tgindex
Fluency Butterfly International

Fluency Butterfly International

Статистика

A supportive community for learners on their English Language journey.

Последний пост
6 авг.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
31
Тип
открытый
Язык
my
Категория
Языки
В каталоге с
13 авг.
Подписчики
2 510
+4 за 3 дн.
Сутки
+3
+0,12%
Неделя
 
Месяц
 
Просмотров на пост
399
31 постов
Вовлечённость
15,9%
к подписчикам
Постов в день
0,0
всего 31
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
295
1/48двое суток
338
1/72трое суток
364

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 6 авг.259135

    မနက်ဖြန်မှာ Butterflies တွေအားလုံးနဲ့ မျှဝေချင်တဲ့ အထူးအစီအစဉ်လေးတစ်ခု ရှိပါတယ်။ 🎉 ဒီနေ့ကျရောက်တဲ့ Tr. Sandy Isadora ရဲ့ 29th Birthday အမှတ်တရအနေနဲ့ ပညာရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းလိုပေမယ့် အခွင့်အရေးတစ်ခု လိုအပ်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စုစုပေါင်း 29 Scholarships ပေးအပ်သွားမှာ ဖြစ်ပါတယ်။ မွေးနေ့အမှတ်တရကို ကိုယ်တိုင်အတွက်သာ ဂုဏ်ပြုတာထက် တစ်စုံတစ်ယောက်ရဲ့ ပညာရေးခရီးလမ်းကို ပြန်လည်စတင်နိုင်စေမယ့် အခွင့်အရေးတစ်ခုအဖြစ် ပြောင်းလဲပေးချင်ခဲ့ပါတယ်။ ဒီ Scholarship Program ထဲမှာ 📘 GED Complete Guided Class 4 Subjects Program 📚 Unlock Your English for GED 🌍 IELTS Preparation Program တို့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒီ 29 Scholarships ကို ပညာရေးကို ပြန်လည်စတင်ချင်သူတွေ၊ မိမိရဲ့ ရည်မှန်းချက်တွေဆီ ရဲရဲဝံ့ဝံ့ လျှောက်လှမ်းချင်သူတွေ၊ ကိုယ့်ဘဝအတွက် အပြောင်းအလဲအသစ်တစ်ခု စတင်ချင်သူတွေအတွက် ရည်ရွယ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ Scholarship အရေအတွက်, လျှောက်ထားနိုင်မယ့်သူများ၊ Scholarship အမျိုးအစားများ၊ Application Process နဲ့ Selection Process အသေးစိတ်အားလုံးကို မနက်ဖြန်ညမှာ Official Announcement အနေနဲ့ Bright Hill International Page မှတစ်ဆင့် မျှဝေပေးသွားပါမယ်ရှင်။ ဒီအခွင့်အရေးကို မလွတ်သွားစေဖို့ Bright Hill International Page ကို Follow လုပ်ထားပြီး Official Channel နဲ့ Group ကိုလည်း Join ထားပေးပါနော်။ Scholarship အခွင့်အရေးကို အမှန်တကယ်လိုအပ်နေတဲ့ သူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ ပညာရေးကို ပြန်လည်စတင်ချင်သူတွေရှိရင် ဒီ Post လေးကို မျှဝေပေးထားနိုင်ပါတယ်ရှင်။ မွေးနေ့အမှတ်တရတစ်ခုကနေ အိပ်မက် 29 ခုအတွက် အစပြုရာတစ်ခု ဖြစ်လာနိုင်ဖို့မျှော်လင့်ပါတယ် 🦋 Fluency Butterfly International Learn. Grow. Transform.

  • видео или голосовое, без подписи

  • ဒီနေ့ကတော့ အရမ်းကို ပီတိဖြစ်ရတဲ့နေ့တစ်နေ့ပါ။ ❤️ Fluency Butterfly International မှာ Facilitator တစ်ဦးအဖြစ် ပါဝင်ခဲ့တဲ့ Jowah ဟာ အခုဆို PU Admission အတွက် 80% Scholarship ရရှိသွားပြီဖြစ်ပါတယ်။ 🎉 တကယ်ကို ဂုဏ်ယူပါတယ် Jowah ရေ။ Jowah နဲ့ပတ်သက်ပြီး ပိုပြီးဝမ်းသာမိတာက 2024 IELTS Class ပြီးတဲ့နောက်မှာ Admission process တွေအတွက် ရံဖန်ရံခါ request လုပ်လာတဲ့ recommendation letters တွေကိုအလုပ်တွေ အရမ်းများနေတဲ့ကာလဖြစ်ပေမယ့် တကယ်ကြိုးစားချင်တဲ့သူ၊ ကိုယ့်အနာဂတ်အတွက် တာဝန်ယူပြီး လုပ်နေတဲ့သူဆိုတော့ တတ်နိုင်သလောက် အချိန်ပေးပြီး Scholarship Application အတွက် ကူညီပေးခဲ့ပါတယ်။ Recommendation Letter ရေးပေးရတဲ့အခါမှာလည်း Fluency Butterfly International မှာ Facilitator အဖြစ် တာဝန်ယူခဲ့ပုံ၊ လူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပုံ၊ Responsibility ယူတတ်ပုံ၊ ကြိုးစားအားထုတ်ပုံနဲ့ Growth ကို ကိုယ်တိုင် Mentor တစ်ယောက်လိုမျိုး ကိုယ်တိုင် သေချာမြင်တွေ့သိရှိထားတာကြောင့် Jowah ရဲ့ အားသာချက်တွေကို ယုံကြည်စိတ်ချစွာနဲ့ အသေးစိတ်ရေးပေးနိုင်ခဲ့ပါတယ်။ Recommendation Letter က Applicant ကို ဘယ်လောက်သိသလဲ၊ ဘယ်အတွေ့အကြုံတွေအပေါ် အခြေခံပြီး ထောက်ခံသလဲ၊ သူ့ရဲ့ Character, Commitment, Leadership Potential နဲ့ Academic Readiness ကို ယုံကြည်စိတ်ချရအောင် ဘယ်လောက်တိတိကျကျ ဖော်ပြနိုင်သလဲဆိုတာ အရေးကြီးပါတယ်။ Jowah အကြောင်းကို သေချာသိထားတဲ့ သူ တစ်ယောက်အနေနဲ့ Recommendation Letter ကိုလည်း အလေးအနက်ထားပြီး သေချာရေးပေးခဲ့ပါတယ်။ အခုလို 80% Scholarship ရသွားပြီလို့ ပြန်ပြောလာတဲ့အချိန်မှာတော့ အလုပ်တွေမအားတဲ့ကြားက အချိန်ပေးပြီး ကူညီခဲ့ရတာ တကယ်ကို ပေးရကျိုးနပ်တယ်လို့ ခံစားရပါတယ်။ ကြိုးစားတဲ့သူတွေကို Support ပေးရတာ မပင်ပန်းပါဘူး။ သူတို့ရဲ့ ကြိုးစားမှုက ရလဒ်တစ်ခုအဖြစ် ပြန်ပေါ်လာတဲ့အခါ ကိုယ်ပါ အတူတူ ဝမ်းသာပီတိဖြစ်ရပါတယ်။ Support ပေးခွင့်လဲ ရခဲ့တာ အရမ်းဂုဏ်ယူပါတယ်။ Congratulations once again on receiving an 80% Scholarship. 🎉 ရှေ့ဆက်ရမယ့် ပညာရေးခရီးမှာလည်း ဒီထက်ပိုကြီးမားတဲ့ အောင်မြင်မှုတွေ ဆက်တိုက်ရရှိပါစေလို့ ဆုတောင်းပါတယ်နော်ညီမလေး❤️

  • видео или голосовое, без подписи

  • ဒါကြောင့် တချို့ businesses တွေက ads လို့မမြင်ရအောင် stealth marketing ကိုသုံးလာကြပါတယ်။ Stealth marketing ဆိုတာ promotional message ကို advertisement လိုမမြင်ရအောင် natural conversation, recommendation, review, comment, question ပုံစံနဲ့ ဖော်ပြတဲ့ marketing strategy ဖြစ်ပါတယ်။ ဥပမာ “Buy our course” လို့ တိုက်ရိုက်မပြောဘဲ “ဒီသင်တန်းကောင်းလား?” ဆိုပြီး question တင်တယ်။ နောက် comments တွေမှာ positive recommendations တွေ ဝင်လာတယ်။ အပြင်ကကြည့်တဲ့သူအတွက်တော့ genuine student reviews လိုထင်ရနိုင်ပါတယ်။ ဒီအပတ် discussion မှာ hidden marketing, fake recommendations, online reviews, social proof, trust, ethics, and media literacy အကြောင်းတွေကို English လို စိတ်ဝင်စားစရာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ “Why do people trust online recommendations more than direct ads?” “What is stealth marketing?” “What is astroturfing?” “What is sockpuppeting?” “How can we tell whether an online review is genuine or fake?” “Is hidden marketing smart strategy or unethical manipulation?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့် real-life online experience တွေနဲ့ချိတ်ပြီး English လို structured speaking phrases တွေနဲ့ ဆွေးနွေးလေ့ကျင့်ကြမှာပါ။ 📖 Reading Week ဒီအပတ်က Reading Week ဖြစ်တဲ့အတွက် Discussion မ join ခင် “Hidden Marketing: When Advertising Doesn’t Look Like Advertising” article လေးကို Telegram Channel မှာ ကြိုတင်ဖတ်ထားရမှာ ဖြစ်ပါတယ်။ Article ထဲက ideas တွေကို discussion မှာ ပြန်ချိတ်ဆက်ပြီး traditional advertising နဲ့ stealth marketing က ဘာကွာလဲ၊ astroturfing ဆိုတာဘာလဲ၊ sockpuppeting က ဘာကြောင့် misleading ဖြစ်နိုင်လဲ၊ social proof က consumer decision-making ကို ဘယ်လိုသက်ရောက်စေလဲ ဆိုတာတွေကို English လို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ✨ What’s in it for you? • Integrated English Skills Practice: Speaking တင်မဟုတ်ဘဲ reading, vocabulary building, critical thinking, idea sharing, discussion, reflection, interaction စတဲ့ skills တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။ • Real-Life Digital Literacy Discussion: Facebook comments, online reviews, fake accounts, sponsored recommendations, and social proof လို real-life online situations တွေနဲ့ ချိတ်ပြီး ဆွေးနွေးနိုင်မှာပါ။ • Mixed-Level Speaking Practice: Beginner, Intermediate, Advanced မတူညီတဲ့ level အလိုက် questions တွေရှိတဲ့အတွက် ကိုယ့် comfort level နဲ့ကိုက်တဲ့မေးခွန်းတွေကနေ စပြီး confidence ရှိရှိ ပြောဆိုနိုင်မှာပါ။ • Safe Environment: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ English speaking practice လုပ်နိုင်မယ့် supportive environment တစ်ခု ဖြစ်ပါတယ်။ • Thought-Provoking Topic: “Online review တွေကို ယုံလို့ရလား?” “Ads မဟုတ်သလိုလုပ်ထားတဲ့ marketing က ethical ဖြစ်လား?” “Many people recommend something ဆိုတာ တကယ် independent opinion ဖြစ်ရဲ့လား?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘဝနဲ့ချိတ်ပြီး ဆွေးနွေးနိုင်မှာပါ။ • Networking: English စကားပြောလေ့လာနေသူအချင်းချင်း သိကျွမ်းခွင့်ရပြီး ideas တွေ ဖလှယ်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ 📅 Schedule & Details • Date: Today, Sunday • Time: 7:30 PM to 9:00 PM • Platform: Zoom Online • Fees: 100% Free 🚀 How to Join? ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ Reading Materials တွေကို အောက်ပါ Telegram Group မှာ ကြေညာပေးထားမှာ ဖြစ်ပါတယ်။ 👉 Join Telegram Group Here: https://t.me/bright_hill_international English speaking fluency တိုးတက်ချင်ရင် vocabulary သိရုံ၊ grammar မှန်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အမြင်ကို English လိုပြောကြည့်တာ၊ evidence နဲ့ support လုပ်တာ၊ agreement and disagreement ကို polite way နဲ့ပြောတတ်တာ၊ real-life topic တွေကို critical thinking နဲ့ဆွေးနွေးတတ်တာက အရေးကြီးပါတယ်။ ဒီနေ့မှာတော့ Reading Week Discussion Session အနေနဲ့ article ကို ကြိုတင်ဖတ်ထားပြီး “Hidden Marketing” topic ကိုအခြေခံကာ online reviews, fake recommendations, social proof, consumer trust, and ethical marketing အကြောင်းတွေကို အတူတူ စိတ်ဝင်စားစရာ ဆွေးနွေးကြရအောင်! 🦋⛰️✨

  • ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့ “Hidden Marketing: When Advertising Doesn’t Look Like Advertising” ပဲ ဖြစ်ပါတယ်။ 🕵️‍♀️✨ Facebook မှာ “ဒီ English school ကောင်းလား?” ဆိုတဲ့ post တစ်ခုတွေ့ဖူးပါသလား။ ခဏအတွင်း comments တွေမှာ “ဟုတ်တယ် ကောင်းတယ်” “ကျွန်မတက်ဖူးတယ်” “Teacher တွေကောင်းတယ်” ဆိုပြီး အများကြီးဝင်ပြောကြတာမျိုး တွေ့ဖူးကြမှာပါ။ ပထမဆုံးကြည့်လိုက်ရင်တော့ ordinary conversation တစ်ခုလိုပဲ ထင်ရနိုင်ပါတယ်။ ဒါပေမယ့် တချို့အခြေအနေတွေမှာ အဲ့ဒီလို conversation က သဘာဝအတိုင်းဖြစ်လာတာမဟုတ်ဘဲ carefully planned marketing strategy တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ Traditional advertising ဆိုတာတော့ လူတိုင်းသိပါတယ်။ Company တစ်ခုက ad တင်တယ်။ Product သို့မဟုတ် service ကို ရောင်းချင်တယ်။ Audience ကလည်း “ဒါက ad ပဲ” ဆိုတာ ချက်ချင်းသိပါတယ်။ ဒါကြောင့် လူအများစုက ads တွေကို skip လုပ်တတ်ကြပါတယ်။ ဒီလို phenomenon ကို advertising avoidance လို့ခေါ်ပါတယ်။

  • видео или голосовое, без подписи

  • Thank you to everyone who joined and actively participated in our Speaking Practice Sessions. In Week 9, participants practised interactive speaking, idea development, fluency, and confident communication through an integrated session format. In Week 10, we explored the topic “Technology, Childhood & Human Connection”, discussing how screens are changing the way we grow, learn, and connect. Both sessions followed an IELTS-style speaking frame to help participants understand questions clearly, organize ideas, expand answers, and speak with more confidence. Same time. Join actively. Practise with confidence. For more updates and session information, join our Telegram: https://t.me/bright_hill_international 🥰🎉

  • Integrated Speaking Practice Week 10 Topic: Technology, Childhood & Human Connection 📱🌿 ဒီအပတ်မှာ screen time, childhood, outdoor play, friendship, family connection နဲ့ real-life communication အကြောင်းကို English လို ပေါ့ပေါ့ပါးပါး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Listening Video: How Screens Stole Childhood — and How to Get It Back Speaker: Jonathan Haidt YouTube Link: https://youtu.be/DH9L7vJ03DE?si=pZl5AauTuZvnnxoc Date: 28th June 2026, Sunday Time: 7:30 PM to 9:00 PM Platform: Zoom Online Fees: 100% Free Join Telegram: https://t.me/bright_hill_international Let’s listen, share, and speak English together. 🦋⛰️

  • ဒီအပတ် Integrated Speaking Practice Week 9 အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့ “The Habit of Social Connection — Building Happier Lives Through Daily Social Interactions and Talking to Strangers” ပဲ ဖြစ်ပါတယ်။ 🌿✨ နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ လူတွေနဲ့ အမြဲနီးကပ်နေကြပေမယ့် တကယ်တမ်း connection ဖြစ်ဖို့တော့ မလွယ်တော့တဲ့ခေတ်ကို ရောက်နေပါတယ်။ Bus, train, airplane, café, classroom, workplace တွေမှာ ဘေးနားမှာ လူတစ်ယောက်ရှိနေပေမယ့် phone ကိုပဲ ကြည့်နေမိတာ၊ silence ထဲမှာနေရတာကို ပိုလုံခြုံတယ်လို့ ခံစားမိတာ၊ stranger တစ်ယောက်နဲ့ စကားစရမှာ awkward ဖြစ်မယ်လို့ ကြိုထင်မိတာတွေက အခုခေတ်လူမှုဘဝရဲ့ သဘာဝလို ဖြစ်လာပါတယ်။ ဒါပေမယ့် simple social interaction လေးတွေက ကျွန်တော်တို့ရဲ့ mood, confidence, happiness နဲ့ sense of belonging ကို အများကြီး ပြောင်းလဲပေးနိုင်ပါတယ်။ မသိတဲ့လူတစ်ယောက်ကို ပြုံးပြတာ၊ small talk လေးစပြောတာ၊ compliment လေးပေးတာ၊ gratitude ပြောတာ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို kindness လေးပြသတာတွေဟာ သေးငယ်တဲ့အရာတွေလို ထင်ရပေမယ့် happier social life တစ်ခုကို တည်ဆောက်ပေးနိုင်တဲ့ daily habit တွေ ဖြစ်နိုင်ပါတယ်။ ဒီအပတ် discussion မှာ TED Talk ထဲက ideas တွေကို အခြေခံပြီး social connection, talking to strangers, small talk, kindness, loneliness, confidence, daily happiness စတဲ့ real-life topics တွေကို English လို ပေါ့ပေါ့ပါးပါး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Fluency, expressing opinions, agreeing and disagreeing politely, storytelling စတဲ့ speaking skills တွေကိုလည်း လက်တွေ့သုံးပြီး practice လုပ်နိုင်မှာပါ။ 🎧 Listening Week ဒီအပတ်က Listening Week ဖြစ်တဲ့အတွက် Discussion မ join ခင် YouTube video လေးကို ကြိုတင်နားထောင်ထားရမှာ ဖြစ်ပါတယ်။ Video: “The Simple Habit for a Happier Social Life” Speaker: Nicholas Epley 👉 https://youtu.be/myjZrpMVLRE?is=2O4FxAI78yP_v3ta Video ထဲက ideas တွေကို discussion မှာ ပြန်ချိတ်ဆက်ပြီး social connection ဆိုတာ extrovert လူတွေအတွက်ပဲ မဟုတ်ဘဲ လူတိုင်းရဲ့ happiness နဲ့ well-being အတွက် အရေးကြီးတဲ့ habit တစ်ခုဖြစ်နိုင်ကြောင်း အင်္ဂလိပ်လို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Speaker ရဲ့ final advice ဖြစ်တဲ့ “When in doubt, reach out” ဆိုတဲ့ message ကိုလည်း ကိုယ့်ဘဝနဲ့ချိတ်ပြီး reflect လုပ်ကြပါမယ်။ ✨ What’s in it for you? ဒီ session မှာ English speaking fluency ကို real-life topic တစ်ခုနဲ့ လေ့ကျင့်နိုင်မှာဖြစ်ပြီး Listening, idea sharing, discussion, reflection, interaction စတဲ့ integrated skills တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။ Beginner, Intermediate, Advanced မတူညီတဲ့ level တွေအတွက် အဆင်ပြေအောင် mixed-level speaking practice ပုံစံနဲ့ ပြုလုပ်သွားမှာဖြစ်လို့ English speaking ကို ယုံကြည်မှုနည်းနေသူတွေလည်း ပေါ့ပေါ့ပါးပါး ပါဝင်နိုင်ပါတယ်။ အမှားလုပ်မိမှာ မကြောက်ဘဲ supportive environment ထဲမှာ English လို ကိုယ့်အမြင်ကို ပြောကြည့်နိုင်မယ်၊ တခြားသူတွေရဲ့ ideas တွေကို နားထောင်နိုင်မယ်၊ English speaking လေ့လာနေသူအချင်းချင်းလည်း connection တည်ဆောက်နိုင်မယ့် session လေး ဖြစ်ပါတယ်။ 📅 Schedule & Details Week: Week 9 Days: 14th June 2026 ( Sunday ) Time: 7:30 PM to 9:00 PM Platform: Zoom Online Fees: 100% Free 🚀 How to Join ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ ကြိုတင်နားထောင်ရမယ့် Listening Materials တွေကို အောက်ပါ Telegram Group မှာ အပတ်စဉ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 👉 Join Telegram Group Here: https://t.me/bright_hill_international English speaking fluency တိုးတက်ချင်ရင် video ကြည့်ရုံ၊ vocabulary ကျက်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အမြင်ကို English လို ပြောကြည့်တာ၊ တခြားသူတွေရဲ့ ideas တွေကို နားထောင်တာ၊ discussion ထဲမှာ active ဖြစ်ဖြစ် ပါဝင်တာက အရေးကြီးပါတယ်။ မ join ခင် video ကို ကြိုတင်နားထောင်ထားပြီး discussion မှာ ပေါ့ပေါ့ပါးပါး active ဖြစ်ဖြစ် ပါဝင်ပေးပါနော်။ ဒီအပတ်မှာတော့ social connection, talking to strangers နဲ့ happier daily life အကြောင်းကို အတူတူ စိတ်ဝင်စားစရာ ဆွေးနွေးကြရအောင်! 🦋⛰️✨

  • видео или голосовое, без подписи

  • Integrated Speaking Practice Club ရဲ့ ပြီးခဲ့တဲ့ sessions တွေမှာ လာရောက်ပါဝင်ပေးခဲ့သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ 🦋⛰️✨ “Hustle Culture, Burnout & the Seven Types of Rest” နဲ့ “Learning How to Learn: Why Your Study Methods Might Be Wrong” topics တွေကို အခြေခံပြီး English လို အတူတူဆွေးနွေးခဲ့ကြပါတယ်။ ကိုယ့်အမြင်တွေကို English လိုကြိုးစားပြောပေးခဲ့တာ၊ တခြားသူတွေရဲ့ ideas တွေကို နားထောင်ပေးခဲ့တာ၊ supportive learning space ဖြစ်အောင် ပါဝင်ပေးခဲ့တာတွေအတွက် တကယ်ကျေးဇူးတင်ပါတယ်။ Integrated Speaking Practice Club Every Saturday 7:30 PM to 9:00 PM Zoom Online 100% Free Organized by Bright Hill International x Fluency Butterfly International Telegram Group https://t.me/bright_hill_international Keep practicing. Keep sharing. Keep growing. 🦋⛰️✨

  • Schedule & Details • Days: Every Saturday အပတ်စဉ် စနေနေ့တိုင်း ( ဒီနေ့ Sunday June 7 နေ့ကတော့ မနေ့ က စနေနေ့အစား ပြန်လည် ပြုလုပ်ပေးတာ ဖြစ်ပါတယ် ) • Time: 7:30 PM to 9:00 PM • Platform: Zoom Online • Fees: 100% Free 🚀 How to Join? ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ Reading Materials တွေကို အောက်ပါ Telegram Group မှာ အပတ်စဉ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 👉 Join Telegram Group Here: https://t.me/bright_hill_international English speaking fluency တိုးတက်ချင်ရင် စာဖတ်ရုံ၊ video ကြည့်ရုံ၊ notes ကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အမြင်ကို English လို ပြောကြည့်တာ၊ တခြားသူတွေရဲ့ idea တွေကို နားထောင်တာ၊ vocabulary အသစ်တွေကို discussion ထဲမှာ လက်တွေ့သုံးကြည့်တာက အရေးကြီးပါတယ်။ ဒီအပတ်မှာတော့ Reading Week ဖြစ်တဲ့အတွက် article ကို ကြိုတင်ဖတ်ထားပြီး “Learning How to Learn” topic ကိုအခြေခံကာ study methods, memory, active recall, spaced practice နဲ့ English learning habits တွေအကြောင်းကို အတူတူ စိတ်ဝင်စားစရာ ဆွေးနွေးကြရအောင်! 🦋⛰️✨

  • ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့ “Learning How to Learn: Why Your Study Methods Might Be Wrong” ပဲ ဖြစ်ပါတယ်။ 🧠✨ စာမေးပွဲအတွက် အချိန်အများကြီးပေးပြီး စာကျက်ထားပေမယ့် result မကောင်းခဲ့ဖူးပါသလား။ Notes တွေကို ထပ်ခါထပ်ခါဖတ်တာ၊ important sentences တွေကို highlight လုပ်တာ၊ တစ်ခုလုံးကို ပြန်ကူးရေးတာတွေ လုပ်ခဲ့ပေမယ့် exam room ထဲရောက်တဲ့အခါ မမှတ်မိတော့တာမျိုး ကြုံဖူးကြမှာပါ။ တကယ်တော့ ဒီလိုဖြစ်တာက ကိုယ်မကြိုးစားလို့မဟုတ်ပါဘူး။ Study method မမှန်လို့ ဖြစ်နိုင်ပါတယ်။ အခုခေတ်မှာ “အချိန်ကြာကြာ စာကျက်တာ” ကို learning လုပ်နေတယ်လို့ ထင်ကြတာများပါတယ်။ Textbook ကို အကြိမ်ကြိမ် reread လုပ်ရင် သိနေပြီလို့ခံစားရတယ်။ Notes တွေ colourful ဖြစ်အောင် highlight လုပ်ရင် productive ဖြစ်နေတယ်လို့ ထင်ရတယ်။ Summary ပြန်ရေးထားရင် deep learning လုပ်နေတယ်လို့ ခံစားရတယ်။ ဒါပေမယ့် cognitive psychology research တွေအရ လူကြိုက်များတဲ့ study methods အများကြီးဟာ long-term learning အတွက် ထင်သလောက် မထိရောက်နိုင်ပါဘူး။ Familiar ဖြစ်နေတာနဲ့ တကယ် recall လုပ်နိုင်တာ မတူပါဘူး။ “I’ve seen this before” ဆိုတာနဲ့ “I can explain this from memory” ဆိုတာ မတူပါဘူး။ ဒီအပတ် discussion မှာ learning strategies တွေအကြောင်းကို English လို စိတ်ဝင်စားစရာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ “စာကို ဘယ်လိုပိုမှတ်မိအောင် လေ့လာမလဲ?” “Why do easy study methods often give weak results?” “Why does self-testing feel difficult but work better?” “English speaking fluency တိုးတက်ဖို့ passive watching ထက် active practice က ဘာကြောင့်ပိုအရေးကြီးလဲ?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့် learning experience တွေနဲ့ချိတ်ပြီး English လို structured speaking phrases တွေနဲ့ ဆွေးနွေးလေ့ကျင့်ကြမှာပါ။ 📖 Reading Week ဒီအပတ်က Reading Week ဖြစ်တဲ့အတွက် Discussion မ join ခင် “Learning How to Learn: Why Your Study Methods Might Be Wrong” article လေးကို Telegram Channel မှာကြိုတင်ဖတ်ထားရမှာ ဖြစ်ပါတယ်။ Article ထဲက ideas တွေကို discussion မှာ ပြန်ချိတ်ဆက်ပြီး “စာကျက်ချိန်များတာ” နဲ့ “တကယ် learning ဖြစ်တာ” က တူညီရဲ့လား၊ rereading နဲ့ highlighting လုပ်တာက ဘာကြောင့် familiar ဖြစ်သလိုခံစားရပေမယ့် recall အတွက် မလုံလောက်နိုင်တာလဲ၊ retrieval practice နဲ့ spaced practice က long-term memory အတွက် ဘာကြောင့်ပိုထိရောက်တာလဲဆိုတာတွေကို English လို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ✨ What’s in it for you? • Integrated English Skills Practice: Speaking တင်မဟုတ်ဘဲ reading, vocabulary building, idea sharing, discussion, reflection, interaction စတဲ့ skills တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။ • Real-Life Learning Discussion • Useful Vocabulary & Collocations တွေကို context ထဲမှာ သုံးတတ်အောင် လေ့ကျင့်နိုင်မှာပါ။ • Mixed-Level Speaking Practice: Beginner, Intermediate, Advanced မတူညီတဲ့ level အလိုက် questions တွေရှိတဲ့အတွက် ကိုယ့် comfort level နဲ့ကိုက်တဲ့မေးခွန်းတွေကနေ စပြီး ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မှာပါ။ • Safe Environment: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ English speaking practice လုပ်နိုင်မယ့် supportive environment တစ်ခု ဖြစ်ပါတယ်။ • Thought-Provoking Topic: “ငါစာကျက်နည်းမှန်ရဲ့လား?” “I feel familiar with the lesson, but can I really recall it?” “English fluency တိုးတက်ဖို့ input ကြည့်ရုံနဲ့ လုံလောက်လား?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘဝနဲ့ချိတ်ပြီး ဆွေးနွေးနိုင်မှာပါ။ • Networking: English စကားပြောလေ့လာနေသူအချင်းချင်း သိကျွမ်းခွင့်ရပြီး ideas တွေ ဖလှယ်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။

  • ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့ “The Radical Act of Restoring Your Worth — Hustle Culture, Burnout & the Seven Types of Rest” ပဲ ဖြစ်ပါတယ်။ 🌿✨ အခုခေတ်မှာ “အလုပ်များနေရတာ” ကို တန်ဖိုးရှိခြင်း၊ အရေးကြီးခြင်း၊ အောင်မြင်ဖို့ ကြိုးစားနေခြင်းနဲ့ ချိတ်ဆက်ပြီး မြင်ကြတာ များလာပါတယ်။ တစ်နေ့တာလုံး busy ဖြစ်နေမှ ကိုယ့်ကိုယ်ကို productive ဖြစ်တယ်လို့ ခံစားရတာ၊ နားနေမိရင် guilty ဖြစ်တာ၊ social media ပေါ်မှာ 5 a.m. routine တွေ၊ side hustle တွေ၊ nonstop working lifestyle တွေကို success image တစ်ခုလို မြင်လာတာတွေဟာ hustle culture ရဲ့ သက်ရောက်မှုတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် “busy” ဖြစ်နေတာက တကယ် productive ဖြစ်နေတာလား။ ဒါမှမဟုတ် ကိုယ့် worth ကို output နဲ့တိုင်းတာနေမိတာလား။ Burnout ဖြစ်လာတဲ့အခါ sleep ပိုယူရုံနဲ့ လုံလောက်ပါ့မလား။ Physical rest အပြင် mental, emotional, sensory, social, creative, spiritual rest တွေလည်း လိုအပ်နိုင်တယ်ဆိုတာကို ဒီအပတ်မှာ အင်္ဂလိပ်လို စိတ်ဝင်စားစရာ ဆွေးနွေးကြမှာပါ။ ဒီ discussion မှာ “busy equals important” ဆိုတဲ့ idea ကို ပြန်လည်မေးခွန်းထုတ်ကြမယ်၊ boundary problem, performance economy, non-productive joy, burnout, rest as a requirement စတဲ့ vocabulary နဲ့ ideas တွေကို လေ့လာကြမယ်၊ ကိုယ့် work-life balance နဲ့ personal experience တွေကို English လို structured speaking phrases တွေနဲ့ ပြောဆိုလေ့ကျင့်ကြမယ်။ 🎧 Listening Week ဒီအပတ်က Listening Week ဖြစ်တဲ့အတွက် Discussion မ join ခင် YouTube video လေးကို ကြိုတင်နားထောင်ထားရမှာ ဖြစ်ပါတယ်။ Video: “Give Me 30 Minutes and You Won’t Get Burnt Out Again” 👉 https://youtu.be/Hpjg3UCthSA?si=Fjcu7JNPPkHdZvtZ Video ထဲက ideas တွေကို discussion မှာ ပြန်ချိတ်ဆက်ပြီး “rest” ဆိုတာ luxury မဟုတ်ဘဲ requirement တစ်ခုလား၊ “worth” ကို productivity နဲ့ မတိုင်းတာသင့်ဘူးဆိုတဲ့အမြင်ကို ဘယ်လိုနားလည်နိုင်မလဲဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ✨ What’s in it for you? • Integrated English Skills Practice: Speaking တင်မဟုတ်ဘဲ Listening, vocabulary building, idea sharing, discussion, reflection, interaction စတဲ့ skills တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။ • Real-Life Discussion: Hustle culture, burnout, work-life balance, productivity guilt, boundaries, emotional rest စတဲ့ အခုခေတ်လူငယ်တွေနဲ့ adults တွေကြားမှာ တကယ်ကြုံတွေ့နေရတဲ့ topic တွေကို English လို ဆွေးနွေးနိုင်မှာပါ။ • Useful Vocabulary & Collocations: hustle culture, run oneself into the ground, boundary problem, performance economy, outrun feelings, non-productive joy စတဲ့ expression တွေကို context ထဲမှာ သုံးတတ်အောင် လေ့ကျင့်နိုင်မှာပါ။ • Mixed-Level Speaking Practice: Beginner, Intermediate, Advanced မတူညီတဲ့ level အလိုက် questions တွေရှိတဲ့အတွက် ကိုယ့် comfort level နဲ့ကိုက်တဲ့မေးခွန်းတွေကနေ စပြီး ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မှာပါ။ • Safe Environment: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ English speaking practice လုပ်နိုင်မယ့် supportive environment တစ်ခု ဖြစ်ပါတယ်။ • Thought-Provoking Topic: “ငါ့တန်ဖိုးက ငါလုပ်နိုင်သလောက်ပဲလား?” “Rest လုပ်တာက ပျင်းတာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်တာလား?” ဆိုတဲ့ မေးခွန်းတွေကို ကိုယ့်ဘဝနဲ့ချိတ်ပြီး ဆွေးနွေးနိုင်မှာပါ။ • Networking: English စကားပြောလေ့လာနေသူအချင်းချင်း သိကျွမ်းခွင့်ရပြီး ideas တွေ ဖလှယ်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ပါတယ်။ 📅 Schedule & Details • Days: Every Saturday အပတ်စဉ် စနေနေ့တိုင်း • Ti 7:30 PM to 9:00 PM • Platform: Zoom Online • Fees: 100% Free 🚀 How to Join? ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ ကြိုတင်နားထောင်ရမယ့် Listening Materials တွေကို အောက်ပါ Telegram Group မှာ အပတ်စဉ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 👉 Join Telegram Group Here: https://t.me/bright_hill_international English speaking fluency တိုးတက်ချင်ရင် စာဖတ်ရုံ၊ video ကြည့်ရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်အမြင်ကို English လို ပြောကြည့်တာ၊ တခြားသူတွေရဲ့ idea တွေကို နားထောင်တာ၊ vocabulary အသစ်တွေကို discussion ထဲမှာ လက်တွေ့သုံးကြည့်တာက အရေးကြီးပါတယ်။ မ join ခင် video ကို ကြိုတင်နားထောင်ထားပြီး discussion မှာ active ဖြစ်ဖြစ် ပါဝင်ပေးပါနော်။ ဒီအပတ်မှာတော့ hustle culture, burnout နဲ့ rest ရဲ့ တန်ဖိုးအကြောင်းကို အတူတူ စိတ်ဝင်စားစရာ ဆွေးနွေးကြရအောင်! 🦋⛰️✨ :::

  • “The Architects of Invisible Companions Imaginary Friends & Child Psychology” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ အပတ် Integrated Speaking Practice Session မှာ ပါဝင်ခဲ့ကြသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ 🧠✨ ဒီအပတ် session ကို ပိုပြီးအဓိပ္ပါယ်ရှိစေခဲ့တာကတော့ ပါဝင်သူတစ်ဦးချင်းစီရဲ့ စိတ်ဝင်စားမှု၊ နားထောင်ပေးနိုင်မှု၊ တွေးခေါ်ဆွေးနွေးနိုင်မှု၊ မိမိအမြင်ကို English လို မကြောက်မရွံ့ ပြောကြားဖို့ ကြိုးစားမှုတွေပါပဲ။ ဒီ session မှာ ကျွန်တော်တို့ imaginary friends ဆိုတာကို child psychology အမြင်ကနေ စိတ်ဝင်စားစရာကောင်းအောင် ဆွေးနွေးခဲ့ကြပါတယ်။ ကလေးတွေမှာ “မမြင်ရတဲ့ သူငယ်ချင်း” ရှိတာဟာ အထီးကျန်လို့ပဲ ဖြစ်တာလား၊ ဒါမှမဟုတ် imagination, emotional development, creativity, language growth, storytelling skill နဲ့ social thinking တွေကို ပြသနိုင်တဲ့ natural developmental process တစ်ခုလားဆိုတာကို အတွေးအမြင်မျိုးစုံနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ Listening Week ဖြစ်တဲ့အတွက် ကြိုတင်နားထောင်ထားတဲ့ video ထဲက ideas တွေကို ကိုယ်ပိုင်အတွေ့အကြုံ၊ childhood memories, parenting perspectives, psychology concepts တွေနဲ့ ချိတ်ဆက်ပြီး ပြောဆိုနိုင်ခဲ့တာလည်း ဒီ session ရဲ့ အရေးကြီးတဲ့ learning point တစ်ခု ဖြစ်ပါတယ်။ Integrated Speaking Practice ဆိုတာ speaking တစ်ခုတည်းကို လေ့ကျင့်တာမဟုတ်ပါဘူး။ English လို စဉ်းစားခြင်း၊ နားထောင်ခြင်း၊ vocabulary အသုံးပြုခြင်း၊ မေးခွန်းမေးခြင်း၊ ကိုယ့်အမြင်ကို ရှင်းပြခြင်း၊ အခြားသူတွေရဲ့ အမြင်ကို လေးစားစွာ နားထောင်ခြင်းနဲ့ meaningful discussion ထဲမှာ ယုံကြည်မှုရှိရှိ ပါဝင်ခြင်းတို့ကို တစ်ပြိုင်နက် လေ့ကျင့်နိုင်တဲ့ learning space တစ်ခု ဖြစ်ပါတယ်။ အမှားလုပ်မိမှာ မကြောက်ဘဲ ပြောကြည့်ခဲ့ကြတဲ့အတွက်၊ မေးခွန်းတွေ မျှဝေပေးခဲ့ကြတဲ့အတွက်၊ ကိုယ့်အမြင်တွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအပတ်ဆွေးနွေးမှုက နွေးထွေးပြီး စိတ်ဝင်စားစရာကောင်းတဲ့ session တစ်ခု ဖြစ်ခဲ့ပါတယ်။ လာမယ့် free practice sessions တွေကို သိရှိနိုင်ဖို့ Telegram group ထဲ ဝင်ထားနိုင်ပါတယ်။ https://t.me/bright_hill_international ဆက်လေ့လာကြရအောင်။ ဆက်တိုးတက်ကြရအောင်။ ယုံကြည်မှုရှိရှိ ဆက်ပြောကြရအောင်။ ပြီးတော့ human mind ထဲက စိတ်ဝင်စားစရာကမ္ဘာတွေကို ဆက်လေ့လာကြရအောင်။ Fluency Butterfly International × Bright Hill International 🦋⛰️

  • ဒီအပတ် Integrated Speaking Practice အတွက် ဆွေးနွေးသွားမယ့် Topic လေးကတော့ “The Architects of Invisible Companions — Imaginary Friends & Child Psychology” ပဲ ဖြစ်ပါတယ်။ 🧠✨ ကလေးဘဝမှာ “မမြင်ရတဲ့ သူငယ်ချင်း” တစ်ယောက်နဲ့ စကားပြောတာ၊ ကစားတာ၊ အတူတူနေသလို စိတ်ကူးယဉ်တာတွေ ကြုံဖူးကြလား။ တချို့မိဘတွေက ဒီလို imaginary friends တွေရှိတာကို စိုးရိမ်တတ်ကြပေမယ့် child psychology အမြင်အရတော့ ဒါဟာ ကလေးရဲ့ imagination, emotional development, social thinking နဲ့ creativity တွေကို ပြသနိုင်တဲ့ စိတ်ဝင်စားစရာ phenomenon တစ်ခု ဖြစ်ပါတယ်။ Imaginary friends ဆိုတာ ကလေးတွေ “အထီးကျန်လို့” သို့မဟုတ် “ပြဿနာရှိလို့” ဖြစ်လာတာပဲလား။ ဒါမှမဟုတ် သူတို့ရဲ့ brain က social world ကို လေ့လာနေတဲ့ natural developmental process တစ်ခုလား။ ကလေးတွေဟာ မမြင်ရတဲ့ character တွေကို ဖန်တီးပြီး feelings တွေကို process လုပ်တာ၊ conflict တွေကို role-play လုပ်တာ၊ language နဲ့ storytelling skill တွေကို တိုးတက်အောင် လေ့ကျင့်တာမျိုး ဖြစ်နိုင်မလားဆိုတာကို ဒီအပတ်မှာ အင်္ဂလိပ်လို စိတ်ဝင်စားစရာ ဆွေးနွေးကြမှာပါ။ 🎧 Listening Week ဒီအပတ်က Listening Week ဖြစ်တဲ့အတွက် Topic နဲ့ ပတ်သက်တဲ့ YouTube video လေးတစ်ခုကို ကြိုတင်နားထောင်ထားရမှာ ဖြစ်ပါတယ်။ Video link ကို Telegram group ထဲမှာ ကြိုတင်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ✨ What’s in it for you? • Integrated English Skills Practice: Speaking တင်မဟုတ်ဘဲ Listening, vocabulary building, idea sharing, discussion, interaction စတဲ့ skill တွေကို တစ်နေရာတည်းမှာ practice လုပ်နိုင်မှာပါ။ • Psychology-Based Discussion: Child psychology, imagination, emotional intelligence, creativity, parenting perspectives စတဲ့ topic တွေကို English လို critical thinking နဲ့ ဆွေးနွေးနိုင်မှာပါ။ • Safe Environment: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မယ့် ပတ်ဝန်းကျင်။ • Interesting & Thought-Provoking Topic: Imaginary friends ဆိုတဲ့ ရိုးရှင်းသလိုထင်ရတဲ့အရာက ကလေးတွေရဲ့ mind, emotions, creativity နဲ့ social development ကို ဘယ်လိုဖော်ပြနေသလဲဆိုတာကို ကိုယ့်အမြင်နဲ့ချိတ်ပြီး ဆွေးနွေးလို့ အရမ်းကောင်းပါတယ်။ • Networking: အင်္ဂလိပ်စာ လေ့လာနေသူအချင်းချင်း သိကျွမ်းခွင့်ရမယ့် အခွင့်အရေး။ 📅 Schedule & Details • Days: Every Saturday အပတ်စဉ် စနေနေ့တိုင်း • Time: 7:30 PM to 9:00 PM • Platform: Zoom Online • Fees: 100% Free 🚀 How to Join? ဒီ Session မှာ ပါဝင်ဆွေးနွေးဖို့ Zoom ID, Password နဲ့ ကြိုတင်နားထောင်ရမယ့် Listening Materials တွေကို အောက်ပါ Telegram Group မှာ အပတ်စဉ် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 👉 Join Telegram Group Here: https://t.me/bright_hill_international English စကားပြောဆိုရာမှာ Fluency တိုးတက်ဖို့ဆိုတာ လက်တွေ့ Practice လုပ်တာထက် ပိုကောင်းတဲ့နည်းလမ်း မရှိပါဘူး။ အခုပဲ Group ထဲဝင်ထားပြီး စနေနေ့တိုင်းမှာ ဆုံကြရအောင်! 🦋⛰️ မ join ခင် video ကို ကြိုတင်နားထောင်ထားပြီး discussion မှာ active ဖြစ်ဖြစ် ပါဝင်ပေးပါနော် ✨

  • видео или голосовое, без подписи

  • A big thank you to everyone who joined our Integrated Speaking Practice Session on “What Is Prompt Engineering and Why Does It Matter?” 💛 Your presence, curiosity, thoughtful ideas, and active participation made the session truly meaningful and inspiring. In this session, we explored how to communicate with AI more effectively, why clear instructions matter, and how a weak prompt can be improved into a stronger and more specific prompt. More importantly, this was not only about learning Prompt Engineering. It was also about using English to think, discuss, question, explain, and share real-life ideas with confidence. This session was part of our Integrated Speaking Practice, where learners improve English through reading, vocabulary building, listening, speaking, critical thinking, discussion, and interaction. Through the topic of Prompt Engineering, participants had the chance to practice English while also learning a practical AI communication skill that is becoming increasingly important in today’s world. Every session gives learners a safe and supportive space to practice, make mistakes, learn from one another, and speak more naturally. Thank you for bringing your energy, opinions, and willingness to learn together. Join our Telegram group for upcoming free practice sessions: https://t.me/bright_hill_international Keep learning. Keep growing. Keep speaking with confidence. And keep asking better questions, to people and to AI. Fluency Butterfly International × Bright Hill International 🦋⛰️

  • 🎧 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐞𝐝 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 𝐈𝐧𝐯𝐢𝐭𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐭𝐆𝐏𝐓 ကို မေးလိုက်တိုင်း ကိုယ်လိုချင်တဲ့ 𝐚𝐧𝐬𝐰𝐞𝐫 မရတာ၊ 𝐀𝐈 က နားမလည်သလိုဖြစ်တာ၊ 𝐩𝐫𝐨𝐦𝐩𝐭 ရေးပေမယ့် 𝐫𝐞𝐬𝐮𝐥𝐭 က မတိကျတာမျိုးတွေ ကြုံဖူးပါသလား? ဒီအပတ် 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐞𝐝 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞 မှာတော့ 𝐏𝐫𝐨𝐦𝐩𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 ဆိုတာဘာလဲ၊ ဘာကြောင့် အရေးကြီးလာတာလဲ၊ 𝐀𝐈 နဲ့ ပိုပြီးထိရောက်စွာ ဆက်သွယ်နိုင်ဖို့ ဘယ်လို 𝐩𝐫𝐨𝐦𝐩𝐭 တွေရေးသင့်လဲဆိုတာကို အတူတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ 📌 𝐓𝐨𝐩𝐢𝐜: 𝐖𝐡𝐚𝐭 𝐈𝐬 𝐏𝐫𝐨𝐦𝐩𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐚𝐧𝐝 𝐖𝐡𝐲 𝐃𝐨𝐞𝐬 𝐈𝐭 𝐌𝐚𝐭𝐭𝐞𝐫? ဒီ 𝐬𝐞𝐬𝐬𝐢𝐨𝐧 မှာ 𝐀𝐈 က ဘယ်လို 𝐩𝐫𝐨𝐦𝐩𝐭 တွေကို နားလည်တာလဲ၊ ဘာကြောင့် 𝐜𝐥𝐞𝐚𝐫 𝐢𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 တွေက အရေးကြီးတာလဲ၊ 𝐰𝐞𝐚𝐤 𝐩𝐫𝐨𝐦𝐩𝐭 နဲ့ 𝐬𝐭𝐫𝐨𝐧𝐠 𝐩𝐫𝐨𝐦𝐩𝐭 ဘာကွာလဲ၊ 𝐀𝐈 ကို ပိုပြီးတိကျတဲ့ 𝐫𝐞𝐬𝐩𝐨𝐧𝐬𝐞 ရအောင် ဘယ်လို 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 တွေ သုံးလို့ရလဲဆိုတာကို အင်္ဂလိပ်လို ပေါ့ပေါ့ပါးပါး ဆွေးနွေးသွားမှာပါ။ 📖 𝐏𝐫𝐞-𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐑𝐞𝐪𝐮𝐢𝐫𝐞𝐝 ပိုမိုထိရောက်တဲ့ 𝐝𝐢𝐬𝐜𝐮𝐬𝐬𝐢𝐨𝐧 ဖြစ်စေဖို့အတွက် 𝐏𝐫𝐨𝐦𝐩𝐭 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 နဲ့ပတ်သက်တဲ့ 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 လေးကို ကြိုတင်ဖတ်ရှုထားပေးပါနော်။ ✨ 𝐖𝐡𝐚𝐭’𝐬 𝐢𝐧 𝐢𝐭 𝐟𝐨𝐫 𝐲𝐨𝐮? • 𝐈𝐧𝐭𝐞𝐠𝐫𝐚𝐭𝐞𝐝 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐤𝐢𝐥𝐥𝐬 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐞: 𝐑𝐞𝐚𝐝𝐢𝐧𝐠, 𝐯𝐨𝐜𝐚𝐛𝐮𝐥𝐚𝐫𝐲, 𝐬𝐩𝐞𝐚𝐤𝐢𝐧𝐠, 𝐜𝐫𝐢𝐭𝐢𝐜𝐚𝐥 𝐭𝐡𝐢𝐧𝐤𝐢𝐧𝐠, 𝐢𝐝𝐞𝐚 𝐬𝐡𝐚𝐫𝐢𝐧𝐠 နဲ့ 𝐢𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐨𝐧 𝐬𝐤𝐢𝐥𝐥𝐬 တွေကို တစ်နေရာတည်းမှာ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞 လုပ်နိုင်မှာပါ။ • 𝐏𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐀𝐈 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬: 𝐂𝐡𝐚𝐭𝐆𝐏𝐓 နဲ့ အခြား 𝐀𝐈 𝐭𝐨𝐨𝐥𝐬 တွေကို ပိုပြီးထိရောက်စွာ အသုံးပြုနိုင်ဖို့ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐚𝐥 𝐩𝐫𝐨𝐦𝐩𝐭𝐢𝐧𝐠 𝐬𝐭𝐫𝐚𝐭𝐞𝐠𝐢𝐞𝐬 တွေကို ဆွေးနွေးနိုင်မှာပါ။ • 𝐒𝐚𝐟𝐞 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭: အမှားလုပ်မိမှာ မကြောက်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ယုံကြည်မှုရှိရှိ ပြောဆိုနိုင်မယ့် ပတ်ဝန်းကျင်။ • 𝐍𝐞𝐭𝐰𝐨𝐫𝐤𝐢𝐧𝐠: 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐥𝐞𝐚𝐫𝐧𝐞𝐫𝐬 နဲ့ 𝐀𝐈 စိတ်ဝင်စားသူတွေ အချင်းချင်း သိကျွမ်းပြီး အတူတူ 𝐩𝐫𝐚𝐜𝐭𝐢𝐜𝐞 လုပ်နိုင်မယ့် အခွင့်အရေး။ 📅 𝐒𝐜𝐡𝐞𝐝𝐮𝐥𝐞 & 𝐃𝐞𝐭𝐚𝐢𝐥𝐬 • 𝐃𝐚𝐭𝐞: 𝐌𝐚𝐲 𝟗, 𝟐𝟎𝟐𝟔 • 𝐃𝐚𝐲: 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 • 𝐓𝐢𝐦𝐞: 𝟕:𝟑𝟎 𝐏𝐌 𝐭𝐨 𝟗:𝟎𝟎 𝐏𝐌 • 𝐓𝐢𝐦𝐞 𝐙𝐨𝐧𝐞: 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐓𝐢𝐦𝐞 (𝐌𝐌𝐓) • 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦: 𝐙𝐨𝐨𝐦 𝐎𝐧𝐥𝐢𝐧𝐞 • 𝐅𝐞𝐞𝐬: 𝟏𝟎𝟎% 𝐅𝐫𝐞𝐞 🚀 𝐇𝐨𝐰 𝐭𝐨 𝐉𝐨𝐢𝐧? ဒီ 𝐬𝐞𝐬𝐬𝐢𝐨𝐧 မှာ ပါဝင်ဆွေးနွေးဖို့ 𝐙𝐨𝐨𝐦 𝐈𝐃, 𝐏𝐚𝐬𝐬𝐰𝐨𝐫𝐝 နဲ့ ကြိုတင်ဖတ်ရှုရမယ့် 𝐑𝐞𝐚𝐝𝐢𝐧𝐠 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥 ကို အောက်ပါ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩 မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 👉 𝐉𝐨𝐢𝐧 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐆𝐫𝐨𝐮𝐩 𝐇𝐞𝐫𝐞: https://t.me/bright_hill_international 𝐀𝐈 ကို အသုံးပြုတတ်ရုံနဲ့ မလုံလောက်တော့ပါဘူး။ 𝐀𝐈 နဲ့ ဘယ်လို ထိရောက်စွာ ဆက်သွယ်မလဲဆိုတဲ့ 𝐩𝐫𝐨𝐦𝐩𝐭𝐢𝐧𝐠 𝐬𝐤𝐢𝐥𝐥 က အနာဂတ်မှာ ပိုပိုပြီး အရေးကြီးလာမှာပါ။ အခုပဲ 𝐆𝐫𝐨𝐮𝐩 ထဲဝင်ထားပြီး 𝐌𝐚𝐲 𝟗, 𝟐𝟎𝟐𝟔, 𝟕:𝟑𝟎 𝐏𝐌 𝐌𝐌𝐓 မှာ ဆုံကြရအောင်! 🦋⛰️