tgindex
NUG Myanmar

National Unity Government

Последний пост
8 авг.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
27
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
14 955
−47 за 3 дн.
Сутки
−21
−0,14%
Неделя
 
Месяц
 
Просмотров на пост
2 512
27 постов
Вовлечённость
16,8%
к подписчикам
Постов в день
0,0
всего 27
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
2 167
1/48двое суток
2 483
1/72трое суток
2 678

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 8 авг.3 033

    без подписи

  • 8 авг.2 98333

    без подписи

  • 8 авг.2 921221

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org အမျိုးသားညီညွတ်ရေးအစိုးရက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၃၈)နှစ်မြောက်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက် ယနေ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၈) ရက်နေ့သည် မြန်မာ့သမိုင်းစာမျက်နှာတွင် မီးရှူး တန်ဆောင်အဖြစ် မော်ကွန်းတင်ရမည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး (၃၈) နှစ် ပြည့်မြောက်သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။ လွန်ခဲ့သော (၃၈) နှစ်တာကာလက အလုပ်သမား၊ လယ်သမား၊ ကျောင်းသားလူငယ်များမှ အစပြု၍ လူမျိုး၊ ဘာသာ၊ အလွှာမရွေး ရဟန်းရှင်လူ ပြည်သူတရပ်လုံးသည် တစ်ပါတီအာဏာရှင်စနစ်ကို ပြတ်သားစွာ ဆန့်ကျင်ကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ရဲရဲတောက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူအားလုံး၏ စည်းလုံးညီညွတ်မှုကို အခိုင်အမာ ပြသနိုင်ခဲ့သော သမိုင်းဝင်ပြယုဂ် တစ်ခုလည်း ဖြစ်ပါသည်။ (၃၈) နှစ်တိုင်တိုင် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း "အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဒီမိုကရေစီရရှိရေး" ဟူသော ရှစ်ဆယ့်ရှစ်စိတ်ဝိညာဉ်နှင့်အတူ မြန်မာပြည်သူလူထုသည် ရှစ်လေးလုံး အရေးတော်ပုံကြီးမှ မျိုးစေ့ချပေးခဲ့သည့် နိုင်ငံရေးနိုးကြားမှုကို လက်ဆင့်ကမ်းလျက် ယနေ့ ဆင်နွှဲလျက်ရှိသော နွေဦးတော်လှန်ရေး အထိ ခေတ်အဆက်ဆက် အာဏာရှင်အဆက်ဆက် တို့၏ မတရားမှုများကို ခေါင်းငုံ့မခံဘဲ အံတုတွန်းလှန်ဆဲရှိကြပါသည်။ ဤခရီးကြမ်းတစ်လျှောက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ခိုင်ကြည်ပြတ်သားသော သန္နိဋ္ဌာန်တို့ဖြင့် အသက်၊ သွေး၊ ချွေးများကို ရင်းနှီးပေးဆပ်ခဲ့ကြသော ရဟန်းရှင်လူ၊ ကျောင်းသား၊ ပြည်သူ အာဇာနည်အပေါင်းတို့အား အမျိုးသားညီညွတ်ရေးအစိုးရက အစဉ်အမြဲ အောက်မေ့လွမ်းဆွတ်လျက် အလေးအနက် ဦးညွှတ် ဂါရဝပြုအပ်ပါသည်။ ယနေ့အချိန်အခါသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူ တရပ်လုံးက ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းနေသောကာလ ဖြစ်ပါသည်။ သို့ပါသောကြောင့် လူမျိုး၊ ဘာသာ၊ အယူဝါဒ ကွဲပြားမှုများကို ဘေးဖယ်ကာ ဘုံရန်သူဖြစ်သည့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် အလုံးစုံညီညွတ်ရေးကို ခိုင်မာစွာ တည်ဆောက်ထားရန် အလွန် အရေးကြီးပါသည်။ အာဏာရှင်စနစ်၏ နောက်ဆုံးထွက်သက်ကို ဖြတ်တောက်မည့် အဆုံးသတ် ကာလသည် ပိုမိုကြမ်းတမ်း ခက်ခဲနိုင်သဖြင့် ရန်သူ့၏ သွေးခွဲသပ်လျှိုမှုများနှင့် နိုင်ငံရေး လှည့်ကွက်များကို ညီညွတ်ခြင်းအင်အား၊ နိုင်ငံရေးသတိတို့ဖြင့် အတူတကွ ကျော်လွှား ကြရမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားပြည်သူတရပ်လုံးအနေဖြင့် ရှစ်လေးလုံး အရေးတော်ပုံက မွေးဖွားပေးလိုက်သော စိတ်ဓာတ်ကို အခြေခံကာ ကဏ္ဍပေါင်းစုံမှ အချိတ်အဆက်မိမိ ဆက်လက် ပူးပေါင်းပါဝင်ပေးကြပါရန် လေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။ (၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနေ့ကို ဂုဏ်ပြုသောအားဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ရှေ့မျိုးဆက်တို့ရင်းနှီးတည်ဆောက်ခဲ့ကြသော အခြေခံ အုတ်မြစ်များ အပေါ်တွင် ခိုင်ခိုင်မတ်မတ်ရပ်တည်ကာ၊ အတိတ်သမိုင်း၏ အမှားများကို သင်ခန်းစာယူလျက် မြန်မာ့မြေပေါ်တွင် အာဏာရှင်စနစ် အငွေ့အသက်များ အလျဉ်းကင်းစင်ပြီး တရားမျှတမှု၊ လွတ်လပ်မှုနှင့် စစ်မှန်သော အမျိုးသားတန်းတူရေးတို့ကို အာမခံနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသား ညီနောင် မဟာမိတ်များ နှင့်အတူ မဝေးတော့သည့် အောင်ပွဲဆီသို့ မလျော့သောဇွဲ၊ လုံ့လတို့ဖြင့် အရောက်လှမ်းချီ တိုက်ပွဲ ဝင်သွားမည် ဖြစ်ပါကြောင်း ကတိသစ္စာပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

  • 4 авг.3 48329

    без подписи

  • 4 авг.3 21920

    The Republic of the Union of Myanmar National Unity Government www.nugmyanmar.org Statement on the International Committee of the Red Cross (ICRC)’s Visit to Daw Aung San Suu Kyi, State Counsellor August 4, 2026 1. The National Unity Government (NUG) warmly welcomes the humanitarian visit conducted by the International Committee of the Red Cross (ICRC) to Daw Aung San Suu Kyi, the State Counsellor of Myanmar, on 3 August 2026. This meeting has confirmed that the national leader—who has been denied contact with the outside world and arbitrarily detained for many years—is still alive. It has brought a measure of relief, comfort, and encouragement to the people of Myanmar, who have long been deeply concerned about her well-being. 2. This humanitarian access was not the result of any goodwill on the part of the military. Rather, it was achieved through sustained international pressure, together with the persistent advocacy and unwavering demands of the people of Myanmar and democracy supporters around the world. While this meeting represents a positive humanitarian development, it does not diminish the grave concerns that remain regarding Daw Aung San Suu Kyi’s health, the conditions of her detention, and the continued violation of her fundamental rights. 3. The National Unity Government firmly reiterates that this one-off humanitarian visit can in no way substitute for the immediate and unconditional release of Daw Aung San Suu Kyi and all political prisoners. Furthermore, this meeting must not be exploited to confer legitimacy upon the military junta, to conceal its serious violations of international law, or to distract from or replace the urgent need for a genuine political solution to Myanmar’s ongoing crisis. 4. The National Unity Government expresses its sincere appreciation to the United Nations, the European Union, ASEAN, the international community, neighbouring countries, and all those who have consistently called for humanitarian access and the release of political prisoners. 5. The National Unity Government reaffirms its unwavering commitment to working together with allied revolutionary forces and the international community until the people’s revolution succeeds, with the objectives of securing the unconditional release of Daw Aung San Suu Kyi and all political prisoners, completely dismantling military dictatorship, ensuring justice, and establishing the genuine federal democratic union that the people of Myanmar have long aspired to achieve. National Unity Government

  • 4 авг.2 1232

    без подписи

  • 4 авг.2 137192

    без подписи

  • 4 авг.2 22827

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ www.nugmyanmar.org နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ သွားရောက်တွေ့ဆုံမှုနှင့်ပတ်သက်သည့် ထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၄) ရက် ၁။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံသို့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခေါင်းစဥ်ဖြင့် သီးသန့် သွားရောက်တွေ့ဆုံခဲ့မှုကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါသည်။ ဤတွေ့ဆုံမှုသည် နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်တောက်ခံရပြီး မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံ့ခေါင်းဆောင် သက်ရှိထင်ရှားရှိနေသေးကြောင်းကို သိရှိစေခဲ့ပြီး၊ စိုးရိမ်ပူပန်နေကြသည့် ပြည်သူလူထုတရပ်လုံးအတွက် အတိုင်းအတာတစ်ခုအထိ စိတ်သက်သာရာရ ဝမ်းမြောက်အားရစရာ ဖြစ်စေခဲ့ပါသည်။ ၂။ ဤလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်တွေ့ဆုံခွင့်ရရှိမှုသည် အာဏာသိမ်း စစ်အုပ်စု၏ စေတနာကောင်းဖြင့် လုပ်ဆောင်ခြင်း တစ်စုံတစ်ရာ မဟုတ်ဘဲ စဉ်ဆက်မပြတ်သော နိုင်ငံတကာ၏ ဖိအားပေးမှုများနှင့်အတူ မြန်မာပြည်သူများနှင့် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၏ မဆုတ်မနစ် ကြိုးပမ်းတောင်းဆိုခဲ့မှုတို့၏ ရလဒ်ပင် ဖြစ်ပါသည်။ ယခု တွေ့ဆုံမှုသည် အပြုသဘောဆောင်သည့် လူသားချင်းစာနာမှုဆိုင်ရာ အဆင့်တစ်ရပ် ဖြစ်သော်လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး၊ ချုပ်နှောင်ထားရှိသည့် အခြေအနေများ နှင့် အခြေခံအခွင့်အရေးများအပေါ် ဆက်လက်ရှိနေသည့် ကြီးမားသော စိုးရိမ်ပူပန်မှုများကို လျော့ပါး စေခြင်း မရှိပါ။ ၃။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရေးနေရာတွင် ဤတစ်ကြိမ်တည်းသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တွေ့ဆုံမှုက မည်သို့မျှ အစားထိုးနိုင်မည်မဟုတ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ခိုင်မာစွာ ထပ်လောင်းဖော်ပြအပ်ပါသည်။ ထို့အပြင် ဤတွေ့ဆုံမှုသည် အာဏာသိမ်းစစ်အုပ်စုအတွက် တရားဝင်မှု ရရှိစေရန် အသုံးချခြင်း၊ ၎င်းတို့ ကျူးလွန်ထားသည့် ကြီးလေးသော နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများကို ဖုံးကွယ်ပေးခြင်း (သို့မဟုတ်) မြန်မာ့နိုင်ငံရေး အကျပ်အတည်းအတွက် စစ်မှန်သော နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရမည့် အရေးကိစ္စများကို အစားထိုးလှည့်စားခြင်းတို့အတွက် လုံးဝ အသုံးချခွင့် မပြုသင့်ကြောင်း အလေးအနက် ဖော်ပြအပ် ပါသည်။ ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာ အသိုင်းအဝန်း၊ အိမ်နီးချင်းနိုင်ငံများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် တောင်းဆိုခဲ့ကြသူများ အားလုံးကို ရိုးသားစွာ ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။ ၅။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်လာရေး၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ တရားမျှတမှု ရရှိရေးနှင့် မြန်မာပြည်သူတရပ်လုံး လိုလားတောင့်တလျက် ရှိသည့် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးတို့အတွက် မဟာမိတ် တော်လှန်ရေးအင်အားစုများ၊ နိုင်ငံတကာအသိုင်းအဝိုင်းများနှင့်အတူ လက်တွဲ၍ ပြည်သူ့ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ သဘောထား ထုတ်ပြန်အပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ

  • 28 июл.4 01337

    без подписи

  • 28 июл.3 973251

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီနှင့် နိုင်ငံတကာရောက်မြန်မာများ တွေ့ဆုံဆွေးနွေး ၂၈ ဇူလိုင် ၂၀၂၆ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီသည် ကမ္ဘာတဝှမ်းရှိ နိုင်ငံတကာရောက် မြန်မာများ နှင့် ဇူလိုင်လ (၂၅) ရက်နေ့တွင် ကမ္ဘာ့အရှေ့ခြမ်း၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ကမ္ဘာ့အနောက်ခြမ်း (၂) ကြိမ်တွေ့ဆုံခဲ့ပြီး SCEF ပေါ်ပေါက်လာပုံ၊ ရည်ရွယ်ချက်၊ ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အကြံပြုဉာဏ်များရယူခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသော ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလတို့က အဖွင့်အမှာစကားများပြောကြားခဲ့ကြပြီး SCEF ညှိနှိုင်းရေးမှူး ဒေါက်တာဇော်ဝေစိုးနှင့် တွဲဘက်ညှိနှိုင်းရေးမှူး Salai Ram Kuhl Cùng တို့က SCEF နှင့်ပတ်သက်သော အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာကြသော နိုင်ငံတကာရောက် မြန်မာများက သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးခြင်းနှင့် အကြံပြုဆွေးနွေးခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး SCEF မှ တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားခြင်း၊ အကြံဉာဏ်များအား လက်ခံမှတ်သားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ကြပြီး အစည်းအဝေးများကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါသည်။

  • 28 июл.2 68523

    без подписи

  • 28 июл.2 41320

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေး ၂၆ ဇူလိိုင် ၂၀၂၆ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)မှ တာဝန်ရှိသူများသည် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၃) ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံခဲ့ကြသည်။ အဆိုပါအွန်လိုင်း တွေ့ဆုံပွဲတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအလှည့်ကျသဘာပတိ ခူဦးရယ်လ်နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့က အဖွင့်အမှာစကားများအသီးသီးပြောကြားခဲ့ကြကာ တက်ရောက်လာကြသော ခေါင်းဆောင်များက အာရက္ခပြည်တွင် ကြုံတွေ့နေရသောရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်နိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်ချက်များနှင့်ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ၏ ခေါင်းဆောင်များမှ SCEF ၏ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်၊မူဝါဒများ၊ လက်ရှိပြုလုပ်နေသော အကြောင်းအရာများ နှင့် ရှေ့ဆက်လုပ်ငန်းစဉ်များအကြောင်းအရာတို့ကိုအသိပေးခဲ့ကာ SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ နိဂုံးချုပ်စကားပြောကြားခဲ့ပြီး တစ်နာရီကျော်ကြာ အွန်လိုင်းတွေ့ဆုံပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့ကြသည်။ #SCEF

  • 28 июл.1 60710

    без подписи

  • 28 июл.1 58717

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)တို့ တွေ့ဆုံဆွေးနွေး ၂၆ ဇူလိိုင် ၂၀၂၆ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)တို့မှ တာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၂) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီမဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့က အဖွင့်အမှာစကားများပြောကြားကာ တက်ရောက်လာကြသော ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ကြပါသည်။ ထို့နောက် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန် နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။ #SCEF

  • без подписи

  • без подписи

  • без подписи

  • 28 июл.2 25018

    အမေရိကန်နိုင်ငံတွင်ကျင်းပသည့် (၈)ကြိမ်မြောက် Hybrid Congressional Briefing on Burma ကြားနာပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့ ........... ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့၊ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့တွင် Burma Research Institute (BRI) က စီစဥ်ကျင်းပခဲ့သည့် (၈)ကြိမ်မြောက် မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အမေရိကန်၏ အမျိုးသားအကျိုးစီးပွားများကြားနာပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အကြံပေးပုဂ္ဂိုလ် ဦးမိုးဇော်ဦးတို့တက်ရောက်ခဲ့ပြီး အွန်လိုင်းလိမ်လည်မှုများ (online scams)၊ ဒေသတွင်းတည်ငြိမ်ရေး (regional stability)နှင့် ကုန်သွယ်ရေး၊ရင်းနှီးမြှပ်နှံမှု(trade and investment) စသည့် အကြောင်းအရာများကို ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ အဆိုပါကြားနာပွဲတွင် ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က အဓိကမိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာသူများနှင့်လည်း အပြန်အလှန်ရင်းနှီးနွေးထွေးစွာ ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။

  • 28 июл.1 38417

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD ၊မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)၊ မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC)၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)တို့ တွေ့ဆုံဆွေးနွေး ၂၆ ဇူလိိုင် ၂၀၂၆ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)-NMSP-AD , မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC), မွန်ပြည်အတိုင်ပင်ခံကောင်စီ(MSCC), မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ(CRMH)တို့မှ တာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၁) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအလှည့်ကျသဘာပတိ ခူဦးရယ်လ်​နှင့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) ဥက္ကဋ္ဌ နိုင်ဇေယျတို့က အဖွင့်အမှာစကားများပြောကြားကာ တက်ရောက်လာကြသော ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ကြပါသည်။ ထို့နောက်

  • 28 июл.1 71414

    ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေး ၂၅ ဇူလိိုင် ၂၀၂၆ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)သည် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(Spring Revolution Alliance - SRA) တာဝန်ရှိသူများနှင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ(၂၀) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး လက်ရှိနိုင်ငံရေးအခင်းအကျင်းနှင့် ရှေ့နိုင်ငံရေးလုပ်ငန်းစဉ်လိုအပ်မှုများနှင့်ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ အစည်းအဝေးတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီအလှည့်ကျသဘာပတိ ခူဦးရယ်လ်က အဖွင့်အမှာစကားပြောကြားကာ တက်ရောက်လာကြသော ခေါင်းဆောင်များက ရင်းနှီးပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များကိုချမှတ်ခဲ့ကြပါသည်။ ထို့နောက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) မဟာဗျူဟာနှင့် မူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ နှင့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)မှ ကိုဆောင်းခ တို့က နိဂုံးချုပ်စကားများပြောကြားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါသည်။ #SCEF