- Последний пост
- 28 июн.
- Последнее чтение
- 15 авг.
- Постов за неделю
- 0
- Всего постов
- 22
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ (по похожим)
- В каталоге с
- 14 авг.
- 1/24сутки в ленте
- —
- 1/48двое суток
- —
- 1/72трое суток
- —
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေး တိုင်းဒေသကြီးသည် အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးဖြစ် ဇွန်(၂၈)၊၂၀၂၆ ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဇွန်လ ၂၉ရက်နေ့က သတင်းထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးသည် အောင်ချက်ရာခိုင်းနှုန်းအမြင့်ဆုံး တိုင်းဒေသကြီး အဖြစ်ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။ အောင်ချက်ရာခိုင်နှုန်း တိုင်းဒေသကြီးနှင့်ပြည် နယ် ( ၅)ခုမှာမန္တလေးတိုင်းဒေသကြီး(၆၂.၂၂ %)၊ပဲခူတိုင်းဒေသကြီး(အနောက်ပိုင်း) (၅၉.၆၀%)၊မ ကွေးတိုင်းဒေသကြီး(၅၈.၃၉%)၊မွန်ပြည်နယ် (၅၆.၁၉%)နှင့်က ချင်ပြည်နယ်(၅၄.၄၁%)တို့ဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၆ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို (၄၅၆၃၅)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်သူ(၂၈၃၉၃)ဦးရှိခဲ့သည့်အပြင် ချမ်းအေးသာစံမြို့နယ်၊ CAE ကိုယ်ပိုင် ကျောင်းမှ သိပ္ပံဘာသာတွဲကို ဝင်ရောက်ဖြေဆိုသည့် မသီရိစိုးသည် ရမှတ်ပေါင်း ၅၆၂မှတ်ဖြင့် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဆင့်(၁)ကို ရရှိခဲ့ကြောင်း သိရသည်။ ဒုတိယအမှတ်အများဆုံး အဆင့်(၂)ကို မကွေးမြို့ Dဝေလျှံ ကိုယ်ပိုင်ကျောင်းမှ ဝင်ရောက်ဖြေဆိုသည့် မအေး ချမ်းမြေ့သည် အမှတ်ပေါင်း ၅၅၆မှတ်ဖြင့် ရရှိခဲ့ကြောင်းလည်း သိရသည်။ #LocalNews #TheMandalayTimes #တက္ကသိုလ်ဝင်စာမေးပွဲ #အောင်စာရင်း #မန္တလေး
без подписи
без подписи
မန္တလေးတွင် ဂျပန်နိုင်ငံမှ BEPPU MIZOBE GAKUEN COLLAGE အကြောင်း မိတ်ဆက်ပွဲ ကျင်းပ ဇွန်(၆)၊၂၀၂၆ မန္တလေးမြို့၊မဟာအောင်မြေမြို့နယ်ရှိ ဟိုတယ်ဟေဇယ်တွင်ဂျပန်နိုင်ငံမှBEPPU MIZOBE GAKUEN COLLAGE အကြောင်း မိတ်ဆက်ပွဲအခမ်းအနားကို ဇွန်လ၆ရက်နေ့ကကျင်းပခဲ့သည်။ BEPPU MIZOBE GAKUEN COLLAGE(ဂျပန်) ၏ ပညာသင်ကြားရေးနှင့်ပတ်သက်ပြီး BEPPU MIZOBE GAKUEN ရဲ့ ကျောင်းအုပ်ကြီး Mrs Mizobe Yoshiko ကို တွေ့ဆုံမေးမြန်းရိုက်ကူးခဲသည်များကို တင်ပြလိုက်ရပါသည်။ #Interview #TheMandalayTimes #ဂျပန်ပညာရေး #မဟာအောင်မြေ #မန္တလေး
без подписи
без подписи
без подписи
без подписи
без подписи
без подписи
မန္တလေး ကန်တော်ကြီးရှိ ဘီယာဆိုင်တစ်ဆိုင်တွင် သက်ကြီးပိုင်းအရွယ်အမျိုးသားတစ်ဦး ဘီယာသောက်ရင်း ရုတ်တရက် သေဆုံး မေ(၂၇)၊၂၀၂၆ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးရှိ ဘီယာဆိုင်တစ်ဆိုင်တွင် မေလ၂၆ရက်ညနေပိုင်းကသက်ကြီးပိုင်းအရွယ်အမျိုးသားတစ်ဦး ဘီယာသောက်ရင်း ရုတ်တရက် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ "ရောဂါအခံကြောင့်လားတော့ မသိဘူး။ဘာကြောင့်လာတော့ မသိဘူး။ပြောနေကြတာကတော့ အမောဖောက်ပြီး အသက်ပါပါသွားတာတဲ့"ဟု မြို့ခံတစ်ဦးမှ ပြောကြားခဲ့သည်။ သေဆုံးသွားသူ၏ ရုပ်အ လောင်းကို ချမ်းမြသုခပရဟိ တလူမှုကူညီရေးအသင်းက မော်တော်ယာဥ်ဖြင့်မန္တလေး ပြည်သူဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။ #LocalNews #TheMandalayTimes #သက်ကြီးအမျိုးသား #ဘီယာသောက်ရင်းသေဆုံး #မန္တလေး
без подписи
မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ကဆုန်ညောင်ရေသွန်းပွဲတော်ကျင်းပ ဧပြီ(၃၀)၊၂၀၂၆ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မန္တလေးတောင် ခြေရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရား ၏ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဧပြီလ၃၀ရက် နံ နက်၉နာရီက စတင်ကျင်းပခဲ့သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်သို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊မန္တလေး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌဦးအောင်ကျော်မိုး၊ လွှတ်တော်ဒုတိယဥက္ကဌဦးကျော်မြင့်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဌာနဆိုင်ရာများ၊မဟာသကျမာရဇိန် ကျောက်တော်ကြီးဘုရားဘဏ္ဍာရေး ထိန်းဂေါပကအဖွဲ့ဥက္ကဌအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်ဝင်း၊ဂေါပကအဖွဲ့ဝင်များနှင့်ဘုရားဖူးလာဧည့်သည်များ တက်ရောက်ခဲ့ကြသည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ဘုရားဖူးပြည်သူများအား အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဒေါက်တာကျော်ဝင်း+ဒေါက်တာမြင့်မြင့်သန်း(မန်းမြေရာဇာကုမ္ပဏီမိသားစု)က ရေသန့်နှင့်အတူ ရေစကြိုထန်းသီးမုန့် အချိန်(၄၅၀) တို့ကို စတုဒိသာအဖြစ် ကျွေးမွေးကုသိုလ်ပြုလှူဒါန်းခဲ့ကြောင်း သိရသည်။ #LocalNews #TheMandalayTimes #ကျောက်တော်ကြီးဘုရား #ကဆုန်ညောင်ရေသွန်းပွဲကျင်းပ #မန္တလေး
без подписи
KBZ Center Mandalayမှ ကျောက်ကပ်အခမဲ့သွေးသန့်စင်ပေးရန် လျှောက်လွာထုတ်ပေးမည် ဧပြီ(၂၉)၊၂၀၂၆ မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊၇၃လမ်းနှင့် ၁၁၀လမ်းထောင့်ရှိ KBZ Center Mandalay မှ ကျောက်ကပ်အခမဲ့သွေးသန့်စင်ပေးရန် လျှောက်လွာများကို မေလ(၄)ရက်၊ (၅)ရက်နှင့် (၆)ရက်တို့တွင် နံနက်(၉)နာရီမှ ညနေ(၄)နာရီအထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထုတ်ပေးထားသည့် လျှောက်လွှာများကို ကို မေလ (၁၈)ရက်၊ (၁၉)ရက်နှင့် (၂၀)ရက်တို့၌ ပြန်လည်လက်ခံသွားမှာဖြစ်ပြီး စီစစ် ရွေးချယ်ပြီးလျှင် ကျောက်ကပ်အခမဲ့သွေးသန့်စင်ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ KBZ Center Mandalayအနေဖြင့် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်အခမဲ့သွေးသန့်စင်ကုသမှုအား ဖေဖော်ဝါရီ(၂)ရက်နေ့က စတင်ပြီး အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ စက်လေးလုံးဖြင့်လူနာ(၂၄)ဦးကို ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် အသစ်ထပ်မံ ရောက်ရှိလာသည့် စက်(၁၆) လုံးတပ်ဆင်ပြီးစီးပါက စက်အလုံးရေ(၂၀)ဖြင့် တစ်ပတ်လျှင် စုစုပေါင်းလူနာ (၁၈၀)ဦးကို ကျောက်ကပ် အခမဲ့သွေးသန့်စင်ကုသမှု ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအ တွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ(၄)နာရီအထိ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရသည်။ #LocalNews #TheMandalayTimes #KBZCenterMandalay #အခမဲ့ကျောက်ကပ်ဆေး #မန္တလေး
без подписи
မိုးလေကြောင့် ဇာတ်ပွဲရပ်နားခဲ့ရသည့် စမ်းရေမိုးဇာတ်အဖွဲ့ အစားထိုးဖျော်ဖြေသွားမည်ဖြစ် ဧပြီ(၂၇)၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းတောင်ခြေတွင် ဧပြီလ၂၆ရက်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဇာတ်ပွဲရပ်နားခဲ့ရသည့် စမ်းရေမိုးဇာတ်အဖွဲ့သည် ဧပြီ၂၆ ရက်နေ့ညပွဲကို ဧပြီ၂၇ရက်ည၌ အစားထိုးဖျော်ဖြေသွားမည်ဖြစ်ကြောင်း ဇာတ်ပွဲစီစဥ်သူကန်ထရိုက်များ ဖြစ်သည့် ဦးဇော်သစ်နှင့် မငြိမ်းအိစံတို့ထံမှ သိရသည်။ စမ်းရေမိုးဇာတ်သဘင်အဖွဲ့အနေဖြင့် ရန်ကင်းတောင် ခြေကျင် စတုတ္ထညအဖြစ် ကပြဖျော်ဖြေနေစဥ် မိုးလေကြောင့် ဇာတ်ပွဲကို ရပ်နားခဲ့ရသဖြင့် ပဥ္စမညအဖြစ် ကပြဖျော်ဖြေမည့် ဧပြီ ၂၇ရက်ညပွဲအတွက် ကြိုတင်လက်မှတ်ဝယ်ယူထားသူများအား ငွေပြန်အမ်းပေးမှာဖြစ်ပြီး ကြိုတင်လက်မှတ်ဝယ်ထားသူ များအတွက် မန္တလေးအနီးတဝိုက်၌ ကျင်းပမည့် စမ်းရေမိုးဇာတ်သဘင်အဖွဲ့၏ ဇာတ်ပွဲလက်မှတ်များကို ဦးစားပေး ဝယ်ယူနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဇာတ်ပွဲရပ်နားခဲ့ရခြင်းနှင့်ပတ်သက်ပြီး Billion ဇာတ်သဘင်ဝန်ဆောင်မှုလုပ်ငန်း၏ ကန်ထရိုက်များဖြစ်သည့် ဦးဇော်သစ်နှင့် မငြိမ်းအိစံတို့အား တွေ့ဆုံမေး မြန်းရိုက်ကူးခဲ့ပါသည်။ #Interview #TheMandalayTimes #စမ်းရေမိုး #ဇာတ်သဘင် #ပုသိမ်ကြီး #မန္တလေး
без подписи
မန္တလေးမြို့ခံတွေအကြား အငြင်းပွားနေကြသည့် မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအတည် ပြုချက် မတ်(၉)၊၂၀၂၆ မန္တလေးမြို့ခံတွေအကြား အငြင်းပွားနေကြသည့် မော်တော်ဆိုင်ကယ် စုံ/မ ခွဲနည်း နောက်ဆုံးအ တည် ပြုချက်တစ်ခုသည် မတ်၉ရက်နေ့ ညနေပိုင်းတွင် ထပ်မံထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ "မော်တော်ပီကယ်တွေကတော့ ဆိုင်ကယ်နံပါတ် စုံ/မကို အရှေ့ဂဏန်းကို အတည်ယူကြတာပါ။ဥပမာ ဆိုင်ကယ်နံပါတ် ၈၅ယကို စုံ အဖြစ်သတ်မှတ်ပြီး ၅၈ယကို မ အဖြစ် သတ်မှတ်ထားပါတယ်"ဟု ချမ်းမြသာစည်မြို့နယ်နေသူတစ်ဦးမှ ပြောသည်။ ချမ်းအေးသာစံနေပြည်သူတစ်ဦးမှ " စက်သုံးဆီအ ရောင်းဆိုင်တွေမှာ ၂နဲ့စားလိူ့ပြတ်ရင် စုံ ၊ ၂နဲ့စားလို့ မပြတ်ရင် မ အဖြစ် သတ်မှတ်ပြီး ဆီရောင်းပါတယ်"ဟု ပြောသည်။ မန္တလေးမြို့နေပြည်သူများအနေဖြင့် မော်တော်ဆိုင် ကယ်များ စုံ/မသတ်မှတ်အပေါ် ကွဲလွဲမှုများရှိနေသောကြောင့် လမ်းပေါက် ဆိုင်ကယ်မောင်းနှင်ခြင်း နှင့်စက်သုံးဆီထုတ်ယူခြင်းတို့အား အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။ စက်သုံးဆီ သုံးစွဲမှုလျှော့ချနိုင်ရန်နှင့်ပတ်သက်ပြီး မော်တော်ဆိုင်ကယ်များ စုံ/မ ခွဲခြားမှုသည် အခြေခံလူတန်းစားများ၏ အလုပ်သွား အလုပ်လာရန်အ တွက် အဆင်မပြေမှုများစွာ ရှိနေကြောင်းလည်း သိရသည်။ မန္တလေးမြို့ခံများအနေဖြင့် စက်သုံးဆီသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် စုံ/မ သတ်မှတ်မှုအား စက်သုံးဆီအရောင်းဆိုင်များတွင်သာ ကျင့်သုံးရန်နှင့် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်ရာတွင် ကျင့်သုံးရန် မလို အပ်ကြောင်းတို့ကို တာဝန်ရှိသူများထံမှ ပြင်ဆင်လျော့ချပေးရန် လိုလားနေကြောင်း သိရသည်။ #LocalNews #TheMandalayTimes #စုံမ #မန္တလေး
без подписи