tgindex
Последний пост
9 мая 2025 г.
Последнее чтение
13 авг.
Постов за неделю
0
Всего постов
20
Тип
открытый
Язык
my
В каталоге с
13 авг.
Подписчики
6 001
−14 за 3 дн.
Сутки
−11
−0,18%
Неделя
 
Месяц
 
Просмотров на пост
6 526
20 постов
Вовлечённость
108,7%
к подписчикам
Постов в день
0,0
всего 20
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
1/48двое суток
1/72трое суток

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • 9 мая 2025 г.10,3 тыс7816

    ဒါကြောင့်မို့လို့ grammar သင်ရတာ 😂 ဒီ memes ကို နားလည်ရင် ကိုယ်က grammar ကို သေချာလေး ကျွမ်းဝင်နေပြီလို့မှတ်ယူလို့ရပါတယ်။ 😉

  • 7 мая 2025 г.10,1 тыс25

    видео или голосовое, без подписи

  • အင်္ဂလိပ်စကားမှာ fluent ဖြစ်ဖို့ podcast တွေကိုဘယ်လိုနားထောင်မလဲ။ 🔹 အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ချင်ရင် လုပ်ရမယ့် ပထမဆုံးအရာကတော့ အင်္ဂလိပ်စကားနဲ့နေ့တိုင်းထိတွေ့တာပါ။ 🔹 တစ်သက်လုံး မြန်မာစကားနဲ့ပဲထိတွေ့လာတဲ့ ကျွန်တော်တို့ဦးနှောက်တွေအတွက် အင်္ဂလိပ်စကားကို ပြောတတ်ဖို့ဆိုရင် အင်္ဂလိပ်စကားကို အချိန်ယူပြီး နေ့စဥ်ထိတွေ့ဖို့လိုပါတယ်။ 🔹 ပြဿနာတစ်ခုက ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စကားပြောတဲ့သူ များများစားစားမရှိလို့ အင်္ဂလိပ်စ​ကားနဲ့ထိတွေ့ဖို့အခွင့်အရေးမရကြပါဘူး။ 🔹 ဒါပေမဲ့ ကျွန်တော်တို့တွေ YouTube ကို သုံးပြီး အင်္ဂလိပ်စကားနဲ့ထိတွေ့လို့ရပါတယ်။ YouTube မှာ အင်္ဂလိပ်ဘာသာစကားနဲ့ podcast တွေအများကြီးရှိပါတယ်။ ကိုယ်က အခု pre-intermediate/intermediate level ဆိုရင် Luke's English Podcast ကို YouTube မှာနားထောင်ဖို့အကြံပေးချင်ပါတယ်။ 🔹 Podcast နားထောင်တဲ့အခါ နားထောင်ရုံနဲ့မပြီးသွားပဲ episode တစ်ခုနား​ထောင်ပြီးတိုင်း ဒီ episode ထဲမှာ ဘာတွေကအဓိကအကြောင်းအရာတွေလဲ။ ဒီ episode ထဲမှာ ဘယ်အကြောင်းအရာတွေကို ကိုယ်ကသဘောအကျဆုံးလဲဆိုတာကို အင်္ဂလိပ်စကားကိုသုံးပြီး အကျဥ်းချုံးလေး ပြောကြည့်ပါ။ ဒီလိုလေး episode တစ်ခုပြီးတိုင်း episode ထဲက အဓိကအကြောင်းအရာတွေ၊ ကိုယ်သဘောအကျဆုံးအချက်တွေကို အင်္ဂလိပ်လိုအကျဥ်းချုံးပြောခြင်းဖြင့် အဲဒီ episode ကို ကိုယ်ကဘယ်လောက်နားလည်လိုက်လဲဆိုတာကို ဆန်းစစ်ကြည့်လို့ရပြီး "ဆရာက podcast နားထောင်ဆိုလို့သာ နားထောင်လိုက်တယ်။ Podcast ကနေ ဘာမှမရလိုက်ဘူး" ဆိုတဲ့ ပြဿနာကိုလည်းရှောင်ရှားပြီးသားဖြစ်သွားမှာပါ။ 🔹 ဒီလောက်ဆိုရင် podcast ကို ထိထိမိမိဘယ်လိုနားထောင်ရမလဲဆိုတာ သဘောပေါက်သွားပြီလို့ထင်ပါတယ်။ စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

  • видео или голосовое, без подписи

  • видео или голосовое, без подписи

  • အင်္ဂလိပ်စာကို self-study လုပ်သင့်လား။ သင်တန်းတက်သင့်လား။ 🔹 ဒီမေးခွန်းက group တော်တော်များများမှာ learners တွေမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုပါ။ 🔹 ဒီမေးခွန်းရဲ့အဖြေကိုမကြည့်ခင် self-study လုပ်တာနဲ့ သင်တန်းတက်တာကို အရင်နှိုင်းယှဥ်ကြည့်ရအောင်ပါ။ 🔹 Self-study လုပ်တာရော၊ သင်တန်းတက်တာရော နှစ်ခုစလုံးမှာ pros and cons တွေရှိကြပါတယ်။ • ဥပမာ - self-study လုပ်မယ်ဆိုရင် သင်တန်းကြေးသက်သာမယ်။ ကိုယ်အားတဲ့အချိန်မှာစာလုပ်လို့ရမယ်။ ကိုယ်လိုက်နိုင်တဲ့နှုန်းနဲ့စာလုပ်နိုင်မယ် (သင်တန်းမှာဆရာကစာသင်တာမြန်လို့ မလိုက်နိုင်မှာစိုးရိမ်စရာမလိုတော့ဘူး) ။ ဒီလိုမျိုး ကောင်းကျိုးလေးတွေရှိပါတယ်။ • Self-study လုပ်တာရဲ့ အားနည်းချက်လေးတွေကတော့ ပထမဆုံးအနေနဲ့ feedback မရဘူး။ ကိုယ်က တစ်ခုခုမေးချင်တယ်ဆိုရင် ဆရာကိုချက်ချင်းမေးလိုက်လို့မရပဲ google မှာ ကိုယ့်ဟာကိုယ် research လုပ်ရပါမယ်။ နောက်တစ်ချက်အနေနဲ့က motivation ပျောက်နိုင်ပါတယ်။ တစ်ယောက်တည်း စာလုပ်ရတဲ့အခါ moti ပျောက်ပြီး စာမလုပ်ချင်တော့တာမျိုးတွေကြုံနိုင်ပါတယ် (ဒါကြောင့်မို့လို့ self-study လုပ်မယ်ဆိုရင် တော်တော်လေးကို disciplined ဖြစ်မှရပါမယ်) ။ နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ဘယ်ကနေ ဘယ်လိုစပြီး လေ့လာရမှန်းမသိတာမျိုးတွေကြုံရနိုင်ပါတယ် (Self-study လုပ်ရင်သုံးဖို့ ဘယ်စာအုပ်ရွေးရမှန်းမသိတာ၊ ဘယ် podcast နားထောင်ရမှန်းမသိတာ၊ ဘယ် YouTube channel ကို follow လုပ်ရမလဲ မသိတာစတဲ့ ပြဿနာတွေပါ) ။ ဒါတွေကတော့ ကျွန်တော် စဥ်းစားမိတဲ့ self-study လုပ်တာရဲ့ အားနည်းချက်အချို့ပါ။ 🔹 အခုတော့ သင်တန်းတက်တာကို တစ်ချက်ကြည့်ရအောင်ပါ။ • သင်တန်းတက်တာရဲ့ ကောင်းတဲ့အချက်တွေကတော့ ပထမဆုံးအနေနဲ့ ဆရာဆီကနေ feedback ရမယ်။ ကိုယ်အမှားလုပ်မိရင် ဆရာကပြင်ပေးမယ်။ နောက်တစ်ချက်ကတော့ ဘယ်သင်ခန်းစာပြီးရင် ဘယ်သင်ခန်းစာကို ဆက်လေ့လာမယ်ဆိုတဲ့ တိကျတဲ့ plan ရှိမယ်။ နောက်ဆုံးတစ်ခုကတော့ ကိုယ်က group class တွေ join တယ်ဆိုရင် class ထဲမှာ learners အချင်းချင်း အင်္ဂလိပ်စကားသုံးပြီး task တွေလုပ်ရတဲ့အခါ ကိုယ့်ရဲ့ speaking skills ကို လေ့ကျင့်ဖို့ အခွင့်အရေးရမယ်။ • သင်တန်းတက်တာရဲ့ အားနည်းချက်တွေကတော့ တစ်ခါတလေ ဆရာစာသင်တာမြန်လို့ မလိုက်နိုင်တာ၊ တစ်ချို့သင်တန်းတွေက အရမ်းစျေးကြီးတာ၊ တစ်ခါတလေ class တွေက mixed-level class ( class တစ်ခုတည်းမှာ elementary၊ pre-intermediate၊ intermediate level တွေရောပြီးရှိနေတာ) တွေဖြစ်နေတတ်လို့ ခရီးမတွင်တာ စတဲ့ အားနည်းချက်လေးတွေရှိတတ်ပါတယ်။ 🔹 အခုဆိုရင် self-study လုပ်တာရော၊ သင်တန်းတက်တာရောရဲ့ pros and cons တွေကိုအကြမ်းဖျင်းသိလောက်ပြီဖြစ်လို့ ကိုယ့်အတွက် ဘယ် learning style က သင့်တော်မလဲဆိုတာကို ဆုံးဖြတ်နိုင်ပြီလို့ ယုံကြည်ပါတယ်။ စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

  • видео или голосовое, без подписи

  • မေဒေးမှာ အားလုံးကောင်းကောင်း အနားယူပြီးပြီထင်ပါတယ်။ ဒီနေ့တော့ မေဒေးနဲ့သက်ဆိုင်တဲ့ vocabulary နဲ့ phrase လေးတွေလေ့လာကြရအောင်ပါ။ 🔹 minimum wage - the lowest wage permitted by law • They want to raise the minimum wage to $8 an hour. 🔹 Hard work pays off. - Putting in effort and dedication eventually leads to success. • Don't give up. Hard work always pays off. 🔹 day off - a day when you do not have to work • I won't be coming to work on Tuesday. It's my day off. Comment box ထဲမှာလည်း ကိုယ်သိတဲ့ Labour Day-related vocabulary လေးတွေ ရေးပေးသွားလို့ရပါတယ်။ စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။

  • видео или голосовое, без подписи

  • Speaking skills ကိုလေ့ကျင့်ဖို့ study partner ဘယ်လိုရွေးကြမလဲ။ 🔹 Speaking skills ကိုလေ့ကျင့်ဖို့ study partner တစ်ယောက်ရှိထားမယ်ဆိုရင် ကိုယ့်အတွက်အများကြီး အထောက်အကူရှိမှာပါ။ 🔹 ဒါပေမဲ့ study partner ကို သေချာရွေးဖို့တော့လိုပါလိမ့်မယ်။ ကိုယ်ကအခုလက်ရှိမှာ pre-intermediate level ရှိတယ်ဆိုရင် study partner ကို intermediate (or) upper-intermediate လောက်ရှိတဲ့သူကိုရွေးပါ။ ဒါမှ speaking practice လုပ်တဲ့အခါ ကိုယ့်ရဲ့အမှားတွေကို ကိုယ့်ရဲ့ study partner က ပြင်ပေးနိုင်ပြီး ကိုယ်ကလည်း ကိုယ့်ထက် level မြင့်တဲ့ study partner ရဲ့စကားပြောပုံကိုအတုယူပြီး ကိုယ့်ရဲ့ speaking skills ကို ပိုကောင်းအောင်လုပ်နိုင်မှာပါ။ 🔹 Level တူအချင်းချင်းလည်း study partner လုပ်လို့တော့ရပါတယ်။ ဒါပေမဲ့ အားနည်းချက်တစ်ခုက pre-intermediate level ရှိတဲ့ learners နှစ်ယောက် အတူတူ speaking practice လုပ်ရင် level တူချင်းဖြစ်နေလို့ တစ်ယောက်အမှားတစ်ယောက် မပြင်ပေးနိုင်တဲ့ ကိစ္စလေးတော့ရှိတတ်ပါတယ်။ ဥပမာ - ကျွန်တော့် level pre-intermediate ပဲရှိခဲ့တုန်းက ကျွန်တော့်ရဲ့ study partner ကလည်း pre-inter ပါပဲ။ အဲ့တုန်းက speaking practice လုပ်တော့ သူရော ကျွန်တော်ရော "မီးဖွင့်လိုက်" ဆိုတာကို "Turn on the lights." လို့ပြောရတယ်ဆိုတာကိုမသိခဲ့လို့ "Open the lights." ဆိုပြီး မှားပြီးသုံးခဲ့ပါတယ်။ ဒီအမှားကကြာလာတော့ fossilized error ဖြစ်လာပြီး အခုတောင်မှ ကျွန်တော်သတိမထားမိရင် "Turn on the lights." လို့မပြောမိပဲ ယောင်ပြီး "Open the lights." လို့ တစ်ခါတလေပြောမိတုန်းပါပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်ကတော့ ကိုယ့်ထက် level ပိုမြင့်တဲ့သူနဲ့ပဲ learners တွေကို speaking practice လုပ်စေချင်ပါတယ်။ 🔹 Comment ထဲမှာ ကျွန်တော် recommend ပေးချင်တဲ့ conversation club တစ်ချို့ရဲ့ link လေးပေးထားပါမယ်။ စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။

  • видео или голосовое, без подписи

  • 6 လ အတွင်း fluent ဖြစ်နိုင်လား။ 🔹 6 လ အတွင်း fluent ဖြစ်မယ်ဆိုတဲ့ trend ကတော့ ဘယ်နှစ်လပြတ်သင်တန်းဆိုပြီးလုပ်ကြတဲ့သူတွေရယ်၊ နောက်ပြီး 6 လအတွင်း ဘာသာစကားတစ်ခုကို fluent ဖြစ်အောင်လေ့လာခဲ့ပါတယ်ဆိုပြီး video တွေလုပ်ကြတဲ့ fraud YouTubers တွေကြောင့်ပေါ်လာတယ်ထင်တာပါပဲ။ 🔹 " 6 လအတွင်း fluent ဖြစ်နိုင်လား " ဆိုတဲ့မေးခွန်းရဲ့အရိုးသားဆုံးအဖြေက "မဖြစ်နိုင်ပါဘူး" ဆိုတာပါပဲ။ ဒါပေမဲ့ တစ်နေ့ကိုစာလုပ်ချိန် (၄) နာရီကနေ (၈) နာရီကြားရှိမယ်ဆိုရင်တော့ (6) လအတွင်းမှာ ဘာသာစကားအသစ်တစ်ခုကို intermediate level မှာ solid ဖြစ်နေအောင် (သို့) upper-intermediate level ကိုပါးပါးလေးရောက်နေအောင်ထိလေ့လာလို့ရနိုင်ပါတယ်။ 🔹 Solid intermediate level နဲ့ upper-intermediate level ပါးပါးလေးဆိုတာက " 6 လအတွင်း အင်္ဂလိပ်စကားမှာ fluent ဖြစ်မယ် " ဆိုတာလောက်တော့ sexy မဖြစ်ဘူးဆိုတာ ကျွန်တော်ဝန်ခံပါတယ်။ 🔹 ဒါပေမဲ့ အင်္ဂလိပ်စကားကို solid intermediate level ရှိထားပြီဆိုရင်လုပ်နိုင်တာတွေအများကြီးရှိပါတယ်။ • Casual conversations တွေပြောနိုင်လာမယ်။  • အင်္ဂလိပ်လိုပြောပြီးစျေးဝယ်တတ်မယ်။ စားသောက်ဆိုင်မှာ အစားအသောက်မှာတတ်မယ်။ • Level အသင့်အတင့်ရှိတဲ့ အင်္ဂလိပ်စာတွေကို dictionary အမြဲတမ်းကိုင်နေစရာမလိုပဲ ဖတ်တတ်လာမယ်။ 🔹 အပေါ်မှာပြောခဲ့တာတွေက အင်္ဂလိပ်စကားမှာ solid intermediate level လောက်ရှိထားရင် လုပ်နိုင်မယ့်အရာအချို့ပါ။ အခုဆက်ပြီးတော့ solid intermediate level နဲ့မလုပ်နိုင်တာတွေကိုဆက်ပြောပြပေးပါမယ်။ • ရှုပ်ထွေးတဲ့အကြောင်းအရာတွေကို အင်္ဂလိပ်လိုမပြောနိုင်ဘူး။ ဥပမာ - programming ၊ physics ၊ chemistry ။ • Business journals တွေ ၊ Academic journals တွေကို ကောင်းကောင်းမဖတ်နိုင်ဘူး။ (Dictionary သုံးမယ်ဆိုရင်တော့ အချိန်ယူပြီးဖတ်ကောင်းဖတ်နိုင်ပါလိမ့်မယ်။) • ကိုယ့်အတွေးအမြင်တွေ၊ ခံစားချက်တွေကို အင်္ဂလိပ်စကားကိုသုံးပြီးကောင်းကောင်းမဖော်ပြနိုင်ဘူး။ 🔹 အပေါ်ကအရာတွေကတော့ solid intermediate level နဲ့မလုပ်နိုင်တဲ့အရာတွေပါ။ C1 level လောက်ရောက်မှ အပေါ်ကအရာတွေကိုကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။ 🔹 ပြန်ချုပ်ရမယ်ဆိုရင် 6 လအတွင်း fluent ဖြစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ 6 လအတွင်း solid intermediate level တော့ ရနိုင်ပါတယ်။ Solid intermediate level နဲ့လည်းလုပ်နိုင်တဲ့အရာတွေရှိပါတယ်။ ဒါကြောင့်မို့လို့ " ငါတော့ 6 လအတွင်း fluent မဖြစ်တော့ဘူး " ဆိုပြီး စိတ်ဓာတ်ကျမနေပါနဲ့။ ပထမ (6) လမှာ solid intermediate ရအောင်ကြိုးစားပါ။ ပထမ (6) လပြီးတော့မှ fluency အကြောင်းကိုဆက်တွေးပါ။ ကျွန်တော်တို့တွေ realistic ဖြစ်တဲ့ goals လေးတွေထားကြရအောင်ပါ။ စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Learners တွေအားလုံးလိုချင်တဲ့ proficiency level တွေရရှိကြပါစေ။

  • အားလုံးအဆင်ပြေကြရဲ့လားဗျ။ ငလျင်လှုပ်သွားတာ

  • (3) လအတွင်းမှာ beginner ကနေ C1 level ရောက်အောင် စာသင်နည်း -"-

  • видео или голосовое, без подписи

  • (6) လအတွင်းမှာ pre-intermediate ကနေ upper-intermediate level ရောက်နိုင်လား။ 🔹 ဒီမေးခွန်းအတွက်အဖြေကအတိအကျတော့မရှိပါဘူး။ Learner တစ်ဦးတစ်ယောက်ချင်းစီရဲ့စာလုပ်တဲ့ပုံပေါ်ပဲမူတည်ပါတယ်။ 🔹 မြန်မာနိုင်ငံကို covid စရောက်တဲ့အချိန်တုန်းက ကျွန်တော့်ရဲ့ proficiency level က between elementary and pre-inter ပါ။ အဲ့ကနေ နောက်ထပ် (6) လလောက်ကြာတော့ ကျွန်တော့်ရဲ့ proficiency level လည်းတက်လာသလို အင်္ဂလိပ်စကားကိုသုံးပြီး communicate လုပ်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်လည်းပိုကောင်းလာပါတယ်။ 🔹 ဒီတော့ကျွန်တော်အဲ့ (6) လအတွင်းမှာ အင်္ဂလိပ်စကားကိုဘယ်လိုလေ့လာခဲ့လဲ။ ➡ ပထမဆုံးတစ်ချက်ကတော့နေ့တိုင်းစာလုပ်တာပါ။ • နေ့တိုင်းမနက် (6) နာရီထတယ်။ Podcast ကိုအနည်းဆုံးတစ်နေ့ကို (1) နာရီနားထောင်တယ်။  Vocabulary အနည်းဆုံးတစ်နေ့ (9) လုံးကျက်တယ်။ Pronunciation with Emma ဆိုတဲ့ YouTube channel မှာ Tr Emma ရဲ့ videos တွေကြည့်ပြီး pronunciation ကိုနေ့တိုင်းလေ့ကျင့်တယ်။ ➡ နောက်တစ်ချက်ကတော့အချိန်များများစာလုပ်တာပါ။ • မြန်မာနိုင်ငံကို covid စရောက်တော့ ကျွန်တော့်အသက်က (17) နှစ်ပါ။ Covid ကြောင့် ကလေးတွေကို guide လည်းမလုပ်ရတော့လို့ကျွန်တော်ကတစ်ချိန်လုံးအားနေတာပါ။ • နောက်ပြီးကျွန်တော့်မိသားစုကလည်း covid ကာလအတွင်းမှာကျွန်တော့်ကိုအပြင်ပေးမထွက်တော့ ကျွန်တော့်မှာပျင်းရင်လုပ်စရာဆိုလို့ အင်္ဂလိပ်စကားလေ့လာတာပဲရှိပါတယ်။ • တစ်နေ့တစ်နေ့ vocabulary လေ့လာလိုက်၊ pronunciation လေ့ကျင့်လိုက်၊ podcast နားထောင်လိုက်၊ ဒါတွေလုပ်လို့ပျင်းလာရင် American YouTubers တွေရဲ့ videos တွေကြည့်လိုက်နဲ့ အဲ့ (6) လကိုဖြတ်သန်းခဲ့ပါတယ်။ အဲ့ (6) လအတွင်းမှာ ကျွန်တော့်အတွက် အင်္ဂလိပ်စကားနဲ့ထိတွေ့ရတဲ့အချိန်က တစ်နေ့ကို (6) နာရီလောက်ရှိမယ်ထင်ပါတယ်။ အတိအကျတော့မမှတ်မိပါဘူး။ မှန်းပြောတာပါ။ 🔹 ဒီတော့ (6) လအတွင်းမှာ pre-inter ကနေ upper-inter ရောက်နိုင်တယ်လို့ကျွန်တော်မပြောချင်ပေမယ့် စာနေ့တိုင်းလုပ်မယ်၊ အင်္ဂလိပ်စကားနဲ့အချိန်များများထိတွေ့မယ်ဆိုရင်တော့ (6) လအတွင်းမှာ proficiency level လည်း တက်လာမယ်၊ ကိုယ့်ကိုယ်ကိုယုံကြည်ချက်လည်းတိုးလာမယ်ဆိုတာကတော့ အာမခံပါတယ်ခင်ဗျာ။ စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Learners တွေအားလုံးလိုချင်တဲ့ proficiency level တွေရရှိကြပါစေခင်ဗျာ။

  • видео или голосовое, без подписи

  • Grammar နဲ့ Vocabulary မှာဘာကပိုအရေးကြီးလဲ။ 🔹 ဒီမေးခွန်းက learners တော်တော်များများ ကျွန်တော့်ကိုမေးကြတဲ့မေးခွန်းပါ။ အရိုးသားဆုံးဖြေရမယ်ဆိုရင် အင်္ဂလိပ်စကားကိုကောင်းကောင်းမွန်မွန်ပြောနိုင်ဖို့အတွက် grammar ရော vocabulary ရောက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတာတစ်ချက်ကြည့်ရအောင်ပါ။ 🔹 အင်္ဂလိပ်စကားကိုအခုမှစသင်မယ့်လူ (100% beginner) ဆိုရင်တော့ grammar အကြောင်းမတွေးပဲနေလို့ရပါသေးတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ကဗိုက်ဆာနေတယ်လို့ထားပါတော့။ ဗိုက်ဆာတာကို အင်္ဂလိပ်လိုပြောချင်တယ်ဆိုရင် "hungry" တစ်လုံးတည်းပြောလိုက်ရင်တောင် တစ်ဖက်လူက ကိုယ်ဘာပြောချင်လဲဆိုတာကိုခန့်မှန်းလို့ရပါတယ်။ 🔹 ဒါပေမဲ့ ကိုယ်က ကိုယ့်ရဲ့ language proficiency ကိုဖြည့်ချင်တယ်ဆိုရင်တော့ ကျိန်းသေပေါက် grammar ရော vocab ရောကို လေ့လာရပါမယ်။ Grammar ကိုကျွမ်းကျင်သွားတဲ့အခါမှာ အင်္ဂလိပ်စကားကိုအသုံးပြုပြီး ကိုယ့်ရဲ့အတွေးအမြင်တွေ၊ ခံစားချက်တွေကိုတိတိကျကျဖော်ပြနိုင်လာပါလိမ့်မယ်။ 🔹 Grammar မသိသေးတဲ့အခါ "hungry" ဆိုတဲ့စကားလုံးတစ်ခုတည်းကိုသုံးပြီး communicate လုပ်တာက ကိုယ်ပြောချင်တဲ့အကြောင်းအရာကို တိတိကျကျပြောလို့မရပါဘူး။ ကိုယ်က "hungry" လို့ပြောလိုက်တဲ့အခါ တစ်ဖက်လူက "သူ့ကိုဗိုက်ဆာလားလို့မေးတာလား" "ဗိုက်ဆာတယ်" လို့ပြောတာလား စသဖြင့်ခန့်မှန်းရမှာပါ။ Grammar သိရင်တော့ရှင်းပါတယ်။ ကိုယ်ဗိုက်ဆာတယ်ဆိုရင် " I'm hungry." တစ်ဖက်လူကိုဗိုက်ဆာလားလို့မေးချင်ရင် " Are you hungry? " စသဖြင့် language ကိုလိုသလိုသုံးသွားလို့ရပါတယ်။ 🔹 နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ အင်္ဂလိပ်ဘာသာစကားကို C1 ထိသွားမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိထားရင်တော့ grammar ကိုလည်းအချိန်ပေးလေ့လာပါလို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။ စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Learners တွေအားလုံးလိုချင်တဲ့ proficiency level တွေရရှိကြပါစေခင်ဗျာ။

  • видео или голосовое, без подписи

  • Speaking Skills ကောင်းဖို့အတွက် လုပ်ဖို့လိုတဲ့အချက် (၁) ချက် 🔹 ဒီ post ကတော့ စာဖတ်ရင်အဆင်ပြေတယ်။ သူများပြောရင်လည်းနားလည်တယ်။ ပြောပဲပြောမထွက်တာဆိုတဲ့သူတွေအတွက်ပါ။ 🔹 ​အင်္ဂလိပ်စကားပြောမထွက်ရတဲ့အကြောင်းအရင်း​က ခေါင်းထဲမှာ အင်္ဂလိပ်လိုမတွေးလို့ပါ။ ခေါင်းထဲမှာအရင်အင်္ဂလိပ်လိုတွေးတတ်မှ ပါးစပ်ကလိုက်ပြောလာမှာပါ။ 🔹 ဒါကြောင့် ပါးစပ်ကနေအင်္ဂလိပ်လိုပြောနိုင်အောင်မကြိုးစားခင် ခေါင်းထဲမှာအင်္ဂလိပ်လိုအရင်တွေးတတ်ဖို့ကြိုးစားရပါမယ်။ ဒီတော့ ကျွန်တော်တို့တွေအင်္ဂလိပ်လိုဘယ်လိုတွေးကြမလဲ။ 🔹 လွယ်ကူတဲ့အရာတွေနဲ့စပါ။ ကိုယ့်ရဲ့တစ်နေ့တာ plan ကို အင်္ဂလိပ်လိုတွေးကြည့်ပါ။ ဥပမာ - I'll hang out with my friend this evening. After that, I'll come back home. 🔹 နောက်တစ်ခုကဝေဖန်ရေးလုပ်လို့ရပါသေးတယ်။ ရုပ်ရှင်တွေ၊ စာအုပ်တွေဖတ်ပြီးရင် ကိုယ့်ခေါင်းထဲမှာ "This film is very interesting." "This book is very informative." စသဖြင့်တွေးလို့ရပါတယ်။ 🔹 ကိုယ့်ရဲ့ခေါင်းထဲမှာအင်္ဂလိပ်လိုတွေးတာကျင့်သားရနေမှ အင်္ဂလိပ်စကားကိုလက်တွေ့မှာနဖူးတွေ့ဒူးတွေ့ပြောတဲ့အခါ ခေါင်းထဲမှာမြန်မာကနေအင်္ဂလိပ်ကိုဘာသာပြန်နေစရာမလိုတော့ပဲ ခေါင်းထဲမှာအင်္ဂလိပ်လိုတစ်ခါတည်းတွေးပြီး ပါးစပ်ကနေမြန်မြန်သွက်သွက်ပြောနိုင်လာမှာပါ။ စာလေးကိုအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ Learners တွေအားလုံးလိုချင်တဲ့ proficiency level တွေရရှိကြပါစေခင်ဗျာ။

Also Alex — tgindex