tgindex
ကဗျာစာအုပ်

ကဗျာစာအုပ်

Статистика

"နှလုံးသားတစ်စုံ" ငါတို့ မရရှိခဲ့ကြ ငါတို့ ဆုံးရှုံးခဲ့ကြ။ ။ -ကြယ်ကြွေဆောင်း _ကဗျာစာအုပ်

Последний пост
9 авг.
Последнее чтение
14 авг.
Постов за неделю
0
Всего постов
62
Тип
открытый
Язык
my
Категория
Музыка (по похожим)
В каталоге с
14 авг.
Подписчики
1 196
−1 за 4 дн.
Сутки
−1
−0,08%
Неделя
 
Месяц
 
Просмотров на пост
241
40 постов
Вовлечённость
20,2%
к подписчикам
Постов в день
0,0
всего 62
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
161
1/48двое суток
184
1/72трое суток
198

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • ""ဆယ့်ကိုးနှစ်လက်မှတ်"" ဘဝကကြီးကြီးမားမား မဖြစ်လာသေးတဲ့အခါအားလျော့နေတဲ့ ဆယ့်ကိုးနှစ်လက်မှတ်ကိုငါ ထုတ်ထုတ်ပြတတ်တယ်။ တစ်ခါကပေါက်တူးလေးက ငါ့ကို လှောင်လို့အမိန့်ရ အပေါင်ဆိုင်ထဲအမေသင်ပေးခဲ့သလိုငါ့ကိုယ်ငါသွားရောင်းခဲ့ဖူးတယ်။ ငါ လွန်ဆန်လို့မရတဲ့ ဒိန်ခဲတွေကြားမှာဒိုင်ပင်ထိုးဆင်းပြီးဝက်ပေါင်ခြောက်အမှီးတွေနဲ့အများသူငါရဲ့ အမြင်တွေကို လက်ခုပ်တီးပေးခဲ့တယ်။ ဆယ့်ကိုးနှစ်လက်မှတ်ကိုခါးမှာ လျှိုထားခဲ့တော့ပုန်ကန်သူ တစ်ယောက်ရဲ့ နာမည်ဟာတဖြည်းဖြည်းနဲ့ဆယ့်ကိုးနှစ်လက်မှတ် ဖြစ်လာတယ်။ ငါ ရချင်ခဲ့တဲ့ဘဝက ကမ္ဘာ့အကောင်းဆုံးတွေ။ ငါ ရခဲ့သင့်တဲ့ဘဝက ကမ္ဘာ့အဆိုးဆုံးတွေ။ ငါ ရခဲ့တဲ့တစ်ပတ်ရစ်အရက်ဝိုင်းဟာလည်းမူပိုင်ခွင့်နဲ့ ရခဲ့တဲ့အကြွေးစာရင်းတစ်စောင်ပဲ။ အော်ငိုတိုင်း ကစားရတဲ့အခါကစားတိုင်း အော်ငိုရတဲ့အခါငါဟာအတော်ဆုံးကစားသမား ဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ငါ ရချင်ခဲ့တဲ့ဘဝနဲ့ ငါ ရခဲ့တဲ့ဘဝဟာငါပိုင်ဆိုင်တဲ့တန်ဖိုးနည်းပစ္စည်းနှစ်ခုအဖြစ်အပေါင်ဆိုင်ရဲ့ စင်ပေါ်မှာနေရာယူသွားတယ်။ ငယ်တုန်းကတော့ ငါ့စိတ်ဟာ မော့စ်ဆန်တယ်။ အက်ရှင်နဲ့ မောဖီးယက်စ် ပါဝင်တဲ့ခပ်ပိန်ပိန် မုန့်ဖိုးတွေဟာငါ့လက်ဖဝါးထဲမှာချွေးတွေရွဲနေတတ်တယ်။ လုပ်ချင်တာလုပ်ဖို့ခွင့်ပြုချက်မလိုတဲ့အိမ်ပြတင်းငယ်လေးရဲ့ ကောင်းကင်မှာပျံသန်းနေတဲ့ ချိတ်ဟောင်းလေးတွေကိုငေးရတယ်။ သေနေတဲ့ အရုပ်ဟောင်းလေးတွေကငါ့ကို စိတ်ဆိုးလို့ စကားမပြောတာလို့ထင်ခဲ့ဖူးတယ်။ ဆယ့်ကိုးနှစ်လက်မှတ်ဟာကြောင်အိမ်လေးကနေငါ့ကို ချောင်းကြည့်နေခဲ့တယ်။ ဆယ့်ခြောက်နှစ်ရောက်တော့ဘာသာစကားမျိုးစုံကိုအရည်ကျိုသောက်တတ်လာတယ်။ Pron ။Poem။Love။ Depression။ တကယ်ကို အမျိုးစုံပါပဲ။ ဆန်းကျော်စွာဝင်းရဲ့“ဇွန်းတပ်ထားတဲ့နိုင်ငံတော်” နဲ့လည်းဖက်လဲတကင်း။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ “ဒွန်တော်လီဒို” နဲ့လည်း ညဘက်တွေ စကားပြောလာတယ်။ မီးမလင်းတဲ့ ညဘက်တွေမှာ စိတ်ကူးယဉ်မမနဲ့ဖက်အိပ်တတ်လာခဲ့တယ်။ အရွယ်ရောက်ဖို့လက်တစ်လုံးခြားအလိုမှာငါ သေနှင့်ခဲ့ပြီ။ ငါ့အထီးကျန်ငွေ့တွေအမေ့ဆီ လွှင့်လွှင့်သွားတိုင်း“လူဖျင်းသွားရာလမ်း” ဆိုတဲ့ စာအုပ်နဲ့ငါ့ကို အမြဲချော့သိပ်လေ့ရှိတယ်။ အဖေမရှိတဲ့ ငယ်ဘဝဟာမိုးရွာပြီး ခြောက်ကပ်သလို၊ဆီမီးအိမ် မီးစာကုန်သလို၊လမ်းမဟာခြောက်ကပ်မှောင်မိုက်တဲ့ရက်တွေကြီးပဲ။ “ခေတ်ကြီးကကျွန်တော်တို့ကို စိမ်းကားလွန်းတယ်”ပြောတိုင်း “ရွှေမျိုးတွေကို မှီလို့လား” ဆိုတဲ့အထေ့အငေါ့ဟာအမေ့ထွက်သက်အထိရယ်ဖို့တော့ မစွမ်းနိုင်ခဲ့ဖူး။ လက်မောင်းထဲကဆယ့်ကိုးနှစ်လက်မှတ်ကို စမ်းပြီးတာဝင်တဲ့အထိမနားစတမ်း ပြေးရတယ်။ ၂၂ နှစ်အရွယ်ရောက်တော့ ဆယ့်ကိုးနှစ်လက်မှတ်ကို ငါ ရှက်လာတယ်။ ငါ ဖြစ်မလာခဲ့တဲ့ နာမည်တွေ၊အပေါစားယဉ်ကျေးမှုတွေဖောသောနေခဲ့တာ။ စွန့်စားခန်းလို့မဖြစ်လာသေးခင် ငါရရှိတဲ့ မီးခြစ်ဆံနဲ့တစ်ကမ္ဘာလုံးရှေ့မှာမှော်ပညာ ဖန်တီးပြမယ်။ ရှန်ဟိုင်းကနေ ဒူဘိုင်းအထိစက္ကူလေယာဉ်လေးဟာလှလှပပမြောင်းထဲကို ထိုးဆင်းသွားခဲ့တယ်။ The Truman Show ထဲကခပ်ထေ့ထေ့အပြုံးနဲ့Jim Carrey လိုမျိုး “Good morning.In case I don't see ya,good afternoon,good evening,and good night.” ဆယ့်ကိုးနှစ်လက်မှတ်ကိုခါးမှာ လျှိုထားခဲ့တဲ့ကောင်ဟာ နောက်ဆုံးတော့ကိုယ့်ဘဝကိုယ်အပေါင်ဆိုင်မှာ အပ်ထားပြီး ကမ္ဘာကြီးကိုပြုံးပြရင်း တံခါးပိတ်ထွက်လာခဲ့တယ်။ -ရိမ်း -ဆယ့်ကိုးနှစ်လက်မှတ်

  • စာတိုငဖြူရဲ့ "မောင့်ရေခဲကြောင့် ပူပူနွေးနွေးကွဲတဲ့ကျွန်မအသည်း" ကို ကျွန်တော် laboratory ဆန်ဆန် ခွဲစိတ်စမ်းသပ်ထားပါတယ်။ Logic တစ်ခုတည်းနဲ့ မဟုတ်ဘဲ reader-response criticism (စာဖတ်သူအပေါ်သက်ရောက်မှု့)၊နဲ့ postmodern reading တွေကိုပါ ထည့်သွင်းပီး ပြောသွားမှာပါ။ ကဲ let' start guys ပထမဆုံးပြောရရင် ဒီ E-book က ကျစိမ့်တစ်ခွက်လို မျှတတဲ့အရသာရှိတယ်။ Minimalism၊ lyricism၊ fragmentation(ချိုးဖျက်ရေးနည်း) နဲ့ narrative poetry ကို balance ကောင်းကောင်းနဲ့ ရောစပ်ထားတာ တွေ့ရတယ်။ Pure surreal လို့ ပြောလောက်အောင် dream logic မပြင်းပေမယ့် emotional surrealism(မင်းတို့မခံစားရရင် အဲ့တာ၀မ်းပိတ်နေလို့ပဲ)ကိုတော့ ခံစားရတယ်။ Motif တစ်ခုအနေနဲ့ "မောင်" ဆိုတဲ့ နာမ်စားကို တစ်အုပ်လုံးရဲ့ structural backbone(တည်ဆောက်မှု့ကြောရိုး)အဖြစ် တည်ဆောက်ထားတယ်။ အစပိုင်းမှာ လူတစ်ယောက်လို ဖတ်မိစေပေမယ့် နောက်ပိုင်းရောက်လာတဲ့အခါ "မောင်" ဟာ memory လား၊ absence လား၊ private signifier လား၊ ဒါမှမဟုတ် narrator ရဲ့ inner consciousness (ဇာတ်ကောင်ရဲ့ခံစားမှု့ဘာညာစမာကလာEtc...)ကိုယ်စားပြုတဲ့ symbol လားဆိုပြီး multiple interpretation(meaningအမျိုးမျိုးထွက်လို့ရတယ်) တွေ ဖွင့်ပေးနိုင်တယ်။ ဒီ ambiguity(မရှင်းလင်းမှု့/ရီဒါကို အဓိပ္ပါယ်ဖွင့်ခိုင်းချင်း)ကပဲ reader ကို active participation လုပ်စေတယ်။(ငါအပိုပြောတယ်ထင်ရင် ဖတ်ကြည့်ကွာ) လူအများစုက ကဗျာကောင်းဆိုရင် ဝေါဟာရခက်ခက်၊ စကားလုံးအများကြီး သုံးရမယ်လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ဒီစာအုပ်ကတော့     love language နဲ့ပဲ emotional density ကို ဖန်တီးပြထားတယ်။ Vocabulary အနည်းငယ်နဲ့ impact အများကြီးရအောင် ရေးနိုင်တာက ဒီစာအုပ်ရဲ့ အားသာချက်တစ်ခုပါ။(သောက်ပြစ် ပြောဖို့မတွေးနဲ့အုံးသားကြီး ဆုံးအောင်ဖတ်) Sensibility ကလည်း တစ်ပုဒ်ချင်းစီမှာ consistency ရှိတယ်။ Feminine voice(မိန်းမရှု့ထာင့်/အ‌တွေး)ကိုအစကနေအဆုံးထိ control မပျက်ဘဲ ထိန်းထားနိုင်တယ်။ မိန်းမ narrator ရဲ့ emotion ကို hyper bole(အမှန်ထပ် ပိုများအောင်ချဲ့ကားချင်း)မဖြစ်အောင် restraint နဲ့ ရေးထားတာ သဘောကျတယ်။(ဖိုဝါဒီဇွတ်လုပ်‌ေနတဲ့ မင်းတို့ကတော့ မကျလောက်ဖူး) Imagery ပိုင်းမှာလည်း တီရှပ်၊ ရေခဲ၊ မျက်ရည်၊ ဖန်ခွက်လို နေ့စဉ်အသုံးအဆောင်တွေကို emotional landscape အဖြစ် ပြောင်းသုံးထားတာ တွေ့ရတယ်။ အထူးသဖြင့် ၁၉ ပုဒ်‌‌ မြောက်ကိုကျွန်တော်အရမ်းသဘောကျတယ်။ တီရှပ်ကို imagery အဖြစ် သုံးပြီး လူနှစ်ယောက်ကြားက emotional distance နဲ့ visual relationship ကို တည်ဆောက်ထားတာ မှတ်မိစေတယ်။ ဒါမျိုးက ရေးလို့မရတာ မဟုတ်ပေမယ့် vocabulary မဖောင်းဘဲ reader ရဲ့ memory ထဲမှာ ကျန်အောင် ရေးနိုင်တာက ပိုခက်တယ်။(ဒါတော့လက်ခံတယ်မလား လက်မခံလည်း phinခံ) Intertextuality(အနှပညာတခုပေါ် အခြားအနှပညာထပ်ဆင့်ချင်း)အချို့လည်း မြင်ရတယ်။ အခြားအနုပညာ၊ အခြားစာသားတွေနဲ့ စကားပြောနေတဲ့ခံစားချက်ရှိတယ်။ ဒါက စာသားကို အလွှာပိုများစေတယ်။ အချစ်ကဗျာလို့ပဲ မမြင်ဘဲ "မောင်" motif ကို self-awareness၊ memory၊ absence၊ narrative voice တွေနဲ့ version ပေါင်းစုံကနေ ပြန်တည်ဆောက်ထားတာက postmodern aesthetic နဲ့ နီးစပ်တယ်။(အမှန်တရားဆိုတာ တခုဝာည်းဆိုတဲ့ငနဲ တွေကိုတော့ ချောတီးပါ) ပထမတော့ poet tone က "မောင်" ကို မရှိတော့တဲ့လူတစ်ယောက်လို ဖော်ပြထားပေမယ့် နောက်ပိုင်းမှာတော့ "မောင်" ဟာ လူတစ်ယောက်ထက် ပိုတဲ့ abstract existence(အရာတခုရဲ့ဖြစ်တည်မှု့ကို သင်္ကတနဲ့ဖော်ပြတာ)တစ်ခုလို ဖြစ်လာတယ်။ အဲဒီအချိန်မှာ reader ကို "မောင်ဟာ အတွေးတစ်ခုလား၊ private sign တစ်ခုလား" ဆိုတဲ့ မေးခွန်းတွေ ချန်ထားပေးနိုင်တယ်။ (မင်းတို့ရည်းစားဟောင်းကတော့ စာတောင်မပြန်ဖူးမလား ဝါးဟားဟားဟား) တစ်ပုဒ်ချင်းစီဟာ stream of consciousness (အ တွေး‌ ပေါ်တဲ့ အတိုင်းရေးချင်း)ကို  မချိုးဖောက်ဘဲ organic flow နဲ့ ဆက်သွားတယ်။ Fragment တစ်ခုချင်းစီကလည်း တစ်အုပ်လုံးရဲ့ အဓိပ္ပါယ်တည်ဆောက်မှုကို support လုပ်ပေးတယ်။ တစ်ခုရှိတာက "မောင်" motif က အားကောင်းပေမယ့် တချို့နေရာတွေမှာ   low culture(ဟိုက်ကာချာရဲ့ရန်သူကြီး) တွေ များသွားတဲ့အတွက် surprise effect က အနည်းငယ်လျော့သွားတယ်။ Symbolic variation(ဒါက တော့မင်းတို့နားလည်အောင်အကျဉ်းမချုပ်တတ်ဖူး) ကို နည်းနည်းထပ်ချဲ့နိုင်ရင် ဒီထက်ပိုပြီး အားကောင်းလာမယ်လို့ ထင်တယ်။(ဒါက‌ ဝောာ့ ကျွန် ဝောာ်အမြင်ပါပဲဆရာကြီးလုပ်တယ်မင်းတို့ထင်လည်း ငဖြူမထင်ရင်ရပြီ) ကဲကဲ အကျဉ်းချုံးရမယ့်အချိန် ရောက်လာပြီ အပေါ်မှာ ပြောခဲ့သလိုပဲ ဒီအီးဘုတ်က အရသာ တွေ မျှမျှတတပေါင်းစပ်ထားတဲ့ ကျစိမ့် တခွက်ပါ ၀ယ်သူ တွေ သောက်သူ တွေ စိတ်‌ ကျေနပ် တဲ့အထိကိုပိုမယ့် ကျစိမ့်တခွက်ပါ (စိတ်မ ကျေနပ်ရင်  တော့ အပေါိမှာပြောခဲ့သလိုပဲ မင်း၀မ်းပိတ် နေလို့ပါ) ကဲ အခုတော့တီ‌လောက်ပါပဲ guys အဆုံးထိ ဖတ်ပေးတဲ့ အတွက် သိုင်းခယူးပါ - ကျွန်တော်ကတော့ရိမ်းဖြစ်ပါတယ်

  • ပန်းတစ်ပွင့်ဟာ တခြားပန်းတစ်ပွင့်ကို ညှိုးစေမှ ကိုယ့်ရနံ့မွှေးလာတာ မဟုတ်ဘူး။ နေရောင်ကလည်း လတစ်စင်းကို မှိန်စေမှ တောက်ပလာတာ မဟုတ်ဘူး။ တချို့လူတွေကတော့ သူများရဲ့ အလင်းကို ငြိမ်းသွားစေချင်မှ ကိုယ့်အလင်း ရှိတယ်လို့ ထင်နေကြတယ်။ -နှင်းရိပ်မြုံ (ကျောင်းတွင်းအဖြစ်အပျက်များ)

  • သူငယ်ချင်းတစ်ယောက်အတွက် မှတ်ချက်ပေးခြင်း ။ အသည်း အဆီဖုံးမှာပေါ့ ချစ်တမ်း မုန်းတမ်း ကစား အထက်တန်းစား ရေပေါ်ဆီကိုမှ သွားချစ်တာကိုး ။ -ဝင်းမြင့်

  • Graဟမ်ဘဲ Chapter 1   (အနော်ရထာသေးပေါက်တဲ့နားထိရောက်အောင်မောင်း) နေရောင်ဖွဲဖွဲ၊ နှင်းတွေ သန္ဓေပြောင်းနေတဲ့ မနက်ခင်းတစ်ခုမှာ ငါ ဆိုက်ကားတစ်စီး ငှားစီးလိုက်တယ်။ ငါးဘီးတပ်၊ ခြေထောက်လေးချောင်း၊ မြင်းကောင်ရေ ၇၂၀ ရှိတဲ့ ဂရေဟမ်ဘဲမောင်းတဲ့ ဆိုက်ကား။ စောက်ကြီးစောက်ကျယ်တွေကို အထုတ်နဲ့အပိုးနဲ့ သယ်ပြီးအနောက်ခန်းထဲ ပစ်ထည့်လိုက်တယ် ငါကတော့ ရှေ့ခန်းမှာ ကျကျနန ဝင်ထိုင်လိုက်တယ်။ "ဘယ်သွားမှာလဲ" ဘယ်လည်းမဟုတ်၊ ညာလည်းမဟုတ်။ "ရီနေဆန်းခေတ်ကို တည့်တည့်သာမောင်း။ လမ်းမသိရင် တော်လှန်ရေးနာမည်နဲ့ ရန်ပုံငွေတွေကိုသာ ဖုန်းဆက်လှမ်းမေး။" ကားဆရာက ခဏစိုက်ကြည့်ပြီး ပြန်မေးတယ်။ "ဟုတ်ပါပြီ... အဲဒီရောက်ရင် ဘာလုပ်မို့လဲ။" "ပန်းသီးပင်အောက်က နယူတန်ကို သွားဆဲမလို့။ ဒါပေမဲ့ အရင်ဆုံး La Joconde နဲ့ ချိန်းထားတယ်။ သူ့ပုံဆွဲဖို့ ကျုပ်ကို စကေးချခိုင်းထားလို့။" အဲဒီအချိန် ကားထဲက လေမုန်တိုင်းက အာသီးတွေ များလွန်းလို့ ထိန်းမနိုင်တော့ဘူး။ ကားဆရာကိုယ်တိုင် အနောက်ခန်းထဲ ဆင်းပြီး သွားထည့်ထားရတယ်။ ... "ရောက်ပြီဗျ။ ၁၅ ဘလော့ခ်ကနေ အနော်ရထာသေးပန်းအထိဆိုတော့ ရူပီးတစ်ရာပဲ ကျသင့်ပါတယ်။ ဒါတောင် လျှော့ပေးထားတာ။" "များလွန်းတယ်။ ခင်ဗျား... ကျုပ်အနုပညာကို ဈေးမဆစ်နဲ့။ တစ်ပြားမှ မပေးနိုင်ဘူး။" ပြောပြီး စောက်ကြီးစောက်ကျယ်တွေကို အနောက်ခန်းထဲ ထားခဲ့ကာ အာဒံဥယျာဉ်ထဲ ပြေးဝင်သွားလိုက်တယ်။ ဂရေဟမ်ဘဲက ခေါင်းကုတ်ရင်း ရေရွတ်လိုက်တယ်။ "အင်း... သောက်တလွဲကောင်တွေ။ လုပ်ချင်ရာလုပ်ပြီး အဲဒီခေါင်းစဉ်နဲ့ပဲ ကိုင်ကိုင်ပေါက်နေကြတယ်။" Chapter 2   (အာဒံဂါးဒန်း က                      ဖာတန်းကြီး) ငါ အာဒံဥယျာဉ်လို့ ထင်ပြီး ဝင်ပြေးသွားတဲ့နေရာက ဒီရာစုရဲ့ အကြီးကျယ်ဆုံး ဖာတန်းကြီးဖြစ်နေတယ်။ ကောင်တာမှာ မနာလိုခြင်းနဲ့ ရွံရှာမုန်းတီးခြင်းက ထိုင်နေတယ်။ "ဘိုကင်တင်ထားတာ ရှိလားရှင့်။ မရှိရင် မီနူးပြပေးမယ်။" +— ဘယ်သူမှ နားမလည်တဲ့ ခေတ်သစ်မြို့မငြိမ်း (၁000 ရူပီး) ++ — အသံကြိုးနည်းနည်းပျက်နေတဲ့ ကြောင်ခံတွင်းပျက် (၅00 ရူပီး) +++ — ပြုံးပြတာကလွဲလို့ ကျန်တာလုပ်တတ်တဲ့ ပစ်တိုင်းထောင် (၂50 ရူပီး) ++++ — မျက်လုံးနည်းနည်းမှုံပြီး ကိုယ့်ကိုယ်ကို "အနုပညာ" လို့ ခေါ်တဲ့သူ (၅၀ ရူပီး) "ဒါဆို... အနောက်ဆုံးဟာပဲ ပေးလိုက်ပါ။ ကျုပ်ကလည်း အာဝါဒေးသမားဆိုတော့ အဆင်ပြေမှာပါ။" နာရီဝက်လောက်ကြာတော့ "မအနုပညာ" က အခန်းထဲ ဝင်လာတယ်။ "ဒီဘလက်ကော်ဖီထဲ မှင်ရည် ဘယ်နှကျပ်သားထည့်ရမလဲ။ အသိပညာ ဘယ်နှချက်လောက် မွှေရမလဲ။" "ရတယ်... မင်းကိုယ်လေးကို ဖဲ့ပြီး ငါးချက်လောက် မွှေလိုက်။" Chapter 3  (ဟေးးစကားများ တယ် လုပ်စရာရှိတာလုပ်‌တော့။)                     "ဒါနဲ့... ရှင်က ဒီဖာတန်း အပြင်မှာ ဘာအဆင့်အတန်းလဲ။" အမည်းရောင်စက်ဝိုင်းခြမ်းထဲမှာ စောက်ပြစ်ထိုင်ပြောတတ်တဲ့ Beat Generation တစ်ယောက်လား။ လူစုလူဝေးမြင်ရင် လက်မထောင်ပြတတ်တဲ့ ဆိုင်းဘုတ်အဝါလေးလား။ မဟုတ်ရင်... သရော်စာတွေရေးတတ်တဲ့ ဘောပင်တစ်ချောင်းလား။ "ဟေး... စကားများတယ်။ လုပ်စရာရှိတာ လုပ်တော့။" ... ဒီလိုနဲ့ပဲ မနက်ရောက်ခဲ့ရတယ်။ နေရောင်ဖွဲဖွဲ၊ နှင်းတွေ သန္ဓေပြောင်းတဲ့အချိန်မှာ ဂရေဟမ်ဘဲမောင်းတဲ့ ဆိုက်ကားနဲ့ မအနုပညာကို အဲဒီလို သွားတွေ့ခဲ့ပါတယ်။။။။။ -ရိမ်း -မအနုပညာ

  • "2လေး7" ဒါဟာ အကောင်းဆုံး တေးသွားတစ်ပုဒ် မဟုတ်ပါဘူး။ ဒါဟာ ဝါဒဆန့်ကျင်ရေးတွေ ထိုးသိပ်ထားတဲ့ အိတ်တစ်အိတ်လည်း မဟုတ်ဘူး။ ဒါဟာရေစီးကြောင်းထဲက လတ်လတ်ဆတ်ဆတ် ခုန်ထွက်လာတဲ့သွေးသံရဲရဲ မနက်ခင်းတစ်ခုပဲ။ 2023 ရဲ့ 8 လပိုင်း၊ အမည်နဲ့ နေရာတစ်ခုမှာ ကိုယ်တို့ မျက်လုံးချင်း ဆုံခဲ့ကြတယ်။ လွဲပစ်ခဲ့တဲ့ မျဉ်းဖြောင့်တွေဟာ အဲ့တုန်းကတော့ ရေစက်ကိုကျေးဇူးတင်ခဲ့ရတယ်။ဆယ်ကျော်သက် ရင်ဖုံးလေးဟာ စေတန် ကောင်းချီးပေးခဲ့တဲ့ အညင်သာဆုံး မီးတောက်ကလေးပဲ။ကိုယ့်ကိုယ်ကိုယ် တောက်လောင်စေခြင်းဖြင့် ပါရီမြို့လေး ပိုးဖလံ ကင်းပါစေ။ ကိုယ် ပထမဆုံး ရှာတွေ့ခဲ့တဲ့ရှစ်ခုမြောက် တိုက်ဟာမင်း မွေးနေ့က စတယ်လို့ ပြောတိုင်း "ရှင်ကတော့လေ" ဆိုပြီးအက်ကြောင်းထပ်နေတဲ့ ရယ်သံတွေနဲ့ငါတို့ လမ်းကြားထဲက အပင်တွေ ကြွေခဲ့ရတယ်။ ပထမရက် ဒုတိယအပတ် တတိယလ စတုတ္ထနှစ် ဒါတွေက ကြွေခဲ့တဲ့ အပင်စာရင်းတွေပဲ။မင်းလက်ကို စနမ်းခွင့် ရခဲ့တဲ့ ရက်တွေဟာဒီနှစ်တွေမှာ စုတ်ပြတ်သတ်နေခဲ့တာတော့ ချွင်းချက်ပေါ့ ခင်ရယ်။ ကိုယ်တို့ ဝေးသွားတဲ့ သုံးမိနစ်စာလေးနဲ့အရက်ဖိုး ချေခဲ့ရတော့ ပထမဆုံးတွေ များလွန်းတဲ့ နိုင်ငံတော်ဟာအသဲကွဲခဲ့ရတယ်။အရက်ဆိုင်မှာ မိုးလင်းခဲ့တဲ့ ရာစုနှစ်မြူတစ်ကောင်အတွက် အရာအားလုံးဟာ မင်းလက်ဖမိုးပေါ်က လက္ခဏာရဲ့ အဖိုးအခပဲ။ထွက်ခွာခွင့် မပါတဲ့ မှတ်တိုင်ဆိုတာတစ်နေရာရာမှာ ရပ်ကျန်ခဲ့တဲ့ စိတ်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ "တော်တော် စောက်လုပ်ရှုပ်တဲ့ မိုးကွာ" SLAve တစ်ကောင်လိုမျိုး ငါ့ဂုတ်ပေါ်က ကြိမ်ဒဏ်တွေဟာ မင်းထားခဲ့တဲ့ အမှတ်တရတွေပဲ။ပြက္ခဒိန်ထဲက ရေစိုနေတဲ့ အောက်ဘက်ခြမ်းဟာဘယ်သူမှ မလိုချင်တဲ့ မိုနာလီဇာ။ လုဗ်ပြတိုက်ကိုမှရေစိုခံ မိတ်ကပ်တွေနဲ့ မျက်နှာသစ်ခဲ့ပုံများ။ တစ်ဘဝစာ အစွန်အဖျားထပ်မှာကိုယ့်လက်ကို ချိုးပြီးစောက်သုံးမကျခြင်းဘွဲ့ကိုထိုက်ထိုက်တန်တန် ကြိုးကွင်းစွပ်ခဲ့တဲ့ExTreMe Dimensions ထဲကိုမှမေ့ပျောက်ခြင်း ဖိတ်စာနဲ့ ငါ လက်ဆွဲယူခဲ့တဲ့ငွေ့ရည်ဖွဲ့ခြင်းမျိုးတွေဟာအချစ်ဟာ စစ်ဆိုတဲ့ AD26 ပန်းဦးလွှတ်ပွဲရဲ့ နောက်ဆုံးဗားရှင်းပဲ။ အပ်ဒိတ်မြှင့်လိုက်တိုင်းမေတ္တာပါဝင်မှုဟာအကြမ်းရည်လျော့ထားတဲ့ ပေါ့စိမ်ပေါ်မှာပဲ မူတည်တော့တယ်။ ခပ်ပိန်ပိန် ကတိတစ်ခုကိုမှ မင်းတို့က လိုအင်ဆန္ဒတွေ ဖြည့်ကြတာ။အခုကျခေတ်ဟာအချစ်ဓာတ် ချို့တဲ့ခဲ့တဲ့ကုန်စည်တွေနဲ့ပဲ စည်ကားနေတယ်။ ခရမ်းလွန်ရောင်ခြည်တွေအိပ်တန်းတက်တဲ့ ညလယ်မှာငါတို့ အတွေ့တရားဟာသုတ်ရည် ပတ်လည်ကာထားတဲ့၃၃ နှစ်အရွယ် ဗျိုင်းမကြီးပဲ။ မင်းတို့က Sexual Bull တွေနဲ့လူကြီးဖြစ်နေချိန် ငါတို့က Cigarettes Art တွေကိုကစားလို့ကောင်းတုန်း။ သေနေတဲ့ စာကြောင်းတွေကိုအုတ်ဂူတင်ပေးလိုက်။ဒါ ကဗျာစစ်စစ်။ သဒ္ဒါတရား ကင်းမဲ့တဲ့နေ့ခင်းတွေမှာအပြန်မသာတဲ့ အလာလမ်းကိုမှကိုယ့်ပိုက်ဆံနဲ့ကိုယ် လျှောက်နေရတုန်း။ သံသရာရဲ့ ဟိုးထောင့်တစ်နေရာမှာဘက်ကီဂျင်းတစ်ထည်ဟာအေးစက်မှုတွေနဲ့ ထုံကျဉ်နေခဲ့ပြီးဒါဗင်ချီရဲ့ လက်နှစ်ဖက်ကိုဖျက်.... မင်းခန္ဓာကိုယ်ကို ထုဆစ်ပေးခဲ့ခြင်းမျိုးတွေဟာစောက်ရူးတစ်ကောင်ရဲ့ ကိုးကွယ်မှုတွေပါ။ မြေထဲပင်လယ်ဟာအဲ့နေ့က ကမ်းစပ်နဲ့ ငြိမ်းချမ်းရေးယူပြီးလှိုင်းလွှင့်တွေနဲ့ အရေးအခင်း ထဖြစ်တယ်။ဒီရေအပေါ် ရာသီဥတုဟာရပ်ဆဲခြင်း မရှိခဲ့ဖူး။ အာဏာရှင်ပီပီငါတို့ဟာကိုယ့်ပန်းချီကားကိုယ်ထမ်းပြီးနေရှင်နယ်ခေတ်ထဲ ပြေးပုန်းခဲ့ရတယ်။ -ရိမ်း -နှစ်၄7

  • ဘုရားတရား မသိတဲ့ လူဆီမှာလည်း ဘုရားတမိတဲ့ အချိန်တွေ၊ တရားရမိတဲ့ အချိန်တွေ သေချာပေါက် ရှိတယ် အချစ်ရဲ့ ။ -နော်ယာ

  • အချစ်ဆိုတာ ဘာလဲငါမသိခင် အိပ်ယာပါ်ရောက်နေခဲ့။ ဖေဖေလို့ခေါ်သံဟာ ငါ့နားကိုခါးစေတယ်။ ငါသာယာဖို့အတွက် စတေးလိုက်ရတဲ့ အခြားသော သားလာင်းများ အို...အသင်လောက ရက်စက်ပေစွ။ ။ ကြယ်ကြွေဆောင်း Crd drawing

  • လမ်းခွဲ နှစ်ယောက်ကြား တစ်ယောက်ဝင်ခြားသွားတဲ့စည်းကို ကိုယ်တစ်သက်လုံး စောင့်ထိန်းသွားမှာပါကွယ်...။ -စာတိုငဖြူ

  • "သူမ" ပုခက်ကိုလွှဲ ချစ်လက်ဆွဲ ကိုယ်မွဲနေလည်း ဂရုမမြဲ အမုန်းမတွယ် အချစ်တွယ် မှောင်ကွယ် ဆိုးဖယ်သူမကွယ်။ တေးသီချင်းသီဆို ချစ်အတွက်ဆို ကမ္ဘာကိုတောင် ကိုင်လှုပ်မလို နို့ချိုတိုက်ကျွေး မျက်နှာငေး နွေးထွေးမှုလည်းသူမ ပေး။ မျက်ရည်မလို အပြုံးလို ချွေးစိုနေတောင် မအားပို အနမ်းတစ်ပွင့်ဝယ် အလွမ်းသဖွယ် စွဲမက်နေလို့ သူမလွယ် မေတ္တာလိုတဲ ခိုလှုံချွဲ သူမဆိုတာ အမေပဲ။ ကဗျာရေးသူ= ညို့သွေးရောင် (Sub)

  • အာဇာနည်မြတ်မမေ့အပ် အာဇနိယ အာဇာနည်တွေ တိုင်းပြည်အကျိုးထမ်းရွက်နေ လွတ်လပ်ရေးပန်း ဆွတ်ခူးရေး အစဥ်အမြဲ သူတို့တွေး။ အတွင်းဝန်ရုံး အစည်းဝေးတွင် ဆွေးနွေးကြလို့ တိုင်ပင်စဥ် ထိုစဥ်မှာပင် ကြမ္မာဆိုး စီစဥ်ကာလေ သူတို့အငြိုး။ ကိုယ်ကျိုးစွန့်တဲ့ လုပ်ရပ်ကို မနာလိုလို့ ရန်တွေလို မသမာသူ လူတစ်စု ကြံရွယ်ကာလေ အန္တရာယ်ပြု။ ဗိုလ်အောင်ဆန်း နဲ့ ဦးအုန်းမောင် စဝ်စံထွန်းကြီး မမေ့ပေါင် ဦးဘဝင်း နဲ့ ဦးရာဇာတ် သခင်မြလည်း မမေ့အပ် မန်းဘခိုင် နဲ့ ဦးဘချို ကျည်ဆံအောက်မှာ အသက်စွန့်လို နောက်ဆုံးမှာလေ ရဲဘော်ထွေး ကိုးဦးအသက်ကိုစတေး။ ယမ်းငွေ့များကြား သူတို့ခင်ဗျာ တိုင်းပြည်အတွက် စတေးရရှာ အသက်ကိုပင် ပဓာနမထား အာဇာနည်မြတ် စွန့်စားသွား။ စွန့်ခွာသွားခဲ့ တမလွန် တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ဝမ်းနည်းခြင်းတွေ ရင်မှာစိုး ဇူလိုင်တစ်ဆယ့်ကိုး။ ၁၉ ဇူလိုင်ရောက်လျှင်ပင် ပိုပြီးသတိရချင် မျက်ရည်မိုး နဲ့ ကောင်းကင်မိုး အပြိုင်ရွာသွန်းဖြိုး။ အာဇာနည်မြတ် ချိန်အခါ သူရဲကောင်းဗိမာန် အရှေ့မှာ လွမ်းမောဖွယ်ရာ ပန်းခွေများ ပုံလျက်အများသား။ မှတ်ယူဆဲပဲ ယနေ့တိုင် ပြည်သူများလည်း မမေ့နိုင် နှစ်စဥ်နှစ်တိုင်း ဂုဏ်ပြုလျက် အာဇာနည်မြတ် မမေ့အပ်။    ။ နှင်းရိပ်မြုံ (18.7.2026)

  • အညစ်အညမ်းသတင်းစာ (၁) ဂျင်ဒီ မင်းက အတောင်မပါဖူး။ မင်းက ဓာတ်ခွဲခန်းမပါဖူး။ ကမ္ဘာကြီးက သေမင်းကို အိမ်ပေါ်တင်ပြီး၊ ရှင်ခြင်းကို သော့ခတ်ထားတာ။ ယုတ်ပျက်စင်းပျက် being တွေဟာ ငါတို့အိပ်မောကျခြင်းနဲ့ စတင်နေတယ်။ အညစ်အညမ်းသတင်းစာ (၂) ဂျင်ဒီ လူကလေး တံခါးသွားခေါက်တဲ့အခါ၊ကြွက်ဖြူလေးကို အရင်သတ်ရတယ်။လက်ကောက်ဝတ်တွေကို လွတ်မြောက်ခွင့်ပေးခြင်းဟာအက်တမ်လေးတွေရဲ့ မော်လီကျုးပဲ။ အညစ်အညမ်းသတင်းစာ (၃) ဂျင်ဒီ ထွက်ခွာလို့မရတဲ့ ထွက်ခွာခြင်းဟာအစစ်အမှန် ထွက်ခွာခြင်းရဲ့ လမ်းလွဲတစ်ခုပဲ။ မင်းလျှောက်ခဲ့တဲ့ ညာဘက်ဟာ ငါ့ညာလက်ပဲ။ အညစ်အညမ်းသတင်းစာ (၄) ဂျင်ဒီ ဒီခေတ်မှာ ပညာရှိတွေ သိပ်သည်းဆမြင့်တယ်။ သူတော်ကောင်းတရားတွေဟာတစ္ဆေတစ်ကောင်ရဲ့ အညစ်အကြေး။ သတင်းစာထဲက ဝိရောဓိဟာ မုဒိမ်းမှုရဲ့ နောက်ဆုံးမျက်မြင်သက်သေပဲ။ အညစ်အညမ်းသတင်းစာ (၅) ဂျင်ဒီ ပူအိုက်တတ်တဲ့ ကောင်းကင်ကို မင်းမြင်ဖူးလား။ လေထုဟာ အဆိပ်မသင့်ခဲ့ဖူး။နေရောင်ခြည်တွေသာ မူးယစ်ဆေးစွဲခဲ့ကြတာ။ အညစ်အညမ်းသတင်းစာ (၆) ဂျင်ဒီ ချိတ်ပိတ်ခံထားရတဲ့ မြစ်တစ်စင်းကိုမင်း နည်းနည်းလေးမှ လျှော့မတွက်နဲ့။သူတို့က ကောက်ကျစ်တတ်တယ်။ကွေ့ကောက်မှုတွေဟာ သူတို့ချနင်းခဲ့တဲ့ ငှက်မွှေးတွေရဲ့ သင်္ဘောပျက်ပဲ။ အညစ်အညမ်းသတင်းစာ (၇) ဂျင်ဒီ မင်း ချစ်ခြင်းမေတ္တာကို မရှာနဲ့။သန္ဓေသားပျက်တွေနဲ့အခန်းညည်းသံတွေထဲမှာ သူတို့ငိုနေတတ်တယ်။စကားထာဝှက်ပြီးသဲလွန်စကို တားဆေးထဲထည့်ပြီးရင် လက်ဆောင်ပေးလိုက်။ ဒါ သူတို့ရင်းနှီးတဲ့ ချစ်ခြင်းမေတ္တာပဲ။ အညစ်အညမ်းသတင်းစာ (၈) ဂျင်ဒီ သွေးကြောကျဉ်းလာတဲ့ ခေတ်ဟာနှလုံးရောဂါရနေတဲ့ မနက်ဖြန်တွေကြောင့်ပဲ။ ဝေးဝေးက မကြည့်ရင်တောင် မင်းကတော့ မသေနိုင်ပါဘူး။ အညစ်အညမ်းသတင်းစာ (၉) ဂျင်ဒီ ကျန်းမာရေးချို့တဲ့လာတဲ့ ဒီမိုကရေစီအတွက်မင်း ဘာလုပ်ပေးနိုင်ပြီလဲ။သံယဇာတနဲ့ သဟဇာတကိုစာလုံးပေါင်းမှားခဲ့ကြတဲ့ ဝါကျတွေအတွက်ကတုပ်ကျင်းဟာ ပုဒ်မမရှိခဲ့ဖူး။ အညစ်အညမ်းသတင်းစာ (၁၀) ဂျင်ဒီ လိင်ဆွဲဆောင်မှုမြင့်မားတဲ့ ဆီလီကွန်ကဗျာတွေကြောင့် လူနားမလည်တဲ့ ဗျည်းတွေ ဟာလွတ်မြောက်ခွင့်ရတယ်။သိုင်းကွက်နင်းပြီး ပြေးတဲ့ စာကြောင်းဟာပိုပြီး အနုပညာဆန်တယ်။ အညစ်အညမ်းသတင်းစာ (၁၁) ဂျင်ဒီ အချစ်ဦးကို မင်းမြင်ဖူးလား။ သတိရခြင်းနဲ့ သိက္ခာကိုမြုံ့မြဲစွာ ကိုင်ထားရတဲ့ တိုက်ပွဲမှာသူဟာ ဘုရင်မပေါ့။ ငါဟာ စီးခဲ့တဲ့ သွေးချောင်းတွေပေါ့။ကော်ပီရိုက်မိ့သွားတဲ့ လေဟာနယ်ဟာငါ့ကိုပဲ တွန်းကန်ခဲ့တာ။ အညစ်အညမ်းသတင်းစာ (၁၂) ဂျင်ဒီရေ ကျည်ဆန်ပေါက်ကို ဖာဖို့သေနတ်တစ်လက်တော့ ဖြစ်မသွားစေနဲ့။ ယူရယ် Uralတောင်တန်းက စနိုက်ပါဟာရုရှားကနေ စတာလင်ဂတ်အထိပြုတ်ကျ စေနိုင်တယ်။ အညစ်အညမ်းသတင်းစာ (၁၃) ဂျင်ဒီ ဧကရာဇ်တစ်ယောက်ရဲ့ အစွန်းဆုံးဟာခေတ်ပျက်ကို အိတ်ကပ်ထဲထည့်နိုင်သလို၊ခေတ်သစ်ကိုလည်း လက်ကာပြနိုင်တယ်။ မသေနိုင်တဲ့ အာဏာဆိုတာ ကစားပွဲတွေရဲ့ ပါးစပ်ပေါက်ပဲ။အဟောင်းတန်းက မြို့ပြဟာနည်းနည်းတော့ ဖုန်တက်နေတတ်တယ်။ အညစ်အညမ်းသတင်းစာ (၁၄) ဂျင်ဒီ မြွေတစ်ကောင်ကို မင်းကျောမှာ ကပ်ထားတာဟာပေါ်ကာဝိုင်းမှာဝှက်ဖဲကို အင်္ကျီချွတ်ပြထားသလိုပဲကွ။ဓားခုတ်ဟာဝင်လျှိုမိတဲ့ စီးကရက်ကိုတော့ မင်းဖဲချပ်တွေ ကောင်းကောင်းနားလည်မှာပါ။ အညစ်အညမ်းသတင်းစာ (၁၅) ဂျင်ဒီဟာ ဘာလဲ? ဂျင်ဒီဟာ သတင်းစုံရပ်တစ်ခု။ ဂျင်ဒီဟာ ထွက်ပေါက်မရှိတဲ့ ကန့်လန့်ကာတစ်ခု။ လက်ဖက်ရည်တစ်ခွက်ရဲ့ ပတ်ဝန်းကျင်တစ်ခု။ ခေတ်ဟောင်း ခေတ်ကြို ခေတ်ပျက် ခေတ်သစ် ခေတ်လွန်တို့အလွန်မှာ ဂျင်ဒီရှိတယ်။ စတင်သော လော်ဘီရဲ့မစတင်သော အာလူးစားသူများ။ မေးခွန်းပေါင်းများစွာရဲ့အပြင်မှာ လျှောက်သောသူဟာအဖြေကို သိလို့မဟုတ်ဘဲ၊ လှံတစ်ချောင်းရဲ့၊ ကော်ဖီတစ်ခွက်ရဲ့၊ 50 V ရှိတဲ့ transistor တစ်ခုရဲ့မျက်နှာပြောင်တိုက်ခြင်းတွေကို သိရှိထားလို့ပဲ။ ဂျင်ဒီဟာ ဘာလဲ။ ဂျင်ဒီဟာ အတွေးတစ်ခုရဲ့ပျက်သုန်းခြင်းပြယုဂ်ပဲ။ -ရိမ်း -wHaT iS jiNDd

  • ငါ့ကိုငါပြန်ရခဲ့ပါပြီ မင်းကိုတော့ဘယ်တော့မှ ပြန်မရတော့ဘူး ထင်ပါရဲ့ ။ ဂန္ဓမာ

  • တစ်ချို့ဘဝတွေက ရှင်သန်နေရတာမဟုတ်ပဲ နေထိုင်နေရတာဖြစ်နေတယ်.... သူတို့ဖြစ်ချင်တဲ့ ဘဝမျိုး မရကြဘူး။ လိုချင်တာတွေလည်း မရကြဘူး။ သူတို့မှာရှိနေတာနဲ့ပဲနေထိုင်နေကြရတယ်။ လမ်းပေါ်မှာပတ်သွားနေတဲ့ကလေးတွေ.... ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြမ်းတွေလုပ်နေကြတဲ့ကလေးတွေ.... သူတို့မှာလည်း အိမ်မက်တွေရှိမှာပေါ့. ဒါပေမယ့် သူတို့အိမ်မက်တွေကို သူတို့ဖျောက်ပစ်ခဲ့ပြီး ဘဝကိုနေထိုင်နေကြရတယ်။ တခြားသူတစ်​ယောက်ရဲ့ နေထိုင်မှုကို ကြည့်ပြီး သူတို့သာဖြစ်ခဲ့ရင်ဆိုတဲ့စိတ်တော့ရှိကြမှာပဲ.. ဒါပေမယ့် သူတို့ရှိနေတဲ့အခြေအနေမှာပဲ ပျော်အောင်နေကြရတယ်။.. ဘာလို့လဲဆိုတော့ တစ်ချို့အရာတွေက ကြိုးစားမှုဆိုတာနဲ့တင် ရလာမှာမဟုတ်သလို လုပ်ယူလို့လဲမရဘူး။.. ဒီတိုင်းလေးပဲ ရှိနေမှာ... -နှင်းရိပ်မြုံ

  • သင်္ချိုင်းတစ်ခုရှေ့ ရပ်ပြီး ကြည့်ဖူးလား…။ နာမည်တွေ အများကြီး ရေးထားတယ်… အသက်တွေ မတူဘူး… ဘဝတွေ မတူဘူး… ဒါပေမယ့် အဆုံးသတ်ကတော့ အားလုံး တူနေကြတယ်…။ တချို့က ပိုက်ဆံအများကြီး ရှာခဲ့တယ်… တချို့က အာဏာတွေနဲ့ နေခဲ့တယ်… တချို့က မာနတွေနဲ့ လူတွေကို နာကျင်စေခဲ့တယ်…။ ဒါပေမယ့်… သေသွားတဲ့နေ့မှာ ယူသွားနိုင်တာ ဘာတစ်ခုမှ မရှိခဲ့ဘူး…။ နောက်ဆုံး… ကိုယ့်ခန္ဓာကိုယ်ကို မြေကြီးထဲ ထည့်ပြီး လူတွေ ပြန်လှည့်သွားကြတာပဲ…။ အဲ့ဒီအချိန်မှာ ကိုယ့်ကားတွေ မလိုက်လာဘူး… ကိုယ့်ပိုက်ဆံတွေ မလိုက်လာဘူး… ကိုယ်မာနတက်ခဲ့တာတွေလည်း မလိုက်လာဘူး…။ လိုက်လာတာက… ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုနဲ့ လူတွေရဲ့ ဆုတောင်းသံတွေပဲ…။ ဒါကြောင့်… အသက်ရှင်နေတုန်း မုန်းတာတွေ လျှော့ပါ… လူတွေကို တန်ဖိုးထားပါ… တစ်နေ့ ကိုယ့်သတင်းကြားတဲ့အချိန် “စိတ်မကောင်းလိုက်တာ…” ဆိုပြီး ရင်ထဲကနေ ပြောပေးမယ့်သူ ကျန်ခဲ့နိုင်ပါစေ…။ Crd to

  • မိုးက ကျွန်တော့်ကိုနေမကောင်းဖြစ်အောင်လုပ်တယ်.. ဒါပေမယ့် ကျွန်တော် မိုးကိုမြတ်နိုးတယ်.... မိုးက ကျွန်တော့်ကိုဘာပဲလုပ်နေပါစေ.. မိုးထဲမှာရှိနေတဲ့ အခိုက်အတန့်က ကျွန်တော့်အတွက် အပျော်ဆုံးနေမှာ.. -နှင်းရိပ်မြုံ

  • ငါဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ ဘုရားသခင်တောင် ငြင်းနိုင်မှာ မဟုတ်ဘူးကွယ်။ ပိုင်စိုးဝေ

  • အသက်ကို နောက်မှရှုမယ် ကော်ဖီကို အရင်သောက်မယ် ငါ့ကိုယ်ငါ အရင်ချစ်လည်း မင်းကိုချစ်တာ အရင်ဖြစ်ခဲ့တယ်။ စိုင်းဝင်းမြင့်

  • "Error အသစ်များ" ဗီနိုင်းချိတ်ထားလို့ရတဲ့ ဘွဲ့ရ Error တွေရောင်းတယ် တစ်ပုံဝယ် ငါးပုံလက်ဆောင်ရတယ်ပွဲဈေးက တက်တူးတွေလိုလည်းဈေးမပေါဘူး ရွာဦးကျောင်းကို ကပ်ထားတဲ့သောင်းတန်အုပ်တွေလိုလည်း ဈေးမကြီးဘူး "စက်ရုံထုတ်စစ်စစ်တွေ စက်ရုံစုတ်စစ်စစ်တွေ" အရှိတရားကို ဆွဲဖြဲပြီးလက်ရှသွားတဲ့ စာအုပ်စင်တွေရှိတယ် နေရာတိုင်း လျှာရှည်တတ်တဲ့ ကြယ်အစုအဝေးဟာ တစ်ပဲခြောက်ပြားတန် အနှပညာကိုသုညကပ်လိုက်ခိုင်းပြီးတိုက်ပုံအပြန့်သားနဲ့ကောလိပ်ကျောင်းသားလေးတွေကိုအဲဒီပုစ္ဆာ တွက်ခိုင်းတယ်ဒဿမများတဲ့ကောင် စောက်ဒုက္ခရောက်တာပဲ "ဘာထုတ်ကုန်အသစ်တွေရောက်လဲ ကိုယ့်လူ" တစ်ရက် အသက်ငါးခါပဲရှူတဲ့ ဖတ်စာအုပ်နဲ့ ခေါင်းမခါတတ်တဲ့ ဗဟုသုတတွေရောက်တယ်' ဈေးကတော့ ကောင်းချက် တစ်ဂါလံ ငါးကျပ် ကြိုက်တဲ့ ဆွေးနွေးဝိုင်းခေါ်သူတို့ ဖင်ပိတ်ငြင်းပေးလိမ့်မယ် စောက်ကြီးစောက်ကျယ် Title တွေကိုError ခေါင်းစဉ်ထဲက တစ်ဖက်ပိတ်နည်းစနစ်နဲ့ ကမ္ဘာကြီးထက် ရှေ့ကို ပိုပြေးပြလိမ့်မယ်။ ခေတ်ကိုမှီထားတဲ့ ခေတ်ရဲ့ အလက်ဂျက်တွေ ဦးနှောက်မပါတဲ့ တက္ကနစ်တွေ နားမပါတဲ့ သူတို့အဆင့်အတန်းမှာ ငါတို့အတွေးအခေါ်ဟာ ပုန်ကန်သူဖြစ်တယ် သူတို့ကြောက်တာ အသွားထက်ထက် ဓားတစ်လက် မဟုတ်ဘူး သူတို့ကြောက်တာ လက်သည်းအမည်းဆိုးထားတဲ့လက်ဖက်ရည်ဆိုင်တွေ မဟုတ်ဘူး သူတို့ကြောက်တာလည်ပင်းက ကြိုးကွင်းလျော့နေမှာကိုပဲ။ "မင်း Error စစ်လားအဲဒီအပင်ပေါ် ရေကူးပြစမ်း" ပါရမီတွေ မှိုတက်ရတော့ ကြိုးစားမှုဟာအညွန့်တုံးတဲ့ ဆေးခြောက်တွေဖြစ်လာရတယ်ထုတ်ပိုးမှုပုံစံအသစ်နဲ့ ခေါင်းပြတ်ဥပဒေတွေ များလာတော့ငွေနောက်လိုက်တဲ့ ကကြိုးအတွက်လည်းသူတို့မှာ ကစရာတီးလုံးများများစားစား မရှိဘူးအဲတော့ ပန်းသေနေတဲ့တရားမျှတမှုနဲ့ပဲအာသာဖြေပြရတယ် ပုံသွင်းခံခဲ့ရတဲ့ စားပွဲထောင့်တွေဟာအနားမညီခဲ့နိုင်ဘူး။ ကိုယ်ရေးရာဇဝင်ထဲ စက်ချို့ယွင်းချက်တွေအကြောင်းစကားပြေတွေကို အတောင်တပ် လှောင်အိမ်တံခါးကို သူတို့ပဲ ဖွင့်ပေးခဲ့ကြတာ ငါးယောက်မှားပြီး တစ်ယောက်မှန်ရင် ဒီမိုကရေစီ ဒါလည်း သူတို့အကြိုက်ဆုံး ခေါက်ဆွဲ ပါဝင်ပစ္စည်းဟာ နိုင်ငံရေးထုတ်လုပ်သူဟာ အာဏာရှင် မှိုင်းတိုက်ခံရတဲ့ မြစ်တွေကြောင့်နိုင်ငံဟာ အနောက်ကို ပြန်စီးရတယ်ရေစုန်ကို ပြန်တက်တဲ့ သံယဇာတတွေကို တော့သူတို့ အကျဉ်းချထားကြတယ်။ Error စစ်စစ်တွေရောင်းတယ် Error စစ်စစ်တွေရောင်းတယ်တစ်ဂါလံ ငါးကျပ် ငါးကျပ်။ -ရိမ်း

  • "အကျဉ်းနေ့စွဲများ" ဖရေဇာမြို့ပြတွေထဲတစ်သီးပုဂ္ဂလဆန်ခြင်းတွေကို ငါဟာ လိုက်ရှာတယ်။ ဝိရောဓိတွေရဲ့ ဆယ်မိနစ်စာအခန်းကဏ္ဍထဲဆိုက်ဖလူးပန်းလေးတွေရဲ့ ဇီဝန်ကိုတစ်နာရီ မိုင်တစ်ရာနှုန်းနဲ့ ဝင်တိုက်ပစ်တယ် ။လေကို ခပ်ကြမ်းကြမ်းလေး မှုတ်ပြီးနောက်ပြန်လည်ခွင့်မရှိတဲ့ ကတ်ဆက်ဟောင်းတွေနဲ့ 5G အပြည့်မရတဲ့ နှလုံးခုန်နှုန်းတွေလို ငါ့အိမ်မက်ဟာ ရေတိမ်ထဲ ကူးခတ်ရတယ်။ လေထဲမှာ ကာလာဘလိုင်းတွေပါလာတယ်။ သူခိုးခိုးလာသလို အမှောင်ဟာ ကြမ်းကျွံကျခဲ့တယ်။ ငါကလွဲရင် အကုန်လုံးဟာ စကြဝဠာထဲ အနီရောင်တီရှပ်ကိုသွားဖြီးပြနေပြီးငါ့ကိုပဲ သန္ဓေပြောင်းမြစ်တွေထဲအတင်းတွန်းချခဲ့တာ။ သံတိုင်တွေနောက်က နေ့စွဲတွေဟာရာခိုင်နှုန်းမပြည့်မီခဲ့ဖူး။ သည်းခြေကောင်းကောင်းတစ်စုံနဲ့ကိုယ့်စိတ်ဓာတ်ကိုယ် ဂျယ်လီငါးတွေဆီ ထိုးကျွေးခဲ့တဲ့ပင်လယ်ဖျံဟာ ငါပဲ။ ငါ့ကိုယ်ငါ ပျောက်ဆုံးနေတဲ့ နေ့ရက်တွေထဲပြန်နိုးထမလာခဲ့ရင် ကောင်းပါလားဆိုပြီး " မနက်ဖြန်တွေကို အိပ်ဆေးခပ်ပြီးရင်း ခပ်ခဲ့တယ်။" လွယ်လွယ်ကူကူတော့ ငါမသေခဲ့ဖူး။ လရောင်ကို လည်လှီးပြီး ဓူဝံကြယ်ကို ကုန်ထုတ်ခဲ့တဲ့ခရီးသည်ဟာ ဉီးတည်ရာမဲ့နေတဲ့ မြေပုံထဲ ရေတခွန်ပြေးရှာတယိ မွေးကတည်းက အဲ့ပါရမီကို လည်ပင်းကြားညှပ်ပြီး မွေးလာခဲ့တော့အများက ခေါ်တာ ဗြဟ္မာကြီးဦးခေါင်းတဲ့။ ငါ သေမလိုဖြစ်ခဲ့တာအကြိမ်ကြိမ်ပဲ။ ပထမဆုံး အသဲကွဲတော့လည်း သေမလိုပဲ ။ပထမဆုံး ဆေးခြောက်သောက်တော့လည်း သေမလိုပဲ။ မိသားစုထဲငါဟာမသီးတဲ့အပင်၊မရယ်တဲ့ဟာသ၊ပေါက်နေတဲ့ ခေါင်မိုး။ အမေကတော့ ငိုတယ်။ ဘဝကို ရအောင်ရှာတဲ့ ကျုပ်စာအုပ်ပြာတွေပေါ်မှာ ကျတဲ့ အမေ့မျက်ရည်ဟာ အနုပညာတစ်ခုပေါ်ဘဝတစ်ခု ထပ်ပေါင်းစပ်လိုက်သလိုမျိုး ကဗျာတွေဟာ သံချပ်ကာအပြည့် ဖြစ်ခဲ့တယ်။ နွားခြေရာခွက်ထဲ ကျောက်ဆူးချခဲ့မိတဲ့ ဘဝရဲ့ အရက်ခွက်ဟာ ငါပဲ။ တစ်စက်ချင်းစီဟာ ကံကြမ္မာဓားသွားပေါ်မှာ ရွှေ့မရခဲ့တဲ့ အာဖရိကမြင်းရိုင်းတစ်ကောင်ကို ကြိမ်နဲ့တို့တဲ့ဖြစ်စဉ်တွေကြီးပဲ။ ငါကလည်း မခေသူ။ ကြိုးကို ခိုင်ခိုင်ချည်ပြီး ဆာဗားနားလွင်ပြင်ထဲ လိပ်ပြာဖမ်းပြနေတာ။ နတ်ဆိုးသွေးနဲ့ မျိုးဖောက်ခဲ့တဲ့ဘုရားစင်ပေါ်က အင်းဆက်ဟာနေ့ရက်တိုင်းကိုလူတွေကို ဖမ်းစားရင်း နေထိုင်တယ်။ ဂေါ့သမ်စီးတီးထဲကဗီလိန်တစ်ကောင်လို၊ Marvel ထဲကသားနို့စ်လို... အခြေခံလိုအပ်ချက်တွေထဲ စိတ်ကြီးဝင်နေတဲ့ နွားတစ်ကောင်ကို ရိုက်သတ်တာ ပြစ်မှုမြောက်တယ်တဲ့။ငါးသလောက်မှ ကြိုက်တယ်ဆိုတဲ့ပါးစပ်တွေက ထွက်လာတဲ့ သနားညှာတာခြင်းတွေဟာ ညှီနံ့တွေ များလွန်းတယ်။ ကမ္ဘာကြီးကို မက်စ်အုပ်ပြီးစောက်အဓိပ္ပာယ်မဲ့နေတဲ့နေထိုင်မှုမြို့ပြတွေထဲ NPC Virus ဖြန့်တယ်။ ရွှေတံဆိပ်ဆုရ လက်သုတ်ပဝါတွေဆီပေနေတဲ့ ပညာရေးကို သုတ်ပေးခိုင်းပြီး မီးရှို့တယ်။နင်းခံခဲ့ရတဲ့ လီဗာဟာခေတ်လွန်တေးတွေ ဖြစ်လာတယ်။ အိုဗာဆီးကစောက်သဲကွဲခြင်းတွေဟာပြန်မလာတော့တဲ့ လော်ရီကုန်တင်ကားဟောင်းတွေထဲ အတွေးလွန်ခြင်းများကို လက်လီလက်ကား ဖြန့်တယ်။ ညဉ့်လည်း နက်နေပြီ။ ညနက်တွေရောက်တိုင်း အတိတ်မည်းတွေဟာ ကန့်လန့်ကာနောက်က ငါ့ကို ချောင်းနေဆဲ။ အဖန်ငါးရာငါးကမ္ဘာဆိုတဲ့ကောင်နဲ့ရေနွေးအိုး တူတူထိုင်စောင့်တယ်။ ကြံရိုင်းတစ်ကောင်ရဲ့ အသိတရားမျိုးနဲ့၊အသတ်ခံရတော့မယ့် ငါးတစ်ကောင်ရဲ့ ဖြစ်တည်မှုမျိုးနဲ့၊ ဒါဟာ စကားလုံးနှစ်လုံး။ ဘဝ ဘ  ၀ ဘ     ၀ -ရိမ်း