tgindex
Myat Tun Oo

Political Commentator and supporter of NLD

Последний пост
23 окт.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Политика
В каталоге с
15 авг.
Подписчики
4 202
−9 за 3 дн.
Сутки
−4
−0,10%
Неделя
 
Месяц
 
Просмотров на пост
5 342
20 постов
Вовлечённость
127,1%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 23 окт.5 3702263

    ထို့အတူပါဘဲ အမေရိကန်ရဲ့ ဆန့်ကျင်ဘက် ကွန်မြူနစ်တရုတ်နိုင်ငံမှာလဲ ရှီကျင်ဖင့်က ဗိုလ်ချုပ်ကြီးအချို့ကို တပ်ထဲကနေ ထုတ်လိုက်တာကို လက်ခံပြီး ထွက်သွားခဲ့ရပါတယ်။ ယူကေမှာလဲ အရပ်သားအမတ်က ကာဝန်လုပ်နေတာပါ။ နောက်တစ်ခုက အချို့ PDF တပ်တွေက တပ်မှူးလေးတွေက NUG အသုံးမကျဘူး ဒီဒေသမှာ ငါတို့အုပ်ချုပ်မှရမယ်ဆိုပြီး ထလုပ်ဖို့ကြိုးစားတာပါ။ အုပ်ချုပ်ရေးအလုပ်ဟာ နာမည်ပျက်လွယ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေ ရွေးကောက်ခံတွေက လုပ်ရတာပါ။ အပေါ်ယံကြည့်ရင် လွယ်တယ်ထင်ရပေမယ့် နာမည်အပျက်ခံရဖို့ လွယ်ပါဝယ်။ တပ်က အုပ်ချုပ်ရေးဘက်ဝင်ပါမယ်ဆိုရင် တပ်ကရွေးကောက်ခံအမတ်အထက် နေရာလိုချင်ရင် သင်တို့တပ်ဟာ မအလတပ်လို ဖြစ်သွားမယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ NUG အောက်မရှိတဲ့ တပ်တော်လေးတွေကလဲ မအလတပ်သဘောမျိုးပါဘဲ။ ဒါကိုပြည်သူက မြင်အောင်ကြည့်သင့်ပါတယ်။ သူတို့ရဲ့ တပ်ချုပ်လေးတွေက မအလလိုဘဲ ကော်မရှင် ဥက္ကဌလုပ်လိုက်၊ ယူနီဖောင်းလေးဝတ် တပ်ချုပ်လုပ်လိုက်ပါ။ အကျဉ်းချုပ်ရရင် အများစုက NUG ကိုသာ ဖောင်းထုပေမယ့် မိမိကိုယ်ကို မိမိတပ်ကို ဘယ်လိုပြင်ရမလဲဆိုတာ မေ့နေတတ်ပါတယ်။ ပြည်သူတွေ သတိထားရမှာက ဘယ်တပ်တော်ကမှ NUG လို မြို့မသိမ်းဖူးဘူးဆိုတာပါ။ ပြည်သူက PRF ကနေသာ PDF ကို ထောက်ပံ့ပေးပါလို့ ‌ထပ်ခါထပ်ခါ ပြောပါရစေ။ PDF တပ်သား တပ်မှူးများကလဲ မအလတပ်လိုမဖြစ်အောင် နိုင်ငံရေးထဲ ဝင်မပါဖြစ်အောင် အမေရိကန်စစ်တပ်၊ ဒီမိုစစ်တပ်တွေထံက သင်ယူပြီး ကွန်မြူနစ်အတွေး ဖက်ဆစ်တပ်အတွေးကို ရှောင်ရှားနိုင်ကြပါစေ။ သင့်ကြောင့် PDF တပ် နာမည်မပျက်ပါစေနဲ့။ ပြည်သူက PDF အားရှိအောင် PRF ကနေထောက်ပံ့ပါ။ ဒါတွေကို ပြင်နိုင်ရင် ယခုထက် ပိုအောင်မြင်လာမှာပါလို့ ပြောပါရစေ။ https://www.myattunoo.com/post/တ-လ-န-ရ-မ-ပ-င-ဆင-သင-သည-pdf-စစ-တပ

  • 23 окт.4 2101012

    တော်လှန်ရေးမှာပြင်ဆင်သင့်သည့် PDF စစ်တပ် အားလုံးသတိထားရမှာက ဒီတော်လှန်ရေးဟာ မအလရဲ့စစ်တပ်က ပြည်သူ့အစိုးရအမိန့်ကိုမနာခံဘဲ ပြည်သူကတင်မြှောက်ထားတဲ့လွှတ်တော်ကဖွဲ့စည်းတဲ့အစိုးရအမိန့်ကိုမနာခံဘဲ အာဏာသိမ်းခဲ့လို့ဖြစ်လာတယ်ဆိုတာပါ။ ဒီနေရာမှာ တော်လှန်ရေးအောင်မြင်ဖို့ ဘာအဓိကကျသလဲဆိုရင် စစ်တပ်ဟာ ဒီမိုစစ်တပ်စစ်စစ်နဲ့တူဖို့ပါပဲ။ တော်လှန်ရေးတပ်တွေဟာ မအလစစ်တပ်က အကျင့်ဆိုးတွေကိုယူမလာဖို့က အရေးကြီးဆုံးပါ။ ဒါဆိုရင်တော်လှန်ရေးအောင်မြင်ဖို့က ၆၀ရာခိုင်နှုန်း သေချာပြီလို့ပြောနိုင်ပါတယ်။ ဒီအချိန်မှာ စစ်တပ်ဟာ ဆန္ဒပြသူ ပြည်သူနောက်လိုက်ရမယ်ဆိုသူ ဒီမိုကရက်များလဲ ရှိနိုင်ပါတယ်။ ကမ္ဘာ့နိုင်ငံရေးမှာ လက်ဝဲ လက်ယာရှိပြီး စစ်တပ်ဟာ ရွေးကောက်ခံအစိုးရကို သစ္စာခံရပါတယ်။ ဘယ်ဒီမိုနိုင်ငံမှာမှ အပြတ်အသတ်မနိုင်ပါ။ ဒီနေရာမှာ အချို့တော်လှန်ရေးတပ်တွေက NUG မပေါ်ခင်ကပေါ်လာတာရှိသလို အချို့တော်လှန်ရေးတပ်တွေကတော့ NUG က မွေးပေးလိုက်တာပါ။ ဒီနေရာမှာ တော်လှန်ရေးတပ်က တပ်ရင်းမှူးအချို့အနေနဲ့ နိုင်ငံရေးသမားတွေကို ဝေဖန်တာရှိပါတယ်။ အသုံးမကျဘူးပေါ့။ NUG က ဘာပြင်ဖို့လိုတယ်။ ညာပြင်ဖို့လိုတယ်ပေါ့။ အုပ်ချုပ်ရေးမှာ NUG က အုပ်ချုပ်ရေး ညံ့ဖျင်းတယ်ပေါ့။ အများစုဟာ NUG မကောင်းတာကိုသာ အပြစ်ပြောလိုပေမယ့် မိမိတော်လှန်ရေးတပ်က ဘာပြင်ရမလဲဆိုချိန်မှာတော့ ငါတို့ကအသက်ပေးရတာဘာညာဆိုတဲ့ မအလစစ်တပ်အချိုး ဖြစ်သွားတတ်ပါတယ်။ ညီလေးတို့က NUG ကို ယူနီဖောင်းနဲ့ဝေဖန်ရင် မျက်စိထဲမှာ ဘာနဲ့တူလဲဆိုတော့ မဲလုံးကဝေဖန်တာ၊ ဗိုလ်မှူးချုပ်မောင်မောင်က လွှတ်တော်ထဲမှာ ယူနီဖောင်းဝတ်ဝေဖန်တာတွေကို သတိရစေပါတယ်။ အချို့က ပြည်သူ့ရွေးကောက်ခံအစိုးရအောက်မဝင်ဘဲ တပ်ထောင် သတင်းသမားအချို့နဲ့ စစ်ရှုံးဒုချုပ်တို့က မြှောက်ပေးပြီး အရပ်ဝတ် ဝတ်လိုက်၊ စစ်ဝတ်ဝတ်လိုက်နဲ့ NUG ကို ဝေဖန်တာကလဲ မအလကို မျက်စိထဲ မြင်လာစေပါတယ်။ မိမိတပ်ထဲက မိန်းမတွေကိုယူ၊ ရဲဘော်ရဲ့ မိန်းမတွေကိုယူ တပ်ချုပ်ကြီးလဲကို၊ ဥက္ကဌကြီးကလဲ ကိုယ်လုပ်နေတာက နေဝင်းနဲ့ မအလကို သတိရစေပါတယ်။ နောက်မြန်မာပြည်မှာ NLD အစိုးရကို စ ဝေဖန်ကထဲက ဝန်ကြီးက သူ့ရဲ့ ဌာနအကြောင်းမသိဘူး ဥပမာ ကျန်းမာရေးဝန်ကြီးဆို ဆရာဝန်မဟုတ်ရင်ကို ဝေဖန်ချင်တဲ့ အကျင့်က ဒီမိုသဘောကို မသိလို့ပါ။ ဒါက ဒီမိုကရေစီသဘောကို မသိတာက စပါတယ်။ ယခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ ကိစ္စတွေကနေ PDF တပ်တွေဟာ ရွေးကောက်ခံ အရပ်သားအမိန့်ကို ဘယ်လိုနားထောင်ရမလဲဆိုတာ လေ့လာသင်ယူသင့်ပါတယ်။ PDF တပ်သားတွေက တော်လှန်ရေးသဘော ကွန်မြူနစ်သဘောတွေရဲ့ နိုင်ငံရေးကို သင်ယူရမှာမဟုတ်သလို NGO တွေရဲ့ woke ကိုလဲ သင်ယူရမှာ မဟုတ်ပါ။ ဒီမိုစစ်တပ်တွေမှာ လိုက်နာရတဲ့ အရပ်သားအမိန့်နာခံမှု၊ အဆင့်ဆင့် အထက်အောက် အမိန့်နာခံမှု၊ မိမိအထက်ကို မကျေနပ်ရင် ဘယ်လိုတင်ပြ ပြောဆိုရတယ်ဆိုတဲ့ ဒီမိုသဘောတရားတွေကို လေ့လာသင်ယူရမှာပါ။ အမိန့်ဆိုရာမှာ ရွေးကောက်ခံအရပ်သားအစိုးရအမိန့်ကို ပြောတာပါ။ မိမိကြိုက်တဲ့ အမိန့်ကို မဆိုလိုပါ။ အမေရိကန်မှာ ထရမ့်ဟာ ရွေးကောက်ခံပါ။ NLD လို ၇၅% နိုင်တာမဟုတ်ပေမယ့် မဲအများစု ၄၉.၈၁% နဲ့ နိုင်ခဲ့တာပါ။ သူ့ကို ကြိုက် မကြိုက် ဒီနေရာမှာ ငြင်းခုံဖို့မရှိပါ။ ပြောလိုတာက သူတက်လာချိန်မှာ ဘိုင်ဒင်ခန့်ခဲ့တဲ့ မိန်းမဖြစ်လို့၊ အခြောက်ဖြစ်လို့ ရာထူးပေးထားတဲ့ ဗိုလ်ချုပ်တွေကို ဘာမှ အကြောင်းပြချက်မပေးဘဲ ဖြုတ်ပါတယ်။ စစ်ဦးစီးအဖွဲ့များရဲ့ ဥက္ကဌကိုလဲ ဘလိုင်းကြီး ဖြုတ်ခဲ့ပါတယ်။ အချို့က သမ္မတဓာတ်ပုံ မပြောင်းတာ၊ အချို့က ဒုသမ္မတမိန့်ခွန်း‌ပြောအပြီး သူပြောတာကို အတည်မယူနဲ့လို့ သူ့တပ်ကိုသွားပြောတာ အစရှိတဲ့ အရပ်သားအစိုးရစကား နားမထောင်မှုပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘဲ ကာဝန်က လာဆိုရင်လာရပြီး ထရမ့်က မိန့်ခွန်းပြောရာမှာ ငါ့မူဝါဒကို သဘောမတူလဲ အခန်းထဲကထွက်သွားလို့ရပြီး အလုပ်လဲပြုတ်နိုင်တယ်ဆိုပြီး ဗြောင်ပြောခဲ့ပါတယ်။ ဒီထက်ဆိုးတာက ဗိုလ်ချုပ်ကြီးတွေဟာ သူတို့တပ်ထဲမှာ ဗိုလ်မှုးအဆင့်လောက်သာ လုပ်ဖူးပြီး ကာဝန်ဖြစ်လာသူ ဘာမှမတတ်သူ Pete Hegseth က ပြောတာကိုလဲ အရပ်သားအုပ်ချုပ်မှု‌အောက်မှာ နားထောင်ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလူကို ရွေးကောက်ခံသမ္မတထရမ့်က ခန့်လို့၊ လွှတ်တော်က အတည်ပြုခဲ့လို့ပါ။ သူက သမ္မတရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့လုပ်တာပါ။ အချို့ နားမထောင်လိုတဲ့ ပေကန်ကန် ဗိုလ်ချုပ်ကြီးကတော့ နုတ်ထွက်သွားခဲ့ရပါတယ်။ ထရမ့်ဟာ ပြည်နယ်စောင့်တပ်တွေကို ပြည်တွင်းမှာ တပ်ချရာမှာလဲ ဗိုလ်ချုပ်ကြီးတွေက သမ္မတအမိန့်အတိုင်း လိုက်နာရပြီး သူ့အမိန့်ကိုတော့ မကျေနပ်တဲ့ ပြည်နယ်အဆင့် အုပ်ချုပ်ရေးမှူးတွေက တရားရုံးမှာ တရားစွဲပြီး ဖြေရှင်းကြရပါတယ်။ ထရမ့်ကိုမကြိုက်လို့ ဘုရင်မရှိစေရဆိုပြီး ဆန္ဒပြရာမှာလဲ တပ်ဟာ ဝင်မပါရ မဝေဖန်ရပါ။ ထရမ့်နိုင်တာက ၂% လောက်သာပိုများလို့ တပ်တွေအနေနဲ့ အမိန့်မနာခံလိုရင် စောဒကတက်လို့ကောင်းပါတယ်။ ဒါက PDF တပ်သားတွေ၊ တပ်ရင်းမှူးတွေ၊ ဗျူဟာမှူးတွေ၊ တပ်မမှူးတွေ၊ တိုင်းမှူးတွေ ယခုအချိန်ထဲက လိုက်နာသင်ယူရမယ့် အလွန့်အလွန် အရေးကြီးတဲ့ ဒီမိုတပ်တွေရဲ့ စည်းကမ်းအချက်ပါ။ မအလဖက်ဆစ်တပ်ကိုတိုက်သူတွေက သူ့တပ်အချိုးတွေကို အတုမယူသင့်ပါ။

  • 22 окт.3 4231685

    ထောက်လှမ်းရေးသတင်းတွေဘယ်ကရ သတင်းတွေကို ထောက်လှမ်းရာမှာ သမားရိုးကျ လူလွတ်ပြီးထောက်လှမ်းတာ ဒလန်ကသတင်းပေးတာ၊ ဒါမှမဟုတ် ဆက်သွယ်ရေးစနစ်တွေကို ကြားဖြတ်နားထောင်တာ၊ ဒါမှမဟုတ်လိုင်းပေါ်ကနားထောင်တာ၊ ဒါမှမဟုတ် မောင်းသူမဲ့ လေယာဉ်ပျံတွေနဲ့ကောင်းကင်က ထောက်လှမ်းတာတွေ အချို့တိုင်းပြည်တွေမှာ ဂြိုလ်တုတွေနဲ့ ထောက်လှမ်းတာ‌တွေ လုပ်ကြပါတယ်။ ဒါဆို မအလရဲ့ထောက်လှမ်းရေက သတင်းတွေကို ဘယ်ကရနေပါသလဲ။ ဒေသအလိုက်လေ့လာကြည့်ရအောင်။ တောင်ပိုင်းကရင်ဒေသကိုပထမဆုံးကြည့်ရအောင်။ အဆိုပါဒေသမှာက မအလနဲ့မကင်းတဲ့ အဖွဲ့များပါတယ်။ KNU က ဥက္ကဌဟောင်းကြီးကိုယ်တိုင်က သူ့သားသမီးတွေက မအလစစ်တပ်နဲ့အဆက်အသွယ်ရှိသလို စောချစ်သူတို့လို အဖွဲ့တွေကလည်း မိမိအာဏာတည်မြဲရေးအတွက် သတင်းရောင်းစားဖို့ ဝန်မလေးကြပါ။ ဒါကြောင့် သူတို့တွေရဲ့အကူအညီနဲ့ သတင်းတွေကို ရလေ့ရှိပါတယ်။ ဒါ့အပြင် ယခင်ထဲက စစ်ထောက်လှမ်းရေးတွေဟာ အဆိုပါဒေသနဲ့ ထိုင်းနိုင်ငံတွေမှာ ဘာသာရေးအဖွဲ့မျိုးစုံ လူမှုကယ်ဆယ်ရေးအဖွဲ့အမျိုးစုံအမည်ခံနဲ့ နေနေကြပါတယ်။ ဒါအပြင် ISP (Myanmar) လို အဖွဲ့တွေကလည်း ပြည်တွင်းကနေ ထိုင်းကိုထွက်ခွာပြီး စစ်ထောက်လှမ်းရေးနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ပါတယ်။ ထိုအဖွဲ့တွေက bbc မြန်မာပိုင်းက စစ်တပ်နဲ့နီးစပ်တဲ့ သူတွေကလာအင်တာဗျူးရင် ဆိုက်ဝါးတွေကို ကြားနေသလို ဖြေကြားပြီး NUG ကို နိုင်ငံတကာကအပြစ်မြင်အောင် အပုတ်ချပြောဆိုတာမျိုးတွေကို လုပ်ပြီး ဆိုက်ဝါးဖြန့်ပါတယ်။ နောက်ပြီး သုတေသနပုံစံနဲ့ သတင်းထောက်လှမ်းပြီး စရဖကို သတင်းပို့ပါတယ်။ ရှမ်းမြောက် ရှမ်းမြောက်မှာက လူမျိုးပေါင်းစုံပါတယ်။ မအလစစ်တပ်ဟာ လူမျိုးစုံတဲ့အပေါ်မှာမူတည်ပြီး သွေးထိုး ဒလန်မွေးတာအင်မတန်ကျွမ်းကျင်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့နေရာများကို အဆိုပါ ဒေသခံထဲက မကျေနပ်တဲ့လူမျိုးတွေထံက ရရှိပါတယ်။ နောက်ပြီးအဆိုပါဒေသကအင်မတန်ဖွတ်ပေါလို့ သတင်းအချို့ကိုလည်း ဖွတ်များ၊ နန်းများထံကရရှိပါတယ်။ ဖွတ်တွေ၊ နန်းတွေဟာ သူတို့ကိုမိရင် ဘီဘီစီမြန်မာပိုင်းထံ သူတို့မိသားစုကသွားပြီး အပြစ်မရှိဘဲ အဖမ်းခံရသယောင် အင်တာဗျူးပေးပါတယ်။ ဒါဆို မြန်မာပြည်မှာ စရဖက တော်လှန်ရေးသတင်းတွေ ဘယ်ကရပါသလဲ? အဖြေက ဆိုရှယ်မီဒီယာကပါ။ AA မှာ AA တပ်ချုပ်၊ ဒုတပ်ချုပ်၊ ပြောခွင့်ရ ခိုင်သုခပြီးရင် ဘယ်သူလဲဆိုတာ စရဖက အင်မတန် ထောက်လှမ်းရခက်ပါတယ်။ ဘယ်သူက တပ်ရင်းမှူး၊ ဗျူဟာမှူးဆိုတာ သိဖို့ကတော့ အလွန့်အလွန်ခက်ခဲပါတယ်။ လူသိမှာ အဆိုပါသူများကိုကပ်ဖို့ ထောက်လှမ်းရေးကို လွှတ်ရတာပါ။ ဒါပေမယ့် ဒီမိုတွေဘက်မှာက စရဖဟာ ဆိုရှယ်မီဒီယာကနေ သတင်းများစွာကိုရနေပါတယ်။ ဒါ့အပြင် ဒီမိုတွေရဲ့ ‌နယ်မြေထဲမှာရှိတဲ့ ဖွတ်တွေ၊ နန်းတွေ၊ နောက် သတင်းသမားတွေ၊ နောက် ‌တကယ့် NGO အဖွဲ့တွေနဲ့ NGO အမည်ခံ NUG ဖောင်းထုအဖွဲ့တွေထံက သတင်းများစွာကို ရပါတယ်။ ဥပမာ အဖွဲ့တစ်ခုက ကျောင်းလှူတယ်ဆိုရင် အဆိုပါကျောင်းတည်နေရာကို လိုင်း‌ ပေါ်က ဓာတ်ပုံကသိပြီး နောက်ပိုင်း သူ့ဈေးသည်ဟန်ဆောင်တဲ့ စရဖ (သို့) ဒရုံးက အသေးစိတ်ထောက်လှမ်းပြီး ဗုံးကြဲတာ လုပ်ပါတယ်။ အညာဒူဘိုင်းက သတင်းကနေလာပါတယ်။ ဒီနေရာမှာ ပြည်တွင်းကလူတွေက ပြည်ပက သတင်းသမားနဲ့ပြောရင် လုံခြုံတယ်ထင်ကြပါတယ်။ ယခု VOA က မိန်းမကိစ္စ အလုပ်ပြုတ်သူ ဌာနမှူးက မအလပွဲကိုတက်တာ မြင်ချိန်မှာ စရဖလက်တံ ဘယ်အထိပေါက်လဲ ရိပ်မိပြီ ထင်ပါတယ်။ ဒါကို တော်လှန်ရေးမှာ ဘယ်လိုထိန်းမလဲဆိုတာက အင်မတန်အရေးကြီးတဲ့ မေးခွန်းပါ။ အောင်မြင်ခဲ့တဲ့ လက်နက်ကိုင်တော်လှန်ရေးများက ကွန်မြူနစ်စနစ်ပေါ်အခြေခံလို့ ဒီမိုစနစ်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာက မေးခွန်းထုတ်စရာပါ။ သေချာတာက သတင်းကိုထိန်းနိုင်တဲ့ ဆိုရှယ်မီဒီယာကို ထိန်းနိုင်တဲ့ ရခိုင်နဲ့ မြောက်ပိုင်းဟာ တောင်ပိုင်းထက် အောင်မြင်မှုများနေတာ ငြင်းမရတဲ့အချက်ပါ။ လေကြောင်းရန်ကို ကာကွယ်ရာမှာ မဖြစ်နိုင်တဲ့ ဒုံးခွင်းဒုံးကို မမျှော်ဘဲ မိမိဒေသထဲ တပ်ထဲမှာ သတင်းလုံအောင်ထိန်းခြင်းဖြင့် တော်လှန်ရေးအောင်မြင်အောင် လုပ်နိုင်ကြပါစေ။ starlink ကို မိမိတပ်အတွက် အုပ်ချုပ်ရေးအတွက်သုံးပါ။ အခြားသူကိုတော့ ထိန်းနိုင်ပါစေ။ တော်လှန်ရေးကို အမေရိကန်စစ်တပ်လို နေတိုးတပ်လို တိုက်ဖို့ထက် လက်တွေ့နိုင်အောင် တိုက်နိုင်ပါစေ။ စစ်ပွဲသာနိုင်ခဲ့ရင် အမေရိကန်က အကြမ်းဖက်လို့ သတ်မှတ်ခံရသူတောင် ဆီးရီးယားမှာ သမ္မတဖြစ်ရင် ထရမ့်နဲ့ရော ပူတင်နဲ့ပါ တွေ့နိုင်ပါတယ်။ အားလုံးစဉ်းစားနိုင်အောင်ပါ။ https://www.myattunoo.com/post/ထ-က-လ-မ-ရ-သတင-တ-ဘယ-ကရ

  • ဒါဆိုတတိယထွက်ပေါက်ကဘာဖြစ်မလဲ။ အပေါ်က ပထမနှင့်ဒုတိယထက်ျပါက်မဖြစ်လာရင် ဖြစ်လာမှာက စစ်ရှုံးတာ ဒါမှမဟုတ် ရွေးကောက်ပွဲအပြီး တရုတ်ခိုင်းတာတွေအကုန်မလုပ်လို့ ဟိုကရှမ်းမြောက်ကနေပြန်စတိုက်ပြီး စစ်ရှုံးတာနဲ့ ပြန်အဆုံးသတ်သွားတာဖြစ်နိုင်ပါတယ်။ အားလုံးသိကြတဲ့အတိုင်း အာဆတ်ဟာ ၂၀၂၄အစပိုင်းအထိက အလွန်ခိုင်ခဲ့ပြီး မြို့များအားလုံးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့သလို အာရပ်အဖွဲ့ချုပ်ကလဲ ပြန်လက်ခံမလိုအချိန်အထိဖြစ်ခဲ့ပါတယ်။ ဒီကြားထဲကမှ အောက်တိုဘာ၇ရက် အစ္စ‌ ရေးကိုသွားတိုက်အပြီးမှာ အစ္စ‌ရေးက ပြန်ချရာကနေ အီရန်နဲ့ သူလက်အောက်ကအဖွဲ့တွေကို အစ္စရေးကပြန်တိုက်ရင်းကနေ ရုတ်တရက် အာဆတ်ကိုကြားကန်ခဲ့တဲ့ မြေပြင်တပ်‌‌တွေ အားနည်းသွားလို့ ရုရှားကြီးက ခေတ်မီှလေယာဉ်တွေနဲ့ကိုယ်တိုင်ဗုံးကြဲပေးခဲ့သော်လည်း အာဆတ်က ခွေးပြေးဝက်‌ပြေး ပြေးခဲ့ရတာပါ။ ဒါဆိုရင် မအလရဲ့ တတိယထွက်ပေါက်က ဘာပါလဲ။ မအလသားဟာ ရုရှားနိုင်ငံ မော်စကိုကို မကြာခဏ သွားရောက်ခဲ့ပါတယ်။ သူနဲ့ သူယုံကြည်ရတဲ့ လူအချို့နဲ့ ဘွားတော်ရဲ့ လူယုံတော်တို့ ရုရှားမှာ အိမ်ကြည့်ပြီး မော်စကိုရဲ့ အချက်အခြာ city of capitals နေရာမှာ ကွန်ဒိုဝယ်ထားခဲ့ပါတယ်။ မအလရဲ့ အခြားလူယုံများလဲ အခန်းတွေ ဝယ်ယူနေပါတယ်။ ဒီအခန်းက သန်းချီတန်ပါတယ်။ မော်စကိုဟာ စီးပွားရေးပိတ်ဆို့တာကို ခံနိုင်သလို ICC နဲ့လဲ ပူးပေါင်းဆောင်ရွက်ဖို့မရှိလို့ မအလအတွက် လုံခြုံတဲ့နေရာလို့ ပြောလို့ရပါတယ်။ ဒီအခေါက်မှာ မအလမိန်းမက အဆိုပါအခန်းမှာ သွားရောက်နေထိုင်ခဲ့ပြီး ဈေးဝယ်ထွက်ခဲ့ပါတယ်။ ကျော်စွာလင်းမိန်းမ ခင်မေစိုးနဲ့ ရဲဝင်းဦးမိန်းမ နီလာတို့ကလဲ သူမနဲ့လိုက်ခဲ့ပါတယ်။ ဗိုလ်မှုးကျော်ဇောရဲနဲ့ သူ့မိန်းမက ရုရှားမှာ ဈေးဝယ်ထွက်ရင် ဘာသာပြန်လုပ်ပေးပြီး မော်စကိုသွားတဲ့ စစ်ရေးပြအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် မျိုးဆက်အောင်ရဲ့မိန်းမ ဒေါက်တာခိုင်မာဇော်က ကြူကြူလှရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးခဲ့ပါတယ်။ ကြူကြူလှက Bell palsy လို့ခေါ်တဲ့ မျက်နှာကြွက်သား လှုပ်ရှာူမှုမမှန်တဲ့ ရောဂါဖြစ်ခဲ့လို့ ပါးက အနည်းငယ်ရွှဲ့‌ နေပါတယ်။ ရုရှားမှာ အိမ်ဝယ်ထားလို့ အရေးကြုံရင် ထွက်ပြေးရတာ လွယ်သွားမှာဖြစ်ပေမယ့် ယခင်က အရေးကြုံရင် အလွယ်တကူ ခရီးဝေးပြေးဖို့က လေယာဉ်ပျံမရှိလို့ ခက်ခဲခဲ့ပါတယ်။ တပ်ထဲက လေယာဉ်တွေက အဝေးသွားလို့မရပါ။ ယခုနောက်ဆုံး လေယာဉ်ပျံဝယ်လိုက်တာကြောင့် ထွက်ပြေးရတာ လွယ်သွားမှာပါ။ ဒါကတော့ မအလရဲ့ လက်တွေ့ဆန်တဲ့ ထွက်ပေါက်ပါ။ ယခင်က တရုတ်မှာ ရင်းနှီးမြုပ်နှံလေ့ရှိပေမယ့် ယခုနောက်ပိုင်း မအလရင်းနှီးမြုပ်နှံတဲ့ ဟောင်ကောင်ကငွေနဲ့ ရှယ်ရာတွေကိုရောင်းချပြီး ရုရှားကို ရွှေ့နေပါတယ်။ ဒီထွက်ပေါက်တွေထဲက စစ်နိုင်ဖို့နဲ့ ရွေးကောက်ပွဲတွေကနေ သူကြိုးစားမှာဖြစ်ပေမယ့် မအလဟာ ဒါတွေမဖြစ်နိုင်ရင်လဲ ထွက်ပြေးဖို့က ပြင်ထားပြီးသားပါ။ ပြည်သူက ဘာမှတွေဝေမနေဘဲ NUG အောက်က PDF ကိုသာ PRF ကတဆင့် ထောက်ပံ့ပါ။ ပြည်သူ့ငွေက ငွေခေါင်းကွဲလို့မရပါ။ ငါတို့နိုင်မှာလားဆိုတော့ အမေရိကန်လို ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံတောင် လေကြောင်းကနေမနိုင်ခဲ့ပါ။ ရုရှားလဲ လေကြောင်းကနေ အာဆတ်ကိုမနိုင်ခဲ့ပါ။ မအလရဲ့ ထွက်ပေါက်က အာဆတ်အတိုင်းပါဘဲလို့သာ ‌ပြောပါရစေ။ အာဆတ်လဲ အစပိုင်းစစ်နိုင်ခဲ့သလို ရွေးကောက်ပွဲမှာလဲ မဲအပြတ်နဲ့ သမ္မတဖြစ်ခဲဘပေမယ့်လဲ မော်စကိုကို ပြေးခဲ့ရတာပါဘဲ။ နောက်ဆုံးက ပြည်သူသာ အဓိကပါ။ https://www.myattunoo.com/post/မအလထ-က-ပ-က-ကဘ-တ-လ

  • မအလထွက်ပေါက်ကဘာတွေလဲ? မအလဟာ အာဏာသိမ်းပြီးမှာ အုပ်ချုပ်ရတာလွယ်မယ်လို့ထင်ခဲ့ပေမယ့် ယခုအချိန်အထိ မြို့တွေဆက်လက်ဆုံးရှုံးနေတာ အားလုံးမြင်နေ တွေ့နေရမှာပါ။ မအလဟာ မြို့အချို့ကိုလဲ လူသစ်အင်အားနဲ့ ပြန်သိမ်းဖို့ကြိုးစားနေတာလဲ အားလုံးအသိပါ။ စစ်တပ်ရဲ့သဘောအရ စခန်းချတပ်စွဲရင်တောင် ဆုတ်လမ်းကို ကြည့်ထားရပါတယ်။ ဥကရစ်ထလို သက်ရှိစည်းရိုးက ရုပ်ရှင်ထဲမှာသာပါ။ ဒါဆို မအလရဲ့ ထွက်ပေါက်က ဘာတွေလဲ? မအလဟာ ဖြစ်နိုင်ရင်တော့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ရတဲ့နည်းနဲ့ ပြန်လိုချင်ပါတယ်။ မအလတပ်ထဲမှာ ယခင်ကအမြဲရေးခဲ့သလိုပဲ လွိုင်ကော်မှာနိုင်ခဲ့တဲ့ဗျူဟာကို အမြဲပြန်သုံးသပ်ပြီး တပ်ထဲမှာမျှဝေ သင်ကြားလေ့ရှိပါတယ်။ ထိုသူကိုလည်းရာထူးတိုးတက်ပေးခဲ့ပြီးပါပြီ။ သူကဒုချုပ်အဆင့်ထိတောင်ဖြစ်လာနိုင်တဲ့အခြေအနေရှိပါတယ်။ ထိုဗျူဟာမှာ အဓိကအချက်က ဒေသခံ ခွေးဖြစ်ချင်တဲ့ အောင်ခမ်းထီလိုတိုင်းရင်းသားအဖွဲ့တွေကို ရှေ့ကနေအသုံးချတာ ဒရုံးနည်းပညာအဆင့်မြင့်တာ လက်နက်ကြီးပစ်ခတ်မှုအင်အား တိုးတက်အောင်အဆင်မြင့်တာ ရန်သူကတိုက်တဲ့ ဒုံးတွေတပ်လို့မရအောင် ဂျန်မာတွေကို တရုတ်ကတင်မကဘဲ ရုရှား၊ ဘူလာရစ်နဲ့ အီရန်တို့က ဝယ်ယူတင်သွင်းတာ‌တွေဖြစ်ပါတယ်။ အနောက်တိုင်းက ဂျန်မာအချို့ကိုလည်း ထိုင်း၊ စင်္ကာပူနဲ့ ဒူဘိုင်းကတဆင့်ရသလောက်တင်သွင်းပါတယ်။ ယခုအဆိုပါနည်းပညာတွေကိုအခြေခံပြီး နောင်ချိုကိုထိုးစစ်ဆင်‌ နေသလို ဖားကန့်ဘက်ကိုလည်း သူစစ်ဆင်နေပါတယ်။ ကျောက်ဖြူနဲ့ ဗန်းမော်မှာလည်း နည်းပညာမြှင့်ပြီး ခုခံနေပါတယ်။ လားရှိုးကနေလည်း ကိုးကန့်ထံက ယခင်အထူးဒေသများကလွဲ၍ ကျန်ဒေသများကို ပြန်တောင်းနေပါတယ်။ မရရင် တိုက်ယူမှာပါ။ နောင်ချိုဟာ မအလတပ်သိမ်းခါနီးနေပြီး ပြီးရင် TNLA သိမ်းထားတာကို ပြန်တိုက်ယူမှာပါ။ ကျော်စွာလင်းက စစ်မတိုက်တတ်ပေမယ့် စစ်ရှုံးတာပြောတာကိုတော့ လက်ခံနားထောင်ပြီး လိုအပ်တဲ့အခြားကိစ္စတွေကိုတော့ အလျင်အမြန်ဖြည့်ဆည်းပေးပါတယ်။ ဒါက မအလရည်မှန်းထားတဲ့ စစ်နိုင်ပြီးထွက်တဲ့ ထွက်ပေါက်ပါ။ ဒါက ဘယ်လောက်ဖြစ်နိုင်သလဲ စာဖတ်သူများ အလွယ်တကူ တွေ့ရှိနိုင်မှာပါ။ မအလထက်တော်တဲ့ ဘိုးအေတွေတောင် မနိုင်ခဲ့တဲ့စစ်က မအလလက်ထက်မှာ ရခိုင်တစ်ပြည်လုံး၊ ချင်းတစ်ပြည်လုံး၊ ရှမ်းမြောက်တစ်ခုလုံး အသိမ်းခံရပြီးမှ ပြန်ရမယ်ဆိုတာကတော့ စိတ်ကူးယဉ်ဆန်တက်ထွက်ပေါက်တစ်ခုပါ။ ယခုအချိန်မှာ မအလတပ် ဆုံးရှုံးရတာတွေက ကရင်၊ စစ်ကိုင်းနဲ့ မကွေးမှာ ဖြစ်နေပါတယ်။ ဒါကြောင့် နိုင်တာက မအလထင်သလို ထွက်ပေါက်အထိဖြစ်နိုင်ခြေ နည်းပါတယ်။ ဒုတိယရည်မှန်းထားတဲ့ ထွက်ပေါက်ကတော့ရွေးကောက်ပွဲကနေပြီးတော့ထွက်ချင်တဲ့ထွက်ပေါက်ပါ။ မအလဟာ မနိုင်နိုင်အောင် အချိုးကျစနစ်ကော မဲများသူနိုင်စနစ်ကို ရောသမမွေးပြီး သူနိုင်အောင်လို့ စစ်ထွက်လူများနဲ့ ပေါင်းပြီးပြင်ဆင်ထားပါတယ်။ ဒါပေမယ့်လည်း သူ့မှာစိတ်မချနိုင်သေးပါ။ ဒါကြောင့် လက်နဲ့မဲရေတွက်လို့ရှိရင် ရှုံးသွားနိုင်လို့ ဘယ်လိုမှမရှုံးနိုင်အောင် မဲခလုတ်ဘာကိုနှိပ်နှိပ် သူတို့သာနိုင်မယ့် လေးအပေါင်း‌လေး အဘဘာလိုချင်လဲဆိုတဲ့အဖြေထွက်မယ့် စက်ကြီးတွေနဲ့ မဲပေးရွေးကောက်ပွဲကိုလုပ်မှာပါ။ ရွေးကောက်ပွဲဖြစ်ရင် မအလက ပေးနိုင်ခြင်တဲ့လူအချို့မဲနိုင်ပြီး မအလက သူ့ကိုယ်သူသမ္မတလုပ်ချင်ရင်လုပ်နိုင်သလို သူပေးလိုသူကိုလည်းသမ္မတပေးလုပ်ပြီး သူကတော့ဘရွှေစတိုင် ထွက်ဖို့ဆိုတာကတော့ မဖြစ်နိုင်ပါ။ ဒါ့အပြင် တရုတ်က တောင်းဆိုထားတဲ့ ရွေးကောက်ပွဲအလွန်မှာ အမေစုနဲ့ပြန်လွှတ်တာ တွေ့ဆုံဆွေးနွေးတာတွေက သူကိုယ်တိုင်မလုပ်လဲ တက်လာတဲ့သူကလုပ်ရမှာပါ။ တရုတ်ပြောတာမလုပ်ခဲ့လို့ရှိရင် သူကစစ်နိုင်အောင်နယ်မြေထိန်းချုပ်နိုင်အောင်တိုက်ပြရမှာဖြစ်ပြီး တရုတ်ကိုငါနယ်မြေထိန်းချုပ်ထားတယ်ဆိုတဲ့ ပါဝါ နဲ့သာ ပြန်စကားပြောရမှာပါ။ သူကယခုအတိုင်းစစ်မနိုင်ဘဲတမ်းလမ်းဖြစ်ခဲ့ရင်တော့ တရုတ်ကလည်း ဇာတ်မျောကြီးကို အကြာကြီးစောင့်နေနိုင်မယ်မထင်ပါ။ တရုတ်ပြောတာမလုပ်ရင် ရှမ်းမြောက်ကစစ်ပွဲတွေပြန်စနိုင်ပြီး မအလပြုတ်တဲ့အထိဖြစ်သွားနိုင်တာပါ။ ဒါကြောင့်မို့လို့ ရွေးကောက်ပွဲမှာမဲနိုင်ရင်တောင် မအလအစိုးရအဖွဲ့နိုင်ခဲ့ရင်တောင်မှ ပြဿနာက မအလအတွက်ပြီးဆုံးသွားမှာမဟုတ်ဘဲ ထွက်ပေါက်ရသွားတာမဟုတ်ပါ။ ယခင်ဘစိန်လက်ထက်က လုပ်နိုင်ခဲ့တာက ထိုအချိန်မှာ NUG နဲ့ PDD မရှိခဲ့ပါ။ ယခုအားလုံးမှာ ဗျောက်တွေနဲ့ဖြစ်သွားခဲ့ပါပြီ။

  • ပြည်သူကတော့ အမေစုကိုထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေစုရဲ့ အသက် (၈၀) ပြည့်မွေးနေ့မှာ NUG အောက် က PDF ကို PRF ကတဆင့် များများလှူပေးပါ။ ငှက်ကင်ရှိရှိ မရှိရှိ ပြည်သူရှိရင် ဒီတိုက်ပွဲက နိုင်မယ်ဆိုတာ ဗီယက်နမ်၊ အာဖဂန်နဲ့ ဆီးရီးယားတို့မှာ သက်သေတွေရှိပါတယ်။ ပြည်သူသာ အဓိကပါ။ https://www.myattunoo.com/post/အစ-စရ-န-အ-ရန-မ-င-က-ကင-ရ-လ

  • အစ္စရေးနဲ့အီရန်မှာ ငှက်ကင်ရှိလား? မြန်မာပြည်မှာ တတိယအင်အားစု‌ခွေးနဲ့ စစ်ခွေးတွေအော်တာကတော့ မအလက ဗုံးကြဲပြီးရင် ငှက်ကင်ဘယ်မှာလဲဆိုတဲ့ မေးခွန်းလေးတွေဖြစ်ပါတယ်။ ဒီကိစ္စကို အစ္စရေးနဲ့အီရန်ကိစ္စလေးနဲ့ ထပ်ပြီးလေ့လာကြရအောင်။ အီရန်က ရုရှားနှင့်တရုတ်ဆီက လက်နက်တွေ ငှက်ကင်‌‌တွေ၊ ဒုံးပျံတွေဝယ်ပါတယ်။ ရုရှားက နောက်ဆုံးပေါ် ငှက်ကင်တွေ S-300 တွေကို အကုန်ရသလောက်ဝယ်ပါတယ်။ တရုတ်ဆီကလည်း ငှက်ကင်တွေဝယ်သလို အသံထက်မြန်တဲ့ဒုံးပျံတွေကိုလည်းဝယ်ပါတယ်။ သူဖာသာသူလည်း ထုတ်ပါတယ်။ အီရန်ရေနံတွင်းတွေက ကမ္ဘာပေါ်မှာတတိယအကြီးဆုံးလို့ ပြောကြပါတယ်။  တတိယအကြီးဆုံး ရေနံရှိသူပါ။ ဒါကြောင့်သူ့ရဲ့ဓနအင်အားကတော့ NUG လို တစ်လမှာ ဝိုင်းပေးတဲ့ဒေါ်လာသိန်းဂဏန်းနဲ့ ယှဉ်လို့ရှိရင် မိုးနဲ့မြေလို့ကွာနေပါတယ်။ အီရန်က ဒရုံးတွေကိုလဲ သူ့ဖာသူထုတ်ပြီး ရုရှားကိုတောင်ရောင်းနိုင်တဲ့အဆင့်ထိ ရှိပါတယ်။ ဒါဆိုအစ္စရေးဘက်ကို လေ့လာကြရအောင်။ အစ္စရေးမှာအမေရိကန်ထုတ်နောက်ဆုံးပေါ်လေယာဉ်ပစ် လက်နက်တွေရှိသလို Iron dome, David sling နဲ့ နောက်ဆုံး‌ ပေါ် Arrow 3 ဒုံးကွင်းဒုံးတွေလည်းရှိပါတယ်။ အစ္စရေးလေယာဉ်ပျံတွေက အမေရိကန်ကနောက်ဆုံးပေါ်ရောင်းထားတဲ့ လေယာဉ်ပျံတွေပါ။ အစ္စရေးက အမေရိကန်ရဲ့သားအရင်တွေပါ။ အမေရိကန်ကအစွရေးကိုလာတိုက်ရင် ကြားထဲကနေလည်း ဝိုင်းကူပစ်ချပေးပါတယ်။ အမေရိကန်ထင်မဟုတ်ဘဲနဲ့ အင်္ဂလန်၊ ပြင်သစ်တို့ကပါ ဝိုင်းပြီး အစ္စရေးကိုလာတိုက်တဲ့ ဒုံးပျံတွေကိုဝိုင်းပစ်ပေးကြပါတယ်။ ဒါကြောင့်ကမ္ဘာပေါ်မှာ စစ်အင်အားပထမအကြီးဆုံး ခေတ်အမှီဆုံးနိုင်ငံကြီးရဲ့ရင်ခွင်ပိုက်သားဖြစ်လို့ အစ္စရေးရဲ့ လေကြောင်းရန်ကာကွယ်ရေးငှက်ကင်စနစ်ကတော့ အကောင်ဆုံးလို့ ထင်ရဖွယ်ရှိပါတယ်။ အစ္စရေးရဲ့စစ်ရေးအတွက်သုံးတဲ့ ငွေတွေနဲ့ လက်နက်ပိုင်းဆိုင်မှုကို NUGက လစဉ်မဖြစ်စလောက်ဝင်နေတဲ့ ဒေါ်လာသိမ်းဂဏန်းနဲ့ ယှဉ်လိုက်လို့ရှိရင်တော့ မိုးနဲ့မြေလို့ကွာခြင်းတိုင်း ကွာနေတာအားလုံးက သတိထားမိမှာပါ။ ယခုစစ်ပွဲမှာ အစ္စရေးကတိုက်ခိုက်ချိန်မှာ အီရန်ရဲ့ ငှက်ကင်တွေက ဘာမှမပစ်ချနိုင်ခဲ့ပါ။ အစ္စရေးဟာ အီရန်ရဲ့ အနုမြူပစ်မှတ်တွေ စစ်ဘက်ဆိုင်ရာလူကြီးတွေကို ကြက်လို ငှက်လို ပစ်ချင်သလို ပစ်နေတာတွေ့ရပါတယ်။ အီရန်ရဲ့ကောင်းကင်ကြီးဟာ ယခုအချိန်မှာ ငှက်ကင်နဲ့ခုခံနိုင်စွမ်းမရှိတော့ဘူးဆိုပြီး အစ္စရေးရော အမေရိကန်သမ္မတကပါ တရားဝင်ထုတ်ပြောလာနေကြပါပြီ။ ဒါကဘာကိုပြသလဲဆိုတော့ ရုရှားနဲ့တရုတ်တို့ကထောက်ပံ့တဲ့အီရန်ရဲ့ငှက်ကင်တွေဟာ အစ္စရေးကလာတိုက်တာကို ဘယ်လိုမှမကာကွယ်နိုင်ဘဲ ပက်ပက်စက်စက် အရှုံးပေးနေရတာကို ပြနေပါတယ်။ ဒါဆိုရင် အမေရိကန်ရဲ့ရင်ခွင့်ပိုက်သားလေး အစ္စရေးကရော အီရန်ကပစ်သမျှ လက်နက်တွေကို ကာကွယ်နိုင်နေပါပြီလား။ အစ္စရေးရဲ့ ငှက်ကင်တွေက အစ္စရေးတစ်နိုင်ငံထဲကတင်မဟုတ်ဘဲ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု၊ အင်္ဂလန်၊ ပြင်သစ်တို့ကပါ ဝိုင်းပြီးပင်လယ်ထဲကနေကာကွယ်ပေးကြတာပါ။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း အီရန်ရဲ့ အသံထက်မြန်တဲ့ဒုံးပျံကို မကာကွယ်နိုင်ဘဲ အစ္စရေးရဲ့အရေးကြီးပသ်မှတ်အချို့ ပစ်ခတ်ခံခဲ့ရတာ အားလုံးသတိထားမိမှာပါ။ ဒါက ခေတ်မီနည်းပညာတွေနဲ့ တိုက်ခိုက်တဲ့ စစ်ပွဲမှာ ငှက်ကင်တွေကလည်း ရှိတိုင်းအလုပ်မဖြစ် အကန့်အသတ်နဲ့သာ အလုပ်ဖြစ်နိုင်တာကို ပြတာပါ။ အစ္စရေးကိုထိတာက အမေရိကန်အင်္ဂလန်နဲ့ပြင်သစ်ရဲ့ ငှက်ကင်တွေကပါ အလုပ်မဖြစ်ဘူးဆိုတာကို ပြသသွားခဲ့ပါတယ်။ ဒီနေရာမှာ စာရေးသူတို့က ဘာလုပ်ရမလဲဆိုတော့ သတင်းတွေဖတ်ရင် ဦးနှောက်နဲ့ ဖတ်ဖို့လိုအပ်ပါတယ်။ စစ်ကိုင်းကအချို့ရွာတွေမှာက NUG မအာက်က တိုက်ရိုက်မဟုတ်တဲ့အဖွဲ့တွေက သူတို့ကသွားတိုက်လို့အဆင်ပြေနိုင်ခဲ့ရင် ခေတ်သစ်ကနေ သတင်းထုတ်ပြန်ပြီး သူတို့ကြောင့်မအလကလာတိုက်ရင် NUG ဘယ်မှာလဲဆိုပြီး အပစ်တင်သလိုရေးတာက သိပ်အဆင်မပြေပါ။ လေယာဉ်ပျံကိစ္စလည်း အမှန်ကိုသိပေမဲ့ အကျိုးမရှိလို့မရေး‌ တော့ပါ။ အားလုံးသတိထားရမှာက ကွန်မြူနစ်နဲ့ ကွန်မြူနစ်ဝါဒကိုထောက်ခံတဲ့ သတင်းသမားတွေကို သတိထားပါ။ အခုအချိန်မှာတော့ သူတို့ဟာဒီမိုကရေစီ‌ ယောင်ယောင်နဲ့  ဟိုလိုလို ဒီလိုလိုမို့လို့ မသိသာပေမယ့် တော်လှန်ရေးအောင်လာရင် ခြေပိုရှုပ်လာမှာပါ။ ပြည်သူက မိမိလုံခြုံရေးကိုဂရုပြုပါ။ NUG အနေနဲ့လည်း မိမိတပ်တွေရဲ့လုံခြုံရေးကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်တွေနားမှာ ဒရုံးဂျန်ဘာတွေကိုထားပါ။ အရေးကြီးပုဂ္ဂိုလ်ဆိုတာက NUG ရဲ့ ဝန်ကြီး၊ ဒုဝန်ကြီးအဆင့်နဲ့  မိမိရဲ့တပ််က တိုင်းမှူး၊ ဗျူဟာမှုးအထက်အဆင့်တွေနားမှာ ဒရုံးပစ်ချနိုင်တဲ့လက်နက်ထားနိုင်အောင် ကြိုးစားရှာဖွေကြံစည်ပါ။ အီရန်မှာဖြစ်သွားတာက အတွင်းစည်းလုံခြုံရေးကြိုးပေါက်တာတွေလည်းပါပါတယ်။ အချို့PDF ကလေးတွေအနေနဲ့ မကြိုက်သော်လဲ မအလစစ်တပ်ထဲဝင်ပြီး တန်ပြန်တောက်လှန်းရေး ပိုလုပ်နိုင်အောင်ကြိုးစားပါ။ ထိုသွေးသစ်တွေက လက်ရှိဖရဲသီးတွေထက် ပိုပြီး လက်သံပြောင်ပြောင်လုပ်နိုင်ကိုင်နိုင်မှာပါ။

  • စာရေးသူနဲ့သိတဲ့အတိုင်းအဝိုင်းကိုပြောပြပါရစေ။ ဟိုနေ့က ဗိုလ်မှူးကြီးတယောက်က သူ့ကလေးကတော့ အမေရိကန်ဗီဇာကိုလျှောက်ဖို့လုပ်ထားတာ ကျောင်းသွားတက်လို့ မရတော့ပါဘူး။ သူတို့ကလည်းသူတို့အဖေဗိုလ်မှူးကြီးနာမည်နဲ့မလျှောက်ပါဘူး။ အားလုံးအတုလုပ်လို့ရပါတယ်။ နောက်တပ်ကထွက်သွားတဲ့ယခုအုပ်ချုပ်ရေးမှူးဖြစ်နေတဲ့လူလေးယောက်လောက်ရှိပါတယ်။ တယောက်ကပြည်ထဲရေးကအတွင်းဝန်အဆင့်လောက်ရှိပါတယ်။ သူ့သမီးက အော်စီမှာပါ။ နောက်တစ်ယောက်ကခရိုင်အုပ်ချုပ်ရေးမှူးအဆင့်ပါ။ သူ့သမီးကတော့အင်္ဂလန်မှာပါ။ နောက်တစ်ယောက်ကလဲ ခရိုင်အဆင့်ပါ။ သူ့သားကအမေရိကန်မှာကျောင်းတက်ဖို့ဗီဇာလွန်ခဲ့တဲ့နှစ်ကရသွားခဲ့ပါတယ်။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။ ဆေးကျောင်းတစ်ခုက နန်းပါမောက္ခတစ်ယောက်ရဲ့ သားကလည်း ကနေဒါကိုကျောင်းတက်ဖို့ဗီဇာရပြီးသွားတက်နေပါပြီ။ နောက်နေပြည်တော်ကဆေးရုံကပါမောက္ခကြီးရဲ့သားသမီးတွေကလည်းအမေရိကန်မှာတက်နေပါတယ်။ သူကလည်းနန်းပါပဲ။ အမေရိကန်ကနန်းတွေရဲ့သားသမီးတွေကိုတော့ဗီဇာပေးပြီးသူတို့သာအမေရိကန်ဝင်ခွင့်ရနေကြတာပါ။ CDM တွေကထွက်ပြေးနေရလို့ သူတို့သားသမီးတွေကအမေရိကန်အင်္ဂလန်ပြင်သစ်၊ အော်စီဗီဇာလျှောက်ဖို့ နေနေသာသာ ထိုင်းရောက်အောင်တောင်မနည်းထွက်ပြေးနေရတာပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါ။ ခရိုနီအကြီးတွေကိုဗီဇာပိတ်ပေမယ့် ခရိုနီမဟုတ်ဘဲပိုက်ဆံချမ်းသာပြီး တိုင်းပြည်ဘာဖြစ်နေနေ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့လူတန်းစားကတစ်ဖက်ရှိပါတယ်။ သူတို့ကလည်းသူတို့သားသမီးကိုအမေရိကန်ပို့လိုက်အမေရိကန်မှာသွားပြီးဓာတ်ပုံတွေရိုက်လိုက်တင်လိုက်နဲ့ဟေ့ဟာဟာနဲ့ပျော်နေကြတာပါ။ တိုင်းပြည်တော်လှန်ရေးအတွက်တစ်ပြားမှမကူဘဲ အမေစုပုံလေးတင်လိုက်တာနဲ့ တော်လှန်ရေးဆိုပြီး ထင်ကျတဲ့ တစ်ကိုယ်ကောင်းဆန်သူတွေပါ။ သူတို့ဟာလည်းနိုင်ငံရေးနဲ့ကင်းလို့ မအလထံက နိုင်ငံကူးလက်မှတ်ရသလို အမေရိကန်အစိုးရကလည်း သူတို့ကို ဗီဇာတောင်းတိုင်းထုတ်ထုတ်ပေးခဲ့ပါတယ်။ သူတို့သားသမီးတွေကလည်း အမေရိကန်၊ အင်္ဂလန်မှာအော်စီ၊ စင်္ကာပူတွေမှာကျောင်းတွေသွားတက်နေကြပါတယ်။ ယခုအမေရိကန်ကဗီဇာပိတ်လိုက်လို့ သူတို့ဟာလည်း စစ်ကိုင်းကကလေးတွေလို မကွေး၊ မြစ်ကြီးနား၊ ရခိုင်၊ ကရင်နီက ကလေးတွေနဲ့ တန်းတူဖြစ်သွားခဲ့ပါပြီ။ သူတို့ သံဝေဂရချင်ရင် ငါတို့တိုင်းပြည်ကိုလွတ်မြောက်အောင်လုပ်မှာသာ ငါတို့သားသမီးတွေလည်းနိုင်ငံခြားထွက်ရမယ်ဆိုတဲ့အသိတရားကိုရသွားမှာပါ။ အနည်းဆုံးတော့အမေရိကန်သွားလို့မရတော့ဘူးဆိုတဲ့အသိတော့ သူတို့စဝင်သွားပါပြီ။ စာရေးသူတို့တော်လှန်ရေးလုပ်ရာမှာ အီလွန်နဲ့ဒေါ်နယ်ထွန်းရန်ဖြစ်တာကို ကျီးကရာ ငေးမောမနေဘဲ ဒီမိုကရက်-ရီပတ်ပလစ်ကန်ရန်ဖြစ်တာကိုသူ့ဘက်ကိုယ့်ဖတ်ခွဲခြားမနေဘဲ မိမိတော်လှန်ရေးကိုသာ မိမိအာရုံစိုက်လုပ်ဆောင်ပါ။ ဘယ်သူကလာကယ်လိမ့်မယ်။ဟိုလူကလာကယ်လိမ့်မယ်ဆိုတဲ့မျှော်တာကိုလျှော့ပါ။ မိမိအစိုးရ NUG အောက်က PDF အားရှိအောင်အစဉ်တစိုက် PRF ကတဆင့် ထောက်ပံ့ပါ။ ငါတို့တပ်ကိုငါတို့ထောက်ပံ့မှ သူတို့အားရှိမှ ငါတို့ပြည်သူတွေလွတ်မြောက်မှာပါ။ ဒေါ်နယ်ထွန်းကတော့ နန်းတွေရဲ့ကလေးတွေလည်းနိုင်ငံခြားထွက်လို့မရ အဘသားသမီးတွေလည်းနိုင်ငံခြားထွက်လို့မရ အနည်းဆုံးတော့အမေရိကန်ကိုသူတို့လည်းစစ်ကိုင်းကကလေးတွေလို ထွက်လို့မရအောင်လုပ်ပေးလိုက်တာပါ။ အားလုံးပြောနေတဲ့ NUG ဝန်ကြီးတွေကိုလည်းပြည်တွင်းမှာနေနိုင်အောင်ဒေါ်နယ်ထွန်းက သွယ်ဝိုက်ပြီးတွန်းအားပေးလိုက်တာပါ။ အားလုံးသိထားရမယ့်အချက်ကငါတို့အတူရုန်းမှ တိုင်းပြည်လွတ်မြောက်မှာပါ။ ကိုးကန့်ဒေသလွတ်မြောက်လို့ လွတ်မြောက်ပြီထင်နေရင်အဲဒီအယူအဆက သူတို့ကိုသူတို့ပြန်ပြီးဒုက္ခပေးမှာပါ။ ဒါကြောင့်ငါတို့အတူရုန်းနိုင်အောင် ပြည်သူက NUG အောက်က pdf ကိုထောက်ပံ့ခြင်းဖြင့် ပန်းတိုင်ကိုအမြန်ရောက်နိုင်အောင် လျှောက်ကြပါစို့။ https://www.myattunoo.com/post/ဒ-နယ-ထ-န-မ-ပ-သ-လ-ပ-င-တ-အတ-ရ-န-က-မယ

  • ဒေါ်နယ်ထွန်းမှပြောသော လာပါငါတို့အတူရုန်းကြမယ် ဒေါ်နယ်ထွန်းမြန်မာတွေဗီဇာပိတ်လိုက်တာကို ဝမ်းနည်းသူတွေရှိကြပါတယ်။ အမေရိကန်ကိုသွားဖို့ပြင်ထားပြီး မသွားလိုက်ရသူတွေအတွက်တော့စိတ်မကောင်းပါ။ ဒါကစာရေးသူတို့တော်လှန်ရေးကိုဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲ။ ယခင်ထဲက မြန်မာလူမျိုးတွေဗီဇာလျှောက်ရင် မြန်မာဆိုရင် ဗီဇာလျှောက်ရတာ ခက်တာ အားလုံးမပြောလည်းသိတဲ့ လျှို့ဝှက်ချက်ပါ။ မလေးရှားနဲ့ထိုင်းကတောင် ကျပ်နေတာအားလုံးသိမှာပါ။ ဒါဆိုရင် ဒေါ်နယ်ထွန်းပိတ်ဆို့မှုတွေကစာရေးသူတို့တော်လှန်ရေးကိုဘာအကျိုးသက်ရောက်မှုရှိနိုင်ပါသလဲ။ ပထမဆုံးက ဒုက္ခသည် ချထားမှုကိုမပေးဘူးဆိုကြပါစို့။ အားလုံးဝေဖန်နေတာက NUG ဝန်ကြီးအချို့ ပြည်ပသွားလို့ဆိုပြီးပါ။ အမေရိကန်ကအများဆုံးပေးလို့ သူကမပေးတော့ဘူးဆိုရင် အမတ်တွေရော ဝန်ကြီးတွေပါ ဘုရင်နောင်ဖောင်ဖျက်ဖြစ်ပြီး တော်လှန်ရေးအတွက် ငါတို့အိမ်ပြန်ဖို့ ပိုအလုပ် လုပ်ရမယ်ဆိုတာ ပိုတွန်းအားပေးလိုက်သလိုသာ ဖြစ်သွားမှာပါ။ ဒါကသမ္မတကြီးဒူးဝါးလက်ရှီလာ ပြောလိုက်တာထက်တောင်ပိုပြီး ဖိအားပေးလိုက်တာပါ။ ဒါပေမဲ့ ယခင်ထဲက သူရဲကောင်းတွေဖြစ်တဲ့ လက်ရှိဝန်ကြီးချုပ်ဦးမန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၊ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်တို့ဟာ ထိုအချိန်ထဲက အမေရိကန်နိုင်ငံကို သွားခွင့်ရခဲ့ပေမယ့် မသွားဘဲ တိုင်းပြည်အတွက်နေခဲ့ကြသူတွေဆိုတာဘယ်တော့မှမမေ့ပါနဲ့။ တချို့ NUG အစိုးရကိုဝေဖန်တဲ့ အမတ်တွေရှိပေမယ့် အချို့ကဩစီရောက်နေကြသလို အချို့ကလည်း နိုင်ငံခြားမှာရောက်နေကြတာပါ။ ဒါက NUG အစိုးရအဖွဲ့အတွက် ဒေါ်နယ်ထွန်းကပေးလိုက်တဲ့ တွန်းအားပါ။ နောက်သာမန် မြန်မာဒုက္ခသည်အဖြစ်နေထိုင်သူတွေကိုကြည့်ရအောင်။ တကယ်ဒုက္ခသည်အစစ်က၁၀ဆိုလို့ရှိရင် စီးပွားရေးအရဒုက္ခသည်ခံသူတွေ စစ်အစိုးရနဲ့နွယ်ပြီး ဒုက္ခသည်အတုအယောင်ခံပြီး NUG ကို ဖောင်းထုဖို့ကြိုးစားတဲ့ တပ်ကမိုးညိုလို ခွေလေးတွေအများကြီးပါ။ အချို့ သတင်းထောက်ဆိုပြီး ဒုက္ခသည်ရ ဘွန်းစား ဆေးချပြီး အွန်လိုင်းကဘာမှတိုင်းပြည်အတွက်မလုပ်ဘဲ ဖောင်းထုနေတဲ့ကောင်တွေကအရင်ဆုံးအမေရိကန်ကိုရောက်တာ အားလုံးမမေ့ကြပါနဲ့။ နောက်အချို့တွေက ပညာတော်သင်အနေနဲ့ တတိယအုပ်စုကမြှောက်ပေးပြီး ပညာတော်သင်ရ အမေစုဖေါင်းထု NLD ဖောင်းထု NUG ဖောင်းထုသူတွေက DEI သန်းငါးဆယ် ပညာတော်သင်ကို ရပ်လိုက်တဲ့အချိန်မှာထိမဲ့သူအများစုသာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တော်လှန်ရေးကိုဖောင်းထူသူတွေအများစုရဲ့တတိယအုပ်စုဝင်ငွေလမ်းကြောင်းဖြစ်တဲ့ သံဃာစင်ကပိတ်သွားမှာပါ။ ဒါကလည်း တော်လှန်ရေးမှာ ကူညီတာနည်းနည်း ဖောင်းထုတာများများ မဟုတ်တဲ့မျှော်လင့်ချက်တွေပေးနေတဲ့ အနောက်မျှော်ဝါဒကို ဒေါ်နယ်ထွန်းရဲ့ မျက်နှာဖုံးခွာချလိုက်မှုကြောင့် ပြည်သူတွေအားလုံး မျက်ဝါးထင်ထင် မြင်ခွင့်ရလိုက်တာပါ။ ယခုဗီဇာပိတ်တာကို ကြည့်ရအောင်။ စာရေးသူတို့စစ်ကိုင်းကကလေးတွေ မကွေးကကလေးတွေ စစ်ဖြစ်နေတဲ့ရခိုင်က ကရင်နီက ကရင်ပြည်နယ် မြစ်ကြီးနားက ကလေးတွေထဲက ဘယ်နှစ်ယောက်ကများ အမေရိကန်ဗီဇာကိုလျှောက်နေကြပါသလဲ။

  • ရုရှားငှက်ကင်တွေဘယ်ရောက်သွားလဲ မအလတပ်က ပြည်သူတွေကိုဗုံးကြဲရင် တတိယခွေးအုပ်စုနဲ့ စစ်ခွေးအုပ်စုတို့ ပြောလေ့ရှိတာက ငှက်ကင်တွေဘယ်မှာလဲဆိုတာပါ။ မနေ့က တိုက်တိုက်ဆိုင်ဆိုင်ပဲ ရုရှားက ဒရုန်းတွေနဲ့ပစ်တာကို ယူကရိန်းက အမေရိကန်နေတိုးထောက်ပံ့ခံဖြစ်သော်လည်း ဒေါ်လာဘီလီယံသုံးရာလေးရာအထက်ရရှိသော်လည်း မကာကွယ်နိုင်တာကို တကယ်ရိုးသားစွာမသိသူတွေအတွက် ရှင်းပြခဲ့သလို ဘောမတွေ တတိယခွေးအုပ်စုတွေနားလည်အောင်လည်းရှင်းပြခဲ့ပါတယ်။ တိုက်ဆိုင်စွာပဲ အဆိုပါဆောင်းပါးတင်တဲ့နေ့မှာဘဲ ရုရှားကို ယူကရိန်းက ဒ ရုန်းတွေနဲ့ ပြန်စော်သွားခဲ့ပါတယ်။ ရုရှားဟာ မအလခွေးတပ်ရဲ့ ဖခင်ကြီးပါ။ ကြွက်မင်းကြီးပေါ့။ ရုရှားဟာ အမေရိကန်ပြီးရင် ဒုတိယအဆင့်အားအကြီးဆုံးတိုင်းပြည်ပါ။ ဒါကတော့ဘောမထွေးလည်း ထောက်ခံမယ်ထင်ပါတယ်။ ငြင်းမရတဲ့အချက်ပါ။ တရုတ်ကလည်းယခုအချိန်အထိ ရုရှားကိုအဖေခေါ်နေရဆဲပါ။ ဒါကြောင့်မို့လို့ ရုရှားရဲ့လေကြောင်းရန် ကာကွယ်ရေးစနစ်ကတော့ အမေရိကန်ပြီးရင် ဒုတိယအကောင်းဆုံးဆိုတာ တတိယခွေးအုပ်စုရော ဘောမတွေပါ အားလုံးလက်ခံလိမ့်မယ်လို့ထင်ပါတယ်။ ဒါဆိုရင် ကြွက်မင်းကြီးရဲ့ ငှက်ကင်တွေက ဘာကြောင့် ယူကရိန်းလေ‌ ‌‌ ကြောင်းကတိုက်ခိုက်တာကို မကာကွယ်နိုင်ခဲ့တာပါလဲ။ ယခုစာရေးနေတဲ့အချိန်အထိ တက်လာတဲ့သတင်းတွေအရ ယူကရိန်းရဲ့ ထောက်လှမ်းရေတွေက စာရေးသူယခင်က NUG ကို အကြံပေးနေခဲ့သလိုပဲ ရုရှားအတွင်းစည်းထဲကိုဝင်ပြီးတော့ လေတပ်နားကနေ ကုန်ကားရပ်ပြီးတော့ ဒရုန်းတွေနဲ့ fibre optic လို့ခေါ်တဲ့ စွန်လွှတ်သလိုကြိုးတွေနဲ့သုံးပြီး တိုက်ခိုက်သွားခဲ့တာပါ။ သူတို့ဟာ တကယ့်မစ်ရှင်အကြီးကြီးကိုဝင်တိုက်သွားပြီး ဝင်မတိုက်ခင်တော့ အာမချောင်ခဲ့ပါ။ ပစ်မှတ်အသေးတွေကို စမ်းသပ် ပစ်မပြခဲ့ပါ။ ဒါကတော့စာရေးသူတို့အားလုံး လေ့လာသင်ယူရမယ့် သတင်းလုံခြုံ‌ ရေးအချက်ပါ။ ယခုလို တိုက်ခိုက်လို့ ကြွက်မင်းရဲ့လေတပ်က အနုမြူဗုံးကြဲလေယာဉ်ပေါင်း ၄၀ ကျော် ပျက်စီးခဲ့တယ်လို့ သတင်း‌တွေက ဆိုပါတယ်။ ပူတင်ကလဲ ပြန်ချမှာပါ။ ပြောလိုတာက ပူတင်ရဲ့ ငှက်ကင်တွေဟာ ယူကရိန်းရဲ့လေကြောင်းရန်ကို မကာကွယ်နိုင်ခဲ့ပါ။ ပူတင်ငှက်ကင်တွေ ဘယ်ရောက်သွားပါသလဲ? သူကမှ NUG လို သာမန်ကျောင်းတွေကို မကာကွယ်နိုင်ခဲ့တာမဟုတ်ဘဲ သူ့ရဲ့ စစ်ရေးအရ အချက်အချာကျတဲ့ လေတပ်စခန်းကို မကာကွယ်နိုင်ခဲ့တာပါ။ ရုရှားဟာ ကမ္ဘာမှာ ဒုတိယ စစ်အင်အားအကြီးဆုံးနိုင်ငံဖြစ်ပြီး သူလိုနိုင်ငံကတောင် မကာကွယ်နိုင်တဲ့ လေကြောင်းရန်ကို ဘာမှ ‌စစ်အသုံးစားရိတ်မရှိဘဲ လေးနှစ်သား NUG ကို မကာကွယ်နိုင်ရကောင်းလားဆိုပြီး အပြစ်တင်သူတွေရဲ့ ဦးနှောက်ကို သာမန်ပြည်သူများ စဉ်းစားလို့ရနိုင်အောင် ရေးပြတာပါ။ စာရေးသူတို့အနေနဲ့ လေကြောင်းရန်ကာကွယ်ဖို့က ယူကရိန်းကိုလေ့လာပါ။ မိမိနိုင်ငံနဲ့ ကိုက်ညီတဲ့ဗျူဟာနဲ့ သူ့တပ်ထဲဝင် ထောက်လှမ်းရေးစနစ်ကိုသုံးပြီး ယူကရိန်းကို အတုယူပါ။ ပြည်သူကတော့ ဒီလိုမျိုးစစ်ဆင်‌ရေးတွေလုပ်နိုင်အောင် PRF ကတဆင့် NUG အောက်က PDF ကို ထောက်ပံ့ပါ။ ငါတို့မှာ ငါတို့သာရှိပါတယ်။ https://www.myattunoo.com/post/ရ-ရ-င-က-ကင-တ-ဘယ-ရ-က-သ-လ

  • ယခု ရက်ပိုင်းတွေမှာ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေ ငရဲပြည်ကြွတဲ့ သတင်းလေးတွေ ခပ်စိပ်စိပ် ကြားလာနေရတာ အားလုံးသိမှာပါ။ ပြည်သူအားလုံး ညီခဲ့ရင် မအလရဲ့ အရာရှိကြီးတွေကို ငရဲပြည်ကို အမြန်ချောပို့စနစ်နဲ့ မြန်မြန်ပို့နိုင်မှာပါ။ စာပို့စနစ်နဲ့ ပြောရရင် ရန်ကုန်က မန္တလေးကို ရိုးရိုးစာတိုက်က ပို့ရင် ငွေကုန်ကျ သက်သာပေမယ့် စာရောက်တာက ကြာပါမယ်။ အမြန်ချောပို့စနစ်လေးနဲ့ ပို့ရင်တော့ ၅ ရက်ကြာမယ့်ခရီးက ငွေတန်ခိုးကြောင့် တစ်ညအိပ်နဲ့ ရောက်သွားပါမယ်။ ဒါကြောင့်မို့လို့ လိုရာကို မြန်မြန်ရောက်အောင် အမြန်ချောပို့စနစ်လေးနဲ့ ငရဲပြည်ပို့နိုင်အောင် PRF ကို ပြည်ပရောက် မြန်မာများက လစဉ်များများ ဝိုင်းလှူပေးကြပါ။ NUG အောက်က PDF တွေမှာ ပြည်သူသာရှိပါတယ်။ ပြည်သူသာ အဓိကပါ။ https://www.myattunoo.com/post/ယ-ကရ-န-မ-ပ-သ-ဘ-လ-င-တ-prf-က-ထ-က-ပ-ရမလ

  • ယူကရိန်းမှ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါဆိုရင် ပထမဆုံး ပေးရမယ့်မေးခွန်းက “ယူကရိန်းမှာ ငှက်ကင် မရှိဘူးလား” ဆိုတာပါ။ ဒါက တတိယခွေးအုပ်စု လေသံလေးနဲ့ စစ်‌‌ ခွေးလေသံလေးနဲ့ မေးကြည့်လိုက်တာပါ။ ဒီမေးခွန်းမေးတဲ့အချိန်မှာ မိမိဦးနှောက်မရှိဘူးဆိုတာကိုလည်း လူတွေကို ပြလိုက်တာပေါ့။ ပထမဆုံး ဒီမေးခွန်းကို ရိုးရိုးသားသား ပြန်ပြီး စမ်းစစ်ကြည့်ရအောင်။ မေးခွန်းက “ယူကရိန်းမှာ ငှက်ကင်မရှိဘူးလား” ဆိုတာပါ။ ယူကရိန်းက နိုင်ငံကြီးပါ။ သူတို့မှာ သမ္မတရှိပါတယ်။ သူက ဥရောပမှာရှိပြီး သူ့ကို အနောက်အုပ်စု၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေ၊ အမေရိကန်နိုင်ငံတွေက ထောက်ခံပါတယ်။ သူ့နိုင်ငံသား ဒုက္ခသည်တွေကို ယူကေ၊ ဥရောပက လက်ခံပါတယ်။ အမေရိကန်နိုင်ငံက ထောက်ပံ့မှုအနေနဲ့ ဒေါ်လာ ဘီလီယံ ၃၀၀ ထောက်ပံ့ခဲ့ပြီး၊ ဥရောပသမဂ္ဂက ဘီလီယံ ၁၅၀ ကျော် ထောက်ပံ့တယ်လို့ ဆိုပါတယ်။ ယူကရိန်းမှာ နေတိုး/အမေရိကန်က ထောက်ပံ့တဲ့ မျိုးချစ် ဒုံးခွင်းဒုံးစနစ် Patriot Air Defense System (MIM-104) ခြောက်ခု ရှိပါတယ်။ စနစ်တစ်ခုက ဒေါ်လာ ၂.၂ ဘီလီယံ ကုန်ကျပါတယ်။ ခြောက်ခုဆိုရင် ၁၃.၂ ဘီလီယံ ကုန်ကျပါတယ်။ ဒီစနစ်က ရုရှားက ပစ်တဲ့ ဒုံးပျံတွေကို ပစ်ချနိုင်ပါတယ်။ နောက် ယူကရိန်းကို အမေရိကန်နဲ့ နော်ဝေးက ပူးတွဲထုတ်လုပ်ပြီး ၂၀၂၄ မှာ ပေးခဲ့တဲ့ ဒုံးပျံနဲ့ ဒရုံးပစ်ချလို့ရတဲ့ အမျိုးသား မြေပြင်က ဝေဟင်ပစ်လက်နက် NASAMS (National Advanced Surface-to-Air Missile System) လည်း ရှိပါတယ်။ ဒါကလည်း ဘီလီယံချီ တန်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါ။ ယူကေက ထုတ်လုပ်တဲ့ ကုန်ကားအရွယ် ရွှေ့ပြောင်းရလွယ်တဲ့ လေယာဉ်နဲ့ ဒရုန်းပစ်စနစ် Stormer Air Defense System ကိုလည်း ထောက်ပံ့ခဲ့ပါတယ်။ ဒါကလည်း ဒေါ်လာဘီလီယံချီ တန်ပါတယ်။ ဒါတင်လား ဆိုတော့ မဟုတ်သေးပါ။ အမေရိကန်က ယခင်ကလက်ကျန် လေယာဉ်နဲ့ တာလတ်ပစ်ဒုံးတွေကို ပစ်ချလို့ရတဲ့ HAWK MIM-23 စနစ်တွေလည်း ပေးထားပါတယ်။ ဒါ့အပြင်၊ အမေရိကန်က အလွယ်တကူ လေယာဉ်ပစ်လို့ရတဲ့ Stinger နဲ့ Avenger ပခုံးထမ်း လောင်ချာတွေကို ပေးထားသလို၊ ပြင်သစ်၊ ပိုလန်နဲ့ အီတလီတို့က Crotale, Mistral, Piorun နဲ့ Aspide တာတိုကနေ တာလတ်ပစ်လို့ရတဲ့ ဒုံးခွင်းဒုံးတွေ ထောက်ပံ့ပေးထားပါတယ်။ ယခုရေးပြတဲ့အထဲမှာ နောက်ပိုင်း ထောက်ပံ့ဖို့ ကတိပေးထားတာတွေ မပါသေးပါ။ ဒါ့အပြင် ယူကရိန်းမှာ ဆိုဗီယက်လက်ထက်က မအလတပ်ထဲကလို S-300, Buk-M1, S-125 Neva, 2K12 Kub, 9K33 Osa, 9K35 Strela-10, 9K330 Tor အစရှိတဲ့ လေယာဉ်ပစ်လက်နက်များစွာ ရှိပါတယ်။ ဒီ‌ လောက် လေကြောင်းရန် ကာကွယ်‌ရေးလက်နက်တွေများစွာရှိတဲ့ကြားထဲက ရုရှားတိုက်တာကို ခံခဲ့ရပြီး တစ်ညထဲမှာ လူ ၃၀ သေ၊ ၁၇၀ ကျော် ဒဏ်ရာရခဲ့တာပါ။ စစ်ပွဲတွေဆိုတာ နည်းပညာတွေက အမြဲပြောင်းလဲနေတာပါ။ တရုတ်ကဆို ဒရုံးတင် လေယာဉ်ပျံကြီးကို စတင်အသုံးပြုဖို့ ပြင်နေပါပြီ။ ထိုစစ်လက်နက်တွေ ဝယ်ဖို့အတွက် ပိုက်ဆံလိုပါတယ်။ အချို့ကိစ္စတွေက ပိုက်ဆံရှိရင်တောင်မှ ရောင်းသူရှိမှ ဝယ်လို့ရတာပါ။ စာရေးသူတို့ရဲ့ အစပိုင်းတော်လှန်ရေးမှာ လူတိုင်း သေနတ်နဲ့ ကျည်ဆံရဖို့က အဓိကပြဿနာ ဖြစ်ခဲ့ပါတယ်။ ယခု နောက်ပိုင်းမှာက လက်နက်ကြီးတွေ လိုလာမှာဖြစ်သလို၊ မအလတပ်ရဲ့ ဒရုံးတွေကို ပစ်ချဖို့ ဟန့်တားဖို့အတွက် ဒရုန်းပစ်လက်နက်တွေ၊ jammer တွေ လိုလာမှာဖြစ်ပါတယ်။ ဒါတွေက ဒေါ်လာသန်းချီ ကုန်ပါတယ်။ နောက် PDF တွေက လစဥ် ထမင်းစားဖို့ ရှိပါတယ်။ ထမင်းစားတာက ပြည်သူက ကျွေးတယ်ဆိုရင်တောင်၊ ပစ်တဲ့ ကျည်ဆံတွေ၊ လက်နက်တွေက လိုအပ်ပါတယ်။ စာရေးသူတို့ရဲ့ NUG အောက်က PDF တွေက စိတ်ဓာတ်ခိုင်မာမှုရှိသလို၊ ရွေးကောက်ခံ အရပ်သားအစိုးရကို အသိအမှတ်ပြုမှု၊ ရွေးကောက်ခံ အရပ်သားအစိုးရရဲ့ အမိန့်ကို နာခံမှုတွေက စံနမူနာရှိပါတယ်။ အမိန့်မနာခံလိုသူ မအလတပ်လို စောက်ချိုးချိုးသူ PDF အမည်ခံ လက်နက်ကိုင်တွေကလည်း အစပိုင်းထဲက NUG အောက်က ထွက်သွားခဲ့ကြပါပြီ။ ဒီအချိန်မှာ ပြည်သူတွေရဲ့ ကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ တိုင်းပြည်ထဲရှိသူများက စီးပွားရေးမပြေလည်တာကို နားလည်ပါတယ်။ ဒါပေမဲ့ ပြည်ပက မောင်နှမများကတော့ PRF အစီအစဉ်ကနေ NUG အောက်က PDF ကို လစဉ်တိုးမြှင့်ထောက်ပံ့ပေးပြီး၊ ဒီစစ်ပွဲကို နိုင်အောင်တွန်းရမှာဖြစ်ပါတယ်။ စာရေးသူတို့မှာ စိတ်ဓာတ်အင်အားရှိပြီးသားပါ။ ဒါကြောင့် ငွေကြေးအင်အားက ယူကရိန်းလောက် ထောက်ပံ့ဖို့မလိုပါဘူး။ ပြည်သူအားလုံး ညီရင် မနိုင်စရာ အကြောင်းမရှိပါ။

  • ရှာလဲမတွေ့ ငါလဲတစ်နေ့ စာရေးသူတင်လိုက်ချိန်မှာ အခြားသူတွေရေးတာနဲ့ တိုက်ဆိုင်သွားလို့ ရှုတ်ထွေးမှုတွေ ဖြစ်သွားပါတယ်။ စပြီး သတင်းရတာက ဗျူဟာမှူး ဗိုလ်မှူးကြီးနဲ့ အရာရှိအချို့ ကျသွားတယ်ဆိုတာပါ။ ကျောက်ဖြူမှာဆိုပေမယ့် သူက ရှေ့ကာကင်းမှာ ခံစစ်ဗျူဟာကြည့်နေတာဖြစ်ပြီး ပစ်တာက AA နဲ့ တိုက်ပွဲဖြစ်တာပေမယ့် AA နဲ့တွဲတိုက်တဲ့ PDF ပစ်တာလို့ အထက်ကို သတင်းတင်ပြပါတယ်။ အပြီးမှာ သူ့ကို ဆေးကုဖို့ နောက်ကိုပြန်ခေါ်ပေမယ့် လမ်းမှာခဏပျောက်သွားခဲ့ပါတယ်။ ပုံမှန်မှာ ‌ကာကင်းကနေ ကျောက်ဖြူက ဘာမှကြားမှာပျောက်စရာမရှိပါ။ သူပြန်ရောက်လာချိန်မှာ သွေးထွက်လွန်နေပြီး နေပြည်တော် စစ်ဆေးရုံကိုရောက်ချိန်မှာ ကြွသွားပါပြီ။ သူနဲ့ပါတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူး‌တွေအလောင်းက ဘယ်မှာလဲမသိပါ။ သူက ဒီကျောက်ဖြူမှာ ဗျူဟာကောင်းရင် ရာထူးတက်မယ်ဆိုပြီး လာခဲ့ပေမယ့် အဝီစိကို ဗိုလ်မှူးချုပ်နဲ့ ညောင်းသွားပါပြီ။ ယခုလို အခြားသူတင်ပြီးမှသာ တင်ရတာက သတင်းရင်းမြစ်ကို မပေါ်အောင်ပါ။ စာရေးသူတင်ချိန်နဲ့ သူကြွချိန်ကိုကြည့်ပြီး သတင်းမှန်ကြောင်း ယခုလူတိုင်း သိပြီမိုလို့ လာပြောတာပါ။

  • အားလုံးကို ကြိုပြောထားတဲ့အတိုင်း ဘင်္ဂလားသံအမတ်ကို ပြင်းပြင်းထန်ထန်ခေါ်ပြောလိုက်ရာမှာ ဟိုကစိတ်ဆိုးသွားပါပြီ။ နဂိုထဲက AA နဲ့ ဆက်ဆံတဲ့ သတင်းတွေက ကြားနေရပါတယ်။ ဘင်ကို AA ကသာ လက်ခံရင် ကုန်သွယ်လမ်း ကူညီရေးလမ်း AA အတွက် ပွင့်သွားမှာပါ။ AA က လွတ်လပ်သွားလို့ သူကလဲ သူ့နိုင်ငံခြားရေး၊ သူ့တိုင်းပြည် သူ့ နိုင်ငံသားအရေးကို သူ့ဖာသာ ဆုံးဖြတ်နိုင်မှာပါ။ စာရေးသူတို့က အားကျတာ မျှော်တာထက်ပိုတဲ့ လက်တွေ့ကျကျ မိမိတပ်မတော် အင်အားကောင်းဖို့ NUG အောက်က PDF တွေကို PRF ကတဆင့်သာ လစဉ်ထောက်ပံ့ပေးကြပါ။ ငွေရှိရင် ဆော်ဒီကိုလဲ အမေရိကန်သမ္မတလာသလို ငွေရှိရင် တော်လှန်ရေးအောင်ဖို့က ပိုမြန်မှာပါ။

  • ဘောမတွေက စစ်ခွေးတပ်ကို မန်ယူနဲ့ မတန်မရာ နှိုင်းကြတယ်။ ယခုမန်ယူက အာဆီယံကိုတောင် ရှုံးတယ်ဆိုတော့ အဘနိမိတ်မကောင်းဘူးပေါ့နော် ဘောမတို့။

  • နောက်အဖွဲ့တစ်ခုနဲ့ အဆက်အသွယ်ပြတ်နေတယ်။ ရှာလဲမတွေ့ ငါလဲတစ်နေ့ဆိုပြီး အဘပြောမယ်ထင်။ ဘယ်သူက ကြေငြာမလဲ။ အားလုံးပြီးရင် ကြေငြာရင် သိကြမှာပါ။ ကယ်ဆယ်ရေးပြီးရင် မဲလုံးကပြောမလား? PDF ကပြောမလား?

  • တော်လှန်ရေးအခြေအနေက ဘယ်လိုရှိသလဲဆိုရင် တော်လှန်ရေးအစ ၂၀၂၁ မှာ မအလတပ်က လေးကေ့ကော်ကိုတောင် ဝင်ဖမ်းနိုင်ခဲ့ပေမယ့် ယခုအချိန်မှာ ရန်ကုန်မြို့ပေါ်ကထွက်ရင်တောင်မအလတပ်က မဖမ်းနိုင်တော့ပါ။

  • မအလတပ်ထဲ ဘယ်နိုင်ငံခြားသားရှိလဲ ရုရှားက မအလကို ယခင်က ဖောက်သည်အနေနဲ့ ဆက်ဆံပါတယ်။ မအလက အာဏာမသိမ်းခင်ဖွင့်ဟတိုင်ပင်တာ လက်နက်၊ လေယာဉ်ဝယ်တာတွေလုပ်တော့ တော်လှန်ရေးကာလ ရဟတ်ယာဉ်ပြင်တာ၊ အဆင့်မြှင့်တာ၊ တင့်ကားပြင်တာ၊ ဒရုံးရောင်းတာ စစ်ပညာသင်ပေးတာ ဗျူဟာသင်ပေးတာတွေကို သူ့သင်တန်းဆရာတွေနဲ့ သင်ပေးခဲ့ပါတယ်။ သူတို့က ရန်ကုန်၊ နေပြည်တော်က တပ်စခန်းတွေမှာ နေပါတယ်။ ထိုင်းစစ်တပ်ကတော့ မအလ အာဏာသိမ်းတာ စစ်တပ်အာဏာရှိတာကို အားကျပြီး မအလမပြုတ်စေချင်တဲ့ တပ်ဖွဲ့ပေါ့။ အစ်ကိုကြီး ချမ်းသာတာ အားကျတယ်ဆိုတဲ့အဖွဲ့ပါ။ ဒါပေမယ့် ထိုင်းတပ်အကြံပေး မအလတပ်ထဲမှာ မရှိပါ။ တရုတ်ကတော့ ပိုက်ဆံရရင် ဘယ်သူ့ဘက် လိုက်ရလိုက်ရ ဘာမဆိုလုပ်မယ်ဆိုတဲ့ တိုင်းပြည်ပါ။ မအလက ဒရုံးဝယ်ရင်ရောင်း၊ လက်နက်ဝယ်ရင်ရောင်းသလို သားတွေကိုလဲ ရောင်းပါတယ်။ အချို့ သူတို့ပစ္စညိးဝယိရင်သင်တန်းလာပေးတာရှိပေနယ့် တရုတ်တပ်အကြံပေးတော့ မအလတပ်ထဲ လာမနေပါ။ တရုတ်ဟာ နည်းပညာအရ တိုးတက်မှုရှိလို့ ထောက်လှမ်းရေးကဏ္ဍမှာ မအလအားကိုးပါတယ်။ ဥပမာ CCTV ကို AI ကနေ လူရှာတာမျိုးပေါ့။ ဒါပေမယ့် ဟိုလုပ်ကြံတဲ့ကလေးတွေကို တွေ့ပေမယ့် သူတို့က ရန်ကုန်ကနေထွက်ပြီး လွတ်မြောက်နယ်မြေ ရောက်သွားခဲ့ပါပြီ။ အိန္ဒိယစစ်တပ်ကလဲ သူ့နာဂနယ်သူပုန်ရန်အတွက် မအလတပ်ကို ထောက်ပံ့ပြီး ရေတပ်ကို သင်တန်းပေးတာ အချို့လက်နက်ကြီးတွေရောင်းတာ မျိုးစုံရှိပါတယ်။ သူလဲ နည်းပညာသင်တန်းလာပေးတာရှိပေမယ့် မအလတပ်ထဲမှာတော့ လာမနေပါ။ ဘင်္ဂလားဒ်ေ့ရှ်စစ်တပ်ဟာ ၁၉၇၄ ထဲက အာဏာသိမ်းလိုက် တပ်ထဲမှာ အချင်းချင်းပြန်သတ် အာဏာပြန်သိမ်းလိုက်နဲ့ မအလလို စိတ်ဓာတ်ရှိတဲ့ တပ်ပါ။ သူက ဘာမှမကူညီပေမယ့် သူကလဲ မအလကို ကြိတ်အားကျနေသူပါ။ မအလလိုကောင်ရှိမှ သူအာဏာအဆင်ပြေမှာပါ။ ဒါပေမယ့် သူက မအလတပ်ကို ဘာမှ အကူအညီမပေးပါ။ ပါကစ္စတန် စစ်တပ်က မအလတပ်လိုချင်တဲ့ ဦးဆောင်အခန်းကနေ သူ့တိုင်းပြည်ကို ခွေးဖြစ်အောင်လုပ်နေတဲ့ အကြမ်းဖက်အားပေးတပ်ပါ။ သူက လေယာဉ်တွေ မအလတပ်နဲ့တွဲထုတ်တာ အချို့လက်နက်ရောင်းတာ စတာတွေလုပ်ပြီး သူ့စစ်အင်ဂျင်နီယာတွေက နေပြည်တော်ကို လာရောက်နေလေ့ရှိပါတယ်။ အီရန်က ဒရုံးတွေ၊ ဒုံးပျံတွေကို မအလတပ်ထံ ထောက်ပံ့ပါတယ်။ ဒါဆိုရင် မအလတပ်က နိုင်မှာလား။ ရုရှားဝင်ကူတိုင်းသာနိုင်ခဲ့ရင် ယူဂိုဆလားဗီးယားကနေ ကိုဆိုဗို ခွဲမထွက်နိုင်သလို အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနိုင်ငံတွေမှာ သူတင်တဲ့အစိုးရတွေရှိနေမှာပါ။ အခြားနိုင်ငံတွေက အကျိုးစီးပွါးအပေါ် အခြေခံဆက်ဆံတာဖြစ်ပြီး ရုရှားလောက် မအလကိုကိုယ်ဖိရင်ဖိ မကူနေပါ။ စာရေးသူတို့ တော်လှန်ရေးကို ပြန်လေ့လာကြည့်ရင် မဖြစ်နိုင်ဘူး မနိုင်နိုင်ဘူးဆိုပြီး ပညာရှင်ဆိုသူတွေ ပြောတဲ့ကြားက against the odds ယခုလို အောင်ပွဲဆင်နိုင်လာခဲ့တာပါ။ ယခုဆိုရင် ဟိုစစ်ခွေးကြီးကို မုန့်ဟင်းခါးကျွေးခဲ့တဲ့လူငယ်တွေဟာ လွတ်မြောက်သွားခဲ့တာကို စရဖက အတည်ပြုပါပြီ။ သူတို့နေခဲ့တဲ့နေရာက လူအချို့ကိုတော့ အဖမ်းပြနိုငိပါတယ်။ ဘာလို့လဲဆိုတော့ ယခင်က လွတ်မြောက်နယ်မြေဆိုရင် ထိုင်းနယ်စပ်အထိ ထွက်ပြေးရတာဖြစ်ပြီး ယခုက လွတ်မြောက်နယ်မြေဟာ ပဲခူး၊ ညောင်လေးပင် ဖြစ်သွားခဲ့လို့ပါ။ လိုအပ်တာက ပြည်သူရဲ့ ပံ့ပိုးမှုပါ။ ဒါလဲ စာရေးသူက သိပ်မပူပါ။ ဘာလို့လဲဆိုတော့ မအလက ပေါက်လွတ်ပဲစား လူတွေကို ဒေါသထွက်စေတဲ့ မိန့်ခွန်းတွေ ထထပြောနေတာက NUG အတွက် ရန်ပုံငွေအား လူအင်အားတွေဖြစ်စေလို့ပါ။ ဒါကြောင့် ဘယ်သူတွေက မအလကို ထောက်ပံ့ထောက်ပံ့ တော်လှန်ရေးက နိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲနီးလာရင် ဟိုစစ်ခွေးကြီးလို ငရဲသွားရမယ့်လူတွေက များလာမှာပါ။ ဘာလို့လဲဆိုတော့ လွတ်မြောက်နယ်မြေက ရန်ကုန်နဲ့ နီးလာလို့ပါလို့ ပြောပါရစေ။ ရုရှားစစ်လေယာဉ်နဲ့ ဗုံးကြဲကူပေးခဲ့တဲ့ အာဆတ်တောင် ထွက်ပြေးခဲ့ရသေးလို့ လက်နက်လူအနည်းငယ်ကူတာလောက်က အေးဆေးပါလို့ ပြောပါရစေ။ ပြည်သူကတော့ NUG အောက်က PDF အားကောင်းအောင်သာ လှူပေးကြပါ။ https://www.myattunoo.com/post/မအလတပ-ထ-ဘယ-န-င-င-ခ-သ-ရ-လ

  • ဒါဆိုရင် အရပ်သားအစိုးရက မကောင်းရင်ရောဘာလုပ်မလဲဆိုတဲ့မေးခွန်းရှိပါတယ်။ သူတို့ကို လေးနှစ်တခါရွေးကောက်ပွဲလုပ်ပြီးမကြိုက်ရင်မဲပေးပြီးဖြုတ်ပလိုက်လို့ရပါတယ်။ အချို့ပါလီမန်စနစ်အရ သစ္စာဖေါက်တဲ့အမတ်တွေလည်းရှိကြမှာပါ။ ထိုသူများကလည်း ပြည်သူက ပြန်ဒဏ်ခတ်တာကိုခံကြရတာပါပဲ။ ဥပမာအနေနဲ့ အင်္ဂလန်မှာ ခေါင်းဖြူနဲ့ ဘာရစ်ဂျွန်ဆင်ကို သူ့ပြည်သူတွေက မဲပေးရွေးချယ်ခဲ့ပေမယ့် သူ့ကြောင့်အမတ်ဖြစ်လာသူတွေက သူ့မူဝါဒကိုမကြိုက်လို့ ဖြုတ်ချခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ရွေးကောက်ပွဲမှာ ဂျွန်ဆင်မရှိတော့တဲ့သူပါတီက ခွက်ခွက်လန်အောင်ရှုံးခဲ့ပြီး သူ့ကိုဖြုတ်ချတဲ့အမတ်တွေလည်း အမတ်အဖြစ်ကနေပြုတ်သွားကြပါတယ်။ ဒါကဒီမိုကရေစီရဲ့သဘောတရားတွေပါ။ ပြင်သစ်မှာလဲ လက်ရှိသမ္မတ မာကွန်းတက်လာချိန် အငြိမ်းစားယူခွင့်အသက်တိုးတာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးလျှော့တာတွေလုပ်လို့ ဆန္ဒပြကြသလို သူ့စစ်တပ်ကို ပြုပြင်ဖို့လုပ်ချိန်မှာ သူ့စစ်ဦးစီးအရာရှိချုပ်က ကန့်ကွက်လို့ သူ့ကို ရာထူးကနေ ထုတ်ခဲ့ပါတယ်။ ပြင်သစ်မြို့ကို ရက်ပေါင်းများစွာ ပိတ်ဆို့ဆန္ဒပြပေမယ့် မာကွန်းက မလျှော့ပေးခဲ့သလို သူ့စစ်တပ်ကလဲ ပြည်သူနဲ့ပေါင်းတယ်ဆိုပြီး ရွေးကောက်ခံအစိုးရကို မဖြုတ်ချခဲ့ပါ။ ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြတာကို စစ်တပ်ကထောက်ခံသလိုလုပ်ပြီး အာဏာသိမ်းကတည်းက စာရေးသူအနေနဲ့ကတော့ ရွေးကောက်ခံအစိုးရကိုဖြုတ်ချခဲ့ရင် ဟာစီနာကိုချစ်ချစ် မချစ်ချစ် အဆိုပါ ဖြုတါချသူကို ဒီမိုကရေစီစံနှုန်းအရ မကြိုက်ပါ။ အထူးသဖြင့် သမိုင်းမကောင်းခဲ့တဲ့စစ်တပ်ကို မကြိုက်ပါ။ စစ်တပ်ကအာဏာရှိတဲ့ ဦးဆောင်တဲ့ ဘယ်တိုင်းပြည်ကများ ဖွံ့ဖြိုးတိုးတက်သွားတာတွေ့ဖူးပါသလဲ။ ထိုင်းမှာ စစ်တပ်ကအာဏာအလွန်အကျွံရှိနေလို့ တိုင်းပြည်ဟာတိုးတက်သင့်သလောက် မတိုးတက်တာအားလုံးသိမှာပါ။ ပါကစ္စတန် မှာဆိုလည်း စစ်တပ်က အရပ်သားအစိုးရကို ဝင်ရှုပ်နေလို့ ယခုအချိန်အထိ တိုင်းပြည်ဟာ မတိုးတက်နိုင်သေးပါ။ ဒါကြောင့် ဘယ်စစ်တပ်ဖြစ်ဖြစ် ရွေးကောက်ခံအစိုးရကိုဖြုတ်ချရင် ဘာမှအထင်ကြီးစရာမရှိပါ။ ရွေးကောက်ခံအစိုးရကို ဖြုတ်ချရင် ယူကရိန်းမှာဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် မထောက်ခံပါ။ ဒါက ဒေါ်နယ်ထွန်းကသမ္မတမို့လို့ ဒီအစိုးရကအမေရိကန်ထောက်ခံတဲ့အစိုးရမို့လို့ အနောက်အုပ်စုလိုလားတဲ့အစိုးရမို့လို့ ဒါတွေနဲ့မသက်ဆိုင်ပါ။ အားလုံးသိကြတဲ့အတိုင်း တရုတ်၊ ဆူဒန်၊ မြောက်ကိုရီးယား၊ လာအို၊ ဗီယက်နမ်တို့ကတော့ဒီမိုကရေစီမရှိတာအားလုံးသိမှာပါ။ ဒါတွေကိုဥပမာအနေနဲ့ထည့်မပြောပါ။ ယခုထင်ထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က ယာယီအစိုးရ ရခိုင်ပြည်အတွက်ပြင်ဆင်ထားတာကို ယာယီအစိုးရက ရွေးကောက်ခံအစိုးရမဟုတ်လို့ ဒါတွေမလုပ်ပါနဲ့ဆိုပြီး ကန့်ကွက်ဖို့ကြိုးစားနေတာအားလုံးတွေ့နေရပါပြီ။ ဘင်္ဂလားဒေ့ရှစ်သမိုင်းကိုပြန်ကြည့်ရင် သူ့ကို ပါကစ္စတန်တပ်တွေကလွတ်လပ်ရေးမပေးချင်လို့တိုက်ခိုက်နေချိန်မှာ အိန္ဒိယဝန်ကြီးချုပ် အင်ဒရာဂန္ဒီက အမေရိကန်သမ္မတနဲ့အတိုက်အခံလုပ်ပြီး အမေရိကန်စစ်တပ်ဝင်မလာခင် အိန္ဒိယတပ်က ၁၉၇၁ မှာ ဝင်ကူတိုက်ပေးပြီးအနိုင်ရလိုက်လို့ ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရခဲ့တာပါ။ အိန္ဒိယဝန်ကြီးချုပ်အင်ဒရာဂန်နီက ထိုစဉ်က ပြင်သစ်နဲ့အနောက်နိုင်ငံတွေကို သူ့ဘက်ကနေ ဘင်္ဂလားဒေ့လွတ်လပ်ရေးအတွက်ကူညီဖို့ တိုက်တွန်းခဲ့ပေမယ့် သူတို့ကရူးချင်ယောင်ဆောင်နေခဲ့ကြပါတယ်။ ပြောလိုတာက ဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးရတာဟာ အိန္ဒိယကဝင်ကူလို့ရခဲ့တာပါ။ အကျဉ်းချုပ်ရရင် အားလုံးက ပြည်သူကရွေးကောက်ထားတဲ့ ပြည်သူ့အစိုးရကသာ အရပ်သားဝန်ထမ်းတွေ လက်နက်ကိုင်စစ်တပ်တွေကို အမိန့်ပေးညွှန်ကြားရပါမယ်။ ဘယ်အလုပ်သမားအဖွဲ့အစည်း ကျောင်းသားအဖွဲ့အစည်း သတင်းစာသမားတွေ၊ NGO တွေကြောင့် ရွေးကောက်ခံအစိုးရကို စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းတဲ့အစဉ်အလာကို ဘာကြောင့်မှ အားမပေးမိပါစေနဲ့။ ဒီအာဏာသိမ်းစနစ်ကို အမေရိကန်၊အင်္ဂလန်၊ အနောက်ဥရောပမှာ လက်မခံသလို စာရေးသူကလည်းလက်မခံပါ။ စနစ်နှစ်မျိုး စံ နှစ်မျိုးကျင့်သုံးလို့မရပါ။ ဒါပေမဲ့ ဒါဟာ အာဏာသိမ်းတဲ့စစ်တပ်ကိုတော့ ဆန့်ကျင်ရာမှာမပါဝင်ပါ။ ဘယ်အဖွဲ့အစည်းမဆို ပြည်သူရွေးကောက်ထားတဲ့အစိုးရထံကအာဏာသိမ်းရင် သူပုန်ပါ။ အမေရိကန်၊ ရုရှား၊ တရုတ် ဘယ်သူက ထောက်ခံထောက်ခံပါ။ လက်ဝဲယိမ်းယိမ်း၊ လက်ယာယိမ်းယိမ်းပါ။ အာဏာမသိမ်းသော်လည်း အာဏာသိမ်းရန်အားပေးအားမြောက်လုပ်တဲ့လက်နက်ကိုင်အဖွဲ့အစည်းဟာ သူပုန်ပါ။ ဒီလို လူအုပ်နဲ့လက်နက်နဲ့အာဏာသိမ်းတာကို အနောက်ဥရောပနဲ့အမေရိကမှာလက်မခံသလို စာရေးသူတို့နိုင်ငံမှာလည်းလက်ခံမည်မဟုတ်ပါ။ အားလုံးသေတဲ့အထိ မှတ်ထားရမှာက စစ်တပ်တွေအာဏာသိမ်းလို့ ကောင်းစားသွားတဲ့တိုင်းပြည် ကမ္ဘာမှာမပေါ်သေးပါ။ စစ်တပ်ကျေးဇူး မူးလို့တောင်ရှူစရာမရှိပါ။ ဒါကြောင့် တော်လှန်ရေးမှာကထဲက ဘယ်လက်နက်ကိုင်မဆို ရွေးကောက်ခံအရပ်သားအစိုးရ အမိန့်ကိုနာခံတတ်အောင်သားမွေးမြူကြပါ။ထောက်ပံ့ကြပါ။ မိမိတို့ဘယ်လိုအစိုးရလိုချင်လဲဆိုတာထက် ဘယ်လို အနာဂတ်တပ်ကို လိုချင်လဲဆိုတာကတော့ ပြည်သူကသာဆုံးဖြတ်သွားရမှာပါ။ ပြည်သူသာအဓိကပါ။ Photo credit : Mizzima https://www.myattunoo.com/post/ဘင-ဂလ-ဒ-ရ-စစ-တပ-ကပ-သ-ဒ-မ-ကရ-စ-အတ

  • ဘင်္ဂလားဒေ့ရှ် စစ်တပ်ကပေးသော ဒီမိုကရေစီအတွေး ကမ္ဘာပေါ်မှာ ဆန္ဒပြပွဲတွေဖြစ်ချိန်မှာ အချို့က ဘာဆန္ဒပြပွဲဖြစ်ဖြစ် ဆန္ဒပြသူက အမှန်လို့ထင်ကြပါတယ်။ ဒီအချိန်မှာ ကိုယ့်ရဲ့သဘောထားကဘာလဲဆိုတာကို ပြန်စမ်းစစ်ဖို့လိုလာပါတယ်။ အားလုံးသိကြတဲ့အတိုင်း အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရွေးကောက်ခံအစိုးရကိုကျောင်းသားတွေကဆန္ဒပြကြပါတယ်။ အဲ့ဒီအစိုးရက ဒီမိုကရေစီနည်းအရ ၂၀၂၄ ရွေးကောက်ပွဲမှာတရားဝင်နိုင်ပြီးတက်လာတာပါ။ ဆန္ဒပြကျောင်းသားဆိုသူတွေ အလုပ်သမားအဖွဲ့ဆိုသူတွေက ပိတ်ဆို့ဆန္ဒပြပြီး စစ်တပ်က တိုက်ရိုက်အာဏာသိမ်းသလိုမလုပ်ပေမယ့် သွယ်ဝိုက်ထောက်ခံသလိုလုပ်ပြီး ရွေးကောက်ခံအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ဒီနေရာမှာ စာရေးသူတို့ဒီမိုတွေကလဲ ပက်ပက်စက်စက် ဆန္ဒပြသူတွေကို ထောက်ခံသူများစွာရှိခဲ့ပါတယ်။ စာရေးသူခံယူချက်က ဘာပါလဲ။ ယခုလိုမျိုး ရွေးကောက်ခံအစိုးရကို အမေရိကန်နိုင်ငံနှင့် ဒီမိုကရေစီ ဖခင်ကြီးဖြစ်တဲ့ အင်္ဂလန်နိုင်ငံ၊ ပြင်သစ်နိုင်ငံတွေမှာ ကျောင်းသားတွေ၊ အလုပ်သမားတွေက ဆန္ဒပြပြီး ရွေးကောက်ခံအစိုးရကို ကျောင်းသားတွေအလုပ်သမားခေါင်းဆောင်တွေ လယ်သမားတွေက စစ်တပ်နဲ့ပေါင်းပြီးဖြုတ်ကြည့်တယ်လို့ ဆိုကြပါစို။ သူတို့က အဆိုပါ စစ်တပ်ခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ အလုပ်သမားဆန္ဒပြခေါင်းဆောင်တွေကို ဒီအတိုင်းထိုင်ကြည့်နေမယ်လို့ ထင်ပါသလား။ အမေရိကန်နိုင်ငံမှာ ဇန်နဝါရီ၆ရက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ ဒေါ်နယ်ထွန်း ထောက်ခံသူတွေ လွှတ်တော်ထဲဝင်စီးတာကို နိုင်ငံတော်ပုန်ကန်မှုဆိုပြီးအရေးယူခဲ့ပါတယ်။ ဒါတောင်ထိုအချိန်က ဒေါ်နယ်ထွန်းက ရွေးကောက်ပွဲရှုံးအစိုးရဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရလာတဲ့ အစိုးရဆိုသူကို အာဏာလွှဲမလို မလွှဲမလို မမဆောင်းလုပ်နေခဲ့လို့ပါ။ ထို့အတူပါပဲ ဒေါ်နယ်ထွန်းတက်လာချိန်မှာ အီလွန်မစ်ကိုမကြိုက်သူတွေက သူ့ရဲ့ Tesla ကားတွေကိုမင်းမဲ့စရိုက်စံစံ တိုက်ခိုက်ချိန်မှာ ထိုသူများကို ဒီမိုကရေစီအတွက်လုပ်တယ်ဆိုပြီးလွှတ်မထားခဲ့ပါ။ အားလုံးကိုဖမ်းပြီး ပြည်ထောင်စု ရာဇဝတ်မှုနဲ့ဆွဲချက်တွေတင်နေပါတယ်။ ဒါက ဒီမိုကရေစီရဲ့သဘောတရားတွေပါ။ ဒီနေရာမှာ အစိုးရက ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံထားဖို့တော့လိုပါတယ်။ ငါတို့အနောက်ကမှ ဒီမိုကရေစီနည်းနဲ့ရွေးကောက်ထားတာ အာရှကဆိုရင်မဟုတ်ဘူးဆိုလို့တော့မရပါ။ ဥပမာအိန္ဒိယဟာဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရပါ။ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲဟာလည်း ထို့အတူဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ မလေးရှား ရွေးကောက်ပွဲတွေကလည်း ထို့အတူပါပဲ။ ဒီနေရာမှာ အီဂျစ်အစိုးရက ဒီမိုကရေစီနည်းအရရွေးကောက်တင်မြှောက်ထားတယ်ဆိုရင်တော့ ဆေးလှုပ်သောက်ဖို့ပြောရမှာပါ။ အီဂျစ်မှာ ဆန္ဒပြပြီး ပြည်သူ့အစိုးရထက်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုအစိုးရကို စစ်တပ်ထောက်ခံသူတွေကဆန္ဒပြပြီး ပြည်သူ့ဘက်ကရပ်တည်တယ်ဆိုပြီး စစ်ထောက်လှမ်းရေးအကြီးအကဲကအာဏာသိမ်းခဲ့ပါတယ်။ သူလုပ်တဲ့ရွေးကောက်ပွဲက အတုအယောင်ပါ။ ဒါပေမယ့် ဆီဆီက အာဏာမြဲနေပြီး သူက အမေရိကန်ထောက်ခံလို့ သတင်းတွေထဲ မတက်လာခဲ့တာပါ။ သူကလဲ ဆီးရီးယားက ပြုတ်သွားတဲ့ အာဆတ်နဲ့ အတူတူပါဘဲ။ ဒီနေရာမှာဘင်္ဂလာဒေ့ရှ်ကိုပြန်ဆက်ရအောင်။ ဘင်္ဂလားဒေ့ရှ်မှာ စစ်တပ်ဟာယခင်ရွေးကောက်ခံသမ္မတကိုသတ်ပြီး ၁၉၇၅ ကစလို့ အကြိမ်ကြိမ် အာဏာသိမ်းခဲ့ပါတယ်။ ဒီမိုကရေစီစနစ်ကြာကြာအုပ်ချုပ်တာက ဆယ်စုနှစ်တခုလောက်သာကြာခဲ့ပါတယ်။ တိုင်းပြည်တစ်ပြည်မှာ အစိုးရကမူဝါဒတွေချမှတ်တဲ့ အပေါ်မှာ ကြိုက်သူ မကြိုက်သူရှိကြပါတယ်။ အမေရိကန်၊ အင်္ဂလိပ်နဲ့ ပြင်သစ်ကို လေ့လာကြည့်ပါ။ အစိုးရကမူဝါဒချမှတ်တဲ့အချိန်မှာ ထိခိုက်သူတွေကလည်း ဆန္ဒပြကြပါတယ်။ အထူးသဖြင့် အလုပ်သမားတွေ၊ ကျောင်းသားတွေက သူတို့ကို ထိခိုက်ရင် ဆန္ဒပြကြပါတယ်။ သူတို့ဆန္ဒပြတိုင်း အစိုးရက သူ့မူဝါဒကို တစ်ရာ ရာခိုင်နှုန်းပြန်ပြင်လေ့မရှိပါ။ သူတို့ဟာ သူတို့ဘာမူဝါဒဆိုတာကို ရွေးကောက်ပွဲမဝင်ခင် ပြည်သူကိုတင်ပြပြီး ထိုအတိုင်းအကောင်အထည်ဖော်ကြပါတယ်။ ထင်ရှားတဲ့ဥပမာက ဒေါ်နယ်ထွန်းရဲ့ လက်ရှိမူဝါဒတွေပါ။ ကြိုက်သူ၅၂ရာခိုင်နှုန်းမကြိုက်သူ၄၈ရာခိုင်နှုန်းရှိမှာပါ။ ဒါပေမဲ့ သူက ဒီမူဝါဒကိုလုပ်မယ်လို့ကြွေးကြော်မဲဆွယ်ပြီး ဒီမူဝါဒနဲ့ မဲနိုင်ချိန်မှာ မကြိုက်သူများစွာရှိသော်လည်း အဆိုပါမူဝါဒအတိုင်းလုပ်ပြတာပါ။ သူဟာ သူ့စစ်ဦးစီးချုပ်ကိုလည်းဖြုတ်ခဲ့ပါတယ်။ နောက် ရေတပ်အရာရှိမိန်းမကိုလည်းဖြုတ်ခဲ့ပါတယ်။ နောက် Greenland စစ်ဌာနချုပ်က ဒုသမ္မတပြန်သွားချိန်မှာ သူပြောတာတွေက ငါတို့မူဝါဒနဲ့မကိုက်ညီပါဘူးဆိုပြီး ရေးသူ ဌာနချုပ်မှူး မိန်းမကိုလဲ ရာထူးက ဖြုတ်ပစ်ခဲ့ပါတယ်။ နောက်ဒေါ်နယ်ထွန်းဓာတ်ပုံ ပြောင်းမချိတ်လို့ဆိုပြီးတော့လဲ စစ်အရာရှိကြီးကို ရာထူးက ဖယ်ရှားခဲ့ပါတယ်။ ဓာတ်ပုံကိစ္စက စာရေးသူတို့ မအလတပ်ကို သတိရသွားစေပါတယ်။ ဒါတွေကဘာတွေပြသလဲဆိုတော့ ဒီမိုကရေစီနိုင်ငံတွေမှာ လက်နက်ကိုင်စစ်တပ်ဟာ ရွေးကောက်ခံအရပ်သားအမိန့်ပေးမှုကိုသာ လုံးဝနာခံရတယ်ဆိုတဲ့စနစ်ကို ပြသထားပါ။ သဘောမတူတာရှိရင် တရားရုံးသွားပြီး အချို့အမှုမှာ သမ္မတကနိုင် အချို့အမှုမှာ သမ္မတကရှုံးပြီး ဒီမိုကရေစီနည်းအရ ဆက်သွားရပါတယ်။