CB Bank Myanmar
СтатистикаFacebook.com/cbbankmyanmar Twitter.com/cbbankmyanmar Youtube.com/user/cbbankmyanmar
- Последний пост
- 14 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 17
- Всего постов
- 25
- Тип
- открытый
- Язык
- my
- Категория
- Видео
- В каталоге с
- 14 авг.
- 1/24сутки в ленте
- 326
- 1/48двое суток
- 373
- 1/72трое суток
- 402
Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.
Посты
без подписи
အနောက်တိုင်း အစားအစာရော၊ ထိုင်းအစားအစာတွေပါ တစ်နေရာတည်းမှာ စိတ်တိုင်းကျ သုံးဆောင်နိုင်မဲ့ Jeff's Kitchen မှာ ကြိုက်နှစ်သက်ရာ CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay App နဲ့ ငွေပေးချေပြီး သတ်မှတ်ထားတဲ့ အထူးဟင်းလျာများကို လက်ဆောင်ရယူနိုင်ပါတယ်။ CB ဘဏ်ကတ်၊ CB Pay နဲ့ ငွေပေးချေတိုင်း 🌟 ငွေကျပ် (၈၀,၀၀၀) မှ (၁၅၀,၀၀၀) အထိ Satay Chicken သို့မဟုတ် Chocolate Lava Cake Trio Ice- Cream 🌟 ငွေကျပ် (၁၅၀,၀၀၁) မှ (၂၅၀,၀၀၀) အထိ Oyster Sauce Cashew Nut (Chicken/Pork) သို့မဟုတ် Smashed Burger 🌟 ငွေကျပ် (၂၅၀,၀၀၁) မှ (၃၅၀,၀၀၀) အထိ JK Roast Duck (Half) သို့မဟုတ် Golden Catch 🌟 ငွေကျပ် (၃၅၀,၀၀၀) အထက်ဆိုရင် Seafood & Corn with Chef's Recipe သို့မဟုတ် 2in1 Pizza (BBQ Chicken + Grilled Prawn) လက်ဆောင် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလက ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၁၅ ရက်နေ့ကနေ စက်တင်ဘာလ၊ ၃၀ ရက်နေ့အထိဖြစ်လို့ Jeff's Kitchen ရောက်တိုင်း CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay နဲ့ ငွေရှင်းဖို့ မမေ့နဲ့နော်။
"လွှဲပို့ကံထူး ဝသန်ဦး" အစီအစဉ် ပထမတစ်လအတွက် ကံထူးရှင်များ ထွက်ပေါ်လာပါပြီ။ ကံစမ်းမဲကာလကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ၊ ၂၂ ရက်နေ့အထိ သတ်မှတ်ထားတာဖြစ်လို့ နောက်လတွေမှာလဲ ထပ်မံကံစမ်းနိုင်ပါသေးတယ်။ 🔵 CB Bank နိုင်ငံတကာငွေလွှဲဝန်ဆောင်မှု ရယူသူတိုင်း ပါဝင်ကံစမ်းနိုင်မဲ့ "လွှဲပို့ကံထူး ဝသန်ဦး" Lucky Draw အစီအစဉ်အကြောင်းအသေးစိတ် ဖတ်ရှုရန် - https://bit.ly/4xZoYnw 🔴 CB Bank ဝန်ထမ်းများက တစ်ဦးတည်းသာ သိရမဲ့ ကိုယ်ရေးအချက်အလက်များ၊ လျှို့ဝှက်နံပါတ် (Password)၊ OTP ကုတ် စတာတွေကို မေးမြန်းတောင်းဆိုခြင်း လုံးဝ (လုံးဝ) မပြုလုပ်တဲ့အတွက် ဒီအချက်အလက်တွေကို ဘယ်သူ့ကိုမှ မမျှဝေမိဖို့ ထပ်မံသတိပေးလိုပါတယ်။ ☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
без подписи
အာမခံကြေးပေးဆောင်မှုတိုင်းအတွက် စိတ်အချရဆုံးနဲ့ အမြန်ဆုံးပေးသွင်းနိုင်မဲ့ CB Pay ရဲ့ Insurance Payment အနာဂတ်အတွက်အပ်နှံထားတဲ့ အာမခံကြေးတွေ၊ လစဉ်ပရီမီယံကြေးတွေကို အချိန်ပေးပြီး ကိုယ်တိုင်သွားရောက်ပေးဆောင်စရာ မလိုတော့ပါဘူး။ အပ်နှံထားတဲ့ အာမခံကုမ္ပဏီအသီးသီးရဲ့ ငွေပေးချေမှုတွေကို CB Pay ရဲ့ Insurance Payment ကနေတစ်ဆင့် လွယ်ကူလျင်မြန်စွာ ပေးသွင်းနိုင်ပြီဖြစ်ပါတယ်။ CB Pay App ကနေ ငွေပေးချေမှုများ ဆောင်ရွက်ဖို့အတွက် 🔹CB Pay App ကို ဝင်၊ 🔹Pay Bill ထဲက Bill Type မှာ Insurance Payment ကို နှိပ်၊ 🔹Biller မှာ ပေးချေလိုတဲ့ အာမခံကုမ္ပဏီကိုရွေး၊ 🔹လိုအပ်တဲ့ အချက်အလက်၊ ငွေပမာဏ စတာတွေကို ဖြည့်စွက်ပြီး ပေးချေနိုင်ပါတယ်။ 📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay ☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)
без подписи
CB Bank က ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့် ဒေသခံပြည်သူများအတွက် လိုအပ်တဲ့ပစ္စည်းများကို သွားရောက်လှူဒါန်းပြီး တစ်ဖက်တစ်လမ်းက အားဖြည့်ကူညီခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၉ ရက်နေ့မှာ CB Bank မိသားစုဝင်များ စုပေါင်းပြီး ငဝန်ရေကာတာ တာတမံနိမ့်ကျပျက်စီးမှုကြောင့် ရေဘေးအခြေအနေ ကြုံတွေ့ခံစားနေရတဲ့ ဒေသများအထိ ကိုယ်တိုင်သွားရောက်ကာ ရေဘေးရှောင်စခန်း (၅) နေရာမှာ အစားသောက်၊ ဆေးဝါးနဲ့ အရေးပေါ်အသုံးအဆောင်များကို လှူဒါန်းခဲ့ပါတယ်။ အခုလို အချိန်နဲ့တစ်ပြေးညီ အားဖြည့်ကူညီနိုင်ဖို့ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ CB Bank ဝန်ထမ်းများကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်။ "တွဲလက်ညီတူ ဖေးမကူ" ဆိုတဲ့အတိုင်း CB Bank က မိတ်ဟောင်းမိတ်သစ် Customer များ၊ မြန်မာနိုင်ငံသူနိုင်ငံသားများ အားလုံးရဲ့ နေ့စဉ်ဘဝလိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်။ နှလုံးသားနဲ့ ဝန်ဆောင်မှုပေးနေတဲ့ CB Bank
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
без подписи
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ၊ ၁၀ ရက်။ အလုပ်လုပ်ကိုင်ဖို့၊ ဆေးကုသဖို့၊ ပညာသင်ကြားဖို့စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်မဲ့သူများအတွက် CB Bank နိုင်ငံခြားငွေလဲကောင်တာတွေမှာ အသေးသုံးနိုင်ငံခြားငွေများကို သတ်မှတ်ပမာဏအတိုင်း ရောင်းချပေးလျက်ရှိပါတယ်။ 🔵 Exchange Rate နှုန်းထားများနဲ့ CB Bank နိုင်ငံခြားငွေလဲကောင်တာများကို ကြည့်ရှုရန် - (https://bit.ly/4uNMRwu) CB Bank နဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။
ပြောင်းလဲလာတဲ့ နည်းပညာခေတ်မှာ မသမာသူတွေရဲ့ ငွေကြေးလိမ်လည်မှုတွေကလဲ နည်းလမ်းမျိုးစုံနဲ့ ဆင့်ပွားဖြစ်ပေါ်လျက်ရှိပါတယ်။ အယုံမလွယ်ပါနဲ့။ အွန်လိုင်းကနေ လိမ်လည်မှု ပြုလုပ်သူတွေဟာ ⚠️ ငွေလွှဲပြေစာ အတုပြုလုပ်ပြီး လှည့်ဖြားခြင်း၊ ⚠️ ကံစမ်းမဲ၊ ဆုကြေးငွေ ကံထူးကြောင်း ဆက်သွယ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ဓာတ်ပုံ တောင်းဆိုခြင်း၊ ⚠️ ဘဏ်အကောင့်နံပါတ်အပြင် တစ်ဦးတည်းသာ သိထားသင့်တဲ့ ကိုယ်ရေးအချက်အလက်များကို တောင်းခံခြင်း၊ ⚠️ Mobile Wallet, Pay App များရဲ့ Password နဲ့ OTP များကို အတင်းအကြပ် မေးမြန်းခြင်း၊ ⚠️ အတုအယောင် Link တွေ ပေးပို့ပြီး ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ခိုင်းခြင်း အစရှိတဲ့ နည်းလမ်းတွေကို အများဆုံး အသုံးပြုလေ့ရှိပါတယ်။ ဒါ့အပြင် Facebook အကောင့်၊ Viber အပါအဝင် အခြား Social Media Channel တွေကနေ အသိအကျွမ်း အယောင်ဆောင်ပြီး လိမ်လည်လှည့်ဖြားတာတွေကိုလဲ အလွယ်တကူ မယုံကြည်မိစေဖို့ သတိပြုဆင်ခြင်သင့်ပါတယ်။ 🔵 ငွေကြေးလိမ်လည်လိုတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့ မသမာမှုတွေကို အစဉ်အမြဲ သတိထားရှောင်ရှားဖို့ မမေ့ပါနဲ့နော်။ ☎️ သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )
без подписи