tgindex
Myanmar Future News

Myanmar Future News

Статистика

Right News, Right Time

Последний пост
14 авг.
Последнее чтение
15 авг.
Постов за неделю
55
Всего постов
120
Тип
открытый
Язык
my
Категория
Новости и СМИ
В каталоге с
12 авг.
Подписчики
428
+1 за 2 дн.
Сутки
0
0,00%
Неделя
 
Месяц
 
Просмотров на пост
18
40 постов
Вовлечённость
4,2%
к подписчикам
Постов в день
7,9
всего 120
Упоминаний
0
каналов
Охват размещения
оценка
1/24сутки в ленте
16
1/48двое суток
18
1/72трое суток
19

Оценка по просмотрам недавних постов: пост набирает почти всё за первые сутки.

Посты

  • "2+2" အစီအစဉ်ချင်း တူညီသော်လည်း ဦးတည်ရာလမ်းကြောင်းက ပြောင်းလဲသွားခဲ့ပြီး ယခင်က တရုတ်ကျောင်းသားများ ပြည်ပသို့ ထွက်ခွာကြသော်လည်း ယခုအခါတွင်မူ နိုင်ငံတကာကျောင်းသားမျာ းတရုတ်နိုင်ငံသို့ ဝင်ရောက်လာကြပြီဖြစ်ပါသည်။ ပိုမိုနက်ရှိုင်းစွာ ကြည့်မည်ဆိုပါက ကမ္ဘာ့အဆင့်မြင့်ပညာရေး၏ ဗဟိုချက်မှာအ ရှေ့ဘက်သို့ အရှိန်အဟုန်ဖြင့် ရွေ့လျားလာနေပါသည်။ Times Higher Education ၏၂၀၂၆ကမ္ဘာ့တက္ကသိုလ်များအဆင့်သတ်မှတ်ချက်တွင် အာရှမှ တက္ကသိုလ်ပေါင်း ၉၂၉ ခု ပါဝင်လာပြီး သမိုင်းတစ်လျှောက် အမြင့်ဆုံးဖြစ်လာခဲ့ပါသည်။တရုတ်ပြည်မကြီးမှ တက္ကသိုလ် ၉၇ ခု ပါဝင်ခဲ့ပြီး ချင်းဟွာတက္ကသိုလ်က အဆင့် ၁၂ နှင့်ပီကင်းတက္ကသိုလ်က အဆင့် ၁၃ ဖြင့် အာရှတွင် စံချိန်တင် ဦးဆောင်နေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အဆင့်သတ်မှတ်ချက် မြင့်တက်လာရခြင်း၏ အခြေခံအကြောင်းရင်းမှာ တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နည်းပညာစွမ်းအား ဆက်လက်မြင့်မားလာခြင်းကြောင့် ဖြစ်ပါသည်။ Hurun Report ၏ ဥက္ကဋ္ဌနှင့်သုတေသနအရာရှိချုပ် Hurun က တရုတ်တက္ကသိုလ်များ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက် ဆက်လက်မြင့်တက်လာနေပြီး စွမ်းအင်သစ်၊ အဆင့်မြင့်စက်ပစ္စည်းများ၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် အဆင့်မြင့်ပစ္စည်းများ အပါအဝင် ထိပ်တန်းစက်မှုလုပ်ငန်း အများအပြားသည် ကမ္ဘာ့ဦးဆောင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ Hurun ၏ အမြင်အရ တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့် ပညာရေးသည် တရုတ်နိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာ အမြင်ရှိသော အဆင့်မြင့်လူသားအရင်းအမြစ်များကို ပျိုးထောင်ပေးသည့် အရေးပါသော မဏ္ဍိုင်တစ်ခု ဖြစ်လာခဲ့ပါသည်။ ဒါဟာ တိုက်ဆိုင်မှု မဟုတ်ဘဲ မဟာဗျူဟာမြောက် မူဝါဒ အစီအစဉ်များကို စောစီးစွာကတည်းက ရေးဆွဲထားခဲ့ခြင်းဖြစ်ပါသည်။ "၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း" တွင် ပြည်ပမှ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များကို တရုတ်နိုင်ငံသို့ လာရောက်ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပြီး "ပညာရေးသန်မာသည့် နိုင်ငံတည်ဆောက်ရေးစီမံကိန်း (၂၀၂၄-၂၀၃၅)" တွင်လည်း ကမ္ဘာ့သြဇာလွှမ်းမိုးမှုရှိသော အရေးပါသည့် ပညာရေးဗဟိုချက် တည်ဆောက်ရန် အဆိုပြုထားပါသည်။ တရုတ်သတင်းဌာနများ၏ ဖော်ပြချက်အရ တစ်ဖက်တွင် တရုတ်နိုင်ငံ၏ တံခါးများကို ပိုမိုကျယ်ပြန့်စွာ ဖွင့်လှစ်ထားချိန်၌ အခြားတစ်ဖက်တွင်လည်း နိုင်ငံတကာတက္ကသိုလ်များမှာ ဘဏ္ဍာရေးဖိအားများပိုမိုကြီးမားလာနေကြောင်း သိရပါသည်။ ဗြိတိန် ကျောင်းသားရေးရာရုံး (OfS) က မကြာသေးမီက သတိပေးချက်ထုတ်ပြန်ခဲ့ရာတွင် ထိုနိုင်ငံ၏ အဆင့်မြင့်ပညာရေးဆိုင်ရာ ဘဏ္ဍာရေးမှာကြီးမားသော စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီး သက်သာရာရစေမည့် အစီအမံများ မလုပ်ဆောင်ပါက၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက္ကသိုလ်ပေါင်း ၁၂၄ခု (၄၅ရာခိုင်နှုန်း) မှာ ဘဏ္ဍာရေးလိုငွေပြမှုနှင့် ရင်ဆိုင်ရမည်ဟု ဆိုပါသည်။ဟားဗားဒ်တက္ကသိုလ်ပင်လျှင် ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၃ သန်း လိုငွေပြခဲ့ရာ ဒါဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး နှစ်စဉ်ဆုံးရှုံးမှု ဖြစ်ခဲ့ပါသည်။ အမေရိကန် "Open Doors Report" အချက်အလက်များအရ ၂၀၂၄/၂၅ ပညာသင်နှစ်တွင် အမေရိကန်သို့ သွားရောက်ပညာသင်ကြားသည့် တရုတ်ပြည်မကြီး ကျောင်းသားဦးရေမှာ ၂၆၅,၉၀၀ ဦးရှိပြီး ၅နှစ် ဆက်တိုက် လျော့နည်းလာခဲ့ရာ အမြင့်ဆုံးစံချိန်နှင့်နှိုင်းယှဉ်ပါက ၂၈ ဒသမ ၆ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ပြီး ထိုသို့ လျော့နည်းသွားခြင်းမှာလည်း အရေးပါသော အကြောင်းရင်းတစ်ခုဖြစ်လာပါသည်။ နိုင်ငံတကာတက္ကသိုလ်များအတွက် ငွေကြေးမလုံလောက်မှုမှာ ရေတိုစိုးရိမ်စရာမျှသာ ဖြစ်သော်လည်း တရုတ်နိုင်ငံတွင် အခြေစိုက်ပြီး ၎င်း၏နည်းပညာ၊ ပညာရေးနှင့် စက်မှုလုပ်ငန်းများ၏ အနာဂတ်တွင်ရင်းနှီးမြှုပ်နှံထားကြခြင်းမှာ ပိုမိုနက်ရှိုင်းသော မဟာဗျူဟာမြောက်တွက်ချက်မှု ဖြစ်လာပါသည်။ ဤတွန်းအားနှစ်ခု ဆုံစည်းသွားသောအခါ တရုတ်နိုင်ငံပညာရေး အဆင့်မြင့်မားစွာ တံခါးဖွင့်လှစ်မှုအတွက် တက်ကြွသောမဟာဗျူဟာမြောက်ပြင်ဆင်မှုတစ်ခုဖြစ်လာသလို စိန်ခေါ်မှုများကြားမှမဟာဗျူဟာမြောက်ရွေးချယ်မှုများဖြင့် ကမ္ဘာ့အဆင့်မြင့်ပညာရေး အခင်းအကျင်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှု၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်လာပါသည်။ သတင်းအရင်းအမြစ် : San Li He #နိုင်ငံတကာတက္ကသိုလ် #တရုတ်နိုင်ငံ #ပညာရေး #MFN #MyanmarFutureNews MFN သတင်းများအားအောက်ပါLink များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Tiktok - https://www.tiktok.com/@myanmarfuturenews Telegram – https://t.me/myanmarfuturenews YouTube - https://www.youtube.com/@MyanmarFutureNews-MFN

  • နိုင်ငံတကာမှ နာမည်ကြီး တက္ကသိုလ်ကြီးများ တရုတ်နိုင်ငံတွင် အခြေစိုက်လာ ------------------ MFN ရန်ကုန်။၂၀၂၆၊ဩဂုတ်၁၄ရက်   ဟိုင်နန်ကျွန်းတစ်ကျွန်းလုံးကို သီးသန့်အကောက်ခွန်ကင်းလွတ်ဇုန်အဖြစ် စတင်လည်ပတ်ခဲ့ပြီး ခြောက်လကျော်အကြာတွင် ဟိုင်နန်ဒေသခံများသည် နိုင်ငံတကာပညာရေး၏ အကျိုးကျေးဇူးများကို စတင်ခံစားနေရပြီဖြစ်ပါသည်။လက်ရှိတွင် 'လီအန်း' အပြည်ပြည်ဆိုင်ရာပညာရေး ဆန်းသစ်တီထွင်မှု စမ်းသပ်ဇုန် (Li'an International Education Innovation Pilot Zone) သို့ တရုတ်နှင့်ပြည်ပတက္ကသိုလ်ပေါင်း ၃၀ ဝင်ရောက်အခြေစိုက်ထားပြီး တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့် ပညာရေးအဖွဲ့အစည်းနှင့် အစီအစဉ် ၂၄ ခု ပို့ချခွင့်ရရှိထားကာ အဆင့်မြင့်အထူးပြုဘာသာရပ်ပေါင်း ၆၀ ကျော်ကို ဖွင့်လှစ်ထားပြီး ဖြစ်ပါသည်။ သို့သော် အကျိုးကျေးဇူးများမှာ ဟိုင်နန်ဒေသတစ်ခုတည်းတွင် ရပ်တန့်မနေပါ။ယခုနှစ် မေလတွင် တရုတ်ပညာရေးဝန်ကြီးဌာနသည် တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့် ပညာရေးအဖွဲ့အစည်းနှင့်အစီအစဉ်ပေါင်း ၂၁၉ ခု၏ စာရင်းကို တစ်ပြိုင်နက်တည်း အတည်ပြုပေးခဲ့ပါသည်။လေ့လာဆန်းစစ်သူများ၏ထောက်ပြချက်အရ ဒါဟာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း အကြီးမားဆုံးတိုးချဲ့မှုတစ်ခုဖြစ်ပြီး ယခင်နှစ် အလားတူကာလထက် တိုးချဲ့မှုပမာဏ နှစ်ဆနီးပါးရှိခဲ့ကြောင်း သိရပါသည်။ ဤအတည်ပြုချက် စာရင်းကို သေချာကြည့်ပါက စိတ်ဝင်စားဖွယ်ရာအပြောင်းအလဲများကို တွေ့နိုင်ပါသည်။ အထူးပြုဘာသာရပ်များ ပြောင်းလဲလာခြင်း - သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ စိုက်ပျိုးရေးနှင့် ဆေးပညာဘာသာရပ်များသည် တရုတ်-ပြည်ပ ပညာရေးပူးပေါင်းဆောင်ရွက်မှု စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းအထိရှိလာပြီး စီးပွားရေးနှင့် စီမံခန့်ခွဲမှုဘာသာရပ်များမှာ အဓိကနေရာတွင် မရှိတော့ပါ။အဖွဲ့အစည်းအသစ်များကို ဉာဏ်ရည်တု (AI)၊ ဒေတာနှင့် အနာဂတ်နည်းပညာ အစရှိသည့် အမည်များဖြင့်တိုက်ရိုက်အမည်ပေးထားကြပါသည်။ ပါဝင်သည့်တက္ကသိုလ်များ ပြောင်းလဲလာခြင်း - ယခုအကြိမ် အတည်ပြုလိုက်သည့် တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၁၃၃ ခုအနက် ၁၅ခုမှာ တရုတ်နိုင်ငံ၏ ထိပ်တန်း ‘985’ တက္ကသိုလ်များ ပါဝင်ဆောင်ရွက်ထားခြင်းဖြစ်ပြီး အသစ်တည်ထောင်သည့် အဖွဲ့အစည်း ၈၆ ခု အနက် ၆ ခုကို '985' ထိပ်တန်းတက္ကသိုလ်များက ပါဝင်တည်ထောင်ထားပါသည်။ပြည်ပမှ မိတ်ဖက်တက္ကသိုလ်များမှာလည်း လိဒ်စ် (Leeds)၊ လီဗာပူးလ် (Liverpool)၊ လန်ဒန်ကွင်းမေရီ (Queen Mary University of London) စသည့် QS ကမ္ဘာ့တက္ကသိုလ် အဆင့်သတ်မှတ်ချက် ထိပ်တန်း ၁၅၀ ဝင် နာမည်ကြီးတက္ကသိုလ်များ ဖြစ်ကြပါသည်။ ပညာရေး ပထဝီဝင် အခင်းအကျင်း ပြောင်းလဲတိုးချဲ့လာခြင်း- ဟန်ဂေရီအပါအဝင် ဗဟိုနှင့် အရှေ့ဥရောပနိုင်ငံများ၏ ပါဝင်မှု မြင့်တက်လာပြီး ဥဇဘက်ကစ္စတန်၊ ကာဇက်စတန် စသည့် ဗဟိုအာရှနိုင်ငံများ ပထမဆုံးအကြိမ် ပါဝင်လာကာ "ပိုးလမ်းမ" (Belt and Road) သဘောတူညီချက်ဝင်နိုင်ငံများ ပညာရေးစင်မြင့်ထက်သို့ တက်လှမ်းလာကြပါသည်။ တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့် ပညာရေးသည် "ပြည်ပသို့ထွက်ခွာခြင်း" အတွက် အစားထိုးနည်းလမ်းတစ်ခု သက်သက်မဟုတ်တော့ဘဲ "ပြည်တွင်းသို့ဖိတ်ခေါ်ခြင်း" အတွက် နည်းဗျူဟာမြောက် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ပါသည်။ ကိန်းဂဏန်းများကလည်း ဤလားရာကို သက်သေပြနေပါသည်။လက်ရှိအချိန်ထိ ပညာရေးဝန်ကြီးဌာန၏ အတည်ပြုချက်ရရှိထားသည့် ဘွဲ့ကြိုနှင့်အထက် တရုတ်-ပြည်ပ ပူးပေါင်းဆောင်ရွက်သည့်ပညာရေးအဖွဲ့အစည်းနှင့် အစီအစဉ်ပေါင်း ၁,၇၀၀ ကျော်ရှိပြီး ပြည်ပတက္ကသိုလ်ပေါင်း ၁,၁၀၀ ကျော် ပါဝင်နေပါသည်။ ပိုမိုကြီးမားသော အချက်ပြမှုမှာ လူများ၏ စီးဆင်းမှုဖြစ်ပါသည်။တရုတ်ပညာရေးဝန်ကြီးဌာန၊အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖလှယ်ရေးဦးစီးဌာန၏စာရင်းဇယားများအရ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နိုင်ငံနှင့် ဒေသပေါင်း ၁၉၁ ခုမှ နိုင်ငံတကာကျောင်းသားပေါင်း ၃၈၀,၀၀၀ ကျော်သည် တရုတ်နိုင်ငံအတွင်းရှိ တက္ကသိုလ်၊သုတေသနအဖွဲ့အစည်းနှင့် အခြားပညာရေးဌာနပေါင်း ၁,၁၀၀ ကျော်၌ ပညာသင်ကြား၊သုတေသနပြု၊သင်တန်းတက်ရောက်ခဲ့ကြပြီး လွန်ခဲ့သည့် ပညာသင်နှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါသည်။ ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်မှာ လက်တွေ့ကျတဲ့ ရွေးချယ်မှုတွေ ရှိနေပါသည်။ဥပမာအားဖြင့် ခွန်းရှန်းဒုခ်တက္ကသိုလ် (Duke Kunshan University) ၏၂၀၂၅ ခုနှစ်ဘွဲ့ကြိုကျောင်းသားခေါ်ယူမှုတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၄၄ နိုင်ငံမှ လျှောက်လွှာပေါင်း ၁၂,၀၀၀ နီးပါးရရှိခဲ့ရာ အပြည်ပြည်ဆိုင်ရာ လျှောက်လွှာ ၅,၈၈၂ စောင်ပါဝင်ပြီး ထက်ဝက်နီးပါးမှာ အမေရိကန်နိုင်ငံမှ ဖြစ်ပါသည်။ အလားတူ ဆွန်ယက်ဆင် တက္ကသိုလ် လင်နန်ကောလိပ် (Sun Yat-sen University, Lingnan College) သည် ယခုနှစ်တွင် ပထမဆုံး အင်္ဂလိပ်ဘာသာဖြင့် သင်ကြားသော အပြည်ပြည်ဆိုင်ရာ ဘွဲ့ကြိုအစီအစဉ်ကို စတင်ခဲ့ပြီး "ပြောင်းပြန် 2+2" (Reverse 2+2) ပုံစံကို ကျင့်သုံးမည်ဖြစ်ပါသည်။ကျောင်းသားများသည် ပြည်ပတွင် ပထမ ၂ နှစ် တက်ရောက်ပြီးနောက် နောက်ဆုံး ၂ နှစ်ကို ဆွန်ယက်ဆင်တက္ကသိုလ်တွင် လာရောက်သင်ကြားရမည် ဖြစ်ပါသည်။

  • နိုင်ငံတကာမှ နာမည်ကြီး တက္ကသိုလ်ကြီးများ တရုတ်နိုင်ငံတွင် အခြေစိုက်လာ

  • ကယားနှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်ဖို့ နည်းပညာဖြင့် ဆောင်ရွက်နေ --------------------------------- MFN ရန်ကုန်။၂၀၂၆၊ ဩဂုတ် ၁၄ ရက် ကယားနှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်ဖို့ နည်းပညာဖြင့် ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။   ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ ဓာတ်အားပေးစက်ရုံများ၏ ဓာတ်အားထုတ်လုပ်မှုများကို နိုင်ငံတော်ဓာတ်အားစနစ် ကွန်ရက်သို့ ပိုမိုသယ်ဆောင်နိုင်ရန်၊ ဓာတ်အားစနစ် တည်ငြိမ်စေရန်နှင့် ဗို့အား တိုးတက်ကောင်းမွန်စေရန်တို့အတွက် ၁၃၂ ကေဗွီ တီကျစ် - ကလော ဓာတ်အားလိုင်း၏ လက်ရှိ အလူမီနီယံ သတ္တုလျှပ်ကူးကြိုး ACSR ကို ဝန်အား နှစ်ဆကျော်အထိ တိုးမြှင့်သယ်ဆောင်နိုင်သည့် နည်းပညာမြင့် ဖိုင်ဘာအူတိုင် အလူမီနီယံ ဓာတ်အားလိုင်းကြိုး ACCC ဖြင့် အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။   အဆိုပါ လုပ်ငန်းဆောင်ရွက်မှုကို ယနေ့ ဩဂုတ်လ ၁၄ ရက်နေ့ မနက် ၆ နာရီမှ ဩဂုတ်လ ၁၆ ရက် ညနေ ၆ နာရီအထိ ဓာတ်အားပိတ်ကာ ဆောင်ရွက်သွားမှာဖြစ်ပြီး ဓာတ်အားပိတ်လုပ်ငန်း ဆောင်ရွက်နေစဉ် လိုအပ်ပါက ဝန်အားထိန်းညှိ ဆောင်ရွက်ကြရမည်ဖြစ်ရာ သက်ဆိုင်ရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှတဆင့် ပြည်သူသို့ အသိပေးထားပြီးဖြစ်ကြောင်းနှင့် ဓာတ်အားလိုင်း ကြိုးလဲလှယ်ပြီးပါက ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်မယ်လို့ သိရပါတယ်။   #လျှပ်စစ် #နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက် #ကယား #ရှမ်း #MFN #MyanmarFutureNews Photos- MOI   MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Tiktok - https://www.tiktok.com/@myanmarfuturenews  Telegram –https://t.me/myanmarfuturenews YouTube - https://www.youtube.com/@MyanmarFutureNews-MFN

  • без подписи

  • ကယားနှင့် ရှမ်းပြည်နယ်တို့မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အားစနစ်ကွန်ရက်သို့ ပိုမိုပို့လွှတ်နိုင်ဖို့ နည်းပညာဖြင့် ဆောင်ရွက်နေ

  • လျှပ်စစ်မီတာအသစ်များ လျှောက်ထားရာတွင် ပေးသွင်းရမယ့် ဈေးနှုန်းများ ထုတ်ပြန် ----------------------------------- MFN ရန်ကုန်။ ၂၀၂၆၊ ဩဂုတ် ၁၄ ရက်   လျှပ်စစ်မီတာအသစ်များကို Website မှ လျှောက်ထားရာတွင် ပေးသွင်းရမည့် နှုန်းထားများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးကြေညာလိုက်ပါတယ်။   ထိုသို့ လျှောက်ထားရာတွင် ဌာနမှ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားမှုများအတွက် သတ်မှတ်ကြေးငွေပေးသွင်းရာတွင် ကြီးကြပ်ခ၊ မီးသွယ်ခ၊ မီးဆက်ခအပါအဝင် ပေးသွင်းရမည့်နှုန်းထားများဟာ ယခင်အတိုင်း ပြောင်းလဲခြင်းမရှိဘူးလို့လည်း သိရပါတယ်။   နှုန်းထားများအနေဖြင့် အိမ်သုံးမီတာ (၂၅၀,၀၀၀) ကျပ်၊  အိမ်သုံးပါဝါမီတာ (10 kW) အတွက် ( ၁,၀၀၀,၀၀၀) ကျပ်၊ အိမ်သုံးပါဝါမီတာ (20 kW) ကို (၁,၂၃၀,၀၀၀) ကျပ်၊ အိမ်သုံးပါဝါမီတာ (30 kW)  (၁,၄၆၀,၀၀၀) ကျပ်၊ စက်မှုသုံးပါဝါမီတာ (10 kW) ကို (၁,၀၇၇,၅၀၀)ကျပ်၊ စက်မှုသုံးပါဝါမီတာ (20 kW) ကို  (၁,၃၈၂,၅၀၀)ကျပ် နှင့် စက်မှုသုံးပါဝါမီတာ (30 kW) ကို (၁,၆၈၇,၅၀၀)ကျပ် တို့ ဖြစ်တယ်လို့ ထုတ်ပြန်ထားမှုအရ သိရပါတယ်။   အဆိုပါ နှုန်းထားများအကြောင်းအသေးစိတ်သိရှိလိုပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (ရုံးချုပ်)၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (MESC)၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးများသို့ ဆက်သွယ်စုံစမ်းနိုင်တယ်လို့လည်း ဝန်ကြီးဌာနမှ သိရပါတယ်။   လျှပ်စစ်ဓာတ်အားသုံးစွဲလိုသော်လည်း မီတာမရှိသေးသည့် မိဘပြည်သူများအနေဖြင့် အိမ်သုံးအပြင် စီးပွားရေး/စက်မှုလုပ်ငန်းများအတွက်ပါ လိုအပ်သည့် လျှပ်စစ်မီတာအသစ်များကို နိုင်ငံတော်အစိုးရထံမှ ငှားရမ်းအသုံးပြုရာတွင် လျင်မြန်စွာရရှိနိုင်ရန်နှင့် တစ်ဆင့်ခံပွဲစားများ၊ ဝန်ထမ်းများ၏ ပါဝင်ပတ်သက်မှုများမှ ကင်းဝေးစေပြီး အချိန်နှင့်စရိတ်စကများ သက်သာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှစ၍ Website မှတစ်ဆင့် ရုံးချုပ်သို့ လျှောက်ထားနိုင်မယ်လို့ ကြေညာထားပြီး ဖြစ်ပါတယ်။   #လျှပ်စစ်မီတာ #မီတာအသစ်ဈေးနှုန်း #MFN #MyanmarFutureNews Photo- Internet MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Tiktok - https://www.tiktok.com/@myanmarfuturenews Telegram –https://t.me/myanmarfuturenews YouTube - https://www.youtube.com/@MyanmarFutureNews-MFN

  • လျှပ်စစ်မီတာအသစ်များ လျှောက်ထားရာတွင် ပေးသွင်းရမယ့် ဈေးနှုန်းများ ထုတ်ပြန်

  • ရန်ကုန်တိုင်းမှာရှိတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါလက္ခဏာတွေ ခံစားရတဲ့ ပြည်သူတွေအနေနဲ့လည်း လိုအပ်တဲ့ ကုသမှုတွေ ဆောင်ရွက်နိုင်အောင် ပြည်သူ့ဆေးရုံတွေ၊ ပုဂ္ဂလိကဆေးရုံတွေ အနေနဲ့ ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်တဲ့အတွက်ကြောင့် စိုးရိမ်ပူပန်မှု မဖြစ်ကြဘဲ အနီးစပ်ဆုံး ပြည်သူ့ဆေးရုံတွေနဲ့ သက်ဆိုင်ရာ ဆေးရုံတွေကို သွားရောက် ကုသမှုခံယူနိုင်ကြောင်းလည်း တာဝန်ရှိသူများက ဆိုထားပါတယ်။ #ဝမ်းပျက်ဝမ်းလျှောရောဂါ #ရန်ကုန် #MFN #MyanmarFutureNews Photo- MDN MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Tiktok - https://www.tiktok.com/@myanmarfuturenews Telegram –https://t.me/myanmarfuturenews YouTube - https://www.youtube.com/@MyanmarFutureNews-MFN

  • ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာပါက ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ လက်ခံကုသမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားဟုဆို -------------------------- MFN ရန်ကုန်။ ၂၀၂၆ ၊ ဩဂုတ် ၁၄ ရက် ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာပါက ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ လက်ခံကုသမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာမိုးခိုင်က ပြောကြားထားပါတယ်။ ဒေါက်တာမိုးခိုင် ပါမောက္ခချုပ် (ဆေးရုံအုပ်ကြီး/ ကုသရေး) ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး က “ရန်ကုန်တိုင်းဒေသကြီးအနေနဲ့လည်း ဗဟိုအဆင့်ရှိတဲ့ ဆေးရုံအများစုရှိတဲ့ တိုင်းဒေသကြီးဖြစ်သလို ပုဂ္ဂလိကဆေးရုံ တွေအနေနဲ့လည်း ဝန်ဆောင်မှုပေးလျက်ရှိတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ လက်ရှိရှိနေတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ အင်အားနဲ့ ပုဂ္ဂလိကဆေးရုံတွေ အင်အားကို အသုံးပြုပြီးတော့ ဆေးရုံအလိုက် ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာရင် လက်ခံကုသမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားရှိပြီးတော့ ကုသမှုဆောင်ရွက်တဲ့ အခါမှာလည်း စနစ်တကျလိုက်နာ ဆောင်ရွက်နိုင်အောင် လုပ်ငန်းလမ်းညွှန်တွေကိုလည်း ဖြန့်ဝေပေးထားပြီး ဖြစ်ပါတယ်”လို့ နိုင်ငံပိုင် မီဒီယာမှာ ပြောကြားထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဆေးရုံတွေအနေနဲ့လည်း ယခင်ကတည်းက အတွေ့အကြုံရှိပြီးဖြစ်တဲ့ အတွက်ကြောင့် လူနာတွေအနေနဲ့ လိုအပ်တဲ့ကုသမှုတွေ အချိန်မီရရှိနိုင်မှာဖြစ်ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ လူနာတွေကို ကုသမှုပေးတဲ့အခါမှာ ဦးတည်ဆောင်ရွက်တဲ့ အချက်အနေနဲ့ ရောက်ရှိလာတဲ့ လူနာတွေ အသက်သေဆုံးမှု မရှိအောင် ဦးတည်ဆောင်ရွက်ခြင်း၊ ဒုတိယအချက်အနေနဲ့ လိုအပ်တဲ့ ကုသမှုတွေကို အချိန်နဲ့ တစ်ပြေးညီ ရရှိအောင် ဆောင်ရွက်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွေမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်ဝန်ထမ်းအားလုံး အနေနဲ့ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ကာကွယ်ကုသရေး လုပ်ငန်းတွေကို အထောက်အကူပြုဖို့အတွက် ရည်မှန်းပြီးတော့ ဆောင်ရွက်လျက်ရှိတယ်လို့လည်း သူက ပြောပါတယ်။ ထို့အပြင် ရောဂါကုသရေးအတွက် ဆောင်ရွက်သလို ရောဂါရှာဖွေရေးမှာလည်း အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဆိုင်ရာ ဌာနအပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ မုခ်ဇီဝဌာန၊ ဓာတ်ခွဲဌာနတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရောက်ရှိလာတဲ့ လူနာတွေကို ရောဂါပိုးအမည် အမြန်တပ်နိုင်ဖို့၊ အရေးပေါ်ကုသမှုတွေ အမြန်ရရှိဖို့၊ ကုသမှုတွေကို အချိန်နဲ့တစ်ပြေးညီ နေရာအလိုက်ရရှိနိုင်ဖို့အတွက် သမားတော်တွေ၊ အထွေထွေလက်ထောက် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ အားသွန်ခွန်စိုက် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဌာနမှူး ဒေါက်တာ နန္ဒဝင်းက “အရင်နေ့တွေနဲ့စာရင်တော့ နည်းနည်းကျလာပါပြီ။ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမယ်ဆိုရင်တော့ ငါးရက်၊ တစ်ပတ်လောက်အတွင်းမှာ ဒီဖြစ်ပွားတဲ့ လူနာတွေ လျော့ပါးသွားမှာပဲ ဖြစ်ပါတယ်။ ရောက်လာတဲ့ လူနာတွေ အသက်မဆုံးရှုံးစေဖို့ တတ်နိုင်သလောက် Zero death ဖြစ်အောင် ကုသရေးဦးစီးဌာနက ဆရာဝန်တွေ၊ ဆေးရုံကြီးတွေကလည်း ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ဗဟိုအဆင့်ဆေးရုံကြီး ၁၈ ရုံနဲ့ ရန်ကုန်တိုင်းအောက်က ဆေးရုံ ၆၅ ရုံမှာ အားလုံးက ဝမ်းပျက်ဝမ်းလျှောရောဂါအတွက်ကို အကုန်လုံးသင်တန်းတွေပေးပြီး ဆေးဝါးပစ္စည်း စုဆောင်းထားပြီးတော့ ဆောင်ရွက်ပေးလျက်ရှိပါတယ်”လို့ ပြောကြားထားပါတယ်။ ထို့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ ပါမောက္ခ (ဌာနကြီးမှူး၊ ဆေးလက်တွေ့) ဒေါက်တာမင်းဇော်ဦးကလည်း “ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သတင်းမီဒီယာတွေက အမြဲအသိပေးနေတဲ့အတိုင်း အထူးသဖြင့် မိုးတွင်းကာလမှာ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပါ။ အစားအသောက်နဲ့ပတ်သက်ရင် မလတ်ဆတ်တာတွေ၊ ယင်နားစာတွေနဲ့ အမှည့်လွန်တဲ့ အသီးအနှံတွေကို ဆင်ခြင်စားသောက်ပါ။ သောက်သုံးရေနဲ့ပတ်သက်ရင် သန့်ရှင်းမှုရှိအောင် ရေကိုသေချာကျိုချက်ပြီးမှသောက်သုံးဖို့ ပြောချင်ပါတယ်။ လတ်တလော ဖြစ်ပွားနေတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ပြည်သူလူထုကြားမှာ စိုးရိမ်မှုတွေ မြင့်မားနေတာ သိရှိရပါတယ်။ လူနာအများကြီး ရောက်လာတာ မှန်သော်လည်း လူမှုကွန်ရက်ပေါ်မှာ ပြောနေကြသလို ရန်ကုန်ဆေးရုံကြီးမှာ လူနာတွေပြည့်ကျပ် နေတယ်။ ပြင်ပလူနာမကြည့်တော့ဘူး၊ အတွင်းလူနာ လက်မခံတော့ဘူးဆိုတဲ့ သတင်းတွေ မဟုတ်မှန်ကြောင်း ပြောချင်ပါတယ်။ ပြင်ပလူနာဌာနကိုလည်း ပုံမှန်အတိုင်းဆောင်ရွက်နေပြီး ရှိတဲ့အင်အားနဲ့ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စနစ်တကျ ပြုစုစောင့်ရှောက်ပေးနေတယ်ဆိုတာ အသိပေးပါရစေ”လို့ ပြောကြားထားပါတယ်။

  • ဝမ်းပျက်ဝမ်းလျှောရောဂါလူနာ ရောက်ရှိလာပါက ပြည်သူ့ဆေးရုံ၊ ပုဂ္ဂလိကဆေးရုံ မခွဲခြားဘဲ လက်ခံကုသမှုတွေ ဆောင်ရွက်ဖို့ ညွှန်ကြားထားဟုဆို

  • ဆီးချိုရောဂါ ကုသဆေး၂ မျိုးအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုးအားသုတေသနပြုစမ်းသပ်အောင်မြင်ခဲ့ ----------------------   MFN ရန်ကုန် ။ ၂၀၂၆၊ ဩဂုတ် ၁၄ ရက်   ဆီးချိုရောဂါ ကုသဆေး၂ မျိုးအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုးအားသုတေသနပြု စမ်းသပ်အောင်မြင်ခဲ့ကြောင်း မြန်မာ့ဆေးဝါးလုပ်ငန်း (Myanmar Pharmaceutical Factory - MPF) သုတေသနဌာနမှ သိရပါတယ်။   အဆိုပါ ဆေးဝါးအမျိုးအစားသစ် ၆ မျိုးမှာ ဆီးချိုရောဂါ ကုသဆေးနှစ်မျိုး၊ အိတ်ချ်အိုင်ဗွီ (HIV) ရောဂါ ကုသဆေးတစ်မျိုး၊ အရိုးအကြောအဆစ်ရောဂါ ကုသဆေးတစ်မျိုး၊ ကင်ဆာရောဂါကုသဆေးတစ်မျိုးနှင့် မေ့ဆေးတစ်မျိုးတို့ဖြစ်ပြီး အောင်မြင်စွာ တီထွင်နိုင်ခဲ့ကြောင်း၊ ၁၉၈၂ ခုနှစ်မှ ယနေ့အချိန်အထိသုတေသနဌာနသည် ဆေးဝါးအမျိုးအစား ၆၆ မျိုးကို အောင်မြင်စွာ စမ်းသပ်ဖော်ထုတ်နိုင်ခဲ့ပြီး ယခုတီထွင်မှုများသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ခွင့်ပြုချက်ရရှိရုံသာမကပြည်တွင်းဆေးဝါးစက်ရုံများသို့ နည်းပညာလွှဲပြောင်းပေးအပ်နိုင်ခဲ့၍ ပြည်တွင်းထုတ်လုပ်မှုကို အားကောင်းစေပြီးပြည်ပမှ တင်သွင်းမှုအပေါ်မှီခိုမှုကို လျှော့ချနိုင်ခဲ့ကြောင်း သိရပါတယ်။   ထိုဆေးဝါးအမယ်သစ် ၆ မျိုးအားသုတေသနပြုစမ်းသပ်အောင်မြင်ခဲ့သောပညာရှင်များအားဂုဏ်ပြုပွဲအခမ်းအနားကိုဩဂုတ် ၁၃ ရက်နေ့ နံနက်ပိုင်းက  ရန်ကုန်တိုင်းဒေသကြီးအင်းစိန်မြို့နယ်ရှိသုတေသနဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး  အခမ်းအနား၌ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းမှ  ယခုလိုစမ်းသပ်အောင်မြင်မှုသည် ပြည်သူ့ကျန်းမာရေးအတွက် ကြီးမားသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ စမ်းသပ်အောင်မြင်ခဲ့သော ဆေးဝါး ၆ မျိုးနှင့်ပတ်သက်သည့် ရောဂါဝေဒနာခံစားနေရသော လူနာများအတွက် ဘေးကင်းလုံခြုံပြီးအရည်အသွေးမြင့်၊ ချိုသာသောဈေးနှုန်းဖြင့် ဆေးဝါးများရရှိခြင်းသည် တန်ဖိုးဖြတ်၍မရသောအကျိုးကျေးဇူးတစ်ရပ်ဖြစ်ကြောင်း၊ ဆေးဝါးများကိုပြည်တွင်း၌ပင် ထုတ်လုပ်နိုင်ခြင်းကြောင့် မိမိတို့၏ ပြည်သူများသည် အချိန်မီ၊ ကုန်ကျစရိတ်သက်သာစွာဖြင့် ယုံကြည်စိတ်ချရသော ကုသမှုကိုရရှိနိုင်မည်ဖြစ်ပြီး ပြည်ပဆေးဝါးများအပေါ် မှီခိုမှုကြောင့်ဖြစ်ပေါ်လေ့ရှိသောငွေကြေးအခက်အခဲများကိုလည်း သက်သာစေနိုင်မည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပိုမိုကောင်းမွန်သောဆေးဝါးအမျိုးအစားသစ်များကို ဆက်လက်တီထွင်ထုတ်လုပ်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်းတို့ကို  ထည့်သွင်းပြောကြားခဲ့ကြောင်းသိရပါတယ်။   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆေးဝါးအမယ်သစ် ၆ မျိုးကိုအောင်မြင်စွာစမ်းသပ်ဆောင်ရွက်ခဲ့သည့် ပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ သုတေသနဌာနအတွင်း ဆေးဝါးအမယ်များထပ်မံထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။    #ဆေးဝါးအမယ်သစ်၆မျိုး #ကျန်းမာရေး #ဆီးချိုဆေး #ဆေးဝါး #MFN #MyanmarFutureNews   Photo – MOI   MFN သတင်းများအားအောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Tiktok - https://www.tiktok.com/@myanmarfuturenews Telegram – https://t.me/myanmarfuturenews   YouTube - https://www.youtube.com/@MyanmarFutureNews-MFN

  • без подписи

  • ဆီးချိုရောဂါ ကုသဆေး၂ မျိုးအပါအဝင် ဆေးဝါးအမယ်သစ် ၆ မျိုးအားသုတေသနပြုစမ်းသပ်အောင်မြင်ခဲ့

  • အားကောင်းသောလေဖိအားနည်းရပ်ဝန်းပိုမိုအားကောင်းလာနိုင်ပြီး နိုင်ငံတစ်ဝန်း မိုးဆက်ရွာကာ ဒေသအချို့ မိုးကြီးနိုင် ------------------------------ MFN ရန်ကုန်။ ၂၀၂၆၊ ဩဂုတ် ၁၃ ရက်   မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန် ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်-ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းရိုးတန်းဒေသများနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ရောက်ရှိခဲ့ပြီး ဆက်လက်တည်ရှိနေတယ်လို့ သိရပါတယ်။   အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၁၂ နာရီအတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး မုန်တိုင်းငယ် (Depression)အဖြစ်သို့ ပိုမို အားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလမှ ခန့်မှန်းထားပါတယ်။   အထက်ပါ လေဖိအားနည်း အခြေအနေကြောင့် ယနေ့နံနက်မှ ဩဂုတ် ၁၆ ရက်နေ့အတွင်း နိုင်ငံတစ်ဝှမ်း နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန် ၊ ပဲခူး ၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နှင့် ရခိုင် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့လည်း ယနေ့ မနက်ပိုင်းက ထုတ်ပြန်ထားပါတယ်။   မိုးဇလပညာရှင် ဒေါက်တာ စိုင်းခွန်အာကာက “လာမယ့်ဩဂုတ်လ ၁၅ ရက်မှ ၁၇ ရက်အတွင်း ပဲခူးတိုင်းဒေသကြီးအတွင်းက ညောင်လေးပင်ခရိုင်၊ ပဲခူးခရိုင်၊ မွန်ပြည်နယ်အတွင်းက ကျိုက်ထိုခရိုင်၊ သထုံခရိုင်၊ မော်လမြိုင်ခရိုင်၊ ရေးခရိုင်၊ ကရင်ပြည်နယ်အတွင်းက ဘားအံခရိုင်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းက ထားဝယ်ခရိုင်၊ မြိတ်ခရိုင်တို့မှာ လက်ရှိရွာသွန်းနေတဲ့ မိုးရွာသွန်းနှုန်းထက် သုံးဆမှ လေးဆခန့် ပိုရွာနိုင်လို့ ရေကြီးရေလျှံ ဖြစ်ပေါ်လေ့ရှိတဲ့ နေရာတွေ၊ မြစ်ချောင်းတွေအနီးက ဒေသတွေ၊ တောင်အောက်ခြေဒေသတွေမှာ လျှပ်တပြက် ရေကြီးရေလျှံ ဖြစ်ပေါ်စေနိုင်ပါတယ်။ ပြီးတော့ တောင်ကုန်းတောင်တန်းဒေသတွေ၊ တောင်စောင်းတွေနဲ့ တောင်အောက်ခြေနေရာတွေမှာ နေထိုင်ကြတဲ့သူတွေအနေနဲ့လဲ တောင်ပြိုမြေပြိုတာတွေ ဖြစ်ပေါ်စေနိုင်လို့ အထူးဂရုစိုက်ဖို့၊ ကြိုတင်ပြင်ဆင်ထားဖို့ ရက်ကြိုခန့်မှန်းပေးပြီး အကြံပြုလိုက်ပါတယ်။ တောင်စောင်းတွေမှာ ဖောက်လုပ်ထားတဲ့ ကားလမ်းတွေမှာလဲ တောင်စောင်းပြိုကျမှု၊ မြေကျွံမှုတွေ ဖြစ်ပေါ်နိုင်ခြေ ရှိပါတယ်”လို့ သုံးသပ်ပြောကြားထား ပါတယ်။   #မိုးရွာ #အားကောင်းသောလေဖိအားနည်းရပ်ဝန်း #WellMarkedLowPressureArea #MFN #MyanmarFutureNews Photo- မိုးဇလ MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Tiktok - https://www.tiktok.com/@myanmarfuturenews Telegram –https://t.me/myanmarfuturenews

  • အားကောင်းသောလေဖိအားနည်းရပ်ဝန်းပိုမိုအားကောင်းလာနိုင်ပြီး နိုင်ငံတစ်ဝန်း မိုးဆက်ရွာကာ ဒေသအချို့ မိုးကြီးနိုင်

  • အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အာမခံပစ္စည်းပေးအပ်၍ဖြစ်စေ ၊ CGI စနစ်ဖြင့်ဖြစ်စေ ချေးငွေထုတ်ချေးနိုင် -------------------------------- MFN ရန်ကုန် ။ ၂၀၂၆ ၊ ဩဂုတ် ၁၃ ရက်   အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် (၁၆) ဘဏ်တို့မှတစ်ဆင့် အာမခံပစ္စည်းပေးအပ်၍ဖြစ်စေ၊ ချေးငွေအာမခံ (Credit Guarantee Insurance-CGI) စနစ်ဖြင့်ဖြစ်စေ ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါတယ်။   အဆိုပါ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေကို ထူထောင်ထားရှိပြီး ၎င်းရန်ပုံငွေမှ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား သက်သာသော အတိုးနှုန်းဖြင့် ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။    ထို့ကြောင့် MSME ချေးငွေ ရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာ မြို့နယ်/ခရိုင် MSME အေဂျင်စီများတွင် ချေးငွေလျှောက်ထားရမည်ဖြစ်ပြီး MSME လုပ်ငန်းတစ်ခုသို့ အများဆုံးထုတ်ချေးမည့်ပမာဏမှာ အသေးစားနှင့် အငယ်စား စီးပွားရေးလုပ်ငန်းများအား ကျပ် (၅၀) သန်းအထိလည်းကောင်း၊ အလတ်စားစီးပွားရေးလုပ်ငန်းများအား ကျပ် (၁၀၀) သန်းအထိလည်းကောင်းထုတ်ချေးပေးသွားမှာဖြစ်ပြီး CGI စနစ်ဖြင့် ထုတ်ချေးခြင်းအား ကျပ် (၅၀) သန်းအထိကို မြန်မာ့အာမခံလုပ်ငန်း၊ ပုဂ္ဂလိက ဖက်စပ်အထွေထွေအာမခံကုမ္ပဏီ (၃)ခုနှင့် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ (၆) ခုတို့မှ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။   ထို့အပြင် ချေးငွေအမျိုးအစားနှင့်အတိုးနှုန်းအရ ပုံသေပစ္စည်း (Fixed Capital) အနည်းဆုံး ၃၀ ရာခိုင်နှုန်းနှင့်အထက် အသုံးပြုမည့် ချေးငွေတွင် ချေးငွေသက်တမ်း အများဆုံး (၃) နှစ်၊ အတိုးနှုန်း ၃ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ လှည့်ပတ်ငွေ (Working Capital) ၁၀၀ ရာခိုင်နှုန်း အသုံးပြုမည့်ချေးငွေတွင် ချေးငွေသက်တမ်း အများဆုံး (၁)နှစ် (၆)လ၊ အတိုးနှုန်း ၄ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်းနှင့် CGI စနစ်ဖြင့် ထုတ်ချေးမည့်ချေးငွေကို အတိုးနှုန်း ၅ ရာခိုင်နှုန်းသတ်မှတ်ထားသလို CGI စနစ်ဖြင့် ငွေချေးယူသူသည် အထက်ပါအတိုးနှုန်း ၅ ရာခိုင်နှုန်း အပြင် ချေးငွေအာမခံ (CGI) ပရီမီယံကြေးကို ထပ်ဆောင်းကျခံရမည်ဖြစ်ကြောင်းလည်း သိရပါတယ်။   အဆိုပါ ချေးငွေအတွက် တင်ပြနိုင်သည့် အာမခံပစ္စည်းများမှာ မြေနှင့် အဆောက်အဦ၊ စက်၊ ယာဉ်ယန္တရား၊ ငွေစုလက်မှတ်၊ အစိုးရငွေတိုက်စာချုပ်၊ စာရင်းသေအပ်ငွေ (အချိန်ပိုင်းအပ်ငွေ)၊ အပေါင်ပြုနိုင်သည့် ငွေချေးသက်သေခံလက်မှတ်များ၊ ချေးငွေအာမခံ Credit Guarantee တို့ဖြစ်ကြောင်း၊  အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည့် မြေအမျိုးအစားအရ ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ လန (၃၉)မြေ၊ (၃)(ခ)မြေ၊ လယ (၃၀)(က) (ခ)မြေ၊ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇)၊ စက်မှုစီးပွားဂရန်တို့ဖြစ်ကြောင်း၊ အာမခံအဖြစ် လက်ခံဆောင်ရွက်ပေးမည့် အဆောက်အဦအမျိုးအစားမှာ ကွန်ကရစ်တိုက် (RC) ၊ အုတ်ညှပ်အဆောက်အဦ၊ တိုက်ခံအိမ်၊ အုတ်ပတ်ကားတိုက် အဆောက်အဦ၊ Steel Structure ၊ (၆)ထပ်နှင့်အထက် ကွန်ဒိုတိုက်ခန်းတို့ဖြစ်ကြောင်းလည်း သိရပါတယ်။   သို့ဖြစ်ပါ၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေရယူလိုသူ MSME လုပ်ငန်းရှင်များအနေဖြင့် အာမခံပစ္စည်းများ တင်ပြ၍ ချေးငွေလျှောက်ထားနိုင်ကြောင်းနှင့် အာမခံပစ္စည်းပေးအပ်နိုင်ခြင်းမရှိပါက ချေးငွေအာမခံ Credit Guarantee Insurance - CGI စနစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ် (၅၀) သန်းအထိ လျှောက်ထားနိုင်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ အသိပေးကြေညာထားတယ်လို့ သိရပါတယ်။   #MSMEချေးငွေ #စီးပွားရေး #အသေးစားအငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ #MFN #MyanmarFutureNews   Photo – MWD   MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Tiktok - https://www.tiktok.com/@myanmarfuturenews Telegram – https://t.me/myanmarfuturenews   YouTube - https://www.youtube.com/@MyanmarFutureNews-MFN

  • အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အာမခံပစ္စည်းပေးအပ်၍ဖြစ်စေ ၊ CGI စနစ်ဖြင့်ဖြစ်စေ ချေးငွေထုတ်ချေးနိုင်

  • မီတာလျှောက်ထားမှုအတွက် မြို့နယ်များတွင် မီတာများ လုံလောက်စွာထားရှိပြီး အချိန်တိုအတွင်း တပ်ဆင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ ညွှန်ကြား ------------------------------------ MFN ရန်ကုန်။ ၂၀၂၆၊ ဩဂုတ် ၁၃ ရက် Online စနစ်ဖြင့် မီတာလျှောက်ထားမှုများအတွက် မြို့နယ်များတွင် မီတာများလုံလောက်စွာထားရှိပြီး အချိန်တိုအတွင်း တပ်ဆင်ပေးနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြဖို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က မှာကြားထားတယ်လို့ ဝန်ကြီးဌာနမှ သိရပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဟာ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုလျော့နည်း ပပျောက်စေရန်အတွက် ဓာတ်အားဖြန့်ဖြူးရေးစနစ်အား Digital စနစ်သို့ ကူးပြောင်းနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မှုလုပ်ငန်းဖြစ်သည့် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်း နှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာအသစ် သုံးစွဲလိုသူများအား မီတာများ လျင်မြန်စွာ တပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့အနေဖြင့် ယခင်မီတာလျှောက်ထားမှုများကို အမြန်ပြီးစီးအောင် တပ်ဆင်ပေးနိုင်ရန် သက်ဆိုင်ရာ မြို့နယ်များသို့ အိမ်သုံးမီတာများ လုံလောက်စွာထုတ်ပေးပြီး စတင်တပ်ဆင်ပေးလျက် ရှိတယ်လို့လည်း သိရပါတယ်။ ထိုအတူ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) ၌ တွင် အွန်လိုင်းမှ မီတာလျှောက်ထားလာပါက လွယ်ကူစွာဝန်ဆောင်မှုပေးနိုင်ရန် e-Meter Application Software လက်တွေ့အသုံးပြုခြင်းကို သင်တန်းပို့ချပေးနေပြီး ပြည်သူများ မီတာကို အွန်လိုင်းမှအလွယ်တကူ လျှောက်ထားနိုင်ရေး၊ ဌာနမှသတ်မှတ်ထားသော ကျသင့်ငွေဖြင့်သာ မီတာတပ်ဆင်ပေးနိုင်ရေး၊ ဝန်ထမ်းများအနေဖြင့် ပြည်သူသို့ ဝန်ဆောင်မှုအပြည့်အဝပေးပြီး မသမာမှုများမရှိစေရေး ဆောင်ရွက်ရန်လည်း ပြည်ထောင်စုဝန်ကြီးက ညွှန်ကြားထားတယ်လို့လည်း သိရပါတယ်။ ပြည်ထောင်စုဝန်ကြီးဟာ ဩဂုတ် ၁၂ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရှိ မီတာ စမ်းသပ်စစ်ဆေးရေးဌာနခွဲနှင့် ပစ္စည်းစီမံခန့်ခွဲရေးဌာနခွဲ စတိုအတွင်း Digital Smart Meter အသစ်များကို စနစ်တကျထိန်းသိမ်းထားရှိမှု၊ မီတာများ Test Bench ဖြင့် စမ်းသပ်စစ်ဆေးပြီး လုံခြုံရေး Seal ခတ်နှိပ်ကာ Bar Code Scanner ဖြင့် မီတာနံပါတ်၊ Serial နံပါတ်များ စာရင်းမှတ်၍ Server နှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ မီတာအသစ်များ ပေးပို့ရေးဆောင်ရွက်နေမှု၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့အတွင်း မီတာအသစ်တပ်ဆင်ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ #မီတာ #Onlineစနစ် #DigitalSmartMeter #MFN #MyanmarFutureNews Photo- MOI MFN သတင်းများအား အောက်ပါ Link များတွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Tiktok - https://www.tiktok.com/@myanmarfuturenews Telegram –https://t.me/myanmarfuturenews YouTube - https://www.youtube.com/@MyanmarFutureNews-MFN

  • မီတာလျှောက်ထားမှုအတွက် မြို့နယ်များတွင် မီတာများ လုံလောက်စွာထားရှိပြီး အချိန်တိုအတွင်း တပ်ဆင်နိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ ညွှန်ကြား