဗြိတိန်ဘုရင်များ၏ သမိုင်း) ဆိုတဲ့ စာအုပ်ကို စိတ်ကူးယဉ် ရေးဖွဲ့ခဲ့ရာကနေ အာသာဟာ ဩဇာကြီးမားတဲ့ ခရစ်ယာန် ဘုရင်ကြီး တစ်ပါးအဖြစ် ဖော်ပြခံရပြီး ကမ္ဘာကျော်သွားခဲ့တာပါ။ ဒါဆို အာသာ မင်းကြီးသာ အပြင်မှာ တကယ်ရှိခဲ့မယ် ဆိုရင်ရောလို့ မေးစရာရှိလာပြန်ပါတယ်။ တကယ်လို့ အာသာသာ သမိုင်းမှာ တကယ်ရှိခဲ့မယ်ဆိုရင် သူဟာ ဒဏ္ဍာရီထဲကလို ရွှေသရဖူဆောင်းတဲ့ ပြည့်ရှင်တစ်ပါး မဟုတ်ဘဲ၊ ဆက်ခ်ဆွန်တွေကို ခုခံခဲ့တဲ့ ရောမ-ဗြိတိန် စစ်ခေါင်းဆောင် တစ်ဦးသာ ဖြစ်နိုင်ချေရှိပါတယ်။ တချို့သော ပညာရှင်တွေကတော့ "အာသာ" ဆိုတဲ့ နာမည်ဟာ အေဒီ ၂ ရာစုက ဗြိတိန်မှာ အမှုထမ်းခဲ့တဲ့ ရောမစစ်သူကြီး လူစီယက်စ် အာတိုးရီးယပ်စ် ကက်စတက်စ် (Lucius Artorius Castus) ဆီကနေ ဆင်းသက်လာတယ်လို့ ယူဆကြပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာ သီအိုရီတစ်ခုမှာတော့ အာသာ ဆိုတဲ့ နာမည်ပိုင်ရှင်ဟာ၊ မူလက မေ့ပျောက်လုနီးပါး ဖြစ်နေတဲ့ ကဲ့လ်တစ် (Celtic) ရိုးရာ နတ်ဘုရားတစ်ပါး ဖြစ်ပြီး၊ နောက်ပိုင်းမှသာ သမိုင်းဝင် လူသား စစ်သူကြီးတစ်ဦးအဖြစ် ပြောင်းလဲ မှတ်တမ်းတင်ခံလိုက်ရတာလို့ ဖော်ပြထားပါတယ်။ အချုပ်ဆိုရရင်တော့ အာသာမင်းကြီးဟာ သမိုင်းမှာ အမှန်တကယ် ရှိခဲ့သလားဆိုတာကို ဘယ်တော့မှ အတိအကျ သိနိုင်တော့မှာ မဟုတ်ပါဘူး။ အထောက်အထားတွေက မှေးမှိန်လွန်းနေပေမဲ့၊ သူရဲကောင်းဆန်တဲ့ သူ့ရဲ့ ပုံပြင်တွေကတော့ ရာစုနှစ်ပေါင်းများစွာ ကျော်လွန်ပြီး ဒီကနေ့တိုင် ကမ္ဘာတလွှားမှာ မသိသူမရှိအောင် ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ ◻️ Author - Udin References for content ➤ Historic UK ➤ Britannica ➤ The British Library ⓒ copyright 2023 - 2026 | O D I N #KingArthur #History #Myth #Britain #Legend #Arthurian #Udin #အာသာ #ဘုရင် #သမိုင်း

  • O D I N : The Nexus Team pinned «❝ သမိုင်းဆိုတာ အတိတ်က အဖြစ်အပျက်တွေ စုဝေးရာသက်သက်တင် မဟုတ်ပါဘူး။ တိုက်ဆိုင်မှုတွေ၊ အပြောင်းအလဲတွေနဲ့ ကမ္ဘာကြီးကို ပုံဖော်ခဲ့တဲ့ နေ့ရက်တွေရဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၈ ရက်နေ့ဟာလည်း ကမ္ဘာ့သမိုင်းမှာ မေ့ဖျောက်လို့မရတဲ့ အရေးပါတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့…»

  • без подписи

  • ❝ သမိုင်းဆိုတာ အတိတ်က အဖြစ်အပျက်တွေ စုဝေးရာသက်သက်တင် မဟုတ်ပါဘူး။ တိုက်ဆိုင်မှုတွေ၊ အပြောင်းအလဲတွေနဲ့ ကမ္ဘာကြီးကို ပုံဖော်ခဲ့တဲ့ နေ့ရက်တွေရဲ့ မှတ်တမ်းပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဧပြီလ ၈ ရက်နေ့ဟာလည်း ကမ္ဘာ့သမိုင်းမှာ မေ့ဖျောက်လို့မရတဲ့ အရေးပါတဲ့ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ပါ ❞ ဧပြီလ ၈ ရက်နေ့ဆိုတာ ကွဲပြားတဲ့ နယ်ပယ်အသီးသီးက ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး နှစ်ဦး တိုက်ဆိုင်စွာ ကွယ်လွန်ခဲ့တဲ့နေ့ ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်ရဲ့ ဒီနေ့မှာတော့ ခေတ်သစ်အနုပညာ (Modern Arts) ကို တစ်ဖန်ပြန်လည် အသက်သွင်းခဲ့သူ၊ နာမည်ကျော် စပိန်ပန်းချီဆရာကြီး ပါဗလို ပီကာဆို (Pablo Picasso) ဟာ ကမ္ဘာကြီးကို နှုတ်ဆက်သွားခဲ့ပါတယ်။ သူကွယ်လွန်ပြီး အနှစ် ၄၀ တိတိအကြာ၊ ၂၀၁၃ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာတော့ ကမ္ဘာ့နိုင်ငံရေးစင်မြင့်မှာ "သံမဏိအမျိုးသမီး (Iron Lady)" လို့ တင်စားခံရတဲ့ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးသော အမျိုးသမီး ဝန်ကြီးချုပ် မာဂရက် သက်ချာ (Margaret Thatcher) ဟာ ကွယ်လွန်ခဲ့ပြန်ပါတယ်။ တစ်ဦးက စုတ်တံနဲ့ ကမ္ဘာကို ဆေးခြယ်ခဲ့ပြီး၊ နောက်တစ်ဦးကတော့ သံမဏိလို မာကျောတဲ့ ဆုံးဖြတ်ချက်တွေနဲ့ သမိုင်းကို ထုဆစ်ခဲ့ပေမဲ့ သူတို့နှစ်ဦးစလုံးရဲ့ ဇာတ်သိမ်းခန်းဟာ ဧပြီလ ၈ ရက်နေ့မှာပဲ တိုက်ဆိုင်စွာ အဆုံးသတ်ခဲ့ပါတယ်။ ဆုံးရှုံးမှုတွေ ရှိသလို၊ ကြီးကျယ်ခမ်းနားတဲ့ မွေးဖွားမှုတွေလည်း ဒီနေ့မှာ ရှိခဲ့ပါတယ်။ ၁၉၃၈ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာ နောင်တစ်ချိန်အတွက် ကမ္ဘာ့ငြိမ်းချမ်းရေးစင်မြင့်အထက် အရေးအပါဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာမယ့် ၊ ‌မြန်မာလူမျိုး‌တွေ မော်ဂန် ဖရီးမန်းနဲ့ မှားတတ်ကြတဲ့ ကိုဖီ အာနန် (Kofi Annan) ကို မွေးဖွားခဲ့ပါတယ်။ သူဟာ ကုလသမဂ္ဂရဲ့ ၇ ဆက်မြောက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့အထိ သမိုင်းမှာ အမှတ်သညာတစ်ခု ချန်ရစ်နိုင်ခဲ့သူပါ။ လူပုဂ္ဂိုလ်တွေအပြင် နိုင်ငံရေးစနစ် ပြောင်းလဲမှုကြီးတစ်ခုလည်း ဒီနေ့မှာ ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ၁၉၁၃ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် (၁၇) ကို သမိုင်းဝင် အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ ဒီ့မတိုင်ခင်က အမေရိကန် အထက်လွှတ်တော်အမတ်တွေကို ပြည်နယ်လွှတ်တော်တွေကသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ပြင်ဆင်ချက် ပြဋ္ဌာန်းလိုက်တဲ့ နေ့ကစပြီး အထက်လွှတ်တော်အမတ်တွေကို ပြည်သူတွေက တိုက်ရိုက် မဲပေးရွေးကောက်တင်မြှောက်ခွင့် ရရှိသွားခဲ့ပါတယ်။ ဒါဟာ အမေရိကန် ဒီမိုကရေစီ သမိုင်းမှာ ပြည်သူ့အာဏာကို ပိုမို ခိုင်မာစေခဲ့တဲ့ အကြီးမားဆုံး ခြေလှမ်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ သမိုင်းဆိုတာ ဒီလိုပါပဲ။ လူတွေ မွေးဖွားလာကြတယ်၊ ကွယ်လွန်သွားကြတယ်၊ စနစ်တွေ ပြောင်းလဲသွားကြပါတယ်။ ဒါပေမဲ့ ဧပြီလ ၈ ရက်နေ့လို နေ့ရက်တွေကတော့ သမိုင်းစာမျက်နှာထက်မှာ အမြဲတမ်း ရှင်သန်နေဦးမှာပါ။ အဆုံးထိဖတ်ရှုပေးခဲ့ကြသူတိုင်းကို ကျေးဇူးတင်ပါတယ်။ စာတည်း - O D I N | The Nexus Team #TodayInHistory #သမိုင်းထဲကဒီနေ့ #History #သမိုင်း #OnThisDay #April8 #ဧပြီ၈ #MargaretThatcher #PabloPicasso #KofiAnnan #IronLady #Picasso #Art #Politics #Democracy #USHistory #Peace #အနုပညာ #နိုင်ငံရေး #ဒီမိုကရေစီ #Udin #ODIN@OdinMyanmarFacts

  • O D I N : The Nexus Team pinned «🏛 ကမ္ဘာ့ပထမဆုံး စူပါပါဝါဖြစ်ခဲ့တဲ့ ပါရှန်းအင်ပါယာ အကြောင်း တစေ့တစောင်း အလက်ဇန္ဒား သယ်ဂရိတ်နဲ့ ရောမအင်ပါယာတို့ မပေါ်ပေါက်ခင်ကတည်းက ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ ပါရှန်းအင်ပါယာ (Persian Empire) အကြောင်း သိမှတ်ဖွယ်ရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။…»

  • Admin Juno ရေးသားထားတဲ့ ပါရှန်းအင်ပါယာအကြောင်း အပိုင်း - ၁၊ အသေးစိတ်ကို O D I N ရဲ့ Facebook စာမျက်နှာမှာ ဖတ်ရှုနိုင်ပါတယ်။ https://www.facebook.com/share/p/1HPFaBLc3K/

  • 🏛 ကမ္ဘာ့ပထမဆုံး စူပါပါဝါဖြစ်ခဲ့တဲ့ ပါရှန်းအင်ပါယာ အကြောင်း တစေ့တစောင်း အလက်ဇန္ဒား သယ်ဂရိတ်နဲ့ ရောမအင်ပါယာတို့ မပေါ်ပေါက်ခင်ကတည်းက ကမ္ဘာကြီးကို လွှမ်းမိုးထားနိုင်ခဲ့တဲ့ ပါရှန်းအင်ပါယာ (Persian Empire) အကြောင်း သိမှတ်ဖွယ်ရာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ အပိုင်း - ၁ ၅၅၀ ဘီစီအီးလောက်မှာ ဆိုင်းရပ်စ် သယ်ဂရိတ် (Cyrus the Great) က စတင်တည်ထောင်ခဲ့ပြီး မီဒီယန်၊ လိုင်ဒီယာနဲ့ ဘေဘီလုံ စတဲ့ အင်ပါယာတွေကို သိမ်းပိုက်ခဲ့ပါတယ်။ အနောက်ဘက် ဥရောပ ဘော်လ်ကန်ကျွန်းဆွယ်ကနေ အရှေ့ဘက် အိန္ဒု မြစ်ဝှမ်းအထိ ကျယ်ပြန့်ခဲ့ပြီး တိုက်ကြီး (၃) တိုက်ကို လွှမ်းမိုးထားနိုင်တဲ့ သမိုင်းတစ်လျှောက် ပထမဆုံး အင်အားကြီးအင်ပါယာကြီး (Superpower) ဖြစ်ခဲ့ပါတယ်။ ဘုရင်ဆိုင်းရပ်စ်ဟာ တခြားစစ်ဘုရင်တွေလို ရက်စက်လေ့မရှိဘဲ သိမ်းပိုက်ခံရတဲ့ ပြည်သူတွေကို သူတို့ရဲ့ မူလယဉ်ကျေးမှု၊ ဘာသာရေးတွေအတိုင်း လွတ်လပ်စွာ ဆက်လက်နေထိုင်ခွင့်ပေးခဲ့ပါတယ်။ (သူ့ရဲ့ အုပ်ချုပ်ရေးမှတ်တမ်းဖြစ်တဲ့ Cyrus Cylinder ဟာ ရှေးဟောင်း လူ့အခွင့်အရေးမှတ်တမ်းအဖြစ် ကျော်ကြားပါတယ်) လိုင်ဒီယာဘုရင် ခရီဆက်ကို သွားရောက်တိုက်ခိုက်ချိန်မှာ ရန်သူ့မြင်းတပ်တွေ အနံ့ကြောင့် ထိတ်လန့်သွားအောင် ကုလားအုတ်တွေကို စစ်တပ်ရဲ့ ရှေ့တန်းမှာထားပြီး အသုံးပြုခဲ့တဲ့ ဆိုင်းရပ်စ်ရဲ့ စစ်ဗျူဟာက သမိုင်းမှာ နာမည်ကြီးပါတယ်။ ဒါရိရပ်စ် သယ်ဂရိတ် (Darius the Great) လက်ထက်မှာတော့ စာတိုက်စနစ်တွေ၊ လမ်းတွေ၊ တူးမြောင်းတွေ ဖောက်လုပ်ခဲ့ပြီး ဘုရင်ခံတွေခန့်အပ်ကာ စနစ်တကျ အုပ်ချုပ်နိုင်ခဲ့လို့ အင်ပါယာရဲ့ အမြင့်မားဆုံး အချိန်ကာလ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ဆာဆီ ပထမ (Xerxes I) လက်ထက် ဂရိကျူးကျော်စစ်မှာ နိုင်ငံ့ဘဏ္ဍာတွေ အလွန်အကျွံ သုံးစွဲခဲ့မိလို့ အင်ပါယာကြီး ယိုင်နဲ့လာခဲ့ပြီး၊ ၃၃၀ ဘီစီအီး ဝန်းကျင်မှာတော့ အလက်ဇန္ဒား သယ်ဂရိတ်ရဲ့ သိမ်းပိုက်မှုကို ခံလိုက်ရကာ ပထမပါရှန်းအင်ပါယာကြီး လုံးဝ ပြိုကွဲသွားခဲ့ပါတယ်။ #PersianEmpire #WorldHistory #CyrusTheGreat #KnowledgeSharing #သမိုင်းဗဟုသုတ

  • без подписи

  • အစာဖြတ် ကုထုံး (သို့မဟုတ်) Intermittent Fasting ======================== အစာဖြတ်ကုထုံးဆိုတာက အစာလုံးဝမစားဘဲနေတာမျိုး မဟုတ်ဘဲ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းမှာ အစာစားရတဲ့ အစားအသောက်ကုထုံးတစ်ခုပါ။သုတေသနတွေအရ ၎င်းကုထုံးဟာ ကိုယ်အလေးချိန် ထိန်းသိမ်းခြင်းနဲ့ အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါ စတဲ့ ကျန်းမာရေးပြဿနာတွေကို ပျောက်ကင်း သက်သာစေပါတယ်။ အများစုက အစားအသောက်ကို ဂရုစိုက်ကြပေမဲ့ အစာဖြတ်ကုထုံးကတော့ ဘယ်အချိန်မှာ အစာစားမလဲဆိုတာကိုသာ အဓိက ထားပါတယ်။ ဥပမာ ၁၆/၈ နည်းလမ်း( IF )မှာဆိုရင် တစ်နေ့ကို (၁၆)နာရီ အစာမစားခြင်းဖြင့် အဆာခံပြီး အစာစားချိန် (၈)နာရီသာ သတ်မှတ်ထားပါတယ်။ ၅:၂ နည်းလမ်း(IF)မှာဆိုရင်တော့ တစ်ပတ်ကို နှစ်ရက်သာ ၅၀၀-၆၀၀ ကယ်လိုရီ စားသုံးရပါတယ်။ အစာစားပြီးတဲ့အခါ လူ့ခန္ဓာကိုယ်က သကြားဓာတ်( Glucose)ကို အားအဖြစ် အဓိက အသုံးပြုပါတယ်။ အစာမစားတာ နာရီပေါင်းများစွာကြာတဲ့အခါ ခန္ဓာကိုယ်က သိုလှောင်ထားတဲ့ သကြားဓာတ်ကို ကုန်ဆုံးမသွားအောင် လုပ်ဆောင်ပေးရပါတယ်။ သို့ပေမဲ့ သကြားဓာတ် ကုန်သွားရင်တော့ ခန္ဓာကိုယ်ဟာ ကိုယ်တွင်းအဆီတွေကို လောင်ကျွမ်းစေပြီး အားပြန်ထုတ်ပေးပါတယ်။ ၎င်းဖြစ်စဉ်ကို 'Metabolic Switching' လို့ခေါ်ပါတယ်။ ဒီဖြစ်စဉ်ဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်အပေါ် အကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။ Metabolism ကို တိုးမြှင့်ပြီး ကိုယ်ခန္ဓာဆဲလ်များ ပြန်လည်ပြုပြင်နိုင်မှုကို တိုးတက်‌စေတာကြောင့် ကင်ဆာရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ Brain-Derived Neurotrophic Factor(BDNF)ကို တိုးစေပြီး ဉာဏ်ရည်နဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာ တိုးတက်စေတဲ့အပြင် အိုမင်းမှုကြောင့်ဖြစ်တဲ့ ဉာဏ်ရည်ချို့ယွင်းမှုမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အစာဖြတ်ကုထုံး( Intermittent Fasting)က လူအများစုအတွက် အထူးထိရောက်မှုရှိပေမဲ့လည်း မိမိရဲ့ ခန္ဓာကိုယ်နဲ့ သင့်လျော်မှု ရှိ၊ မရှိ သိမှသာ ဆက်လုပ်သင့်သလို ဆရာဝန်နဲ့ တိုင်ပင်ဖို့လည်း လိုအပ်ပါတယ်။ သု‌တေသနတွေအရ Beginner တွေအဖို့ဆိုရင် အစာဖြတ်ကုထုံးကို ကျင့်သားရဖို့ ၂ ပတ်ကနေ ၄ ပတ်အထိ ကြာနိုင်ပါတယ်။ ◻️ Authors - Garo Reference for content ➤ Hopkins Medicine ⓒ copyright 2023 - 2025 | O D I N

  • без подписи

  • ကျွန်တော်တို့ ဘာလို့ အိပ်မက်မက်ကြသလဲ။ အိပ်မက်ဆိုတာ အိပ်နေစဉ်အတွင်း ဖြစ်ပေါ်တဲ့ ဦးနှောက်ရဲ့ သဘာဝလုပ်ငန်းဆောင်တာ တစ်ခုဖြစ်ပြီး မှတ်ဉာဏ်တွေ၊ အတွေး‌တွေ၊ ရုပ်ပုံတွေ၊ စိတ်ခံစားမှုတွေနဲ့ ခံစားချက်တွေကို ဇာတ်ကားတစ်ကားကြည့်နေသလိုမျိုး၊ တစ်ခါတစ်လေမှာတော့ လက်တွေ့မှာဖြစ်နေတာလို့ ထင်ရနိုင်တဲ့ မြင်ကွင်းတွေအဖြစ် ပေါ်လာတာပဲ ဖြစ်ပါတယ်။ အိပ်မက်တွေကို ကွင်းကွင်းကွက်ကွက် မှတ်မိနေတဲ့အခါလည်း ရှိသလို၊ ရှုပ်ယှက်ခတ်နေတာ၊ ထူးဆန်းနေတာအပြင် အိပ်မက်မက်ခဲ့မှန်း သိပေမဲ့ နိုးလာတဲ့အခါ ဘာမက်ခဲ့သလဲ ဆိုတာ လုံးဝ ပြန်စဉ်းစားလို့မရတာတွေက အိပ်မက်ရဲ့ ပုံမှန် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါတယ်။ ဘာတွေက အိပ်မက်တွေကို ဖြစ်စေတာလဲ။ Rapid Eye Movement sleep (REM) REM ကတော့ အိပ်နေချိန်အတွင်းမှာ မျက်လုံးလှုပ်ရှားမှု မြန်ဆန်တာကြောင့် ဦးနှောက်လုပ်ဆောင်မှုတွေ မြင့်မားလာတဲ့အခါမှာ ဖြစ်ပေါ်လာတာဖြစ်ပြီး နိုးနေတဲ့အချိန်အတွင်းက မှတ်ဉာဏ်တွေပါဝင်လာတာ၊ ပုံရိပ်တွေကို ကွင်းကွင်းကွက်ကွက် မြင်ရတာတွေ ဖြစ်ပါတယ်။ တစ်ဖက်မှာ non-REM ကတော့ မျက်လုံးလှုပ်ရှားမှုနည်းပြီး ဦးနှောက်အလုပ်လုပ်တာကလည်း နှေးတဲ့အတွက်ကြောင့် REM လောက် အိပ်မက်တွေကို ထင်ထင်ရှားရှား မမြင်ရပါဘူး။ နေ့စဉ်အတွေ့အကြုံနှင့် မှတ်ဉာဏ်များ။ နိုးနေချိန်မှာ တွေ့ကြုံခဲ့တဲ့ အရာ‌တွေ၊ လူတွေ၊ ပြောခဲ့တဲ့စကားတွေ ဒါမှမဟုတ် စိတ်ခံစားမှုတွေက အိပ်မက်ထဲမှာ ပြန်လည်ပြီး ပေါ်လာတတ်ပါတယ်။ စိတ်ခံစားမှုနှင့် စိတ်ဖိစီးမှု။ စိတ်ဖိစီးတာ၊ စိတ်လှုပ်ရှားတာတွေကလည်း အိပ်မက်ကို အကျိုးသက်ရောက်စေပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် အိပ်မက်ဆိုးတွေကို ဖြစ်နိုင်ပြီး တချို့လူတွေကတော့ အိပ်မက်ထဲကနေ အဖြေရှာတွေ့သွားစေနိုင်သလို တချို့လူတွေအတွက်တော့ ထုတ်မပြောတဲ့ ခံစားနေရတာတွေနဲ့ ထပ်တူကျတဲ့ အဓိပ္ပာယ်ဆောင်တဲ့ အိပ်မက်မျိုးမက်တာလည်း ဖြစ်နိုင်ပါတယ်။ ပြင်ပသက်ရောက်မှုများ။ အိပ်နေတဲ့အချိန် ဘေးမှာ အသံတွေမြည်နေတာနဲ့ အပူချိန်၊ စားသုံးခဲ့တဲ့ အစားအသောက်‌တွေ၊ တစ်နေ့တာလုပ်ဆောင်ခဲ့တာတွေကလည်း အိပ်မက်တွေကို ဖြစ်‌ပေါ်စေနိုင်ပါသေးတယ်။ ဘာအတွက် အိပ်မက်မက်တာလဲဆိုရင်တော့ မှတ်ဉာဏ်တွေ သိမ်းဆည်းဖို့၊ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့၊ ပြဿနာတွေကို ဖြေရှင်းဖို့၊ ဦးနှောက်အလုပ်လုပ်ရာမှာ ဖွံ့ဖြိုးလာဖို့တွေ ဖြစ်ပါတယ်။ လူတွေက ညတစ်ညမှာ ၂ နာရီနီးပါးလောက် အိပ်မက်မက်ကြပေမဲ့ အချိန်ဘယ်လောက်ကြာကြာမက်လဲဆိုတာကတော့ တစ်ယောက်ချင်းစီအလိုက် ကွဲပြားနိုင်ပါတယ်။ အိပ်မက်တွေက နိုးလာတဲ့အချိန်မှာ မှတ်မိဖို့ ခက်ခဲပါတယ်။ တစ်ခါတစ်လေမှာ မက်ခဲ့တဲ့ အိပ်မက်ကို ထင်ထင်ရှားရှားကြီးမှတ်မိနေလို့ အဓိပ္ပာယ်ကို ရှာကြည့်ချင်ရင် အကြမ်းဖျင်း ကိုယ်ဘာမက်ခဲ့တယ်၊ အဲ့ဒီအိပ်မက်နဲ့ ပတ်သက်ပြီး ဘယ်လိုခံစားရတယ်ဆိုတာကို ရှာကြည့်ရင် လတ်တလော ခံစားနေရတာတွေနဲ့ ကိုက်ညီနေတာ တွေ့နိုင်ပါတယ်။ (ဥပမာ - အိပ်မက်အဓိပ္ပာယ်တွေထဲမှာ ဖိနပ်ဆိုတာ ဘဝလမ်းကြောင်း၊ ရှေ့ဆက်ရမယ့် အနာဂတ်ကို လမ်းကြောင်းဖြစ်ပါတယ်။ ဖိနပ်အသစ်ကို မက်တယ်ဆိုရင် အခွင့်အလမ်းအသစ်၊ ပြောင်းလဲမှုအသစ်တွေ၊ အသစ်တစ်ခုကို စတင်ရတယ်လို့ အဓိပ္ပာယ်ရပြီး ဖိနပ်ပျောက်သွားတာ၊ ဖိနပ်ပျက်သွားတာကတော့ မသေချာမှု၊ တည်မြဲမှုမရှိတာ၊ ဘဝအနာဂတ်အပေါ် စိုးရိမ်နေတာတွေ ဖြစ်ပါတယ်။ ဖိနပ်ရှာတွေ့တာဆိုရင်တော့ လမ်းညွှန်မှုတွေ၊ အခွင့်အလမ်းအသစ်တွေ ရှာဖွေနိုင်တာဆိုပြီး အဓိပ္ပာယ်ရပါတယ်။) အိပ်မက်အမျိုးအစားများ။ နေ့စဉ်ဘဝအတွေ့အကြုံတွေ၊ အတွေးအခေါ်တွေ၊ စိတ်ခံစားမှုတွေနဲ့ သက်ဆိုင်ပြီး အတော်များများ အလွယ်တကူ မေ့လျော့သွားနိုင်တာမျိုးကိုသာမန်အိပ်မက်လို့ပဲ ခေါ်ပါတယ်။ အိပ်မက်မက်နေတာကို ကိုယ်တိုင်သိနိုင်ပြီး တစ်ခါတစ်လေ အိပ်မက်အတွင်းမှာ ကိုယ်ကြိုက်သလို ထိန်းချုပ်နိုင်တာကိုတော့ လုစစ်ဒရင်းမ်း (Lucid Dream) လို့ခေါ်ပါတယ်။ မအိပ်ခင် ကြောက်လန့်စရာကောင်းတဲ့ ဇာတ်ကားကြည့်တာ၊ စာအုပ်ဖတ်တာတွေ၊ စိတ်ဖိစီးမှု၊ ထိတ်လန့်မှု၊ နှောင့်ယှက်မှုတွေကြောင့်ဖြစ်တဲ့ အိပ်မက်ကိုတော့ အိပ်မက်ဆိုး (Nightmares) လို့ ခေါ်ပါတယ်။ Recurring Dream ကတော့ အိပ်မက်တစ်ခုထဲကို ထပ်ခါထပ်ခါမက်တာပဲဖြစ်ပြီး Prophetic Dream ကတော့ တစ်ခါတစ်လေမှာ အနာဂတ်မှာ ဖြစ်လာမဲ့ အရာတွေကို ကြိုမြင်နိုင်တဲ့ အိပ်မက်ဖြစ်တာကြောင့် တချို့ကတော့ သဘာဝလွန်စွမ်းအားတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ကြပါတယ်။ False Awakening Dream ကတော့ ကိုယ့်ကိုယ်ကိုယ် နိုးသွားပြီလို့ ထင်ပေမဲ့လည်း အပြင်မှာ တကယ်နိုးတာမဟုတ်ဘဲ အိပ်မက်ထဲမှာ နိုးနေတယ်လို့ မြင်မက်တာမျိုး ဖြစ်ပါတယ်။ ဒါတွေအပြင်အခြားအမျိုးအစားတွေလည်းအများကြီးရှိပါသေးတယ်။ ◻️ Author - Fox References for content ➤ Elmer, J. (2020, May 20). Types of dreams. Healthline. ➤ Nichols, H. (2023, October 13). What is dopamine, and how does it affect the body? Medical News Today. ➤ Roland, J. (2023, April 13). Why do we dream? Healthline. ➤ Cleveland Clinic. (2022, August 18). Why do we dream? ⓒ copyright 2023 - 2025 | O D I N

  • без подписи

  • မိုအာနာဇာတ်ကားတွေထဲက လင်းနေတဲ့ ပင်လယ်ရေနဲ့ ရေအောက်ကမ္ဘာကသတ္တဝါတွေ၊ နတ်သမီးပုံပြင်တွေထဲကလို လင်းနေတဲ့ မှို‌လေးတွေက စိတ်ကူးယဉ်သပ်သပ်ပဲလား။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ သဘာဝတရားဟာ အရောင်အစုံ၊ ကွဲပြားတဲ့ပုံစံနဲ့ ဖြစ်စဉ်တွေဖြစ်တဲ့ အံ့သြဖွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့‌ နေရာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာပေါ်က အံ့သြဖွယ်ရာတွေထဲက တစ်ခုဖြစ်တဲ့ သက်ရှိတွေက သဘာဝအလင်းရောင်ထုတ်လုပ်နိုင်ခြင်း (Bioluminescence) ကို အချို့ပင်လယ်တွေ၊ သစ်တောတွေထဲက အချို့သက်ရှိတွေ (ပိုးစုန်းကြူး၊ ပင်လယ်ရေခူ)၊ မှိုအချို့နဲ့ လိုဏ်ဂူအချို့မှာ တွေ့ရနိုင်ပါတယ်။ သဘာ၀အတိုင်း အလင်းထုတ်လွှတ်နိုင်တာက luciferin လို့ ခေါ်တဲ့ မော်လီကျူးတစ်ခုက အောက်ဆီဂျင်နဲ့ ဓာတ်ပြုပြီး အလင်းထွက်လာတဲ့ ဇီဝဓာတုတုံ့ပြန်မှုတစ်ခုပဲ ဖြစ်ပါတယ်။ အဲ့ဒီ တုံ့ပြန်မှုက luciferase အင်ဇိုင်းနဲ့ ဓာတ်ပြုပြီး တချို့မှာ photoproteins လိုမျိုး အခြားပရိုတင်းတွေက အလင်းရောင်တောက်ပဖို့ကို ထိန်းညှိပေးပါတယ်။ အရောင်ကတော့ နေထိုင်တဲ့ ပတ်ဝန်းကျင်နဲ့ အကောင်အမျိုးအစားအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ ➤ ပင်လယ်ရှုခင်းအလှ သဘာ၀အတိုင်း အလင်းထုတ်လွှတ်နိုင်တဲ့ သတ္တဝါတွေက ပင်လယ်ထဲမှာ အများဆုံး နေထိုင်ကြပါတယ်။ ပင်လယ်ကမ်း‌ရိုးတန်းမှာ "sea sparkle" လို့ လူသိများကြတဲ့ ရေလှိုင်းအတိုင်း ဖြစ်ပေါ်လာတဲ့ လင်းလက်နေတဲ့ အရောင်တွေ၊ အရောင်ထွက်နေတဲ့ သန္တာကျောက်တန်း‌တွေ၊ anglerfish (အလင်းရောင်ငါး) တွေ၊ jellyfish (ပင်လယ်ခူ) တွေဟာ သဘာ၀အတိုင်းဓာတ်ပြုပြီး အလင်းရောင်ထွက်နေကြတာပဲ ဖြစ်ပါတယ်။ သူတို့က အဲ့ဒီ အလင်းရောင်ကို အချင်းချင်း ဆက်သွယ်တာ ဒါမှမဟုတ် သားကောင်‌တွေကို ဆွဲဆောင်ဖို့အတွက် အသုံးပြုပါတယ်။ ➤ တောထဲက သဘာဝအလင်းရောင် သဘာဝအတိုင်းအလင်းရောင်ကို မှိုတွေဖြစ်တဲ့ Mycena chlorophos နဲ့ Panellus stipticus တွေမှာ အစိမ်းအနုမြူရောင်ရှိပြီး စိုစွတ်တဲ့ တောနက်ပိုင်းမှာ ပေါက်လေ့ရှိပါတယ်။ မှော်ဆန်ဆန်ဇာတ်ကားတွေမှာ အမြဲပါတဲ့ ပိုးစုန်ကြူးဟာလည်း သဘာဝအတိုင်း လင်းတဲ့ သက်ရှိတစ်မျိုး ဖြစ်ပါတယ်။ ➤ လင်းနေတဲ့ လိုဏ်ဂူ သဘာဝအတိုင်းအလင်းထုတ်လွှတ်တဲ့ အံ့ဩဖွယ်ရာကို လိုဏ်ဂူမှာလည်းတွေ့နိုင်ပါတယ်။ နယူးဇီလန်က လိုဏ်ဂူမှာဆိုရင် လူလုပ်ထားတာလို့ ထင်ရ‌ပေမဲ့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ လင်းနေတဲ့ ပိုးကောင်တွေ glowworms (Arachnocampa luminosa) က လိုဏ်ဂူမျက်နှာပြင်မှာ မီးကြိုးတွေ ချိတ်ဆွဲထားသလို အလွန်လှပတဲ့ မြင်ကွင်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ ပိုးကောင်တွေက သူတို့ရဲ့ အလင်းရောင်နဲ့ သားကောင်တွေကို ဆွဲဆောင်ဖို့ အသုံးပြုပါတယ်။ ◻️ Author - Fox References for content ➤ Environment SA. (2024, March 20). What is sea sparkle and why does it glow? ➤ Smithsonian Ocean. (n.d.). Bioluminescence. ➤ NOAA. (2024, June 16). What is bioluminescence? NOAA Ocean Service. ➤ National Geographic Education. (n.d.). Bioluminescence. ➤ Mok, K. (2018, October 11). Photographer captures the magical beauty of New Zealand's glowing caves. Treehugger. ⓒ copyright 2023 - 2025 | O D I N

  • без подписи

  • ဝံပုလွေကြမ်းကြီးတွေ ကမ္ဘာမြေကို ပြန်လာကြပြီလား ဧပြီလ ၇ ရက်နေ့တုန်းက အမေရိကန် အခြေစိုက် Colossal Biosciences (ကလိုဆယ် ဇီဝနည်းပညာ ကုမ္ပဏီ) ကနေပြီးတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀၀ လောက်တုန်းက ပျောက်ကွယ် မျိုးသုဉ်းသွားခဲ့တဲ့ Dire Wolf (ဝံပုလွေကြမ်းကြီး) တွေကို ပြန်လည်ဖန်တီးနိုင်ခဲ့ပြီလို့ လူသိရှင်ကြား ထုတ်ပြန်ပါတယ်။ ဒီသတင်းက သိပ္ပံလောကမှာသာမက တခြားနယ်ပယ်တွေကိုပါ လှုပ်လှုပ်ရှားရှားဖြစ်သွားစေပြီး၊ လူတွေရဲ့ စိတ်ဝင်စားမှုကို တဟုန်ထိုး ရရှိခဲ့ပါတယ်။ ဘယ်လို ပြန်ဖန်တီးခဲ့ကြလဲ။ ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်အရ မျိုးသုဉ်းသွားတဲ့ ဝံပုလွေကြီးတွေရဲ့ လက်ကျန် ကျောက်ဖြစ်ရုပ်ကြွင်း အရိုးတွေဆီကနေ DNA ကိုထုတ်ယူပြီး လက်ရှိ ကျွန်တော်တို့ ခေတ်ကာလမှာ ရှိနေဆဲဖြစ်တဲ့ ရိုးရိုးဝံပုလွေတွေရဲ့ ဆဲလ်တွေနဲ့ ပေါင်းပြီး ပြန်ဖန်တီးတာလို့ဆိုပါတယ်။ ဒီနေရာမှာ ရိုးရိုးဝံပုလွေကို မီးခိုးရောင် ဒါမှမဟုတ် အဖြူရောင် ဝံပုလွေ၊ Gray Wolf လို့ ခေါ်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ CRISPR နည်းပညာကို သုံးပြီး ရိုးရိုးဝံပုလွေတွေရဲ့ ဗီဇ ၁၄ ခုကို ပြုပြင်ပြီး ဝံပုလွေကြမ်းကြီးတွေရဲ့ ဗီဇတွေနဲ့ အစားထိုးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီကနေ ရလာတဲ့ မျိုးရိုးဗီဇကို Domestic Dog (အိမ်မွေးခွေး) တွေရဲ့ သားအိမ်ထဲ ထည့်သွင်းပြီး ကြီးထွားစေခဲ့တယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ အိမ်မွေးခွေးတွေက ရိုးရိုးဝံပုလွေမျိုးစိတ်ကနေ ဆင်းသက်လာတာလည်း ဖြစ်ပါတယ်။ အဲ့ဒီကနေ ၂၀၂၄ ခုနှစ် အောက်တိုဘာလ တစ်ရက်နေ့မှာ အထီးတွေဖြစ်တဲ့ ရိုးမြူးလပ် (Romulus) နဲ့ Remus (ရီးမက်စ်) တို့ မွေးဖွားခဲ့ပြီး အမဖြစ်တဲ့ ခါလီစီ (Khaleesi) ကိုတော့ ဇန်နဝါရီ ၃၀ ရက်နေ့ အခုနှစ် ၂၀၂၅ မှာ မွေးဖွားခဲ့ပါတယ်။ အငြင်းပွားမှုတွေ ကုမ္ပဏီဘက်က ဒီဝံပုလွေကြမ်းကြီးတွေကို ပြန်လည်ဖန်တီးနိုင်ပြီလို့ ထုတ်ပြန်ပေမဲ့၊ တစ်ဖက်မှာလည်း သူတို့သုံးထားတဲ့ နည်းပညာနဲ့ ရလဒ်တွေအပေါ် အငြင်းပွားမှုတွေ ဖြစ်လာစေပါတယ်။ အချို့ ကျွမ်းကျင်သူတွေဆိုရင် အခုဖန်တီးလိုက်တဲ့ တိရစ္ဆာန်တွေဟာ Dire Wolf ဝံပုလွေကြမ်းမျိုးတွေ မဟုတ်ပဲ ရိုးရိုးဝံပုလွေတွေကိုသာ အကောင်ကြီးအောင် ဗီဇပြုပြင်ထားသလိုဖြစ်နေတာကြောင့် ရိုးရိုးဝံပုလွေ (Gray Wolf) တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲမှုတွေအတွက် ကျင့်ဝတ်ပိုင်းဆိုင်ရာ မေးခွန်းတွေလည်း ထွက်ပေါ်လာပြန်ပါတယ်။ မျိုးသုဉ်းသွားတဲ့ သတ္တဝါတွေကို ပြန်ဖော်ထုတ်တာက လျော်ညီရဲ့လား... မျိုးသုဉ်းသွားတဲ့ သတ္တဝါတွေကို ပြန်လည်ခေါ်ဆောင်လာပြီး သူတို့ရှင်သန်ခဲ့စဉ်က ပတ်ဝန်းကျင်မျိုးကို ပြန်မဖန်တီးနိုင်ရင်ရော ဘယ်လိုလုပ်မလဲ။ တကယ်လို့ သူတို့မျိုးသုဉ်းသွားလို့ ဖြစ်ပေါ်လာတဲ့ ဆင့်ကဲဖြစ်စဉ်တွေ၊ အချိတ်အဆက်တွေဟာ သူတို့ပြန်ပေါ်လာရင် ဘယ်လိုတွေဖြစ်သွားကြမလဲ။ ပြီးတော့ ဒီမျိုးသုဉ်းသွားတဲ့ တိရစ္ဆာန်တွေဟာ ကျွန်တော်တို့မသိတဲ့ ရောဂါတစ်မျိုးမျိုးကို ဖြန့်ဝေသူတွေ၊ ဒါမှမဟုတ် တိုက်ခိုက်ခံရသူတွေဖြစ်လာရင် ဘယ်လိုလုပ်ကြမလဲ။ စတဲ့ မေးခွန်းမျိုးတွေဟာ ပညာရှင်တွေကြားမှာ ဗလောင်ဆူနေကြပါတယ်။ ဒါပေမဲ့ ဒီလို ပြန်လည်ဖန်တီးတာကို ထောက်ခံတဲ့ လူသိများထင်ရှားသူတွေလည်း ရှိနေပါသေးတယ်။ သူတို့အတွက်တော့ လူတွေအလွန်အကျွံဖမ်းဆီး အမဲလိုက်မှုကြောင့် မျိုးမသုဉ်းသင့်ပဲ မျိုးသုဉ်းသွားတဲ့ သတ္တဝါတွေကို ပြန်လည် ကုစားခွင့်ရဖို့ မျှောင်လင့်နေကြပါတယ်။ ကုမ္ပဏီဘက်ကလည်း မျိုးသုဉ်းသွားတဲ့ မွှေးရှည်ဆင်ကြီးမျိုး၊ တက်စမေးနီးယန်း ကျားတူ ခွေးတူမျိုးနဲ့ ဒိုဒိုငှက်ကြီးမျိုးတွေကို ပြန်လည်ဖန်တီးဖို့ ကြိုးစားနေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ပါ ကြိုးစားလုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီသတ္တဝါကြီးတွေ မျိုးသုဉ်းမှုဟာ လူတွေ လွန်ကဲစွာ အမဲလိုက်မှုနဲ့ ဆက်စပ်နေပါတယ်။ စာဖတ်သူတွေရဲ့ အမြင်ကရော ဘယ်လိုရှိပါသလဲ။ comment မှာ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ နီးစပ်ရာ ငလျင်ဒဏ်သင့်ဒေသတွေကို ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်။ ◻️ Author - Udin References for content ➤ Colossal ➤ Re:wild ➤ Forbes ➤ Reuters ➤ Hindustan Times ⓒ copyright 2023 - 2025 | O D I N

  • O D I N : The Nexus Team pinned «အရွေ့သေးသေးလေးတွေဟာ သက်ရောက်မှု အကြီးကြီးကို ဖြစ်စေသလိုပဲ သစ်တောပြုန်းတီးခြင်းဟာလည်း များစွာသော သက်ရှိတွေရဲ့ အိုးအိမ်အပေါ် သက်ရောက်မှု ရှိနေပါတယ်။ မကောင်းတဲ့ အရွေ့သေးသေးလေးတွေဟာ ဆိုးရွားတဲ့ သက်ရောက်မှု အကြီးကြီးကို ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမဲ့ မကောင်းတဲ့ အရ…»

  • အရွေ့သေးသေးလေးတွေဟာ သက်ရောက်မှု အကြီးကြီးကို ဖြစ်စေသလိုပဲ သစ်တောပြုန်းတီးခြင်းဟာလည်း များစွာသော သက်ရှိတွေရဲ့ အိုးအိမ်အပေါ် သက်ရောက်မှု ရှိနေပါတယ်။ မကောင်းတဲ့ အရွေ့သေးသေးလေးတွေဟာ ဆိုးရွားတဲ့ သက်ရောက်မှု အကြီးကြီးကို ဖြစ်ပေါ်စေနိုင်တယ်ဆိုပေမဲ့ မကောင်းတဲ့ အရွေ့သေးသေးလေးတွေအစား ကောင်းမွန်တဲ့ အရွေ့သေးသေးတွေသာ ဖြစ်မယ်ဆိုရင် ကောင်းမွန်တဲ့သက်ရောက်မှု အကြီးကြီးဖြစ်လာမယ်ဆိုတာ အသေအချာပါပဲ။ ဒါကြောင့် မိမိကအစပြုပြီး ကောင်းမွန်တဲ့အရွေ့သေးသေးလေးတွေကို ပြုလုပ်ရင်း မိမိပတ်၀န်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ လူကောင်းတွေ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်ပါရစေ။ အဆုံးထိဖတ်ရှုပေးတဲ့အတွက် ကျေးဇူးပါ။

  • သစ်တောပြုန်းတီးခြင်း စိတ်မကောင်းစွာပဲ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်အတွင်းမှာ အမေဇုန်ရဲ့ အရွယ်အစားဟာ သေးငယ်လာပါတယ်။ ၂၀၂၂ မှာ သစ်တောပြုန်းတီးမှုဟာ ၂၀၀၉ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးအဆင့်ကို ရောက်ခဲ့ပါတယ်။ မုတ်သုံဟာလည်း ပုံမှန်ထက်ပိုပြီး နောက်ကျခါစပြုလာခဲ့ပါတယ်။ ဒါဟာ အမေဇုန်ဒေသရဲ့ မိုးရေချိန်ပမာဏကို ကျဆင်းလာစေခဲ့တဲ့ အကြောင်းအရင်းပါ။ ခြောက်သွေ့ရာသီဟာလည်း လွန်ခဲ့တဲ့ နှစ်၄၀ က အနေအထားထက်ကို ပိုပြီး ရှည်လာခဲ့ပါတယ်။ ဘာကိုမှ မထိန်းသိမ်းဘဲ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ ခြောက်သွေ့ရာသီ ကြာရှည်လာတာနဲ့အမျှ အမေဇုန် အပူပိုင်းမိုးသစ်တောဟာလည်း ‌တဖြည်းဖြည်း ပျောက်ကွယ်သွားမှာပါ။ တပြိုင်နက်တည်းမှာပဲ သူ့အပေါ်မှာ မှီတည်ပြီး ရှင်သန်နေကြတဲ့ မျိုးစိတ်ပေါင်းများစွာဟာလည်း ခိုကိုးရာမဲ့ ဖြစ်သွားမှာပါ။

  • ဇီ၀မျိုးကွဲများစွာ ရှင်သန်ရာ အမေဇုန်ကို တိရစ္ဆာန်မျိုးစိတ်များစွာ၊ အပင်မျိုးစေ့များစွာရဲ့ ရှင်သန်ရာနေရာလို့ဆိုရင်လည်း မမှားပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ မျိုးစိတ်အားလုံးရဲ့ ၁၀ ရာခိုင်နှုန်းကို အမေဇုန်မှာ တွေ့မြင်နိုင်ပါတယ်။ ဒါ့အပြင် ကမ္ဘာရဲ့ တခြား ဘယ်နေရာမှာမှ ရှာမတွေ့နိုင်တဲ့ အပင်အမျိုးအစားအများစုကိုလည်း အမေဇုန်က ပိုင်ဆိုင်ထားပါသေးတယ်။ ဒါတင် မကသေးပါဘူး၊ နှစ်စဉ်နှစ်တိုင်းမှာလည်း သိပ္ပံပညာရှင်တွေဟာ မျိုးစိတ်အသစ်အသစ်တွေကို ရှာဖွေတွေ့ရှိနေကြစမြဲပါ။ ဒါကြောင့်လည်း အမေဇုန်ဟာ ဇီ၀မျိုးကွဲများစွာရဲ့ ရှင်သန်ရာ နေရာတစ်ခု ဖြစ်နေတာပါ။