tgindex
Justice For Myanmar

Covert group of activists working to dismantle the military cartel and improve the lives of all the people of Myanmar. Join us and help bring #JusticeForMyanmar 🔗 justiceformyanmar.org

Последний пост
25 мар.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
73
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
14 авг.
Подписчики
513
+1 Са 1 дн.
Сутки
0
0,00%
Неделя
—
 
Месяц
—
 
Просмотров на пост
410
40 постов
Вовлечённость
79,9%
к подписчикам
Постов в день
0,0
всогО 73
УпОПинаниК
0
канаНОв
Охват размещения
оценка
1/24сутки в ленте
—
1/48двое суток
—
1/72трое суток
—

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • သတင်းထုတ်ပြန်ချက် 📣 တန်ဖိုးကြီး အိမ်ခြံမြေဝယ်ယူမှုနှင့် ပတ်သက်၍ မင်းအောင်လှိုင်မိသားစုနှင့် အားပေးကူညီသူများအား စုံစမ်းစစ်ဆေးရန် နှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် ထိုင်းအာဏာပိုင်များအား JFM တောင်းဆို တရားမဝင် မြန်မာစစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ မိသားစုသည် ၂၀၂၂ ခုနှစ်တွင် ဘန်ကောက်မြို့ရှိ Issara Residence Rama 9 အိမ်ရာစီမံကိန်းတွင် ဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းနီးပါး) တန်ဖိုးရှိ ဇိမ်ခံအိမ်ရာတစ်လုံးကို ဝယ်ယူခဲ့ကြောင်း Justice For Myanmar ၏ စုံစမ်းစစ်ဆေးမှုအသစ်တစ်ရပ် အရသိရသည်။ အဆိုပါအိမ်ရာဝယ်ယူမှုကို မင်းအောင်လှိုင်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု ဒုတိယနှစ်အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းအချိန်သည် မင်းအောင်လှိုင်အနေဖြင့် နိုင်ငံတဝှမ်း ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများကို အရှိန်အဟုန်မြှင့် ကျူးလွန်နေချိန်ဖြစ်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့် သတ်ဖြတ်မှုများ၊ အစုလိုက်အပြုံလိုက် မတရားဖမ်းဆီးနှိပ်စက်မှုများ၊ မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စာသင်ကျောင်းများနှင့် ဆေးရုံများကို ဗုံးကြဲတိုက်ခိုက်မှုများနှင့် ထိုင်းနိုင်ငံအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံများသို့ အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးစေမှုများကို ကျူးလွန်နေချိန်ဖြစ်သည်။ ထိုအိမ်ရာကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Charn Issara Development Public Company Limited မှ ရောင်းချခဲ့ခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံသား သုံးဦးပိုင်ဆိုင်သော Emerald Princess Company Limited ထံသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းကုမ္ပဏီမှတ်ပုံတင် မှတ်တမ်းများ၊ မြေယာမှတ်တမ်းများ၊ အများပြည်သူသိရှိနိုင်သော သတင်းအချက်အလက်များနှင့် လျှို့ဝှက်သတင်းရင်းမြစ်များအား ဆန်းစစ်သုံးသပ်မှုများအပေါ် အခြေခံ၍၊ Emerald Princess ကုမ္ပဏီသည် ဝယ်ယူသူ၏ အချက်အလက်များကို ဖုံးကွယ်ရန်နှင့် နိုင်ငံခြားသားမြေပိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေကို ရှောင်ရှားနိုင်ရန်တို့အတွက် Charn Issara ၏ ပံ့ပိုးကူညီမှုဖြင့် အိမ်ရာပိုင်ဆိုင်မှုများ မလွှဲပြောင်းမီ တစ်ပတ်အလိုတွင်မှ တည်ထောင်ခဲ့သော မင်းအောင်လှိုင်မိသားစု၏ ကြားခံရုပ်ပြကုမ္ပဏီတစ်ခုဖြစ်ကြောင်း Justice For Myanmar က ကောက်ချက်ချနိုင်ခဲ့သည်။ ထိုဝယ်ယူမှုကို မည်သည့်နိုင်ငံ၏ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်ခံထားရခြင်းမရှိသေးသော မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ သူမ၏အမည်အား အသုံးပြုခြင်းမှာ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ရှားရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် ဩစတြေးလျနိုင်ငံတို့အနေဖြင့် မည်သည့်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်မခံရသေးသော မျိုးရတနာထိုက်နှင့် မင်းအောင်လှိုင်၏ ဇနီးဖြစ်သူ ကြူကြူလှတို့အား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့ခြင်းဖြင့် ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ချို့ယွင်းချက်ကယ်ပေါက်များအား ပိတ်ဆို့သင့်သည်။ ပိုမိုသိရှိရန် ⤵️ ✅ မင်းအောင်လှိုင် မိသားစု ထိုင်းအိမ်ခြံမြေဝယ်ယူမှုနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှု မြန်မာဘာသာကို ဖတ်ရှုရန် 👉🏽 https://buff.ly/zzjrCDs မင်းအောင်လှိုင် မိသားစု ထိုင်းအိမ်ခြံမြေဝယ်ယူမှုနှင့်ပတ်သက်သည့် ကျွန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှု အင်္ဂလိပ်ဘာသာကို ဖတ်ရှုရန် 👉🏽 https://buff.ly/GT2LVAX ✅ သတင်းထုတ်ပြန်ချက်ကို ဖတ်ရှုရန် 👉🏽 https://buff.ly/V5ZjLJQ #WhatsHappeningInMyanmar #JusticeForMyanmar

  • 🚨 မင်းအောင်လှိုင် မိသားစု၏ ဒေါ်လာသန်းချီတန် "အလွန်ခမ်းနားသော" ဘန်ကောက်အိမ်ခြံမြေ ဝယ်ယူမှုကို ဖော်ထုတ် တရားမဝင်မြန်မာစစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေး အရှိန်မြှင့် လုပ်ဆောင်လာသည့် ၂၀၂၂ ခုနှစ်အတွင်း စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်၏ သားနှင့်ချွေးမဖြစ်သူတို့ သည် ဘန်ကောက်မြို့ရှိ တန်ဖိုးကြီးဇိမ်ခံအိမ်ရာတစ်ခုကို ထိုင်းဘတ် ၉၈ သန်း (အမေရိကန်ဒေါ်လာ ၃ သန်းခန့်) ဖြင့်ဝယ်ယူခဲ့ကြောင်း Justice For Myanmar က ဖော်ထုတ်နိုင်ခဲ့သည်။ ထိုင်းနိုင်ငံရှိ ကုမ္ပဏီမှတ်တမ်းများ၊ မြေယာမှတ်တမ်းများ၊ အများပြည်သူရရှိနိုင်သော သတင်းအချက် အလက်များနှင့် လျှို့ဝှက်သတင်းရင်းမြစ်များအပေါ် ဆန်းစစ်လေ့လာမှုအရ ယင်းအိမ်ရာကို ထိုင်းနိုင်ငံရှိ စတော့စာရင်းဝင် အများပိုင်အိမ်ခြံမြေကုမ္ပဏီ Charn Issara Development Public Company Limited မှရောင်းချခဲ့ခြင်းဖြစ်သည်။ ယင်းဝယ်ယူမှုကို မင်းအောင်လှိုင်မိသားစု၏ အတွင်းလူဖြစ်သူ မြန်မာစစ်အုပ်စုခရိုနီ ထွန်းမင်းလတ်က ကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ဝယ်ယူမှုလုပ်ငန်းစဉ်ကို ထွန်းမင်းလတ်အနေဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ငွေကြေးခဝါချမှု၊ မူးယစ်ဆေးဝါး‌မှောင်ခိုရောင်းဝယ်မှု၊ ရာဇဝတ်စီးပွားလုပ်ငန်းများ စုဖွဲ့လုပ်ကိုင်မှု စသည့်ပြစ်မှုများဖြင့် ဖမ်းဆီးမခံရမီလများက စီမံလုပ်ကိုင်ပေးနေခဲ့ပြီး ၎င်းအား ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေစဉ်ကာလအတွင်းမှာပင် ဝယ်ယူမှုကို အပြီးသတ်နိုင်ခံသည်။ (၂၀၂၄ ခုနှစ်တွင် ၎င်းအား တရားသေ လွှတ်ပေးခဲ့သည်) ထိုအိမ်ရာဝယ်ယူမှုအတွက် Charn Issara နှင့် မင်းအောင်လှိုင်၏ ချွေးမဖြစ်သူ မျိုးရတနာထိုက်တို့ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုဝယ်ယူမှုသည် အောင်ပြည့်စုံအား အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံများမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့အပြီး တစ်နှစ်ကျော်အကြာတွင် ချုပ်ဆိုခဲ့ ခြင်းဖြစ်ပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်ရန် မျိုးရတနာထိုက်၏အမည်ဖြင့် ညှိနှိုင်းချုပ်ဆိုခဲ့ ခြင်းဖြစ်နိုင်သည်။ ယနေ့အထိ မျိုးရတနာထိုက်သည် မည်သည့်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုကိုမျှ ချမှတ်ခံထားရခြင်းမရှိသည့်အတွက် မင်းအောင်လှိုင်၏ မိသားစုအတွက် ကယ်ပေါက်တစ်ခုကို ဖန်တီးပေးထားသကဲ့သို့ဖြစ်နေသည်။ ထိုတန်ဖိုးကြီးအိမ်ရာသည် Issara Residence, Rama 9 တွင် ရှိသော မြေဧရိယာ ၄၅၁ စတုရန်း မီတာရှိ 7C အကွက်ပေါ်တွင် တည်ရှိသည့် အဆင့်မြင့်အိမ်တစ်လုံးဖြစ်ပြီး၊ စာရွက်စာတမ်းအရ Emerald Princess Co., Ltd. အမည်ရှိ ကုမ္ပဏီကပိုင်ဆိုင်ထားသည်ဟု ဖော်ပြထားသည်။ ထိုကုမ္ပဏီကို အဆိုပါအိမ်ရာ ပိုင်ဆိုင်မှုများ မလွှဲပြောင်းမီ တစ်ပတ်အလို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင်မှ တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ Justice For Myanmar ၏ သုံးသပ်ချက်အရ ယင်း Emerald Princess ကုမ္ပဏီသည် အောင်ပြည့်စုံနှင့် မျိုးရတနာထိုက်တို့အတွက် Charn Issara ၏အကူအညီဖြင့် တည်ထောင်ခဲ့သော ရုပ်ပြကုမ္ပဏီတစ်ခုဖြစ်နိုင်ပြီး၊ ဝယ်ယူမှုအစပိုင်း ကြားခံအဖြစ်ဆောင်ရွက်‌ပေးသူ ထွန်းမင်းလတ်သည် ထိုအချိန်၌ ဖမ်းဆီးခံထားရပြီး ပြစ်မှုများနှင့် ရင်ဆိုင်နေရသည့်အခြေအနေကို သိရှိထားပါလျက် အရောင်းအဝယ်ကို ဆက်လက်ပြုလုပ်ခဲ့ခြင်း ဖြစ်နိုင်သည်။ Charn Issara သည် ဝယ်ယူသူပိုင်ရှင်များ၏ အမည်နှင့် ၎င်းတို့၏ ငွေကြေးရင်းမြစ်များကို ဖုံးကွယ်ပေးခဲ့ပြီး နိုင်ငံခြားသားများ မြေယာပိုင်ဆိုင်ခွင့်ကို တားမြစ်ထားသည့် ထိုင်းဥပဒေကို ရှောင်လွှဲနိုင်ရန် နည်းလမ်းတစ်ခု ဖန်တီးပေးခဲ့သည်။ ထိုသို့ဖန်တီးပေးမှုကြောင့် Charn Issara သည် ငွေပေးချေမှု အပြည့်အဝရရှိပြီးနောက် ရောင်းချမှုကို အပြီးသတ်နိုင်ခဲ့သည်။ ပိုမိုသိရှိရန် 👉🏽 https://shorturl.at/FM1Bw

  • 🚨 မြန်မာပွဲစားကုမ္ပဏီ Synpex Shwe ကွန်ရက်၏ ကမ္ဘာတစ်ဝန်းလက်နက် ကုန်သွယ်မှုကွင်းဆက်အား ဖော်ထုတ် Conflict Armament Research (CAR) မှ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Synpex Shwe (SS) နှင့် အီရတ်-ဆီးရီးယားနယ်စပ်အနီး တိုက်ခိုက်မှုတစ်ခုအပြီးတွင် အီရန်ထုတ် Sayyad-107 ဒရုန်းတစ်စင်းမှ သိမ်းဆည်းရမိသော မော်တာတစ်ခုတို့အကြား ဆက်စပ်နေသော ထောက်ပံ့ရေးကွင်းဆက်တစ်ခုကို ဖော်ထုတ်ထားသည်။ အဆိုပါမော်တာသည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်း ဂျပန်နိုင်ငံမှ ဟောင်ကောင်အခြေစိုက် ဖြန့်ချိရေးကုမ္ပဏီတစ်ခုသို့ ပို့ဆောင်ခဲ့သော ကုန်စည်တင်ပို့မှုကြီးတစ်ခု၏ အစိတ်အပိုင်းဖြစ်ပြီး၊ ဝယ်ယူသူအဖြစ် Synpex Shwe ၏ စင်ကာပူခွဲကုမ္ပဏီဖြစ်သော Synpex Shwe Pte. Ltd. (Synergy Tripexin Pte. Ltd ဟုလည်းခေါ်) ကိုဖော်ပြထားသည်။ ယင်းပို့ဆောင်မှုသည် ၂၀၂၀ ခုနှစ်၊ ဇူလိုင်မှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်အထိ စုစုပေါင်း မော်တာအလုံးရေ ၃၀၀ ကျော် ပါဝင်သည့် ပို့ဆောင်မှု ၅ ကြိမ်အနက်မှ တစ်ကြိမ်ဖြစ်သည်။ Justice For Myanmar က ၂၀၂၂ တွင် ထုတ်ဖော်ထားပြီးဖြစ်သည့်အတိုင်း Synpex Shwe ကုမ္ပဏီသည် မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများအတွက် ပစ္စည်းပေးသွင်းသူဖြစ်ပြီး စစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ရုရှားကုမ္ပဏီ Sins Avia Trading House LLC (CNS Aviation) ထံမှ မြန်မာလေတပ်အတွက် ရဟတ်ယာဉ်အစိတ်အပိုင်းများကို ဝယ်ယူခဲ့သည်။ Justice For Myanmar က ကြည့်ရှုရသည့် ကုန်တင်ပို့မှုမှတ်တမ်းများအရ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း Synpex Shwe သည် ဒရုန်းကဲ့သို့သောလေယာဉ်ငယ်များတွင် အသုံးပြုဖွယ်ရှိသည့် ကိုယ်တိုင်ထိန်းချုပ်လုပ်ကိုင်နိုင်စွမ်းရှိသော ပန်ကာထိန်းချုပ်မှုစနစ်များကို တူရကီနိုင်ငံမှတစ်ဆင့် တင်သွင်းခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုသည် စောင့်ကြည့်ထောက်လှမ်းရေး၊ ပစ်မှတ်ရှာဖွေရေးနှင့် အရပ်သားပြည်သူများအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများတွင် ဒရုန်းများကို ပိုမိုအသုံးပြုလာခဲ့သည်။ Justice For Myanmar က မှတ်တမ်းတင်ထားသော ရုရှားပို့ကုန်မှတ်တမ်းများနှင့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၏ အစီရင်ခံစာအရ Synpex Shwe သည် ရုရှားကုမ္ပဏီ Allwe Foreign Trade Company JSC ထံမှ Mi-17 ရဟတ်ယာဉ် အစိတ်အပိုင်းများ အပါအဝင် အခြား လေယာဥ်အပိုပစ္စည်းများနှင့် ရေဒီယိုအစိတ်အပိုင်းများစွာကိုလည်း တင်သွင်းခဲ့သည်။ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များတွင် မြန်မာအတွက် Allwe မှ Synpex Shwe သို့ အနည်းဆုံး တင်ပို့မှု ၂၇ ခုကို Justice For Myanmar မှ တွေ့ရှိခဲ့သည်။ Mi-17 ရဟတ်ယာဉ်များကို စစ်အုပ်စု၏ အရပ်သားပြည်သူများအပေါ် မဆင်မခြင်လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုလျက်ရှိသည်။ ၂၀၂၃ ခုနှစ်တွင် Synpex Shwe ကုမ္ပဏီကို ယူကေနှင့် ကနေဒါနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သလို၊ နောက်တစ်နှစ်တွင်လည်း အမေရိကန်ပြည်ထောင်စုက အဆိုပါကုမ္ပဏီအပေါ် ကုန်သွယ်ရေး ကန့်သတ်ချက်များ ချမှတ်ခဲ့သည်။ သို့ရာတွင် Synpex Shwe ကုမ္ပဏီ၏ ဒါရိုက်တာများ၊ ရှယ်ယာရှင်များနှင့် ယင်းကုမ္ပဏီကွန်ရက်တွင် ပါဝင်သော ဆက်နွှယ်ကုမ္ပဏီများ အပေါ် ယနေ့အချိန်အထိ မည်သည့်တရားစီရင်ပိုင်ခွင့်နယ်မြေတွင်မှ ဒဏ်ခတ်ပိတ်ဆို့ထားခြင်း မရှိသေးပေ။ ၂၀၂၂ ခုနှစ် ဧပြီလအထိ Synpex Shwe Co. Ltd. ၏ ပိုင်ရှင်များမှာ အေးငြိမ်းဆွေ၊ လူလူချမ်းမြေ့ (ကောင်းထက်လူအေး ဟုလည်းသိကြသူ)၊ မြတ်နှင်းဖြူ၊ ဆန်းမြင့်အောင်၊ စည်သာထိန်ဝင်း၊ ဝင်းလဲ့ဖြူနှင့် ရန်လင်းနိုင်တို့ ဖြစ်ကြသည်။ ယင်းကုမ္ပဏီအကြောင်း ဖော်ထုတ်ခံရပြီးနောက် Synpex Shwe သည် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် သိသာထင်ရှားသော ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ၎င်း၏မြန်မာကုမ္ပဏီအမည်ကို ပထမတစ်ကြိမ်တွင် SS Techniques Co. Ltd. သို့လည်းကောင်း၊ ထို့နောက် လက်ရှိအမည်ဖြစ်သော SS Tech Learn Co. Ltd သို့လည်းကောင်း နှစ်ကြိမ်တိုင် ပြောင်းလဲခဲ့သည်။ ထို့အပြင် စင်ကာပူနိုင်ငံရှိ ၎င်း၏ကုမ္ပဏီ Synergy Tripexin Pte. Ltd., ကိုလည်း ၂၀၂၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့သည်။ Synpex Shwe ကုမ္ပဏီကွန်ရက်အတွင်းတွင် မြန်မာစစ်တပ်၏ ပစ္စည်းဝယ်ယူမှုညွှန်ကြားရေးမှူးရုံး၌ ပစ္စည်းတင်သွင်းသူအဖြစ်မှတ်ပုံတင်ထားသူလည်းဖြစ်၊ SS Tech Learn နှင့် ဒါရိုက်တာအများအပြား ထပ်တူကျနေသော Kaung Luu Co. Ltd နှင့် ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး SS Tech Learn နှင့် ဒါရိုက်တာတစ်ဦး ထပ်တူကျနေသော ထိုင်းကုမ္ပဏီ SS Affluence Co. Ltd. တို့ ပါဝင်သည်။ Synpex Shwe ကုမ္ပဏီအား ဒဏ်ခတ်ပိတ်ဆို့ပြီးနောက်ပိုင်း SS Affluence ကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် စစ်လက်နက်ဝယ်ယူမှုများကို ဆက်လက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ကုလသမဂ္ဂအထူးကိုယ်စားလှယ်က မှတ်ချက်ပြုထားသည်။ အပြည့်အစုံသို့ 👉🏽 https://tinyurl.com/ad4zhed5

  • 👏🏽 Mytel နှင့်ဆက်စပ် စာမျက်နှာ၊ Group နှင့် အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ဖယ်ရှား Facebook သည် မိုင်တဲလ်၊ မိုင်တဲလ်ကိုယ်စားလှယ်များနှင့် လက်လီအရောင်းဆိုင်များ၏ စာမျက်နှာပေါင်း ၁၀၀၀ ကျော်ကို ဖယ်ရှားလိုက်ရာ၊ ၄င်းသည် မြန်မာစစ်တပ်ထိန်းချုပ်ထားသော ဆက်သွယ်ရေးကွန်ရက်၏ အွန်လိုင်းတည်ရှိမှုအပေါ် ကြီးစွာသော ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့သည်။ ထိုသို့ဖယ်ရှားမှုသည် Facebook လူမှုကွန်ရက်၏ မိခင်ကုမ္ပဏီ Meta က ၂၀၂၁ ခုနှစ်တွင် ချမှတ်အကောင်အထည်ဖော်ခဲ့သည့် မြန်မာစစ်တပ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်‌သည့် Facebook ၏မူဝါဒနှင့်လည်း ကိုက်ညီသည်။ ထိုအချိန်က Mytel ကို Facebook မှ ဖယ်ရှားခဲ့ပြီးဖြစ်သော်လည်း ကုမ္ပဏီသည် စာမျက်နှာသစ်များ ဖွင့်လှစ်ကာ ပိတ်ပင်မှုကို ရှောင်ရှားခဲ့သလို၊ တစ်ဖက်တွင်လည်း မိုင်တဲလ်ကိုယ်စားလှယ်များနှင့် အရောင်းဆိုင်များ၏ အကောင့်များသည် ယခုအချိန်အထိ ဆက်လက်လည်ပတ်နေဆဲဖြစ်သည်။ Justice For Myanmar သည် ဖြုတ်ချခဲ့ပြီးဖြစ်သည့် MRTV Friday Night Live Show စာမျက်နှာနှင့်အတူ အဆိုပါစာမျက်နှာများကို ယခုသီတင်းပတ်အတွင်း Facebook ထံ သတင်းပို့တိုင်ကြားခဲ့ခြင်းလည်းဖြစ်သည်။ အဆိုပါဝါဒမှိုင်းဖြန့် စာမျက်နှာများအကြောင်း ကျွန်ုပ်တို့ထံ သတင်းပေးခဲ့ကြသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။ မိုင်တဲလ် အမည်ဖြင့် လုပ်ကိုင်နေသော Telecom International Myanmar ကို စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC)၊ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel Global ကော်ပိုရေးရှင်းနှင့် မြန်မာခရိုနီများ၏ ဦးပိုင်ကုမ္ပဏီတစ်ခုတို့က ပိုင်ဆိုင်သည်။ ယင်းကုမ္ပဏီသည် မြန်မာစစ်တပ်ထံ အခွန်ဝင်ငွေများနှင့် နည်းပညာများ ပေးအပ်နေပြီး၊ စောင့်ကြည့်ထောက်လှမ်းခြင်းနှင့် သတင်းအချက်အလက် စိစစ်ဖြတ်တောက်ခြင်းများတွင်လည်း ကူညီပံ့ပိုးပေးလျက်ရှိသည်။ Mytel ၏ အမြတ်ငွေခန့်မှန်းချက်များအရ မြန်မာစစ်တပ်သည် Mytel လုပ်ငန်းလည်ပတ်မှု (၅) နှစ်မှ (၉) နှစ်အတွင်း ၎င်းတို့၏ ရှယ်ယာပိုင်ဆိုင်မှုမှ အမေရိကန်ဒေါ်လာ သန်း ၂၇၀ အထိ ရရှိနိုင်ဖွယ်ရှိပြီး၊ ထို့နောက်ပိုင်း (၅) နှစ်တာကာလအတွင်း နောက်ထပ် ဒေါ်လာ သန်း ၄၅၀ ထပ်မံရရှိနိုင်ကြောင်း တွေ့ရသည်။ ၎င်းသည် စစ်တပ်နှင့် ထိပ်ပိုင်းဗိုလ်ချုပ်ကြီးများအတွက် ကြီးမားသော ဝင်ငွေရပေါက်ကြီးတစ်ခု ဖြစ်လာစေသည်။ စစ်တပ်ကို ဘဏ္ဍာငွေထောက်ပံ့ခြင်းနှင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်စောင့်ကြည့်ထောက်လှမ်းမှုများကို ကူညီပံ့ပိုးပေးခြင်းအားဖြင့် Mytel သည် မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည်။ မိုင်တဲလ်၏ အပ်ပလီကေးရှင်းများကို Google Play Store နှင့် Apple App Store တို့တွင် လက်ခံပေးထားသည့် Alphabet နှင့် Apple တို့ အပါအဝင် အခြားနည်းပညာကုမ္ပဏီများအနေဖြင့် မိုင်တဲလ်အပေါ် ပိတ်ပင်အရေးယူမှုများ ဆောင်ရွက်ကြရန် Justice For Myanmar က တောင်းဆိုပါသည်။ #Mytel #BoycottMytel #WhatsHappeningInMyanmar #JusticeForMyanmar See less

  • Channel photo updated

  • သတင်းထုတ်ပြန်ချက် 📣 တရားမဝင်မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချရန် အစိုးရများအား JFM တောင်းဆို တရားမဝင်မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပေါ် Justice For Myanmar ၏ ပြောရေး ဆိုခွင့်ရှိသူ မရတနာမောင်က ယခုကဲ့သို့ ပြောကြားခဲ့သည်။ "မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ပြစ်ဒဏ်ခတ်ခြင်းမခံရဘဲ သတ်ဖြတ်နေတဲ့ တစ်ချိန်တည်းမှာ တရားဝင်မှုကို လုပ်ကြံဖန်တီးရယူဖို့ အတုအယောင် “ရွေးကောက်ပွဲ” တစ်ရပ်ကို ကျင်းပဖို့စီစဥ်နေပါတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေ ငါးနှစ်နီးပါးကြာ သတ္တိရှိရှိ ခုခံတော်လှန်လာခဲ့တဲ့ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းကြိုးပမ်းမှုကို တရားဝင်စေဖို့ ကြိုးပမ်းချက်ပဲ ဖြစ်ပါတယ်။ ပြည်သူတွေက ဒီအတုအယောင်ရွေးကောက်ပွဲကိုရော၊ တရားမဝင် စစ်အုပ်စုကိုပါ ငြင်းပယ်ထားပြီးသားပါ။ နိုင်ငံခြားအစိုးရများအနေနဲ့ အလိမ်အညာတွေအပေါ်မှာ မယုံကြည်ကြဖို့၊ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ နဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရလာဒ်တွေကို ပယ်ချဖို့ အလွန်အရေးကြီးပါတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲကို ပံ့ပိုးကူညီပြီး အတုအယောင်ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို စေလွှတ်ကြတဲ့ နိုင်ငံတွေ၊ ဥပမာအားဖြင့် တရုတ်၊ ရုရှား၊ ဘယ်လာရုစ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံ တွေဟာ မြန်မာစစ်တပ်နဲ့ စီးပွားရေးအကျိုးအမြတ်တွေ၊ လက်နက်ရောင်းဝယ်မှုတွေ ကတစ်ဆင့် စစ်အုပ်စုဆီကနေ အကျိုးအမြတ်တွေ ရယူနေကြတာ ဖြစ်ပါတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲကို ထောက်ခံပေးခြင်းဖြင့် အဲဒီအစိုးရတွေဟာ စစ်အုပ်စုထံ ငွေကြေးတွေ ဆက်လက်စီးဆင်းအောင် လုပ်ဆောင်ပေးနေတာဖြစ်ပြီး၊ စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အသက်ဆက်ပေးနေသလို၊ စစ်အုပ်စုကျူးလွန်တဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို အားပေးကူညီနေတာလည်းဖြစ်ပါတယ်။ ဒီအတုအယောင်ရွေးကောက်ပွဲကို စစ်ရာဇဝတ်ကောင်တွေကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ခံလူပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က ခြယ်လှယ်စီမံနေတာဖြစ်ပြီး ဒါက ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေပါတယ်။ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ စစ်အုပ်စုဟာ သူတို့ကိုယ်သူတို့ ‘နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင်’ (SSPC) ဆိုပြီး အမည်သစ် ပြောင်းလဲခဲ့ပါတယ်။ ဒါက ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရှောင်ရှားဖို့နဲ့ သူတို့ရဲ့ရာဇဝတ်မှုတွေကို ခဝါချဖို့ ဗြောင်ကျကျ ကြိုးပမ်းမှုတစ်ခုပဲ ဖြစ်ပါတယ်။ နာမည်ပြောင်းသွားပေမဲ့လည်း အရင်စစ်တပ်ခေါင်းဆောင်တွေကပဲ ဦးဆောင်နေတာဖြစ်သလို၊ အရင်လုပ်ငန်းဆောင်တာတွေကိုပဲ လုပ်ဆောင်နေတာဖြစ်ပြီး စစ်အုပ်စုခေါင်းဆောင်နဲ့ စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ အမိန့်အောက်မှာ အရပ်သားပြည်သူတွေအပေါ် အရင်လုပ်ဆောင်နေကျ အကြမ်းဖက်စစ်ဆင်ရေးကိုပဲ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အစိုးရတွေအနေနဲ့ SSPC နဲ့ သူတို့ကို အားပေးကူညီသူတွေအပေါ် အရေးတကြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရမှာဖြစ်ပြီး၊ ရက်စက်ကြမ်းကြုတ်မှုကြီးတွေ အဆုံးသတ်နိုင်ဖို့ ပြတ်ပြတ်သားသား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြောဖွယ်ရာစကားလုံးပင် မရှိအောင် ထိန့်လန့်ကြောက်မက်ဖွယ်ရာ အခြေအနေတွေကြားမှာတောင် မြန်မာပြည်သူတွေရဲ့သတ္တိဟာ ပျက်ပြားမသွားဘဲ ခိုင်မြဲနေဆဲဖြစ်ပါတယ်။ မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်းအား အပြီးတိုင် ဖျက်သိမ်းရေးအတွက် ကျွန်ုပ်တို့ ဆက်လက်လုပ်ဆောင်သွားပါမယ်။" ✅ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို 👉🏽 https://buff.ly/gKDr2G7 ပိုမိုသိရှိရန် ⤵️ ✅ စစ်အုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၏ ဒဏ်ခတ်ပိတ်ဆို့ခံရမှု အခြေအနေကို ကြည့်ရှုရန် 👉🏽 https://buff.ly/8B7047y ✅ စစ်အုပ်စုနှင့် တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့် ဘီလာရုစ်တို့အကြား လက်နက်ထောက်ပံ့ချိတ်ဆက်မှုများအကြောင်း ကြည့်ရှုရန် 👉🏽 https://buff.ly/jt4tITo ✅ ဗီယက်နမ်နှင့် စစ်အုပ်စုတို့အကြား စစ်ရေး၊ စီးပွားရေး ပတ်သတ်ဆက်နွယ်မှုများကို ကြည့်ရှုရန် 👉🏽 https://buff.ly/Q30MjKP ✅ စစ်အုပ်စု၏ SSPC အဖြစ် အမည်ပြောင်းခဲ့မှုအကြောင်း ကြည့်ရှုရန် 👉🏽 https://buff.ly/J4TI5dY #RejectShamElection #SayNoJustTrap #WhatsHappeningInMyanmar #JusticeForMyanmar

  • Channel photo updated

  • 👏🏽 Breaking - MWD News (မြဝတီ သတင်း) စာမျက်နှာကို TikTok က ဖယ်ရှားလိုက်ပြီ၊ မြန်မာစစ်တပ်ဝါဒမှိုင်းဖြန့်ယန္တရားအပေါ် ထင်ရှားသည့် အရေးယူမှုဖြစ်လာ MWD (မြဝတီ) ကို မြန်မာစစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓါတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးက ကြီးကြပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ Justice For Myanmar သည် TikTok ထံ စာရေးသားပေးပို့၍ စစ်အုပ်စုအကောင့်များအတွက် ဝန်ဆောင်မှုများ ဆက်လက်ပေးအပ်နေမှုများနှင့်ပတ်သက်ပြီး ဒဏ်ခတ်ပိတ်ဆို့မှုများကို လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများအပေါ် မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ TikTok က MWD News (မြဝတီ သတင်း)အကောင့်အား ဖြုတ်ချလိုက်ခြင်းလည်းဖြစ်သည်။ TikTok နှင့် အခြားနည်းပညာကုမ္ပဏီအားလုံးအနေဖြင့် ကျန်ရှိနေသေးသည့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က ဆက်လက် တောင်းဆိုပါသည်။

  • 📢 ဒီဇင်ဘာလအတွင်း မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့် ၂၈ ခုကို နည်းပညာကုမ္ပဏီကြီးများက ဖယ်ရှားပိတ်သိမ်းခဲ့ (English below) Justice For Myanmar က ဒီဇင်ဘာလ ၂ ရက်နေ့တွင် နိုင်ငံတကာနည်းပညာကုမ္ပဏီများကို စတင်ဆက်သွယ်ခဲ့ပြီးနောက်ပိုင်း ၎င်းနည်းပညာကုမ္ပဏီများမှ မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်ချိရေးအကောင့် ၂၈ ခုကို အရေးယူဖယ်ရှားခဲ့သည်။ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ ထိုအကောင့်ဖယ်ရှားမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ၄င်းတို့၏ ဝါဒမှိုင်းများ၊ သတင်းမှားများနှင့် အမုန်းစကားများ ဖြန့်ဝေနိုင်စွမ်းကို ကန့်သတ်လိုက်ခြင်းလည်းဖြစ်သည်။ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများ၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ယူမှုများ နှင့်အညီ ယခုကဲ့သို့ ဖယ်ရှားပိတ်သိမ်းခဲ့မှုများအပေါ် Justice For Myanmar က ကြိုဆိုပါသည်။ ဒီဇင်ဘာလအတွင်း ယနေ့အထိ အကောင့်ဖယ်ရှားခဲ့မှုများတွင် အောက်ပါတို့ပါဝင်သည်- ✅ Facebook ၏ ဖယ်ရှားမှုများ ၁။ Myanmar International TV (MITV) ၂။ Yadanabon Newspaper (ရတနာပုံသတင်းစာ) ၃။ Myanma Radio and Television (MRTV) ၄။ MRN News ✅ YouTube ၏ ဖယ်ရှားမှုများ ၁။ Ministry of Information (MOI) News ၂။ MITV ✅ MediaFire ၏ ဖယ်ရှားမှုများ ၁။ Yadanabon Newspaper (ရတနာပုံသတင်းစာ) ✅ Twitch ၏ ဖယ်ရှားမှုများ ၁။ MRTV HD ၂။ MITV ၃။ MRTV News ၄။ MRTV Farmers ၅။ MRTV Sports ၆။ MRTV NRC ၇။ MRTV Entertainment ၈။ MRTV Radio ၉။ Mayyu FM ၁၀။ Tha Pyay Radio ၁၁။ Myanma Radio (International) ၁၂။ NRC Radio 1 ၁၃။ NRC Radio 2 ၁၄။ Visual Radio ✅ Kick ၏ ဖယ်ရှားမှုများ ၁။ MRTV HD ၂။ MITV ၃။ MRTV News ၄။ MRTV Farmers ၅။ MRTV Sports ၆။ MRTV NRC ၇။ MRTV Entertainment နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို တားဆီးပိတ်ပင်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုပါသည်။

  • ပူးတွဲသတင်းထုတ်ပြန်ချက် 📣 တာဝန်ခံမှုမှ ရှောင်လွှဲရန် မြန်မာစစ်အုပ်စုက အမည်ပြောင်းလိုက်သည့်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန် အရေးတကြီးလိုအပ် ✅ The Sentry နှင့် ကျွန်ုပ်တို့ ပူးတွဲထုတ်ပြန်လိုက်သည့် မူဝါဒအနှစ်ချုပ်စာတမ်းနှင့် သတင်းထုတ်ပြန်ချက်ကို 👉🏽 https://buff.ly/J4TI5dY The Sentry နှင့် Justice For Myanmar တို့ ပူးတွဲထုတ်ပြန်လိုက်သည့် မူဝါဒအနှစ်ချုပ်စာတမ်းသစ်တစ်‌စောင်တွင် မြန်မာစစ်အုပ်စုသည် ၎င်းတို့၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အဖွဲ့အစည်းကို အမည်ပြောင်းလဲလိုက်ခြင်းနှင့် အမေရိကန်ပြည်ထောင်စုအတွင်း အကျိုးဆောင်လော်ဘီများ ငှားရမ်းအသုံးပြုခြင်း များမှတဆင့် နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများအား ရှောင်ရှားရန်နှင့် မှားယွင်းသော နိုင်ငံရေးတရားဝင်မှုရရှိရန် ကြိုးပမ်းနေပုံများကို ဖော်ထုတ်ထားသည်။ စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ နိုင်ငံနှင့်အဝန်း ကျူးလွန်လျက်ရှိပြီး၊ အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပရန် ပြင်ဆင်နေချိန်တွင် ၄င်းတို့အနေဖြင့် နိုင်ငံတကာ နိုင်ငံရေးနှင့် ဘဏ္ဍာရေးစနစ်များတွင် ဆက်လက်ပါဝင် ဆောင်ရွက်နိုင်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုစနစ်များရှိ ဟာကွက်များကို ထိထိရောက်ရောက် အသုံးချလျက်ရှိနေကြောင်း အဆိုပါစာတမ်းက သတိပေးထားသည်။ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်နှင့် အခြားသော မိတ်ဖက်အစိုးရများ အနေဖြင့် အဆိုပါဂယ်ပေါက်များကို ပိတ်ဆို့ရန်နှင့် စစ်အုပ်စု၏ နိုင်ငံတကာကူညီပံ့ပိုးပေးနေသူ များအား ပစ်မှတ်ထားနိုင်ရန်အတွက် ဒဏ်ခတ်ပိတ်ဆို့မှုများကို အရေးတကြီး ဖြည့်စွက်၊ တိုးချဲ့ရန် အဆိုပါစာတမ်းက တောင်းဆိုထားသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ နေ့တွင် စစ်အုပ်စုသည် ဒဏ်ခတ်ပိတ်ဆို့ခံထားရသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) အား ဖျက်သိမ်းလိုက်ပြီး၊ အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကော်မရှင် (SSPC) ဖြင့် အစားထိုးခဲ့သည်။ ထိုသို့ အမည်အပြောင်းအလဲရှိခဲ့သော်လည်း SSPC ကို ယခင်စစ်ဗိုလ်ချုပ်ကြီးများကသာ ဦးဆောင်ခြင်းဖြစ်ပြီး၊ လုပ်ငန်းတာဝန်များလည်း အပြောင်းအလဲမရှိသလို၊ စစ်အုပ်စုနှင့် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိန်းချုပ်မှုအောက်တွင်သာ ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်သည်။ The Sentry နှင့် Justice For Myanmar တို့သည် အစိုးရများအား အောက်ပါတို့ကို လုပ်ဆောင်ရန် တိုက်တွန်းပါသည်။ ⤵️ • SSPC အား လက်ရှိမြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ကမ္ဘာလုံးဆိုင်ရာ မဂ္ဂနစ်စကီးပုံစံ ဒဏ်ခတ်ပိတ်ဆို့မှုစနစ်များ ‌အောက်တွင် ချက်ချင်းထည့်သွင်းသတ်မှတ် အရေးယူရန်။ • စစ်အုပ်စုကို အားပေးကူညီနေသူများအပေါ် ပစ်မှတ်ထားသည့် နိုင်ငံစုံညှို့နှိုင်းပူးပေါင်း ဆောင်ရွက်သော ကွန်ရက်လိုက် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရန်။ • ဒဏ်ခတ်ပိတ်ဆို့မှုများအား အသက်ဝင်မှုအားကောင်းစေရန်နှင့် ဖြစ်နိုင်ဖွယ်ချိုးဖောက်မှုများအား စုံစမ်းစစ်ဆေးရန်။ • စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား လူသိရှင်ကြား ရှုတ်ချရန်နှင့် ရွေးကောက်ပွဲရလာဒ် များအား ငြင်းပယ်ရန်၊ မည်သည့်အသိအမှတ်ပြုမှု သို့မဟုတ် ပံ့ပိုးမှုပုံစံကိုမျှ ပေးအပ်ခြင်း မပြုရန် အနှစ်ချုပ်စာတမ်းတွင် ပရော်ဖက်ရှင်နယ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများအပါအဝင် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူများအနေဖြင့် စစ်အုပ်စုထိန်းချုပ်ထားသည့် အဖွဲ့အစည်းများနှင့် ပတ်သက်နေမှုမှန်သမျှကို ဖျက်သိမ်းရန်နှင့် မြန်မာနှင့်ပတ်သက်သော ဖောက်သည်များနှင့် ထိတွေ့ဆက်ဆံရာတွင် တင်ကြိုစိစစ်မှုများကို တိုးမြှင့်လုပ်ဆောင်ရန် တို့ကို တောင်းဆိုထားသည်။ “စစ်အုပ်စုက အလိုက်သင့်ရှောင်ရှားတတ်လာသလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုလည်း လိုက်ပါပြောင်းလဲမြှင့်တင်ရပါမယ်” ဟု မရတနာမောင်ကပြောကြားခဲ့သည်။ သူမက “အခုအချိန်မှာ ပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ရင်တော့ စစ်အုပ်စုဟာ ပြည်သူတွေအပေါ် အကြောက်တရားနဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ တစ်ဖက်မှာပဲ၊ သူတို့ရဲ့ရာဇဝတ်မှုတွေကိုလည်း အမည်ပြောင်းလဲတာ၊ လော်ဘီလုပ်ဆောင်စေတာနဲ့ နိုင်ငံတကာရဲ့ကြံရာပါမှုတွေကတဆင့် ဆက်ပြီးခဝါချနေအုန်းမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ #WhatsHappeningInMyanmar

  • 👏🏽 နောက်ဆုံးရသတင်း - YouTube က တရားမဝင် မြန်မာစစ်အုပ်စု၏ Myanmar International TV (MITV) ရုပ်သံလိုင်းအား ဖယ်ရှား YouTube သည် စစ်အုပ်စု၏ "ပြန်ကြားရေးဝန်ကြီးဌာန" ချန်နယ်ကို အစောပိုင်းက ဖယ်ရှားခဲ့ပြီးနောက် ယခုအခါ ၎င်းတို့၏ MITV ချန်နယ်ကိုပါ ထပ်မံဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ၎င်းမတိုင်မီကလည်း Twitch နှင့် Facebook တို့သည် MITV ကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။ MITV သည် စစ်အုပ်စုက ၎င်းတို့၏ အာဏာသိမ်းကြိုးပမ်းမှုနှင့် အတုအယောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးတရားဝင်မှုကို မဟုတ်မမှန် လုပ်ကြံရယူရန်ကြိုးပမ်းမှုတွင် နိုင်ငံခြားပရိသတ်များအား အယုံသွင်းနိုင်ရန် အသုံးပြုသည့် ဝါဒဖြန့်လက်နက်တစ်ခုဖြစ်သည်။ YouTube ၏ ယခုအရေးယူဆောင်ရွက်မှုကြောင့် စစ်အုပ်စု၏ နိုင်ငံခြားပရိသတ်များနှင့် ထိတွေ့နိုင်မှုအား သိသိသာသာ လျော့နည်းသွားစေခဲ့သည် YouTube ၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet အနေဖြင့် ကျန်ရှိနေသည့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်အားလုံးကို ဖယ်ရှားရန်နှင့် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စစ်အုပ်စု အသုံးပြုခြင်းမှ တားဆီးပိတ်ပင်ရန် Justice For Myanmar က တောင်းဆိုပါသည်။

  • 👏🏽 BREAKING: ဩစတြေးလျတိုက်ရိုက်ရုပ်သံလွှင့်ပလက်ဖောင်း Kick က မြန်မာစစ်အုပ်စုကို ၂၄ နာရီ ပြည့်‌အောင်ပင်လက်မခံဘဲ ကန်ထုတ်ခဲ့ ဩစတြေးလျနည်းပညာကုမ္ပဏီ Kick သည် တရားမဝင်မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များမှ တိုက်ရိုက်ထုတ်လွှင့်မှု စတင်ခဲ့ပြီး နာရီပိုင်းအတွင်းတွင်ပင် အဆိုပါအကောင့်များကို ဖယ်ရှားပိတ်သိမ်းခဲ့သည်။ Justice For Myanmar က ကုမ္ပဏီထံ စာရေးသားပေးပို့၍ ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာဆောင် ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို မေးခွန်းထုတ်ပြောကြားခဲ့ပြီးနောက် ကုမ္ပဏီက ထိုသို့ အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ စစ်အုပ်စုသည် ၎င်းတို့၏အကောင့်များ Amazon ပိုင် ရုပ်သံလွှင့်ပလက်ဖောင်း Twitch မှ ဖယ်ရှားခံရပြီးနောက် Kick သို့ ပြောင်းရွေ့အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယခုအခါ စစ်အုပ်စုအတွက် ၎င်းတို့၏ အတုအယောင်ရွေး ကောက်ပွဲမတိုင်မီ နေ့ရက်များကို တိုက်ရိုက်ရုပ်သံလွှင့် ပလက်ဖောင်းမရှိဘဲ ထပ်မံဖြတ်သန်းရဦးမည် ဖြစ်သည်။ Kick က ဖယ်ရှားလိုက်သည့် ချန်နယ်များမှာ - ၁။ MRTV HD ၂။ MITV ၃။ MRTV News ၄။ MRTV Farmers ၅။ MRTV Sports ၆။ MRTV NRC ၇။ MRTV Entertainment MITV နှင့် MRTV တို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ်ထုတ်လွှင့်နေခြင်းဖြစ်သည်။ MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကားဖြင့် ထုတ်လွှင့်ပြီး၊ MITV သည် နိုင်ငံခြားပရိတ်သတ်များထံ သက်ရောက်မှုရှိစေရန်ရည်ရွယ်၍ အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်သည်။ စစ်အုပ်စုသည် MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းတို့မှ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ရန် Kick ကို အသုံးပြုခဲ့ခြင်းဖြစ်ပြီး၊ Kick ၏ အရေးယူဖယ်ရှားမှုသည် စစ်အုပ်စု၏ ဝါဒမှိုင်းများ၊ သတင်းမှားများနှင့် အမုန်းစကားများ တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းအား ကန့်သတ်ဖြတ်တောက်လိုက်ခြင်းလည်းဖြစ်သည်။ လက်ရှိတွင် MRTV ဝဘ်ဆိုဒ်နှင့် အပ်ပလီကေးရှင်းများတွင် ထည့်သွင်းထားသည့် တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်များတွင် “ယခုချိတ်ဆက်မှု မှားယွင်းနေပုံရပါသည်” ဟူသော Kick ၏ မှားယွင်းမှုပြစာတန်းကို ဖော်ပြနေသည်။ Kick သည် မဲဘုန်းမြို့အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်ပြီး၊ ဩစတြေးလျဘီလီယံနာသူဌေးကြီး Ed Craven နှင့် ၎င်း၏ စီးပွားဖက် BiJan Tehrani တို့က ပိုင်ဆိုင်သည်။ Twitch ကဲ့သို့ပင် Kick ကိုလည်း ဂိမ်းကစားခြင်းများကို တိုက်ရိုက်ထုတ်လွှင့်ရာတွင် အဓိကအသုံးပြုသည်။ နည်းပညာကုမ္ပဏီအားလုံးအနေဖြင့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များအား ဖြုတ်ချရန်နှင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုက အသုံးပြုနေခြင်းကို ပိတ်ပင်ရန် Justice For Myanmar က ဆက်လက်တောင်းဆိုပါသည်။ #JusticeForMyanmar #Kick See less

  • သတင်းထုတ်ပြန်ချက် 📣 Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က မြန်မာစစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်များကို ဖယ်ရှား နည်းပညာကုမ္ပဏီကြီးများအနေဖြင့် ၄င်းတို့၏ပလက်ဖောင်းများအား စစ်အုပ်စုအသုံးပြုခြင်းအပေါ် တားဆီးပိတ်ပင်မှုများ ပိုမိုလုပ်ဆောင်ရမည် ✅ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို 👉🏽 https://buff.ly/D5f7in5 စစ်အုပ်စုပြန်ကြားရေးဝန်ကြီးဌာနနှင့် စစ်တပ်၏ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးဌာန တို့က ကြီးကြပ်အသုံးပြုနေသည့် ဝါဒဖြန့်ချီရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖြုတ်ချဖယ်ရှားမှုများ လုပ်ဆောင်လိုက်သည့် မကြာသေးမီက အရေးယူဆောင်ရွက် မှုများအပေါ် Justice For Myanmar က ကြိုဆိုပါသည်။ Justice For Myanmar က နည်းပညာကုမ္ပဏီများထံ စာရေးသားပေးပို့၍ အဆိုပါဝါဒဖြန့်အကောင့်များ အတွက် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးမှုပေးအပ်ခြင်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများအား လိုက်နာဆောင်ရွက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာစိုးရိမ်မှုများကို မေးခွန်းထုတ်ပြောကြားလိုက်ပြီးနောက်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ဖိအားပေးမှုများလည်း ဆက်လက်ရှိနေခြင်းကြောင့် စစ်အုပ်စုထိန်းချုပ် ဝါဒမှိုင်းအကောင့်များကို ဖြုတ်ချလိုက်ခြင်း ဖြစ်သည်။ မြန်မာစစ်အုပ်စုသည် နိုင်ငံတော်ပိုင်မီဒီယာများနှင့် ဝါဒဖြန့်ချီရေးရုပ်သံလိုင်းများကို အသုံးပြု၍ ရိုဟင်ဂျာများအပေါ် အမုန်းစကားများ ဖြန့်ဝေခြင်း၊ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများအား သွေးထိုးလှုံ့ဆော်ခြင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလများတွင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအကြောင်း အပါအဝင် သတင်းလိမ်၊ သတင်းမှားများ ဖြန့်ဝေခြင်းတို့ကို လုပ်ဆောင်သော ရှည်လျားလှသည့် သမိုင်းမှတ်တမ်းများလည်း ရှိထားသည်။ Amazon ပိုင် ဗွီဒီယိုပလပ်ဖောင်း Twitch သည် တိုက်ရိုက်ထုတ်လွှင့်နေသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့ရေ ဒီယိုလိုင်း ၁၄ ခုအား ၎င်းတို့၏ ဝဘ်ဆိုဒ်နှင့် Google၊ Apple App stores များရှိ ၎င်းတို့၏ မိုဘိုင်း Apps များမှ ဖယ်ရှားခဲ့သည်။ Twitch သည် MITV ဝဘ်ဆိုဒ်တွင် တွဲထားသည့် MITV တိုက်ရိုက် ရုပ်သံ ထုတ်လွှင့်မှုကိုလည်း ဖယ်ရှားခဲ့သည်။ MITV၊ MRTV နှင့် Myanmar Radio တို့အားလုံးကို စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနက ကြီးကြပ် လုပ်ကိုင်သည်။ MRTV သည် အဓိကအားဖြင့် မြန်မာပရိတ်သတ်များအတွက် ဗမာဘာသာစကားဖြင့် ထုတ်လွှင့်ပြီး၊ MITV သည် အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်ကာ နိုင်ငံခြားပရိတ်သတ်ထံ ရောက်ရှိရန် ရည်ရွယ်သည်။ MRTV ဝဘ်ဆိုဒ်နှင့် Apps များကို စစ်ရာဇဝတ်ကောင်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်တွင် အခမ်းအနားဖြင့် ဖွင့်လှစ်ပေးခဲ့ပြီး၊ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို မိတ်ဆက်ခဲ့သည်။ Twitch အကောင့်ဖယ်ရှားခံရမှုကို အကောင့်သစ်များဖန်တီး၍ တိုက်ရိုက်ရုပ်သံထုတ်လွှင့်မှုကို စစ်အုပ်စုက ဆက်လက်လုပ်ဆောင်လာချိန်တွင် Twitch သည် Justice For Myanmar တိုင်ကြားခဲ့သည့် အခြားများပြားလှစွာသော အကောင့်များအား ဆက်လက်ပိတ်သိမ်းမှုများ လုပ်ဆောင်ခဲ့သည်။ Facebook သည် MITV စာမျက်နှာကို ဖျက်သိမ်းခဲ့ပြီး၊ Alphabet ကပိုင်ဆိုင်သည့် YouTube သည် စစ်အုပ်စု ပြန်ကြားရေး ဝန်ကြီးဌာန၏ အကောင့်တစ်ခုကို ၎င်းတို့၏ ပလက်ဖောင်းမှ ဖယ်ရှားခဲ့သည်။ သို့ရာတွင် YouTube သည် MITV အကောင့်အား ဖယ်ရှားရန် ယခုအချိန်ထိ ငြင်းဆိုထားသည်။ ✅ သတင်းထုတ်ပြန်ချက် အပြည့်အစုံကို 👉🏽 https://buff.ly/D5f7in5 #Myanmar #MyanmarMilitary #JusticeForMyanmar #BizHumanRights #Twitch #Facebook #YouTube #MediaFire Twitch Meta Google Google Play YouTube TikTok Gmail MediaFire

  • 🚨 လေယာဉ်ဆီ ပိတ်ဆို့ဖြတ်တောက်ပါ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၊ လူ့အခွင့်အရေးနေ့တွင် တရားမဝင်မြန်မာစစ်အုပ်စုသည် အာရကန်ပြည်နယ်အတွင်းရှိ အရပ်သားပြည်သူ ဆေးကုသရေးအဆောက်အဦးတစ်ခုဖြစ်သည့် မြောက်ဦးအထွေထွေဆေးရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံရှိ လူနာများ၊ ကျန်းမာရေးလုပ်သားများ နှင့် မိသားစုများ အပါအဝင် လူပေါင်း ၃၀ ကျော်အား သတ်ဖြတ်ခဲ့သည်။ လူပေါင်း ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများထဲတွင် ကလေးသူငယ်များလည်း ပါဝင်သည်။ ဆေးကုသမှုခံယူရန်အတွက် ဆေးရုံအတွင်း လူနာအပြည့်စောင့်ဆိုင်းနေချိန်အတွင်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ ထိုသူများသည် ဆေးကုသမှုအစား စစ်အုပ်စု၏ ဗုံးကြဲတိုက်ခိုက်မှုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းလည်းဖြစ်သည်။ ထိုစက်ဆုပ်ဖွယ်ကောင်းသောတိုက်ခိုက်မှုသည် လူသားချင်းစာနာမှုဥပဒေအောက်တွင် အကာအ ကွယ်ပေးထားသော ဆေးရုံများသည်ပင် စစ်အုပ်စု၏ အကြမ်းဖက်မှုမှ ဘေးကင်းလုံခြုံမှု မရှိကြောင်း ပြသနေသည်။ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက အဆိုပါဗုံးကြဲတိုက်ခိုက်မှုအား စစ်ရာဇဝတ်မှုတစ်ခုဖြစ် နိုင်ကြောင်း ပြောဆိုရှုတ်ချထားပြီး၊ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင် ရန် တောင်းဆိုထားသည်။ စစ်အုပ်စုသည် အကြမ်းဖက်မှုများကို အပြစ်ပေးအရေးယူခံရခြင်း လွတ်ကင်းစွာဖြင့် ဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ စစ်အုပ်စုသည် အစိုးရများနှင့် ကုမ္ပဏီများ၏ ကြံရာပါပတ်သက်မှုများမှတဆင့် ဘဏ္ဍာငွေ၊ လောင်စာဆီ၊ စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာများ ဆက်လက်ရရှိနေခြင်းကြောင့်သာ ယင်းရာဇဝတ်မှုများကို ကျူးလွန်နေနိုင်ခြင်းလည်းဖြစ်သည်။ စစ်အုပ်စုအား ပစ်မှတ်ထား ပူးပေါင်းဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်အရေးယူရန်နှင့် နိုင်ငံတကာရာဇဝတ်မှုကျူးလွန်သူများအား အရေးယူတာဝန်ခံစေရန် များအပေါ် အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဆက်လက်ပျက်ကွက်နေခြင်းများကြောင့် စစ်အုပ်စုသည် ယင်းရာဇဝတ်မှုများကို ကျူးလွန်နေနိုင်ခြင်းလည်းဖြစ်သည်။ စစ်အုပ်စု၏ ပြည်သူများအပေါ် ပစ်မှတ်ထားသော အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုများအား အဆုံးသတ်စေရန်အတွက် ကမ္ဘာကြီးအနေဖြင့် ဘဏ္ဍာငွေ၊ စစ်လက်နက်နှင့် လေယာဉ်ဆီ လမ်းကြောင်းကို ဖြတ်တောက်ရမည်ဖြစ်သည်။ မြန်မာလူထုသည် တရားမဝင်စစ်အုပ်စု၊ အာဏာသိမ်းကြိုးပမ်းမှုနှင့် အတုအယောင်ရွေးကောက်ပွဲတို့အား ကန့်ကွက်ငြင်းပယ်ကြောင်း ရှင်းလင်းပြတ်သားသည့်အသံများကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ပါ။ မြန်မာစစ်တပ်ရာဇဝတ်ဂိုဏ်း မုချဖျက်သိမ်းရမည်။ #JusticeForMyanmar #MraukU #HumanRightsDay #WarCrimes #HospitalBombing

  • 📣 အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ မွန်စီဖာရာက စစ်အုပ်စု၏ အကြမ်းဖက်မှုများအကြောင်း၊ မြန်မာနိုင်ငံအပေါ် အကူအညီဖြတ်တောက်ထားမှုများအား ရပ်တန့်ရန် အစိုးရများထံ တောင်းဆိုမှုများအကြောင်း၊ ထို့အပြင် ဆွီဒင်ပြည်သူများအနေဖြင့် မိမိတို့ ပင်စင်ရံပုံငွေများအား မည်သို့ရင်းနှီးမြှပ်နှံထားသည်ကို သိရှိထားသင့်ကြောင်းတို့ကို ပြောကြားခဲ့သည်။ 🎥 Right Livelihood Award ဆုပေးပွဲအခမ်းအနားတွင် မွန်စီဖာရာ၏ မှတ်ချက်အပြည့်အစုံကို ကြည့်ရှုပါ။ #RightLivelihoodAward #JusticeForMyanmar #AmnestyInternational #WhatsHappeningInMyanmar Amnesty International Svenska BurmakommittĂŠn

  • ပူးတွဲသတင်းထုတ်ပြန်ချက် 📢 မြန်မာစစ်တပ်ဆက်နွှယ်ကုမ္ပဏီလေးခုရှိ ရင်းနှီးမြှုပ်နှံမှုများအား ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ AP7 ပြန်လည်ရုပ်သိမ်းခြင်းကို SBC၊ Fair Finance Guide နှင့် JFM တို့ ကြိုဆို ✊🏽 ခုနှစ်ဖွဲ့မြောက်ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ (AP7) သည် အိန္ဒိယစစ်လက်နက်ကုမ္ပဏီများဖြစ်သည့် Bharat Electronics Limited (BEL) နှင့် Hindustan Aeronautics Limited (HAL)၊ ထိုင်းရေနံကုမ္ပဏီ PTT Exploration and Production (PTTEP) နှင့် ဂျပန်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး Sumitomo Corporation တို့ရှိ ၄င်းတို့၏ရင်းနှီးမြှုပ်နှံမှုများအား ပြန်လည်ရုပ်သိမ်းကြောင်း မနေ့က ကြေညာခဲ့သည်။ BEL နှင့် HAL တို့သည် စစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းရောင်းချမှုများ အပါအဝင် စစ်လက်နက်နှင့် အခြားစက်ပစ္စည်းကိရိယာများကို မြန်မာစစ်တပ်ထံ ရောင်းချခဲ့သည်။ PTTEP သည် စစ်အုပ်စု၏ အဓိကနိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်သည့် ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းနှစ်ခုတွင် စစ်အုပ်စုနှင့်အတူ ကြီးကြပ်လုပ်ကိုင်နေသည်။ Sumitomo Corporation သည် စစ်အုပ်စုထိန်းချုပ်ထားသည့် ဆက်သွယ်ရေးကုမ္ပဏီ MPT ၏ ပူးတွဲကြီးကြပ်လုပ်ကိုင်သူဖြစ်ပြီး၊ MPT သည် တရုတ်အင်တာနက်ပိတ်ဆို့ရေး မဟာရံစနစ်၏ ဈေးကွက်ဗားရှင်းကို ၄င်း၏အချက်အလက်စင်တာများတွင် တပ်ဆင်ကာ ဒီဂျစ်တယ် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းများအတွက် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်နေသည်။ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း Swedish Burma Committee (SBC)၊ Justice For Myanmar (JFM) နှင့် Fair Finance Guide တို့က ထုတ်ပြန်ခဲ့သည့် မြန်မာစစ်တပ်နှင့် ဆက်နွှယ်နေသည့် ဆွီဒင် ပင်စင်ရံပုံငွေအဖွဲ့များအပေါ် ပူးတွဲဆန်းစစ်လေ့လာမှုတစ်ခုတွင် အဆိုပါ ကုမ္ပဏီလေးခုအား အမည်ဖော်ပြထုတ်ပြန်ခဲ့သည်။ အဆိုပါပူးတွဲဆန်းစစ်လေ့လာမှုတွင် ဆွီဒင်ရံပုံငွေအဖွဲ့များသည် မြန်မာနိုင်ငံရှိ စစ်အုပ်စုအား ကူညီပံ့ပိုးနေသည့် ကုမ္ပဏီ ၁၂ ခုတွင် ဆွီဒင်ငွေ ခရိုနာ ၄.၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၈၄ သန်း) ရင်းနှီးမြှုပ်နှံထားကြောင်း တွေ့ရှိခဲ့သည်။ လက်ရှိသိရှိနိုင်သည့်အချက်အလက်များအရ ဆွီဒင်ပြည်သူ ခြောက်သန်း၏ ပင်စင်ငွေများ ထည့်ဝင်ထားသည့် AP7 က အများဆုံး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားခြင်းဖြစ်သည်။ SBC၊ JFM နှင့် Fair Finance Guide တို့အနေဖြင့် AP7 အား ၎င်းတို့၏ လူ့အခွင့်အရေးကတိကဝတ်များကို ဖြည့်ဆည်းလုပ်ဆောင်ရန်နှင့် မြန်မာနိုင်ငံရှိ စစ်အုပ်စုနှင့် ဆက်နွှယ်နေမှုအားလုံးအား ဖြတ်တောက်ရန်အတွက် ချက်ချင်းအရေးယူဆောင်ရွက်ရန်တို့ကို ဆက်လက်တောင်းဆိုထားသည်။ ရံပုံငွေအဖွဲ့အနေဖြင့် မိမိတို့ ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီများအား စစ်အုပ်စုနှင့် စီးပွားရေးဆက်ဆံမှုအားလုံးအား အဆုံးသတ်ရန် တောင်းဆိုသင့်သည်။ ကုမ္ပဏီများက စစ်အုပ်စုနှင့် ၎င်းတို့၏ စီးပွားရေးဆက်ဆံမှုများအား အဆုံးသတ်ရန် ဆန္ဒမရှိပါက ရံပုံငွေအဖွဲ့ အနေဖြင့် အဆိုပါကုမ္ပဏီများရှိ ရင်းနှီးမြှုပ်နှံမှုများအား ရုပ်သိမ်းသင့်သည်။ ကျွန်ုပ်တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကို အင်္ဂလိပ်၊ မြန်မာနှင့် ဆွီဒင်ဘာသာဖြင့် ဖတ်ရှုရန် 👉🏽 https://buff.ly/TbpFcR3 AP ရန်ပုံငွေများ၏ ရင်းနှီးမြှုပ်နှံမှုအပေါ် ကျွန်ုပ်တို့၏ ပူးတွဲဆန်းစစ်လေ့လာမှုကို ဖတ်ရှုရန် 👉🏽 https://buff.ly/uMxWldG AP7 ၏ နောက်ဆုံးထုတ်ပြန်ထားသော ကုမ္ပဏီများစာရင်းကို ကြည့်ရှုရန် 👉🏽 https://buff.ly/EoaO1 #SwedishPensionFunds #Divestment #JusticeForMyanmar #investments #Sweden #Myanmar

  • 📢 “ငုံ့မခံနဲ့ တုံ့ပြန်ကြ၊ ပြည်သူသာ အဓိကဟေ့” ✊🏽 မြန်မာနိုင်ငံတဝန်းက ရဲစွမ်းသတ္တိပြောင်မြောက်တဲ့ ပြည်သူတွေဟာ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို အသက်အန္တရာယ်ကြားက ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ ညှဉ်းပမ်းနှိပ်စက်တာ၊ ထောင်ချတာနဲ့ သတ်ဖြတ်တာတွေ ရှိနေပေမဲ့ မြန်မာလူထုဟာ မန္တလေးလမ်းမတွေကနေ လူမှုကွန်ရက် စာမျက်နှာတွေအထိ တရားမဝင်တဲ့ လူသတ်စစ်အုပ်စုကို ဆန့်ကျင်တော်လှန် အာခံနေကြပါတယ်။ 🙅🏽‍♀️ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရလာဒ်တွေကို ဆန့်ကျင်ကြ။ ✂️ စစ်အုပ်စုရဲ့ စစ်လက်နက်၊ ဘဏ္ဍာငွေနှင့် လေယာဉ်ဆီလမ်းကြောင်းတွေကို ဖြတ်တောက်ကြ။ 🎗️ မြန်မာလူထုရဲ့ ရုန်းကန်တော်လှန်မှုကို ပံ့ပိုးကြ။

  • 🏆 ဂရီတာသွန်းဘတ်ဂ်က ကိုယ်စားပြောကြားပေးသော JFM ၏ Right Livelihood Award ဆုလက်ခံမိန့်ခွန်း ဂရီတာရေ … အခုလို ကျွန်ုပ်တို့ရဲ့ သတင်းစကားကို ပြောကြားပေးခဲ့တဲ့အတွက်ရော၊ ဂရီတာရဲ့ သွေးစည်းညီညွတ်မှုနဲ့ ရဲစွမ်းသတ္တိတွေအတွက်ပါ ကျေးဇူးအထူးတင်ပါတယ်။ Right Livelihood Award အခမ်းအနားတွင် JFM ၏ ဆုလက်ခံမိန့်ခွန်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ စတော့ဟုမ်းမြို့တော်။ အံ့မခန်းလုပ်ရပ်များကြောင့် ကျွန်ုပ်တို့လေးစားအားကျခဲ့ရသော ပစိဖိတ်ကျွန်းစု၊ ထိုင်ဝမ် နဲ့ ဆူဒန်နိုင်ငံတို့မှ ဆုရှင်များနဲ့အတူ Right Livelihood Foundation ရဲ့အသိအမှတ်ပြု ရွေးချယ်ခြင်းခံရတဲ့အတွက် ကျွန်ုပ်တို့များစွာ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုစတင်ချိန်မှစပြီး ငါးနှစ်နီးပါးတိုင်အောင် မြဲမြံကြံ့ခိုင်သော ခွန်အား၊ ဂုဏ်သိက္ခာ၊ ပေးဆပ်အနစ်နာခံမှုများစွာနဲ့ စစ်အုပ်စုကို ဆန့်ကျင်ရပ်တည်ခဲ့ကြတဲ့ သတ္တိပြောင်မြောက်လှသော မြန်မာပြည်သူများကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ကျွန်ုပ်တို့ လက်ခံရယူပါတယ်။ ဒီဆုကို မြန်မာပြည်သူ တို့ပိုင်ဆိုင်ပါတယ်။ ဒီဆုဟာ အာဏာရှင်ကင်းစင်သောအနာဂတ်တစ်ခုကို တည်ဆောက်နိုင်ဖို့အတွက် မြဲမြံသောစိတ်ပိုင်းဖြတ်မှုနဲ့ ဖီဆန်ချီတက်နေကြတဲ့လူငယ်များ၊ ဆယ်စုနှစ်ချီကြာ ဖိနှိပ်မှုများကြားကပင် တရားမျှတမှုကို ဆက်လက်ကြိုးပမ်းရှာဖွေနေကြသူများ၊ အမှန်တရားကို ဖော်ထုတ်ဖို့ အရာရာစွန့်လွှတ်ပေးဆပ်ခဲ့ကြတဲ့ သတင်းပေးဖွင့်အန်ကြသူများ၊ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများ ကင်းလွတ်စွာနဲ့ အများသူငှာ အသက်ရှင်နေနိုင်ရေးအတွက် မိမိတို့အသက်ဘဝများကို စတေးခဲ့ကြသူများ နဲ့ အားလုံးသောပြည်သူများအတွက် ငြိမ်းချမ်းရေးနဲ့တရားမျှတမှုကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ မရေမတွက်နိုင်သော ပြည်သူအပေါင်းတို့အတွက် ဖြစ်ပါတယ်။ ထိုသူများနဲ့အတူ ကျွန်ုပ်တို့ ရပ်တည်ပါတယ်။ ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုစတင်ချိန်မှစပြီး စစ်တပ်ဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ လူနေကျေးရွာများကို မီးရှို့မှုများနဲ့ ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ်ကို လုပ်ဆောင်ခဲ့ပါတယ်။ ကလေးသူငယ်တွေကိုတောင် သက်ညှာခဲ့ခြင်း မရှိခဲ့ပါဘူး။ အဆိုပါရာဇဝတ်မှုတွေကို ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကိုအရေးယူအပစ်ပေးခံရခြင်း အလျင်းမရှိဘဲ ကျူးလွန်ခဲ့ကြသူများကပင် ကျူးလွန်ခြင်း ဖြစ်ပါတယ်။ အကြောက်တရားနဲ့ ဘယ်လိုပင် ခြိမ်းခြောက်နေပေမဲ့ ပြည်သူလူထုရဲ့ ရဲစွမ်းသတ္တိကိုတော့ ချိုးဖျက်လို့ မရပါဘူး။ ကျွန်ုပ်တို့ရဲ့လှုပ်ရှားမှု‌ဟာ အဆိုပါရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးများကိုသာ ဦးတည်ဆန့်ကျင်နေခြင်းမဟုတ်ဘဲ၊ စစ်အုပ်စုအတွက် ဘဏ္ဍာငွေ ဆက်လက်ထောက်ပံ့နေပြီး အကြမ်းဖက်မှုတွေကို အားပေးကူညီနေကြတဲ့ အစိုးရတွေ၊ ကော်ပိုရေးရှင်းတွေနဲ့ ဘဏ်တွေကိုလည်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ သွေးစည်းညီညွတ်စွာ အတူတကွ ရပ်တည်နေတဲ့ ပါလက်စတိုင်းမှသည် ယူကရိန်း၊ အရှေ့တာကစ္စတန်မှသည် ဆူဒန်၊ ထိုမှသည် ကမ္ဘာတဝန်းမှ အဖိနှိပ်ခံလူထုအပေါ် ဖိနှိပ်နေမှုများကိုလည်း ဆန့်ကျင်တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ မြန်မာပြည်သူများရဲ့ ရုန်းကန်တော်လှန်မှုဟာ တရားမျှတမှုနဲ့ လူသားဂုဏ်သိက္ခာတို့အတွက် ကမ္ဘာလုံးဆိုင်ရာတိုက်ပွဲရဲ့ အစိတ်အပိုင်းပင်ဖြစ်ကြောင်းကို The Right Livelihood Award က ထပ်လောင်းအတည်ပြုလိုက်ခြင်းဖြစ်ပါတယ်။ စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖျက်သိမ်းနိုင်ဖို့အတွက် သွေးစည်းညီညွတ်မှုနဲ့ အရေးယူဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။ ယခုဒီဇင်ဘာလမှာ စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပတော့မှာ ဖြစ်ပါတယ်။ အစိုးရများအနေနဲ့ အဆိုပါအတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုးရှည်စေနေတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီလမ်းကြောင်း တွေကို ရပ်တန့်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်။ ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှပ်နှံသူတွေအနေနဲ့လည်း စစ်တပ်နဲ့ သူတို့ရဲ့ခရိုနီတွေဆီက မိမိတို့ငွေကြေးတွေကို ပြန်လည်ထုတ်ယူကြဖို့ ကျွန်ုပ်တို့တောင်းဆိုပါတယ်။ ဒီကြံရာပါပတ်သက်မှုကို အဆုံးသတ်ကြပါ။ ရက်စက်ကြမ်းကြုတ်မှုကြီးများအတွက် ငွေကြေးထောက်ပံ့မှုတွေ မပြုလုပ်ကြပါနဲ့။ ယခုဂုဏ်ပြုမှုဟာ ကျွန်ုပ်တို့ရဲ့ မြဲမြံသောဆုံးဖြတ်ချက်တွေကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး၊ စစ်အုပ်စုနဲ့ သူတို့ကို အားပေးကူညီသူများထံ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားတစ်ရပ် ပါးလိုက်ခြင်းလည်း ဖြစ်ပါတယ်။ ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်။ မြန်မာပြည်သူလူထုရဲ့ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မယ်။ ကျေးဇူးတင်ပါတယ်။ Right Livelihood #JusticeForMyanmar #RightLivelihoodAward #2025Laureate #HumanRights #GretaThunberg

  • ⚠️ တရုတ်၊ ရုရှား၊ ဘယ်လာရုစ်နှင့် အိန္ဒိယနိုင်ငံတို့သည် မြန်မာစစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံကြောင်း နှင့် ယင်းအတွက် စောင့်ကြည့်လေ့လာသူများကိုပင် စေလွှတ်နိုင်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါနိုင်ငံများသည် စစ်အုပ်စု၏ ရာဇဝတ်မိတ်ဖက်နိုင်ငံများ ဖြစ်ကြသည်။ တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့သည် စစ်အုပ်စုကို စစ်လက်နက် ရောင်းချထောက်ပံ့နေသော ထိပ်ဆုံး သုံးနိုင်ငံလည်းဖြစ်ကြသည်။ အဆိုပါနိုင်ငံများသည် မြန်မာစစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများတွင် ကြံရာပါဖြစ်မှုများဖြင့် ထိုသို့သောအကျိုးအမြတ်များသည့် မိတ်ဖက်ဆောင်ရွက်မှုများကို ထုဆစ်တည်ဆောက်နေခြင်းလည်းဖြစ်သည်။ ဥပမာအားဖြင့် တရုတ်နိုင်ငံပိုင် စစ်လက်နက်စီးပွားရေးလုပ်ငန်းစုကြီး Aviation Industry Corporation of China (AVIC) သည် စစ်အုပ်စုက အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုသည့် တိုက်ခိုက်ရေးဂျက်လေယာဉ်များကို မြန်မာ့လေတပ်အတွက် ရောင်းချပေးထားသည်။ ရုရှားနိုင်ငံပိုင် စစ်လက်နက်စီးပွားရေးလုပ်ငန်းစုကြီး Rostec သည် မြန်မာစစ်တပ်က စာသင်ကျောင်းများနှင့် ဆေးရုံများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် အသုံးပြုနေသည့် တိုက်ခိုက်ရေးရဟတ်ယာဥ်များကို ရောင်းချပေးထားသည်။ အိန္ဒိယအစိုးရ တစ်စိတ်တစ်ပိုင်းပိုင်ကုမ္ပဏီ Bharat Electronics Limited သည် အရပ်သားပြည်သူများအပေါ် တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နိုင်ရန် ကူညီပေးသည့် ရေတပ်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို ရောင်းချပေးထားသည်။ ဘယ်လာရုစ်နိုင်ငံသည် စစ်အုပ်စုစစ်သည်များကို ၎င်းတို့၏ တက္ကသိုလ်များတွင် လေ့ကျင့်သင်ကြားပေးနေပြီး၊ စစ်အုပ်စု၏ အကြမ်းဖက်မှုများအတွက် နည်းပညာများ တပ်ဆင်ကူညီပေးထားသည်။ ဘီလာရုဇ်နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်းက စစ်တပ်၏ အာဏာသိမ်းကြိုးပမ်းမှုကို ရှုတ်ချရန် နှင့် “မြန်မာနိုင်ငံသို့ စစ်လက်နက်များစီးဝင်နေမှုကို တားဆီးရန်” အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုထားသော ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့သည့် တစ်ခုတည်းသောနိုင်ငံလည်း ဖြစ်သည်။ အထက်ပါလေးနိုင်ငံတို့မှ အစိုးရများသည် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ထောက်ခံအားပေးခြင်းဖြင့် စစ်အုပ်စုထံ ငွေကြေးစီးဝင်မှုကို ဆက်လက်ကူညီနေပြီး၊ စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကို အသက်ဆက်ပေးနေသည်။ စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုများကို အားပေးကူညီလျက်ရှိသည့် အစိုးရများနှင့် ကုမ္ပဏီများအား ၄င်းတို့လုပ်ရပ်များအတွက် တာဝန်ခံစေရမည် ဖြစ်သည်။ ❗️စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ဆန့်ကျင်ရမည်။ အဆိုပါလေးနိုင်ငံအစိုးရများထံမှ စစ်လက်နက်ရောင်းချမှုများအကြောင်း ပိုမိုသိရှိရန် တရုတ် 👉🏽 https://buff.ly/LXoMOw2 အိန္ဒိယ 👉🏽 https://buff.ly/ls5qn9L ဘယ်လာရုစ် 👉🏽 https://buff.ly/iv8Nwpc ရုရှား 👉🏽 https://buff.ly/rSrUt9w #AntiShamElection #PartnersInCrime #JusticeForMyanmar #MyanmarShamElection

  • 📢 🇸🇪 ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့များ မြန်မာစစ်တပ်အား ပံ့ပိုးနေသည့်ကုမ္ပဏီများတွင် ရင်းနှီးမြှပ်နှံထား Swedish Burma Committee၊ Justice For Myanmar နှင့် Fair Finance Guide တို့၏ လေ့လာဆန်းစစ်ချက်အစီရင်ခံစာအသစ်တစ်ခုအရ ဆွီဒင်နိုင်ငံ၏ အမျိုးသားပင်စင်ရံပုံငွေအဖွဲ့များဖြစ်သော AP1၊ AP2၊ AP3၊ AP4 နှင့် AP7 တို့သည် မြန်မာနိုင်ငံ၏ တရားမဝင်စစ်အုပ်စုနှင့် ဆက်နွှယ်နေသော ကုမ္ပဏီ ၁၂ ခုထံတွင် အမေရိကန်ဒေါ်လာ ၄၈၄ သန်းကျော် ရင်းနှီးမြှပ်နှံထားကြောင်း ထုတ်ဖော်နိုင်ခဲ့သည်။ မြန်မာစစ်တပ်သည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကြီးများ၊ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လူအများအပြားကို နေရပ်စွန့်ခွာစေမှုများ၊ စနစ်တကျဖိနှိပ်မှုများနှင့် ဆိုးရွားနက်ရှိုင်းလှသည့် လူသားစာနာမှုအကြပ်အတည်းများကို ငါးနှစ်နီးပါးတိုင် အရှိန်မြှင့်ကျူးလွန်လျက်ရှိနေသော်လည်း၊ ဆွီဒင်ပြည်သူ့ပင်စင်ငွေများသည် စစ်တပ်ထံ စစ်လက်နက် ရောင်းချနေသော၊ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာများကို ကူညီပေးနေသော သို့မဟုတ် စစ်တပ်ကို ဘဏ္ဍာငွေရင်းမြစ်များ ရှာဖွေပေးအပ်နေသော ကုမ္ပဏီများထံ ဆက်လက်စီးဝင်နေဆဲ ဖြစ်သည်။ AP7 သည် အဆိုပါမသမာကုမ္ပဏီများထံတွင် အကြီးမားဆုံးရင်းနှီးမြှပ်နှံထားသူ ဖြစ်သည်။ အဆိုပါ သုံးသပ်ချက်တွင် ဆွီဒင်ပင်စင်ရံပုံငွေအဖွဲ့ ရင်းနှီးမြှပ်နှံထားသောကုမ္ပဏီများက မြန်မာစစ်တပ်အား ပံ့ပိုးကူညီနေသောကဏ္ဍသုံးခုအကြောင်းကို အလေးပေးဖော်ပြထားသည်။ 💣 စစ်လက်နက်များ - အိန္ဒိယကုမ္ပဏီများဖြစ်သည့် Bharat Electronics နှင့် Hindustan Aeronautics ကုမ္ပဏီတို့သည် စစ်တပ်အတွက် စစ်လက်နက်နှင့် စက်ပစ္စည်းကိရိယာများ ထောက်ပံ့ထားသည်။ 📡 စောင့်ကြည့်ထောက်လှမ်းရေး - ဂျပန်ကုမ္ပဏီများဖြစ်သည့် KDDI နှင့် Sumitomo တို့သည် စစ်အုပ်စုထိန်းချုပ်ထားသည့် MPT နှင့် မိတ်ဖက်အဖြစ် စီးပွားဖော်ဆောင်ခဲ့ကြပြီး၊ စစ်အုပ်စုသည် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများကို ခြေရာခံရန်၊ ဖမ်းဆီးရန်နှင့် ပစ်မှတ်ထားရန်တို့အတွက် ယင်းကုမ္ပဏီများ၏ အချက်အလက်စင်တာများတွင် တရုတ်နိုင်ငံထုတ် “အင်တာနက်ပိတ်ဆို့ရေးမဟာရံစနစ်” ဈေးကွက်ဗားရှင်းကို တပ်ဆင်ထားသည်။ ⛽️ ရေနံနှင့် သဘာဝဓါတ်ငွေ့ ဝင်ငွေများ - ထိုင်းကုမ္ပဏီများဖြစ်သည့် PTT နှင့် PTTEP၊ အိန္ဒိယကုမ္ပဏီ GAIL တို့သည် စစ်အုပ်စုနှင့် လုပ်ဆောင်လျက်ရှိသည့် ကမ်းလွန်သဘာဝဓါတ်ငွေ့စီမံကိန်းများတွင် အစိတ်အပိုင်းအဖြစ် ပါဝင်နေသည်။ ယင်းစီမံကိန်းများသည် စစ်အုပ်စုအတွက် အဓိကဘဏ္ဍာရေးအသက်သွေးကြောဖြစ်ပြီး၊ စစ်အုပ်စု၏ အကြမ်းဖက်စစ်ဆင်ရေးကိုလည်း ငွေကြေးထောက်ပံ့နေသည်။ ယင်းကုမ္ပဏီများသည် စစ်တပ်က အပြစ်ပေးအရေးယူခံရခြင်းကင်းစွာ ကျူးလွန်နေသော နိုင်ငံတကာရာဇဝတ်မှုများအား အားပေးကူညီနေသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည်။ AP ရံပုံငွေအဖွဲ့များအနေဖြင့် မိမိတို့ ရင်းနှီးမြှပ်နှံထားသော ကုမ္ပဏီများအား စစ်အုပ်စုနှင့် ဆက်နွှယ်မှုများ ဖြတ်တောက်ရန်အတွက် ၄င်းတို့၏ ဩဇာအရှိန်အဝါအသုံးပြုရန်၊ ယင်းကုမ္ပဏီများက လိုက်နာမှုမရှိပါက ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ကြံရာပါပတ်သက်မှုကို ရှောင်ရှားရန်အတွက် ရင်းနှီးမြှပ်နှံမှုများ ရုတ်သိမ်းရန် ကျွန်ုပ်တို့တောင်းဆိုပါသည်။ ဆွီဒင်ဘာသာဖြင့် ယခုနေရာတွင် ဖတ်ရှုပါ။ 👉🏼 https://buff.ly/98Fz5wF