tgindex
Cape Diamond

Award-winning journalist and video producer based in Myanmar. Focusing on human rights and current affairs in the region. IG - cape_diamond

Последний пост
3 авг.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
21
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
3 044
−2 за 4 дн.
Сутки
−1
−0,03%
Неделя
 
Месяц
 
Просмотров на пост
3 701
21 постов
Вовлечённость
121,6%
к подписчикам
Постов в день
0,0
всего 21
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
473
1/48двое суток
542
1/72трое суток
584

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • #UPDATE: ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ICRC တွေ့ဆုံမှုအား နီးစပ်သူများမှ အတည်ပြု၊ တွေ့ဆုံမှုပုံများအားလည်း အတည်ပြုနိုင်။ NLD အစိုးရဝန်ကြီးဖြစ်သူ ဦးကျော်တင့်ဆွေ ယခင်က နေထိုင်ခဲ့သော အိမ်ဖြစ်ကြောင်းလည်း သိရှိရ။ #UPDATE: Sources close to the matter have confirmed today's meeting between Daw Aung San Suu Kyi and the ICRC, as well as the authenticity of the photos released from the meeting. It was also learned that the location was the former residence of U Kyaw Tint Swe, a minister in the NLD government. t.me/cape_diamond #WhatsHappeningInMyanmar #Myanmar #AungSanSuuKyi

  • 23 июн.1 37021

    Facebook နဲ့ Instagram တွေလက်ရှိဝင်မရတဲ့ပြဿနာ ဖြစ်နေပါတယ်။ 🚨 Users are reporting problems with Facebook and Instagram down. #facebookdown #instagramdown t.me/cape_diamond

  • 12 июн.1 69958

    #update ခုပြန်ရ - ကမ္ဘာတဝှမ်း ဖေ့စ်ဘွတ်ခ် ပြတ်တောက် ဖေ့စ်ဘွတ်ခ် (Facebook) ဟာ ခုချိန်မှာ ကြီးမားတဲ့ စနစ်ပြတ်တောက်မှု (Outage) တစ်ခု ဖြစ်ပွါးခဲ့တယ်လို့ ယူဆရကာ ဝန်ဆောင်မှုများ ပြတ်တောက်သွားခဲ့ပါတယ်။ အဆိုပါ ပြဿနာကြောင့် ဖေ့စ်ဘွတ်ခ်၏ ပင်မအက်ပလီကေးရှင်းနှင့် ဝက်ဘ်ဆိုက်တို့သာမက Facebook Messenger ပါ အသုံးပြု၍မရဘဲ ကျသွားခဲ့ကြောင်း အသုံးပြုသူများက ဆိုပါတယ်။ Meta ရဲ့အခြား app တွေဖြစ်တဲ့ Instagram နှင့် WhatsApp တို့မှာမူ အဓိကအားဖြင့် ပုံမှန်အတိုင်း အသုံးပြုလို့ရနေသေးတယ်လို့ ဆိုပါတယ်။ အကောင့်ထဲမှ အလိုအလျောက် ထွက်သွားခဲ့ပြီး (Logged out ဖြစ်သွားပြီး) ပြန်လည်ဝင်ရောက်၍ မရတော့ကြောင်း တွေ့ရှိခဲ့ရတယ်လို့ အသုံးပြုသူများက ဆိုကြပါတယ်။ t.me/cape_diamond

  • 14 мар.2 756144

    [Eng below] အရင်တုန်းကဆိုရင် မြန်မာပြည်ကနေ အိမ်နီးချင်းနိုင်ငံတွေကို သွားကြတဲ့သူတွေဟာ အပြန်မှာ ဇိမ်ခံပစ္စည်းတွေ၊ တန်ဖိုးကြီး အသုံးအဆောင်တွေနဲ့ ခရီးဆောင်အိတ်တွေကို အပြည့်အသိပ် ထည့်လာလေ့ရှိကြပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ အဲဒီအိတ်ထဲက ပစ္စည်းတွေဟာ လုံးဝကို ပြောင်းလဲသွားပါပြီ။ ⚫️ ဇိမ်ခံပစ္စည်းမှသည် အသက်ဆက်ဖို့ ပစ္စည်းများဆီသို့ - အခုအခါမှာတော့ ခရီးသွားတွေဟာ ဇိမ်ခံပစ္စည်းတွေအစား အခြေခံကိုယ်ရေသန့်ရှင်းမှုသုံး ပစ္စည်းတွေနဲ့ အသက်ကယ်ဆေးဝါးတွေကိုပဲ အိတ်အပြည့် သယ်လာနေကြရပါတယ်။ ပြည်တွင်းမှာ ကျန်ခဲ့သူတွေကလည်း အပြင်သွားမယ့်သူရှိရင် ဝယ်မရတော့တဲ့ အခြေခံလိုအပ်ချက်တွေကိုပဲ သယ်လာဖို့ မှာနေကြရတာပါ။ ⚫️ အပေါ်ယံမြင်ကွင်းနဲ့ မြေပြင်အခြေအနေ - ရန်ကုန်က စူပါမားကတ် စင်တွေပေါ်မှာ ပြည်တွင်းဖြစ်ပစ္စည်းတွေနဲ့ စီရီပြည့်နှက်နေအောင် ခင်းကျင်းထားတာကြောင့် ပစ္စည်းတွေ ပေါများနေသလို ထင်ရပေမဲ့ ဒါဟာ "အပေါ်ယံပုံရိပ်" သက်သက်သာ ဖြစ်ပါတယ်။ သွင်းကုန်ပါမစ် ကန့်သတ်ချက်တွေကြောင့် ပြည်ပကုန်စည်တွေ ရှားပါးလာသလို၊ ပြည်တွင်းထုတ်လုပ်သူတွေပါ အခက်တွေ့နေရပါတယ်။ စက်ရုံတွေ ဆက်လည်ပတ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေကို တင်သွင်းလို့ မရတော့တာကြောင့် ပြည်တွင်းလုပ်ငန်းရှင်တွေပါ အကျပ်အတည်း ဆိုက်နေရပြီ ဖြစ်ပါတယ်။ ဒီအခြေအနေဟာ မြန်မာ့လူမှုစီးပွားနယ်ပယ်မှာ ကုန်စည်ရှားပါးမှုနဲ့ ကုန်ထုတ်လုပ်မှု ယိုင်နဲ့လာနေတာကို ပြသနေတဲ့ လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ကောမန့်မှာလင့်ခ် ချပေးထားပါတယ်။ #NEW: In the past, a trip from #Myanmar to a neighbouring country ended with suitcases full of luxury items and high-end accessories. Today, the contents of those bags look very different. Now, it’s about survival. Travellers are filling their luggage with basic personal care products and life-saving medicines. Those staying behind are pleading with anyone traveling abroad to bring back the essentials they can no longer find at home. The regime's tightening grip on import licenses has created a "veneer of abundance" in Yangon’s supermarkets—shelves are meticulously packed with domestic brands. But behind the scenes, even local producers are reaching a breaking point because they can’t import the raw materials needed to keep their factories running. For my latest for Nikkei Asia, I spent months on the ground speaking with small-scale traders, major wholesalers, and frustrated consumers to document this deepening economic blockade. Link 🔗- Myanmar's full store shelves hide crisis for importers https://asia.nikkei.com/spotlight/myanmar-crisis/myanmar-s-full-store-shelves-hide-crisis-for-importers #WhatsHappeningInMyanmar

  • အိန္ဒိယလေယာဉ်ပျက်ကျမှု- နောက်ဆုံးရသတင်း (ဇွန်လ ၁၂ ရက်၊ ၂၀၂၅) ယနေ့ ဇွန်လ ၁၂ ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အာမက်ဒါဘတ်မြို့မှ လန်ဒန်သို့ ပျံသန်းမည့် Air India လေကြောင်းလိုင်းပိုင် Boeing 787-8 Dreamliner အမျိုးအစား ခရီးသည်တင်လေယာဉ် တစ်စင်းသည် ပျံတက်ပြီး မကြာမီ လေဆိပ်အနီးရှိ လူနေရပ်ကွက်ပေါ်သို့ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ ခရီးသည် ၂၃၀ ဦးနှင့် အမှုထမ်း ၁၂ ဦး စုစုပေါင်း ၂၄၂ ဦးလုံး သေဆုံးဖွယ်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ Al Jazeera နှင့် BBC သတင်းဌာနများ၏ ဖော်ပြချက်အရ လေယာဉ်ပျက်ကျသည့်နေရာမှ ရုပ်အလောင်း ၂၀၄ ခုကို ပြန်လည်ဆယ်ယူရရှိထားပြီဖြစ်ပြီး၊ မြေပြင်မှ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးပေ။ လေယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ရာသီဥတုမှာ ကောင်းမွန်ခဲ့ကြောင်း သိရသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကာ ဗြိတိန်နှင့် အမေရိကန်တို့ကလည်း အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း ကမ်းလှမ်းထားသည်။ #AirIndia #IndiaNews #India https://www.facebook.com/share/p/1C3fBxF1AE/?mibextid=wwXIfr

  • #UPDATE တောင်ကိုရီးယားလေယာဉ်ထိခိုက်မှုတွင် လေယာဉ်ပေါ်ရှိ လူ ၁၈၁ ဦးတွင် ၂ ဦးသာ အသက်ရှင်နိုင်ပြီး၊ ၁၇၉ ဦး သေဆုံးပြီဟု မှတ်ယူနိုင်ကြောင်း မီးသတ်ဌာနရဲ့ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား Yonhap သတင်းအေဂျင်စီက တင်ဆက်ရေးသားလိုက်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှ ထွက်ခွါလာတဲ့ Jeju လေကြောင်းလိုင်းရဲ့ခရီးစဉ်အမှတ် 7C2216 ဟာ တောင်ကိုရီးယားနိုင်ငံ Muan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် မနက် ၉:၀၇ တွင် ဆိုက်ရောက်အပြီး၊ ပြေးလမ်းပေါ်တွင် အရှိန်မထိန်းနိုင်ကာ ခြံစည်းရိုးအားတိုက်မိ၍ ပေါက်ကွဲမှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။ t.me/cape_diamond

  • #BREAKING: ဆီးရီးယားမှာ အာဏာရှင်အာဆတ်ပြုတ်ကျပြီလို့ ကြေညာပြီးနောက်မှာပဲ၊ ဆီးရီးယားနိုင်ငံတောင်ပိုင်း Quneitra မြို့ကို အစ္စရေးလ်တပ်တွေက တင့်ကားတွေနဲ့ ဝင်ရောက်သိမ်းပိုက်နေပြီလို့ သတင်းတွေ ထွက်လာနေပါတယ်။ အနောက်အုပ်စုကကျားကန်ထောက်ပံ့ပေးထားတဲ့ ဆီးရီးယားအတိုက်အခံအုပ်စုရဲ့ခေါင်းဆောင်ဖြစ်သူကလည်း အစ္စရေးလ်ရုပ်သံ Channel 11 မှာ အစ္စရေးလ်နဲ့အတူ ငြိမ်းချမ်းစွာနေလိုကြောင်း ပြောဆိုထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်ခုလိုမျိုး အစ္စရေးလ်ရဲ့ကျူးကျော်မှုဟာ ငြိမ်းချမ်းစွာယှဉ်တွဲနေလိုမှုရဲ့ပြယုဂ်တော့ မဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။ t.me/cape_diamond

  • #Syria နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်အုပ်ချုပ်ရေးမှ လွတ်မြောက်ပြီဟု အတိုက်အခံတပ်ဖွဲ့များက ကြေညာ။ “ခေတ်သစ်” တစ်ခုရောက်ရှိပြီဟု ဆို။ ပြည်ပရောက် ဆီးရီးယားလူမျိုးများအား “လွတ်မြောက်သည့်ဆီးရီးယား” သို့ ပြန်လာရန် ဖိတ်ခေါ်။ t.me/cape_diamond

  • #BREAKING: ဆီးရီးယားနိုင်ငံရဲ့အာဏာရှင်အာဆတ်ဟာ မြို့တော်ဒမတ်စကပ်ကနေ ထွက်ခွါသွားပြီလို့ သတင်းတွေက ဆိုပါတယ်။ တဆက်တည်းမှာပဲ အတိုက်အခံတပ်ဖွဲ့တွေက ဒမတ်စကပ်ထဲကို ဝင်ရောက်လာနေပြီလို့ ကြေညာထားပါတယ်။ #Syria t.me/cape_diamond

  • 🇸🇾 ဆီးရီးယားနိုင်ငံမှလာတဲ့ မြေပြင်သတင်းတွေရဲ့အဆိုအရ အတိုက်အခံတပ်ဖွဲ့တွေဟာ အာဏာရှင်အာဆတ်ရဲ့နောက်ဆုံးအခုအခံ နန်းတော်ရှိရာ မြို့တော်ဒမတ်စကပ်ထိ ရောက်ရှိနေပြီလို့ ဆိုကြပါတယ်။ သတင်းတွေမှာတော့ အာဏာရှင်အာဆတ်အစိုးရဟာ ဒီနေ့ညတွင်းချင်းမှာတင် ပြုတ်သွားနိုင်တယ်လို့ ဆိုနေကြပါတယ်။ စောင့်ကြည့်ရပါမယ်။ ပုံမှာတော့ အာဆတ်အစိုးရကို ဘယ်သူတွေကထောက်ပံ့နေပြီး၊ ဘယ်သူတွေက အတိုက်အခံတပ်ဖွဲ့တွေကို ထောက်ပံ့နေတယ်ဆိုတာ ပြထားတာပါ။ #Syria #Damascus t.me/cape_diamond

  • ဆီးရီးယားအတိုက်အခံတပ်ဖွဲ့တွေဟာ အာဏာရှင်အာဆတ်ရဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းထောင် Sednaya Prison ကြီးကို ဖောက်ပြီး၊ အထဲကအကျဉ်းသားတွေကို လွှတ်ပေးလိုက်ပြီလို့ သတင်းတွေမှာ ရေးသားနေကြပါတယ်။ (သတင်းဌာနကြီးတွေက တင်ဆက်တာကို စောင့်ကြည့်ရပါမယ်) Sednaya Prison အကျဉ်းထောင်ဟာ အာဏာရှင်အာဆတ်ကိုဆန့်ကျင်သူတွေအတွက် လူသားသတ်ခန်း လို့လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ #Syria t.me/cape_diamond

  • မိတ်ဖက်အာဏာရှင်အာဆတ်အစိုးရ အခြေအနေမကောင်းလို့ ဆီးရီးယားကအီရန်သံရုံးကို ကယ်ထုတ်နေပြီဆိုတဲ့သတင်းတွေကို အီရန်က ပယ်ချလိုက်ပါတယ်။ လောလောဆယ် ရုရှားနဲ့ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ အာဆတ်အစိုးရ ဆီးရီးယားမှာ အခြေအနေမကောင်း ဖြစ်နေပါတယ်။ #Syria t.me/cape_diamond

  • အ​ရှေ့အလယ်ပိုင်းရဲ့အကြီးမားဆုံးအပြောင်းအလဲဲတစ်ခု ဖြစ်မလား? Syria 🇸🇾 'President Assad is being surrounded on at least three sides at the moment... his days as leader of Syria look increasingly numbered almost hour by hour' (SkyNews) BREAKING: A Syrian rebel commander is reporting that they have overrun villages around Homs t.me/cape_diamond

  • #BreakingNews - တောင်ကိုရီးယားမှာ စစ်အုပ်ချုပ်ရေးကြေညာတာကို လွှတ်တော်မှာ မဲခွဲ၊ တက်ရောက်လာသူ ၁၉၀ ဦးလုံးမှ ကြေညာချက်ကို လက်မခံကြောင်း မဲခွဲ။ #BREAKING South Korea National Assembly votes to block martial law declaration | AFP #southkorea t.me/cape_diamond

  • BREAKING NEWS: တောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ - မြောက်ကိုရီးယားကွန်မြူနစ်အုပ်စုရဲ့အန္တရာယ်ကို ကာကွယ်ရန်ဟု ဆို BREAKING: South Korean President declares martial law to combat "threats posed by North Korea's communist forces." Photo - EPA t.me/cape_diamond

  • ဆင်းကဒ်အသစ်များဝယ်ယူရာတွင် အဆိုပါဆင်းကဒ်များဖြင့် #WhatsApp, #Signal နှင့် #Telegram အကောင့်များ ဖွင့်မရအောင် ပိတ်ထားဟု သိရ။ #MYANMAR: The junta has reportedly instructed telecom providers to restrict access to new SIM cards for registering #WhatsApp, #Signal, and #Telegram, according to sources close to the matter. New SIM card users in Myanmar told me they cannot use their cards to register for texting services. #WhatsHappeningInMyanmar t.me/cape_diamond

  • #BREAKING: အီရန် - အစ္စရေးလ် အခြေအနေကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများရဲ့ လေပိုင်နက်တော်တော်များများ ပိတ်။ ကာတာလေကြောင်းလိုင်း QR 68 (ဖရန့်ဖိုဒ်မှ ဒိုဟာသို့ပျံသန်းနေတဲ့လေယာဉ်) ဟာလည်း တူရကီနိုင်ငံ အစ္စတန်ဘူရ်ဆီသို့ ပြောင်းလဲဆင်းသက်တော့မယ်လို့ လေယာဉ်ပေါ်မှာပါတဲ့ခရီးသည်တစ်ဦးက အခုပဲ ကျတော့်ကိုစာပို့ပြီး အကြောင်းကြားပါတယ်။ In a significant development, a majority of the airspace in the Middle East has been closed following the recent missile launches from Iran targeting Israel. Authorities are closely monitoring the situation as tensions escalate in the region. A passenger on board of Qatar Airways’ QR 68 departed from Frankfurt to Doha just texted me the plane is now diverting to Istanbul.

  • #iranisraelwar - အီရန်ကနေ အစ္စရေးလ်ဘက်ကို ပစ်လွှတ်လိုက်တဲ့ ဒုံးပျံတွေကို ပစ်ချဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အရှေ့အလယ်ပိုင်းအခြေစိုက်စစ်စခန်းက အမေရိကန်စစ်တပ်ကို အမိန့်ပေးလိုက်တယ်လို့ Al Jazeera သတင်းတစ်ရပ်က ဆိုပါတယ်။

  • #BreakingNews: အီရန်ဘက်မှ အစ္စရေးလ်သို့ ဒုံးပျံ ၄၀၀ ကျော်ဖြင့် ပစ်ခတ်လိုက်ကြောင်း အီရန်နိုင်ငံပိုင်သတင်းဌာနမှ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အချက်ပေးမြည်သံများ အစ္စရေးလ်ဘက်တွင် မြည်နေကြောင်းလည်း ဆိုပါတယ်။

  • без подписи