BBC News မြန်မာ
Статистикаနောက်ဆုံးရ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းများကို တင်ဆက်ပေးနေသော ဘီဘီစီမြန်မာပိုင်း ၏ တရားဝင်တယ်လီဂရမ် ချန်နယ် ဖြစ်ပါသည်။ https://www.bbc.com/burmese
- Последний пост
- 15 авг.
- Последнее чтение
- 15 авг.
- Постов за неделю
- 48
- Всего постов
- 58
- Тип
- открытый
- Язык
- my
- Категория
- Новости и СМИ
- В каталоге с
- 13 авг.
- 1/24сутки в ленте
- 2 710
- 1/48двое суток
- 3 105
- 1/72трое суток
- 3 348
Медиана по постам, которые мы застали свежими и померили через сутки.
Посты
ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အမေရိကန်ပြောဆိုချက် စိတ်မသက်မသာဖြစ်ရတယ်လို့ နေပြည်တော်တုံ့ပြန် ဒီတောင်းဆိုချက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နဲ့ ဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံမူတွေအပေါ် သက်ရောက်မှုရှိစေတယ်လို့ ဝါရှင်တန်ဒီစီ အခြေစိုက် မြန်မာသံရုံးက သြဂုတ် ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီသတင်းအပြည့်အစုံနဲ့ အတူ သြဂုတ် ၁၅ ရက် ဘီဘီစီရဲ့ နိုင်ငံတဝန်း သတင်းများ အနှစ်ချုပ်ကို ဒီမှာ https://www.bbc.com/burmese/articles/crk5v54eemro?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
အမှိုက်တွေအပြည့်ဖုံးနေတဲ့ မြစ် ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာ မိုးတွေသည်းသည်းမည်းမည်း ဆက်တိုက်ရွာခဲ့ပြီးတဲ့နောက် မြစ်တစ်စင်းထဲမှာ အမှိုက်တွေအပြည့်ဖုံးနေတာ တွေ့ရမှာပါ။ မုန်တိုင်းကျခဲ့ပြီးချိန် ကိုးရက်ဆက်မိုးကြီးခဲ့လို့ မိုးရေချိန်က တစ်လမကရွာတဲ့ ပမာဏမျိုးအထိရွာသွန်းခဲ့ပါတယ်။ မြို့တော်မှာ ရေဖုံးနေပြီး ကျောင်းတွေ ရုံးတွေလည်းပိတ်ထားရပါတယ်။ မြစ်ထဲက အမှိုက်တွေကို ဖယ်ရှားရှင်းလင်းဖို့ ကြိုးစားနေကြပါတယ်။ • #ဘီဘီစီမြန်မာပိုင်း #ဖိလစ်ပိုင် #သဘာဝပတ်ဝန်းကျင် #ရာသီဥတု
https://www.bbc.com/burmese/articles/cx2lx0wnpewo?at_campaign=ws_telegram
https://www.bbc.com/burmese/articles/clyl02ge7vdo?at_campaign=ws_telegram
မြန်မာမှာ အလုပ်အကိုင်ရှားပါးတာနဲ့ လုပ်ခလစာနည်းတာကြောင့် ထိုင်းက မြို့ကြီးတွေမှာ အလုပ်လုပ်ဖို့ တရားဝင်မလမ်းကြောင်းကနေ သွားရောက်တဲ့ မြန်မာနိုင်ငံသား ၅၂ ဦး ဖမ်းဆီးခံရတယ် လို့ ထိုင်းသတင်းဌာနတွေဖော်ပြပါတယ်။ ဒီသတင်းအပြည့်အစုံနဲ့အတူ သြဂုတ် ၁၄ ရက် ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာ https://www.bbc.com/burmese/live/cr4gxy75ljg2t?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
без подписи
без подписи
без подписи
လွှဲပြောင်းပေးခဲ့တဲ့ တရားခံ ၄ ဦးဟာ ဒီနှစ် မတ်လထဲမှာ ကျိုင်းတုံမြို့၊ အမှတ် ၄ ရပ်ကွက်က ငွေလဲလုပ်ငန်းလုပ်ကိုင်သူရဲ့ နေအိမ်ကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်တယ်လို့ USWA ကဆိုပါတယ်။ ဒီသတင်းအပြည့်အစုံနဲ့အတူ သြဂုတ် ၁၄ ရက် ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာ https://www.bbc.com/burmese/live/cr4gxy75ljg2t?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
“ယူကရိန်းကို ဖျက်ဆီးနိုင်ပေမယ့် သိမ်းပိုက်နိုင်မှာ မဟုတ်ပါဘူး။ ဘာကို ဖျက်ဆီးတာလဲဆိုတော့ စစ်ပွဲကို ဆက်လက်အရှိန်မြှင့်ပြီး နောက်ဆုံး နျူကလီးယားလက်နက် အသုံးပြုတဲ့အဆင့်အထိ ရောက်သွားနိုင်တာကို ဆိုလိုတာပါ။” ရုရှားခေါင်းဆောင် ပူတင်က ဒီစစ်ပွဲမှာ နျူကလီးယားလက်နက် အသုံးပြုလာနိုင်တယ်လို့ သူ တကယ်ယုံကြည်နေတာလား။ BBC ရဲ့ ရုရှားအယ်ဒီတာ စတိဗ် ရိုဇင်ဘတ်က Novaya Gazeta သတင်းစာရဲ့ အယ်ဒီတာချုပ်ဟောင်း၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒီမစ်ထရီ မူရာတော့ဗ်နဲ့ သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ ရုရှားရဲ့ လက်ရှိအခြေအနေအပေါ် မူရာတော့ဗ်ရဲ့ အမြင်တွေကို ဒီလင်ခ့် https://www.bbc.com/burmese/articles/c8jnvn1n728o?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
без подписи
без подписи
без подписи
အာရက္ခတပ်တော် အေအေထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ထဲက ကျိန္တိလီမြို့ပေါ်ကို မနေ့ညပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတာကြောင့် အရပ်သား ၈ ဦးသေဆုံးတယ်လို့ အေအေက လွန်ခဲ့တဲ့ မိနစ်ပိုင်းက ထုတ်ပြန်ပါတယ်။ ဒီသတင်းအပြည့်အစုံနဲ့အတူ သြဂုတ် ၁၄ ရက် ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာ https://www.bbc.com/burmese/live/cr4gxy75ljg2t?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
ကြိုတင်ပြင်ဆင်ရေးနဲ့ ဘေးဒုက္ခစီမံခန့်ခွဲရေးဆိုင်ရာမဟာမင်းကြီး Hadja Lahbib က မြန်မာက လူသားစာနာအကျပ်အတည်းဟာ ၅ နှစ်အတွင်း လုံးဝပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ “လူ ၁ သန်းကို ထိခိုက်စေတဲ့ အခြေအနေကနေ အခုဆိုရင် ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာ ထောက်ထားမှုအရေးပေါ်အခြေအနေတွေထဲက တစ်ခုဖြစ်လာပြီး လူ ၁၆ ဒသမ ၂ သန်းဟာ အကူအညီလိုအပ်နေပါတယ်” လို့ သူကပြောပါတယ်။ ဒီသတင်းအပြည့်အစုံနဲ့အတူ သြဂုတ် ၁၄ ရက် ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာ https://www.bbc.com/burmese/live/cr4gxy75ljg2t?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
без подписи
без подписи
без подписи
ရခိုင်ပြည်နယ်ထဲကို ဧရာဝတီတိုင်းကတဆင့် ဝင်ရောက်ဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ ရေကြည်၊ သာပေါင်းမြို့နယ်တွေထဲမှာ ဒီရက်ပိုင်း တိုက်ပွဲဆက်တိုက်ပြင်းထန်လာနေတယ်လို့ အေအေက သြဂုတ် ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီသတင်းအပြည့်အစုံနဲ့အတူ သြဂုတ် ၁၄ ရက် ဘီဘီစီရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ဒီမှာ https://www.bbc.com/burmese/live/cr4gxy75ljg2t?at_campaign=ws_telegram ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
DKBA တပ်ဟာ ငွေကြေးအင်အား၊ လူအင်အား နဲ့ လက်နက်အင်အား တောင့်တင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်လာနေပြီလို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။ ကရင်ပြည်နယ်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) ၊ ကရင်အမျိုးသားတပ်မတော် (KNA) နဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက စီးပွားရေးလက်နက်ကိုင်အဖွဲ့အစည်းတွေဆိုပြီး ဆိုစမှတ်ပြုကြပါတယ်။ အကြောင်းကတော့ အခု လက်ရှိ အဲဒီကရင်လက်နက်ကိုင်တပ်ဖွဲ့ တွေဟာ စစ်တပ် နဲ့ စစ်မတိုက်ဘဲ စီးပွားရေး လုပ်နေကြတာကြောင့် လို့ဆိုပါတယ်။ တဖက်မှာလည်း ဒီအဖွဲ့တွေက အင်အားကြီးတော်လှန်ရေးအဖွဲ့အစည်းဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ လည်း စစ်ပွဲဖြစ်ပွားတာမရှိပြန်ပါဘူး။ အပြည့်အစုံကို ဒီလင့်ခ် https://www.bbc.com/burmese/articles/cr7kv9zn940o မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။