tgindex
စစ်ခွေးနိဂုံး

စစ်ခွေးနိဂုံး

Статистика

အရေးတော်ပုံ အောင်ရမည်

Последний пост
21 апр.
Последнее чтение
15 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
Категория
Новости и СМИ (по похожим)
В каталоге с
13 авг.
Подписчики
6 523
−36 за 4 дн.
Сутки
−8
−0,12%
Неделя
 
Месяц
 
Просмотров на пост
15 тыс
20 постов
Вовлечённость
229,2%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 21 апр.15 тыс446

    ဘာကြောင့်ဘယ်မှာ ဘယ်လိုဖြစ်တာလဲ ဆိုတာ သတင်းအတိအကျမသိရသေးပါ

  • 7 апр.16,9 тыс478

    စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီး ဧရာဝတီတိုင်းမ် ဧပြီ ၇ ရက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင်နေထိုင်နေသည့် စစ်တပ်ထောက်ခံသူ ငါးမင်းဆွေကို ယနေ့ ဧပြီ ၇ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန် ၎င်း၏ နေအိမ်တံခါးကို ဖျက်ဆီးနေကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ပြောဆိုထားသည်။ ရုပ်သံ - ငါးမင်းဆွေ #Ayeyarwaddy_Times #fbreels #reelsfb #reelsvideo #fbreelsvideo #facebookreels #reelsfacebook #news #atimesreels #newsreels

  • 3 мар.20,5 тыс739

    ဘီးလင်းမြို့နယ်က သံတံတားချောင်းအတွင်း မျှောလာသည့် စစ်ကောင်စီတပ်ဖွဲ့၀င်တစ်ဦး၏အလောင်းကိုတွေ့ရစဉ် (ရုပ်သံ) ဖေဖေါ်ဝါရီလ၇ရက်နေ့တွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဖိုးဝါးသိမ်တွင် စစ်ကြောင်းထိုးလာသည့်အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ၏အလောင်းများပြန်မကောက်ပဲ တပ်သား အလောင်း ၆ လောင်းကို ဖိုးဝါးသိမ်-သရက်ကုန်း-သံတံတားချောင်း အတွင်းမျှောချခဲ့သည်ကိုတွေ့ရှိရဟု တော်လှန်ရေးပူးပေါင်းတပ် တပ်မှူးတစ်ဦးမှပြောသည်။

  • 26 февр.19,4 тыс514

    လှည်းကူးတွင် ဒါယိကာမကြီးအား မတရားပြုကျင့်ရန် ကြိုးစားကာ ဓားဖြင့် ခုတ်သတ်ခဲ့သည့်ကျောင်းထိုင်ဘုန်းကြီးကိုသေဒါဏ်ချမှတ် ဖေဖော်ဝါရီ ၊၂၆ ရက် The Justice Wave ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ အောင်ဘုန်းပြည့်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးက ဒါယိကာမကြီးအား မတရားပြုကျင့်ရန် ကြိုးစားပြီး ဓားဖြင့် အကြမ်းဖက်ခုတ်သတ်ခဲ့သည့်အမှုနှင့် ပတ်သက်၍ တရားရုံးမှ သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ် မေလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဘုန်းကြီး သမ္မာစာရ (သက်တော် ၄၀၊ ဝါတော် ၂၀) သည် ဒါယိကာမကြီး ဒေါ်သီတာအောင် (အသက် ၄၇ နှစ်) ကို “မိခင် နှလုံးအမောဖောက်ဖြစ်နေသည်” ဟု လိမ်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။ ထို့နောက် ကံနိမ့်နေကြောင်း ပြောဆိုကာ သင်္ကန်းလျှော်ပေးရန် ခိုင်းစေခဲ့သည်ဟု ဆိုသည်။ ရေချိုးခန်းအတွင်း သင်္ကန်းလျှော်နေစဉ် ဘုန်းကြီးမှ မတရားပြုကျင့်ရန် ကြိုးစားခဲ့ပြီး ဒေါ်သီတာအောင်က လက်မခံငြင်းဆန်သဖြင့် ဓားဖြင့် လည်ပင်းပြတ်လုနီးပါး အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းများတွင် စုစုပေါင်း ၁၅ ချက် ခုတ်သတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။ ဖြစ်စဉ်အတွင်း ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူက သမီးအား ဓားဖြင့် ခုတ်သတ်ခံနေရသည့် မြင်ကွင်းကို ကိုယ်တိုင်တွေ့မြင်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။ ဒေါ်သီတာအောင်နှင့် မိခင်ဖြစ်သူတို့မှာ ယင်းကျောင်းထိုင်ဘုန်းကြီးအား နှစ်ပေါင်းများစွာ ကိုးကွယ်ထောက်ပံ့ခဲ့သူများဖြစ်ပြီး ကျောင်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်စသည့် အကူအညီများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းအမှုကို တစ်နှစ်နီးပါး စုံစမ်းစစ်ဆေးပြီးနောက် မတရားပြုကျင့်ရန် ကြိုးစားမှု မအောင်မြင်သဖြင့် ခုတ်သတ်ခဲ့ကြောင်း အချက်အလက်များ ပေါ်ပေါက်ခဲ့ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ ရုံးချိန်းတွင် တရားရုံးက သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် တရားခံဘက်မှ တစ်ပတ်အတွင်း အယူခံဝင်ခွင့် ရှိကြောင်းလည်း သိရသည်။ ဒေါ်သီတာအောင်၏ ခင်ပွန်းက “ဇနီးသည်၏ ရိုးသားမှုကို ယုံကြည်သောကြောင့် ငွေကြေးကုန်ကျမှုများ ရှိနိုင်သော်လည်း အမှုကို အဆုံးအဖြတ်ရရှိအောင် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း” ပြောဆိုခဲ့သည်။ ထို့အပြင် ယခုချမှတ်လိုက်သည့် သေဒဏ်နှင့် ပတ်သက်၍လည်း တရားမျှတမှု အပြည့်အဝ ရရှိစေရန် ဆက်လက်တောင်းဆိုသွားမည်ဟု ဆိုသည်။ #thejusticewave #ဘုန်းကြီး #လှည်းကူး

  • 26 февр.14,7 тыс

    без подписи

  • 26 февр.14,7 тыс7

    без подписи

  • 18 февр.17,3 тыс44

    အကျဉ်းထောင်ဌာနမှူးကို ပစ်သတ်ပြီး လက်နက်တွေ လုယူထွက်ပြေးတဲ့ တရားခံပြေး ၅ ဦးကို YDF အရေးပေါ် အလိုရှိနေ ============= ဖေဖော်ဝါရီ ၁၆၊ ၂၀၂၆။ Zalen ယောကာကွယ်ရေးတပ် (YDF) ရဲ့ အကျဉ်းထောင်ဌာနမှူး အိပ်ပျော်နေစဉ်အတွင်း ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ပြီး လက်နက်တွေနဲ့အတူ ထောင်ဖောက်ထွက်ပြေးသွားတဲ့ တရားခံပြေး (၅) ဦးကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် YDF က ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ဖြစ်စဥ်မှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှာ တရားခံ နိုင်မင်းစိုး ဦးဆောင်သော အကျဉ်းသား (၄) ဦးဟာ ထောင်မှူးရဲလေးကို ပစ်သတ်ကာ တပ်ပိုင်သေနတ် ၇ လက်နဲ့အတူ ဓားစာခံတွေ ဖမ်းဆီး၍ ထောင်ဖောက် ပြေးခဲ့ခြင်းဖြစ်ပါတယ်။ အဲ့ဒီ အလိုရှိနေတဲ့ တရားခံတွေဟာ နိုင်မင်းစိုး (အဓိကတရားခံ)၊ ကောင်းကောင်း၊ ယောလင်း၊ ဝေစိုးထိုက်၊ ပိုင်ဇင်ကျော် (ခ) မဲမောင် တို့ဖြစ်ကြပါတယ်။ ၎င်းတို့ဟာ လူသတ်မှု၊ တပ်တွင်းပုန်ကန်မှုနဲ့ မူးယစ်ဆေးဝါးမှုတို့ ကျူးလွန်ထားသူများဖြစ်ပြီး လက်ရှိမှာ တော်လှန်ရေးအဖွဲ့အစည်းအချို့ရဲ့ အကာကွယ်ကို ရယူကာ တော်လှန်ရေးလုပ်ငန်းများကို နှောင့်ယှက်နေတယ်လို့ သိရပါတယ်။ အဆိုပါ တရားခံတွေကို လက်ခံခိုလှုံခွင့်ပေးခြင်း၊ ကူညီခြင်းတွေ မပြုလုပ်ဖို့နဲ့ တွေ့ရှိပါက Email: yawdefenseforce@gmail.com, Telegram: @YawDefenseForce ကို ဆက်သွယ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် လက်ခံထားသူများတွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးထားပါတယ်။ သတင်း-ဆလိုင်း ဓာတ်ပုံ- YDF #YDF #တရားခံပြေး #ထောင်ဖောက်#Zalen

  • 17 февр.15,3 тыс47

    ဒေါ်အောင်ဆန်းစုကြည်အဖြစ် ရင်ထဲစွဲကျန်နေသူရဲ့ မှတ်တိုင်သစ်။ #𝐏𝐒𝐌_𝐍𝐞𝐰𝐬

  • 16 февр.15,6 тыс301

    ရေးမြို့နယ် အတွင်း တာဝန်ထမ်းဆောင်နေသော ခမရ  ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသော အဓမ္မ စစ်မှုထမ်းတပ်သားသစ် ၁ ဦးကို အရှင်ဖမ်းမိထား ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ခမရ  ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ်  ရဲမြတ်ဝင်းကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။ "ဖမ်းဆီးရမိတဲ့သူကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖမ်းဆီးရမိခဲ့တာပါ။ ကျနော်တို့ဒေသမှာ သတင်းတိုင်ကြားချက်အရ ဝင်ရောက်ဖမ်ဆီးတာပါ။ သူက ရေးမြို့နယ်၊ ခမရ  ၅၉၁ တပ်ရင်းမှာ တာဝန်ထမ်းဆောင်ရင်း ထွက်ပြေးလာတာပါ။ ၁ ဦးတည်း ဖမ်းဆီးမိခဲ့တာပါ။ ဘေနားသူ့အမျိုးသမီးပါ။ လက်ရှိမှာ ဖမ်း မိထားတဲ့သူကို ဘယ်လိုမျိုး ဆက်လက် အရေးယူဆောင်သွားမလဲဆိုတော့ ဒါကတော့မဆုံးဖြတ်ရသေးပါဘူး "ဟု ရေးဘီလူး တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။ ခမရ  ၅၉၁ တပ်ရင်းမှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သားသစ် အသက် ၂၆နှစ်အရွယ် ရဲမြတ်ဝင်းမှာ  မြိတ်မြို့တွင် နေထိုင်သူဖြစ်ပြီး စစ်မှုထမ်းအဖြစ် ရေးမြို့သို့ တာဝန်ကျ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

  • 12 февр.15,6 тыс467

    စစ်ခွေးတပ်စစ်ကြောင်းပျက်သွားတဲ့ကောလင်းတိုက်ပွဲရုပ်သံ ကောလင်းမြို့နယ်အတွင်း ဒီရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲမှာ အာဏာသိမ်းစစ်ခွေးတပ်စစ်ကြောင်းကို ​တော်လှန်​ရေးတပ်တွေက စစ်ကြောင်းပျက်အောင်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ခွေးမသာအလောင်းနှင့် ဒဏ်ရာရတဲ့ စစ်သုံ့ပန်းတွေကို ဖမ်းမိခဲ့ကြောင်းသိရှိရသည်။ ကောလင်းမြို့နယ်ထဲမှာ  ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိန်းထားတဲ့ သစ်ဖုလတောင်ကို ဝန်းသိုမြို့ထဲက  ခမရ(၁၀၁)နဲ့  ခမရ(၁၂၀)က အင်အားစစ်ခွေး အကောင် ၂၀၀ ခန့်ပို့ပြီး စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေပြီး ဝန်းသိုမြို့ထဲကနေဇ‌န်နဝါရီလ၁၆ ရက်‌နေ့က ထွက်လာခဲ့စဥ် ညောင်ပင်သာရွာနဲ့ ကောလင်းမြို့နယ်အရှေ့ခြမ်းကချဉ်ပစ်ခုံရွာဘက်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် စစ်ခွေးတပ်စစ်​ကြောင်းသည် သစ်ဖုလတောင်အနီးရှိ ကျောက်တန်းရွာတွင် တပ်စွဲထားပြီး တိုက်ပွဲဖြစ်ပွားနေသည်။ စစ်ခွေးများ ရှေ့တန်းကနေထွက်ပြေးမှုတွေလည်းရှိနေပြီး ဖေဖော်ဝါရီလ ၇ရက်နေ့ ကျောက်တန်းရွာတိုက်ပွဲတွင်  ဝန်းသိုမြို့အခြေစိုက် ခမရ(၁၂၀) တပ်ကြပ်ကြီး ထူးထူးနိုင်ဆို ကို အရှင်ဖမ်းမိခဲ့သည်။

  • 12 февр.13,5 тыс32

    စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ မှ ဒုဗိုလ်သန့်ဇင်အောင် ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ အကြမ်းဖက်စစ်တပ်၏ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ် ၆၇ မှ ဒုဗိုလ်သန့်ဇင်အောင် (ခ) သီဟအောင်မှာ ကျောင်းဆင်းပြီး ၂ လ အကြာ ၀ိုင်းမော်တိုက်ပွဲတွင် KIA၊ PDF လက်ချက်ဖြင့် သေဆုံးသွားကြောင်း ကာယကံရှင်မိဘများ၏ လူမှုကွန်ရက်တွင် ဖော်ပြချက်နှင့် တပ်အသိုင်းအ၀ိုင်း၏ ပြောဆိုချက်အရ သိရှိရသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ ပြင်ဦးလွင် စစ်တက္ကသိုလ်မှ အမှတ် ၆၇ ဗိုလ်လောင်းသင်တန်းဆင်းခဲ့သော ဒုဗိုလ်သန့်ဇင်အောင်(ခ) သီဟအောင်မှာ ကျောင်းဆင်းပြီး ၂ လအကြာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ၀ိုင်းမော်မြို့ အနောက်ဘက်တိုက်ပွဲတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ "ကျောင်းဆင်းပြီး ဒုဗိုလ်အဖြစ် အပွင့်တငပြီးရင် ခွင့် ၁၀ ရက်ပေးပါတယ်။ ပြီးရင် သက်ဆိုင်ရာ တာဝန်ကျရာ နေရာတွေကို သွားရောက်ပြီး တာဝန်ထမ်းဆောင်ရပါတယ်။ အားလုံးကတော့ ရှေ့တန်းစစ်မြေပြင်ကို လွှတ်တာပါ။ DSA ၆၇ အများစုမှာ ရှေ့တန်းစစ်မြေပြင်ကို လွှတ်တာပါ" ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒုဗိုလ်သန့်ဇင်အောင်(ခ) သီဟအောင် သေဆုံးခဲ့သော တိုက်ပွဲမှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ ၀ိုင်းမော်မြို့ ၏ အနောက်ဘက် ရာဘာခြံနှင့် ငှက်ပျောခြံများအတွင်း တပ်စွဲထားသော ကာကင်းစခန်းများဖြစ်ပြီး ယင်းတိုက်ပွဲများတွင် KIA က စစ်တပ်၏ ကာကင်းစခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းများ၊ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ ယင်းအပြင် ဖေဖော်ဝါရီလ ၄ ရက်နေ့မှဖေဖော်ဝါရီလ ၉ ရက်နေ့အထိ စစ်တပ်နှင့် KIA တပ်များအကြား ၀ိုင်းမော်မြို့နယ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီးနောက် ခလရ ၅၈ တပ်ရင်း၏ ကာကင်းစခန်း ၂ ခုကိုလည်း တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ စစ်တပ်က ၀ိုင်းမော်မြို့အခြေစိုက် ခလရ ၅၈ တပ်ရင်းကို ကာကွယ်ရန်အတွက် မြစ်ကြီးနားမြို့နယ်၊ဗလမင်းထင်တံတားအနီး၊ မိုင်းနားကျေးရွာ (မခေါယာန်) ရှိ မှန်ပြတောင်ပေါ်မှနေ၍ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • 12 февр.11,7 тыс

    без подписи

  • 12 февр.14,3 тыс

    без подписи

  • 12 февр.13,5 тыс

    без подписи

  • 12 февр.13 тыс30

    без подписи

  • 6 февр.15,8 тыс34

    Karenni KNDF Khu Reedu | ခူးရိဒူး လွတ်လပ်ရေးသူရဲကောင်း [ Official Music Video ]. https://youtu.be/dEISD2DfAKE https://youtu.be/aIBR1FjdWcw

  • 6 февр.15,9 тыс35

    😂

  • 5 февр.13,4 тыс34

    без подписи

  • 5 февр.12,1 тыс512

    ဖလမ်းမြို့သို့ စစ်ကြောင်းထိုးနေသော စစ်ခွေးတပ်ကို  တိုက်ခိုက်မှု စစ်ခွေး အကောင် ၃၀ သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးရန် ရောက်ရှိနေသော အကြမ်းဖက် စစ်ခွေးတပ် စစ်ကြောင်း ၃ ခုကို CNA အပါအဝင် ချင်းတောလှန်ရေးစုပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ခွေး အကောင် ၃၀ သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ စစ်ခွေး အကောင် ၂၀ ကျော်ရှိကြောင်း သိရှိရသည်။ တိုက်ပွဲအတွင်း စစ်ခွေးများထံမှ လက်နက်မျိုးစုံ ၃၀ နီးပါး၊ ကျည်ဘောက်များနှင့် ခဲယမ်း အမြောက်အများလည်း သိမ်းဆည်းရရှိခဲ့ပြီး တပ်ပျက်၍ ဆုတ်ခွာသွားနေသော စစ်ခွေးများကိုလည်း လိုက်လံ တိုက်ခိုက်နေကြောင်း သိရှိရသည်။ ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ဖလမ်းမြို့သို့ စစ်ကြောင်းထိုးရန် ကလေး-သိုင်းငင်း လမ်းပိုင်းမှ စစ်ယာဉ်တန်းဖြင့် လာရောက်သော စစ်ခွေး အကောင် ၃၀၀ ကျော်ပါ စစ်ကြောင်းကို ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ပြီး CNA အပါအ၀င် ချင်းတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုက ဗာလုံနှင့် ဇောင်းလိရွာအကြားတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ခွေး ၇ ကောင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း သိရှိရသည်။

  • 5 февр.11 тыс151

    ဂန့်ဂေါမြို့တွင် စစ်ကောင်စီမှပြုလုပ်နေသော ပြည်ထောင်စုနေ့အထိမ်းအမှတ်ဘောလုံး​ပြိုင်ပွဲတွင် ယနေ့ညနေပြိုင်ပွဲတွင် လူငယ် ၁ဦးဖမ်းဆီးခံရ။ ဂန့်ဂေါ ၃.၂.၂၀၂၆/သတင်း-ရောင်နီ ယနေ့ညနေပိုင်းက ဂန့်ဂေါမြို့ ၊ခရိုင်အားကစားကွင်းတွင် စစ်ကောင်စီလက်အောက်ခံ အား/ကာကော်မတီမှ ကျင်းပပြုလုပ်နေသော ပြည်ထောင်စုနေ့အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲတွင် အမှတ်၁(က)အသင်းမှ ကစားသမား၁ဦး ဖမ်းဆီးခံရကြောင်း စုံစမ်းသိရှိထားရပါသည်။ဖမ်းဆီးခံရသူဟာ ဂန့်ဂေါမြို့၊အမှတ်(၁)ရပ်ကွက်တွင်နေထိုင်ကြသူ ဖြစ်ပြီး အသက်၂၀ကျော်အရွယ် အမျိုးသားဖြစ်ကြောင်းသိရပါတယ်။ `ဒီနေ့ညနေပိုင်း ဘောလုံးပွဲက အမှတ်၁(က)အသင်းနဲ့ပြစ်မရွာဘောလုံးအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြတယ်လို့သိရပါတယ်။ထိုဘောလုံးပွဲတွင် ဘယ်အသင်းမှ ဂိုးမသွင်းနိုင်ခဲ့ကြလို့ ခေါင်း၊ပန်းလှန်ပြီး ဆုံးဖြတ်ခဲ့ရာ ပြစ်မရွာအသင်းက နိုင်သွားတယ်။ပွဲပြီးတဲ့အချိန်မှာ ကွင်းအတွင်း အမှတ်၁(က)အသင်းမှ ကစားသမားနဲ့ပွဲလာကြည့်သူတို့စကားများကြရာမှ စဖြစ်သွား​တာ။ဖမ်းခံရတဲ့သူကမူးနေတာထင်တယ်။ မူးမူးနဲ့အော်ဟစ်စကားများရင်း ပွဲဆူသွားတယ်။ရန်ဖြစ်ချိန် စစ်ကောင်စီလက်အောက်ခံ ရဲတွေက အမှတ်၁(က)အသင်းက ကစားသမားနှင့် ရန်ဖြစ်ရာမှာပါတဲ့သူတို့အား ၀ိုင်းဝန်းရိုက်နှက်ကြပြီးနောက်လူငယ်၁ဦးကို  ဖမ်းပြီးရဲစခန်းကိုခေါ်သွားကြကြောင်း´´´မျက်မြင်တွေ့ရှိခဲ့သူ ဂန့်ဂေါဒေသခံမှ ယောအလင်းတန်းကို ပြောဆိုထားပါတယ်။ဖမ်းဆီးခံရသူလူငယ်နဲ့ရန်ဖြစ်ကြသူများဟာ  အမှတ်၁ရက်ကွက်မှ နေထိုင်ကြသူများဖြစ်ပြီး သူငယ်ချင်းများလည်း ဖြစ်ကြောင်းသိရှိရပါသည်။ ဖမ်းဆီးခံရလူငယ်ဟာ ယခုချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးပဲ ဂန့်ဂေါမြို့မရဲစခန်းတွင်ရှိနေသေးကြောင်းထပ်မံစုံစမ်းသိရှိရပါသည်။ဂန့်ဂေါခရိုင် အား/ကာကော်မတီမှ ကျင်းပနေသော ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် အမှတ်၁ရပ်ကွက်မှ ၂သင်း၊အမှတ်၂ရပ်ကွက်မှ ၁သင်း၊အမှတ်၃ရပ်ကွက်မှ ၁သင်း၊အမှတ်၄ရပ်ကွက်မှ ၁သင်း၊စကစလက်အောက်ခံရုံးပေါင်းစုံမှ ၁သင်းနှင့် ပြစ်မရွာမှ ၁သင်းစီ ၀င်ရောက်ယှဥ်ပြိုင်နေကြဖြစ်ပါတယ်။ ယနေ့ဘောလုံးပြိုင်ပွဲကို ကွင်းလယ်ဒိုင်အဖြစ် ကိုပေါက်၊စည်းကြပ်ဒိုင်များအဖြစ် ကိုသားနိုင်၊အောင်ကိုမင်းတို့က တာ၀န်ယူခဲ့ကြောင်းသိရပါသည်။အဆိုပါဘောလုံးပြိုင်ပွဲတွင် လွန်ခဲ့သောရက်အတွင်း ယှဥ်ပြိုင်ခဲ့သော ပြစ်မအသင်းနဲ့အမှတ်၁(ခ)အသင်းတို့ပွဲစဥ်တွင်လည်း အမှတ်၁(ခ)အသင်းမှကစားသမားက ပြစ်မရွာအသင်းက ကစားသမားနဲ့စကားများရန်ဖြစ်ပြီး ထိုးကြိတ်မှုကြောင့် အနီကဒ်ဖြင့်ထုတ်ပယ်ခံရကြောင်းသိရှိရပါသည်။ စစ်ကောင်စီဟာ ဂန့်ဂေါမြို့ပေါ်တွင် ပွဲလမ်းသဘင်များပြုလုပ်ပေးနေပြီး ငြိမ်းချမ်းသာယာစွာရှိနေပြီဖြစ်ကြောင်း ထိုပွဲလမ်းသဘင်များဟာ ငြိမ်းချမ်းခြင်းရဲ့အကျိုးကျေးဇူးများကြောင့် ဖြစ်လာကြောင်း ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးသက်လွင်က အဆိုပါဘောလုံးပြိုင်ပွဲဖွင့်ပွဲပြုလုပ်သည့်နေ့က အမှာစကားပြောကြားပြီး ပြည်သူများကို စည်းရုံးနေကြောင်းသိရှိရပါသည်။အဆိုပါဘောလုံးပြိုင်ပွဲကို ၂၇.၁.၂၀၂၆ရက်နေ့မှ၉.၂.၂၀၂၆ရက်နေ့ထိကျင်းပသွားမည်လို့သိရပြီး ဘောလုံးပွဲလာကြည့်သူပရိသတ်များကတော့ နည်းပါးနေကြောင်းသိရှိရပါသည်။ Vedio-ယနေ့ညနေပိုင်းအားကစားကွင်းအတွင်းမြင်ကွင်း ယောအလင်းတန်း