- Последний пост
- 24 февр.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 22
- Тип
- открытый
- Язык
- my
- В каталоге с
- 13 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
နိုင်ငံတကာရာဇဝတ်တရားရုံး-ICC က ဖမ်းဝရမ်းထုတ်လာပါက ဖိလစ်ပိုင် အပါအဝင် အာဆီယံနိုင်ငံများအနေဖြင့် မင်းအောင်လှိုင်ကို ဖမ်းဆီး၍ သည်ဟိတ်မြို့သို့ ပို့ဆောင်ပေးရန် SAC-M တိုက်တွန်း ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး-ICC က အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပါက ဖိလစ်ပိုင်၊ တီမော၊ မလေးရှား၊ စင်ကာပူနှင့် အင်ဒိုနီးရှားတို့အနေဖြင့် မင်းအောင်လှိုင်ကို ဖမ်းဆီး၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ ICC တရားရုံးသို့ ပို့ဆောင် ပူးပေါင်းဆောင်ရွက်ပေးကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ- SAC-Mက ယနေ့ တိုက်တွန်းသည်။ မင်းအောင်လှိုင်ကို ဖမ်း၀ရမ်းထုတ်ပြန်လာသောအခါ ဖိလစ်ပိုင် နှင့် တီမောလက်စ်တေနိုင်ငံတို့အနေဖြင့် ICC တရားရုံးနှင့် ပူးပေါင်း၍ ဖမ်းဆီးလွှဲပြောင်းပေးရန်လိုအပ်ပြီး မလေးရှား နှင့် စင်ကာပူတို့အနေဖြင့် ICC ၏တရားစီရင်ရေး လုပ်ငန်းစဉ်များအပေါ် ထောက်ခံအားပေးရန် နှင့် တရားစီရင်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ကြရန် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က တိုက်တွန်းသည်။ အာဆီယံအဖွဲ့ဝင် တီမောလက်စ်တေနိုင်ငံကဖေဖော်ဝါရီလအစောပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ကို စစ်ရာဇဝတ်မှုများအတွက် တရားစွဲဆိုရန် အစိုးရရှေ့နေတစ်ဦးကို ခန့်အပ်ခဲ့ကြောင်း၊ အဆိုပါလုပ်ဆောင်ချက်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံက အခြားအဖွဲ့ဝင်တစ်နိုင်ငံကို ပထမဆုံးအကြိမ် တရားစွဲဆိုခြင်းဖြစ်ပြီး ဒေသတွင်း တာဝန်ခံမှုရှိစေရေးအတွက် အလှည့် အပြောင်းမှတ်တိုင်တစ်ခု ဖြစ်လာကြောင်း SAC-M က ဆိုသည်။ ယခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူထားသည့် ဖိလစ်ပိုင်နိုင်ငံက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် စွပ်စွဲခံထားရသော သမ္မတဟောင်း ဒူတာတေးကို ICC တရားရုံးသို့ လွှဲပြောင်းပေးရန် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြင့် နိုင်ငံတကာ ဥပဒေအပေါ် လေးစားမှုကို ပြသခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဖိလစ်ပိုင်အနေဖြင့် မြန်မာ့အရေးတွင်လည်း အလားတူ ဦးဆောင်မှုပေးရန် SAC-M က တောင်း ဆိုထားသည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့်အပြင် ၎င်းတို့၏ ရာဇဝတ်မှုဆိုင်ရာ ဥပဒေအသစ်အရ အကြီးလေးဆုံးသော နိုင်ငံတကာရာဇဝတ်မှုများကို စီရင်ပိုင်ခွင့်ရှိနေသည့်အတွက် တက်ကြွစွာ ပါဝင်ရန် လိုအပ်ကြောင်း SAC-M က ထောက်ပြသည်။ မြန်မာစစ်တပ်က စစ်အာဏာသိမ်းထားသည့် ၅ နှစ်တာကာလအတွင်း အာဆီယံဘုံသဘောတူညီချက်များကို ချိုးဖောက်ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းနှင့် အဓမ္မ စစ်သားစုဆောင်းခြင်းများဖြင့် ဒေသတွင်း အကျပ်အတည်းကို ဖန်တီးနေကြောင်း SAC-M က ထောက်ပြသည်။ မင်းအောင်လှိုင်နှင့် ကြံရာပါများကို တရားစီရင်နိုင်ခြင်းမှာမြန်မာပြည်သူများ၏ ဒီမိုကရေစီဆန္ဒကို ဖော်ဆောင်ပေးရုံသာမက ဒေသတွင်းရှိ အာဏာမက်သော စစ်ဗိုလ်ချုပ်များအတွက်လည်း ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း SAC-M က ထုတ်ပြန် ကြေညာထားသည်။
သေချာသွားပါပီ သန္ဓေယုတ်ကောင်
လပခ ဒုတိုင်းမှူးနှင့် တပ်မ (၉၉) တပ်မမှူး အဖမ်းခံရ (Breaking News) (မဇ္ဈိမ) စစ်ကော်မရှင်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မ (၉၉) တပ်မမှူးတို့နှစ်ဦး ဖမ်းဆီးခံရကြောင်း တပ်တွင်းသတင်းရင်းမြစ်တခုအရ သိရသည်။ မန္တလေးမြို့အခြေစိုက် လပခတိုင်း၏ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်လင်းနိုင်စိုးနှင့် မိတ္ထီလာမြို့အခြေစိုက် တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးဝင်းထွန်းတိို့ကို မကြာသေးခင်က စစ်ကော်မရှင်တပ်က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။ ဗိုလ်မှူးချုပ်လင်းနိုင်စိုးကို အများပြည်သူမြင်ကွင်း၌ နောက်ဆုံးတွေ့ရသည်မှာ ဇန်နဝါရီ ၂၇ ရက်နေ့က မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင်ပြုလုပ်သော "ရှေ့တန်းပြန်" စစ်သည်များကို ကြိုဆိုသည့် အခမ်းအနားတွင်ဖြစ်သည်။ #MizzimaNews
ကောသူးလေပိုက်ဆံထွက်ပါပြီ။ တန်ဖိုးကတော့ ကောသူးလေပိုက်ဆံ 5000ကို အမေရိကန်ဒေါ်လာ 100နဲ့ ညီမျှသည်ဆိုလားပဲ။😎 #crd
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ တောကျွဲအင်းမြို့ကို PDF တွေသိမ်းပိုက် ဇန်နဝါရီ-၉၊ ၂၀၂၆ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့(ခ)အောင်မြင်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက သိမ်းပိုက်လိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၈ ရက် မနေ့ ညပိုင်း ၁၀နာရီဝန်းကျင်ကစပြီး တောကျွဲအင်းမြို့ ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFတွေက ဝင်ရောက်တိုက်ခိုက်ပြီးနောက် မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ "ရဲစခန်းရယ် ဘူတာရယ် သူတို့တပ်စွဲထားတဲ့ မြို့ပေါ်က နေရာအကုန်တိုက်ခံရတာ။ မြို့ရဲ့ နေရာအကုန်လုံးသိမ်းလိုက်တာပေါ့“လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ နေရာတွေ တိုက်ခိုက်ခံနေရချိန်နဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ ပဲနွယ်ကုန်းမြို့ ရွှေဝါကျေးရွာအခြေစိုက် အမှတ်(၃၀၇)ခြေမြန်တပ်ရင်း(ခမရ ၃၀၇)က လက်နက်ကြီးတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေကို တောက်လျှောက်ပစ်ကူပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တောကျွဲအင်းမြို့နဲ့ ခမရ ၃၀၇ တို့ဟာ နှစ်မိုင်ခန့်သာ ကွာဝေးပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် လေကြောင်းကနေလည်း လာရောက်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစလို့ ဒီနေ့မနက်ပိုင်းအထိ ရထားလမ်းနဲ့ ကားလမ်းတွေအားလုံးကို ဖြတ်သန်းသွားလာခွင့် ယာယီရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းအနောက်ခြမ်းက သာယာဝတီခရိုင်ထဲက လက်ပံတန်း၊ ကြို့ပင်ကောက်၊ မင်းလှမြို့နယ်နဲ့ နတ်တလင်းခရိုင်ထဲက နတ်တလင်းမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ PDFတွေက ဇန်နဝါရီ ၇ရက် မနက်အစောပိုင်းမှာ တပြိုင်နက် တိုက်ခိုက်ခဲ့ကြပါတယ်။
ပဲခူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၅ ဦးအရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ 1.1.2026
စိတ်မကောင်းစရာပါပဲဗျာ 💔
ရွေးကောက်ပွဲလုပ်နေချိန် ကသာမြို့ကို တော်လှန်ရေးတပ်များ ဝင်တိုက် “ကသာမြို့အထွက် ပတ္တမြားကုန်း မန္တလေး-ကသာလမ်းအထွက်၊ စေတီကုန်း၊ မိုးတားဘက်သွားတဲ့လမ်းကြောတွေမှာ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်တယ်။ ပြီးတော့ တော်လှန်ရေးတပ်တွေဘက်က ခဏနားသွားတယ်။ ဒါပေမဲ့ စစ်တပ်ဘက်က ပစ်နေတုန်းပဲ။ အခု ခမရ ၃၀၉ အနောက်ဘက် ကသာအောက်ဘက် ပြည်သာယာကြိုးတံတားဘက်မှာ တိုက်ပွဲထပ်ဖြစ်နေတယ်” တော်လှန်ရေးတပ်တွေဟာ ဒီနေ့မနက် ၃ နာရီလောက်မှာ ကသာမြို့အထွက်ဘက်ကနေ ဝင်တိုက်တာဖြစ်ပြီး အဲဒီနေရာတွေမှာ တိုက်ပွဲငြိမ်သွားပေမဲ့ နေ့လယ်ပိုင်းမှာတော့ ခမရ ၃၀၉ တပ်ရင်းအနီး ကြံတောကျေးရွာဘက်မှာ အခုချိန်ထိ တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။ DVB 28.12.2025
မကွေးတိုင်းက မြို့ ၆ မြို့ဖြစ်တဲ့ ဆိပ်ဖြူ၊ ချောက်၊ စလေ၊ စလင်း၊ ဆင်ဖြူကျွန်း နဲ့ ပွင့်ဖြူမြို့တွေကစစ်တပ်စခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့စစ်ဆင်ရေးစတင်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မင်းဘူးခရိုင်စစ်ဌာနတာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။ ဒါကြောင့် အထက်ပါမြို့တွေက ဒေသခံပြည်သူတွေအနေနဲ့ ကြိုတင်စစ်ရှောင်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။ "စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကို လက်မခံဘူးဆိုတာနဲ့ စစ်တပ်အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ပြမယ်"လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။ လက်ရှိမှာ စလင်းမြို့နယ်၊ဆင်ဖြူကျွန်းမြို့နဲ့ ပွင့်ဖြူမြို့နယ်က စစ်တပ်ရဲ့ အထိုင်စခန်းတွေကို PDF တပ်ပေါင်းစုတွေက ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ကို အပြီးသတ်သိမ်း ပိုက်သွားမယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့(ပကဖ)က ဒီကနေ့ မနက်ပိုင်းက သတိ ပေးထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် စလင်း မြို့ပေါ်က သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးသူငယ်တွေလည်း ကြိုတင်ရွေ့ပြောင်းထားကြဖို့ စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က အသိပေးပါတယ်။ အသင့်စားသုံးနိုင်တဲ့ အစားအသောက်၊ရေ၊ဆေး ဝါး၊အရေးကြီးစာရွက်စာတမ်း၊ရွှေ၊ငွေ၊ဖုန်းတွေ ကိုပါ အဆင်သင့်သယ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်။ "ပြည်သူတွေမြို့ကနေရှောင်ပြီးရင်အဆင်ပြေပြီဗျာ အခုကနှစ်ရက်ကြာတာကိုမထွက်ကြသေးလို့။ ဒီမနက်မှ စထွက်နေကြတုန်း။စစ်ရေးရလဒ်ကို အ ဆင်ပြေတဲ့အချိန်ရောက်မှ အသိပေးမယ်"လို့ ဆင်ဖြူကျွန်းတိုက်ပွဲမှာရှိနေတဲ့ စစ်ရေးတာဝန်ရှိသူက ပြောပါတယ်။
ရင်တေကွဲမတတ်ပါပဲ ကလေးလေးရယ် “💔
ညစာလေး😋😋
#သူ့စားရိတ်နဲ့သူသွားတော့လည်းကျည်ဖိုးသက်သာတာပေါ့ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာသို့ ဗုံးလာကျဲသည့် စစ်တပ်၏ Gyrocopter ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံး နိုဝင်ဘာ ၆ ရက် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးလာကျဲသည့် စစ်တပ်၏ Gyrocopter ရဟတ်ယာဉ် ၁ စီးပျက်ကျပြီး မောင်းနှင်သူ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုချက်များအရ သိရှိရသည်။ ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် ဖြူးမြို့နယ်၊ မန်ကျည်း ကုန်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ် တပ်၏ မုန်းမြို့အခြေစိုက် ခမရ ၅၉၀ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ Gyrocopter ၂ စီးသည် မန်ကျည်းကုန်းတောင်ရွာရှိ နေအိမ်များကို ဗုံး ၂ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုများအတွင်း မန်ကျည်းတောင်ရွာသား အသက် ၅၅ နှစ်အရွယ် ဦးမောင်ငယ် ဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် ဖြင့် သေဆုံးခဲ့ပြီး နေအိမ် ၆ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ယင်းသို့ ဗုံးကျဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စက်တပ်၏ Gyrocopter ၁ စီးသည် ပဒက်ခင်ရွာနှင့် တံခွန်တိုင်ရွာ အကြားတွင် ပျက်ကျခဲ့ပြီး မောင်းနှင်းသူ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ "ဖြူးမြို့နယ်ဘက်ကို ဗုံးလာကျဲပြီး အပြန်မှာ Gyrocopter ၁ စီးက ပဒက်ခင်ရွာနဲ့ တံခွန်တိုင်ရွာ အကြားမှာ ပျက်ကျတာ မောင်းနှင်လာတဲ့ စစ်ခွေး ၂ ကောင်သေဆုံးတယ်။ စစ်ခွေးတွေ ဗုံးကျဲသွားတာလည်း ပြည်သူ ၁ ဦး သေဆုံးတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ဓာတ်ပုံ- လူ ၂ ဦးလိုက်ပါနိုင်သော Gyrocopter အမျိုးအစား ရဟတ်ယာဉ် ၁ စီး ပျံသန်းနေစဉ်။ (နိုင်ငံတကာဓာတ်ပုံကို နမူနာအဖြစ် ပြသ သုံးစွဲထားခြင်းဖြစ်ပါသည်။)
ကုလသမဂ္ဂက ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်အစိုးရခေါင်းဆောင် စာရင်းမှာ ဆက်ထား CJ Platform ကမ္ဘာ့ကုလသမဂ္ဂက သူတို့ရဲ့ တရားဝင် နိုင်ငံ့ခေါင်းဆောင်များစာရင်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ မြန်မာနိုင်ငံရဲ့ တရားဝင်ခေါင်းဆောင်တွေအဖြစ် ဆက်လက်ဖော်ပြထားတာကို တွေ့ရပါတယ်။ ကုလသမဂ္ဂရဲ့ "နိုင်ငံတော်အကြီးအကဲများ၊ အစိုးရအဖွဲ့ခေါင်းဆောင်များနဲ့ နိုင်ငံခြားရေးဝန်ကြီးများ" ဆိုင်ရာ နောက်ဆုံးထုတ်ပြန်တဲ့ အောက်တိုဘာ ၂၉ ရက်နေ့စွဲပါ စာရင်းဟာ၊ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ဘယ်အစိုးရကို ကုလသမဂ္ဂက တရားဝင်အဖြစ် အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိက သံတမန်ရေးရာ အညွှန်းကိန်းတစ်ခု ဖြစ်ပါတယ်။ အဲဒီစာရင်းရဲ့ စာမျက်နှာ ၃၀ မှာ MYANMAR နိုင်ငံအတွက် အခုလိုဖော်ပြထားတာပါ။ ကိုယ့်ကိုယ်ကို ယာယီသမ္မတအဖြစ် သတ်မှတ်ထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ နာမည်နဲ့ ရာထူးကို ဒီစာရင်းမှာ လုံးဝ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။ လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ထားရှိထားပြီး သူဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ ထောက်ခံကြောင်း ကုလသမဂ္ဂမှာ တရားဝင်ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် စစ်ကော်မရှင်က သူတို့ရဲ့ အုပ်ချုပ်မှုကို တရားဝင်ဖြစ်စေဖို့ ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ ကြိုးပမ်းနေချိန်မှာပဲ ကုလသမဂ္ဂရဲ့ အကြီးအကဲကိုယ်တိုင်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ မကြာသေးခင်က ကွာလာလမ်ပူမြို့မှာလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က "ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ ဘယ်သူမှ ယုံကြည်မှာမဟုတ်ဘူး" လို့ တရားဝင် ပြောခဲ့တာပါ။ တဖက်မှာလည်း ကုလသမဂ္ဂက နိုင်ငံ့ခေါင်းဆောင်တွေအဖြစ် အသိအမှတ်ပြုထားတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ စစ်ကော်မရှင်ရဲ့ မတရားစွဲဆိုမှုတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံထားရဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ အာဆီယံ အထူးကိုယ်စားလှယ်တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမယ့် စစ်ကော်မရှင်ဘက်က ဒီနေ့အထိ ခွင့်မပြုခဲ့ပါဘူး။ ဓာတ်ပုံ - သမ္မတရုံး #CJPlatform #ဒေါ်အောင်ဆန်းစုကြည် #ဦးဝင်းမြင့် #ကုလသမဂ္ဂ #စစ်ကော်မရှင်
ထိုင်းမှာရုံတင်တဲ့ ဗြောသံ ကြည့်မယ့်သူမရှိ၍ ပြည်သူတွေရဲ့ Boycottအောင်မြင် အောက်တိုဘာ-၂၉၊၂၀၂၅ ထိုင်းနိုင်ငံမှာရုံတင်နေတဲ့ ဗြောသံ ရုပ်ရှင်ကို ပြည်သူတွေက Boycott ပြုလုပ်ထားတာကြောင့် ကြည့်ရှုသူမရှိဖြစ်နေပြီး ဗြောသံကို ကြော်ငြာပေးတဲ့ အွန်လိုင်းဆယ်လီတွေကိုလည်း Boycott ပြုလုပ်ခံနေရပါတယ်။ "ထိုင်းထဲမှာ ဗြောသံနဲ့ ပတ်သက်တဲ့သူတွေရော ထိုင်းက တောသီး ဆယ်လီတွေရော ဆိုင်တွေက ပြန်တောင်းပန်ထားကြတယ်။ ဒါက Boycott နဲ့ပတ်သက်လို့ တိုးတတ်အောင်မြင်လာတယ်။" လို့ အေအေစီ ကိုရဲမင်းက ပြောပါတယ်။ ဒီဇာတ်ကားကို ထိုင်းနိုင်ငံ မဟာချိုင်ဘက်မှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသနေတာဖြစ်ပြီး အွန်လိုင်းဆယ်လီတွေက ဒီရုပ်ရှင် အကြောင်းကို တင်ပေးခဲ့သလို တချို့ဆိုင်တွေကလည်း ဒီဇာတ်ကားကို ကြော်ငြာပေးခဲ့တာကြောင့် Boycott ပြုလုပ်နေကြတာပါ။ "အခုဗြောသံရုပ်ရှင်ကို ကြည့်မယ့်သူမရှိသလောက်ပဲ။ ဘယ်သူမှလည်း မကြည့်ရဲဘူး။ ဒါကို BC လုပ်နေတာဆိုတော့။ ပထမကြည့်မယ်ဆိုတဲ့လူတွေတောင် မကြည့်ရဲတော့ဘူး" လို့ ကိုရဲမင်းက ပြောပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး Fake News Community Check (Fncc) Burma က ဗြောသံရုပ်ရှင်ကိုကြော်ငြာပေးသူတွေနဲ့ ဆိုင်တွေကို Boycott ပြုလုပ်ဖို့ ပုံတွေနဲ့ အတူတင်ခဲ့တာပါ။ ဒီလိုကြော်ငြာလိုက်တာကြောင့် U THET ဦးသက် ဆိုတဲ့ အွန်လိုင်းဆယ်လီနဲ့ လက်တွဲလုပ်ကိုင်တဲ့ One Step Bar & Restaurant က Social Punishment ပြုလုပ်တဲ့အနေနဲ့ ဆက်လက်လက်တွဲအလုပ်လုပ်တော့မှာ မဟုတ်ကြောင်းကြေညာခဲ့ပါတယ်။ "ထိုင်းရောက် မြန်မာဆယ်လီ ငသက်ခေါ် ဦးသက်ဆို တဲ့ကောင်က ပြည်သူကို တောင်းပန်ရမဲ့ အစားကျနော်တို့ Pageက တင်လိုက်လို့ သူ့ကို လက်တွဲ ဖြုတ်လိုက်တဲ့ ဆိုင်ကို Liveမှာ ထိုးချနေပါတယ်။ ဒီလိုလူတွေဟာ ထမင်းငတ်မှာ မို့လို့ တောင်းပန်တာ သာ ဖြစ်ပြီး နိုင်ငံရေးခံယူချက် မရှိတဲ့သူတွေပါ။ အခုလဲ လုပ်ငန်းတွေမဌားတော့လို့ ငိုပြလဲ Social Punishment ဟာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။ လိုက်ခြိမ်းချောက်တဲ့ ကိစ္စတွေ တောင် ရှိပါတယ်။ ဒီလို ကောင်မျိုးကို ဘယ်နေရာမှာ မှ နေရာ မပေးမိကြဖို့ လိုပါတယ်။" လို့ Fnccက ဆိုပါတယ်။ ဗြောသံ ရုပ်ရှင်က စစ်ကောင်စီသမီးနဲ့ ဆက်စပ်မှုရှိသူတွေက ထုတ်လုပ်ထားတဲ့ ဇာတ်ကားဖြစ်ပြီးတော့ စစ်ကောင်စီကြောင့် တိမ်းရှောင်နေရသူ အများအပြားရှိတဲ့နိုင်ငံမှာ မျက်နှာပြောင်တိုက် ပြီး သွားရောက်ပြသခဲ့တာပါ။ လက်ရှိအချိန်မှာ ဗြောသံရဲ့ အဓိကသရုပ်ဆောင် နေဝင်းက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် ဝါဒဖြန့်တဲ့ ဇာတ်လမ်းမှာပါဝင်သရုပ်ဆောင်ထားတာကြောင့် Boycott လုပ်ကို လုပ်ရမယ့်ကားဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေ ဘက်ကထပ်မံတိုက်တွန်းထားပါတယ်။ ဗြောသံရုပ်ရှင်အပြင် ပြီးခဲ့တဲ့ရက်က အိုင်းရင်းခရော့ခ်အဖွဲ့ရဲ့ ဖျော်ဖြေပွဲအတွက် ကြော်ငြာပေးခဲ့တဲ့ ဆိုင်တွေနဲ့ အွန်လိုင်းဆယ်လီတွေက ပြန်လည်တောင်းပန်တာတွေ ပြုလုပ်ထားပါတယ်။ အိုင်းရင်းခရော့ခ်ပွဲအတွက် ပရိုမိုးရှင်း ဗီဒီယိုရိုက်ကူးခဲ့တဲ့ Cecilia Rose နာမည်နဲ့ အွန်လိုင်းဆယ်လီက သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ တရားဝင်တောင်းပန်ထားပြီး နောက်ပိုင်းလည်း လူထုက Boycottထားတဲ့ Brand တွေနဲ့ လက်တွဲလုပ်ကိုင်မှာ မဟုတ်ဘူးလို့ ကတိပေးထားပါတယ်။ People's Spring
သူများပစ္စည်းခိုးလို့ ဆိုပေမယ့် မြင်ရတာ စိတ်မချမ်းသာလိုက်တာ တချို့က ဝါသနာပါလို့ အချောင်လိုချင်လို့ ခိုးတယ် တချို့က သားသမီးတွေနဲ့ စားစရာသောက်စရာ မရှိ အလုပ်အကိုင်ကမရှိ ကုန်ဈေးနှုန်းကကြီးနဲ့ လုပ်မိလုပ်ရာ လုပ်ကြတယ် နိုင်ငံကို အုပ်ချုပ်သူကမကောင်းမှတော့ 😓😓 VDCRD
ဖရူဆို မှ ဘောလခဲဘက်သို့ လာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား အောက်တိုဘာလ ၂ ရက် ကရင်နီပြည်နယ်၊ ဖရူဆို မှ ဘောလခဲဘက်သို့လာသည့် အကြမ်းဖက် စစ်တပ်၏ ရန်နိုင်မင်း စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း 802 တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဖရူဆိုဘက်မှ ဘောလခဲဘက်ကိုလာသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၅၀၀ ခန့်ပါ ရန်နိုင်မင်းစစ်ကြောင်းကို KNDF ၊ နေပြည်တော်အလယ်ပိုင်းတိုင်း ကနောင်စစ်ကြောင်းနှင့် 802တပ်ရင်းတို့က ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့ပြီး စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။ "အဲစစ်ကြောင်းက ဖရူဆိုကနေပြီးတော့ ဘောလခဲဘက်ကို သွားမယ့် စစ်ကြောင်းပေါ့။ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဘောလခဲဘက်ကို အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာပါ။ အဲဒါကို ကျွန်တော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှု ၅၀ လောက်ရှိတယ်။ ကျွန်တော်တို့ဘက်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိတဲ့အတွက်ကို သူတို့ ဘောလခဲဘက်ကို လုံး၀သွားလို့ မရတဲ့အတွက် ဖရူဆိုဘက်ကို ပြန်လည်ပြီး ဆုတ်ခွာသွားတယ်လို့ ကျွန်တော်တို့ သတင်းသိရပါတယ်" ဟု 802 တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။ အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဘောလခဲဘက်မှ ဖားဆောင်းဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင် အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးခဲ့ပြီး ဘောလခဲဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်းသိရသည်။ #KTM
ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ တသက်တကျွန်း အကျဉ်းသားတွေ လွတ်မြောက် စက်တင်ဘာ ၂၂၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ ကသာခရိုင်က ဗန်းမောက်မြို့သိမ်းတိုက်ပွဲမှာ တသက်တကျွန်း ထောင်ဒဏ်နဲ့ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂ ဦး လွတ်မြောက် လာတယ်လို့ နီးစပ်သူတွေက ဧရာဝတီကို ပြောပါတယ်။ တသက်တကျွန်း အကျဉ်းကျနေတဲ့ ကိုသန်းနိုင်ဦး၊ ဆရာမ ဒေါ်ဟန်သူမြင့် တို့နဲ့အတူ နောက်ထပ် နိုင်ငံရေး အကျဉ်းသူ တဦးနဲ့ အရပ်သား တဦး စုစုပေါင်း ၄ ဦးက စက်တင်ဘာလ ၂၀ ရက်နေ့မှာ လွတ်မြောက်လာတယ်လို့ သိရပါတယ်။ တသက်တကျွန်း အကျဉ်းကျနေတဲ့ ကိုသန်းနိုင်ဦးဟာ ထောက်ပို့တပ်သားဖြစ်ပြီး၊ ဆရာမ ဒေါ်ဟန်သူမြင့် ကတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဗန်းမောက်မြို့နယ် အနောက်ပိုင်းက ပညာရေးတာဝန်ခံ ဆရာမ ဖြစ်တယ်လို့ သိရပါတယ်။ #မြန်မာ #ဧရာဝတီ #နိုင်ငံရေးအကျဉ်းသား #ဗန်းမောက် #NUG #WhathappensI
без подписи
без подписи
" အသိပေးထုတ်ပြန်ချက်" အောက်ဖော်ပြပါ ရဲဘော်များသည် စစ်ကိုင်းခရိုင်အမှတ်(၁)တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေစဉ် စစ်ကောင်စီထံသို့ ကူးပြောင်းသွားသည်ဟု သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ ၎င်းတို့မှ Online (Facebook , Messenger, Telegram, Vber) တို့မှ စစ်ကိုင်းခရိုင်တပ်ရင်း(၁)အနေနှင့်ဆက်သွယ်လာပါလျှင် မဟုတ်ပါကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။ ၁။ သိန်းနိုင်ထွန်း(ခ)ဝက်မဲ၊ အသက်(၂၆)၊ (ယခု ရန်ကုန်တွင်ရှိသည်ဟု သတင်းရ) ၂။ ဝေယံမင်း(ခ) တွတ်ပီ၊ အသက်(၂၂)နှစ်၊ (ယခု မြင်းခြံတွင်ဟု သတင်းရ) ၃။ မင်းသက်ဦး(ခ) မင်းနောင်၊ အသက်(၂၁)နှစ်၊ (ယခု အမရပူရ(မန္တလေး)တွင်ဟု သတင်းရ) လေးစားစွာဖြင့် ဗိုလ်ယက္ခ (ရင်းမှူး) 14, Set, 2025