Ei Thinzar Maung
СтатистикаဤTelegram Channelသည် ကျမ နှင့်ပြည်သူလူထုအကြား သတင်းများစဥ်ဆက်မပြတ်မျှဝေနိုင်ရေး အတွက်ဖြစ်ပါသည်။
- Последний пост
- 7 янв. 2023 г.
- Последнее чтение
- 14 авг.
- Постов за неделю
- 0
- Всего постов
- 20
- Тип
- открытый
- Язык
- my
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ ပန်ကြားလွှာ (၅ ဇန်နဝါရီ ၂၀၂၃) အကြမ်းဖက် စစ်ကောင်စီမှ ၎င်းတို့ ပြင်ဆင်စိုင်းပြင်းနေသော အတုအယောင် ရွေးကောက်ပွဲအတွက် နိုင်ငံအတွင်းရှိ လူဦးစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးရန်ဟု ခေါင်းစဥ်တပ်၍ အကြိုမဲစာရင်းများကောက်ယူရန် ခြေလှမ်းပြင်လာခဲ့ပြီး သတ်မှတ်ကာလမှာ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ (၂၃) ရက်တာ ဖြစ်ပါသည်။ အဆိုပါ ကိစ္စရပ်နှင့် စပ်လျဥ်း၍ တော်လှန်ရေး အင်အားစုများမှ ပြည်သူလူထုတစ်ရပ်လုံးသို့ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန်၊ ခြိမ်းခြောက်မှုများရှိပါက မှတ်တမ်းတင်ထား၍ သတင်းပေးပို့တိုင်ကြားရန်၊ မိမိတိုပတ်ဝန်းကျင်တွင် လူဦးရေစာရင်းကောက်ယူမှုအခြေအနေများကို Telegram Scout channel များသို့ဖြစ်စေ၊ သတင်းမီဒီယာများနှင့် သပိတ်အင်အားစုများ၏ လူမှုကွန်ရက် (Facebook) စာမျက်နှာများသို ဖြစ်စေ အချိန်နှင့် တပြေးညီ သတင်းပေးပိုကြပါရန်၊ အခြေအနေ အရပ်အရပ်ကြောင့် လူဦးရေစာရင်းပေးရပါကလည်း သတင်းအချက်အလက် အမှားများသာ ပေးကြရန် စသည်ဖြင့် ပန်ကြားနှိုးဆော်တိုက်တွန်းထားသည်။ သတင်းပေးပို့တိုင်ကြားရန်: ၁) PVTV Myanmar https://t.me/pvtvmyanmar ၂) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ https://www.facebook.com/mohaimyanmar/?mibextid=ZbWKwL ၃) တရားရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ https://www.facebook.com/MoJNUG?mibextid=ZbWKwL
без подписи
без подписи
ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ် ပြည်သူအားနဲ့ အမြစ်ဖြတ် ========================== လေကြောင်းစစ်ဆင်ရေးဖြစ်တဲ့ ရဟတ်ယာဥ်နဲ့ တိုက်ခိုက်မှုတွေအပြင် မြေပြင်ကြည်းတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် ( ၁၃) ဦးသေဆုံးခဲ့ရပြီး ကျောင်းသားနှင့် ဆရာ၊ဆရာမ အယောက် (၂၀ ) ကျော်ကိုပါ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ဖြစ်ရပ်ဟာ အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင် စစ်အုပ်စုရဲ့ လူမဆန်တဲ့ စစ်ရာဇာဝတ်မှု နောက်တစ်မှုဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုအား ဖုံးကွယ်ရန် ကြိုးစားကာ မျက်မြင်သက်သေများဖြစ်သော ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့ အပြစ်မဲ့ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကလေးငယ် အယောက်(၂၀)၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကိုလည်း စိုးရိမ်ရပါသည်။ စစ်အာဏာစသိမ်းကတည်းက ကလေးရော၊ လူကြီးပါ ရက်ရက်စက်စက်သတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်နေခဲ့ပေမယ့် ယခုတခေါက် ဖြစ်ရပ်ကတော့ စာသင်ကျောင်းထဲမှာ၊ စာသင်နေတဲ့ ကလေးတွေမှန်း သိသိကြီးနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကွန်ဗင်းရှင်းများအရလည်း စစ်ပွဲတွေမှာတောင် ဆေးရုံ၊ စာသင်ကျောင်းများနှင့် ကလေးသူငယ်များကို အကြမ်းဖက်လို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်းကြီး ပါဝင်ပေမယ့် ဖက်ဆစ်စစ်တပ်ကတော့ လက်ရဲဇက်ရဲနဲ့ကို ကျူးလွန်ခဲ့ပါတယ်။ စာသင်ကြားနေချိန် လက်နက်ကြီးပေါင်းမြောက်များစွာနဲ့ ပစ်သတ်ခံရတဲ့ ကလေးသူငယ်များအတွက်၊ ကိုယ့်ကလေးရဲ့ အလောင်းပါပြန်မရတဲ့ မိဘများအတွက်၊ ဖမ်းဆီးခံရတဲ့ ကျောင်သားနှင့် ဆရာများအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်လို့ တရားမျှတမှု ပြန်ရှာပေးရင်တောင် မလုံလောက်နိုင်ပါဘူး။ ထိုသူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပြည်သူထုတရပ်လုံးက အသံထုတ်ပေးဖို့ လိုပါတယ်။ စိတ်အေးလက်အေး မနေဖို့ လိုပါတယ်။ ဖက်ဆစ်တပ်ဆီမှာ ဘယ်ဒေသမှာမလို့ ဘယ်သူမလို့ အေးချမ်းတယ်လို့ ခံစားနေရင် အကြီးအကျယ်မှားနေပါပြီ။ တနိုင်ငံလုံးမှာရှိတဲ့ အသက်အန္တရာယ်နဲ့ လုံခြုံမှုကို မည်သူမှ အာမခံမပေးနိုင်ပါဘူး။ ဒီနေ့မဟုတ်လည်း တနေ့ ဖက်ဆစ်တပ် အမြင်မကြည်တဲ့နေ့မှာ အခုအသက်ဆုံးရတဲ့ လူတွေရဲ့ နေရာမှာ ခင်များတို့ ကျွန်တော်တို့ မည်သူမဆို ရောက်လာမှာပါ။ အပြစ်မဲ့ကလေးငယ်များအတွက်၊ ကျဆုံးထိခိုက်ခဲ့ရသူများအတွက် တရားမျှတမှုပြန်ရှာဖွေနိုင်ဖို့နဲ့ ရှင်သန်ကျန်ရစ်နေသူများရဲ့ လွတ်မြောက်မှု၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ပြည်သူတရပ်လုံး အဆုံးစွန်သော ရုန်းကြွတော်လှန်ခြင်းနဲ့ပဲ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြရပါမယ်။ ကလေးသူငယ်တွေကို တန်ဖိုးထား၊ ချစ်တတ်တဲ့ လူအဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းက ဒီဖြစ်ရပ်အတွက် မျက်နှာမလွှဲဘဲ ဝမ်းနည်းခြင်းနဲ့ ကိုယ်ချင်းစာတရားကိုပြသဖို့လိုပါတယ်။ ကျူးလွန်ခဲ့သူတွေကို ထုတ်ဖော်ရှုံ့ချဖို့ လိုပါတယ်။ ဒါကြောင့် အရပ်ရပ်သော ကမ္ဘာ့နိုင်ငံများမှ ပြည်သူများ၊ အစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း တရားမျှတမှုအတွက် မြန်မာပြည်သူများနှင့်အတူရပ်တည်ပေးကြဖို့နှင့် စစ်ကောင်စီ၏ လူမဆန်စွာ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ လက်ယက်ကုန်း ပြည်သူများနှင့်အတူ ရပ်တည်ကြ..။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြ။ #လက်ယက်ကုန်း #SaveMyanmar #No_Justification_For_KillingChildren #FacistMilitaryis_Killing_evenourChildren #Where_is_Justice4MyanmarPeople ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။ အရေးတော်ပုံ အောင်ရမည်။
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
At the same time, it is clearly known that the interim National Unity Government ("NUG") was formed due to the need of the revolution and is the legitimate government recognised by the Myanmar people. The people of Myanmar has also recognised the National Unity Consultative Council ("NUCC") and the Committee Representing Pyidaungsu Hluttaw ("CRPH") along with NUG as the people representative and revolutionary fronts. Therefore, the United Nations as well as each of the international community are hereby deeply requested to recognise the people's government NUG as the legitimate government of Myanmar, and to retain U Kyaw Moe Tun who stands by the will of the Myanmar people and led by NUG, as Myanmar ambassador. Moreover, the world is also requested to not just watching but to take action against the war criminals Myanmar military regime. As a consequence of that the existence of the UN whose duty is to maintain and defend world peace, security and justice will definitely be consequential and effectual existence for the world. To the people of Myanmar, Now is the time to take part in the Credential Challenge Campaign for NUG and for the UN ambassador U Kyaw Moe Tun. People's movements and actions will be required in both online and on-ground activities. The support of the people is largely required. Let's be united to fight! Let's uproot the fascist military! Military dictatorship shall fall! Federal Democratic Union shall be built ! Our Revolution Must Prevail! #AcceptNUG #AcceptOurAmbassador #RejectDictator #CredentialChallenge #SaveMyanmar #AcceptNUGRejectMilitary #UNproveyourexistence4justice #Ukyawmoetunisourambassador
Accept NUG and Our Ambassador, Reject Dictator ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ အခု စက်တင်ဘာလထဲမှာ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ နှစ်စဉ်အထွေထွေညီလာခံ စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း ကမ္ဘာ့ကုလသမဂ္ဂမှာ ဖက်ဆစ်အကြမ်းဖက် စစ်အုပ်စုကို လုံးဝ လက်မခံရေး၊ ပြည်သူ့အစိုးရ NUG နဲ့ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Challenge Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အဓိက တာဝန်တွေက ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တရားမျှတမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်တယ်လို့ နားလည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဖက်ဆစ်အကြမ်းဖက်စစ်အုပ်စုရဲ့ လက်နက်အားကိုး အဓမ္မ အာဏာလုယူမှုကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တို့ဟာ အချိန်နဲ့အမျှ အကြမ်းဖက်ခံနေရတယ်၊ သတ်ဖြတ်ခံနေရ၊ ဖျက်ဆီးခံနေရပါတယ်။ ဒီ အာဏာလု ဖက်ဆစ်အုပ်စုဟာ စစ်ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်နေတဲ့ စစ်ရာဇဝတ်ကောင်တွေ ဖြစ်ကြတယ်။ ပြည်သူတရပ်လုံးက အကြမ်းဖက်စစ်အုပ်စုကို လုံးဝ လက်မခံကြဘူးဆိုတာကို အကြမ်းဖက်ဖိနှိပ်မှုတွေကြားကနေ အချိန်တနှစ်ခွဲကြာမြင့်သည်အထိ ပုံစံမျိုးစုံနဲ့ ဆင်နွှဲနေကြတဲ့ ပြည်သူ့တော်လှန်ရေးကြီးက အကောင်းဆုံး သက်သေတည်လျက် ရှိပါတယ်။ တချိန်တည်းမှာပဲ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ တော်လှန်ရေးရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာပြီး ပြည်သူတရပ်လုံးက ထောက်ခံကြတဲ့ ပြည်သူ့တရားဝင် အစိုးရ ဖြစ်တယ်ဆိုတာက ထင်ရှားပေါ်လွင်ပြီး ဖြစ်ပါတယ်။ NUG နဲ့အတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ဟာလဲ ပြည်သူ့ကိုယ်စားပြု၊ တော်လှန်ရေးတပ်ဦး အဖွဲ့အစည်းတွေအဖြစ် ပြည်သူလူထုတရပ်လုံးကက တလေးတနက် သတ်မှတ်လက်ခံထားကြပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့သာမက ကမ္ဘာ့နိုင်ငံတနိုင်ငံချင်းစီကလည်း ပြည်သူ့ အစိုးရဖြစ်တဲ့ NUG အစိုးရကိုသာ မြန်မာ့တရားဝင် အစိုးရအဖြစ် လက်ခံပေးဖို့၊ ပြည်သူ့သဘောဆန္ဒနဲ့အညီ ရပ်တည်ပြီး NUG ရဲ့ ဦးဆောင်မှုနဲ့ချီတက်နေတဲ့ ဦးကျော်မိုးထွန်းကိုသာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဆက်လက် အသိအမှတ်ပြုပေးဖို့ မြန်မာပြည်သူတရပ်လုံးက အလေးအနက် တောင်းဆိုအပ်ပါတယ်။ ဒါ့အပြင်၊ စစ်ရာဇဝတ်ကောင်တွေဖြစ်ကြတဲ့ ဖက်ဆစ် အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုကို ကမ္ဘာကြီးက လက်ပိုက်ကြည့်မနေဘဲ ထိုက်သင့်သလို ပြစ်ဒဏ်စီရင်၊ တုန့်ပြန်ကြဖို့လည်း တောင်းဆိုအပ်ပါတယ်။ ဒါမှသာလျှင် အမှန်တရား၊ တရားမျှတမှုနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို အမှန်တကယ် လိုလား၊ ထိန်းသိမ်း၊ ကာကွယ်လိုပါတယ်ဆိုတဲ့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး တည်ရှိစုဖွဲ့ရခြင်းဟာ အဓိပ္ပာယ်ရှိတဲ့ တည်ရှိခြင်း၊ အကျိုးရှိတဲ့ တည်ရှိခြင်း ဖြစ်ပါလိမ့်မယ်။ ပြည်သူအပေါင်းတို့ခင်ဗျား- ပြည်သူ့အစိုးရ NUG အတွက်၊ ကုလ သံအမတ်ကြီး ဦးကျော်မိုးထွန်းအတွက် တရားဝင်မှုအရေးတိုက်ပွဲ (Credential Challenge Campaign) ကို ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်း၊ ဆင်နွှဲကြဖို့ အချိန်ကျရောက်လာပါပြီ။ ဒီအတွက် မြေပြင်ကော၊ အွန်လိုင်းမှာပါ (Online, On-ground) လူထုတိုက်ပွဲ၊ လူထု လှုပ်ရှားမှုတွေ အများကြီးဆင်နွှဲကြဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပြည်သူ့အားကို အများကြီး လိုအပ်ပါတယ်။ အားလုံးအတူတကွ ဝိုင်းဝန်း တိုက်ပွဲဝင်ကြပါစို့။ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။ အာဏာရှင်စနစ်ဟူသမျှ မုချ ကျဆုံးရမည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။ အရေးတော်ပုံ အောင်ရမည်။ Accept NUG and Our Ambassador, Reject Dictator The annual UN General Assembly is going to be held in this month September. This year is also the time for the people of Myanmar to actively participate in the absolute denial of the fascist terroist military regime and in the Credential Challenge Campaign of the people's government NUG and the UN ambassador U Kyaw Moe Tun, at the Assembly. It is understood that the main duty of the UN is to maintain international peace and security and to promote justice. Nowadays, the people of Myanmar has been terrorised and are facing severe violence at any moment due to the illegal seizure of power by the fascist military regime in Myanmar. Such fascist military regime is the war criminal who are committing war crimes against humanity. The people's revolution which has been taking place for eighteen months under the violent suppression is the best proof that the Myanmar people never accepts the Military regime.
လက်မှတ်ထိုးဖို့ မပြောခင် ပြည်သူ့အောင်ပွဲ နောက်တစ်ခုအကြောင်း အရင်ပြောပါရစေ။ ဒီတော်လှန်ရေးမှာ ကိုယ့်ဘက်အတွက်ပဲ ငွေရှာနေရုံနဲ့ မပြီးပါဘူး။ စစ်တပ်ဆီ စီးဝင်မဲ့ နိုင်ငံခြားငွေတွေကို ပိတ်ဆို့နိုင်ဖို့ဟာလည်း အရေးကြီးပါတယ်။ မဟုတ်ရင် သမင်မွေးရင်း ကျားစားရင်း၊ အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမှာပါ။ ဒီအတွက် စစ်တပ်လုပ်ငန်းတွေကို သပိတ်မှောက်ထားကြသလို၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကနေ ရမဲ့ နိုင်ငံခြားငွေတွေ စစ်တပ်ဆီ ရောက်မသွားဖို့ကိုလည်း တောက်လျှောက် ကြိုးစားခဲ့ကြပါတယ်။ ရလဒ်အနေနဲ့ ဒီနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ EU ကနေ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှု ( ) လုပ်ခဲ့ပါတယ်။ ဒါကြောင့် အခု ရွှေစီမံကိန်းကနေ ရမဲ့ နိုင်ငံခြားငွေတွေ သူတို့ဆီ မရောက်တော့ဘူးလို့ သိရပါတယ်။ ဒီစီမံကိန်းမှာ ၅၁ % ရာခိုင်နှုန်း ရှယ်ယာပိုင်ဆိုင်ထားတဲ့ အော်ပရေတာ POSCO ကုမ္ပဏီက MOGE ဆီ ငွေပေးချေမှု လုပ်လို့မရတော့ဘဲ မြန်မာလူထု တောင်းဆိုခဲ့သလို အက်စ်ခရိုး (သီးခြား) အကောင့်ထဲမှာ သိမ်းထားရပါပြီ။ ဒါကို POSCO International ရဲ့ ပြောရေးဆိုခွင့်ရှိသူက အတည်ပြု ဖြေကြားခဲ့ပါတယ်။ ပြောရရင် ဒါဟာ စီမံကိန်းတစ်ခုစာအတွက်ပဲ ရှိသေးတာမို့ ကျန် ၃ ခုက ငွေတွေလည်း စစ်တပ်ဆီ ရောက်မသွားဖို့ ကျနော်တို့ ဆက်တွန်းကြရပါလိမ့်မယ်။ ဒီလှုပ်ရှားမှုဟာ တော်လှန်ရေးအတွက် အင်မတန် အရေးကြီးတဲ့ ကိစ္စ Game Changer ပါ။ တကယ်လို့ ပြည်သူအများ တောင်းဆိုတဲ့အတိုင်း အမေရိကန်ကသာ MOGE ကို ဒဏ်ခတ်ပိတ်ဆို့မှု တကယ်ချမှတ်လိုက်မယ်ဆိုရင် ရတနာ၊ ရဲတံခွန်၊ ဇောတိက စီမံကိန်း ၃ခုလုံးက ဝင်ငွေတွေဟာလည်း ရပ်တန့်သွားမှာမို့တော်လှန်ရေးအတွက် တကယ့်အကြီးစား အလှည့်အပြောင်း ဖြစ်စေမှာပါ။ အကြမ်းဖက်စစ်တပ် ကျရှုံးရေး၊ ပြည်သူကို ပြန်သတ်ဖို့ လက်နက်တွေ ထပ်မဝယ်နိုင်ရေးအတွက် သူတို့ရဲ့ ငွေကြေးလမ်းကြောင်းကို ဖြတ်တောက်ရပါမယ်။ ဒါကြောင့် အောက်က Petition လေးမှာ ပါဝင်လက်မှတ်ထိုးပေးပါ။ ၂ သိန်းခွဲလောက် လိုပါတယ်။ Petition link: https://actionnetwork.org/petitions/president-biden-stop-oil-companies-from-bankrolling-the-myanmar-military?fbclid=IwAR3pY15k0-EBnNmM_6AWs7EzUrhgiZB22AbP75R6jjfxBN4NDC8Hi4fQ_Zo ပြည်သူတွေရဲ့ လက်မှတ်ပေါင်း ၂ သိန်းခွဲနဲ့အတူ၊ အမေရိကန်အစိုးရနဲ့ နိုင်ငံတကာက အမေရိကန်သံရုံး၊ သံအမတ်တွေကို ဆက်လက်ဖိအားပေး တောင်းဆိုဖို့ တစ်ဦးတစ်ယောက်ချင်းစီကနေ အင်တိုက်အားတိုက် ပါဝင်လိုက်ရအောင်ပါခင်ဗျာ။ #NoStatements_NeedActions #US_SanctionMOGE #TakeAction_NoMoreWords #FreezePaymentsToJunta #KeepInEscrowAccount #BloodMoneyCampaignMM
без подписи
без подписи
без подписи
Facebook link : https://www.facebook.com/101804595415892/posts/pfbid0a5VY6xPMH6hbjnDpV8gmRhJrM2oqnPx8vLCKj8NHaJLzWnqRyuvzpRLAMQWC5KrWl/
၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ အဖြစ် "လူငယ်နှင့် တော်လှန်ရေးခွန်အား" ဟူသော ခေါင်းစဉ်ဖြင့် ဖိတ်ခေါ်ပြုလုပ်သွားမည်ဖြစ်သည်။ စာစီစာကုံးပြိုင်ပွဲနှင့် ပက်သက်ပြီး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ စာစီစာကုံးပြိုင်ပွဲဝင်မည့်သူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။ အသက်အရွယ်ကန့်သတ်ထားခြင်း မရှိပါ။ စာစီစာကုံးအား မြန်မာဘာသာစကားဖြင့် ရေးသားရမည်။ နိဒါန်း တစ်ပိုဒ် စာကိုယ် သုံးပိုဒ် နိဂုံးတစ်ပိုဒ် စုစုပေါင်း စာပိုဒ် ၅ ပိုဒ်ရှိရမည်။ စာစီစာကုံး တစ်ပုဒ်လုံး စာလုံးရေ ၅၀၀ ထက်မနည်း ၇၀၀ ထက် မများရပါ။ ပြိုင်ပွဲဝင် စာစီစာကုံးများအား လက်ရေးမူအား ဓာတ်ပုံရိုက်၍ သော်လည်းကောင်း၊ Microsoft wordfile ဖြင့်သော်လည်းကောင်း၊ pdf file ဖြင့်သော်လည်းကောင်း ရေးသားပေးပို့နိုင်သည်။ (အခြားသော နည်းလမ်းများ ဥပမာ - google drive link ဖြင့်ပေးပို့ခြင်း၊ zip file ဖြင့်ပေးပို့ခြင်း တို့အား လက်ခံစဉ်းစားမည်မဟုတ်ပါ။) ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ ပြိုင်ပွဲဝင်မည့် စာစီစာကုံးများအား https://forms.gle/3HZbFbCzXmum9u4dA သို့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၇) ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၁၈:၀၀ ထက် နောက်မကျပဲ ပေးပို့ရမည်ဖြစ်သည်။ အထက်ဖော်ပြပါစည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီသော ပြိုင်ပွဲဝင်များ၏ လက်ရာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ စာစီစာကုံး ပြိုင်ပွဲ ဆုကြေးများအနေဖြင့် ပထမဆု - NUG Bond 300$ ဒုတိယဆု - NUG Bond 200$ တတိယဆု - EOD (မအလအိမ်) အစုရှယ်ယာတစ်စု ဆုရရှိသူများအား ပေးပို့ထားသော email မှတဆင့် ပြန်လည် ဆက်သွယ်သွားမည်ဖြစ်သည်။ #MOWYCA #OCTOPUS #ရေဘဝဲ