tgindex
Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
3
Всего постов
25
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
3 627
−7 за 5 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
614
24 постов
Вовлечённость
16,9%
к подписчикам
Постов в день
0,4
всего 25
Упоминаний
4
каналов
Охват размещения
оценка
1/24сутки в ленте
196
1/48двое суток
224
1/72трое суток
242

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ရဲဘော်ရဲဘက်ညီအစ်ကိုတွေရဲ့နှစ်ပတ်လည်နေ့တွေကပ်လာတဲ့ အခုလိုရက်တွေကြရင် အိပ်ပျော်ဖို့တော်တော်ကြိုးစားရတယ်။

  • ကျန်းမာရေး ကိစ္စရော ၊ ရေဘေးကိစ္စပါရှိနေတဲ့အတွက် စာပြန်တာနောက်ကျခဲ့သည် ရှိသော် နားလည်ပေးကြပါခင်ဗျာ။

  • ရေဘေးအန္တရာယ်တော်‌တော်လေးဆိုးရွားပါတယ်။ဂရုစိုက်ကြပါခင်ဗျာ။၀မ်းရောဂါတွေလဲ စဖြစ်နေတဲ့အတွက်ကျန်းမာရေးအတွက်လဲ ဂရုတစိုက်နေထိုင်ကြပါခင်ဗျာ။

  • 8 авг.1 386267

    လက်ရှိ အညာဒေသမှာ ရေအလုံးအရင်း ဝင်ရောက်လာတာတွေအပြင် မိုးသည်းထန်နေဆဲဖြစ်တာကြောင့် ဒေသခံပြည်သူအများစု ရေဘေးဒုက္ခအခက်အခဲများစွာရင်ဆိုင်နေရတာဖြစ်ပါတယ်။ ရေဘေးအခြေအနေက နေရာအလိုက် ပြောင်းလဲနိုင်တာကြောင့် အရေးပေါ်အကူအညီတွေ ပိုမိုလိုအပ်လာမဲ့ အခြေအနေလဲ ဖြစ်နေပြန်ပါတယ်။ လက်ရှိအ‌ညာ ဒေသ နဲ့ပတ်သက်လို့ တိုက်ရိုက် ကူညီပေးနိုင်တဲ့ နေရာတွေ ရှိနေတဲ့ အတွက် အဲဒီ ‌နေရာတွေကို အကြောင်းအရာနဲ့တကွ ဝေမျှပေးလိုက်ခြင်းဖြစ်ပါတယ်။ 📌 တိုက်ရိုက်ပါဝင်ကူညီနိုင်မဲ့ အကောင့်တွေနဲ့ Page တွေ ကိုစုစည်းပေးထားပါတယ်။ လုံခြုံစိတ်ချစွာသွားရောက်ပါ၀င်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။ 1. Ywat Thit https://www.facebook.com/share/p/1H4YSkHkLr/ 2. Vitamins - for Spring Revolution https://www.facebook.com/share/p/1BkmQUvFix/ 3. Doh Khit https://www.facebook.com/share/p/18J5W5TqzP/ 4. ANTS - ပုရွက်ဆိတ်များ https://www.facebook.com/share/p/198VM7xSQN/ 5. Cats- Association https://www.facebook.com/share/p/1E7UMQd5JQ/ 6. S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ https://www.facebook.com/share/p/19KsGbCYZX/ 7. Diary of Comrade https://www.facebook.com/share/p/1LpZQSfRx1 တို့ပြည်သူတွေညီရဲ့လားဟေ့ဆိုပြီး အသံပေး ဟစ်ကြွေးတာ ထက် ပြည်သူ အချင်းချင်း အကူအညီပေးမှုက ပို အရေးကြီးပါတယ်။ မျှဝေခြင်း သည်သာ မေတ္တာ ဖြစ်သလို မျှဝေခြင်းကပဲ ရင်ဘတ်ခြင်း နီးစေမှာပါ။ ပါ၀င်ပေးကြဖို့လဲ တိုက်တွန်းပါတယ်။ မူရင်း Post Rhino Page ကနေ အချက်အလက်တွေထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။

  • ပြည်တွင်းမှာတော့ ဟိုကောင်ကြောင်ချီး ဘန်နီဖြိူးရဲ့ ရှိုးပွဲ တိုးမပေါက်အောင်ရောင်းကောင်းနေတာက ရွံစရာကောင်းပါတယ်။ အဲဒီ ရေချိန်တွေ ၊ ပျော်ချင်ပါးချင်တာတဲ့ စိတ်တွေက တကယ်ရွံစရာပါ။ ကျနော်တို့ က BC ထားပြီ ဆို ထည့်က်ု မပြောတာပါ။ ဒါတွေဟာ Normalized လုပ်ခံနေရတဲ့ အခြေအနေကို Represent လုပ်ကူညီပေးနေတယ်ဆိုတာကို သိသင့်ပါတယ်။

  • https://www.facebook.com/share/p/1BeB5PXrfk/

  • 7 авг.643331

    ကျနော်တို့ လုပ်နေတဲ့ BC ဆိုတာ အထဲမှာ သေသွားသည့် တိုင်အောင် လက်မြှောက်အရှုံးပေးခဲ့ ခြင်းမရှိပဲ သေသည့်တိုင် ယုံကြည်ချက်ကို ကိုင်ဆွဲ သွားခဲ့တယ် ရဲတော်တွေကို တန်ဖိုးထားဖို့ရည်ရွယ်တယ်။ အိမ်မပြန်နိုင်သေး တဲ့သူတွေကို ခင်ဗျားတို့နဲ့ အတူရှိနေပါတယ်ဆိုတဲ့ အားပေးမှု လည်းဖြစ်တယ်။ တိုက်ပွဲမှာ အသက်ပေးသွားရတဲ့ ရဲဘော်တွေရဲ့ ကျဆုံးမှု အပေါ် ဂုဏ်ပေးဦးညွှတ်တဲ့ လုပ်ရပ်လည်း ဖြစ်တယ်။ မတရား ဖမ်းဆီးခံ တွေအားလုံး လွတ်မြောက်ရေး အတွက် အားမာန်လည်း ဖြစ်ပါတယ်။ ခြုံပြောရရင် သန္ဓေ မမှန်တဲ့သူတွေ မပါ၀င်နိုင်ပဲ သန္ဓေ မှန်သူတွေသာ ပါ၀င်နိုင်တဲ့ တော်လှန်ရေး လမ်းစဉ်ပါ။ လူမည်သော၊ လူပီသသော၊ လူသားဆန်မှုရှိသော လူသားတွေသာ တန်ဖိုးထားပါ၀င်တဲ့လုပ်ဆောင်ချက် ဖြစ်ပါတယ်။

  • 6 авг.526201

    နေရာအနှံ့မှာ ရေကြီးမှုတွေ ဖြစ်လာတဲ့ အတွက် ဂရုစိုက်ကြပါ။ စစ်ရှောင်တွေအများကြီးရှိတဲ့ရေကြီးနေတဲ့နေရာဒေသတွေကို သေချာကူညီပေးကြဖို့လဲ တိုက်တွန်းနှိုး‌‌ဆော် ချင်ပါတယ်။

  • 5 авг.724421

    BC လုပ်တာက ငပေါ တွေလုပ်တာ ၊ အဲဒါတွေက ဘာမှအကျိုး မရှိဘူး။ ဟုတ်ပြီ။ ဒါဆို ရင် BC / SP Post တစ်ခုခု တင်လိုက်ပြီဆိုတာနဲ့ ခင်ဗျားတို့ ဂရုမစိုက်တဲ့ ငပေါ လုပ်ရပ် ကို မသိချင်ယောင်ဆောင်နေလိုက်လို့ရတာပဲလေ။ ဘာလို့ ကြောက်နေကြတာလဲ? ဒီခေတ်က ဂျင်းကျွေး လို့ ရတဲ့ ခေတ်လဲ မဟုတ်ဘူး။ အကြောင်းအရာ တစ်ခုကို ဒဲ့မရေးတာက အဲဒီ သက်ဆိုင်တဲ့ နိုင်ငံတွေမှာ ရှိတဲ့ Policy တွေကြောင့် အဲလို ရေးရတာပါ။ တစ်ခုခု တင်ပြီဆိုရင် တင်ဖို့လုပ်ပြီဆိုရင် အဖွဲ့ အစည်း ၃ ခုလောက်နဲ့ အနည်းဆုံး အတည်ပြု ပြီးမှ တင်ရဲတဲ့ အလုပ်ဖြစ်ပါတယ်။ BC က ‌ငပေါ လုပ်ရပ်ပါကွာလို့ ပြောပြီး ဒီ BC / SP ကိုတောင်ကြောက်နေရတဲ့ ကောင်တွေ ၊ အရေးတယူ လုပ်ပြီးထဖြေရှင်းနေရတဲ့ ကောင်တွေ ကပိုပြီး ငပေါ ဖြစ်နေတာ မဟုတ်ဘူးလား ? ကိုယ့် ‌အခြေ အနေ ကိုယ်မသိတဲ့ ဘော မ နေတာ ကမှ ရှက်စရာပါ။ ရှက်လို့လဲ ထပြီး စာတွေထုတ် ဖြေရှင်းရတာပေါ့။ BC / SP လုပ်ခံရပြီဆိုရင် တစ်သက်လုံးရှိလာတဲ့ သိက္ခာ၊တန်ဖိုး အကုန် မြောင်းထဲ ရောက်သွားပြီ။ လူ့အသိုင်းအဝိုင်းမှာနေတဲ့ လူသား တွေမို့လို့ လူ ဆို တဲ့ အသိစိတ် ကြောင့် လူ့ဂုဏ်သိက္ခာ၊ စံနှုန်း တွေဆို တာ ရှိနေကြတာ မဟုတ်လား? BC/ SP ကို အရှိန်ပြန်တင်တာ သည် တော်လှန်ရေး ရဲ့ ကဏ္ဍ တစ်ရပ်ကို အရှိန်ပြန်တင်တာ ဖြစ်ပါတယ်။ BC / SP သည် လွှဲမှားနေတဲ့ အရာ အားလုံး အတွက် အဟန့် အတား တစ်ခု ပါ။ လုပ်ဆောင်ချက် အားကောင်းနေသ၍ ကြောက်နေရမဲ့ သူတွေ( ဘောမ)၊ ( ဘောခိုးမ)၊(ပေါင်းပြီးခိုးစီးပွားလုပ်နေသူ)၊ (ခွထိုင်) အကုန်လုံးက ဒါကို ကြောက်နေရမှာပါ။ ခိုးလုပ်နေရင်လဲ တစ်ချိန်ပေါ်မယ်ဆိုတာ သိထားပါ။ ကျနော်တို့ တွေ့ထား၊ မြင်ထား၊ သိထားတာတွေအများကြီးပါ။ ချက်ချင်း အတည်ပြုဖို့ ခက်တာရယ် ၊ အများကြီး တင်လိုက်တဲ့အခါ လူတွေဟာ မမှတ်မိတော့ပဲ ဟုန် သွားတတ်လို့ဖြစ်ပါတယ်။ သေချာလေးပြန်လုပ်စေချင်၊ ပါ၀င်စေချင်ပါတယ်။ ကျနော်တို့ နည်းတူ သေချာ ကျန တဲ့ BC / SP လုပ်ပြီး ပါ၀င် နေတဲ့သူတွေလဲ ရှိပါတယ်။ အရှိတရားဆိုတာ လဲ လူကြိုက်မများသလို BC / SP ကလဲ လူ့သန္ဓေ မမှန်တဲ့ သူတွေ မကြိုက်တဲ့ လုပ်ဆောင်ချက်ပါ။ လူ့အခွင့်အရေး ဆုံးရှုံးနေပါတယ်ဆိုတဲ့ သူတွေ အပေါ် အခွင့်ထူးခံပြီး ကိုယ်ကျိုးရှာနေတဲ့ သူတွေက ကိုယ့်ထိမှ လူ့အခွင့်အရေးလို့ အော်ဖို့ အခြေအနေ ရှိလို့လားဗျာ။ စီးပွားရေးမှာတောင် ပုံရိပ်က အရေးအကြီးဆုံးမှတ်လား? ဘောမ ဖြစ်နေရင်တောင် ပုံရိပ်ဆိုတာကိုတန် ဖိုးထားနေရတာပဲလေ။ ဘောမ တွေ၊ လူ့သန္ဓေ မမှန်တွေ ကြောက်နေရတဲ့ လုပ်ဆောင်ချက် ဖြစ်နေသ၍ BC ဆိုတာ အမြဲ မပြတ် လုပ်ကို လုပ်နေရမဲ့ အရာဆို တာကို နှလုံးသည်းပွတ်ထဲမှာ စွဲ မြဲ အောင် မှတ်ထားရင်း ပါ၀င်ကြပါလို့ ထပ်လောင်း တိုက်တွန်းလိုက်ပါတယ်။

  • https://www.facebook.com/share/p/1KwQt67kgH/

  • NiceWay Korea Office Info Company name: (주)나이스エイ Company name: NICE WAY CO., LTD. Website name: NICEWAY KOREA Website link: nicewaykorea.com Facebook name: NiceWay Korea Address: 인천 부평구 광장로24번길 34 에코파인빌딩 1층 103호 (21395)

  • без подписи

  • 4 авг.579163

    🛑တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားများအတွက် 🛑 မြန်မာမှ တောင်ကိုရီးယားသို့သွားရောက်ရန် အစီအစဉ်ရှိသောသူများလုံး၀ မဆက်သွယ်သင့်သည့် စစ်အုပ်စု ၏လက်ကိုင်တုတ် အေဂျင်စီ စစ်မိစ္ဆာ တွေရဲ့ လူသတ်ထောင်ချောက် တစ်ခု ( သို့မဟုတ်) စစ်အုပ်စုသံရုံး၏ လုပ်ပိုင်ခွင့်အပြည့် ရထားသည့် ထောက်လှမ်းရေး အသွင်ယူ အေဂျင်စီ တစ်ခု အာဏာသိမ်းစစ်အုပ်စုသည် ယခုနောက်ပိုင်း နိုင်ငံ တကာရှိ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများ၊ ‌တော်လှန်ရေးမှာပါ၀င်နေသော ပြည်သူများကို ခြေရာခံနိုင်ရန် ကြားခံ ကိုယ်စားလှယ်ရုံးများနှင့် တစ်ဆင့်ခံ ဗျူဟာကို အသုံးပြုလာကြောင်း တွေ့ရှိရသည်။ တောင်ကိုရီးယားနိုင်ငံမှာတော့ အေဂျင်စီ တစ်ခုကို ယင်းတို့ ၏ နယ်ရုပ် အဖြစ် အခြေတည် ကာ ကစားလာသည်ကို အထောက်အထား များနှင့်ခိုင်လှုံ စွာ ပေါ်ထွက်လာသည်ကို တွေ့ရှိရသည်။ NiceWay ဟု အမည်ရသည့် အလုပ်အကိုင်ရှာဖွေရေး ၀န်ဆောင်မှု ပေးနေသည့် ကုမ္ပဏီတစ်ခုသည် အလုပ်အကိုင်ရှာဖွေရေးတင်သာမက မြန်မာနိုင်ငံသားများ ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို ပါဆောင်ရွက်ပေးနေကြောင်း သူတို့ ၏ ၀ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြထားသည်။ စစ်အုပ်စု လက်အောက်ခံ မြန်မာသံရုံးကတော့ သံရုံး ၏ ကောင်စစ်ဆိုင်ရာ လုပ်ငန်းများကို မည်သူတစ်ဦးတစ်ယောက်ကို မှ တစ်ဆင့်ခံ ကိုယ်စားလှယ် အဖြစ်ခွင့်ပြုထားခြင်း မရှိကြောင်း အမိန့်စာနှင့်ကြေညာထားကြောင်း တွေ့ရှိရသည်။ ထူးခြားသည်က သံရုံး ထုတ်ပြန်ချက်နှင့်ကွဲ လွဲနေပြီး NiceWay က ပင် အကုန်လုံးကို သံရုံးလုပ်ပိုင်ခွင့် အပြည့်ဖြင့် အပြီးတိုင်လုပ်ခွင့်ရနေခြင်းဖြစ်သည်။ မည်သူ့ကိုမှ Authorized မပေးထားကြောင်း ကြေညာထားသည့် စစ်အုပ်စု၏ သံရုံးထုတ်ပြန်စာ သည် ဒီအချက်နှင့် ပင် မလှိမ့်တပတ် လုပ်ထားကြောင်း ပေါ်လွင်နေတာ ဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာပြည်သူများ၏ Personal Identification နှင့် ဒေတာ များကို ရယူ စုံစမ်းရန် တစ်ဆင့်ခံ အာဏာ လွှဲအပ်ထားတဲ့ သည့် အေဂျင်စီ ၀န်ဆောင်မှု ပုံစံ အသွင်ယူ ထားသည့် ပုံ စံဖြစ်နေကြောင်း ထင်ထင်ရှားရှားမြင်ရသည်။ စစ်အုပ်စု လုပ်ချင်သည်က ငါးကြင်းဆီနှင့် ငါးကြင်းကြော်ချင်သည့် အခြေအနေ ဖန်တီးထားခြင်းသာ ဖြစ်သည်။ ကိုယ့်သတ်ကွင်းထဲ ၀င်လာမည့်သားကောင်ကို ဆည်၀ ကနေ အသင့်စောင့်နေ သည့် ဗျိုင်းပုံစံ ဖမ်းထားခြင်း ဆိုသည်ကို မြင်တွေ့ရသည်။ NiceWay ကုမ္ပဏီကို မိမိ၏ အချက်အလက်များ ပေးလိုက်သည် နှင့်တစ်ပြိုင်နက် နောက်ဆက်တွဲ အနေဖြင့် ပြည်တွင်းရှိ ကိုယ့်မိသားစု နှင့်သက်ဆိုင်သည့် အချက်အလက်များကို ကိုယ်တိုင် ကိုယ်ကျ လက်ထိုးအပ်သည့် အခြေအနေ ဖြစ်လာ မည် ဖြစ်ပြီး အကြောင်းတစ်စုံ တစ်ရာ ပေါ်ပေါက်ပါက လည်ပင်းကြိုးကွင်း စွပ်‌နိုင်အောင်စီစဉ်ထားခြင်းပုံစံ ပါ ။ ထုတ်ပြန်မှု ကွဲ လွဲနေ သည့် သံရုံး၏ စာနှင့် Nice Way ကုမ္ပဏီ ၏ ကြေငြာချက်ကို Comments တွင် ဖော်ပြပေးထားမည် ဖြစ်သည်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေသည်အပျင်းကြီး ကြသလို အနေအစားချောင်သည် ကို အင်မတန် မက်မော သည့် အကျင့် စွဲ မြဲ နေသည့် အတွက် ဒီ အခြေ အနေ ကို ကောင်းကောင်းသဘော ပေါက်သည့် စစ်အုပ်စု လူအများ၏ စရိုက်လက္ခဏာ အပေါ် တည်ပြီး ဗျူဟာချထားခြင်း ဖြစ်သည်။ အလုပ်အကိုင်ခက်ခဲ နေသည့် ရဲဘော်များ၊ CDM များနှင့် တက်ကြွလုပ်ရှားသူများ ၊တော်လှန်ရေးကို အားပေးထောက်ခံ သူများ သွားရောက်ဆက်သွယ်မိလျှင်ပင် အချိန်မရွေး အန္တရာယ်ရှိ နိုင်သည့် ထောင်ချောက်ကို မြင်တွေ့စေလိုခြင်း ဖြစ်သည်။ လုံခြုံရေး အရ သံရုံး သွားဖို့ အဆင်မ ပြေ သည့်မြန်မာနိုင်ငံသားတိုင်းအတွက် အကြီးမားဆုံး အန္တရာယ် ပေးနိုင်သည့် ထောင်ချောက် ဖြစ်နေသည်ကို လဲ ထပ်ဆင့် သတိပေးလိုသည်။ ဆက်သွယ်ဆောင်ရွက်မိလို့ပြသာနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါကလည်း စစ်အုပ်စုက သူ့ရဲ့ သံရုံး ထုတ်ပြန်စာကို သက်သေအဖြစ်ထားပြီး အချိန်မရွေး ခေါင်းရှောင်လို့ ရအောင် ကြိုတင်ပြင်ဆင်ထားသည်ကို လဲ သတိနှင့်ယှဉ်တွဲ၍ မြင်ရင် လိုအပ်သည်။ NiceWay ကုမ္ပဏီကို ပိုင်ဆိုင်သူကား ရဲမင်းဟိန်း ဆို သူ ဖြစ်သည်။ ထိုသူနှင့်ပတ်သက်ဆက်နွယ်နေသည့် ကိစ္စရပ်များနှင့် ‌လူ့အခွင့်အရေးချိုးဖောက်မှုများကို နောက်ဖော်ပြမည့် ဒုတိယ ပိုင်းတွင်ဆက်လက်ဖော်ပြမည် ဖြစ်သည်။ NiceWay ကုမ္ပဏီ သည် မြန်မာနိုင်ငံသားတိုင်း ဝေးဝေးကနေ ရှောင်ရမည့် လုံး၀ မအပ်စပ် သင့်သည့် ကုမ္ပဏီ ဖြစ်ကြောင်း အထူးသတိပေးလိုသည်။ NiceWay ကုမ္ပဏီသည် စစ်အုပ်စု နဲ့အကြီးအကျယ် ပတ်သက်ဆက်နွယ်နေပြီး ကိုယ်ကျိုးစီးပွားအရ ဘာမဆို လုပ်နိုင်သည့် အကျိုးစီးပွား အခြေခံ စသ်အုပ်စု လူ ယုံ ဖြစ်သော ကြောင့် မည်သည့် အကြောင်းပြချက်နှင့်မှ ဆက်သွယ်ဆောင်ရွက် ခြင်း မပြုရန် အထူး အရေးကြီးသည်။ ထို့အပြင် နောက်လာမည့် အကြောင်းအရာများ၌ တောင်ကိုရီးယား နိုင်ငံရှိစစ်အုပ်စု သံရုံးနှင့် အကျိုးစီးပွားအရ ဆက်စပ်နေ သည့် ပုဂ္ဂိုလ်များသာ မက ၊ အကျိုးအမြတ် အတွက် ပူးပေါင်းနေ သော သူများကို လည်း ဆက်လက်ထည့်သွင်းဖော်ပြသွားမည် ဖြစ်ကြောင်း လည်း တစ်ဆက်တည်း အသိပေးလိုသည်။ Photo - NiceWay Korea ကုမ္ပဏီရုံး

  • ဝါဒဖြန့်ချီရေးကို Online မှာ ပြန်‌အားကောင်းလာအောင် စစ်အုပ်စုဘက်က ကြိုးစားနေပါတယ်။ ငွေပုံပေး ခိုင်းလာတာတွေလည်း ရှိနေပြီး အခုလို စစ်ပွဲတွေ ရပ်၊ ငြိမ်းချမ်းရေးဆိုတဲ့ စကားရပ်တွေ မကြာခဏ မြင်လာရဖို့ရှိပါတယ်။ ဝါဒ ဖြန့်ချီရေးမှန်း ဘယ်လောက်သိသာသလဲ ဆိုရင် မတရားမှု တွေကျူးလွန်နေတဲ့ ဖက်ဆစ်စစ်တပ်ကို တစ်ခွန်းမှ မကောင်းမပြောထားတာပါ။ ဂျပန်မှာလဲ စစ်ပွဲတွေ ရပ်ပါ ၊ ငြိမ်းချမ်း‌ရေး အတွက်ဆွေးနွေးပါ ဆိုပြီး ရှမ်းနီ ပြည်သူ့စစ်ကျောထောက် နောက်ခံ ပြု ထားတဲ့ သူတစ်ယောက် ဦးဆောင်တဲ့ အဖွဲ့ တစ်ဖွဲ့ ပေါ်လာတာကိုလည်း သတိ ပြုမိကြမှာပါ။အဲဒီ အဖွဲ့တွေပေါ်လာတာရဲ့ အဓိက အကြောင်းအရင်းက စစ်အုပ်စု က လုပ်တဲ့ လူငယ်ညီလာခံ ဆိုတာ ကနေ အခြေခံထားပါတယ်။ တစ်ချိူ့အရာတွေကိုတော့ လုံး၀ Attention မပေးပါနဲ့။ ဝါဒဖြန့်ချီရေး ဘက်မှာတော့ စစ်အုပ်စု က ငွေအားအများကြီး သုံးလာတဲ့ အတွက် ဆင်ခြေဆင်လက်ရှာနေသူတွေသာ ဒါမှန်တယ်ဘာညာ ထအော်မှာ ဖြစ်ပြီး တကယ့်ယုံကြည်ချက်နဲ့ တော်လှန်သူ တွေက တော့ ဒီလိုတွေကြောင့် တော်လှန်ရေးကို ပို အားစိုက်ရမယ်ဆိုတာကို သေချာသိသွားဖို့သာ ရှိပါတယ်။ သံယောင်လိုက်သူတွေလဲ များလာနိုင်ပါတယ်။ အထူးသဖြင့် သူ့ဘက် ကိုယ့်ဘက် မသိသာ တဲ့ အကောင့်တွေကို သတိပြုဖို့လိုပါတယ်။ အဲဒါက အရေးအကြီးဆုံးပါ။ အေးနေ၀င်းနဲ့ အဆက်အသွယ်ရှိတဲ့ လူ တစ်အုပ်စုလုံး ဒီ ဝါဒ ဖြန့်ချီရေးမှာ ပါလာပါလိမ့်မယ်။ ကျနော်တို့လုပ်ရမှာက တစ်ခုတည်းပါ ဒီလူတွေကို သေချာ မှတ်ထားဖို့နဲ့ လောလောဆယ်‌မှာတော့ BC / SP လုပ်ကြဖို့ ဖြစ်ပါတယ်။ Report သေချာ ထုကြပါ လူ ၈ သောင်း လောက် ဝိုင်းထုရင် မပျက်ကျ စရာ မရှိပါ။ Report လဲ သေချာ လုပ်ကြစေချင်ပါတယ်။ Report နဲ့ ပတ်သက်ရင် သေချာ ရှင်းပြတဲ့ အဖွဲ့တွေ အခုထိ မရှိသေးတာ Page တွေမရှိသေးတာကလဲ အားနည်းမှု တစ်ခု ဖြစ်နေပါတယ်။ တတ်နိုင်တဲ့သူတွေ၊ကောင်းကောင်းနားလည် တဲ့သူတွေက ဒါကို လုပ်စေချင်ပါတယ်။ တစ်ရက်ကို Post တစ်ခု လောက်ပဲ တင်ပေးပြီး Report သီးသန့်လုပ်နေရင်တောင် တော်တော်အဆင်ပြေပါတယ်။ ကိုယ့်အားနဲ့ကိုယ့်မာန် တန်သလောက် ၀င်ထမ်းကြရအောင်ပါ။ ပါ၀င်အားထုတ်ပေးကြပါလို့လဲ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။

  • 1 авг.1 179395

    ♦️သတိကြီးကြီးထားရမဲ့သူ Shine Wunna ( Htay Kyaw Min) Shine Wunna ခေါ် မိချို ဆိုတဲ့ အေးနေ၀င်း Design နဲ့ ကောင်ကို သိကြမယ်ထင်ပါတယ်။ စစ်ပွဲ တွေရပ်ပါ ဆိုပြီး ထအော်တယ် နိုင်ငံရေး Propaganda ကို စစ်အုပ်စု လော်ဘီတွေရဲ့ အာဘော် အတိုင်း ထအော်တဲ့ ပို့စ်ကို တွေ့ကြမှာပါ။ နောက်ထပ် ထူးခြား တာက အဲဒီ အာဘော်ဟာ သာ့ဒ် အုပ်စု ကကောင်တွေဆီက လာတဲ့ အာဘော်နဲ့လည်း တူနေတာဖြစ်ပါတယ်။ သူတင်ထားတဲ့ စာထဲမှာ စစ်တပ်ကို မုန်းလို့ ဆိုတဲ့ စကားကို တစ်ဖက်တည်းရေးထားပြီး မအလ ကိုတော့ တစ်ခွန်းမှ မပြောထားတာ ဖြစ်ပါတယ်။ တစ်ဖက်တည်းကို အပြစ်ဖို့ထားတဲ့ စကားရပ်အရ ဒီ ကောင် Shine Wunna (ခ) မိချိုဟာ ဒီ Propaganda ကို ဖြန့်ဖို့ ငွေရ ပေါက် အကြီးကြီး ရထားပုံပါ။ တော်လှန်ရေးကို တောင် မြှောက်ပေးလို့ လုပ်ရတယ်ဆိုတဲ့ ပုံစံမျိုး စော်စော်ကားကား ရေးထားတာလဲ တွေ့ကြမှာပါ။ ‌ခံယူချက်၊ ယုံကြည်ချက်နဲ့ စတေးပြီးလုပ်နေကြသူတွေဟာ ကိုယ့်ဘ၀ ၊ ကိုယ့်ခံယူချက်နဲ့ မတရားတာကို ဆန့်ကျင်ဖို့ အတွက် ခက်ခဲတဲ့ လမ်းကို ရွေးချယ်ထားကြသူတွေပါ။ အပျော်အပါးနဲ့ ပွဲရှာရုံ လောက်တတ်တဲ့ လူတစ်ယောက်ရဲ့ နှုတ်က ထွက်တဲ့စကားက အတော် အောက်တန်းကျပြီး ရွံစရာကောင်းနေတာကို သူ့စာအရ တွေ့နိုင်ပါတယ်။ နဂိုကတည်းက ကျနော်တို့ Social Punishment လုပ်ဖို့ နှိုးဆော်ထားတဲ့သူ ဖြစ်ပါတယ်။ Page ကို အမြဲ ဖတ်နေ လေ့လာနေသူ တွေဆိုရင် သိကြမှာပါ။ စစ်အုပ်စုဟာ သာ့ဒ်တွေကို ရော သာ့ဒ်အုပ်စုရဲ့ အာဘော်ကို ပါ ကိုင်ကစားလာသလို ပါးပါးလေး နဲ့ အ ပေါ် ယံ တွေးသူ‌ တွေယိမ်းယိုင်သွားစေမဲ့ စကားလုံးတွေသုံးပြီး လူတွေရဲ့ အာရုံ ရမဲ့ ကောင်တွေကို ငွေကြေး မက်လုံးပေး ကမ်းလှမ်းပြီး လုပ်ခိုင်းတာတွေ လုပ်လာတာ ဖြစ်ပါတယ်။ Online မှာ ပါ တဖန် ပြန်ပြီး တော်လှန်ရေး ကို ထိုးနှက်ဖို့ လုပ်လာကြတာ သည် ဒီ ရက်‌ပိုင်း ဘုံသဘောတူညီချက် သတ်မှတ်တဲ့ ဆွေးနွေးပွဲ တွေ တွေ့ဆုံမှု တွေရဲ့ အရှိန် ကို တန်ပြန်နိုင်ဖို့ လုပ်တာ တွေ ဖြစ်ပါတယ်။ စုစည်းကြပါလို့ ပြောနေတာ ‌က ဒါတွေကြောင့်ပါ။ Shine Wunna ဟာ တော်လှန်ရေး အကြောင်း တစ်ကြိမ်တစ်ခါမှ တောင် အသံထွက်ပေးဖူးသူ မဟုတ်ပဲ US က SML ကို တောင် အဝေးက နေ လှမ်း မ လိုက်ပါသေးတယ်။ အကောင့်နှစ်ခု နဲ့ တင်ထားတာ တွေ့မှာပါ။ နောက်တစ်ကောင့်က Htay Kyaw Min ဆိုတဲ့ အကောင့်နဲ့ တင်ထားတာ ဖြစ်ပါတယ်။ Post တစ်ခုတည်းကို တစ်ချိန်တည်း တင်ထားတာ ဖြစ်တဲ့ အတွက် အကျိုးခံစားခွင့် တစ်ခုခု ရရှိထားလို့ ဒါကို ရည်ရွယ်ချက်ရှိရှိတင်တယ်ဆိုတာကို သိနိုင်ပါတယ်။ Attention ရ ဖို့ နည်းလမ်း ပေါင်းစုံနဲ့ လုပ်စား လေ့ရှိတာ ကြောင့် အတော်ရွံစရာ ကောင်းတဲ့သူ လည်း ဖြစ်တာ ကို အများ အသိ ဖြစ်ကြမှာပါ။ အဝေးဆုံးကနေ ရှောင်ကြပါလို့ သတိပေးပါရစေ။

  • အရှိတရားတစ်ခုခုကို ပြောလိုက်ရင် အကျိုးစီးပွား ဆက်နွယ် ပတ်သက်နေရင် ဒါကိုပယ်တယ် မလုပ်နိုင်ဘူး ။ ဒါကတော့ ငါကြိုက်တာမို့လို့ ဆက်လုပ်မယ်။ ဒီလောက်လေးနဲ့က ငါမပါလို့ ဘာမှ မဖြစ်ပါဘူး၊ ငါသုံးနေတာ ဘယ်သူသိမှာလဲ အဲတော့သုံးမယ် ဟာ ဆိုတဲ့ သူတွေ များလာတယ်။ တစ်ခုခုကို ကိုယ်လုပ်ချင်တဲ့အခါ ကိုယ့်အကြိုက်လိုက်ပြောပေးမဲ့သူတွေဆီ သွားမြှောက်စား တယ် ၊ သွားကပ်တယ်။ အဲလို လူတွေများ‌လာတော့ တော်လှန်ရေးထဲမှာရောပျော်တွေများလာတယ်။ ရောပျော်တွေများလာတော့ BC မသိ ဘာမသိ ကနေ လျော့တိ လျော့ရဲ ဖြစ်လာတယ်။ အမှန်တရားမှာ ရန်သူလဲ မရှိဘူး မိတ်ဆွေ လည်းမရှိပါဘူး။ အမှန်တရားဆိုတဲ့ ပုံစံ က လူကြိုက်များများ မများများ သူ့တန်ဖိုးနဲ့သူ ပါ။ လွယ်လွယ်လေး ပြောကြတယ် ငါတို့ က အမှန်တရားဘက်က တဲ့ ဒါပေမဲ့ ငါ့ဆွေမျိုးမို့ ငါ့အသိမို့ ငါ့သူငယ်ချင်းမို့လို့ ဒါ‌လေးတော့ထားလိုက်ဆိုတဲ့ လူတွေလဲ အများကြီး ဆိုတာ မိတ်ဆွေတို့ မြင်ကြမှာပါ။ အမှန်တရားအကြောင်းပြောလို့ ပြောမကုန်ပေမဲ့ ရောခုန် နေတဲ့ လူတစ်ချို့ကို တော့ မျက်နှာဖုံးတွေ ချွတ်ပေးရလိမ့်မယ်။ ကျောက်စိမ်းဈေးကွက်ထဲ သူတောင်းစားက ကျောက်စိမ်းလာဝယ်သလို အနေအထားမျိုးနဲ့ သရော်ခံရလိမ့်မယ်။ အရှိတရားကို ပြောတဲ့အခါ လူမုန်းများမှာဖြစ်သလို နောက်က ထောက်ထားမဲ့ ဓားတွေလည်းပိုများလာမှာပဲ။ ဒီနေ့ခေတ် အခါမှာတော့ အဲဒါကို ပတ်၀န်းကျင်လို့ခေါ်တယ် နိမ့်ကျလာတဲ့ လူ့အဖွဲ့အစည်းရဲ့ ပတ်၀န်းကျင်လို့ ဆိုရမယ်။ အဲဒီ Ideology အကုန်လုံး တစ်ခါတည်း မြေလှန် ရိုက်ချိုး ပစ်ဖို့ လို မယ် ။ အဲလို မှမဟုတ်ရင် ကင်ဆာ ဆဲလ်တွေလို အတွင်းထိ လှိုဏ်စားနေ‌မဲ့ လူတွေကြောင့် အရာအားလုံးပိုခက်ခဲလာဖို့ပဲ ရှိနိုင်တယ်။ ဒါကြောင့် ငါမပါလို့ ဆိုတာထက် ငါပါရင် ပိုကောင်းလိမ့်မယ်၊ ငါမလုပ်လို့ ဆိုတာထက် ငါလုပ်ရင် ဘာတွေဖြစ်နိုင်တယ်ဆိုတဲ့ အတွေးမျိူးနဲ့ အရှိတရားတွေကို ပြောကြပါ ၊ ထုတ်ဖော်ကြပါလို့ နှိုးဆော်လိုက်ရပါတယ်။

  • လစဉ် လကုန် ကူပေးနေကြ ကိစ္စရပ်တွေ ဒီလ တော့ မကူနိုင်တာ တော်တော်များပါတယ်။ အားဖြည့်ချင်တဲ့ သူတွေ လာအားဖြည့်လို့ရပါတယ်။ အကူအညီတော့လိုက်တောင်းဖို့မရှိပါဘူးခင်ဗျာ။ လာမဲ့လက‌စပြီး တစ်ချို့ ကိစ္စရပ်တွေကို မကူညီပေးနိုင်တော့တဲ့ အကြောင်းလဲ ကြိုပြီး အသိပေးပါတယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်က ၀ယ်ထားတဲ့ ခြံလေး အရောင်းအ၀ယ် အဆင်ပြေသွားရင်တော့ ပုံမှန်အတိုင်းပြန်ကူပေးပါမယ်ခင်ဗျာ။ အဲဒီခြံလေးက ‌တလရ အပြီး ဘ၀ အသစ် ပြန်စမယ် လို့ တွေးထားတဲ့ နေရာလေးဖြစ်ပေမဲ့ ရောင်းချ ပြီး လုပ်ချင်တာတွေလုပ်မယ်လို့ ဆုံးဖြတ်ဖြစ်သွားပါတယ်။ အကူအညီတောင်းရတာ ကို အောက်ကျတယ်ထင်လို့ မဟုတ်ပါ။ ကျနော်တို့ Admin တွေလဲ အလုပ်တွေက အရင်လို အများကြီး မလုပ်နိုင်တော့တဲ့ ကျန်းမာရေး အခြေ အနေ တွေကြောင့်ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လုပ်အားခကို App နဲ့ ကျန်းမာရေး ပိုင်းဆိုင်ရာ လိုအပ်ချက်ရှိနေတဲ့ မတရားဖမ်းဆီးခံ တွေအပေါ် မှာပဲ အပြည့်အ၀ သုံးစွဲချင်လို့လဲ ဖြစ်ပါတယ်။ App ထဲက First Category လာပါတော့မယ်။ Boycott ကိုလဲ အင်နဲ့အားနဲ့ ပြန်တွန်းနေပါတယ် အဲမှာလည်း ပါ၀င်ပေးကြပါခင်ဗျာ။ ကျန်းမာရေးတွေလဲ ဂရုစိုက်ကြပါ။ ကျန်းမာရေးဟာ အဓိက ဖြစ်ပါတယ်။ Boycott အင်နဲ့အားနဲ့လုပ်ရမဲ့ ကေ့စ် တစ်ခု ယခု ရက်ပိုင်းအတွင်းတင်ပါမယ်။ Non တွေ ကို Counter Strike လုပ်မဲ့ Page ကနေ လဲ တစ်ပါတည်း ဆက်တိုက်တင်ဖို့ရှိပါတယ်။ မိတ်ဆွေတို့လည်း ဘေးကင်းကျန်းမာ အဆင်ပြေကြပါစေဗျာ။

  • စနစ်ဆိုးတစ်ခုအောက်မှာ ပထမဦးဆုံးကြုံရမှာက လူတန်းစားခွဲခြားမှုပြသာနာ အရင်ဆုံး ကြုံရမယ်။ ကိုယ့်ကလေး ကို ကျောင်းမှာ လူမိုက်သားသမီးက အနိုင်ကျင့်ရိုက်နှက်တဲ့အခါ တိုင်လို့တောလို့မရဘူး၊ စစ်အုပ်စု ရဲ့ရာထူးအရာခံ ရှိတဲ့ သူတစ်ယောက်ရဲ့ သားသမီးက မလုပ်သင့်တဲ့အရာတွေ လုပ်တဲ့အခါ ဘယ်ကိုတိုင်ရမယ်မသိ ပူဆွေးသောကရောက်ရတဲ့ ဘ၀ နဲ့နေရမယ်။ ကိုယ့်အိမ်မှာကိုယ်နေရင်းနဲ့ အိမ်ပေါ်တက် အနုကြမ်း စီးခံရတဲ့အခါ ကိုယ့်အသက်နဲ့ရင်းပြီး ကာကွယ်ရမဲ့ အခြေ အနေ တွေဖြစ်လာမယ်။ ကိုယ်လဲ သေနိုင်တယ် လာလုပ်တဲ့ကောင်ကို ရင်ဆိုင်ရင်း မဆိုင်တဲ့ မိသားစု ၀င်တွေ ထိခိုက်ပြီး အသက်ဆုံးရှုံးရနိုင်တယ်။ ကိုယ့်အိမ်က အမေ၊ နှမ ၊ ညီမ၊ သားသမီးတွေ လမ်းပေါ်မှာတင် ဘလက်ကာယ ပြုကျင့်ခံရတာတွေကိုလဲ ဘာမှမလုပ်နိုင်ပဲ နှုတ်ဆိတ် နေရတဲ့ ဘ၀ နဲ့ နေရနိုင်တယ်။ အခွင့်ထူးခံ လူတန်းစားတစ်ရပ်ရဲ့ ဖိနှိပ်မှု ကို အမြဲ ခံနေရမယ်။ ကိုယ်မှန်နေရင်တောင် အခွင့်ထူးခံ လူတန်းစားက အမှန်တရား နဲ့ တရားဥ‌ပဒေ ရဲ့ အပေါ်မှာ ရှိနေတဲ့ အခြေအနေ ဖြစ်တာကြောင့် ကိုယ်ပဲ မှားတဲ့ အခြေ အနေ ဖြစ်မယ်။ ကျောင်းတိုင်းကျောင်းတိုင်းမှာ မုဒိမ်းမှုတွေ ဖြစ်လာမယ်။ စစ်အုပ်စု ရဲ့ ရာထူးကြီးသားသမီးတွေနဲ့ စိတ်အခန့် မသင့် ဖြစ်တာ မျိုး ကြုံတွေ့ရရင်တောင် အသက်ရန်ရှာခံရသည် အထိ အငြိုးအတေးထားခံရမယ်။ ကိုယ့်ဘ၀ကိုယ်မပိုင်တော့ ပဲ မတရားစစ်မှု ထမ်း အတွက် ရောင်းစားခံရနိုင်တယ်။ အချိန်မရွေး လူကုန်ကူးခံရနိုင်တယ်။ ကျားဖြန့်တွေထဲ လူရောင်းစားတာခံရနိုင်တယ်။ မတရားတာကို တွေ့ရင်တောင် တရားမျှတမှုအတွက် စကားဆို နိုင်မှာ မဟုတ်ပဲ လက်ခုပ်တီးပေးနေရမဲ့ ဘ၀တွေ ဖြစ်လာမယ်။ ဒါက မအလ ဆက်ရှိနေသမျှ ကြုံရမဲ့ အခြေ အနေ တွေထဲက တစ်ချို့ပဲ ရှိသေးတယ်။ Boycott လေးလုပ်ခိုင်းတော့ လူ့အခွင့်အရေး ဆိုပြီး ထအော်ကြတယ်။ ‌တော်လှန်ရေးလေဗျာ ဘ၀တွေအသက် ‌တွေ ထပ်ထားတာ လေ စစ်ပွဲ အတွင်းမှာအချင်းချင်း သေနတ် တွေနဲ့ ထိပ်တိုက်တွေ့တဲ့ အချိန် လူ့အခွင့်အရေး အကြောင်း ဆွေးနွေးကြလို့လား ? ဒါပမာပဲ ပြောသေးတာ Boycott ဆိုတာက လူ့အသက်ကို သတ်ခိုင်းတာမဟုတ်ဘူးလေ ဖယ်ကျဉ် ပြီး လူ့အသိုင်းအဝိုင်းထဲက ထုတ်ပစ်တဲ့ ဆန္ဒ ထုတ်ဖော်မှု အသေးစားလေးအဆင့်ပဲ ရှိတယ်။ အဲဒီ အဆင့်က Burning Desire လို ခေါ်တဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒ၊ အမြဲ တောက်လောင်နေတဲ့မီးပွားလေးတစ်ခု လည်းဖြစ်သလို မတရားမှုကို ဆန့်ကျင်တွန်းလှန်မယ်ဆိုတဲ့ စိတ်ဆန္ဒ ကို အခြေပြုထားတဲ့ ပုံစံ ဖြစ်တယ်။ ခင်ဗျားတို့ အပေါ်မှာ ပြောခဲ့တဲ့ ဘ၀ကို လိုချင်ရင်တော့ အခု ဇာတ်ပွဲ တွေ အညှီ အဟောက်တွေနောက်လိုက်ပြီး ပျော်နေလိုက်ကြ ပါ။ အဲလို အဖြစ်မခံနိုင်ဘူးဆိုရင်တော့ လူတစ်ယောက်ရဲ့ ရပ်တည်ချက် အစစ်အမှန်ကို ပြ ကြ။ သေးသေးမှသည် အဆမတန် ကြီးမားသော ထုထည်တစ်ခုကို ထုတ်လွှင့် နိုင်ပါလိမ့်မယ် စုစည်းနိုင်ကြရင်ပေါ့။

  • ကျနော်တို့ BC ကို အဓိက ထားပြီးပြောနေတဲ့ နောက်ထပ် အခြေခံကျတဲ့ အကြောင်းအရင်း တစ်ခုရှိပါသေးတယ်။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး စိတ်မာန်ပြင်းထန်မှု ၊ မဟုတ်မခံ ဖြစ်မှုအကြောင်းတရားကို တိုင်းတာလို့ရလို့ပါ။ မလွှဲသာ မရှောင်သာလို့ စစ်အုပ်စု ကြိုးကိုင်မှု အောက်မှာ နေနေရသည့်တိုင် ကိုယ့်ရဲ့ စိတ်အခံကို ပြသပြီး ဆန့်ကျင်လို့ ရတဲ့ အန္တရာယ်မရှိတဲ့ လှုပ်ရှားမှု လဲ ဖြစ်ပါတယ်။ ဖက်ဆစ်စစ်တပ်နဲ့ ပတ်သက်နေရင်ကို အားမပေးဘူး၊ ဆက်နွယ်နေရင်ကို အားမပေးဘူး ၊ ထောက်ခံနေရင်ကို အားမပေးဘူးဆိုတဲ့ အမြင်ပါ။ ဒီအမြင်ကို အရှိန်မြှင့်တင်ပေးနိုင်တာက တော်လှန်လိုစိတ်ဖြစ်ပါတယ်။ လူတိုင်းမှာ မရှိတဲ့ စိတ်ဖြစ်ပါတယ်။ ဟန်ချက်မညီတဲ့ လောက ကြီးမှာ ဟန်ချက်ညီအောင် လုပ်ပေးနိုင်တဲ့ စိတ်ဓာတ်သဘောတရားက တစ်ခုပဲ ရှိပါတယ်။ လူသားချင်းစာနာမှု ကိုယ်ချင်းစာစိတ်ပါ။ ဒီစိတ်ဓာတ်ကိုတောင် အမှန်အတိုင်းမွေး မြူ နိုင်ခြင်းမရှိတာက ဖက်ဆစ်တပ်ရဲ့ ဝါဒလွှမ်းမိုးနိုင်စွမ်းကြောင့် ဖြစ်ပြီး ပုံစံရိုက်သွင်းထားနိုင်တဲ့ စစ်အုပ်စုရဲ့ နှစ် 70 ကြာ သက်တမ်းရဲ့ အဓိက အုတ်မြစ် ဖြစ်နေပါတယ်။ Boycott ကို ပြောနေရင်း မတရားမှုဆိုရင် နှုတ်ဆိတ် မနေဖို့ ဆိုတဲ့ စိတ်ဓာတ်တော်လှန်ရေးကိုပါ ထည့်သွင်း‌နှိုးဆော်နေတာ ဖြစ်ပါတယ်။ စိတ်ဓာတ်အခြေခံ အပြောင်းအလဲ မရှိသေးသ၍ လွတ်မြောက်ဖို့ အာမခံချက်မရှိပါ။ ဒါကို အပြောင်းအလဲ လုပ်နိုင်တဲ့အချိန် ၊ မှန်မှန်ကန်ကန် သိသွားတဲ့အချိန်မှာတော့ အပြောင်းအလဲ အချိုး အကွေ့ တစ်ခု ‌ကို ယုံကြည်မှု အပြည့်နဲ့ တောင့်တ လို့ရနိုင်ပါတယ်။ မိမိကိုယ်မှ စတော်လှန်ပါဆိုတာက Mindset ကို အရင် ပြောင်းလဲ ခိုင်းတာပါ။ ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီးလို မြင်နေတာကလဲ ကိုယ့်ကိုယ်ကို မတော်လှန်နိုင်သေးလို့ ဖြစ်ပါတယ်။ ဝံပုလွေကို ရင်ဆိုင်ဖို့ အနည်းဆုံး တော့ ကျားတစ်ကောင် လို သန်မာဖို့လိုပါတယ်။ စိတ်အခြေခံကို က ငါနဲ့မဆိုင်သေးလို့ ၊ ငါ့ မထိ သေးလို့ နေသာသလို နေ ၊ ပြောလို့ အသံထွက်လို့ ရပါလျက်နဲ့ နှုတ်ဆိတ်နေရင် ကိုယ်ကိုယ်တိုင်က စစ်အုပ်စု အလိုကျ နေထိုင်နေတယ်ဆိုတဲ့ အခြေအနေ ကို ရောက်သွားမှာပါပဲ။ လုံခြုံရေး ကြောင့် မပြောရဲ တာ လို့ ပြောချင်ရင် အကောင့်တု တွေနဲ့ အသံထွက်လို့ ရနေတာပဲလေ။ ကျနော်တို့ က ကိုယ်လုပ်ချင်ရင် ဒါက ရွေ ကိုယ်မလုပ်ချင်ရင် ဆင်ခြေ ဖြစ်နေပါတယ်။ အခြေခံ အကျဆုံး စိတ်ဓာတ်ကို အရင်ပြင်ဆင်ကြပါလို့ တိုက်တွန်းရင်း စာကို ဒီနေရာမှာပဲ ခဏ ရပ်ထားလိုက်ပါရစေ။

  • ကျန်းမာရေးကိစ္စရပ်တစ်ခုကြောင့် မနက်ဖြန် နေ့လည် ၂ နာရီအထိ Active ဖြစ်မည်မဟုတ်ပါ။